ရွေးချယ်ခံဆယ်ယောက်
Vol. 33 Ch. 458
တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ် ခုနစ်ခုလုံးမှာ စိတ်လှုပ်ရှားမှု အငွေ့အသက်များနှင့် ပြည့်နှက်နေသက့ဲသို့ ကန်ရွှမ်းကလန်၏ ကောင်းကင်ထက်တွင် ချီစွမ်းအင်လှိုင်းများ တအိအိလှိုင်းထလာခ့ဲသည်။ တပည့်များမှ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သောအခါတွင် ထိုချီစွမ်းအင်များမှာ ကြီးမားသောကြာပန်းခြောက်ခုအသွင်သို့ ပြောင်းလဲသွားသည်ကို တွေ့ရှိလိုက်ရ၏။
ထိုကြာပန်းခြောက်ခု၏အထက်တွင် ခန့်ညားထည်ဝါလှသော ပုံရိပ်ခြောက်ခု တည်ရှိနေသည်။ လူတိုင်းမှ ထိုပုံရိပ်ခြောက်ခုအား လေးစားမှုများပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြ၏။
ထိုပုံရိပ်ခြောက်ခုမှာ ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသော တောင်ထွတ်ဆရာသခင်ငါးဦးတို့ပင် ဖြစ်သည်။
ကန်ရွှမ်းကလန်၏ အထွတ်အထိပ်ဖြစ်သော ကလန်ခေါင်းဆောင်နှင့် ေတာင်ထွတ်ဆရာသခင်များ ရောက်ရှိလာပြီဖြစ်သဖြင့် အကြီးအကဲများနှင့် တပည့်များအားလုံးမှ မတ်တပ်ရပ်ကာ အရိုအသေပြု နှုတ်ဆက်လိုက်ကြ၏။
"ကလန်ခေါင်းဆောင်နဲ့တကွ တောင်ထွတ်ဆရာသခင်များကို နှုတ်ဆက်ပါတယ်။"
ကလန်ခေါင်းဆောင်ချင်းယန်မှာ ညင်သာစွာဖြင့် အသိအမှတ်ပြု ခေါင်းညိတ်ပြလိုက်သည်။ ကလန်ခေါင်းဆောင်ချင်းယန်၏ပုံစံမှာ တည်ကြည်ခန့်ညား၍ သြဇာငြိမ့်ငြောင်းလှပြီး ကြင်နာနွေးထွေးသည့်သဏ္ဍာန်ရှိ၏။
"ဒီတစ်ခေါက် တပည့်ခေါင်းဆောင် ရွေးချယ်တဲ့အခမ်းအနားမှာ ပါဝင်ယှဥ်ပြိုင်တဲ့ တပည့်တွေအားလုံး အကောင်းဆုံးကြိုးစားကြပါ။ ရှိသမျှအရည်အချင်းတွေအကုန်လုံးကို ထုတ်ဖော်ပြသပြီးတော့ ငါတို့ကန်ရွှမ်းကလန်ကြီးရဲ့ စံပြတပည့်တစ်ယောက်ဖြစ်လာအောု် လုပ်ကြပါ။" ကလန်ခေါင်းဆောင်ချင်းယန်မှ မိန့်ခွန်းပြောကြားလိုက်သည်။
"နားလည်ပါပြီ။" ပါဝင်ယှဥ်ပြိုင်မည့် တပည့်များမှ ပြန်လည်တုံ့ပြန်လိုက်ကြ၏။
ထို့နောက် မကြာမီမှာပင် လေထုအားဖြတ်သန်း၍ ချီကြာပန်းဆယ်ပွင့် ထပ်မံပျံသန်းလာလေသည်။ ပုံရိပ်ဆယ်ခုသည် ထိုကြာပန်းများပေါ်တွင် လိုက်ပါလာ၏။
ထိုပုံရိပ်ဆယ်ခုမှာ ကန်ရွှမ်းကလန်၏ ရွေးချယ်ခံဆယ်ဦးပင် ဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် ရွေးချယ်ခံဆယ်ဦးမှာ အစဥ်အမြဲ အလုပ်များနေတက်ကြပြီး တစ်နေရာထဲ၌ တစ်စုတစ်စည်းတည်း မြင်တွေ့ရရန် မလွယ်ကူပေ။ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းပြိုင်ပွဲက့ဲသို့ ကြီးကျယ်ခမ်းနားသော အခမ်းအနားများတွင်သာ ထိုသို့အတူအကွ မြင်တွေ့ရခြင်း ဖြစ်၏။
တပည့်များမှာ ရွေးချယ်ခံဆယ်ဦးအား လေးစားအားကျသော မျက်ဝန်းများဖြင့် ငေးမောကြည့်ရှုနေကြသည်။
"ရွေးချယ်ခံဆယ်ယောက်လုံး အတူရောက်လာကြတာပဲ။" ဇူယွမ်မှ တိုးညင်းစွာ ရေရွတ်လိုက်၏။ ကန်ရွှမ်းကလန်သို့ ရောက်ရှိလာသည်မှာ တစ်နှစ်နီးပါးခန့်ပင် ကြာမြင့်နေပြီဖြစ်သော်လည်း ဇူယွမ်မှာ ရွေးချယ်ခံဆယ်ယောက်၏ တစ်ဝက်မျှကိုသာ မြင်တွေ့ဖူးခ့ဲသည်။
ဇူယွမ်မှာ ကျက်သရေရှိစွာ တင့်တယ်နေသော ကြာပန်းဆယ်ခုအား ငေးမောကြည့်ရှုလိုက်၏။ ထိုကြာပန်းဆယ်ခု၏အလယ်တွင် အထင်ရှားဆုံးဖြစ်နေသူမှာ တောက်ပြောင်နေသောကတုံးနှင့် ချူချင်းပင် ဖြစ်သည်။ ထိုတောက်ပြောင်နေသောကတုံးအား နေရောင်ထိုးထားသောကြောင့် ပို၍ပင်လင်းလက်နေသယောင် ရှိနေ၏။
ဇူယွမ်မှာ ချူချင်းအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် လုစုန့်၏အုပ်စုမှ လုယန်းအား ကြည့်ရှုလိုက်သည်။ လုယန်းမှာ လင်းလက်တောက်ပနေသော မျက်ဝန်းရွဲလေးများဖြင့် ချူချင်းအား ငေးမောကြည့်ရှုနေလျက် ရှိ၏။
ချူချင်း၏ ဘေးနှစ်ဖက်တွင်မူ ခုန်းရှန်နှင့် လီချင်းချန်တို့ရှိနေပြီး တခြားသောရွေးချယ်ခံများမှာ အနောက်မှ ဝန်းရံထားကြသည်။ ရွေးချယ်ခံဆယ်ဦးအား တပည့်များမှ ငေးမောကြည့်ရှုနေကြ၏။
ချူချင်းမှာ ကြာပန်းပေါ်တွင်ထိုင်နေရင်းမှ ပျင်းရိစွာဖြင့်သမ်းဝေကာ ဘေးသို့လှည့်ကြည့်လိုက်မိသည်။ ချူချင်းမှာ သူ့အားအေးစက်စွာဖြင့် ကြည့်ရှုနေသော ခုန်းရှန်အား တွေ့ရှိလိုက်ရ၏။ ချူချင်းမှာ တောက်ပြောင်နေသောဦးခေါင်းအား ပွတ်သပ်လိုက်ရင်းဖြင့် ပြုံးကာပြောလိုက်သည်။ "အဟဲ ဂျူနီယာညီတော်ခုန်းရှန် ငါတို့မတွေ့ရတာတောင် ကြာပြီနော်။"
ခုန်းရှန်မှာ ချူချင်းအား အေးစက်စွာဖြင့် တုံ့ပြန်လိုက်၏။ "ချူချင်း ငါမင်းကို စိန်ခေါ်စာဆယ့်ရှစ်စောင်တောင် ပို့ထားတာလေ။ မင်းဘာလို့ စာမပြန်ရတာလဲ။"
ချူချင်းမှာ အ့ံအားသင့်သွားဟန်ဖြင့် ပြန်လည်ပြောဆိုလိုက်သည်။ "ဟာ ဆယ့်ရှစ်စောင်တောင်လား။ ငါတစ်ခုမှ မမြင်မိဘူးကြည့်စမ်း။ ကြည့်ရတာ ကြားထဲကတစ်ယောက်ယောက်က လွှင့်ပစ်နေတာနေမှာ။ ငါပြန်ရောက်မှ စစ်ဆေးကြည့်ဦးမယ်။"
ခုန်းရှန်မှာ အေးစက်စွာပင် ရယ်မောလိုက်၏။
မင်းဆက်ပြီးသာ သရုပ်ဆောင်နေလိုက်.....
ခုန်းရှန်မှာ အင်္ကျီလက်မောင်းအိုးအတွင်းမှ စိန်ခေါ်စာတစ်စောင်အားထုတ်ကာ ချူချင်းအား ေပးလိုက်သည်။ "အရင်စာတွေကို မင်းမမြင်မိဘူးဆိုရင်တောင် ဒါကိုတော့ မင်းကိုယ်တုိင် လက်ခံလို့ရပြီလေ။ ဟုတ်တယ်မလား။"
စိန်ခေါ်ခြင်းစာလွှာမှာ ချူချင်းဆီသို့ ဦးတည်ပျံဝဲလာ၏။
သို့သော် ချူချင်းမှာ အနည်းငယ်မျှပင် လှုပ်ရှားခြင်းမပြုပဲ စာလွှာအား လေနှင့်အတူ အဝေးသို့ ေမျာလွင့်စေလိုက်သည်။
ခုန်းရှန်နှင့် လီချင်းချန်မှာ ပြောစရာစကားများပင် ပျောက်ရှသွားရပြီး အခြားသောရွေးချယ်ခံများမှာလည်း အနည်းငယ် ပြုံးစိစိဖြစ်သွားကြ၏။
ခုန်းရှန်မှာ ဒေါသထွက်လွန်းလှသဖြင့် နဖူးကြောများပင် ထောင်လာရသည်။ ချူချင်းမှာ မျက်နှာချင်းဆိုင်အနေအထားဖြင့် ပေးအပ်လိုက်သော စိန်ခေါ်ခြင်းစာလွှာကိုပင် လက်ခံခြင်းမပြုပဲ ရှောင်ရှားခ့ဲ၏။
ချူချင်းမှာ တည်ငြိမ်စွာဖြင့်ပင် လီချင်းချန်အား ပြုံး၍ပြောလိုက်သည်။ "ဂျူနီယာညီမတော်လီချင်းချန် ငါတို့နေရာချင်း လဲရအောင်။"
လီချင်းချန်မှာ ချူချင်းအား အေးစက်စက်ဖြင့် ကြည့်ရှုလိုက်ပြီးနောက် အရေးပင်မစိုက်ပဲ လျစ်လျူရှုလိုက်၏။
ချူချင်းမှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကိုခါယမ်းလျက် ခုန်းရှန်အား ပြုံးကာစကားဆိုလိုက်သည်။ "အရမ်းမလောပါနဲ့ ဂျူနီယာညီတော်ခုန်းရှန်။ ကြိုတင်အသိမပေးပဲ စိန်ခေါ်တဲ့စာလွှာတွေကိုပို့တာက ငါတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်။"
"မင်းငါနဲ့ပြိုင်ချင်နေတယ်ဆိုလည်း တခြားနည်းနဲ့ ပြိုင်လို့ရပါတယ်။"
"ဘာနည်းလဲ။" ခုန်းရှန်မှ မေးမြန်းလိုက်၏။
"အင်း......ငါတို့ တပည့်ခေါင်းဆောင် ေရွးချယ်တဲ့အခမ်းအနားအတွက် လောင်းကြရအောင်လေ။ ဟုတ်ပြီ...မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်နေရာရမယ့်သူကို လောင်းကြမယ်။"
"ရှုံးတဲ့သူက မူလကျောက်စိမ်းပြားတစ်သိန်းကို ပေးရမယ် ဘယ်လိုလဲ။"
ခုန်းရှန်မှာ မျက်မှောင်ကျူံ့လျက် ပြန်လည်တုံ့ပြန်လိုက်သည်။ "ပြီးတော့ မင်းရှုံးခ့ဲရင် စိန်ခေါ်တဲ့စာလွှာကိုလည်း လက်ခံပေးရမယ်။"
ချူချင်းမှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်ရ၏။
ခုန်းရှန်မှာ အေးစက်စွာဖြင့် ရယ်မောကာ ပြောလိုက်သည်။ "မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်နေရာက ခန့်မှန်းနေစရာ လိုသေးလို့လား။ ယွမ်ဟောင်ပဲ ရမယ့်ဟာကို။"
လုဟုန်း၏အုပ်စုမှာ ဓားကပ်ဘေးတောင်ထွတ်၏ အုပ်စုခွဲတစ်ခုဖြစ်သောကြောင့် ခုန်းရှန်မှာ ယွမ်ဟောင်၏စွမ်းရည်အကြောင်း ကောင်းစွာသိရှိထား၏။ မူလသူတော်စင်တောင်ထွတ်၏ အခြားအုပ်စုနှစ်ခုတွင် ယွမ်ဟောင်အား ယှဥ်ပြိုင်နိုင်မည့်သူ တစ်ဦးတစ်လေမှပင် မရှိချေ။
ချူချင်းမှာ ရယ်မော၍ ပြောလိုက်၏။ "ငါကတော့ အဲ့လိုမထင်ဘူး။"
ခုန်းရှန်မှာ လှောင်ပြောင်သရော်ဟန်ဖြင့် ရယ်မောလိုက်သည်။ "အဲ့ဒါဆိုမင်းက ဇူထိုက်တို့၊ ကျန်းယန်တို့၊ လုယန်းတို့ကို ထင်ကြေးပေးတာလား။"
ချူချင်းမှာ အနည်းငယ်မျှ တွေဝေသွားပြီးနောက် ပြန်လည်တုံ့ပြန်လိုက်၏။ "ငါကတော့ တပည့်ခေါင်းဆောင်နေရာကို ဇူယွမ်ရမယ်လို့ ထင်နေမိတယ်။"
ချူချင်း၏စကားမှာ ခုန်းရှန်ကိုသာမက အခြားသောရွေးချယ်ခံများကိုပါ ရယ်မောစေခ့ဲသည်။ ဇူယွမ်မှာ ထူးချွန်ထက်မြက်လှပါသော်လည်း အတွေ့အကြုံနည်းပါးသော တပည့်အသစ်တစ်ဦးသာ ဖြစ်၏။
နှိုင်းယှဥ်ရမည်ဆိုပါက ဇူယွမ်နှင့် ယွမ်ဟောင်မှာ အရည်အချင်းရော၊ အတွေ့အကြုံရောတွင် အတော်ပင် ကွာခြားလှလေသည်။
ထို့ကြောင့် ဇူယွမ်နှင့် ရင်းနှီးကျွမ်းဝင်နေသော လီချင်းချန်သည်ပင် ချူချင်း၏စကားအား မယုံကြည်နိုင်စွာဖြင့် မျက်မှောင်ကျုံ့လိုက်မိ၏။ ယခု တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်သူများအားလုံးမှာ ဇူယွမ်အနိုင်ယူခ့ဲသော ယန်ရွှမ်းထက် များစွာသာလွန်သူများသာ ဖြစ်သည်။
"ဇူယွမ်ကို မင်းအဲ့လောက် အထင်ကြီးလိမ့်မယ်တောင် ငါမထင်ထားမိဘူး။" ခုန်းရှန်မှ စကားဆိုလိုက်၏။
ချူချင်းမှ သက်ပြင်းချကာ ပြောလိုက်သည်။ "ဇူရှောင်ယိုလို မကောင်းဆိုးဝါးမကိုတောင် ကိုင်တွယ်နိုင်တယ်ဆိုတော့ ဇူယွမ်က သာမန်တော့မဟုတ်ဘူး။"
ရွေးချယ်ခံများအားလုံးမှာ နှုတ်ခမ်းများပင် တွန့်ကွေးသွားရလောက်အောင် ရယ်မောမိလိုက်ကြ၏။ ထိုအကြောင်းပြချက်မျှနှင့်ပင် ဇူယွမ်မှာ တပည့်ခေါင်းဆောင်နေရာကို ရရှိနိုင်မည်တဲ့လား.....
ရွေးချယ်ခံများ၏ လှောင်ပြောင်လိုသော မျက်ဝန်းများအား မြင်တွေ့လိုက်ရသဖြင့် ချူချင်းမှာ လျင်မြန်စွာပင် ရှင်းပြလိုက်သည်။ "မင်းတို့တွေက ဇူရှောင်ယိုနဲ့မှ မကြုံဘူးကြတာ။ သူမက လုံးဝကိုနှလုံးသားမရှိတဲ့ စုန်းမပဲ။ ယဲ့ကယ်ကသာ သူမက ကန်ရွှမ်းကလန်ရဲ့ တပည့်ဆိုတာ မပြောပြခ့ဲရင် ငါကသူမကို မြင့်မြတ်သောနန်းတော်က လာတယ်လို့တောင် ထင်မိတော့မလို့။"
ချူချင်း၏စကားသံမှာ ဒေါသထွက်နေသော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။ ကုန်လွန်ခ့ဲသော ကောင်းကင်အဆင့်တာဝန်တွင် ဇူရှောင်ယို၏ ဖိအားပေးမှုကြောင့် ချူချင်းမှာ စွမ်းအင်များအား အကုန်အစင် ထုတ်သုံးခ့ဲရသည်။
ကန်ရွှမ်းကလန်သို့ စတင်ရောက်ရှိစဥ်မှစ၍ ထိုက့ဲသို့ အတင်းအကြပ် ဖိအားပေးခြင်းခံရသည်မှာ ချူချင်းအတွက် ပထမဆုံးပင် ဖြစ်၏။
ခုန်းရှန်မှ အေးစက်စွာရယ်မော၍ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် မင်းကဇူယွမ်ကို ရွေးလိုက်ပြီဆိုတော့ ငါတို့လောင်းရအောင်။ မင်းရှုံးသွားရင် င့ါရဲ့စိန်ခေါ်စာကို လက်ခံရမှာနော်။"
ထို့နောက် ခုန်းရှန်မှာ မူလသူတော်စင်တောင်ထွတ်အား ငေးမောကြည့်ရှုလိုက်၏။ ခုန်းရှန်၏ မျက်ဝန်းများမှာ လှောင်ပြောင်သရော်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။
ဇူယွမ့်လိုကောင်က ယွမ်ဟောင်ကိုကျော်ပြီးတော့ တပည့်ခေါင်းဆောင်နေရာကို ရနိုင်မှာတဲ့လား....
ဟာသပဲ.....