← Chapters

အခြေအနေများအားပြောင်းပြန်လှန်ပစ်ခြင်း

Vol. 34 Ch. 465

အခြေအနေများအားပြောင်းပြန်လှန်ပစ်ခြင်း

Vol. 34 Ch. 465

ကြီးမားသောတောင်ထွတ်ကြီးအား မြူခိုးများမှ ရစ်ဝဲနေလျက် ရှိသည်။

ပုံရိပ်တစ်ခုမှာ မြူခိုးများကိုပင် လွင့်ပြယ်စေသောအရှိန်ဖြင့် ပျံဝဲလာ၏။ အခြားသောပုံရိပ်နှစ်ခုမှာ လျင်မြန်လှသောအရှိန်ဖြင့် ပျံဝဲလိုက်ပါလာသည်။

ထိုပုံရိပ်များမှာ ဇူယွမ်၊ ချူယန်းနှင့် လျူရှန်းတို့ပင် ဖြစ်၏။

"ချီဖြိုခွဲခြင်း...."

ဇူယွမ်မှာ အနောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် ကောင်းကင်ဘုံယွမ်စုတ်တံအား လျင်မြန်စွာဖြင့် ဆုပ်ကိုင်ကာ ရေရွတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ကောင်းကင်ဘုံယွမ်စုတ်တံ၏ နှင်းကဲ့သို့ ဖြူစွတ်နေသော စုတ်တံအမွှေးများမှာ နက်မှောင်နေသော မဟူရာအရောင်အ​​ဖြစ် ပြောင်းလဲသွား၏။

ဝှစ်....

ကောင်းကင်ဘုံယွမ်စုတ်တံမှာ ပတ်ဝန်းကျင်ရှိ စွမ်းအင်များအား စုပ်ယူလိုက်ပြီးနောက် ပေထောင်ကျော်မျှရှိသော အလင်းတန်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ လျှပ်စီးအလား လျင်မြန်စွာဖြင့် ချူးယန်ဆီသို့ ဦးတည်ပျံဝဲသွားသည်။

ချူးယန်မှာ မျက်ဝန်းအစုံ ပြူးကျယ်သွားရကာ လက်နှစ်ဖက်အား ချိတ်ဆက်၍ ဦးခေါင်းထက်မှ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်၏။ ချူးယန်၏ ချီစွမ်းအင်များမှ ထက်ရှလှသော ဓားအရိပ်တစ်ခု ဖြစ်ပေါ်သွားပြီး ကောင်းကင်ဘုံယွမ်စုတ်တံနှင့် တွေ့ဆုံသွားကြသည်။

ချလန်း....

ကျယ်လောင်လှသော ထိတွေ့သံတစ်ခု ထွက်ပေါ်လာကာ ဖြစ်ပေါ်သွားသော စွမ်းအင်လှိုင်းဂယက်များကြောင့် အနီးနားရှိ ကျောက်တုံးကျောက်ဆောင်များသည်ပင် ပြိုကျကုန်ရ၏။

ချူးယန်၏ ချီစွမ်းအင်ဓားအရိပ်မှာ ကောင်းကင်တစ်ပိုင်းအဆင့်ရှိသော မူလလက်နက်တစ်ခု ဖြစ်သည်။ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားတွင် အနိုင်ရရှိစေရေးအတွက် လုဟုန်းမှာ ပါဝင်ယှဥ်ပြိုင်သူများအားလုံးကို တန်ဖိုးကြီးမားလှသော ကောင်းကင်တစ်ပိုင်းအဆင့် မူလလက်နက်များ ပေးအပ်ထားခြင်း ဖြစ်၏။

သို့သော် ကောင်းကင်တစ်ပိုင်းအဆင့် မူလလက်နက်မှာ အဆင့်နိမ့်ကောင်းကင်လက်နက်ဖြစ်သော ကောင်းကင်ဘုံယွမ်စုတ်တံထက် အဆင့်နိမ့်ပါးသဖြင့် ချူးယန်၏ ချီစွမ်းအင်ဓားအရိပ်မှာလည်း အဝေးသို့ လွင့်စင်သွားရသည်။

ကောင်းကင်ဘုံယွမ်စုတ်တံမှာ ပတ်ဝန်းကျင်ရှိ စွမ်းအင်များအား ထပ်မံစုပ်ယူလိုက်ပြီးနောက် ချူးယန်ဆီသို့ ထပ်မံပျံဝဲလာ၏။

သို့သော် ချူးယန်နှင့် ပေအနည်းမျှသာ ကွာဝေးတော့သည့်အချိန်တွင် အခြားဓားတစ်ချောင်းမှ ကောင်းကင်ဘုံယွမ်စုတ်တံအား တားဆီးလိုက်သည်။

ထိုဓားမှာ လျူရှန်း၏ ကောင်းကင်တစ်ပိုင်းအဆင့် မူလလက်နက်ပင် ဖြစ်၏။

ထိုအချိန်၌ပင် ချူးယန်၏ ဓားအရိပ်မှာလည်း ပြန်လည်ရောက်ရှိလာကာ ကောင်းကင်ဘုံယွမ်စုတ်တံနှင့် တွေ့ဆုံသွားကြသည်။ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်လာပြီး မြေပြင်ကိုပင် တုန်လှုပ်သွားစေ၏။

ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ပြန်လည်ဆင့်ခေါ်လိုက်ပြီးနောက် ခြေဆယ်လှမ်းမျှသာ ကွာဝေးနေသော ချူးယန်နှင့် လျူရှန်းတို့အား ကြည့်ရှုလိုက်သည်။

ချူးယန်နှင့် လျူရှန်းတို့၏ ပူးပေါင်းတိုက်ခိုက်မှုမှာ အမှန်တကယ်ပင် ကောင်းမွန်လှ၏။

ထို့အပြင် ချူးယန်တို့နှစ်ဦးမှာ အနည်းငယ်မျှပင် အခွဲမခံပဲ သတိကြီးစွာ ထားနေကြသည်။ ချူးယန်နှင့် လျူရှန်းတို့မှာ တိုက်ခိုက်ခြင်းရော၊ ခုခံခြင်းရောတွင် အတူတကွ ပူးပေါင်း၍ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြ၏။ တစ်ဦးမှ စတင်တိုက်ခိုက်သည်နှင့်တစ်ပြိုင်နက် ကျန်တစ်ဦးမှာ တွေဝေနေခြင်းမရှိပဲ ချက်ချင်းပင် ဝင်ရောက်ပူးပေါင်းလေသည်။

ထို့ကြောင့် ဇူယွမ်မှာ အတော်ပင် အခက်တွေ့နေရ၏။

ဇူယွမ်မှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် အမြန်နှုန်အား မြှင့်တင်ကာ မြူတောထဲသို့ တိုးဝင်ပျံဝဲသွားလိုက်သည်။

ချူးယန်နှင့် လျူရှန်းတို့မှာလည်း ဇူယွမ်၏အနောက်မှ လျင်မြန်စွာပင် လိုက်ပါလာကြ၏။ ချူးယန်တို့နှစ်ဦးမှာလည်း သူတို့၏ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဇူယွမ်မှ အခက်တွေ့နေရကြောင်းကို ခံစားမိပေသည်။

ထို့ကြောင့် ထိုက့ဲသို့သာ ဆက်လက်၍ ပူးပေါင်းတိုက်ခိုက်နေမည်ဆိုပါက ဇူယွမ်အား မကြာမီမှာပင် ပြိုင်ပွဲမှ ထုတ်ပယ်ပစ်နိုင်ပေလိမ့်မည်။

ပုံရိပ်သုံးခုမှာ မြူတောထဲတွင် လျင်မြန်စွာဖြင့် ပျံဝဲနေကြပြီး တိုက်ခိုက်ခြင်းပြုလိုက်၊ ရပ်နားလိုက် ဖြစ်နေ၏။ သို့သော် ချူးယန်တို့၏ ကောင်းမွန်လှသော ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဇူယွမ်မှ အခက်တွေ့နေရသည်မှာ ထင်ရှားလှသည်။

"ဇူယွမ်ကတော့ ထွက်ရတော့မယ် ထင်ပါတယ်ကွာ။"

"ချူးယန်တို့နှစ်ယောက်က တကယ်တော်တာပဲ။ ဒီပုံစံအတိုင်းဆိုရင် အနှေးနဲ့အမြန် ဇူယ​ွမ်အားကုန်သွားမှာပဲ။ အဲ့အချိန်ကြရင် ချူယန်းတို့နှစ်ယောက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြလိမ့်မယ်။"

"ဘယ်လိုပဲဖြစ်ဖြစ် နှစ်ယောက်တစ်ယောက် ယှဥ်တိုက်ရတာဆိုတော့ ဇူယွမ်အတွက် ဘယ်လိုလုပ်အခွင့်အရေး ရှိပါ့မလဲ။"

"........"

ရွေးချယ်ခြင်းတောင်ထွတ် အပြင်ဖက်တွင် စောင့်ကြည့်နေကြသော တပည့်များမှာ ဇူယွမ်အတွက် စိတ်မကောင်းဖြစ်နေကြ၏။ ကြည့်ရသည်မှာ မကြာမီမှာပင် ဇူယွမ်မှာ ပြိုင်ပွဲမှထွက်ခွာရတော့မည့် အနေအထားတွင် ရှိသည်။

လုဟုန်းမှာ ပြိုင်ပွဲအား ကြည့်ရှုနေရင်းဖြင့် ကျေနပ်အားရစွာပြုံး၍ ရေရွတ်လိုက်၏။ "ကောင်စုတ်လေး ဒါကမင်းရဲ့အဆုံးသတ်ပဲ။"

..........

ဝှစ်.....ဝှစ်.....

ပုံရိပ်သုံးခုမှာ မြူခိုးများကိုပင် လွင့်ပြယ်စေသောအရှိန်ဖြင့် လျင်မြန်စွာ ပျံဝဲနေလျက် ရှိသည်။

ချူးယန်မှာ ဇူယွမ်အား ကြည့်ရှုလိုက်ပြီးနောက် လှမ်း၍စကားဆိုလိုက်၏။ "ဇူယွမ် မင်းရဲ့အခုပုံစံက နေစရာမရှိတဲ့ လမ်းဘေးခွေးလိုပဲ။"

သို့သော် ဇူယွမ်မှာ ချူးယန်၏စကားအား အလေးထားပုံပင်မရပဲ အရှေ့သို့သာ ဦးတည်ပျံဝဲနေသည်။

ချူးယန်မှာ လှောင်ပြောင်သရော်လိုဟန်ဖြင့် ရယ်မောလိုက်ပြီးနောက် လျူရှန်းနှင့် အကြည့်ချင်းဖလှယ်ကာ ပျံသန်းနေသောအရှိန်အား မြှင့်တင်လိုက်၏။

ဝှစ်....

ပုံရိပ်များမှာ မြူတောများဆီသို့ ထပ်မံတိုးဝင်သွားသည်။

သို့သော် ထိုအချိန်မှာပင် ချူးယန်တို့နှစ်ဦးမှာ ပတ်ဝန်းကျင်၏ ထူးခြားနေမှုအား သတိပြုမိလိုက်၏။ မြူခိုးများမှာ ချူးယန်တို့နှစ်ဦးအနီးတွင် ရစ်ဝဲလာပြီးနောက် မြင်ကွင်းများမှာလည်း စတင်ပြောင်းလဲလာသည်။

ချူးယန်နှင့်လျူရှန်းမှာ တစ်ဦးနှင့်တစ်ဦး မမြင်ရတော့ချေ။

"မူလမှော်စာလုံး အစီအရင်လား။"

ချူးယန်၏ အမူအရာမှာ ခက်ထန်သွားရ၏။ ချူးယန်တို့မှာ ဇူယွမ်မှာ ထွက်ပြေးလွတ်မြောက်ရန် ကြံစည်နေသည်ဟု ယူဆခ့ဲမိသည်။ သို့သော် ဇူယွမ်မှာ ရည်ရွယ်ချက်ရှိစွာဖြင့် ချူးယန်တို့အား လှည့်ဖြားခေါ်ဆောင်လာခြင်း ဖြစ်နေ၏။

ဝုန်း....

ပတ်ဝန်းကျင်တစ်ခွင်တွင် လျှပ်စီးနှင့် မီးတောက်များ ထွက်ပေါ်လာပြီးနောက် ချူးယန်အား အဖက်ဖက်မှ ပိတ်ဆို့ထားလေသည်။

ချူးယန်မှာ မျက်ဝန်းများကျဥ်းမြောင်းသွားကာ ပေထောင်ကျော်မျှရှိသော ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်၏။ ထို့နောက် ချီစွမ်းအင်များမှ ဓားအရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ လျှပ်စီးနှင့် မီးတောက်များအား တားဆီးလိုက်သည်။

ချပ်...

ချူးယန်မှာ ဓားအရိပ်ဖြင့် ပတ်ဝန်းကျင်အား ရှင်းလင်းလိုက်ပြီးနောက် ထိုနေရာမှ လျင်မြန်စွာပင် ပျံသန်းထွက်ခွာလိုက်၏။

ချူးယန်မှာ အစီအရင်ကြားမှ ထွက်ခွာလာနိုင်ခ့ဲပြီး ပတ်ဝန်းကျင်မှာလည်း ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်။

ချူးယန်မှာ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။ ချူးယန်မှာ ဇူယွမ်စီစဥ်ထားသော မှော်စာလုံးအစီအရင်အား ချိုးဖြတ်နိုင်ခဲ့လေသည်။

"လျူရှန်းရော.."

သို့သော် ချူးယန်မှ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရကာ အနောက်ဖက်သို့ လျင်မြန်စွာ လှည့်ကြည့်လိုက်၏။ ချူးယန်မှာ ထိုနေရာတွင် လျှပ်စီးနှင့်မီးလျှံများ ပါဝင်နေသော မြူခိုးများမှ ဝဲကတော့အသွင်ဖြင့် ရစ်ဝဲနေပြီး အတွင်းတွင်ပိတ်မိနေသော ပုံရိပ်တစ်ခုအား ဝိုးတဝါးဖြင့် မြင်တွေ့လိုက်ရသည်။

ထိုပုံရိပ်မှာ လျူရှန်းပင် ဖြစ်၏။

ဇူယွမ်၏ အစီအရင်မှာ လျူရှန်းကိုသာ ပိတ်ဆို့ထားခ့ဲခြင်းဖြစ်သောကြောင့် ချူးယန်မှ အလွယ်တကူ ထွက်လာနိုင်ခြင်းပင် ဖြစ်သည်။

"အခုတော့ မင်းတစ်ယောက်တည်း ဖြစ်သွားပြီပေါ့။"

တည်ငြိမ်နေသောအသံတစ်ခု ထွက်ပေါ်လာ၏။ ချူးယန်မှာ ခက်ထန်နေသော အမူအရာဖြင့် လှည့်ကြည့်လိုက်သောအခါတွင် ေကာင်းကင်ထက်၌ ပျံဝဲနေသော ဇူယွမ်အား တွေ့ရှိလိုက်ရသည်။

ဇူယွမ်မှာ ဝူဟိုင်အား အနိုင်ရရှိခ့ဲပြီးနောက်တွင် မူလမှော်စာလုံးအစီအရင်အား လျှို့ဝှက်စွာ ရေးဆွဲခ့ဲခြင်းပင် ဖြစ်၏။

ချူးယန်မှာ မူလမှော်စာလုံးအစီအရင်အား ကြည့်ရှုလိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဒီအစီအရင်လောက်နဲ့ လျူရှန်းကို ထိန်းချုပ်ထားနိုင်မယ်ထင်လို့လား။"

ချူးယန်မှာ လျူရှန်း၏စွမ်းရည်အား အသေအချာ သိရှိနေသောကြောင့် မကြာမီမှာပင် အစီအရင်မှ လွတ်မြောက်လာနိုင်မည်ဖြစ်ကြောင်း ယုံကြည်နေ၏။

ဇူယွမ်မှ ခပ်ဖွဖွရယ်မောကာ တုံ့ပြန်လိုက်သည်။ "ဟဟ....အချိန်ခဏလေးဆိုရင်ကို ငါ့အတွက် လုံလောက်တယ်လေ။"

ထိုစကားအား ပြောလိုက်ပြီးသည်နှင့်တကွ ဇူယွမ်မှာ လျင်မြန်စွာပင် လှုပ်ရှားလိုက်၏။ ဇူယွမ်၏ခန္ဓာကိုယ်မှာ ကျောက်စိမ်းရောင်အလင်းတန်းများ တောက်ပလာပြီးနောက် ကောင်းကင်ဘုံယွမ်စုတ်တံမှာလည်း အနက်ရောင်သို့ ပြောင်းလဲသွားသည်။

"သန်းချီသော နဂါးဝေလငါးမှော်စာလုံး...."

"ကောင်းကင်ဘုံမြွေနဂါးကြေးခွံ....."

ကောင်းကင်ဘုံယွမ်စုတ်တံ၏ထိပ်၌ ကြီးမားလှသော ဝေလငါးကြီး၏ပုံရိပ် ပေါ်ထွက်လာကာ ဇူယွမ်၏ခန္ဓာကိုယ်ထက်တွင်လည်း ကြေးခွံများ ပေါ်ပေါက်လာ၏။

ဇူယွမ်မှာ အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်းမရှိပဲ တောင်များကိုပင် ဖြိုခွင်းနိုင်သော အင်အားဖြင့် ကောင်းကင်ဘုံယွမ်စုတ်တံအား ဆွဲကိုင်ကာ လွှဲရိုက်ချလိုက်သည်။

ချူးယန်၏ အမူအရာမှာ အလွန်ပင် ခက်ထန်သွားပြီးနောက် တွေဝေနေရန် မဝ့ံရဲတော့ပဲ ကောင်းကင်တစ်ပိုင်းအဆင့် မူလလက်နက်ဖြစ်သော အရိပ်ဓားအား ဆုပ်ကိုင်လိုက်၏။

"အဆင့်နိမ့်ကောင်းကင်ဘုံကျင့်စဥ် ကောင်းကင်ရေဆန်ဓားကွက်..."

အရိပ်ဓား၏ ဓားသွားထက်တွင် ချီစွမ်းအင်များ စုဝေးလာကာ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်စီးကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီးနောက် ကောင်းကင်ထက်သို့ ထိုးတက်သွားကာ ကောင်းကင်ဘုံယွမ်စုတ်တံနှင့် တွေ့ဆုံသွားကြသည်။

ချူးယန်မှာ သူ၏စွမ်းအင် အပြည့်အဝအား အသုံးပြု၍ တိုက်ခိုက်လိုက်ခြင်းပင် ဖြစ်၏။

ချလန်း.....

ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်သွားခ့ဲပြီး အနီးနားရှိ တောင်တန်းငယ်များသည်ပင် ပြိုကျကုန်ရသည်။

ဘန်း....

စွမ်းအင်စီးကြောင်းကြီးမှာ ကောင်းကင်ဘုံယွမ်စုတ်တံကြောင့် ပျက်စီးသွားရပြီး ဓားအရိပ်မှာလည်း အဝေးသို့ လွင့်စင်သွားရ၏။

အား.....

ချူးယန်မှာလည်း စွမ်းအင်လှိုင်းဂယက်များကြောင့် ထိခိုက်သွားရကာ ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရသည်။ ချူးယန်၏ ပုံရိပ်မှာ ဖြူရော်နေပြီး မျက်ဝန်းများတွင်လည်း ကြောက်ရွံ့နေသော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။

ထိပ်တိုက်ရင်ဆိုင်လိုက်ရပြီးသည့်နောက်တွင် ချူးယန်မှာ ဇူယွမ်သည် မည်မျှပင်ကြော​က်မက်ဖွယ်ရာ ကောင်းလှကြောင်း သိရှိသွားခဲ့ရသည်။

ဝှစ်....

ချူးယန်မှ တုန်လှုပ်နေသောအချိန်တွင် ဇူယွမ်၏ ပါးနှစ်ဖက်မှာ ဖောင်းကားလာပြီးနောက် နှလုံးသားထဲမှ အော်ဟစ်လိုက်၏။

"ကောင်းကင်ဘုံနေမင်းမီးတောက်...."

ခရမ်းပြာရောင် မီးလျှံများထွက်ပေါ်လာပြီးနောက် ပြင်းထန်လှသော အပူရှိန်ဖြင်​့ ချူးယန်ဆီသို့ ဦးတည်ပျံဝဲလာသည်။

ချူချင်း၏ အမူအရာမှာ ပြောင်းလဲသွားရပြီးနောက် ချက်ချင်းဆိုသလိုပင် အေးစက်လှသော ဓားချီများအား ပေါက်ကွဲထွက်ပေါ်စေလိုက်၏။

ဝုန်း....

စွမ်းအင်နှစ်ခု တွေ့ဆုံသွားကြပြီး လေထုများသည်ပင် ဆုတ်ပြဲသွားရသည်။ ပူပြင်းလှသော မီးလျှံများကြောင့် အနီးနားရှိ ကျောက်တုံးကျောက်ဆောင်များသည်ပင် စတင်ပျော်ကျလာရ၏။

ချူချင်း၏ အမူအရာမှာ အလွန်ပင် ခက်ထန်နေရသည်။ ဇူယွမ်၏တိုက်ခိုက်မှုမှာ အညှာအတာကင်းမဲ့ကာ ပြင်းထန်လွန်းလှ၏။

"ငါတစ်ယောက်တည်း သူ့ကိုရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ တက်နိုင်သလောက် အချိန်ဆွဲထားရမယ်။ ခဏနေလောက်ကြရင် လျူရှန်းက အစီအရင်ကြားကယထဲက ထွက်လာနိုင်တော့မှာ။ အဲ့အချိန်ကြမှ နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်ရမယ်။"

ချူးယန်မှာ တွေးတောလိုက်ပြီးနောက် ချီပင်လယ်အတွင်းမှ ချီကြယ်ပွင့်များအား ထုတ်ယူကာ အေးစက်​ြပင်းထန်လှသော စွမ်းအင်များအဖြစ်သို့ ပြောင်းလဲ၍ ခရမ်းပြာရောင်မီးလျှံများအား ကာဆီးလိုက်သည်။

သို့သော် အေးစက်လှသော ဓားချီများမှ မီးလျှံအား ကာဆီးနေစဥ်မှာပင် ခရမ်းပြာရောင်မီးလျှံများအတွင်းမှ ကြေးခွံများဖြင့် ဖုံးအုပ်ထားသော လက်တစ်ခု ထွက်ပေါ်လာ၏။

ချူးယန်မှာ ဓားချီများဖြင့် လျင်မြန်စွာ တိုက်ခိုက်လိုက်သော်လည်း ကြေးခွံအနည်းငယ်မျှသာ ပျက်စီးသွားစေပြီးနောက် ေကြးခွံများ၏အောက်တွင် ကျောက်စိမ်းရောင်အလင်းတန်းများ တောက်ပလာကာ ဓားချီများအား ပိတ်ဆို့လိုက်သည်။

ထို့နောက် ဇူယွမ်မှာ လက်သီးဆုပ်ကာ ချူးယန်အား ပြင်းထန်စွာဖြင့် ထိုးချလိုက်၏။

အား......

ချူးယန်မှာ ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရသည်။ ချူးယန်မှာ ဖြူရော်နေသော အနေအထားဖြင့် အရှေ့တွင်ရှိနေသော ပုံရိပ်အား ကြည့်ရှုနေမိ၏။

"တွေ့လား။ အချိန်လောက်ပါတယ်လို့ ငါပြောသားပဲ။"  ဇူယွမ်မှာ ချူးယန်အား ပြုံး၍ပြောလိုက်သည်။

ချူးယန်၏ စိတ်နှလုံးမှာ နောင်တများဖြင့် ပြည့်နှက်လာရ၏။ ဇူယွမ်မှာ အလွန်တရာပင် ဥာဏ်နီဉာဏ်နက် များလှသည်။ ​အမှန်ဆိုလျှင် ပြိုင်ပွဲစတင်စဥ်မှစ၍ ဇူယွမ်အား ပူးပေါင်းကာ ထုတ်ပယ်ခ့ဲသင့်၏။

"ဇူယွမ် မင်းသိပ်ပျော်မနေနဲ့ဦး။ မင်းငါတို့ကို နိုင်ရင်တောင်မှ စီနီယာအကိုတော်ယွမ်ဟောင်ကိုတော့ ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး ဟားဟား။"

ချူးယန်မှာ ကျယ်လောင်စွာဖြင့် ရယ်မောပစ်လိုက်ပြီးနောက် ပြင်းထန်လှသော ဒဏ်ရာများကြောင့် သတိလစ်မေ့မျောသွားတော့သည်။

"ယွမ်ဟောင်ကို ငါမယှဥ်နိုင်ဘူးလို့ မင်းပြောဖို့ စောပါသေးတယ်။"

.......

ဝုန်း.....

ကျောက်တုံးစင်မြင့်တစ်ခုပေါ်တွင် ဖြစ်ပေါ်နေသော မူလမှော်စာလုံး အစီအရင်မှာ ပေါက်ကွဲသွား၏။

ထို့နောက် လျူရှန်းမှာ ထိုနေရာအတွင်းမှ ပျံသန်းထွက်ခွာလာကာ အော်ဟစ်လုိက်သည်။ "ဇူယွမ် ဒီအစီအရင်လောက်နဲ့ ငါ့ကိုထိန်းချုပ်ထားနိုင်မယ် ထင်နေတာလား။"

လျူရှန်းမှာ ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်ပြီးနောက် မျက်ဝန်းများ ကျဥ်းမြောင်းသွားရ၏။

ပုံရိပ်တစ်ခုမှာ ကျောက်ဖျာချပ်တစ်ခု၏အစွန်းတွင် ထ်ိုင်နေလျက်ရှိပြီး စုတ်တံတစ်ချောင်း ဆွဲကိုင်ထားသည်။ ထိုစုတ်တံထိပ်မှ ဖြူဖွေးနေသော အမွှေးများမှာ ကြိုးတစ်ချောင်းက့ဲသို့ တစ်စုံတစ်ခုအား ရစ်ပတ်ထား၏။

ထိုစုတ်တံဖြင့် ရစ်ပတ်ခြင်းခံထားရသူမှာ ဒဏ်ရာများဖြင့် မြင်မကောင်းအောင် ဆိုးရွားနေပြီး အသက်ရှိသေးရဲ့လားပင် မသေချာသောပုံစံ ဖြစ်နေသည်။

ချူးယန်!

ကျောက်ဖျာချပ်ပေါ်တွင် ထိုင်နေသော လူငယ်လေးမှာ လျူရှန်းအား တည်ငြိမ်စွာပင် ကြည့်ရှုကာ စကားဆိုလိုက်၏။

"နောက်ဆုံးတော့ ထွက်လာပြီပေါ့လေ။"

"အဲ့ဒါဆိုလည်း မင်းရဲ့စီနီယာအကိုတော်ကို သွားပြီးအဖော်ပြုပေးလိုက်တော့။"

All Chapters