← Chapters

တပည့်ခေါင်းဆောင်ရွေးချယ်ခြင်းတောင်ထွတ်

Vol. 33 Ch. 457

တပည့်ခေါင်းဆောင်ရွေးချယ်ခြင်းတောင်ထွတ်

Vol. 33 Ch. 457

ဒေါင်.....

ကျယ်လောင်သောခေါင်းလောင်းသံတစ်ခုမှာ ကန်ရွှမ်းကလန်တစ်ခုလုံးတွင် ပျ့ံနှ့ံနေလျက် ရှိသည်။ ထိုခေါင်းလောင်းသံအား ကြားလိုက်ရသည်နှင့်တကွ ရေအေးတစ်ခွက်အား မီးပူပူထဲလောင်းချလိုက်သက့ဲသို့ ကန်ရွှမ်းကလန်တစ်ခုလုံးမှာ ဆူညံသံများဖြင့် ပြည့်နှက်သွားတော့၏။

တောက်ပနေသော ပုံရိပ်များမှာ ကန်ရွှမ်းကလန်အတွင်းရှိ သက်ဆိုင်ရာတောင်ထွတ်များဆီသို့ ဦးတည်ပျံသန်းနေကြသည်။

ကန်ရွှမ်ကလန်တစ်ခုလုံးရှိ လေထုများမှာ တိုက်ပွဲဆာလောင်စိတ်များဖြင့် တင်းမာနေသယောင် ရှိ၏။

..........

ဇူယွမ်မှာ အိမ်ငယ်လေးထဲမှထွက်ကာ ဂူနန်းဝဆီသို့ လျှောက်လှမ်းလာလိုက်သည်။ ဂူနန်းဝ၌ လှပတင့်တယ်စွာ ရပ်နေလျက်ရှိသော ယောင်ယောင်၏ပုံရိပ်လေးအား တွေ့ရှိလိုက်ရ၏။

ယောင်ယောင်မှာ ကောင်းကင်ထက်၌ ပျားပန်းခတ်မျှ ပျံသန်းနေကြသော ပုံရိပ်များအား ငေးမောကြည့်ရှုနေလျက် ရှိသည်။ နှစ်လခန့်မျှ ကျင့်ကြံအားထုတ်ခ့ဲပြီးသည့်နောက်တွင် တပည့်တိုင်းမှာ တိုက်ပွဲဆာလောင်စိတ်များဖြင့် ပြည့်နှက်နေကြပြီ ဖြစ်၏။ ယနေ့သည် ကန်ရွှမ်းကလန်၏ ထူးခြားသောနေ့ရက်တစ်ခုပင် ဖြစ်သည်။

"ကောင်းကောင်းနားလိုက်ရရဲ့လား။" မနက်ခင်းရောင်ခြည်များ ဖြာဆင်းနေလျက်ရှိသော ယောင်ယောင်၏ပုံရိပ်မှာ အလွန်ပင် လှပတင့်တယ်နေ၏။ သို့သော် ယောင်ယောင်၏ အမူအရာများမှာ ယခင်ကကဲ့သို့ အေးစက်စက်သာရှိနေပြီး သူမ၏ခံစားချက်များအား ခန့်မှန်းကြည့်ရန်ပင် မဖြစ်နိုင်သော အခြေအနေတွင် ရှိသည်။

ဇူယွမ်မှာ ယောင်ယောင်အား ပြုံးကာခေါင်းညိတ်ပြလိုက်ပြီးနောက် ထန်ထန်အား ဒေါသဖြစ်စွာ ကြည့်ရှုလိုက်၏။

မကောင်းဆိုးဝါးလေး.....ဒီရန်ကြွေးကို ငါမမေ့ဘူး.....

"ဘာတွေကြည့်နေတာလဲ။" ယောင်ယောင်မှာ ဇူယွမ်အား မျက်စောင်းထိုးကာ မေးလိုက်သည်။

"အဆင်သင့်ဖြစ်ရင် သွားရအောင်။ ဒီနေ့အတွက် နင်အများကြီး လေ့ကျင့်ကြိုးစားခ့ဲရတာ။ ဒီနေ့လူတိုင်းကို နင့်ရဲ့အရည်အချင်းတွေကို ပြလိုက်စမ်းပါ။" ယောင်ယောင်မှ စကားဆိုလိုက်၏။

ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှ္ူထုတ်လိုက်လေသည်။ နှစ်လခန့် ပြင်းထန်စွာ ကျင့်ကြံကြိုးစားခ့ဲရပြီးနောက် ယနေ့တွင် သူ၏အရည်အချင်းများအား စမ်းသပ်နိုင်တော့မည်ပင် ဖြစ်၏။

ဇူယွမ်၏ မျက်ဝန်းများမှာ တိုက်ပွဲဆာလောင်နေသော အရိပ်အယောင်များဖြင့် ပြည့်နှက်လာရသည်။ ယနေ့တွင် မည်သည့်အခက်အခဲများနှင့် ရင်ဆိုင်ရပါစေ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာမှာ သူ့အတွက်သာ ဖြစ်ရမည်။

ဇူယွမ်မှာ မြေပြင်အားဆောင့်နင်းလိုက်ပြီး ချီတိမ်တိုက်တစ်ခုဖန်တီးကာ ယောင်ယောင်နှင့်ထန်ထန်အား တင်ဆောင်၍ မူလသူတော်စင်တောင်ထွတ်ဆီသို့ ဦးတည်ပျံသန်းလိုက်၏။

တောင်ထွတ်ဆီသို့ ရောက်ရှိသွားသောအချိန်တွင် စိန်းထိုက်ယွမ်၏အုပ်စုမှ တပည့်အများအပြား ရောက်ရှိနေကြပြီးဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။ ထိုလူစု၏အရှေ့ဆုံးနေရာတွင် စိန်းထိုက်ယွမ်မှာ လေးနက်သော အမူအရာဖြင့်ရှိနေပြီး ဇူထိုက်၊ ကျန်းယန်နှင့် အခြားသူများမှာ စိန်းထိုက်ယွမ်၏နောက်တွင် ငြိမ်သက်စွာ ရပ်နေကြ၏။

ဇူယွမ်မှာ ထိုလူစု၏အရှေ့တွင် ဆင်းသက်လိုက်ကာ စိန်းထိုက်ယွမ်အား လက်နှစ်ဖက်ကိုဆုပ်၍ အရိုအသေပြုလိုက်သည်။

စိန်းထိုက်ယွမ်အား ဇူယွမ်အား ခေါင်းညိတ်ပြလိုက်ပြီးနောက် တပည့်များဖက်သို့လှည့်ကာ စကားဆိုလိုက်၏။ "ကဲ လူစုံပြီဆိုတော့ သွားကြရအောင်။"

စိန်းထိုက်ယွမ်မှ အင်္ကျီလက်မောင်းအိုးအား ဝေ့ယမ်းလိုက်သည်နှင့်တကွ ချီတိမ်တိုက်ကြီးတစ်ခု ပေါ်ပေါက်လာပြီး လူတိုင်းအား တင်ဆောင်ပျံသန်းသွားတော့သည်။ အချိန်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် စိန်းထိုက်ယွမ်မှာ နေရာတစ်ခုသို့ ဆင်းသက်လိုက်၏။

ဇူယွမ်တို့၏ရှေ့တွင် ကြီးမားလှသော တောင်ထွတ်ကြီးတစ်ခု ရှိနေလေသည်။ တောင်ထွတ်ကြီးမှာ အလွန်ပင် ကြီးမားလှပြီး မြူခိုးများဖြင့် ရစ်ဝဲနေလျက် ရှိ၏။

စိန်းထိုက်ယွမ်မှာ တောင်ထွတ်ကြီးအား ညွှန်ပြလိုက်ပြီးနောက် လေးနက်နေသော အမူအရာဖြင့် စကားဆိုလိုက်သည်။ "ဒါက တပည့်ခေါင်းဆောင် ရွေးချယ်တဲ့အခမ်းအနားတွေကျင်းပတဲ့နေရာပဲ။ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ်လို့လည်းခေါ်တယ်။ ကန်ရွှမ်းကလန်မှာ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ် ခုနစ်လုံးရှိပြီးတော့ ဒီတောင်ထွတ်က ငါတို့မူလသူတော်စင်တောင်ထွတ်အတွက်ပဲ။"

"ဒီနေရာက ငါတို့မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင် ရွေးချယ်တဲ့အခမ်းအနား ကျင်းပမယ့်နေရာပဲ။"

ဇူယွမ်မှာ မြူခိုးများ ရစ်ဝဲနေလျက်ရှိသော တောင်ထွတ်ကြီးအား ငေးမောကြည့်ရှုလိုက်၏။ စိန်းထိုက်ယွမ်၏ ပြောပြချက်အရ တောင်ထွတ်တစ်ခုစီ၏  တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားမှာ ခွဲ၍ကျင်းပခြင်း ဖြစ်လေသည်။

ဝှစ်.....

ထိုအချိန်၌ပင် ကောင်းကင်ထက်မှ ချီတိမ်တိုက်တစ်ခု ဆင်းသက်လာခ့ဲ၏။ ထိုအုပ်စုအား အကြီးအကဲလုစုန့်မှ ဦးဆောင်ထားလျက်ရှိပြီး လုယန်းမှာ လုစုန့်၏အနောက်မှ တင့်တယ်လှပစွာ လိုက်ပါလာသည်။

လုစုန့်၏အုပ်စု ရောက်ရှိလာပြီး မကြာမီ၌ပင် လုဟုန်း၏ အုပ်စုကြီးမှာလည်း ရောက်ရှိလာခ့ဲ၏။ လုဟုန်း၏ အုပ်စုမှာ လူအရေအတွက်များပြားလှပြီး စိန်ထိုက်ယွမ်နှင့် လုစုန့်တို့၏ အုပ်စုနှစ်ခုပေါင်းခြင်းထက်ပင် သာလွန်ပေသည်။

လုဟုန်းမှာ လက်ကိုကျောဖက်တွင် ယှက်သန်းလျက် ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့သုံးဦးအား အသိအမှတ်ပြုသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်၏။ ထို့နောက် လုဟုန်းမှာ ဇူယွမ်အား တစ်ချက်မျှသာ ကြည့်ရှုလိုက်ပြီး အကြည့်အား ပြန်လည်ရုတ်သိမ်းလိုက်သည်။ လုဟုန်းသည် ဇူယွမ်အား အလေးပင်မထားသည်မှာ ထင်ရှားလှ၏။

လုဟုန်း၏အနောက်တွင်မူ ယွမ်ဟောင်ဦးဆောင်လျက်ရှိနေသော ပုံရိပ်ခြောက်ခုမှာ ငြိမ်သက်စွာ ရပ်နေကြသည်။

လုဟုန်း၏အုပ်စု ရောက်ရှိလာပြီးနောက် အခြားအုပ်စုနှစ်ခုမှာ ဖိအားများကို ခံစားလိုက်ရသည့်အလား အမူအရာများ အနည်းငယ် ညှိုးနွမ်းသွားကြ၏။

အသန်မာဆုံး ပါဝင်ယှဥ်ပြိုင်သူများဖြစ်ကြသည့် ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့သည်ပင် ယွမ်ဟောက်အား ကြည့်ရှုနေသော မျက်ဝန်းများ၌ ကြောက်ရွံ့ထိတ်လန့်မှု အရိပ်အယောင်များ ယှက်သန်းနေရသည်။

မူလသူတော်စင်တောင်ထွတ်မှ အုပ်စုသုံးခုအပြင် အခြားတောင်ထွတ်မှ တပည့်များမှာလည်း ထိုနေရာသို့ ရောက်ရှိလာကြ၏။ ထိုတပည့်များမှာ အုပ်စုသုံးခုအား ကြည့်ရှုလျက် စတင်၍ဝေဖန်ဆွေးနွေးကြလေတော့သည်။

"ဒီတပည့်ခေါင်းဆောင် ရွေးချယ်တဲ့ပြိုင်ပွဲကတော့ ကြိုပြီးမှန်းလို့ ရနေပါပြီကွာ။"

"ဟုတ်တယ်။ ဘယ်လိုပဲကြည့်ကြည့် ယွမ်ဟောင်ကလအရမ်းကို သန်မာနေတာလေ။"

"မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်နေရာကတော့ အကြီးအကဲလုဟုန်းတို့အုပ်စုပဲ ရမှာပါ။"

"........"

ထိုစကားများအား စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏ တပည့်များမှလည်း ကြားနေရသောကြောင့် စိုးရိမ်ပူပန်စိတ်များ ပုိ၍ဖြစ်ပေါ်လာကြ၏။ အမှန်တကယ်ပင် လုဟုန်း၏အုပ်စုမှာ အသန်မာဆုံး ဖြစ်နေခြင်းဖြစ်သည်။

လုဟုန်း၏တပည့်များမှာမူ ထိုစကားများအား ကြားရသောအခါတွင် ကျေနပ်အားရနေသော အမူအရာများဖြင့် ပို၍မထီမဲ့မြင် ပြုကြတော့၏။

ထိုအချိန်တွင် စိန်းထိုက်ယွမ်နှင့် လုစုန့်မှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်ကာ ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် စိန်းထိုက်ယွမ်မှာ ဇူထိုက်၊ ကျန်းယန်နှင့် ဇူယွမ်တို့အားကြည့်ကာ တိုးညင်းစွာဖြင့် ပြောလိုက်၏။ "တပည့်ခေါင်းဆောင် ရွေးချယ်တဲ့အခမ်းအနားမှာ လုဟုန်းရဲ့အုပ်စုက အရမ်းကို အသာစီးရနေတယ်။ ငါတို့တွေ တစ်အုပ်စုချင်းစီ ရင်ဆိုင်ရင် လွယ်မှာမဟုတ်ဘူး။"

ဇူထိုက်မှာ အနည်းငယ် အ့ံအားသင့်သွားပြီးနောက် လျင်မြန်စွာပင် မေးလိုက်သည်။ "ဆရာစိန်းက ဘာကိုဆိုလိုချင်တာလဲမသိဘူး။"

စိန်းထိုက်ယွမ်မှ တည်ငြိမ်သောအမူအရာဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။ "အကြီးအကဲလုစုန့်နဲ့ငါနဲ့ ဒီကိစ္စကို ဆွေးနွေးပြီးကြပြီ။ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ်ထဲကိုရောက်တာနဲ့ ဇူထိုက်နဲ့ကျန်းယန်က လုယန်းနဲ့ပူးပေါင်းပြီးတော့ ယွမ်ဟောင်ကို တိုက်ခိုက်ပါ။ သူ့ကိုအရင်ဆုံး ထုတ်ပယ်ပစ်မှ ရမယ်။"

ဇူထိုက်နှင့် ကျန်းယန်မှာ အ့ံအားသင့်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်မိလိုက်ကြသည်။ ဇူထိုက်နှင့် ကျန်းယန်နှစ်ဦးစလုံးမှာ ပြိုင်ဖက်အုပ်စုဖြစ်သော လုယန်းတို်နှင့် ပူးပေါင်းရလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိချေ။

မည့်သို့ပင်ဆိုစေကာမူ ဇူထိုက်နှင့် ကျန်းယန်မှာ ယွမ်ဟောင်အား နှစ်ဦးတည်းဖြင့်ရင်ဆိုင်ရန် ယုံကြည်ချက်မရှိသောကြောင့် စိန်းထိုက်ယွမ်အား ခေါင်းညိတ်ပြလိုက်ကြ၏။ ထို့ကြောင့် ပွဲအစမှစ၍ ယွမ်ဟောင်အား ထုတ်ပယ်လိုက်ခြင်းမှာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

"ကျွန်တော်တို့သုံးယောက်ပူးပေါင်းပြီး ယွမ်ဟောင်ကို တိုက်မယ်ဆိုရင် လုဟုန်းအုပ်စုက တခြားဝင်ပြိုင်တဲ့သူတွေကိုရော ဘယ်လိုလုပ်မှာလဲ။" ကျန်းယန်မှ မေးမြန်းလိုက်သည်။

စိန်းထိုက်ယွမ်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်၏။ "ဇူယွမ် မင်းကအကြီးအကဲလုစုန့်အုပ်စုက တခြားနှစ်ယောက်နဲ့ ပေါင်းပြီးတော့ လုဟုန်းဖက်က ဝင်ပြိုင်တဲ့သူ ငါးယောက်ကို ရင်ဆိုင်ရလိမ့်မယ်။ လူဦးရေ မမျှတဲ့အတွက် မင်းတို့မှာ ဖိအားတွေတော့ရှိမှာပဲ။ အဲ့ဒါကြောင့် လုဟုန်းရဲ့အုပ်စုကို အားအကုန်သုံးပြီး တုိက်ခိုက်စရာမလိုဘူး။ ကြာနိုင်သမျှကြာအောင် အချိန်ဆွဲထားပေးနိုင်ရင် ရပြီ။ အခြေအနေမဟန်တော့ဘူးထင်ရင် အရှုံးကိုလက်ခံပြီး ပြိုင်ပွဲကထွက်လာလို့ရတယ်။"

"မင်းတို့လုပ်ပေးရမှာက ဇူထိုက်တို့သုံးယောက် ယွမ်ဟောင်ကို အနိုင်ယူနိုင်တဲ့အထိ အချိန်ဆွဲထားပေးဖို့ပဲ။"

စိန်းထိုက်ယွမ်သည် ဇူထိုက်နှင့် ကျန်းယန်အပေါ်တွင်သာ မျှော်လင့်ထားပြီး ဇူယွမ်အား အချိန်ဆွဲပေးနိုင်ရုံမျှသာ တွေးတောထားသည်မှာ ထင်ရှားလှသည်။

စိန်းထိုက်ယွမ်မှာ ဇူယွမ်အား အတွေ့အကြုံရစေလိုသောကြောင့်သာ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနား၌ ပါဝင်ယှဥ်ပြိုင်ခွင့်ပြုခ့ဲခြင်း ဖြစ်၏။

ဇူယွမ်မှာ ခေတ္တမျှတိတ်ဆိတ်နေခ့ဲပြီးနောက် စိန်းထိုက်ယွမ်အားကြည့်ကာ မေးမြန်းလိုက်သည်။ "စီနီယာအကိုတော်ဇူထိုက်နဲ့ကျန်းယန်တို့က ယွမ်ဟောင်ကို နိုင်သွားပြီးရင်ရော ဘယ်လိုဆက်လုပ်ကြမှာလဲ။"

"ယွမ်ဟောင်ကို ဖြေရှင်းသွားပြီးဆိုရင် တပည့်ခေါင်းဆောင်နေရာက တစ်ဦးတစ်ယောက်စီရဲ့ စွမ်းဆောင်ရည်နဲ့ပဲ သက်ဆိုင်တော့တယ်။" စိန်းထိုက်ယွမ်မှ ရှင်းပြလိုက်၏။

ဇူယွမ်မှာ မေးခွန်းများ ထပ်မံမမေးမြန်းတော့ပဲ ခေါင်းညိတ်ပြလိုက်သည်။ တပည့်ခေါင်းဆောင်နေရာအား အလျော့မပေးရမခြင်း ဇူယွမ်အတွက် အဆင်ပြေ၏။

"ကျွန်တော်နားလည်ပါပြီ။

..........

"ဇူထိုက်နဲ့ ကျန်းယန်သာ ကျွန်မနဲ့ပူးပေါင်းမယ်ဆိုရင်ယွမ်ဟောင်ကို ရင်ဆိုင်ရတာက သိပ်ခက်မှာမဟုတ်ပါဘူး။" လုယန်းမှာလည်း စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏ အစီအစဥ်အား နားထောင်နေလျက် ရှိသည်။

"ဒါပေမယ့်...." လုယန်းမှာ ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုလျက် လုစုန့်အား မေးမြန်းလိုက်၏။ "ဇူယွမ်နဲ့ ကျွန်မတို့ဖက်ကနှစ်ယောက် ပူးပေါင်းလိုက်ရုံနဲ့ လုဟုန်းအုပ်စုက ငါးယောက်ကို အချိန်ဆွဲထားနိုင်မယ်ဆိုတာ သေချာလို့လား။"

လုယန်းမှာ ေခါင်းကိုခါယမ်းကာ စိတ်အလိုမကျဟန်ဖြင့် ဆက်လက်ပြောဆိုလိုက်သည်။ "ကျွန်မကတော့ အဲ့အစီအစဥ်ကို အလုပ်ဖြစ်မယ်မထင်ဘူး။ တကယ်ဆိုရင် အကြီးအကဲစိန်းက တခြားတပည့်တစ်ယောက်ကို ရွေးခဲ့သင့်တာ။ ဇူယွမ်လိုတပည့်မျိုးကို ဒီလိုအခြေအနေမှာ စွန့်စားပြီးရွေးချယ်ခ့ဲတယ်ဆိုတာ ကျွန်မဖြင့် ယုံတောင်မယုံနိုင်ဘူး။"

လုစုန့်မှ ကူကယ်ရာမဲ့စွာ ရီမောရင်း စကားဆိုလိုက်၏။ "ဒီအခြေအနေရောက်မှ ဒါတွေပြောနေလို့လည်း မထူးတော့ဘူးလေ။ ဇူထိုက်၊ ကျန်းယန်နဲ့ နင်တို့သုံးယောက်သာ ယွမ်ဟောင်ကို ဖယ်ရှားပစ်နိုင်မယ်ဆိုရင် အခြေအနေတွေက ငါတို့ဖက်ရောက်လာမှာပါ။"

လုယန်းမှ တိုးညင်းစွာ ရေရွတ်လိုက်သည်။ "ဇူယွမ်က အနှောင့်အယှက်မဖြစ်ပါစေလို့ပဲ မျှော်လင့်ရမှာပဲ။"

"သူ့ကြောင့်သာ အစီအစဥ်တွေ ပျက်စီးခ့ဲရင် သူ့ကိုလုံးဝအလွတ်ပေးမှာ မဟုတ်ဘူး။"

All Chapters