← Chapters

နားမလည်နိုင်လောက်အောင်ဇွဲကောင်းပြီးခံနိုင်ရည်ရှိသူ

Vol. 12 Ch. 168

နားမလည်နိုင်လောက်အောင်ဇွဲကောင်းပြီးခံနိုင်ရည်ရှိသူ

Vol. 12 Ch. 168

အခန်း (၁၆၈) နားမလည်နိုင်လောက်အောင်ဇွဲကောင်းပြီးခံနိုင်ရည်ရှိသူ

တက်သစ်စနေလေးစင်းတွင် ရှောင်ရှန်းနှင့် ချောင်ယွမ်လုန်အပြင် နောက်ထပ် (၂)ယောက် ကျန်သေးသည်။ ထို (၂)ယောက်မှာ ယခု ရန်ကျောက်ကဲ ရှေ့တွင်ရောက်နေပြီ ဖြစ်၏။

တစ်ယောက်မှာ နေသူတော်စင်ဂိုဏ်း၏ ပထမဆုံးသော လူငယ်မျိုးဆက် ‘ထွန်းလင်းဓားအရှင်’ ထန်ယုံဟောင် ဖြစ်သည်။

နောက်တစ်ယောက်ကတော့ 'အရှေ့အရပ်မှထွက်သောနေ' ဟွမ်ကွမ်လီ၏မြေး ၊ နေသူတော်စင်ဂိုဏ်းချုပ်ဟွမ်ရှု၏သား “အလင်းမင်းသား” ဟွမ်ကျိဖြစ်ပြီး သူက ရန်ကျောက်ကဲနှင့် အပြိုင်ဖြစ်သည်။

ယခင် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲအပြီးတွင် လက်ရှိခေတ်၏ မင်းသား(၄)ပါးအဖြစ် ချီးကျူးခံခဲ့ရသူများအနက် မိုးကြိုးသခင်လေး’လင်ကျိုး’ မှလွဲပြီး ကျန် (၃)ယောက်က ဤနေရာတွင် ရောက်ရှိဆုံဆည်းခဲ့ကြသည်။

ထန်ယုံဟောင်ကို ခဏမျှအကဲခတ်ပြီးနောက် ရန်ကျောက်ကဲ၏အကြည့်က ဟွမ်ကျိဆီသို့ ရောက်သွားသည်။

နေသူတော်စင်ဂိုဏ်း၏ တက်သစ်စသခင်လေး (၄)ပါးတွင် ဟွမ်ကျိက သိုသိုသိပ်သိပ် အနေထိုင်ဆုံးဖြစ်သည်။

ရန်ကျောက်ကဲ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များအရ ဟွမ်ကျိသည် လွန်ခဲ့သည့် (၃)နှစ်က ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသို့ ရောက်လာသည်မှလွဲပြီး ပြင်ပလောကသို့ ထွက်မလာသလောက်ပင် ဖြစ်သည်။

ယခု ထန်ယုံဟောင်ဘေးနားတွင် အလွန်တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေသူ ဟွမ်ကျိသည် နေရောင်အောက်မှ အရိပ်တစ်ခုပမာဖြစ်ပြီး မည်သူမှ သူ့ကိုသတိထားမိကြခြင်း မရှိပေ။

ထန်ယုံဟောင် ၊ ရွှီဖေးနှင့် စုန့်ချောင်တို့က အပြန်အလှန် ခေါင်းညိတ်နှုတ်ဆက်လိုက်ကြသည်။

“အစ်ကို’ထန်’ ၊ မတွေ့တာကြာပြီနော်”

ထန်ယုံဟောင်သည် နေသူတော်စင်ဂိုဏ်းတည်ရှိရာ မီးနယ်မြေတွင် လူငယ်မျိုးဆက်များကြား နံပါတ် (၁) ဖြစ်သည်ဟု ဆိုကြသည်။

ကောင်းကင်ချိတ်ဆက်အဆင့် သိုင်းကျင့်ကြံသူများကြားတွင် အတော်ဆုံးသိုင်းပညာရှင်ဟုပင် အချို့က ချီးကျူးစကားဆိုကြသည်။

သို့သော် မီးနယ်မြေပြင်ပ ကောင်းကင်နယ်မြေနှင့် ရေနယ်မြေမှ ထိပ်သီးသိုင်းဂိုဏ်းကြီးများဖြစ်သော ဝါဒတောင်နှင့် ကျောက်စိမ်းပင်လယ်မြို့တော်ကတော့ ထိုအချက်ကို လက်မခံကြပေ။

မည်သို့ပင်ဖြစ်စေ ထန်ယုံဟောင်သည် လူငယ်မျိုးဆက်များကြားတွင် သိုင်းစွမ်းအမြင့်မားဆုံး ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်သည်ကိုတော့ တစ်လောကလုံးက လက်ခံကြသည်ပင်။ ဝါဒတောင်နှင့် ကျောက်စိမ်းပင်လယ်က နေသူတော်စင်ဂိုဏ်းနှင့် သဘောထားတင်းမာမှုများရှိကြသည့်တိုင် ထိုအချက်ကိုတော့ လက်သင့်ခံကြသည်။

ပျံသန်းနေသည့်ကျွန်းပေါ်သို့ တက်လာသော ထန်ယုံဟောင်ကလည်း ပြန်လည်နှုတ်ဆက်စကားဆိုသည်။

“အစ်ကို’ရွှီ’ နဲ့ အစ်ကို’စုန့်’ တို့ကို နှုတ်ဆက်ပါတယ်ဗျာ ၊ မတွေ့တာကြာပြီနော်”

ထို့နောက် သူက ရန်ကျောက်ကဲကို လှည့်ကြည့်ရင်း...

“ညီလေး’ရန်’ လည်း မတွေ့တာကြာပြီနော်”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“အစ်ကို’ထန်’ ခုလိုအပြင်ထွက်တယ်ဆိုတာ ခပ်ရှားရှားပဲ မဟုတ်လား”

ထန်ယုံဟောင်က...

“ကောင်းကင်ချိတ်ဆက်အဆင့်က သိုင်းဆရာသခင်အဆင့်ကိုရောက်ဖို့ မဖြစ်မနေ ဖြတ်ကျော်ရမယ့်အဆင့်ပဲလေ ၊ ဒါပေမဲ့ တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေလို့လည်း မဖြစ်ဘူးမဟုတ်လား ၊ ကျင့်ကြံခြင်းအဆင့်တက်ဖို့ အသုံးဝင်တဲ့အတွေ့အကြုံတွေလည်း ရှာဖွေဖို့ လိုအပ်တယ်လေ”

စစ်ခုန်ချင်း ၊ လီကျင်းဝမ်နှင့် အခြားသောတပည့်ငယ်များက ရန်ကျောက်ကဲနှင့် ထန်ယုံဟောင်ကို အာရုံစိုက်အကဲခတ်နေကြသည်။

ရန်ကျောက်ကဲက မကြာသေးမီနှစ်များအတွင်း တိုက်ပွဲတိုင်းအရှုံးမရှိသူအဖြစ် ထင်ရှားကျော်ကြားလာခဲ့သည်။ အပြင်ပိုင်းကြယ်တာရာချီ အလယ်ဆင့် ရှောင်ရှန်း ၊ ရှန်ထျန်း ကနဦးအဆင့် ကျိဟန်ရူတို့ကို အပြင်ပိုင်းကြယ်တာရာချီ ကနဦးအဆင့်ဖြင့်ပင် နိုင်ယူခဲ့သည်။ ဆက်တိုက်ဆိုသလိုပင် ရှန်ထျန်းကနဦးအဆင့် ‘လင်ကျိုး’ နှင့် ရှန်ထျန်းနှောင်းပိုင်းအဆင့် ‘လျိုရှန်းဖုန်း’တို့ကို အနိုင်ယူခဲ့ပြန်သည်။

ဤအချက်များအားလုံးက အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ရာဖြစ်ပြီး သူ၏ကျော်ကြားမှုက ကမ္ဘာကို ကိုင်လှုပ်နိုင်ခဲ့သည်။ ကျင့်ကြံခြင်းအဆင့်တူများသာမက  ၊ ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားသူများကိုပါ ရန်ကျောက်ကဲက ရှုံးပွဲမရှိ အောင်နိုင်ခဲ့သည်။

အမှန်တော့ အဆုံးမဲ့တောင်တန်းက ရန်ကျောက်ကဲ မည်မျှတော်ကြောင်း သတင်းလွှင့်နေစရာပင်မလိုဘဲ သူကိုယ်တိုင် အလိုလို နာမည်ကျော်ဖြစ်လာခဲ့ပြီး ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် လူအများအာရုံစိုက်ခံရသူတစ်ယောက် ဖြစ်လာခဲ့သည်။

ထို့ပြင် ရန်ကျောက်ကဲက ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသို့ မလာရောက်ဘဲ ဝါဒတောင်သို့ ပြန်သွားမည်ဆိုလျှင်တောင် သူ့ကိုမည်သူမှ လျှော့တွက်ရဲကြမည် မဟုတ်ပေ။

သို့ပေသိ ကောင်းကင်ချိတ်ဆက်အဆင့်ဆိုသည်ကတော့ ရန်ကျောက်ကဲ အနည်းငယ်အလှမ်းဝေးသေးသည့် ကျင့်ကြံခြင်းအဆင့်တစ်ခု ဖြစ်သည်ပင်။

သစ်ပင်တိုင်းတွင်အရိပ်များရှိကြသလို သိုင်းသမားတိုင်းတွင်လည်း ကိုယ်ပိုင်ဂုဏ်သတင်းများ ရှိကြသည်။ ထန်ယုံဟောင်ဆိုသည်က ကာလရှည်ကြာ နာမည်တစ်လုံးဖြင့် နေထိုင်ခဲ့သူဖြစ်ပြီး ကောင်းကင်ချိတ်ဆက်ကျင့်ကြံသူများကြားတွင် အတော်ဆုံးတစ်ယောက် ဖြစ်သည်။

ပုံမှန်ဆိုလျှင် ထန်ယုံဟောင်၏ အသက်အရွယ်နှင့် ကျင့်ကြံခြင်းအဆင့်အရ ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသို့ လာရောက်ရန်ပင် မလိုအပ်တော့ပေ။

သူ၏စွမ်းပကားနှင့် သူ၏အရည်အချင်း (၂)ခုလုံးကို တစ်လောကလုံးက သိရှိပြီးသားပင် ဖြစ်၏။

ထို့ပြင် လက်ရှိတွင် သူက သိုင်းဆရာသခင်အဆင့်သို့တက်ရောက်ရန် အရေးကြီးသည့်အချိန်ကာလတစ်ခုတွင် ရောက်ရှိနေသည်။

သို့သော် နေသူတော်စင်ဂိုဏ်းက ထန်ယုံဟောင်ကို တွေ့ဆုံပွဲသွားရောက်ရန်စေလွှတ်ခြင်း အဓိကအကြောင်းရင်းမှာ ရန်ကျောက်ကဲကြောင့် ဖြစ်၏။

အရှေ့ထန်စစ်ပွဲသာမက အဆုံးမဲ့တောင်တန်းနှင့် ကောင်းကင်မိုးကြိုးခန်းမတို့ မိုးကြိုးဝိညာဉ်ကျောက်စိမ်းအတွက် ပြဿနာဖြစ်ကြလေရာ နေသူတော်စင်ဂိုဏ်းအနေဖြင့် အတော်လေး မျက်နှာပျက်ခဲ့ရသည်။

ထို့ပြင် နေသူတော်စင်ဂိုဏ်း၏ လူငယ်မျိုးဆက်များဖြစ်သော ရှောင်ရှန်းနှင့် ‌ချောင်ယွမ်လုန်တို့မှာလည်း ရန်ကျောက်ကဲလက်တွင် ဆက်တိုက်ဆိုသလို ရှုံးနိမ့်ခဲ့ကြပြီး နလန်မထူနိုင်အောင် ဖြစ်ခဲ့ကြရသည်။

အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်မည်ဆိုလျှင် နေသူတော်စင်ဂိုဏ်းသည် အဖက်ဖက်မှတိုက်ခိုက်ခံခဲ့ရသည်။ ထို့ကြောင့် လူငယ်မျိုးဆက်များအနေဖြင့် မျက်နှာပြန်ရအောင် ပြုလုပ်နိုင်မည့်နေရာမှာ ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲသာလျှင် ရှိသည်။

သို့သော် ထန်ယုံဟောင်က ရန်ကျောက်ကဲနှင့်တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပေ။

“ညီလေး’ရန်’ အဆင့်တက်သွားတဲ့မြန်နှုန်းကတော့ တကယ့်ကို တုန်လှုပ်စရmပါပဲ ၊ အချိန်တိုလေးအတွင်းမှာ အတွင်းပိုင်းကြယ်တာရာချီအဆင့်ကနေ ရှန်ထျန်းအဆင့်ထိ ရောက်လာတယ် ၊ ငါတောင် အဲဒီလောက် အဆင့်တက်မမြန်ခဲ့ဘူး”

သူက ဆက်ပြောသည်။

“မင်းနဲ့ငါ ကျင့်ကြံခြင်းအဆင့်တူသွားတဲ့တစ်နေ့တော့ လက်ရည်ယှဉ်ကြည့်ဖို့ ငါ မျှော်လင့်ပါတယ် ၊ မင်းကို ရှုံးခဲ့မယ်ဆိုရင်တောင်မှ သိုင်းတာအိုနဲ့ပတ်သက်ပြီး အကျိုးအမြတ်အများကြီး ရရှိနိုင်မှာပါ”

ထိုစကားကိုကြားတော့ စစ်ခုန်ချင်း ၊ လီကျင်းဝမ် ၊ ကျန်းယောင်နှင့် အခြားသော တပည့်ငယ်များ အံ့အားသင့်သွားကြသည်။ သူတို့မထင်မှတ်သည့်စကားများကို ထန်ယုံဟောင်က ပြောဆိုလိုက်သည် မဟုတ်ပါလား။

ထန်ယုံဟောင်နှင့်လိုက်ပါလာသည့် နေသူတော်စင်ဂိုဏ်းမှ တပည့်များကတော့ မျက်နှာများ မဲမှောင်သွားကြကာ စိတ်ထဲမှ သက်ပြင်းချလိုက်မိကြ၏။

“နောက်ဆုံးတော့ ဂိုဏ်းတူအစ်ကိုကြီး’ထန်’က သူလုပ်ချင်ရာလုပ်နေဆဲပါပဲ”

ရွှီဖေး ၊ စုန့်ချောင်နှင့် ရှဲ့ယိုချန်တို့၏ မျက်နှာအမူအရာများကတော့ ပုံမှန်ပင် ဖြစ်သည်။

အားဟူက ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် ပါဝင်ခွင့်ရှိသူ မဟုတ်ပေ။ သို့သော် သူ၏အသက်အရွယ်နှင့် ကျင့်ကြံခြင်းအဆင့်က ရွှီဖေးနှင့်အခြားသူများကို ကောင်းစွာယှဉ်ပြိုင်နိုင်သည့်အတွက် အထူးခွင့်ပြုချက်ဖြင့် ရန်ကျောက်ကဲနှင့်အတူ ပျံသန်းနေသည့်ကျွန်းပေါ်သို့ လိုက်ပါခွင့်ရခဲ့သည်။

အားဟူက မသိမသာပြုံးရင်း အသံပို့လွှတ်စနစ်ဖြင့် ရန်ကျောက်ကဲကို စကားပြောလိုက်သည်။

“ဒီ ထန်ယုံဟောင်က အရမ်းကိုဖြောင့်မတ်မှန်ကန်တယ်လို့ နာမည်ကြီးတာ မှတ်နေတာပဲ... တကယ့်ကို စာအုပ်ကြီးသမားပဲ”

ရန်ကျောက်ကဲက...

“တစ်ချို့လူတွေက အရမ်းဇွဲကောင်းပြီး ခံနိုင်ရည်ရှိကြလွန်းလို့ တခြားသူတွေအနေနဲ့ သူတို့ကို နားလည်နိုင်ကြမှာ မဟုတ်ဘူး ၊ ခပ်တုံးတုံး စာအုပ်ကြီးသမားတွေလို့ မြင်တတ်ကြတယ်”

“အခုဆိုရင် အများစုက ငါ သိုင်စွမ်းမြင့်မားလာတာကို အသက်အရွယ်နဲ့တိုင်းတာလို့မရတဲ့အရာဆိုပြီး ယေဘူယျ သဘောတူကြတယ် ၊ သူက ဒီလိုစကားမျိုးကို ကြိုပြောလိုက်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့သူလို့ တခြားသူတွေက ထင်သွားကြလိမ့်မယ် ၊ ဒီတော့ ထန်ယုံဟောင်က ငါ့ကို တိုက်ခိုက်လို့ အနိုင်ရသွားမယ်ဆိုရင် အားနည်းသူကို အနိုင်ကျင့်တယ်လို့ အပြောခံရမှာမဟုတ်သလို ၊ ငါ့ကို ရှုံးသွားရင်လည်း အငယ်ကိုတောင် အနိုင်မယူနိုင်ဘူးလို့ တံဆိပ်ခတ်ခံရမှာ မဟုတ်ဘူး ၊ သူက တခြားလူတွေရဲ့ အမြင်ကိုလှည့်စားဖို့ သူ့ကိုယ်သူနှိမ့်ချပြီး ဒီလိုစကားမျိုး ပြောတာပဲ”

“မင်းပြောသလိုပဲ... သူက အခုနေ ဘာလှုပ်ရှားမှုမှမလုပ်ဘဲ အများစုက သူ့ကို ခပ်ရိုးရိုး စာအုပ်ကြီးသမားလို့ထင်အောင် ၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့သူလို့ထင်အောင် လုပ်နေလိမ့်မယ်...”

ရန်ကျောက်ကဲက ထန်ယုံဟောင်ကိုကြည့်နေရင်း ညင်သာစွာ ဆက်ပြောသည်။

“ဒါပေမဲ့ သူ့စိတ်ထဲ ဘယ်လိုရည်ရွယ်ချက် ရှိမလဲဆိုတာကတော့ သူကိုယ်တိုင်ပဲ သိမှာပဲ ၊ အဲဒါက ဘယ်သူမှမသိနိုင်တဲ့ ကိစ္စလေ ၊ တချို့ကတော့ ပွင့်လင်းမြင်သာမှုက အရေးကြီးဆုံးလို့ ဆိုကြတယ် ၊ သူတို့ကကကျတော့ တခြားသူတွေ လက်ညှိုးထိုးမှာထက် ကိုယ့်ကိုယ်ကိုယ် မလုံမလဲခံစားရမှာကို ကြောက်ကြတာ”

“တခြားရှုထောင့်က ကြည့်မယ်ဆိုရင် မာနကြီးတဲ့သူတွေက အဲဒီလိုမျိုးခံစားချက်ရှိတယ် ၊ ဘာပဲဖြစ်ဖြစ်ပေါ့... လူတိုင်းက ကိုယ်ယုံကြည်တဲ့အတိုင်း နေထိုင်ကြတာမို့လို့ လေးစားထိုက်သူတွေချည်းပါပဲ”

ရန်ကျောက်ကဲ၏စကားများကြောင့် အားဟူ အလေးအနက် စဉ်းစားသွားသည်။

“ဒါဖြင့် သူ ဒီလိုပြောလိုက်တော့ နေသူတော်စင်ဂိုဏ်းက သူ့အပေါ် ဘယ်လိုသဘောထားမလဲ”

ထိုအချိန် ထန်ယုံဟောင်က ရွှီဖေးကို လှည့်ကြည့်လိုက်ပြီး...

“အစ်ကို’ရွှီ’ ၊ ငါတို့က သက်တူရွယ်တူ ကျင့်ကြံခြင်းအဆင့်လည်းတူတယ် ၊ ပညာဖလှယ်ရင်း နည်းနည်းပါးပါး သင်ပြပေးပါလား”

ရွှီဖေးက ပွင့်ပွင့်လင်းလင်းပင် ရယ်မောလိုက်ပြီး...

“အဆင်သင့်ပဲ...”

ဘေးနားမှ စုန့်ချောင်က ရုတ်တရက် ဝင်ပြောသည်။

“ငါ့ကို အရင်ဆုံး ယှဉ်ပြိုင်ခွင့်ပေးပါလား အစ်ကို’ရွှီ’”

“လွန်ခဲ့တဲ့ (၃)နှစ် အစ်ကို’ထန်’နဲ့ ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲမှာ ယှဉ်ပြိုင်တုန်းက ဒီ စုန့်မျိုးနွယ်က ရှုံးနိမ့်ခဲ့ပါတယ် ၊ ဒါကြောင့် အစ်ကို’ထန်’နဲ့ နောက်တစ်ကြိမ် လက်ရည်စမ်းဖို့ စောင့်နေခဲ့တာ”

သူ့စကားကိုကြားတော့ ရွှီဖေးက...

“ဒါဆိုရင်တော့ အစ်ကို’ထန်’ အတွက် မတရားဘူးဖြစ်သွားမယ် ၊ ဒီ ရွှီမျိုးနွယ်က ကိုယ့်အလှည့်မဟုတ်ဘဲ တိုက်ခိုက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ချက်မရှိပါဘူး”

ထန်ယုံဟောင်၏မျက်နှာအမူအရာက ပုံမှန်အတိုင်းပင် ဖြစ်သည်။

“အစ်ကို’စုန့်’ကို ငါက မထီမဲ့မြင်ပြုတာ မဟုတ်ပေမယ့် အစ်ကို’ရွှီ’နဲ့ အရင် ယှဉ်ပြိုင်လို့ မရဘူးလား ၊ ဘာလို့လဲဆိုတော့ ဒီတိုက်ပွဲက ငါ့ရဲ့ ကိုယ်ပိုင်ဂုဏ်သိက္ခာနဲ့ အရှက်တရားကို ဆုံးဖြတ်ပေးမှာ ဖြစ်လို့ပဲ”

စုန့်ချေင်က တည်ငြိမ်အေးဆေးစွာဖြင့်...

“ဟုတ်ပါပြီ ၊ မင်းတို့ (၂)ယောက် တိုက်ခိုက်မှာကို ငါ ဝင်မစွက်ပါဘူး ၊ ဒါပေမဲ့ သိုင်းကွက်တစ်ကွက်တည်းနဲ့ ငါတို့နှစ်ယောက် အနိုင်အရှုံးကို ဆုံးဖြတ်ပြီးရင် တော်ပြီကွာ ၊ ဘယ်လိုလဲ”

ထန်ယုံဟောင်နောက်မှ နေသူ‌တော်စင်ဂိုဏ်းသားတစ်ယောက်က...

“ကောင်းကင်ဒီရေလျှံသိုင်းကွက်နဲ့တော့ တိုက်မှာ မဟုတ်ဘူးမလား ၊ အဲဒီသိုင်းပညာက သိုင်းကွက်တစ်ကွက်တည်း ရှိတာလေ”

ကျောက်စိမ်းပင်လယ်မြို့တော်၏ ထိပ်တန်းသိုင်းပညာတစ်ရပ်ဖြစ်သော “ကောင်းကင်ဒီရေလျှံ” သိုင်းပညာသည် ခန္ဓာကိုယ်မှ အတွင်းအားအကုန်လုံးကို တစ်စုတစ်စည်းတည်းထုတ်ဖော်ပြီး တစ်ချက်တည်း တိုက်ခိုက်ရခြင်း ဖြစ်သည်။ ထိုသိုင်းကွက် ထုတ်ဖော်အသုံးပြုပါက လူတစ်ယောက်၏သိုင်းစွမ်းအားကို အလွန်ကြီးမားစွာ ထိခိုက်စေမည်ဖြစ်သော်လည်း သိုင်းကွက်၏ စွမ်းအားကလည်း အလွန်ပြင်းထန်သည်။ ကျောက်စိမ်းပင်လယ်မြို့တော်မှ သိုင်းသမားများ သေရေးရှင်ရေး ကြုံတွေ့မှသာ အသုံးပြုကြသည့်သိုင်းကွက် ဖြစ်၏။

ထိုသူ၏စကားကိုကြားတော့ ရဲ့ကျုန်းကျိုးနှင့် လီကျင်းဝမ်တို့ ဒေါသထွက်သွားကြသည်။

စုန့်ချောင်ကတော့ မည်သည့်စကားမှမချေပဘဲ အေးဆေးတည်ငြိမ်စွာပင် ထန်ယုံဟောင်ကို ကြည့်နေသည်။

စုန့်ချောင်က အေးဆေးတည်ငြိမ်စွာဖြင့် ကိုယ့်ကိုယ်ကိုယ် မကာကွယ်ဘဲ ထန်ယုံဟောင်ကို ကြည့်နေသည်။

ခဏမျှ စဉ်းစားပြီးနောက် ထန်ယုံဟောင်က သဘောတူလိုက်သည်။

“ကောင်းပြီ...ဒါဆို သိုင်းကွက်တစ်ကွက်ပဲပေါ့”

ထို့နောက် သူက ရွှီဖေးကိုလှည့်ကြည့်ရင်း...

“အစ်ကို’ရွှီ’... တောင်းပန်ပါတယ်ဗျာ”

All Chapters