← Chapters

နတ်ဘုရားကို မည်သူထိန်းချုပ်နေသနည်း

Vol. 190 Ch. 2712

နတ်ဘုရားကို မည်သူထိန်းချုပ်နေသနည်း

Vol. 190 Ch. 2712

အကယ်၍ နတ်ဘုရားတစ်ဝက်အဆင့်ကျင့်ကြံသူတစ်ဦးသာ ထျန်ရှန်းရုပ်တု၏စွမ်းအားကို ငှားယူခဲ့လျှင် မည်မျှ စွမ်းအားကြီးသွားမည်နည်း။

အနက်ကောင်းကင်အရှင်သည် ၎င်းထံမှ စွမ်းအားကို စုပ်ယူကာ ဓားဧကရာဇ်အရှင်နှင့် တိုက်ခိုက်ခဲ့သည်။ ထိုအခါ ဓားဧကရာဇ်အရှင်ကဲ့သို့ ထိပ်တန်းကျင့်ကြံသူတစ်ဦးပင် အနက်ကောင်းကင်အရှင်နှင့် ယှဉ်နိုင်ရန် မဟာအင်ပါယာအဆင့်လက်နက်တစ်ခု လိုအပ်ခဲ့လေသည်။

ယခုတွင် မဟာကောင်းကင်ဘုရင်သည် ရီဖူရှင်းနှင့်တိုက်ခိုက်ရန် ထျန်ရှန်းရုပ်တုထံမှ စွမ်းအားကို ထုတ်ယူလိုနေရာ ရီဖူရှင်းသည် မည်သို့ ယှဉ်နိုင်မည်နည်း။

အားကောင်းသော ဖိအားတစ်ခုသည် ကျယ်ပြောသောအာကာပြင်တစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။ ထျန်ရှန်းရုပ်တုသည် နတ်အလင်းတောက်ပလာ၏။ ထို့နောက်တွင် မီတာ(၃၀၀)ကျော်မြင့်သော ရှေးဟောင်းထျန်ရှန်း၏ ဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် စွမ်းအားကြီးနတ်စွမ်းအား ပြည့်ဝနေသည်။

ထိုရှေးဟောင်းထျန်ရှန်းသည် ကိုင်အာကြယ်တာရာသခင် ဆက်သွယ်ခဲ့သော ထျန်ရှန်းဖြစ်သည်။ ဆရာနှင့်တပည့်နှစ်ယောက်စလုံးသည် တူညီသောရုပ်တုနှင့် ဆက်သွယ်နိုင်ပြီး ၎င်းထံမှ စွမ်းအားကို ထုတ်ယူနိုင်ပေသည်။

ကြောက်မက်ဖွယ် အားတစ်ခုသည် ထိုနေရာရှိ ကျင့်ကြံသူအားလုံးကို ဖိနှိပ်သွားသည်။ မဟာကောင်းကင်ဘုရင်၏ ကြောက်မက်ဖွယ် ကောင်းနေပြီဖြစ်သော အရှိန်အဝါသည် ထျန်ရှန်းရုပ်တုထံမှ စွမ်းအားကို ထုတ်ယူပြီးသောအခါ ပို၍ပင် အားကောင်းလာလေသည်။

အကယ်၍ မည်သည့်မထင်မှတ်ထားသည့်ကိစ္စမှ မဖြစ်ခဲ့ပါက ဤတိုက်ပွဲ၏ရလဒ်ကို ကြိုပြောနိုင်နေပြီဖြစ်သည်။

ကြည့်နေသူများသည် ရီဖူရှင်းကို လှမ်းကြည့်လိုက်ကြရာ သူသည် လေထဲတွင် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။ သူတို့သည် စိတ်လှုပ်ရှားသွားပြီး မျက်မှောင်ကြုတ်လိုက်ကာ သူရှိသောနေရာကို ရှာလိုက်ကြသည်။

မကြာခင်မှာပင် သူတို့သည် နေရာတစ်နေရာကို စိုက်ကြည့်၍ မျက်ဝန်းများ ကျဉ်းသွား၏။ သူတို့သည် ရီဖူရှင်း ရှိနေသောနေရာကို မြင်လိုက်ရသောအခါ ရင်ခုန်မြန်သွားကြသည်။

သူ ဦးနှောက်ချောင်သွားပြီလော။

ရီဖူရှင်းက ကောင်းကင်လှေကား အထက်တွင် ရပ်နေလေသည်။

သူသည် နောက်မဆုတ်သွားရုံသာမက ကောင်းကင်လှေကားထက်သို့ပင် တက်သွားပေသေးသည်။ သူသည် ထျန်ရှန်းစွမ်းအားအောက်ရှိ သူ့ပြိုင်ဘက်အနီးသို့ ချဉ်းကပ်သွားသည်။

သူ ရူးသွပ်သွားပြီလော။

သို့သော် ပြန်တွေးကြည့်လျှင်လည်း ရီဖူရှင်းသည် သူ၏ပြိုင်ဘက်က ထျန်ရှန်းစွမ်းအားနှင့် သူ့ကို တိုက်ခိုက်လိုခဲ့လျှင် ထွက်ပြေးစရာနေရာ မရှိကြောင်း နားလည်ထားသည့်ပုံပင်။ သို့ဖြစ်ပါက သူသည် ယောက်ျားတစ်ယောက်ကဲ့သို့ ထိပ်တိုင် ရင်ဆိုင်ခြင်းက ပိုကောင်းပေလိမ့်မည်။

သို့သော် ပွဲကြည့်ပရိသတ်များသည် ရီဖူရှင်း၏ခန္ဓာကိုယ်မှ နတ်အလင်းတောက်ပလာသည်ကို တွေ့လိုက်သောအခါ သူတို့ ရီဖူရှင်းအပေါ် မြင်သည့်အမြင် မှားကြောင်း သိရှိသွားသည်။ စိမ်းပြာရောင်အလင်းတန်းပေါင်းမြောက်မြားစွာသည် ထျန်ရှန်းရုပ်တုအပါအဝင် လေထုတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထိုအလင်းတန်းများသည် ရုပ်တုကို ထိသွားသောအခါ ဖောက်ဝင်သွားကြသည်။

“သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

အားလုံးသည် ကောင်းကင်လှေကားပေါ်ရှိ ရီဖူရှင်းကို မျက်တောင်မခတ်တန်း ကြည့်နေကြသည်။ ကောင်းကင်ဘုံမှ ကျင့်ကြံသူများကို သူ့ကို ငေးကြည့်နေကြသည်။ သို့သော် နတ်ဘုရားများသည် သူ့ကို အထင်သေးစွာ ကြည့်နေကြပြီး သူ့အား ကိုယ့်သေလမ်းကိုယ်လာရှာသော ပိုးလောက်ကောင်တစ်ကောင်ကဲ့သို့သာ မှတ်ယူကြလေသည်။

“မင်းက အသက်မရှင်ချင်တော့ဘူလား”

မဟာကောင်းကင်ဘုရင်သည် သူ့ထံသို့ ချဉ်းကပ်လာသည့် ရီဖူရှင်းကို စူးစူးဝါးဝါးကြည့်ကာ သူ၏နတ်ဘုရားအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

သူ သူ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ထျန်ရှန်းရုပ်တုထံမှလည်း စစ်မှန်သောနတ်စွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ ရုတ်ခြည်းပင် ရီဖူရှင်းသည် သူ့ရပ်နေသောနေရာမှ ဖိအားကို ခံစားလိုက်ရ၏။ နတ်ဘုရားအရှိန်အဝါအောက်မှ ထွက်ပြေးရန် မဖြစ်နိုင်ကြောင်း သူသိပေသည်။

မည်သို့ပင်ဖြစ်စေ ရီဖူရှင်းသည် ထိုနေရာမှ ထွက်ပြေးရန် တစ်ခါမှ မစဉ်းစားခဲ့ဖူးချေ။ ထို့နောက်တွင် သူသည် သူ၏အရှိန်အဝါကို ထျန်ရှန်းရုပ်တုသို့ ရောက်သည်အထိ ဖြန့်ကျက်လိုက်သည်။ ထိုစဉ်တွင် သူ၏နတ်အာရုံသည်လည်း ရုပ်အတွင်းသို့ ဝင်သွားသည်။ အရှေ့သို့ ကြည့်လိုက်သော သူ့မျက်လုံးထဲတွင် တုံ့ဆိုင်းမှုရော၊ ကြောက်ရွံမှုပါ မရှိပေ။

ရီဖူရှင်းသည် ခေါင်းမော့၍ ထျန်ရှန်းဝိညာဉ်ပုံရိပ်ကို ကြည့်သည်။ ဝိညာဉ်ပုံရိပ်သည်လည်း မျက်လွှာချ၍ အောက်ဘက်သို့ ကြည့်သည်။ သူတို့ အကြည့်စုံသွား၏။

ဝုန်း...

အားလုံးသည် ကျယ်လောင်သောအသံတစ်သံကို ကြားလိုက်ရသောအခါ မှင်တက်သွားကြသည်။ လူများစွာသည် မဟာကောင်းကင်ဘုရင်အနောက်ရှိ ထျန်ရှန်းရုပ်တုသည် ပြိုကျလုနီးပါး လှုပ်ခါလာသည်ကို တွေ့လိုက်ရသောအခါ အံ့အားသင့်သွားကြသည်။

မဟာကောင်းကင်ဘုရင်သည် တစ်စုံတစ်ခု မူမမှန်ကြောင်းကို အာရုံခံမိသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ မကြာခင်တွင် သူ့မျက်နှာပေါ်မှ သွေးရောင်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်လာလေသည်။

မည်သည့်ကိစ္စ ဖြစ်ပျက်နေသနည်း။

သူသည် သူနှင့်ရုပ်တု၏ ဆက်နွယ်မှုသည် တဖြည်းဖြည်း အားပျော့လာသည်ကို ခံစားနေရသည်။

ရီဖူရှင်းသည် သူလှမ်းကြည့်လိုက်စဉ်က သူ့ကို အာရုံစိုက်မနေကြောင်း သူသတိပြုမိသည်။ ရီဖူရှင်းသည် ဟင်းလင်းပြင်ထဲမှ ထျန်ရှန်းဝိညာဉ်ပုံရိပ်ထံမှ အကြည့်မခွာပေ။ အားလုံးသည် ရီဖူရှင်းကို အံ့ဩတကြီးကြည့်နေစဉ်တွင် ရီဖူရှင်းသည် ထျန်ရှန်းရုပ်တုကို စိုက်ကြည့်၍ အော်ပြောလိုက်၏။

“ကောင်းကင်နန်းတော်ဟောင်းရဲ့ ရှေးဟောင်းထျန်ရှန်းခင်ဗျား... အရှင့်ရဲ့ နတ်စွမ်းအားကို ဘယ်သူဆက်ခံသင့်တယ်ဆို နှိုင်းနှိုင်းချိန်ချိန်နဲ့ ဆုံးဖြတ်ပေးပါ”

ဝေါင်း...

ထျန်ရှန်းရုပ်တုထံမှနေ၍ ကျောစိမ့်ဖွယ် နတ်စွမ်းအား ထွက်ပေါ်လာပြီး လှုပ်ခါမှုသည် ပို၍ပင် ပြင်းထန်လာသည်။ လူအုပ်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အပြင်းအထန် ရင်ခုန်လာ၏။

ရီဖူရှင်းသည် ရုပ်တုကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေခြင်းလော။

သို့သော် ရီဖူရှင်းသည် ခြေတစ်လှမ်းနောက်ကျခဲ့ပြီး မဟုတ်လော။ သူမရောက်ခင်ကပင် မဟာကောင်းကင်ဘုရင်သည် ရုပ်တု၏ဝိညာဉ်စွမ်းအားနှင့် ဆက်သွယ်နိုင်ခဲ့ပြီးဖြစ်ကာ ၎င်းထံမှ ထျန်ရှန်းနတ်စွမ်းအားကိုပင် ထုတ်ယူနိုင်နေပေပြီ။

ရီဖူရှင်းသည် သူရောက်ရှိလာပြီးနောက် ပထမဆုံးအရာအနေဖြင့် ထိုရုပ်တုကို သိမ်းသွင်းမည်လော။

ထိုနယ်ပယ်တွင် သူ၏ပါရမီသည် အထင်ကြီးစရာ ကောင်းပေသည်။

ရီဖူရှင်းသည် သူ့ပတ်ပတ်လည်တွင် ကြီးကျယ်သော နတ်စွမ်းအားကို ထုတ်လွှတ်လိုက်၏။ သို့သော် အားကောင်းသော နတ်ဘုရားအရှိန်အဝါ ရှိနေပေသေးသည်။ သူသည် ယိမ်းယိုင်ချင်းအလျင်းမရှိဘဲ မားမားမတ်မတ်ရပ်နေ၏။ သူ၏မျက်လုံးများသည် ထျန်ရှန်းဝိညာဉ်ပုံရိပ်ကို ကြည့်နေပြီး သူ့ခန္ဓာကိုယ်မှထွက်ပေါ်နေသော မဟာလမ်းစဉ်စွမ်းအားသည် ရုပ်တုအတွင်း စိမ့်ဝင်နေလေသည်။

သူသည် သူ၏စွမ်းအားဖြင့် နတ်ဘုရားအုပ်စိုးလက်နက်နှင့် ဆက်သွယ်နိုင်ခဲ့သည်။ နတ်ဘုရားအုပ်စိုးလက်နက်နှင့် ဒီမွန်းဓားနှစ်ခုစလုံးသည် သူ့ကိုယ်တွင်းရှိ စွမ်းအားကို အာရုံခံနိုင်ခဲ့သည်။

ထို့ကြောင့် ထျန်ရှန်းရုပ်တုသည်လည်း ထိုသို့လုပ်နိုင်ခဲ့လျှင် အံ့အားသင့်စရာမရှိချေ။

ဝိညာဉ်စွမ်းအားသည် နတ်ဘုရားအုပ်စိုးလက်နက်၏အလင်းနှင့် ပေါင်းစည်းသွားပြီး ရုပ်တုအတွင်းသို့ ဝင်ရောက်သွား၏။ ရုတ်ခြည်းပင် သူသည် ထျန်ရှန်း၏ဝိညာဉ်စွမ်းအားကို အာရုံခံမိလိုက်ပြီး ရှေးဟောင်းထျန်ရှန်းသည် ၎င်းကိုယ်၎င်း ရုပ်တု၏စွမ်းအားအတွင်း၌ ချိပ်ပိတ်ထားကြောင်း သတိပြုမိလိုက်လေသည်။ ရီဖူရှင်းသည် ဝိညာဉ်စွမ်းအားကို အာရုံခံမိသောအခါ ကောင်းကင်အောက်တွင် မားမားမတ်မတ် ရပ်နေသော ဧရာမထျန်ရှန်းကို တွေ့လိုက်ရ၏။ ၎င်းသည် စစ်ပုဆိန်တစ်ခုကို ကိုင်ထားပြီး ပြိုင်ဘက်ကင်းစွမ်းအားကို ပိုင်ဆိုင်လေသည်။

ရုပ်တုများထဲတွင် ဝိညာဉ်စွမ်းအားများ ကျန်ခဲ့သော်လည်း မည်သည့် မဟာအင်ပါယာအဆင့်လက်နက်ကိုမှ မချန်ခဲ့ပေ။ ထိုစဉ်က ရှေးဟောင်းထျန်ရှန်းသည် မဟာအင်ပါယာအဆင့်လက်နက်ကို စစ်မြေပြင်သို့ ယူသွားခဲ့ခြင်း ဖြစ်ရပေမည်။ ဤရုပ်တုများမှာမူ သူတို့ ပြန်မလာနိုင်သည့် စစ်ပွဲသို့ သွားရမည်သဖြင့် ချန်ထားခဲ့သော အကြွင်းအကျန်များ ဖြစ်ပေသည်။

ရီဖူရှင်း၏ နတ်စွမ်းအားသည် ရုပ်တုအတွင်းရှိ စွမ်းအားကို နှိုးလိုက်ပြီး ၎င်းကို သူ၏စွမ်းအားနှင့် ပေါင်းစည်းလိုက်၏။ တဖြည်းဖြည်းဖြင့် မဟာကောင်းကင်ဘုရင်သည် သူ၏ဝိညာဉ်စွမ်းအားက ရုပ်တုအတွင်းမှ တွန်းထုတ်ခံနေရကြောင်း ခံစားလာရပြီး ၎င်းနှင့်သူ၏ဆက်နွယ်နှုကို ဖြည်းဖြည်းချင်း ဆုံးရှုံးလာလေသည်။

ဝုန်း...

ကျယ်လောင်သော အသံတစ်သံကို ကြားလိုက်ရပြီး ထျန်ရှန်းရုပ်တုသည် လှုပ်ခါမှု ရပ်သွားသည်။

မဟာကောင်းကင်ဘုရင်သည် အပြင်းအထန် ရင်တုန်လာသည်။ သူ၏မျက်နှာထားသည် ဂုဏ်ရှိန်ဂုဏ်ဝါမရှိတော့ဘဲ ရီဖူရှင်းကို မယုံနိုင်ဟန်ဖြင့်သာ ငေးကြည့်နေသည်။

ရီဖူရှင်းသည် ထိုကိစ္စကို မည်သို့ လုပ်ခဲ့သနည်း။

ရီဖူရှင်းသည် သူ့ကိုအရေးမစိုက်ဘဲ သူ့အနောက်ရှိ ထျန်ရှန်းရုပ်တုကိုသာ ကြည့်ကာ ပြောလိုက်၏။

“ရှေးဟောင်းထျန်ရှန်းခင်ဗျား... ကျုပ် အရှင့်ရဲ့ နတ်စွမ်းအားကို အမွေဆက်ခံမယ်လို့ ဒီကပဲ ကြေညာလိုက်ပါတယ်”

ရီဖူရှင်းသည် ပြောပြီးသွားသောအခါ ရုပ်တုသည် သူနှင့် ဆက်နွယ်သွားသည်။ သူနှင့်ရုပ်တုကို နတ်အလင်းက ရုတ်တရက် လွှမ်းခြုံသွားသည်။ ထို့နောက်တွင် ရီဖူရှင်း၏ကိုယ်တွင်းရှိ နတ်စွမ်းအားသည် ထကြွလာပြီး သူ့ကိုယ့်တွင်း၌ မြန်ဆန်စွာ လှည့်ပတ်လာသည်။ ဧရာမထျန်ရှန်းဝိညာဉ်ပုံရိပ်ကြီး ပေါ်ပေါက်လာပြီး ကျင့်ကြံသူအုပ်ကြီးသည် အံ့အားသင့်စွာ ကြည့်နေကြသည်။ ၎င်းသည် ယခင်ကထက် ပို၍ပင် ကြီးထွား၊ တင့်တယ်လာပုံပေါ်ပြီး ပြန်လည်အသက်ဝင်လာသည်ဟု ထင်ရသည်။

ကောင်းကင်ထက် တစ်နေရာတွင် ရှိနေသာ ကျိဝူတောက်သည် လေအေးအေးတစ်ရှိုက် ရူသွင်းလိုက်သည်။ သူသည်လည်း ရီဖူရှင်း၏ အပြုအမူများကို စောင့်ကြည့်နေပြီး လွန်စွာ စိတ်ရှုပ်ထွေးနေလေသည်။

ဝုန်း...

ရီဖူရှင်းတစ်ယောက် အရှေ့သို့ လက်ဝါးချက် ရိုက်ထုတ်လိုက်ရာ ကျယ်လောင်သောအသံတစ်သံကို ကြားလိုက်ရ၏။ ရုတ်ခြည်းပင် ဧရာမထျန်ရှန်းဝိညာဉ်ပုံရိပ်သည် ဧရာမနတ်ချိပ်စည်းတစ်ခုကို မဟာကောင်းကင်ဘုရင်ထံသို့ ပစ်လွှတ်လိုက်လေသည်။

သူတို့သည် တစ်ဦးနှင့်တစ်ဦး ခဲတစ်ပစ်စာသာ ကွာပေသည်။ မဟာကောင်းကင်ဘုရင်သည် မှင်တက်နေခြင်းမှ ပြန်အသိမကပ်လာသေးပေ။ ထို့ကြောင့် သူက လက်မြှောက်လိုက်ပြီး သူ့ကိုသူ အသည်းအသန် ကာကွယ်လိုက်ရ၏။ ပြင်းထန်သော ထိတိုက်သံတစ်သံကို ကြားလိုက်ရ၏။ နတ်ဘုရားတစ်ဝက်အဆင့်ကျင့်ကြံသူ မဟာကောင်းကင်ဘုရင်သည် ကြောက်မက်ဖွယ် နတ်စွမ်းအားကြောင့် တော်တော်ဝေးဝေးသို့ လွင့်ပျံထွက်သွားသည်။

All Chapters