← Chapters

ဘယ်သူ့ကိုပွဲသိမ်းပြီလို့ပြောလိုက်တာလဲ

Vol. 34 Ch. 466

ဘယ်သူ့ကိုပွဲသိမ်းပြီလို့ပြောလိုက်တာလဲ

Vol. 34 Ch. 466

ဇူယွမ်နှင့် လျူရှန်းတို့၏ တိုက်ပွဲမှာ အ့ံအားသင့်ရလောက်အောင်ပင် လျင်မြန်လှသည်။ လျူရှန်းမှာ ချူးယန်၏ အဖြစ်အပျက်အား မြင်တွေ့ထားရသောကြောင့် ကြောက်စိတ်များ စိုးမိုးနေပြီဖြစ်သဖြင့် ဇူယွမ်မှ လွယ်ကူစွာပင် တိုက်ခိုက်နိုင်လိုက်၏။

အဆုံး၌ လျူရှန်းမှာ ပြင်းထန်လှသော ထိခိုက်ဒဏ်ရာများဖြင့် ပြိုင်ပွဲမှ နှုတ်ထွက်သွားခဲ့ရသည်။

ဇူယွမ်မှာ ကျောက်ဖျာချပ်ပေါ်တွင်ထိုင်နေပြီး ကောင်းကင်ဘုံယွမ်စုတ်တံအား ပြန်လည်ဆင့်ခေါ်လိုက်၏။ ထို့နောက် ကောင်းကင်ဘုံယွမ်စုတ်တံ၏ ဖြူဖွေးနေသော အမွှေးများမှာ ရှည်ထွက်လာကာ သတိလစ်မော့မျောနေသော ချူးယန်နှင့် လျူရှန်းတို့အား ရစ်ပတ်လိုက်သည်။

ဇူယွမ်မှာ တိုက်ပွဲသုံးခုအား ဆက်တိုက်ရင်ဆိုင်ခ့ဲရသဖြင့် ချီစွမ်းအင်များ အတော်ပင် လျော့ပါးနေ၏။ ဇူယွမ်မှာ ထူးခြားသော သွေးနီရောင်ချီပင်လယ်နှင့် ပြန်လည်ကောင်းမွန်စေနိုင်သော ထိုက်ရိသစ်စိမ်းပင်အမှတ်အသားသာ မရှိခ့ဲပါက အင်အားကုန်ခမ်းနေလောက်ပြီပင် ဖြစ်သည်။

ဟူး.....

ဇူယွမ်၏ခန္ဓာကိုယ်ထံမှ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံသဲ့သဲ့မျှ ထွက်ပေါ်နေပြီး အသက်အား ပြင်းထန်စွာ ရှ္ူသွင်းနေ၏။

နဂါးအသက်ရှ္ူခြင်းနည်းလမ်း......

ပတ်ဝန်းကျင်ရှိ စွမ်းအင်များမှာ အဖြူရောင်အမျှင်တန်းအဖြစ်သို့ ပြောင်းလဲသွားပြီး ဇူယွမ်၏နှာခေါင်းမှတဆင့် အသွေးအသားများထဲသို့ စီးဝင်သွားသည်။ ထိုစွမ်းအင်အမျှင်တန်းများမှာ ဇူယွမ်၏ချီပင်လယ်အား အလျင်အမြန် ဖြည့်တင်းပေးနေ၏။

ဇူယွမ်မှာ စွမ်းအင်များ ပြန်လည်ဖြည့်တင်းပြီးသည့်နောက်တွင် မြူခိုးများ အုံ့ဆိုင်းနေသော တောင်ထွတ်ကြီးအား ကြည့်ရှုလိုက်သည်။

ယခုဆိုလျှင် ယွမ်ဟောင်မှလွဲ၍ လုဟုန်း၏ အဖွဲ့ဝင်အားလုံးမှာ ထုတ်ပယ်ခံခ့ဲရပြီပင် ဖြစ်၏။ သို့သော် ယွမ်ဟောင်သည်သာလျှင် လုဟုန်း၏ အစစ်အမှန် ဝှက်ဖဲတစ်ချပ်ဖြစ်ပြီး အခြားသူများအား အပိုဆောင်းအနေဖြင့် ပါဝင်ယှဥ်ပြိုင်စေခ့ဲခြင်းပင် ဖြစ်သည်။

"စီနီယာအကိုတော်ဇူထိုက်တို့ရော အဆင်ပြေကြရဲ့လားမသိဘူး။" ဇူယွမ်မှာ ခေတ္တမျှတွေးတောလိုက်ပြီးသည့်နောက်တွင် အတွေးစများအား ဖြတ်တောက်လိုက်၏။ ယခုအချိန်တွင် ဇူယွမ်ပထမဆုံးလုပ်ဆောင်ရန် လိုအပ်သောအရာမှာ ယွမ်ဟောင်မှလွဲ၍ အခြားပါဝင်ယှဥ်ပြိုင်သူများအား ပြိုင်ပွဲမှ ထုတ်ပယ်ရန်ပင် ဖြစ်သည်။

ယွမ်ဟောင်မှာ အသန်မာဆုံး ပါဝင်ယှဥ်ပြိုင်သူဖြစ်သောကြောင့် အဆုံး၌ ရင်ဆိုင်တိုက်ခိုက်ရမည်သာ ဖြစ်၏။

...........

ဇူယွမ်မှ ချူးယန်နှင့် လျူရှန်းတို့အား အနိုင်ယူနိုင်ခ့ဲခြင်းကြောင့် ရွေးချယ်ခြင်းတောင်ထွတ်အပြင်ဖက်တွင် စောင့်ကြည့်နေကြသော တပည့်များအား ဆူညံသွားစေခ့ဲသည်။

မည်သူကမှ ဇူယွမ်မှာ အစီအရင်အား လျှို့ဝှက်စွာရေးဆွဲထားပြီး ချူးယန်နှင့် လျူရှန်းတို့အား ခွဲထုတ်ကာ တိုက်ခိုက်နို်င်လိမ့်မည်ဟု ထင်မှတ်မထားကြပေ။

ဇူယွမ်၏ တိုက်ပွဲအတွေ့အကြုံနှင့် စွမ်းဆောင်ရည်များကြောင့် စောင့်ကြည့်နေကြသူများမှာ စတင်၍ လေးစားလက်ခံလာကြ၏။

စိန်းထိုက်ယွမ်၏ တပည့်များမှာ စိတ်လှုပ်ရှားနေသော အမူအရာများဖြင့် တစ်ဦးကိုတစ်ဦးကြည့်ကာ ရွေးချယ်ခြင်းတောင်ထွတ်အတွင်းရှိ ဇူယွမ်၏ပုံရိပ်အား လေးစားအားကျနေသော မျက်ဝန်းများဖြင့် ငေးမောကြည့်ရှုနေကြသည်။

ဇူယွမ်မှာ လုဟုန်းအုပ်စုမှ ပါဝင်ယှဥ်ပြိုင်သူလေးဦးအား ဆက်တိုက်ဆိုသလို ထုတ်ပယ်နိုင်ခဲ့၏။

ဇူယွမ်မှာ အတွေ့အကြုံ နည်းပါးပြီး ကျင့်ကြံခြင်းအဆင့်လည်း နိမ့်ပါးလှသောကြောင့် ထိုက့ဲသို့ စွမ်းဆောင်နိုင်လိမ့်မည်ဟု မည်သူကမှ ခန့်မှန်းမထားခဲ့ကြချေ။

ယောင်ယောင်မှာ လှပတင့်တယ်စွာဖြင့် ကျောက်ဖျာချပ်ပေါ်တွင် ထိုင်နေလျက်ရှိပြီး ထန်ထန်အား ပေါင်ပေါ်တင်ထားသည်။ ယောင်ယောင်မှာ ရွေးချယ်ခြင်းတောင်ထွတ်အတွင်းမှ လူငယ်လေး၏ပုံရိပ်အား ငေးမောကြည့်ရှုနေရင်းဖြင်​့ နှုတ်ခမ်းအစုံမှာ အနည်းငယ် တွန့်ကွေးသွားရ၏။

ကန်ရွှမ်းကလန်သို့ ဇူယွမ်ရောက်ရှိခ့ဲသည်မှာ တစ်နှစ်ခန့်မျှ ရှိနေပြီဖြစ်သည်။ ဤတစ်နှစ်မျှသော အချိန်တောအတွင်းမှာပင် ဇူယွမ်မှာ များစွာတိုးတက်လာ၏။

သေးငယ်လှသောဇူအင်ပါယာအတွင်းမှ ထွက်ခွာလာခဲ့သော ထိုလူငယ်လေးမှာ တစ်နှစ်မျှသော အချိန်ကာလအတွင်း၌ လွန်စွာမှ တောက်ပြောင်ထည်ဝါလာပြီ ဖြစ်လေသည်။

...........

စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏ တပည့်များမှာ အော်ဟစ်ပျော်ရွှင်နေကြသော်လည်း လုဟုန်း၏ တပည့်များမှာမူ တိတ်ဆိတ်ငြိမ်သက်နေကြသည်။ လုဟုန်း တပည့်များ၏ အမူအရာများမှာ ခက်ထန်နေပြီး မျက်ဝန်းများတွင် မယုံကြည်နိုင်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။

လုဟုန်း၏ မျက်နှာမှာလည်း အလွန်ပင် တင်းမာခက်ထန်နေပြီး ဒေါသထွက်နေကြောင်း ထင်ရှားလှသည်။ လုဟုန်း၏ အနီးတွင်ရှိနေသော တပည့်များမှာ မျက်နှာများပင် ဖြူရော်နေရပြီး လုဟုန်းမှ ဆူပူကြိမ်းမောင်းခြင်း မပြုလုပ်ရန် ဆုတောင်းနေကြ၏။

လုဟုန်းမှာ အသက်အားပြင်းပြင်း ရှ္ူထုတ်လျက် နှလုံးသားထဲမှ ဒေါသစိတ်များအား ချိုးနှိမ်နေရသည်။

လုဟုန်းမှာ နောက်ထပ်တစ်နှစ်ဆိုလျှင် တပည့်ခေါင်းဆောင်နေရာကိုပင် ရရှိနိုင်ပါ့မည်လားဟု စိတ်ပူလာမိ၏။

ကံကောင်းထောက်မစွာဖြင့် ဤနှစ်၏ တပည့်ခေါင်းဆောင်နေရာကိုမူ လုဟုန်း၏အုပ်စုမှ ရရှိရန် သေချာနေခ့ဲသည်။

..........

စောင့်ကြည့်နေကြသော တပည့်များနှင့် အကြီးအကဲများသာမက ကလန်ခေါင်းဆောင်ချင်းယန်နှင့် တောင်ထွတ်ဆရာသခင်များသည်ပင် ဇူယွမ်၏တိုက်ပွဲစွမ်းရည်အား သတိထားမိသွားကြ၏။

ကလန်ခေါင်းဆောင်ချင်းယန်မှ သက်ပြင်းချကာ စကားဆိုလိုက်သည်။ "ဇူယွမ်က တကယ်ကို အရည်အချင်းရှိတဲ့ ပင်ပျိုလေးပဲ။ အနာဂတ်မှာ ကလန်ရဲ့ ရွေးချယ်ခံတစ်ယောက်တောင် ဖြစ်လာနိုင်တယ်။"

ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများမှာ အနာဂတ်တစ်ချိန်တွင် ကလန်၏ ကျောထောက်နောက်ခံများ ဖြစ်လာလေ့ရှိ၏။ ထို့ကြောင့် ကလန်ခေါင်းဆောင်ချင်းယန်မှ ဇူယွမ်အား ထိုက့ဲသို့မှတ်ချက်ပြုလိုက်ခြင်းမှာ မြင့်မားလှသည်။

ကလန်ခေါင်းဆောင်ချင်းယန်၏စကားအား အခြားသောတောင်ထွတ်ဆရာသခင်များမှလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြ၏။

နှင်းပဒုမ္မာတောင်ထွတ်၏ ဆရာသခင်မလျို့လျန်းယီမှာ ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်ဖြစ်သူ လင်ကျွမ်းအားကြည့်ကာ စကားဆိုလိုက်သည်။ "တစ်ယောက်ယောက်ကတော့ ဒီအခြေအနေကို သဘောကျမယ် မထင်ဘူး။"

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှ ရွေးချယ်ခြင်းတောင်ထွတ်အား ကြည့်ရှုကာ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "ဇူယွမ်က တော်တော်လေး အရည်အချင်းရှိပါတယ်။ ဒါပေမယ့် တပည့်ခေါင်းဆောင်နေရာကတော့ သူ့အတွက် မဟုတ်ဘူး။"

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာ ဇူယွမ်မှ ဝူဟိုင်နှင့် အခြားသူများအား အနိုင်ယူနိုင်လိုက်သည့်အပေါ် စိတ်အနှောင့်အယှက်ပင် မဖြစ်မိခ့ဲချေ။ အဘယ့်ကြောင့်ဆိုသော် တပည့်ခေါင်းဆောင်နေရာအား ရယူနိုင်မည့်သူမှာ ယွမ်ဟောင်တစ်ဦးတည်းသာရှိကြောင်း သိရှိထားသောကြောင့် ဖြစ်သည်။

.........

အချိန်အနည်းငယ်ကြာမြင့်သွားပြီးနောက်

ဇူယွမ်မှာ မတ်တပ်ရပ်လိုက်ကာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆွဲကိုင်လျက် ကောင်းကင်ထက်သို့ ပျံသန်းသွား၏။ ကောင်းကင်ဘုံယွမ်စုတ်တံမှာသတိလစ်မေ့မျောနေသော ပုံရိပ်နှစ်ခုအား ရစ်ပတ်သယ်ဆောင်ထားလေသည်။

မြူခိုးများရစ်ဝဲနေသော ကျောက်တုံးစင်မြင့်တစ်ခုပေါ်၌

ပြင်းထန်သောတိုက်ပွဲတစ်ခု ဆက်လက်ဖြစ်ပေါ်နေ၏။

ပုံရိပ်နှစ်ခုမှာ ပြင်းထန်စွာဖြင့် တိုက်ခိုက်နေကြပြီး စွမ်းအင်လှိုင်းဂယက်များမှာ ကျောက်တုံးစင်မြင့်အား အက်ကွဲစေခ့ဲသည်။

ဘန်း.....

ထိပ်တိုက်ရင်ဆိုင်လိုက်ကြပြီးနောက် ပုံရိပ်နှစ်ခုလုံးမှာ အနောက်သို့ လွင့်စင်သွား၏။

ဟန်ယွီမှာ နှုတ်ခမ်းထောင့်မှ သွေးစများအား ပွတ်ထုတ်လိုက်ပြီးနောက် မျက်နှာချင်းဆိုင်တွင် ရှိနေသော ကျူးချင်အား ကြည့်ရှုလိုက်သည်။

ဟန်ယွီနှင့် ကျူးချင်တို့၏ စွမ်းရည်မှာ တူညီနေသောကြောင့် အချိန်များစွာ ကြာမြင့်သည်အထိ မည်သူကမှ အသာစီးမရနိုင်ပဲ ရှိနေ၏။

ကျူးချင်မှ ဟန်ယွီအားကြည့်ကာ လှောင်ပြောင်သရော်လိုဟန်ဖြင့် မေးမြန်းလုိက်သည်။ "မင်းကြည့်ရတာ ငါ့ကိုနိုင်ဖို့ တအားလောနေသလိုပဲ။ ဘာလို့လဲ။ ဟိုကောင်လေးကို သွားကူညီချင်နေတာလား။"

ကျူးချင်မှာ ဟန်ယွီ၏ မတည်မငြိမ်ဖြစ်နေသောပုံစံအား သတိထားမိခ့ဲ၏။ ထို့ကြောင့် ကျူးချင်မှာ ဟန်ယွီ၏ အားနည်းချက်များကိုလည်း တွေ့ရှိခ့ဲရသည်။ ဟန်ယွီ၏ အမြန်နှုန်းကြောင့်သာမဟုတ်လျှင် ကျူးချင်မှ အနိုင်ရရှိနေလောက်ပြီပင် ဖြစ်၏။

ဟန်ယွီ၏အမူအရာမှာ ခက်ထန်နေရသည်။

"ဟဲဟဲ....ဒီလောက်အချိန်တွေကြာနေပြီပဲ။ ဇူယွမ်က ရှုံးတောင်ရှုံးသွားလောက်ပြီ။" ကျူးချင်မှ စကားဆိုလိုက်၏။

"ချူးယန်နဲ့ လျူရှန်းပြန်လာရင် မင်းဘယ်လောက်တောင် အခြေအနေဆိုးသွားမလဲသိလား။"

ဟန်ယွီမှာ နှုတ်ခမ်းအစုံအား ဖိကိုက်လိုက်ပြီးနောက် ခက်ထန်လှသော အမူအရာဖြင့် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။

ဟန်ယွီမှာ ကျူးချင်အား တက်နိုင်သမျှ အမြန်ဆုံး အနိုင်ရရှိရန် လိုအပ်၏။ ထိုသို့မဟုတ်ပဲ ဇူယွမ်အား ချူးယန်နှင့်လျူရှန်းတို့မှ ဦးစွာအနိုင်ရရှိသွားပါက အခြေအနေများမှာ ဆိုးရွားသွားပေလိမ့်မည်။

ထိုအချိန်၌ပင် ကောင်းကင်ထက်မှ လေတိုးသံအချို့အား ကြားလိုက်ရသည်။ ကျူးချင်မှာ ကောင်းကင်ထက်အား မော့ကြည့်လိုက်ပြီးနောက် ပြုံးကာပြောလိုက်၏။ "မင်းတော့ပွဲသိမ်းပြီပဲ။"

ဟန်ယွီမှာ မြူခိုးများအုံ့ဆိုင်းနေသော ကောင်းကင်ထက်အား မော့ကြည့်လိုက်သည်။

ဖြည်းညင်းစွာဖြင့် မြူခိုးများ လွင့်ပြယ်သွားပြီး လူငယ်တစ်ဦး၏ပုံရိပ်အား ထင်ရှားစွာ မြင်တွေ့လုိက်ရ၏။

လှောင်ပြောင်သရော်နေသော ကျူးချင်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားရသည်။

ကျူးချင်မှ အ့ံအားသင့်နေဟန်ဖြင့် အော်ဟစ်လိုက်၏။

"ဇူ....ဇူယွမ်လား....."

ဇူယွမ်မှာ ဟန်ယွီအား ပြုံးပြလိုက်ပြီးနောက် ကျူးချင်အားကြည့်ကာ ကောင်းကင်ဘုံယွမ်စုတ်တံအား မြေပြင်ပေါ်သို့ ချထားလိုက်သည်။ ကျူးချင်မှာ သတိလစ်မေ့မျောနေသော ပုံရိပ်နှစ်ခုအား မြင်တွေ့လိုက်ရ၏။

"ဘယ်သူ့ကို ပွဲသိမ်းပြီလို့ ပြောလိုက်တာလဲ။"

ကျူးချင်မှာ အ့ံအားသင့်စွာဖြင့် သတိလစ်မော့မျောနေသော ပုံရိပ်နှစ်ခုအား ငေးကြည့်နေမိသည်။ ကျူးချင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြက်သီးမွှေးညင်းများပင် ထလာရ၏။

ကျူးချင်၏ စိတ်နှလုံးမှာလည်း ကြောက်စိတ်များဖြင့် လွှမ်းခြုံသွားပြီး မျက်ဝန်းများသည်ပင် ကြောက်ရွ့ံနေသော အရိပ်အယောင်များဖြင့် ပြည့်နှက်လာရလေတော့သည်။

All Chapters