← Chapters

နတ်ကျောက်တုံးများ၏ ဆန်းကြယ်မှု

Vol. 190 Ch. 2717

နတ်ကျောက်တုံးများ၏ ဆန်းကြယ်မှု

Vol. 190 Ch. 2717

မျက်တောင်တစ်ခတ်အတွင်းမှာပင် လေထဲတွင် ဝဲနေကြသော နတ်ကျောက်တုံးများသည် ဆွဲယူခံလိုက်ကြရသည်။ ၎င်းတို့အားလုံးသည် ကျင့်ကြံသူအသီးသီး၏ အပိုင်းစီးခြင်းကို ခံခဲ့ရသည်။ ကျင့်ကြံသူအချို့သည် အခြားသူများ ၎င်းတို့ကို ယူငင်သွားခြင်းကို တားဆီးရန် မဟာလမ်းစဉ်စွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။ သို့သော် အချည်းနှီးသာ။

“ဘာမှ မကျန်တော့ဘူးလား...”

တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။ ကျင့်ကြံသူများ အခြေအနေကို မတုံ့ပြန်နိုင်သေးခင်မှာပင် နတ်ကျောက်တုံးအားလုံး လုယက်ခံလိုက်ရပေပြီ။ ၎င်းတို့အားလုံးသည် ခြေရာလက်ရာတစ်ခုပင် မကျန်ဘဲ ပျောက်ကွယ်သွားကြလေသည်။

ထို့အပြင် သူတို့အများစုသည် မည်သူများက နတ်ကျောက်တုံးများကို လုယူသွားသည်ကိုပင် မသိလိုက်ကြချေ။ သူတို့သည် ဖြစ်စဉ်တစ်ခုလုံးကို ရိပ်ခနဲသာမြင်လိုက်ကြရသည်။ နတ်အလင်းများ တောက်ပလာချင်းချင်းပင် နတ်ကျောက်တုံးများသည် ကျင့်ကြံသူအသီးသီး၏ လုယက်ယူငင်မှုကို ခံလိုက်ရလေသည်။

အာကာသစွမ်းအားကို ပို၍ကောင်းစွာ ထိန်းချုပ်နိုင်သူတိုင်းသည် နတ်ကျောက်တုံးများကို ပို၍ရယူနိုင်မည်ဖြစ်သည်။

တုကူးဝူရှဲ့သည် ကျောက်တုံးတော်တော်များများကို ရယူနိုင်ခဲ့သည်။ တိဟောက်နှင့် ဒွန်ဟောင်တိယွမ်သည်လည်း ထို့အတူပင် ဖြစ်သည်။ သို့သော် ထိုကိစ္စအားလုံးသည် အံ့ဩစရာမရှိပေ။ ထို့အပြင် နတ်ကျောက်တုံးများစွာကို ရယူနိုင်ခဲ့သည့် အခြားတစ်ယောက်လည်း ရှိပေသေးသည်။

ထိုသူမှာ ရီဖူရှင်းပင်။

ကျင့်ကြံသူများစွာ၏ အကြည့်များသည် ရီဖူရှင်းအပေါ်သို့ ကျရောက်လာသည်။ ထိပ်တန်းအင်အားစုများမှ ထိပ်သီးအဆင့်များပင် သူ့ကို ကြည့်လိုက်ကြသည်။ ရုတ်ခြည်းအတွင်းမှာပင် မြစိမ်းရောင်နတ်အလင်း တောက်ပလာ၏။ သူတို့သည် ကျောက်တုံးများကို နတ်အလင်းက လွှမ်းခြုံသွားသည်ကို တွေ့လိုက်ရ၏။ ၎င်းတို့သည် အခြား မဟာလမ်းစဉ်စွမ်းအားများ၏ တားဆီးမှုအားလုံးကို လျစ်လျူရှုလိုက်ကြပြီး ၎င်းတို့ရှိနေသောနေရာမှ ပျောက်ကွယ်သွားသည်။

၎င်းတို့ကို ရီဖူရှင်း ယူသွားခြင်းဖြစ်ကြောင်း သိသာပေသည်။

နတ်ဘုရားအုပ်စိုးလက်နက်၏ စွမ်းအားနှင့်ဆိုလျှင် အရာအားလုံး ဖြစ်နိုင်ပုံပင်။

“မိတ်ဆွေရီက တော်တော်လေး ယူထားပြီးပြီ မဟုတ်ဘူးလား...”

တိဟောက်က ရီဖူရှင်းကိုကြည့်၍ မေးလိုက်သည်။

ရီဖူရှင်းသည် ခေါင်းမော့၍ တိဟောက်ကို တစ်ချက်ကြည့်လိုက်၏။ သူ မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

“မင်းလည်း ကျောက်တုံးတော်တော်များများ ယူထားတာပဲ။ လျင်တဲ့လူက လျင်သလိုရတာပဲလေ။ မင်းမှာ အဲဒါနဲ့ ပတ်သတ်ပြီး ပြဿနာရှိလို့လား”

တိဟောက်သည် သူတို့၏ ဤခရီးတွင် လူသားဘုံမှ အင်အားစုများကို ကိုယ်စားပြုပေသည်။

လက်ရှိတွင် ဤကျယ်ပြောသော အမွေအနှစ်ကုန်းမြေပေါ်၌ ရီဖူရှင်းသည် စီဝေ့ကြယ်ကောင်းကင်မှ ကျင့်ကြံသူများကို ဦးဆောင်ပြီး ယူချင်းသည် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို အုပ်စိုးပေသည်။

သူတို့သည် လူသားဘုံမှ အင်အားစုများထက် မနိမ့်ပေ။ အကယ်၍ သူတို့အားလုံးသည် တိုက်ခိုက်ခဲ့လျှင် လူသားဘုံမှအင်အားစုများဘက်က အရေးနိမ့်နိုင်ပေသည်။ ထို့အပြင် မှော်နက်နန်းတော်မှ ရီချင်းယောင်လည်း ရှိပေ‌သေးသည်။ သူမသည် မည်သူ့ဘက်က နေမည်ဟူသော ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြသထားပြီးဖြစ်သည်။

“မရှိပါဘူး... မင်းပြောသလိုပဲ လျင်တဲ့သူက လျင်သလိုရမှာပါပဲ။ ငါက အထင်ကြီးမိနေရုံပါ...”

တိဟောက်သည် ပြုံး၍ ပြန်ပြောလိုက်၏။ သူသည် ရီဖူရှင်းနှင့် ယူချင်းကို ကြည့်လိုက်၏။ ဤရှေးဟောင်းကုန်းမြေပေါ်တွင် သူ ရီဖူရှင်းကို တိုက်ခိုက်၍မရကြောင်း သူသိပေသည်။

ရီဖူရှင်း၏ လက်အောက်ငယ်သားများနှင့် မဟာမိတ်များကို ထည့်မတွက်လျှင်ပင် ရီဖူရှင်းထံတွင် ထူးကဲသော စွမ်းရည်များ ရှိနေပေ‌သေးသည်။

“အဲဒီလိုဆိုမှတော့ နှုတ်ဆက်ပါတယ်...”

ရီဖူရှင်း ပြောလိုက်၏။ သူသည် အပျက်အစီးများကို နောက်ဆုံးတစ်ခေါက်ကြည့်သည်။

ယခုတွင် ဤကောင်းကင်နန်းတော်ဟောင်းတွင် မည်သည့်အဖိုးတန်အရာမှ မကျန်တော့ပေ။ ကျိဝူတောက်သည် ထိုအရာအများစုကို ဖျက်ဆီးပစ်ခဲ့ပြီး ကျန်သောအရာများသည် လုယက်ခံလိုက်ရပေပြီ။

ကောင်းကင်နန်းတော်ဟောင်းသည် အမှန်ပင် အပျက်အစီးတစ်ခုဖြစ်သွားပြီဖြစ်သည်။ အခြားအမွေအနှစ်နယ်မြေများတွင်မူ သင်ကြားမှုများနှင့် ရတနာများ ကျန်နေသေးနိုင်ပေသည်။ သို့သော် ကောင်းကင်နန်းတော်ဟောင်းတည်ရှိနေသာ ဤနယ်မြေထဲတွင်မူ အပျက်အစီး၊ အကျိုးအပဲ့များသာ ကျန်တော့လေသည်။

“သွားစို့...”

ယူချင်းက အမိန့်ပေးလိုက်၏။ သူသည်လည်း နတ်ဆိုးအင်ပါယာနန်း‌တော်မှ ကျင့်ကြံသူများနှင့်အတူ ထွက်သွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် စီဝေ့အင်ပါယာနန်းတော်နှင့် နတ်ဆိုးအင်ပါယာနန်း‌တော်တို့သည် ဤနယ်မြေအတွင်းမှ ပျောက်ကွယ်သွားကြလေသည်။

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် သူတို့ထွက်ခွာသွားသည်ကို ကြည့်နေကြ၏။ သူတို့ထဲမှ အချို့သည် ရီဖူရှင်းကို တိုက်ခိုက်လိုနေကြသော်လည်း သူတို့၏အတွေးကို အကောင်အထည်မဖော်ဝံ့ကြချေ။

လက်ရှိတွင် ရီဖူရှင်းကို တိုက်ခိုက်နိုင်ရန် အလွန်ခက်ခဲပေသည်။

သူတို့၏ လုပ်ရပ်ထဲတွင် အသေးအဖွဲ တွက်ကိန်းအမှားတစ်ခုပင် ရှိခဲ့ပါက သူတို့သည် သေရေး၊ ရှင်ရေး အခြေအနေထဲသို့ ရောက်သွားပေလိမ့်မည်။

ရီဖူရှင်းနှင့် ယူချင်းတို့ ထွက်ခွာသွားပြီးနောက်တွင် အခြားအင်ပါယာအဆင့်အင်အားစုများသည်လည်း အသီးသီး ထွက်ခွာသွားကြသည်။ ဤတစ်ခေါက် သူတို့၏တာဝန်သည် ရှုံးနိမ့်ခဲ့သည်ဟု သတ်မှတ်နိုင်သည်။ ကောင်းကင်နန်းတော်ဟောင်းသည် ကျိဝူတောက်၏ ဖျက်ဆီးမှုကို ခံလိုက်ရ၏။ ထျန်ရှန်းရုပ်တုအားလုံးသည်လည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့သည်။

သူတို့ရရှိခဲ့သည်မှာ နတ်ကျောက်တုံးများသာ ရှိပေသည်။ သို့သော် လောလောဆယ်တွင် မည်သူမှ ထိုကျောက်တုံးများထဲတွင် ဝှက်ထားသည့် လျှို့ဝှက်ချက်များကို မသိချေ။ ထိုကျောက်တုံးများ၏ တန်ဖိုးကို လက်တလောတွင် မဆုံးဖြတ်နိုင်သေးပေ။

အင်အားစုအသီးသီးသည် သူတို့၏ နယ်‌မြေများသို့ ပြန်၍ နတ်ကျောက်တုံးများ၏ ဆန်းကြယ်မှုကို ဖော်ထုတ်လိုနေကြသည်။

ရီဖူရှင်းနှင့် သူ၏မဟာမိတ်များသည် မဟော်ရာဂီအမွေအနှစ်နယ်မြေသို့ ပြန်သွားကြ၏။ ယူချင်းသည်လည်း သူတို့နှင့်အတူ ထိုနယ်မြေသို့ လိုက်လာသည်။ ထို့နောက် သူသည် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို အရင်ဆုံး ထွက်သွားရန် အမိန့်ပေးလိုက်သည်။ သူနှင့် ရီဖူရှင်း၏ဆက်ဆံရေးကို ပြောနေရန် မလိုချေ။ သို့သော် ရီဖူရှင်းသည် နတ်ဘုရားအုပ်စိုးလက်နက်ကို ယူသွားခဲ့သဖြင့် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူတော်တော်များများသည် ရီဖူရှင်းအပေါ် စနိုးစနောင့်ဖြစ်နေကြောင်း သူသိပေသည်။

မည်သို့ပင်ဖြစ်စေ လက်ရှိယူချင်းသည် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများ ရီဖူရှင်းနှင့် ခိုက်ရန်မဖြစ်စေရန် ထိုကျင့်ကြံသူများကို ဖိနှိပ်ထားနိုင်နေပြီဖြစ်သည်။

မဟော်ရာဂီအမွေအနှစ်နယ်မြေ၏ အဓိကအပိုင်းတွင် ရီဖူရှင်းနှင့်အတူ ကောင်းကင်နန်းတော်ဟောင်းသို့ မသွားခဲ့သော ကျင့်ကြံသူများသည် ကြိုးစားပမ်းစား ကျင့်ကြံနေဆဲဖြစ်သည်။ သူတို့သည် တရားထိုင်ခြင်းတွင်သာ စိတ်နှစ်ထားကြပြီး သူတို့ပတ်ဝန်းကျင်ရှိ အရာများကြောင့် စိတ်အနှောင့်အယှက် အဖြစ်မခံကြပေ။

ရီဖူရှင်းတို့လူစုသည် တစ်နေရာသို့ ရောက်လာ၏။ ထို့နောက် သူသည် သူ၏လက်ကို‌ဝှေ့ယမ်းလိုက်ရာ ရုတ်ခြည်းပင် နတ်ကျောက်တုံးများ အဆက်မပြတ်ထွက်ပေါ်လာပြီး အာကာပြင်ထဲတွင် ဝဲနေလေသည်။ ထိုနတ်ကျောက်တုံးများပေါ်တွင် မည်သည့် မဟာလမ်းစဉ်အရောင်အဝါမှ ရှိမနေပေ။ ၎င်းတို့သည် သာမန်ကျောက်တုံးများကဲ့သို့သာ ထင်ရသည်။ ကျိဝူတောက်သည် ၎င်းတို့ကို မတွေ့ခဲ့ခြင်းမှာ အံ့အားသင့်စရာမရှိပေ။

မဟုတ်လျှင် သူသည် သူမထွက်သွားခင်တွင် ၎င်းတို့အားလုံးကို ယူသွားမည်ဖြစ်သည်။

သူသည် ၎င်းတို့ကို အခြားသူများအတွက် ချန်ထားခဲ့မည် မဟုတ်ချေ။

နတ်ဘုရားတစ်ဝက်အဆင့် ကျင့်ကြံသူများပင် နတ်ကျောက်တုံးများကို မခွဲဖျက်နိုင်ပေ။

ရီဖူရှင်းသည် ခေတ္တမျှ တွေးတောလိုက်ပြီး နတ်ကျောက်တုံးတစ်တုံးကို ညွှန်ပြလိုက်သည်။ ၎င်းအပေါ်သို့ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများ ကျဆင်းသွားပြီး ၎င်းကို လွင့်ထွက်သွားစေ၏။ သို့သော် ၎င်းသည် အကောင်းအတိုင်းပင် ရှိပေသေးသည်။ ရီဖူရှင်းသည် ထိုကျောက်တုံးများသည် မည်သို့သော နတ်ပစ္စည်းဖြစ်ကြောင်း မသိပေ။

“အဲဒီစာလုံးတွေမှာ ဘာလျှို့ဝှက်ချက်တွေများ ပါလဲ”

ယူချင်းသည် လေထဲရှိ နတ်ကျောက်တုံးများကို ငေးကြည့်၍ ပြောလိုက်၏။ ထိုကျောက်တုံးများတွင်ရှိသည့် တူညီသောအရာတစ်ခုမှာ ၎င်းတို့အားလုံးပေါ်တွင် စာလုံးတစ်လုံးစီ ထွင်းထားခြင်းဖြစ်သည်။ သို့သော် စာလုံးတစ်လုံးချင်းစီသည် ကွဲပြားပေသည်။

“ရှင်း(လျှောက်လှမ်းသည်)...”

ယူချင်းသည် နတ်ကျောက်တုံးများကို ငေးကြည့်ရင်း ကျောက်တုံးတစ်တုံးပေါ်တွင် ထွင်းထားသည့် စာလုံးတစ်လုံးကို အသံထွက်ဖတ်လိုက်သည်။

“ဇင်(ရတနာ)...”

“ကျန်း(ဓား)...”

“ရှို့(လက်)...”

“ခုန်း(အာကာပြင်)...”

စာလုံးတစ်လုံးချင်းစီသည် ကွဲပြားပြီး ထပ်နေသောစာလုံး မရှိပေ။

ရီဖူရှင်းမှာလည်း ထိုနတ်ကျောက်တုံးများပေါ်ရှိ စာလုံးများကို ငေးကြည့်သည်။ သူ၏နတ်အာရုံသည် ၎င်းတို့ကို လွှမ်းခြုံသွားသည်။ နတ်ကျောက်တုံး‌များပေါ်တွင် မြစိမ်းရောင်အရှိန်အဝါတစ်ခု စီးဆင်းသွားသည်။ သူသည် သူ၏စွမ်းအားအကြီးဆုံး အာရုံခံစွမ်းရည်ကိုသုံး၍ ၎င်းတို့နောက်ကွယ်ရှိ ဆန်းကြယ်မှုကို စူးစမ်းလိုက်သည်။

သို့သော် သူသည် ၎င်းတို့ထဲတွင် မည်သည့်အရှိန်အဝါကိုမှ အာရုံမခံနိုင်သေးပေ။

ထိုနတ်ကျောက်တုံးများသည် အလွန်မာကြောခိုင်မာရုံမျှသာလော။

၎င်းတို့သည် မည်သို့မှ အသုံးမဝင်သည်လော။

သို့သော် ထိုသို့သာဆိုလျှင် အဘယ်ကြောင့် ၎င်းတို့ပေါ်တွင် စာလုံးများ ထွင်းထားသနည်း။

“ရှင်း...”

ရီဖူရှင်းသည် စာလုံးတစ်လုံးကိုကြည့်၍ ‌ရေရွတ်လိုက်သည်။

သူ့ခန္ဓာကိုယ်အတွင်းမှ မဟာလမ်းစဉ်စွမ်းအားထွက်လာပြီး နတ်ကျောက်တုံးဆီသို့ ပျံထွက်သွားသည်။ ၎င်းကို မြစိမ်းရောင် နတ်ရောင်ခြည်များက လွှမ်းခြုံသွား၏။

ကျွီ...

မြစိမ်းရောင်နတ်ရောင်ခြည်သည် စွမ်းအားကြီး စည်းမျဉ်းစွမ်းအား ဖြစ်လာသည်။ ၎င်းသည် ‘ရှင်း’ စာလုံးနှင့် ပေါင်းသည်းသွားပြီး ၎င်းစာလုံးပေါ်တွင် ထပ်ရေးလိုက်သည်။ ထို့နောက်တွင် လူစုသည် စာလုံး၏ဘယ်ဘက်တွင် လင်းလက်လာပြီး နတ်ရောင်ခြည်များ တောက်ပလာလေသည်။

“အဲဒါက ပြန်ပြီးတုံ့ပြန်တယ်...”

စီဝေ့ကျင့်ကြံသူများမှ ကျင့်ကြံသူများသည် မျက်လုံးကျဉ်း၍ ပြောလိုက်ကြသည်။ ရီဖူရှင်းမှာလည်း ပြောင်းလဲမှုများကို သတိပြုမိပေသည်။ သူ၏ဝိညာဉ်စွမ်းအားသည် သူ၏မဟာလမ်းစဉ်စွမ်းအားကို ထိန်းချုပ်လိုက်ပြီး စာလုံး၏ ညာဘက်ကိုလည်း ထပ်ရေးလိုက်သည်။ မကြာခင်မှာပင် စာလုံး၏ ဘေးဘယ်ညာနှစ်ဘက်စလုံးသည် လင်းလက်လာကြသည်။

မြစိမ်းရောင်နတ်ရောင်ခြည်အောက်တွင် ‘ ရှင်း ’စာလုံးသည် အတုမဲ့နတ်အလင်း ရုတ်တရက် တောက်ပလာ၏။ ထိုအလင်းသည် အပြင်သို့ ပြန့်ကားလာသည်။ နတ်ကျောက်တုံးမှနေ၍ အံ့အားသင့်ဖွယ် ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်နေသည်။ ထို့ကြောင့် ကျင့်ကြံသူအားလုံးသည် မမှိန်မသုန် အာရုံစိုက်လိုက်ကြသည်။

ထိုစာလုံးအတွင်း၌ မည်သည့် လျှို့ဝှက်ချက်များ ပါဝင်သနည်း။

ရီဖူရှင်းသည် စာလုံး၏ လျှို့ဝှက်ချက်များကို အားသုံး၍ တိုက်ရိုက်ဖွင့်လိုက်လေသည်။

‘ရှင်း’ စာလုံး တောက်ပလာသည်အခိုက်တွင် မရေမတွက်နိုင်အောင် များပြားသော ‘ရှင်း’ စာလုံးများသည် နတ်ကျောက်တုံးအတွင်းမှ ပျံထွက်လာကြသည်။ ၎င်းတို့သည် ကောင်းကင်ကိုကာရံသွားပြီး ၎င်းတို့၏အလင်းသည် အာကာပြင်ကို လွှမ်းခြုံသွားသည်။ စာလုံးသည် ကျောက်တုံးမှ ထွက်သွားပြီး အဆက်မပြတ် ပြန့်ကားလာသည်။ ၎င်းသည် ကြီးမားလာပြီး ကောင်းကင်ကို လွှမ်းခြုံသွားသည်။

၎င်းသည် အဆပေါင်းများစွာ ကြီးမားလာပြီး ဧရာမ ‘ရှင်း’စာလုံးကြီး၏ အလယ်တွင် ပုံရိပ်ယောင်လူရိပ်တစ်ခု ထွက်ပေါ်လာသည်ကို လူအုပ်သည် အံ့အားသင့်စွာ မြင်လိုက်ရလေသည်။ ထိုပုဂ္ဂိုလ်သည် တင်ပျဉ်ခွေထိုင်နေပြီး ကျင့်ကြံနေပုံရပေသည်။

All Chapters