နတ်ဘုရားများ၏ရုပ်တုများ
Vol. 190 Ch. 2706
လောကအားလုံးမှ ကျင့်ကြံသူများသည် ကောင်းကင်နန်းတော်ဟောင်း၏ အပျက်အစီးများ အတွင်းသို့သွားကာ ရှာဖွေနေကြသည်။
လူများစွာသည် မဟာအင်ပါယာများ၏ အမွေအနှစ်များကို ရှာတွေ့ခဲ့ကြပြီး ဤနေရာသို့လာကာ လေ့လာကျင့်ကြံနေကြသည်။ လူအချို့သာ ရီဖူရှင်းပါဝင်ခဲ့သော တိုက်ပွဲကို သတိပြုမိခဲ့ပြီး သူတို့သည် ထိုတိုက်ပွဲကို များစွာ အာရုံမစိုက်ခဲ့ကြပေ။ သူတို့သည် သူတိုက်ခိုက်သည်ကို ကြည့်ရန် ဤနေသို့ ရောက်လာခဲ့ခြင်း မဟုတ်ချေ။
“ဟိုကိုကြည့်လိုက်...”
ရီဖူရှင်း၏မျက်လုံးများသည် ပျက်စီးနေသောအဆောက်အဦးများ ပြည့်နှက်နေသည့် သူ့ဘယ်ဘက်ရှိ နေရာသို့ လှမ်းကြည့်သည်။ ထိုနေရာရှိ ကောင်းကင်တစ်ခွင်လုံးတွင် ကြောက်မက်ဖွယ် နတ်မီးတော်များ ပြည့်နှက်နေပြီး ကောင်းကင်၏အရောင်ကို ရဲရဲနီနေစေလေသည်။ ထိုနေရာသည် အလွန်ဝေးသော်လည်း ထိုမှအပူကို ထင်ထင်ရှားရှား ခံစားနိုင်နေသည်။
“အဲဒီနေရာက မဟာအင်ပါယာတစ်ပါးရဲ့ ကျင့်ကြံခြင်းနန်းတော်ဖြစ်ရမယ်”
တာအိုဘုန်းတော်ကြီးမူက ထိုနေရာကို စူးစိုက်ကြည့်၍ ပြောလိုက်၏။ သူသည် အနည်းငယ် အံ့အားသင့်နေပုံပင်။
“ဒီဗာရဲ့ အုပ်ချုပ်မှုအောက်က ကောင်းကင်နန်းတော်ဟောင်းမှာ ထိပ်သီးကျင့်ကြံသူတွေ အများကြီး ရှိလောက်မှာပဲ... သူတို့ကြားမှာ မဟာအင်ပါယာတွေလည်း ရှိလောက်မယ်။ အဲဒီနေရာက မဟာအင်ပါယာတွေ ကျင့်ကြံတဲ့နေရာ ဖြစ်လောက်မှာပါ...”
ရီဖူရှင်းက ထောက်ခံလိုက်သည်။
“ကျုပ် အဲဒီကိုသွားပြီး ကျင့်ကြံလိုက်မယ်”
တာအိုဘုန်းတော်ကြီးမူက ပြောလိုက်၏။ သူသည် မီးတောက်အတတ်ကို ကျင့်ကြံသူဖြစ်သဖြင့် ထိုနေရာသည် သူ့အတွက် ပြီးပြည့်စုံပေသည်။
“ရှေးဟောင်းနတ်ဘုရားကလန်တွေ...”
ရီဖူရှင်း စကားမဆုံးခင်မှာပင် သူသည် တာအိုဘုန်းတော်ကြီးမူ ပြောသည်ကို ကြားလိုက်ရ၏။
“သူတို့က ပြီးခဲ့တဲ့ တိုက်ပွဲမှာ ကျုပ်တို့နဲ့ မယှဉ်ဝံ့မှတော့ အခုလည်း ဘာမှ ဖြစ်မှာမဟုတ်ပါဘူး။ နန်းတော်သခင်က ကျုပ်ရဲ့ အထူးစွမ်းရည်ကို မေ့သွားပါပြီလား”
ရီဖူရှင်းက မှတ်မိသဖြင့် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ တာအိုဘုန်းတော်ကြီးမူသည် ရုပ်ဖျက်ရာတွင် အတော်ဆုံးဖြစ်သည်။ သူ၏ ရုပ်ပြောင်းရုပ်လွှဲစွမ်းရည်သည် ပါးနပ်ကာ ပညာရည်ပြည့်ဝပေသည်။
“သတိထားပါ...”
ရီဖူရှင်း ပြောလိုက်၏။
“နန်းတော်သခင် စိတ်ချပါ... ကျုပ် အန္တရာယ်တစ်ခုခုနဲ့ ကြုံတာနဲ့ ချက်ချင်း လွတ်အောင် ပြေးခဲ့ပါမယ်”
တာအိုဘုန်းတော်ကြီးမူက ပြန်ပြောလိုက်၏။ သူသည် သူတို့လူစုမှ ခွဲထွက်သွားပြီး အဝေးသို့ သွားလိုက်လေသည်။
ကျန်ကျင့်ကြံသူများသည် ရီဖူရှင်းနှင့်အတူ ဆက်သွားလိုက်ကြသည်။ ဤနေရာသည် လောကအသေးလေးဖြစ်ပြီး အတွင်းပိုင်းတွင် အလွန်ကျယ်ပြောပေသည်။ ရီဖူရှင်းသည် ရှေ့သို့ တန်းတန်းမတ်မတ်သွားနေ၏။ သူသည် ဝေဝေဝါးဝါး မြင်နေရသည့် ကောင်းကင်နန်းတော်သို့ ဦးတည်နေခြင်းပင်။ သူတို့အရှေ့တွင် မဟာအင်ပါယာအဆင့် အင်အားစုများမှ ကျင့်ကြံသူများသည် ထိုနေရာသို့ ရောက်နေကြပြီဖြစ်သည်။ ကောင်းကင်နန်းတော်ဟောင်း၏အမွေအနှစ်နယ်မြေကို ထိန်းချုပ်ထားခဲ့သော ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည်လည်း ထိုနေရာသို့ ရောက်နေကြပေပြီ။
ထိုနေရာသည် ကောင်းကင်နန်းတော်ဟောင်း၏ အဓိကနေရာဖြစ်ပြီး အတွင်းတွင် ဘာရှိသည်ကို မည်သူမှ မသိကြချေ။
ရွှီး...
သူတို့ အလျင်အမြန်သွားနေစဉ်မှာပင် သူတို့အရှေ့တွင် အတုမဲ့နတ်အလင်းတစ်ခု ဖြတ်သန်းသွားပြီး အကန့်အသတ်မဲ့ အာကာပြင်ကို လွှမ်းခြုံသွားသည်။ ရီဖူရှင်းတို့လူစုသည် အရှေ့သို့ လွန်စွာဂရုတစိုက်ကြည့်လိုက်ပြီး ထိုနတ်အလင်းသည် ဝေဝေဝါးဝါး ကောင်းကင်နန်းတော်မှ ကျဆင်းလာခြင်းဖြစ်ပြီး တစ်လောကလုံးကို လွှမ်းခြုံထားကြောင်း တွေ့လိုက်ရ၏။
“ကောင်းကင်နန်းတော်ဟောင်းရဲ့ ဆရာသခင်...”
ရီဖူရှင်းသည် ထိုနေရာသို့ ကြည့်လိုက်ရာ ကောင်းကင်နှင့် မြေကြီးအကြားတွင် နတ်ဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်လေသည်။ အထက်ရှိ ထိုနတ်ဝိညာဉ်ပုံရိပ်မှနေ၍ အတုမဲ့ နတ်ရောင်ဝါ ထုတ်လွှတ်နေပြီး ထိုလောကနေရာကို အလင်းပေးနေသည်။
ထိုနတ်ဝိညာဉ်ပုံရိပ်သည် တစ်ချိန်က တပ်ဖွဲ့ရှစ်ဖွဲ့၏ခေါင်းဆောင်ဖြစ်ခဲ့သော ကောင်းကင်နန်းတော်ဟောင်း၏ ဆရာသခင်ဖြစ်နိုင်ပေသည်။
ကျိဝူတောက်သည် အမှန်ပင် ကောင်းကင်နန်းတော်ဟောင်း ဝိညာဉ်စွမ်းအားကို အမွေဆက်ခံနိုင်ခဲ့ခြင်း ဖြစ်နိုင်၏။ သို့သော် သူသည် ကောင်းကင်နန်းတော်ဂိတ်တံခါး အပြင်ဘက်တွင် ရှိခဲ့စဉ်က ကန့်သတ်ခံခဲ့ရသည်။ ထို့ကြောင့် သူသည် အတွင်းသို့ ဝင်သွားကာ ကောင်းကင်နန်းတော်ဟောင်း၏ အင်ပါယာထံမှ ဝိညာဉ်စွမ်းအားကို စုပ်ယူ၍ ထိုကဲ့သို့ အားကောင်းသည့် နတ်အရှိန်အဝါကို ထုတ်လွှတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ နတ်ဝိညာဉ်ပုံရိပ်အောက်တွင် အလင်းတန်းများစွာ တောက်ပနေပြီး အလင်းတန်းတစ်ခုစီတိုင်းသည် လွန်စွာလင်းလက်နေခြင်းပင်။ နတ်အလင်းတန်းတစ်ခုစီသည် ရှေးဟောင်းနတ်ဘုရားတစ်ပါးကို ကိုယ်စားပြုသကဲ့သို့ပင်။
“ဟိုမှာ...”
ဓားဧကရာဇ်အရှင်က ရှေ့သို့ ငေးကြည့်သည်။ သူ ရင်တုန်သွား၏။ သူတို့အပြင် ကောင်းကင်နန်းတော်ဟောင်းအတွင်းသို့ ဝင်လာသော အခြားသူများအားလုံးသည်လည်း အရှေ့ကိုကြည့်၍ အလွန်အံ့အားသင့်နေကြသည်။
သူတို့ ဘာကို မြင်နေသနည်း။
နတ်ဘုရားများ၏ ခန့်ညားထည်ဝါမှုလော။
နတ်ဘုရားများ၏အမွေအနှစ်များ ထွက်ပေါ်လာသောအခါ မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများသည် ဤရှေးဟောင်းကုန်းမြေပေါ်သို့ ခြေချခဲ့ကြသည်။ သို့သော် သူတို့ရှေ့ရှိ မြင်ကွင်းကဲ့သို့သော မြင်ကွင်းကို သူတို့ ယခုမှ ပထမဆုံးအကြိမ်မြင်ခဲ့ဖူးခြင်းဖြစ်သည်။ ထိုမြင်ကွင်းသည် စကားလုံးများဖြင့် မဖော်ပြနိုင်လောက်အောင် အံ့အားသင့်ဖွယ်ကောင်းလွန်း၏။
မဟာအင်ပါယာအဆင့်အင်အားစုများမှ ကျင့်ကြံသူများပင် ထိုကဲ့သို့ ထူးခြားသောမြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူတို့သည် တပ်ဖွဲ့ရှစ်ဖွဲ့၏ အခြားနယ်မြေများတွင် ထိုမြင်ကွင်းနှင့် နီးစပ်စွာတူသည့် တစ်စုံတစ်ခုကိုပင် တစ်ခါမှ မမြင်ခဲ့ဖူးပေ။
နတ်ဘုရားများသည် အတူတကွ ထွက်ပေါ်လာပေပြီ။
နောက်ဆုံးတွင် ရီဖူရှင်းတို့လူစုသည် အနီးသို့ ချဉ်းကပ်သွားကြပြီး အရှေ့ရှိ မြင်ကွင်းကို ပို၍ ထင်ထင်ရှားရှား မြင်လာရသည်။
ထိုနေရာတွင် နောက်ထက်ကောင်းကင်လှေကားတစ်စင်းရှိ၏။ သို့သော် ထိုလှေကားသည် ကောင်းကင်နန်းတော်သို့ ဦးတည်သော နတ်လှေကားတစ်စင်းနှင့် ပိုတူပေသည်။
ထိုကောင်းကင်လှေကားပေါ်ရှိ နေရာအသီးသီးတွင် ရုပ်တုများ ရှိ၏။ ထိုရုပ်တုများအားလုံးကို သေချာထိန်းသိမ်းထားပေသည်။ ထိုအချိန်တွင် ရုပ်တုအများအပြားသည် နတ်အလင်းတောက်ပလာကြလေသည်။ ထိုနတ်အလင်းထဲတွင် မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားပါ၏။
“ကောင်းကင်က နတ်ဘုရားတွေ...”
အောက်ဘက်သို့ ကျင့်ကြံသူများစွာ ရောက်ရှိလာကြသည်။ ထိုထဲတွင် မဟာအင်ပါယာအဆင့် အင်အားစုများမှ ကျင့်ကြံသူများလည်း ပါသည်။ သူတို့သည် ဟင်းလင်းပြင်ထဲတွင် ရှေ့သို့ သွားနေကြသည်။ သို့သော် သူတို့၏အရှိန်သည် တဖြည်းဖြည်း နှေးလာပြီး နောက်ဆုံးတွင် ရပ်သွားလေတော့သည်။ သူတို့သည် သူတို့အရှေ့ရှိ အံ့အားသင့်ဖွယ် မြင်ကွင်းကိုသာ ငေးကြည့်နေကြသည်။
ကောင်းကင်လှေကားအထက်တွင် ကောင်းကင်မှ နတ်ဘုရားများ၏ရုပ်တုများ ရှိလေသည်။
ထိုရုပ်တုများသည် နတ်အလင်း တောက်ပနေပြီး မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်နေကြ၏။ ထိုဝိညာဉ်စွမ်းအားများသည် ကျင့်ကြံသူများနှင့် ဆက်နွယ်သွားသည်။ သူတို့ နိုးထာပေပြီ။
“ကောင်းကင်နန်းတော်အင်ပါယာဟောင်းရဲ့ ပလ္လင်အောက်က နတ်ဘုရားတွေ...”
ရီဖူရှင်းတို့လူစုလည်း ရောက်ရှိလာကြသည်။ သူတို့၏အရှိန်သည် နှေးလာပြီး သူတို့၏မျက်လုံးများသည်လည်း သူတို့အရှေ့ရှိ အံ့အားသင့်ဖွယ်မြင်ကွင်းအပေါ်တွင်သာ ရှိနေကြသည်။ သူတို့အားလုံးသည် သူတို့မြင်နေရသော မြင်ကွင်း၏ အားကောင်းသောသက်ရောက်မှုကို ခံစားနေကြရသည်။
ကောင်းကင်နန်းတော်ဟောင်း၏ ကောင်းကင်အင်ပါယာသည် မည်မျှ စွမ်းအားကြီးသည်ကို မည်သူမှ မသိနိုင်သလို အတည်ပြုနိုင်မည့်နည်းလည်း မရှိပေ။ သို့သော် ကောင်းကင်အင်ပါယာသည် တပ်ဖွဲ့ရှစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သဖြင့် ကောင်းကင်လမ်းစဉ်အောက်မှ စွမ်းအားအကြီးဆုံးသူလည်း ဖြစ်နိုင်ပေသည်။
ထိုကဲ့သို့သော သူတစ်ဦးသည် မည်မျှစွမ်းအားကြီးပေမည်နည်း။
သူ့အမိန့်အောက်တွင် ကောင်းကင်နတ်ဘုရားများစွာ ရှိပေသည်။
ပို၍အရေးကြီးသည်မှာ ထိုနတ်ဘုရားများ၏ စရိုက်လက္ခဏာများသည် ထင်ရှားနေခြင်းပင်။ သူတို့ထဲတွင် နေနတ်ဘုရား၊ လနတ်ဘုရား၊ မိုးကြိုးနတ်ဘုရား၊ မိုးနတ်ဘုရား စသည်ဖြင့် ရှိကြသည်။ ထိုနတ်ဘုရားများအားလုံးသည် ကောင်းကင်အင်ပါယာ၏ ပလ္လင်အောက်တွင် တာဝန်ထမ်းဆောင်ပေသည်။ ထို့အပြင် သူတို့သည် လောကကြီးကို ထိန်းသိမ်းစောင့်ရှောက်ရသော နတ်ဘုရားများ ဖြစ်ကြသည်။
ပုံမှန်အားဖြင့် သူတို့သည် ဤနေရာတွင် ရှိမနေနိုင်ဘဲ သူတို့၏ ကိုယ်ပိုင်ကျင့်ကြံသူများနှင့်အတူ အခြားဘုံများတွင် ရှိနေမည်ဖြစ်သည်။ ကောင်းကင်အင်ပါယာသာ သူတို့ကို မဆင့်ခေါ်ခဲ့ပါက သူတို့သည် ကောင်းကင်နန်းတော်တွင် ထွက်ပေါ်လာမည်မဟုတ်ပေ။
အတိတ်က နေ့ရက်များမှ နတ်ဘုရားများ၏ တိုက်ပွဲသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းခဲ့သနည်း။
ကောင်းကင်အင်ပါယာသည် နတ်ဘုရားများကို စစ်ပွဲထဲတွင် ပါဝင်ရန် ဆင့်ခေါ်ခဲ့သည်။
သို့သော် အခြေအနေများအရ ကောက်ချက်ချရလျှင် ဤနေရာသည် စစ်မြေပြင် မဟုတ်ပေ။ ဤနေရာတွင် ကျူးကျော်သူအချို့ ရှိခဲ့သော်လည်း နေရာသည် အလုံးစုံ ဖျက်ဆီးမခံခဲ့ရချေ။ ကောင်းကင်အင်ပါယာသည် နတ်ဘုရားအားလုံးကို ဦးဆောင်၍ တိုက်ခိုက်ခဲ့နိုင်သည်။ သို့သော် သူတို့သည် သူတို့၏ဝိညာဉ်စွမ်းအားအနည်းငယ်ကို ဤနေရာတွင် ချန်ခဲ့ပေသည်။
သူတို့သည် ထိုစစ်ပွဲမှာ ကမ္ဘာပျက်နိုင်လောက်အောင် ပြင်းထန်သော စစ်ပွဲတစ်ပွဲဖြစ်နိုင်ကြောင်း သိရှိခဲ့ပေလိမ့်မည်။
ကောင်းကင်ဘုံ၏ နောက်ပိုင်းမျိုးဆက်များသည် ရှေးခေတ်မှ ကောင်းကင်နန်းတော်ဟောင်းနှင့် လိုက်လျောညီထွေ ရှိသည့်ပုံပင်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ ထိုနှစ်ခုသည် မည်သို့ ဆက်စပ်နေသနည်း။ ရီဖူရှင်း တွေးလိုက်သည်။ ထိုစဉ်က တိုက်ပွဲထဲတွင် ကောင်းကင်အင်ပါယာသည် အလုံးစုံ ပျောက်ကွယ်သွားခြင်း မဟုတ်သည်လော။ သူသည် အခြားပုံစံတစ်ခုအနေဖြင့် ဆက်၍တည်ရှိခဲ့ပြီး နောက်ပိုင်းမျိုးဆက်များကြားတွင် ပြန်လည် ရှင်သန်လာခြင်းလော။ သူသည် ကောင်းကင်ဘုံကို ဖန်တီးခဲ့သည်လော။
ယနေ့ခေတ် ကောင်းကင်ဘုံမှ ကြယ်အရှင်ကိုးပါးသည် ကောင်းကင်နန်းတော်ဟောင်း၏ နတ်ဘုရားများနှင့် ဆင်တူပေသည်။
သူတို့သည် အမှန်ပင် မျိုးနွယ်တူသည်လော။
မှော်နက်နန်းတော်နှင့် အသူရာမျိုးနွယ်သည်လည်း အချင်းချင်း ဆက်နွယ်မှုအချို့ရှိသည်ဟု ဆိုကြသည်။
ထို့ကြောင့် ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည် ကောင်းကင်နန်းတော်ဟောင်းထံမှ အမွေဆက်ခံရထားသော စွမ်းအားကို အလွန်ကောင်းမွန်စွာ အသုံးပြုနိုင်နေခြင်းဖြစ်ပေမည်။
ထိုအခိုက်တွင် ကျိဝူတောက်သည် ကောင်းကင်လှေကားပေါ်တွင် ရပ်နေလေသည်။ သူ့အနောက်တွင် ကောင်းကင်အင်ပါယာ၏ နတ်ဝိညာဉ်ပုံရိပ်ကြီးက ကောင်းကင်နှင့်မြေကြီးအကြားတွင် ရပ်နေသည်။ ထို့ကြောင့် ကျိဝူတောက်သည် ကောင်းကင်ဘုံ၏ သားတော်တစ်ပါးကဲ့သို့ ထင်ရသည်။
ကျိဝူတောက်သည် အမှန်ပင် ကောင်းကင်အင်ပါယာ၏ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံခဲ့သည့်ပုံပင်။ မဟုတ်လျှင် သူသည် ကောင်းကင်နန်းတော်ဟောင်းအပြင်တွင် စွမ်းအားကို အသုံးပြုနိုင်မည်မဟုတ်ချေ။
ယခုတွင် သူတို့သည် ဤနေရာသို့ ရောက်နေကြပြီဖြစ်၍ ထိုစွမ်းအားသည် ပို၍ပင် အားကောင်းလာလေသည်။
ထို့အပြင် ဤနေရာတွင် သူတစ်ဦးတည်း ရှိနေသည်မဟုတ်ပေ။ ကောင်းကင်ဘုံမှ ထိပ်သီးများလည်း ရှိနေကြပြီး သူတို့ထဲမှ တော်တော်များများသည် နတ်ဘုရားများ၏ ဝိညာဉ်စွမ်းအားနှင့် ဆက်သွယ်နိုင်ပေသည်။
ဒွန်ဟောင်တိယွမ်နှင့် အခြားသူများသည် အောက်ဘက်ရှိ နေရာအသီးသီးတွင် ရပ်လိုက်ကပြီး ကြောက်မက်ဖွယ်အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့ထဲမှ အချို၏လက်ထဲတွင် မဟာအင်ပါယာအဆင့်လက်နက်များရှိပြီး ထိုလက်နက်များမှနေ၍ နတ်အရှိန်အဝါများ ထွက်နေကြသည်။ သူတို့သည် ကောင်းကင်လှေကားရှိရာဘက်သို့ သွားနေကြ၏။
နတ်ဘုရားများ၏ အမွေအနှစ်...
“ငါ ပြောခဲ့သလိုပဲ ကောင်းကင်နန်းတော်ဟောင်းက ကောင်းကင်ဘုံနဲ့ပဲ သက်ဆိုင်တယ်။ ခုနတုန်းက ငါက လျှော့ပေးထားခဲ့တာပဲ။ မင်းတို့ ဆက်ပြီး အတင်းပြုမူနေဦးမယ်ဆိုရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”
ကျိဝူတောက် ပြောလိုက်၏။ သူ၏စကားများသည် ရီဖူရှင်းကို စိတ်ဝင်စားသွားစေ၏။
ကျိဝူတောက်သည် အစောက လျှော့ပေးနေခဲ့ခြင်းလော။
သူသည် သူတို့ကို မသတ်ဝံ့၍ မဟုတ်သလော။
မည်သို့ပင်ဖြစ်စေ ကောင်းကင်ဘုံသည် အရွယ်အစားသေးပေသည်။ မဟာအင်ပါယာများအားလုံးသည် ဤနေရာတွင် ဖြစ်နေသော ကိစ္စများ၌ ဝင်မပါရန် သဘောတူညီချက် ပြုထားလျှင်ပင် ကျိဝူတောက်သည် ထိုမဟာအင်ပါယာအဆင့် အင်အားစုများ၏ ထိပ်သီးများကို သတ်ဝံ့မည်မဟုတ်ပေ။ သူတို့၏ ဆက်ခံသူများကိုဆိုလျှင် ပို၍ပင် သတ်ဝံ့မည်မဟုတ်ပေ။
သူသာမဟုတ်ပေ။ ထိုမဟာအင်ပါယာအဆင့်အင်အားစုများသည်လည်း တစ်ဘက်နှင့်တစ်ဘက် ထိပ်တိုက်တွေ့ချိန်များတွင် သူတို့ကို သူတို့ ချုပ်တည်းထားခဲ့သည်။
“ကောင်းကင်ဘုံက ကောင်းကင်နန်းတော်ဟောင်းက နတ်ဘုရားတွေရဲ့ အမွေအနှစ်တွေကို မောင်ပိုင်စီးထားလို့ မရပါဘူး”
တုကူးဝူရှဲ့က မဟာအင်ပါယာအဆင့်လက်နက်ကို ကိုင်ကာ ကောင်းကင်ထက်က လူကို မော့ကြည့်ပြီး ပြောလိုက်၏။
ကျိဝူတောက်သည်လည်း အောက်ဘက်ရှိ တုကူးဝူရှဲ့ကို ငုံ့ကြည့်လိုက်ပြီး ပြောလိုက်၏။
“ကောင်းကင်လမ်းစဉ်အောက်မှာ တပ်ဖွဲ့ရှစ်ဖွဲ့ရှိတယ်... ကောင်းကင်ဘုံက အဲဒီထဲက တစ်ခုကိုပဲ ထိန်းချုပ်ထားတာပါ။ ခင်ဗျားတို့တွေလည်း ကိုယ်ပိုင်နယ်မြေတစ်ခုစီကို ထိန်းချုပ်ထားတယ်မလား... စီဝေ့ကြယ်ကောင်းကင်တောင် မဟော်ရာဂီအမွေအနှစ်နယ်မြေကို ထိန်းချုပ်ထားတယ်။ အဲဒီအမွေအနှစ်နယ်မြေတွေထဲမှာလည်း မဟာအင်ပါယာတွေရဲ့ အမွေအနှစ်တွေ အများကြီး ရှိတာပဲ။ ဘာလို့ ခင်ဗျားတို့တွေက အဲဒီနယ်မြေတွေကိုကြတော့ သွားမလုရတာလဲ”
အဝေးရှိ ရီဖူရှင်းသည် ထိုစကားကို ကြားလိုက်သောအခါ မျက်မှောင်ကြုတ်သွားသည်။ သူသည် ခေါင်းမော့၍ ကျိဝူတောက်ကို ကြည့်သည်။ ကျိဝူတောက်၏ အကြည့်သည့်လည်း သူ့အပေါ်သို့ ရောက်လာကြောင်း သူတွေ့လိုက်၏။ ကျိဝူတောက်သည် အာရုံလွှဲရန်အတွက် သူ့ကို တမင်အသုံးချလိုက်ခြင်းလော။
သို့သော် ဤနေရာရှိ ကျင့်ကြံသူအားလုံးသည် ကောင်းကင်နန်းတော်ဟောင်းအတွက်သာ ရောက်လာကြခြင်းဖြစ်သည်။ ကျိဝူတောက် သူတို့ကို မည်မျှ အာရုံလွဲလိုစေကာမူ အသုံးဝင်လောက်မည် မဟုတ်ပေ။
ထိုအင်အားစုများသည် အလွယ်တကူ နောက်ဆုတ်သွားကြမည်မဟုတ်ပေ။ အထူးသဖြင့် ယခုတွင် သူတို့သည် နတ်ဘုရားများ၏ ရုပ်တုများကို မြင်လိုက်ရပြီဖြစ်၍ ပို၍ပင် စိတ်အားထက်သန်လာကြသည်။ သူတို့သည် ကောင်းကင်နန်းတော်ကို လက်လွတ်ခံမည်မဟုတ်ပေ။ သို့သော် ကျိဝူတောက်သည် အားလုံးကို ဖိနှိပ်နိုင်ခဲ့လျှင် အခြေအနေတစ်မျိုးပြောင်းသွားနိုင်လေသည်။