← Chapters

ကျောက်ပလ္လင်ထက်မှသားရဲ

Vol. 34 Ch. 467

ကျောက်ပလ္လင်ထက်မှသားရဲ

Vol. 34 Ch. 467

ကျူးချင်မှာ သတိလစ်မေ့မျောနေသော ချူးယန်နှင့် လျူရှန်းတို့အား ကြည့်ရှုပြီးနောက် ကြောက်ရွ့ံစိတ်များဖြင့် ခန္ဓာကိုယ်တစ်ခုလုံးပင် တုန်ခါလာရသည်။

ကျူးချင်မှာ ဆောက်တည်ရာမရဖြစ်နေဟန်ဖြင့် ဇူယွမ်အား မယုံကြည်နိုင်စွာ ကြည့်ရှုလိုက်၏။

ချူးယန်နှင့် လျူရှန်းနှစ်ဦးပေါင်း တိုက်ခိုက်ခြင်းကိုပင် ဇူယွမ်မှ အနိုင်ရရှိနိုင်လိမ့်မည်ဟု ကျူးချင်မှတစ်ခါမျှပင် တွေးထင်မထားခ့ဲမိချေ။

ကျူးချင်တစ်ဦးတည်းမဟုတ်ပဲ ဟန်ယွီမှာလည်း အလွန်ပင် အ့ံအားသင့်နေရသည်။ ဟန်ယွီမှာ ဇူယွမ်မှ ချူးယန်တို့နှစ်ဦးအား အနိုင်ရရှိရုံမျှမက ထိခိုက်ဒဏ်ရာပင်မရပဲ ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု တွေးထင်မထားခဲ့မိပေ။

ဟန်ယွီမှာ ခါးသီးစွာဖြင့် တံထွေးများပင် မြိုချလိုက်ရ၏။ ​ပထမ၌ ဟန်ယွီမှာ ဇူယွမ်သည် အနှောင့်အယှက်သာ ဖြစ်လာလိမ့်မည်ဟု ယူဆထားခ့ဲသော်လည်း လက်ရှိအခြေအနေကြောင့် သူမရှက်ရွ့ံမိရသည်။

အကယ်၍ ဇူယွမ်မှသာ လုဟုန်း၏ တပည့်များအား မထုတ်ပယ်ပေးခ့ဲပါက ယခုအချိန် မြေပြင်ပေါ်၌ လဲလျောင်းနေရမည့်သူမှာ ဟန်ယွီဟူသော သူမသာ ဖြစ်နေရပေလိမ့်မည်။

ကျူးချင်မှာ အေးစက်လှသော ချွေးစေးများပင် ထွက်ပေါ်လာရ၏။ ချူးယန်နှင့် လျူရှန်းတို့သည်ပင် ဇူယွမ်၏လက်ထဲ၌ ရှုံးနိမ့်ခ့ဲရသောကြောင့် ယခုဆိုလျှင် လုဟုန်း၏အုပ်စုမှ တပည့်လေးဦးလုံးအား ဇူယွမ်တစ်ယောက်တည်းဖြင့် ထုတ်ပယ်ခ့ဲပြီပင် ဖြစ်သည်။

ကျူးချင်မှာ အနောက်သို့ဆုတ်ကာ လျင်မြန်စွာပင် ထွက်ပြေးသွားတော့၏။ ကျူးချင်မှာ သတ္တိရှိစွာ ရင်ဆိုင်တိုက်ခိုက်ရန်ထက် ဆုတ်ခွာရန်သာ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

"ဇူယွမ်က သန်မာလွန်းတယ်။ ငါသူ့ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ စီနီယာအကိုတော်ယွမ်ဟောင်ဆီ မြန်မြန်သွားမှရမယ်။"

ကျူးချင်၏မျက်ဝန်းများမှာ ကြောက်ရွ့ံထိတ်လန့်မှုများ ပြည့်နှက်လာပြီးနောက် ပျံဝဲနေသောအရှိန်အား တိုးမြှင့်လိုက်၏။

သို့သော် ထိုအချိန်မှာပင် ဇူယွမ်၏ပုံရိပ်မှာလည်း ဒြပ်မဲ့အသွင်သို့ ​ပြောင်းလဲသွားကာ အခိုးအငွေ့အလား လျင်မြန်စွာ ရွေ့လျားသွားသည်။

ဝုန်း....

ကျူးချင်၏ အနောက်ဖက်မှ လျင်မြန်လှသော လေတိုးသံတစ်ခု ကြားလိုက်ရပြီးနောက် ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ လေထုကိုပင် ဆုတ်ပြဲစေနိုင်သော ထိုးနှက်ချက်တစ်ချက် ရောက်ရှိလာသည်။ ဇူယွမ်၏ လက်တစ်ဖက်လုံးမှာ ကျောက်စိမ်းရောင်အလင်းတန်းများ တောက်ပနေကာ ကြေးခွံများဖြင့် ဖုံးအုပ်​ေန၏။

ကျူးချင်မှာလည်း ပြင်းထန်လှသော စွမ်းအင်များအား ခံစားမိလိုက်ပြီးနောက် အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်းမရှိပဲ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ ကာကွယ်ရေးအလွှာများ ပြုလုပ်လိုက်သည်။

ဝုန်း....

သို့သော် ဇူယွမ်၏လက်သီးချက်မှာ ကာကွယ်ရေးအလွှာများအားလုံးကို ချိုးဖြတ်သွားပြီး ကျူးချင်အား  ပြင်းထန်စွာပင် ထိုးနှက်လိုက်၏။

အား.....

ကျူးချင်မှာ ကြောက်မက်ဖွယ်ရာ သားရဲတစ်ကောင်ဖြင့် တိုက်ခိုက်နေရသက့ဲသို့ပင် ခံစားလိုက်ရသည်။ ကျူးချင်မှာ ပါးစပ်အပြည့် သွေးများအား အန်ထုတ်လိုက်ရပြီးနောက် အဝေးသို့ လွင့်စင်သွားရ၏။

ဇူယွမ်၏ လက်သီးချက်မှာ တောင်တန်းများကိုပင် ဖြိုခွင်းနိုင်လောက်အောင် ပြင်းထန်လှသည်။

ကျူးချင်မှာ ယခုအချိန်မှ ဝူဟိုင်တို့အားလုံး ရှုံးနိမ့်သွားရသည့် အကြောင်းအရင်းအား နားလည်သွားမိ၏။

ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆွဲကိုင်လျက် အဝေးသို့ လွင့်စင်သွားသော ကျူးချင်အား ကြည့်ရှုလိုက်သည်။ ဇူယွမ်မှာ တည်ငြိမ်စွာဖြင့်ပင် ကောင်းကင်ဘုံယွမ်စုတ်တံအား ဆွဲကိုင်၍ အရှေ့သို့ ထပ်မံရွေ့လျားလိုက်၏။

ကောင်းကင်ဘုံယွမ်စုတ်တံထိပ်ရှိ ဖြူဖွေးနေသောအမွှေးများမှာ အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ကောင်းကင်ဘုံယွမ်စုတ်တံမှာ အရိပ်တစ်ခုအသွင်သို့ ေပြာင်းလဲသွားကာ ေလထုကိုပင် ဆုတ်ပြဲစေနိုင်သောအရှိန်ဖြင့် ကျူးချင်ထံသို့ ဦးတည်ပျံဝဲလာ၏။

ကောင်းကင်ဘုံယွမ်စုတ်တံမှာ နီးကပ်လာသည်နှင့်အမျှ ကျူးချင်မှာ ကြောက်ရွံ့စိတ်များဖြင့် တုန်လှုပ်လာရပြီး ဖြူရော်စွာဖြင့် အော်ဟစ်လိုက်သည်။ "ငါအရှုံးပေးပါပြီ။"

ကောင်းကင်ဘုံယွမ်စုတ်တံမှာ ကျူးချင်မျက်နှာနှင့်ထိတွေ့ရန် လက်မဝက်ခန့်အလိုတွင် ရပ်တန့်သွား၏။ သို့သော် စုတ်တံထံမှ ထွက်ရှိနေသော စွမ်းအင်ဖိအားများကြောင့် ကျူးချင်၏မျက်နှာပေါ်တွင် ထိခိုက်ဒဏ်ရာ အနည်းငယ် ဖြစ်ပေါ်သွားရသည်။

ဇူယွမ်မှာ ကြောက်လန့်တုန်လှုပ်နေသော ကျူးချင်အား ကြည့်ရှုလိုက်ပြီးနောက် ကောင်းကင်ဘုံယွမ်စုတ်တံအား ပြန်လည်ဆင့်ခေါ်လိုက်၏။

ကျူးချင်၏စိတ်ထဲတွင် ရှက်ရွံ့မှုနှင့် ဒေါသများ ရောထွေးနေရပြီးနောက် အံကိုကြိတ်ကာ အော်ဟစ်လိုက်သည်။ "ဇူယွမ် မင်းသိပ်ပျော်မနေနဲ့ဦး။ မကြာခင်မှာပဲ မင်းလည်း အခုငါခံစားရသလို ခံစားရတော့မှာပါ။"

"ကြောက်ရွံ့မှုဆိုတာ ဘာလဲသိအောင် စီနီယာအကိုတော်ယွမ်ဟောင်က သင်ပြပေးလိမ့်မယ်။"

ဇူယွမ်မှာ ခပ်ဖွဖွရယ်မောကာ စကားဆိုလိုက်၏။ "ငါကလည်း သူ့ရဲ့သင်ကြားမှုတွေကို လုိချင်မိပါတယ်။"

ထို့နောက် ဇူယွမ်မှာ ကျူးချင်အား လျစ်လျူရှုလိုက်ကာ ဟန်ယွီအား ကြည့်ရှုလိုက်သည်။

ဟန်ယွီမှာ ဇူယွမ်၏ ပြင်းထန်လှသော တိုက်ခိုက်မှုအား မြင်တွေ့လိုက်ရပြီးနောက် အလွန်ပင် အ့ံအားသင့်နေမိ၏။ ဟန်ယွီမှာ ခက်ခဲစွာဖြင့် ကျူးချင်အား ရင်ဆိုင်နေခ့ဲရသော်လည်း ဇူယွမ်မှာမူ တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်ခ့ဲသည်။

ဇူယွမ်နှင့် သူမတို့၏ စွမ်းဆောင်ရည်မှာ မိုးနှင့်မြေလို ကွာခြားလှ၏။

ဇူယွမ်မှာ သတိလက်လွတ်ဖြစ်နေဟန်ရှိသော ဟန်ယွီအားကြည့်ကာ ပြောလိုက်သည်။ "ငါတောင်ထွတ်ဆီ သွားတော့မယ်။"

ဟန်ယွီမှာ အသိစိတ်ပြန်ဝင်လာပြီးနောက် စိုးရိမ်ပူပန်နေဟန်ဖြင့် စကားဆိုလိုက်၏။ "စီနီယာအမတော်လုယန်းတို့ရော အဆင်ပြေရဲ့လားမသိဘူး။"

"ငါတို့ရောက်ရင် သိရမှာပေါ့။"

ဇူယွမ်၏ပုံရိပ်မှာ ဒြပ်မဲ့အသွင်သို့ ပြောင်းလဲသွားပြီးနောက် မြူခိုးများအုံ့ဆိုင်းနေသော တောင်ထွတ်ဆီသို့ ဦးတည်ပျံဝဲသွားသည်။

ဟန်ယွီမှာ ခေတ္တမျှတွေဝေနေပြီးနောက် ဇူယွမ်၏အနောက်မှ လိုက်ပါသွား၏။

ပုံရိပ်နှစ်ခုမှာ ကျောက်တုံးစင်မြင့်များအား ဖြတ်ကျော်ပျံသန်းနေလျက် ရှိသည်။ ထို့နောက် အမြင့်တစ်နေရာသို့ ရောက်ရှိသွားသောအခါတွင် အက်ကွဲနေသော ကျောက်တုံးစင်မြင့်တစ်ခုအား တွေ့ရှိလိုက်ရ၏။

သို့သော် ထိုကျောက်တုံးစင်မြင့်နှင့် အနီးတဝိုက်တွင် ချီစွမ်းအင်ပေါက်ကွဲမှုများအား မခံစားမိသောကြောင့် ဟန်ယွီ၏ ချစ်စဖွယ်ကောင်းလှသော မျက်နှာလေးမှာ ပျက်ယွင်းလာရသည်။

တိုက်ပွဲက ပြီးသွားပြီလား.....

စီနီယာအမတော်လုယန်းတို့ရော နိုင်သွားရဲ့လား.....

ဝှစ်.....

ပုံရိပ်နှစ်ခုမှာ မြူခိုးများအကြား ဖြတ်သန်း၍ ရွေးချယ်ခြင်းတောင်ထွတ်၏ အမြင့်ဆုံးနေရာသို့ ဦးတည်ပျံသန်းသွား၏။ မြူခိုးများမှာ ပိုမိုထူထဲလာပြီး မြင်ကွင်းကိုပင် ပိတ်ဆို့ထားလျက် ရှိသည်။

ဇူယ​ွမ်မှာ ကြောက်ရွ့ံခြင်းကင်းမဲ့စွာဖြင့် အရှေ့သို့ ဆက်လက်ရွေ့လျားနေ၏။

ဇူယွမ်မှ တောင်ထွတ်ဆီသို့ ရောက်ရှိသွားသောအခါတွင် ကွင်းပြင်ကျယ်ကြီး တစ်ခုရှိနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေလျက် ရှိသည်။ ဇူယွမ်မှာ ချီစွမ်းအင်များအားထုတ်လွှတ်၍ မြူခိုးများကို ဖယ်ရှားလိုက်၏။

ထို့နောက် ဇူယွမ်နှင့် ဟန်ယွီမှာ ကွင်းပြင်ကျယ်ကြီး၏အလယ်တွင် ကျောက်ပလ္လင်တစ်ခုအား တွေ့ရှိ လိုက်ရသည်။ ထိုကျောက်ပလ္လင်မှာ တပည့်ခေါင်းဆောင်နေရာအား ရရှိမည့်သူအတွက်ပင် ဖြစ်၏။

ထိုကျောက်ပလ္လင်ပေါ်တွင် ယွမ်ဟောင်မှာ ထိုင်နေလျက် ရှိသည်။

ဟန်ယွီမှာ ဖြူရော်လာရပြီးနောက် ကြောက်ရွံ့စွာဖြင့် မေးမြန်းလိုက်၏။ "ယွမ်ဟောင် စီနီယာအမတော်လုယန်းတို့ရော ဘယ်မှာလဲ။"

ကျောက်ပလ္လင်ပေါ်တွင်ရှိနေသော ယွမ်ဟောင်မှာ ဇူယွမ်တို့အား တွေ့ရှိလိုက်ရသဖြင့် အနည်းငယ် အ့ံအားသင့်သွားပြီးနောက် အနောက်သို့ ညွှန်ပြလိုက်သည်။

ထိုနေရာတွင် ပုံရိပ်သုံးခုမှာ သွေးများစိုရွှဲစွာဖြင့် လဲကျမေ့မျောနေသည်ကို တွေ့ရှိလိုက်ရ၏။ ဟန်ယွီမှာ လက်များအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။

ယွမ်ဟောင်မှာ အကြောများအား ဆန့်ထုတ်လိုက်ပြီးနောက် အလေးပင်မထားဟန်ဖြင့် စကားဆိုလိုက်သည်။

"မင်းတို့နှစ်ယောက် ဒီကိုရောက်လာနိုင်တာက ငါ့ကိုအ့ံသြစေတာပဲ။"

"ဒါပေမယ့် မင်းတို့နှစ်ယောက်လုံး အခုချိန် အရှုံးပေးလိုက်ရင် ကောင်းမယ်။" ယွမ်ဟောင်မှာ ကျောက်ပလ္လင်အား မှီချလိုက်ပြီးနောက် မျက်လုံးများကိုပိတ်ကာ ပြောလိုက်၏။

ဟန်ယွီမှာ ကြောက်လန့်တုန်လှုပ်စွာဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်သောအခါတွင် ဇူယွမ်မှ ပြုံးရယ်နေသည်ကို တွေ့ရှိလိုက်ရလေသည်။

ဇူယွမ်မှာ ကြောက်ရွ့ံဟန်ပင်မရှိပဲ ဖြည်းညင်းစွာဖြင့် ယွမ်ဟောင်အနီးသို့ လျှောက်လှမ်းသွား၏။

ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား အသံပင်မထွက်စေပဲ ယွမ်ဟောင်အနီးသို့ ပျံဝဲသွားစေလိုက်သည်။

"စီနီယာအကိုတော်ယွမ်ဟောင် ကျွန်တော်နဲ့လည်း လာကစားပေးပါဦးလား။"

"ကျွန်တော်လည်း ကျောက်ပလ္လင်ပေါ် ထိုင်ကြည့်ချင်တာပေါ့။"

All Chapters