နတ်ဘုရားအုပ်စိုးလက်နက်၏စွမ်းအား
Vol. 190 Ch. 2710
တောက်ပသော နတ်အလင်းတစ်ခုသည် အာကာပြင်ကို ဖြတ်သန်းသွားပြီး ပြင်းထန်သော မြည်ဟိန်းသံကြီးတစ်သံ ထွက်ပေါ်လာ၏။ နတ်ဘုရားအုပ်စိုးလက်နက်၏ အလင်းသည် နတ်ဘုရားတစ်ပါးက ထုတ်လွှတ်လိုက်သော ဧရာမလက်ဝါးကြီးကို ဖောက်ထွင်းသွား၏။ လက်ဝါးကြီးကို ရပ်တန့်၍မရနိုင်သော ဓားတစ်ချောင်းက ထောပတ်ကိုလှီးဖြတ်သည့် ဓားတစ်ချောင်းကဲ့သို့ လှီးဖြတ်သွားသကဲ့သို့ပင်။
ထျန်ရှန်းဧရာမလက်ဝါးကြီးသည် နတ်ဘုရားအုပ်စိုးလက်နက်၏ ထုတ်ချင်းပေါက်အောင် ထွင်းဖောက်သွားခြင်းကို ခံလိုက်ရ၏။ မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများသည် ထိုအဖြစ်အပျက်ကို မြင်လိုက်ကြ၏။ နတ်အလင်းတောက်ပလာသောအခါ အခုအခံအားလုံးသည် အသုံးမဝင်တော့ပေ။ မဟာလက်ဝါးသည်ပင် ပျက်စီးခြင်းဘေးကို မရှောင်ရှားနိုင်ခဲ့ပေ။
နတ်ဘုရားအုပ်စိုးလက်နက်သည် ဧရာမလက်ဝါးကြီး ပျက်စီးသွားပြီးနောက်တွင် ကောင်းကင်ထဲ၌ ဝဲနေ၏။ ၎င်းသည် လေထဲရှိ ရီဖူရှင်းကို လှည့်ပတ်နေသည်။ အရွယ်ကြီးမားနေသော နတ်ဘုရားအုပ်စိုးလက်နက်က အမြင့်နေရာတွင် ရှိနေသဖြင့် ဟင်းလင်းပြင်ထဲရှိ ကျန်နတ်ဘုရားအုပ်စိုးလက်နက်များသည် ၎င်းကို ဗဟိုပြု၍ ဆက်စပ်သွား၏။
“ဘယ်လိုတောင် မယုံနိုင်လောက်တဲ့ စွမ်းအားမျိုးလဲ”
ကြည့်နေသူများသည် နတ်ဘုရားအုပ်စိုးလက်နက်ကို ကြည့်ရင်း ရင်ခုန်မြန်နေကြသည်။ ရီဖူရှင်းသည် နတ်ဘုရားတစ်ဝက်အဆင့်ကျင့်ကြံသူတစ်ယောက် အားကုန်သုံး၍ တိုက်ခိုက်လိုက်သော တိုက်ခိုက်မှုတစ်ခုကိုပင် ဖျက်ဆီးပစ်နိုင်သည်မှာ မယုံနိုင်လောက်အောင်ပင်။ ထိုအချိန်တွင် ဟင်းလင်းပြင်ထဲရှိ ကျန်ရှိနေသေးသော နတ်ဘုရားအုပ်စိုးလက်နက်များသည် ဓားဝိညာဉ်စွမ်းအားဖြင့် ပြည့်လျှံလာကြသည်။ ထိုသို့ဖြစ်လာခြင်းမှာ နတ်ဘုရားအုပ်စိုးလက်နက်၏စွမ်းအားသည် ဓားအတတ်ပုံစံ ယူလိုက်သောကြောင့်ဖြစ်သည်။
ဝုန်း...
ထိုအခိုက်တွင် ရီဖူရှင်း၏ဦးခေါင်းအထက်ရှိ နတ်ဘုရားအုပ်စိုးလက်နက်သည် ဟင်းလင်းပြင်သို့ ချိန်ရွယ်လိုက်သည်။ ဆက်စပ်နေခြင်း၏ ရလဒ်အနေဖြင့် ကျန်နတ်ဘုရားအုပ်စိုးလက်နက်များသည်လည်း ၎င်းတို့ဘာသာ ကောင်းကင်ဗဟိုသို့ ချိန်ရွယ်လိုက်သည်။ ရီဖူရှင်းသည် ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်၏။ မျက်တောင်တစ်ခတ်စာအတွင်းမှာပင် သူသည် အထက်သို့ ခုန်တက်သွားပြီး တိမ်များအထက်သို့ ရောက်သွားသည်။
ထိုသို့ဖြင့် နတ်ဘုရားအုပ်စိုးလက်နက်သည် လောကရှုထောင့်အဟန့်အတားကို ချိုးဖျက်ကာ နတ်ဘုရားများ၏ ဝိညာဉ်ပုံရိပ်များ ဖန်တီးထားသော စက်ကွင်းဆီသို့ ပျံဝင်သွားသည်။
ဝုန်း...ဝုန်း...ဝုန်း...
မရေမတွက်နိုင်အောင် များပြားသော နတ်ဘုရားအုပ်စိုးလက်နက်များသည် နတ်အလင်းများတောက်ပနေပြီး စက်ကွင်းကို ထွင်းဖောက်သွားကြသည်။ ထို့နောက်တွင် အရွယ်ကြီးထားသော နတ်ဘုရားအုပ်စိုးလက်နက်သည်လည်း စက်ကွင်းကို ထွင်းဖောက်သွားသည်။ ထိုဖြစ်စဉ်သည် ၎င်းတို့အားလုံး စက်ကွင်းကို အောင်အောင်မြင်မြင် ထိုးဖောက်သွားနိုင်သည်အထိ ဆက်လက်ဖြစ်ပွားခဲ့သည်။
ရီဖူရှင်းသည် နတ်ဘုရားအုပ်စိုးလက်နက်ဘေးမှနေ၍ ပျံသန်းသွားပြီး ပို၍မြင့်သော နေရာသို့ ရောက်သွားသည်။ သူသည် ခေါင်းငုံ့၍ မဟာကောင်းကင်ဘုရင်ကို ကြည့်လိုက်သောအခါ ဩဇာကြီးကာ ကြီးမြတ်သော နတ်ဘုရားတစ်ပါးကဲ့သို့ပင် ထင်ရသည်။
ထိုမြင်ကွင်းသည် ခမ်းနားကြီးကျယ်သော မြင်ကွင်းပင်။
ထိုတိုက်ပွဲသည် ဒွန်ဟောင်တိယွမ်နှင့် ကျိဝူတောက်တို့၏ တိုက်ပွဲနှင့် နှိုင်းယှဉ်နိုင်ပေသည်။ ထိုအခိုက်တွင် ရီဖူရှင်း၏ နတ်ဘုရားတစ်ဝက်အဆင့်တစ်ပါးကို ယှဉ်ပြိုင်တိုက်ခိုက်နေသော ဟန်ပန်သည် ဒွန်ဟောင်တိယွမ်သာမက သူမနှင့်အဆင့်တူသော သူများနှင့်ပင် ယှဉ်နိုင်ပေသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ရီဖူရှင်းက နတ်ဘုရားအုပ်စိုးလက်နက်၏ စွမ်းအားကို သုံးနေခြင်းဖြစ်သည်ဟု စောဒကတက်ခဲ့ပါလျှင် ဒွန်ဟောင်တိယွမ်သည်လည်း နဂါးဘိုးဘေး၏စွမ်းအားကို ငှားယူခဲ့သည်ဆိုသော အချက်ကိုပါ ထည့်စဉ်းစားရပေလိမ့်မည်။
ထို့အပြင် တိုက်ပွဲသည် ယခုအထိ မပြီးသေးပေ။ ရီဖူရှင်းသည် နတ်ဘုရားတစ်ဝက်အဆင့်ကျင့်ကြံသူဖြစ်သော မဟာကောင်းကင်ဘုရင်ကို အနိုင်ယူရန် ကြံရွယ်နေခြင်းလော။
မဟာကောင်းကင်ဘုရင်သည် ခေါင်းမော့၍ ရီဖူရှင်းကို ကြည့်သည်။ သူသည် တိုက်ပွဲက ဤမျှခက်ခဲလိမ့်မည်ဟု မထင်ခဲ့ပေ။ ရီဖူရှင်းသည် သူ၏စက်ကွင်းကို ဖောက်ထွက်နိုင်လိမ့်မည် မဆိုထားနှင့် သူ၏အစွမ်းကုန်တိုက်ခိုက်မှုကိုပင် ခုခံနိုင်လိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးချေ။
ဤတိုက်ပွဲသည် ထင်ထားသကဲ့သို့ မဟုတ်တော့ပေ။ သူသည် မည်သူ့ကိုမှ ရှိန်သွားအောင် မလုပ်နိုင်ခဲ့ရုံသာမက စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ၏ အစွမ်းကို ကူ၍ပြသပေးသလို ဖြစ်နေသည်။
အကယ်၍ သူတို့သာ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ရှင်းမပစ်နိုင်ပါက သူတို့သည် ကောင်းကင်နန်းတော်ဟောင်း၏ အပျက်အစီးများကို သူတို့အတွက် ဆက်ထိန်းသိမ်းထားနိုင်ရန် ခက်ခဲပေလိမ့်မည်။
ရုတ်တရက် နတ်အလင်းတစ်ခု တောက်ပလာပြီး ကောင်းကင်တစ်ခွင်လုံးကို လင်းထိန်သွားစေ၏။ ရီဖူရှင်း၏ဦးခေါင်းအထက်ရှိ နတ်ဘုရားအုပ်စိုးလက်နက်များသည် အလင်းတန်းများ ဖြာထုတ်နေပြီး ထိုအလင်းတန်းများသည် လေထုအတွင်းရှိ နေရာအနှံ့သို့ ရောက်နေသည်။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်အောင်များပြားသော နတ်ဘုရားအုပ်စိုးလက်နက်များသည် သူ့ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်ကြပြီး ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံသွားကာ နတ်ဘုရားအုပ်စိုးစက်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။
ဝှီး...
အဆုံးမဲ့ နတ်ဘုရားအုပ်စိုးလက်နက်များသည် မဟာကောင်းကင်ဘုရင်၏ ဦးခေါင်းဆီသို့ ပျံဝင်သွားကြသည်။ နတ်အလင်းတောက်ပလာပြီး မဟာကောင်းကင်ဘုရင်သည် နတ်အလင်း၏လွှမ်းခြုံမှုကို ခံလိုက်ရ၏။ ၎င်းနတ်အလင်းထံမှ ခပ်ရေးရေးဖိအားတစ်ခုကို ခံစားရ၏။ သို့သော် ထိုဖိအားသည် သူအစောက ထုတ်လွှတ်ခဲ့သော လွှမ်းမိုးအားကြီးသည့် ဖိအားကဲ့သို့မဟုတ်ပေ။ သို့ပေသည့် ၎င်းသည် သူ့ကို ခြိမ်းခြောက်နိုင်ပေသေးသည်။
“ဒါက ဘယ်လိုဝိညာဉ်စွမ်းအားမျိုးလဲ”
မဟာကောင်းကင်ဘုရင်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။ သူ့အပြင် အခြားကျင့်ကြံသူများသည်လည်း ရီဖူရှင်းတစ်ယောက် မည်ကဲ့သို့သော စွမ်းအားမျိုးကို သုံးနေသနည်းဟု တွေးတောနေကြသည်။
“တိုက်ခိုက်...”
ရီဖူရှင်းက အမိန့်ပေးလိုက်သောအခါ နတ်ဘုရားအုပ်စိုးလက်နက်၏ အလင်းသည် ကောင်းကင်ရှိ လေထုတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး သီးခြားစက်ကွင်းတစ်ခု ဖန်တီးလိုက်လေသည်။ မဟာကောင်းကင်ဘုရင်သည် ကောင်းကင်ထက်မှ နတ်ဘုရားအုပ်စိုးလက်နက်အားလုံး ကျဆင်းလာသောအခါ အကွာအဝေးကို အမှုမထားသော လျင်မြန်စွာချဉ်းကပ်လာသည့် အဖျက်အားကို ခံစားလိုက်ရ၏။
“ဟင်...”
ကောင်းကင်လှေကားပေါ်တွင် ရပ်နေသော စေတီဘုရင်နှင့် သံစဉ်ဘုရင်တို့သည် ထိုမြင်ကွင်းကို မြင်သောအခါ စိတ်မသက်မသာ မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့သည် ထိုတိုက်ခိုက်မှုကို သိပေသည်။ သူတို့သည် ရီဖူရှင်း၏ဓားအတတ် ထျန်ကျူး၏ တိုက်ခိုက်မှုသည် မည်မျှစွမ်းအားကြီးကြောင်း ယခင်က သူတို့ တွေ့ကြုံခံစားခဲ့ဖူးလေသည်။
သို့သော် ထိုအခိုက်တွင် နတ်ဓားအတတ်တိုက်ခိုက်မှုသည် နတ်ဘုရားအုပ်စိုးလက်နက်အလင်း တောက်ပနေလေသည်။
မျှော်လင့်ထားသကဲ့သို့ပင် သူတို့မျက်စိရှေ့ရှိ မြင်ကွင်းသည် ရီဖူရှင်း ဖန်တီးထားသော နတ်ဓားအတတ်တိုက်ခိုက်မှု ထျန်ကျူးဖြစ်ပေသည်။
သူတို့သည် နတ်ဘုရားအုပ်စိုးလက်နက်အလင်းအတွင်း၌ များစွာသော ဓားများကို သတိပြုမိသည်။ ဓားနှင့် အုပ်စိုးလက်နက်သည် မည်သည့်တွန်းကန်မှုမှမရှိဘဲ တဖြည်းဖြည်း တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။ ထို့နောက်တွင် ၎င်းတို့အားလုံးသည် အလွန်လျင်မြန်သောအရှိန်ဖြင့် ကောင်းကင်ထက်မှ ပျံဆင်းလာကြပြီး အကြားရှိ အကွာအဝေးကို တမဟုတ်ခြင်း ဖြတ်သန်းသွားသည်။
ဝုန်း...
မဟာကောင်းကင်ဘုရင်၏ပတ်ပတ်လည်တွင် စက်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ ၎င်းထံမှ နတ်အငွေ့အသက်တစ်ခုကို ခံစားရနေ၏။ ထိုစက်ကွင်းအတွင်းရှိ နတ်ဘုရားအရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ မကြာခင်မှာပင် နတ်ဘုရားများစွာသည် စက်ကွင်းထဲတွင် ထွက်ပေါ်လာပြီး သူတို့အတွက် အမိန့်ကို စောင့်နေကြလေသည်။ မဟာလမ်းစဉ်နတ်အလင်းတောက်ပလာသောအခါ မဟာကောင်းကင်ဘုရင်၏ လက်ထဲတွင် လှံတစ်ချောင်း ထွက်ပေါ်လာ၏။ ၎င်းလှံတွင် နတ်စွမ်းအား ပြည့်လျှံနေသည်။
အဆုံးမဲ့ နတ်ဘုရားအုပ်စိုးလက်နက်များသည် ကောင်းကင်ထက်မှ ကျဆင်းလာပြီး သူ၏စက်ကွင်းကို ထွင်းဖောက်နေကြသည်။ သူသည် ထိုအခြင်းအရာကို မြင်သောအခါ သူ့လက်ထဲရှိ လွှမ်းမိုးအားကြီးသော လှံကို ဟင်းလင်းပြင်ထက်သို့ မြှောက်လိုက်သည်။ ရုတ်ခြည်းပင် လေထဲတွင် မဟာနတ်ဘုရား၏အရှိန်အဝါ ပြည့်နှက်သွားသည်။ နတ်ဘုရားဝိညာဉ်ပုံရိပ်တိုင်းသည် လက်ထဲတွင် လှံတစ်ချောင်းစီ ကိုင်ထားကြပြီး အထက်သို့ ပျံတက်သွားကြသည်။ သူတို့ ထိုသို့လုပ်လိုက်သောအခါ ကြောက်မက်ဖွယ် အဖျက်နတ်အလင်းများစွာသည် ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး လေထုကို အပြင်းအထန်တုန်ခါသွားစေ၏။
လှံများသည် အကာအရံကို ဖြတ်ကာ ဟင်းလင်းပြင်ထဲသို့ ပျံတက်သွားပြီး နတ်ဘုရားအုပ်စိုးလက်နက်များနှင့် ထိပ်တိုက် ထိခတ်သွားကြသည်။ ထိခတ်သွားပြီးနောက်တွင် ကွဲပြားသော ဝိညာဉ်စွမ်းအားနှစ်ခုသည် ပျောက်ကွယ်သွားသည်။
ဝုန်း...
ထိတ်လန့်ဖွယ် အသံတစ်သံသည် လေထုတစ်ခုလုံးကို တုန်ခါသွားစေ၏။ မဟာကောင်းကင်ဘုရင်သည် နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားပြီး လှံကိုကိုင်ကာ အာကာသနှင့်အချိန် အဟန့်အတားကို ချိုးဖျက်လိုက်သည်။ သူ၏အပြုအမူကြောင့် ပြင်းထန်သောမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး အာကာပြင်တွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာကာ ကောင်းကင်သည် ထက်ခြမ်းပွင့်သွားတော့မလို ထင်ရသည်။ သူ့တိုက်ခိုက်မှု၏ စွမ်းအားသည် တွေးကြည့်၍ပင် မရပေ။
နတ်ဘုရားတစ်ဝက်ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုသည် အစွမ်းကုန်ထုတ်ပြီးနောက်တွင် မည်မျှ စွမ်းအားကြီးလာမည်နည်း။
သူ့အဆင့်ကျင့်ကြံသူများသည် အနီးကပ်တိုက်ခိုက်မှုမျိုးကို တိုက်ခိုက်ခဲလေသည်။
သို့သော် မဟာကောင်းကင်ဘုရင်သည် အင်အားအရာတွင် ပြိုင်ဘက်ကင်းပြီး စွမ်းအားကြီး နတ်စွမ်းအားရှိပေသည်။
ဂျိန်း...
ကောင်းကင်တွင် အက်ကြောင်းတစ်ကြောင်း ပေါ်လာပြီး မဟာလမ်းစဉ်နတ်အလင်း တောက်ပလာကာ ရီဖူရှင်းပေါ်သို့ ဖြာကျလာသည်။ သူသည် ရုတ်ခြည်းပင် လက်ဆန့်တန်းလိုက်ပြီး အရွယ်ကြီးထားသော နတ်ဘုရားအုပ်စိုးလက်နက်ကို ဆုပ်ကိုင်လိုက်သည်။
သူ့ခန္ဓာကိုယ်မှနေ၍ တောက်ပသောအလင်း စီးဆင်းလာပြီး နတ်ဘုရားအုပ်စိုးလက်နက်နှင့် ပေါင်းစည်းသွားကာ ၎င်းကို စစ်မှန်သော မဟာအင်ပါယာအဆင့်လက်နက်တစ်ခုအဖြစ် ပြောင်းလဲလိုက်လေသည်။
ရီဖူရှင်း၏ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော အလင်းများ တောက်ပလာပြီး သူ၏ပုံစံကို အသစ်တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ ၎င်းသည် အသွေးအသားဖြင့် တည်ဆောက်ထားသော ရုပ်ခန္ဓာတစ်ခု မဟုတ်တော့ဘဲ မဟာလမ်းစဉ်ဖြစ်သွားသည်။
နတ်ဘုရားအုပ်စိုးလက်နက်၏ အလင်းတစ်ခု လင်းလက်သွားသောအခါ သူ၏ပုံရိပ်သည် အောက်ဘက်သို့ ပျံဆင်းသွားကာ အားလုံး၏ မျက်လုံးရှေ့မှ ပျောက်ကွယ်သွားသည်။
အတုမဲ့အလင်းတန်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု ထိတိုက်သွားပြီး ၎င်းတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးသွားသည်။ ထိုမြင်ကွင်းသည် ကမ္ဘာပျက်မြင်ကွင်းနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။ မဟာလမ်းစဉ်၏ စွမ်းအားသည်ပင် လုံးလုံးလျားလျား ဖျက်ဆီးခံလိုက်ရပြီး သူတို့နှစ်ဦးသာ နတ်အလင်းအောက်တွင် ကျန်ခဲ့လေသည်။ သူတို့၏ တိုက်ခိုက်မှုများ ထိတိုက်သွားမှုသည် မဟာလမ်းစဉ်မဟာမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေပြီး ယင်းမုန်းတိုင်းသည် ၎င်း၏လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးသွားသည်။
သို့သော် ပရိသတ်များသည် ရီဖူရှင်းနှင့် နတ်ဘုရားတစ်ဝက်အဆင့်ကျင့်ကြံသူတို့၏ တိုက်ပွဲ ဖြစ်ပွားနေသည့် ကောင်းကင်ထက်သို့ ကြည့်နေကြဆဲဖြစ်သည်။
မဟာကောင်းကင်ဘုရင်သည် နတ်ဘုရားတစ်ဝက်အဆင့်ဖြစ်သဖြင့် မဟာအင်ပါယာ၏စွမ်းအားကို မငှားယူခဲ့ပေ။ သူသည် ထိုသို့ လုပ်မည်မဟုတ်ပေ။ သူ၏ပြိုင်ဘက်သည် သူ့ထက် ကျင့်ကြံခြင်းအဆင့်နိမ့်သော ဂျူနီယာကျင့်ကြံသူတစ်ဦး မဟုတ်ပါလား။
သူသာ တိုက်ပွဲကို မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ အနိုင်ရသွားသလျှင် သူသိက္ခာကျသွားပေလိမ့်မည်။
ထန်း...
မုန်တိုင်းထဲတွင် ကြောက်မက်ဖွယ် ထိခတ်သံကို ကြားလိုက်ရ၏။ ထိုအသံသည် နတ်ဘုရားအုပ်စိုးလက်နက်နှင့် မဟာအရှင်လှံတို့ အချင်းချင်း ထိခတ်သံဖြစ်သည်။ ဘေးမှကြည့်နေသူများသည် မဟာအရှင်လှံက နတ်ဘုရားအုပ်စိုးလက်နက်နှင့် ရိုက်ခတ်ပြီးနောက် ၎င်းပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်ကို သတိပြုမိသည်။ ချက်ချင်းဆိုသလိုပင် သူတို့သည် မဟာအရှင်လှံမှ အက်ကွဲသံတစ်သံကို ကြားလိုက်ရ၏။
လှံသည် ကွဲအက်ပျက်စီးလာခြင်း ဖြစ်ပေမည်။