← Chapters

ဖြေရှင်းခြင်း

Vol. 190 Ch. 2718

ဖြေရှင်းခြင်း

Vol. 190 Ch. 2718

“ရှင်း”စာလုံးမှနေ၍ နတ်ရောင်ခြည်များ ထွက်ပေါ်လာပြီး ပြန့်ကားလာကာ ရီဖူရှင်းကို လွှမ်းခြုံသွားသည်။ သူသည် စာလုံးလွှမ်းခြုံထားသော နေရာထဲတွင် နှစ်မြုပ်နေပြီး ပုံရိပ်ယောင်လူရိပ်နှင့် မျက်နှာချင်း ဆိုင်နေလေသည်။

ပုံရိပ်ယောင်သည် အဆက်မပြတ် လှုပ်ရှားနေပြီး ဆန်းကြယ်သော ဝိညာဉ်စွမ်းအား ထွက်ပေါ်လာ၏။ ပတ်ဝန်းကျင်တွင်လည်း ပုံရိပ်ယောင်များ အများအပြား ထွက်ပေါ်လာ၏။

“ဒါက...”

တစ်စုံတစ်ယောက်က ရေရွတ်လိုက်၏။ ပတ်ဝန်းကျင်မှာ ကျင့်ကြံသူများသည် အပြင်းအထန် ရင်ခုန်နေကြသည်။ သူတို့အားလုံးသည် သူတို့ရှေ့ရှိ အံ့အားသင့်ဖွယ်မြင်ကွင်းကို မျက်တောင်မခတ်တန်း ကြည့်နေကြသည်။ နတ်ကျောက်တုံးသည် ကောင်းကင်ထဲတွင် ဆက်၍မျောလွင့်နေသည်။”ရှင်း”စာလုံး နိုးထလာသောအခါ နတ်ကျောက်တုံးသည် နတ်အလင်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ရီဖူရှင်း၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ စက်ကွင်းတစ်ခုသည် ကျောက်တုံးထြတွင် ချိပ်ပိတ်ခံထားရခြင်း ဖြစ်နိုင်ပြီး စာလုံးသည် ချိပ်ပိတ်ထားသည်ကို ဖယ်ရန် သော့ချက်ဖြစ်နိုင်ပေသည်။

“အဲဒါက နတ်အတတ်တစ်ခုနဲ့ တူတယ်”

တစ်စုံတစ်ယောက် မှတ်ချက်ပြုလိုက်၏။

“အင်း... အဲဒီအတတ်နဲ့ ကောင်းကင်နန်း‌တော်ဟောင်းက သူတို့ရဲ့ ကျင့်စဉ်တွေ၊ အတတ်ပညာတွေကို မှတ်တမ်းတင်ထားတာ ဖြစ်ရမယ်။ အဲဒါတွေကို နံရံပေါ်မှာ ထွင်းမယ့်အစား သူတို့က နတ်ကျောက်တုံးတွေထဲမှာ ချိပ်ပိတ်ထားခဲ့တာပဲ။ အဲဒီကျောက်တုံးထဲက အတတ်တွေကို လေ့လာချင်တယ်ဆိုရင် ကျောက်တုံးကို မဟာလမ်းစဉ်စွမ်းအားနဲ့ ချိပ်ပိတ်တာကို ဖယ်ရမယ်”

ဓားဧကရာဇ်အရှင်က သုံးသပ်လိုက်သည်။

“အဲဒီလိုဆိုရင် နတ်ကျောက်တုံးတစ်တုံးစီက ကောင်းကင်နန်းတော်ဟောင်းရဲ့ ထူးခြားတဲ့နတ်အတတ်တစ်ခုစီကို မှတ်သားထားလာ”

ဒီဗာအိမ်တော်သည် တပ်ဖွဲ့ရှစ်ဖွဲ့ထဲတွင် ခေါင်းဆောင်ဖြစ်သည်။ ရှေးဟောင်းကောင်းကင်အင်ပါယာ၏ အမိန့်အောက်၌ ကောင်းကင်နန်းတော်ဟောင်းတွင် မရေမတွက်နိုင်အောင်များပြားသော ထျန်ရှန်းများ ရှိခဲ့လေသည်။

သူတို့ထံတွင် နတ်အတတ်ပညာများစွာ ရှိပေသည်။ သူတို့သည် ထူးခြားသော နတ်အတတ်များ၊ ကျင့်စဉ်များကို ပိုင်ဆိုင်ပေသည်။ အပျက်အစီးများထဲတွင် မရေမတွက်နိုင်အောင် များပြားသော နတ်ကျောက်တုံးများရှိသော်လည်း ကောင်းကင်နန်းတော်တွင် နတ်ရတနာများစွာ ရှိသည်ကို ထောက်ဆာလျှင် အံ့အားသင့်ဖွယ် မရှိချေ။

“ကျုပ်တို့ဆီမှာ နတ်ကျောက်တုံး(၁၀၀)ကျော်လောက် ရှိတယ်”

တစ်စုံတစ်ယောက်က ပြောလိုက်၏။

ထိုပမာဏသည် ကောင်းကင်နန်းတော်ဟောင်းမှ လူများအတွက် မပြောပလောက်ပေ။ သို့သော် ဤနေရာရှိ လူများအတွက်မူ အံ့အားသင့်ဖွယ်ကောင်းလှသည်။ အကယ်၍ ဤနေရာရှိ နတ်ကျောက်တုံး(၁၀၀)စလုံးတွင် နတ်အတတ်များ၊ ကျင့်စဉ်များ ပါ,ပါက ရီဖူရှင်းတို့လူစုသည် ယခုတွင် ရှေးခေတ်မှ နတ်အတတ်(၁၀၀)ကျော်ကို ပိုင်ဆိုင်ထားသည့် အဓိပ္ပာယ်ပင်။

ထိုသတင်းသည် အံ့အားသင့်ဖွယ် သတင်းဖြစ်ပေသည်။

ကောင်းကင်နန်းတော်ဟောင်း၏ နတ်ရတနာများသည် အပျက်အစီးအချို့ထဲတွင် ဝှက်ထားပေသည်။ မည်သူသည် ထိုသို့ တွေးခဲ့မည်နည်း။ အကယ်၍ ကောင်းကင်ဘုံမှ ကျင့်ကြံသူများသာ ထိုအကြောင်းကို သိသွားပါက သူတို့သည် ရွှေရောင်အခွင့်အရေးကို ဆုံးရှုံးခဲ့သည့်အတွက် ပူဆွေးကြလောက်ပေသည်။ အပျက်အစီးများသည် သူတို့မျက်စိရှေ့တွင် ရှိနေခဲ့သော်လည်း သူတို့သည် ၎င်းတို့ကို တစ်ချက်ပင် မကြည့်ခဲ့ကြပေ။

“အဲဒါက နတ်အတတ်တစ်ခုပဲ”

ရီဖူရှင်းသည် လူအုပ်ဘက်သို့လှည့်၍ ပြောလိုက်၏။

သူ၏မျက်လုံးများသည် စိတ်လှုပ်ရှား တောက်ပနေသည်။ အကယ်၍ နတ်ကျောက်တုံး(၁၀၀)ထဲတွင် နတ်အတတ်(၁၀၀)ပါ,ပါက စီဝေ့ကြယ်ကောင်းကင်မှ ကျင့်ကြံသူများသည် ယခုမှစ၍ မည်သည့်အခါမှ နတ်အတတ်ပညာများ ရှားပါးမည် မဟုတ်တော့ပေ။ အားလုံးသည် ထိပ်တန်းအတတ်ပညာများကို သင်ယူနိုင်တော့မည် ဖြစ်သည်။

သူတို့တွင် သူတို့၏ခန္ဓာကိုယ်များနှင့် အရည်အချင်းများကို ကူညီမြှင့်တင်ပေးနိုင်သည့် ဆေးလုံးများ ရှိကြသည်။

သူတို့ သိမ်းပိုက်ထားခဲ့သော မဟာအင်ပါယာများ၏ အမွေအနှစ်များသည် သူတို့ကို ဆက်၍ ပြောင်းလဲတိုးတက်လာစေသည်။ ယခုတွင် သူတို့တွင် ကျင့်ကြံနိုင်မည့် နတ်အတတ်များ ရှိလာပေပြီ။ စီဝေ့ကြယ်ကောင်းကင်မှ ကျင့်ကြံသူများသည် ကျင့်ကြံခြင်းအရင်းအမြစ်များစွာကို ရရှိနိုင်ခဲ့သဖြင့် အမှန်ပင် ကံကောင်းလေသည်။ သူတို့ရရှိထားသော အရင်းအမြစ်များသည် အင်ပါယာအဆင့်အင်အားစုများ ရရှိထားသော အရင်းအမြစ်များနှင့်ပင် ယှဉ်နိုင်ပေသည်။ အချို့နေရာများတွင် စီဝေ့ကြယ်ကောင်းကင်ကပင် ပိုသာပေသေးသည်။

စီဝေ့ကြယ်ကောင်းကင်နှင့် အင်ပါယာအဆင့်အင်အားစုများအကြားမှ တစ်ခုတည်းသော ကွာခြားချက်သည် စီဝေ့ကြယ်ကောင်းကင်သည် လက်ရှိ လောကအတွင်းရှိ မဟာအင်ပါယာခြောက်ပါးနှင့် ယှဉ်နိုင်မည့် မဟာအင်ပါယာတစ်ပါး ရှိမနေခြင်းသာ ဖြစ်သည်။

ရီဖူရှင်းသည် စီဝေ့အင်ပါယာနန်းတော်အပြင် စီဝေ့ကြယ်ကောင်းကင်အတွင်းရှိ အခြားအင်အားစုများ၏ အင်အားကိုလည်း ဖြည်းဖြည်းချင်း တိုးမြှင့်လိုပေသည်။ နောင်တွင် ထိုအင်အားစုများသည် အခြားလောကများမှ ထိပ်သီးအင်အားစုများကဲ့သို့ သေချာပေါက် အင်အားကြီးလာမည်ဖြစ်သည်။ သို့သော် မကြာသေးခင်က ဖြစ်ပျက်ခဲ့သော အရေးပါသည့် ပြောင်းလဲမှုများကြောင့် အနာဂတ်တွင် အရာအားလုံး ကွဲပြားသွားပေလိမ့်မည်။ ထူးခြားသော ကျင့်ကြံသူများသည် ပို၍ ထွက်ပေါ်လာပေပြီ။

“ဒီနတ်အတတ်က စွမ်းအားကြီးတဲ့ လှုပ်ရှားမှုအတတ်ပဲ။ အဲဒါကြောင့် အဲဒီနတ်အတတ်ကို သိမ်းထားတဲ့ နတ်ကျောက်တုံးပေါ်မှာ “ရှင်း” စာလုံးကို ထွင်းထားတာပဲ”

ရီဖူရှင်းသည် လေသံတိုးတိုးဖြင့် ပြောလိုက်၏။ သို့ဆိုလျှင် နတ်ကျောက်တုံးတစ်တုံးချင်းပေါ်တွင် ထွင်းထားသော စာလုံးများသည် နိုးရမည့် သော့ချက်သာ ဟုတ်ပုံမပေါ်ပေ။ ၎င်းစာလုံးများသည် အညွှန်းအမှတ်အသားများလည်း ဖြစ်ပေသည်။

စာလုံးသည် ကျောက်တုံးအတွင်း၌ သိမ်းဆည်းထားသည့် နတ်အတတ်အမျိုးအစားကို ဖော်ပြလေသည်။

“ကျန်း...”

ဓားဧကရာဇ်အရှင်သည် “ကျန်း” စာလုံးထွင်းထားသည့် နတ်ကျောက်တုံးကို ကြည့်သည်။

အကယ်၍ ရီဖူရှင်း၏ခန့်မှန်းချက်သာ မှန်လျှင် ထိုစာလုံးအတွင်း၌ ချိပ်ပိတ်ထားသော အတတ်သည် ထျန်ရှန်းများ ဖန်တီးထားသော ဓားအတတ်ဖြစ်ပေလိမ့်မည်။ သူ့ရင်ထဲတွင် မျှော်လင့်ချက်များ ပြည့်တက်လာသည်။ သူသည် သူ၏ထိုက်ရှန့်ဓားအတတ်တွင် ပြီးပြည့်စုံသောအဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း လောကထဲတွင် လေ့လာရန် ထိုက်တန်သည့် ထိပ်တန်းဓားအတတ်များ ရှိနေပေသေးသည်။ သူသည် ကျောက်တုံးအတွင်းရှိ ဓားအတတ်ကို ကျင့်ကြံရန် မရွေးချယ်ခဲ့လျှင်ပင် သူသည် ၎င်း၏စွမ်းအားကို သူ၏ဓားအတတ်ကို မွမ်းမံရာတွင် အသုံးပြုနိုင်ပေသည်။

“ဓားဧကရာဇ်... စမ်းကြည့်ပါ”

ရီဖူရှင်းသည် ဓားဧကရာဇ်အရှင်၏အကြည့်ကို သတိပြုမိလိုက်သဖြင့် ပြောလိုက်၏။ ဓားဧကရာဇ်အရှင် ခေါင်းညိတ်လိုက်၏။ ထို့နောက်တွင် ထိုက်ရှန့်ဓားအတတ်၏ ဝိညာဉ်စွမ်းအားသည် ထိုကျောက်တုံးဆီသို့ ပျံထွက်သွားသည်။ ထိုက်ရှန့်ဓားအတတ်၏ အားကောင်းသော အရှိန်အဝါသည် နတ်ကျောက်တုံးကို ဖိနှိပ်လိုက်ပြီး စာလုံးပေါ်တွင် အလင်းခပ်မှိန်မှိန် တောက်ပလာစေလေသည်။

လူအုပ်သည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ဓားဧကရာဇ်အရှင်၏ ကျင့်ကြံခြင်းသည် နန်းတော်သခင်ထက် ပိုမြင့်သော်လည်း သူသည် နတ်ကျောက်တုံး၏ လျှို့ဝှက်ချက်ကို နန်းတော်သခင်ကဲ့သို့ ချောချောမွေ့မွေ့ မဖြေရှင်းနိုင်သေးဟု တွေးလိုက်ကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့၏မဟာလမ်းစဉ်ဝိညာဉ်စွမ်းအားများက ကွာခြားခြင်းကြောင့် ဖြစ်နိုင်ပေသည်။ ရီဖူရှင်းသည် သူ၏ဝိညာဉ်စွမ်းအားထဲတွင် နတ်ဘုရားအုပ်စိုးလက်နက်၏ စွမ်းအားကို ပေါင်းစည်းထားပေသည်။ ထို့ကြောင့် သူသည် နတ်ကျောက်တုံးတစ်တုံးကို အလွယ်တကူ နှိုးနိုင်ခဲ့ခြင်းဖြစ်သည်။

ဓားဧကရာဇ်အရှင်သည် သူ၏ဝိညာဉ်စွမ်းအားကို နတ်ကျောက်တုံးများအတွင်းသို့ ဆက်၍ ထည့်သွင်းလိုက်သည်။

စာလုံးသည် ပို၍ တောက်ပလာပြီး တဖြည်းဖြည်းဖြင့် အတုမဲ့ ဓားအတတ်နတ်ရောင်ခြည်တစ်ခုသည် ၎င်းထံမှ ထွက်ပေါ်လာလေသည်။ ထို့နောက်တွင် လွှမ်းမိုးအားကြီးသော ဓားအတတ်နတ်ရောင်ခြည်သည် ကျောက်တုံးအတွင်းမှ ထွက်ကျလာ၏။ အလင်းသည် စူးရှသောဝိညာဉ်စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်ပြီး လူအုပ်အတွင်းမှ ကျင့်ကြံသူများစွာကို ထိန်းမနိုင်သိမ်းမရ နောက်ဆုတ်ကာ လူစုခွဲသွားစေ၏။ ဓားဧကရာဇ်အရှင်သာ သူ၏မူလနေရာတွင် ကျန်နေခဲ့သည်။ သူ၏အကြည့်သည် စာလုံးပေါ်တွင်သာ ရှိနေပြီး သူသည် သူ့ကိုယ်သူ ထူးခြားသော ဓားဝိညာဉ်စွမ်းအားထဲတွင် နှစ်မြှုပ်လိုက်လေသည်။

“သူ အဲဒါကို ဖွင့်နိုင်လိုက်ပြီ”

တစ်စုံတစ်ယောက်က ပြောလိုက်၏။

“အမှန်ပဲ... နတ်ကျောက်တုံးတစ်တုံးစီမှာ နတ်အတတ်တစ်ခုစီ ပါတယ်”

တစ်စုံတစ်ယောက်က ထပ်ပြောလိုက်၏။

စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ရင်ခုန်လာကြသည်။ အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည်လည်း ထို့အတူသာ ဖြစ်သည်။ ထိုမတိုင်ခင်က သူတို့၏ ခန့်မှန်းချက်သည်ပင် သူတို့ကို အလွန်စိတ်လှုပ်ရှားစေခဲ့သည်။ ယခုတွင် သူတို့ရှေ့ရှိ မြင်ကွင်းသည် သူတို့၏ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း သက်သေပြလိုက်ပေပြီ။ နတ်ကျောက်တုံးတစ်တုံးစီတိုင်းတွင် နတ်အတတ်တစ်ခုစီ ပါဝင်ပေသည်။

ဤနေရာတွင် နတ်အတတ်(၁၀၀)ကျော် ရှိပေသည်။

ရီဖူရှင်းမှာလည်း စိတ်လှုပ်ရှားနေ၏။ သူသည် အခြားသူများကို ပြောလိုက်၏။

“အားလုံးပဲ စမ်းကြည့်ကြပါ။ ခင်ဗျားတို့ နတ်ကျောက်တုံးတွေကို ဖွင့်နိုင်မလား ကြည့်ကြည့်ကြပေါ့”

လူအုပ်သည် ခေါင်းညိတ်လိုက်ပြီး နတ်ကျောက်တုံးများကို စတင်စမ်းကြည့်သည်။ သို့သော် မည်သူမှ မအောင်မြင်ခဲ့ပေ။ ဒုတိယကပ်ဘေးအဆင့်ကျင့်ကြံသူနှစ်ဦးပင် နတ်ကျောက်တုံးများကို ချင်ချင်းမဖွင့်နိုင်ခဲ့ချေ။

နတ်ကျောက်တုံးပေါ်တွင် ထွင်းထားသော”ရှင်း”စာလုံးသည် ရီဖူရှင်း၏လက်ထဲတွင် မှေးမှိန်သွားသည်။ သူသာ သူ၏မဟာလမ်းစဉ်စွမ်းအားကို မထောက်ပံ့နေလျှင် ၎င်းသည် ၎င်းဘာသာ ပြန်ချိပ်ပိတ်သွားမည့်ပုံပင်။ သူသည် အခြားသူများကို ကြည့်နေသဖြင့် ထိုကျောက်တုံးကို အာရုံမစိုက်နိုင်တော့ပေ။ လက်ရှိအချိန်သည် သူ ကျင့်ကြံသင့်သည် အချိန် မဟုတ်သေးပေ။

ရီဖူရှင်းသည် မည်သူမှ နတ်ကျောက်တုံးများနောက်ရှိ ပြိုင်ဘက်ကင်းဆန်းကြယ်မှုကို မဖြေရှင်းနိုင်ကြောင်း တွေ့လိုက်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်လေသည်။ ထိုနတ်ကျောက်တုံးများ၏ လျှို့ဝှက်ချက်များကို အလွယ်တကူ ဖော်နိုင်လောက်မည် မဟုတ်ပေ။ သူ၏စွမ်းအားသည် ထူးကဲ၍ ဓားဧကရာဇ်အရှင်၏စွမ်းအားသည် ထူးခြားသောကြောင့်သာ လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူတို့၏ မဟာလမ်းစဉ်များသည်လည်း နတ်ကျောက်တုံးများအတွင်းရှိ အတတ်များနှင့် ကိုက်ညီသည်။ ထို့ကြောင့်သာ သူတို့သည် ထိုကျောက်တုံးများကို ဖွင့်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် အခြားသူများအတွက်မူ ကိစ္စများသည် ထိုမျှ မရိုးရှင်းပေ။

“နတ်မိမယ်ချီယောင်...”

ရီဖူရှင်းသည် ရှီးချီယောင်ကို လှမ်းခေါ်လိုက်သည်။ ရှီးချီယောင်သည် သူ့ကို လှမ်းကြည့်လိုက်၏။ ရီဖူရှင်းသည် နတ်ကျောက်တုံးတစ်တုံးကို ညွှန်ပြကာ ပြောလိုက်၏။

“အဲဒီတစ်တုံးကို စမ်းကြည့်ပါလား...”

ရှီးချီယောင်သည် ထိုကျောက်တုံးကို ကြည့်သည်။ ၎င်းပေါ်တွင် ထွင်းထားသော စာလုံးမှာ”ယွီ”ဖြစ်သည်။

“ကောင်းပြီ...”

ရှီးချီယောင်သည် ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။ သူမသည် ရီဖူရှင်း၏ ရည်ရွယ်ချက်ကို နားလည်၏။ နတ်ကျောက်တုံးများကို ဖွင့်ရန် ကျောက်တုံးပေါ်ရှိ စာလုံးနှင့် ဖွင့်သူ၏ ကျင့်ကြံခြင်းသည် ကိုက်ညီမှုရှိရမည်ဟု သူခန့်မှန်းမိခဲ့သည့်ပုံပင်။

မိုးစက်နတ်ဓား၏ နတ်စွမ်းအားသည် ရှီးချီယောင်၏ လက်ချောင်းများထဲသို့ စီးဝင်သွားပြီး သူမသည် နတ်ကျောက်တုံးကို ညွှန်ပြလိုက်သည်။ ရုတ်ခြည်းပင် ၎င်းထံသို့ မိုးစက်များ ပျံထွက်သွားပြီး စာလုံးအပေါ်တွင် ထပ်သွားသည်။ တဖြည်းဖြည်းဖြင့် စာလုံးသည် ခပ်မှိန်မှိန်တောက်ပလာလေသည်။

“ဒါပဲ...”

ရှီးချီယောင်၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။ မကြာခင်မှာပင် သူမသည် ထိုနတ်ကျောက်တုံး၏ ဆန်းကြယ်မှုကို ဖြေရှင်းနိုင်ခဲ့ပြီး ၎င်း၏စက်ကွင်းထဲသို့ ရောက်သွားသည်။ လောကတစ်ခွင်လုံးသည် မိုးလောကတစ်ခု ဖြစ်သွားသည်။ သူမသည် အတိတ်က မိုးနတ်ဘုရားကို တွေ့လိုက်သည်။ သူမ စိတ်လှုပ်ရှားသွား၏။ ထိုစွမ်းအားသည် သူမ၏ကျင့်ကြံခြင်းနှင့် အလွန်ကိုက်ညီပေသည်။

ရီဖူရှင်းသည် ထိုမြင်ကွင်းကို မြင်သောအခါ တစ်စုံတစ်ခုကို နားလည်သွားသည်။ ကြည့်ရသည်မှာ နတ်ကျောက်တုံးများ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ရန် အရေးကြီးသော လိုအပ်ချက်နှစ်ချက် ရှိသည့်ပုံပင်။ သူတို့ထံတွင် လုံလောက်အောင် စွမ်းအားကြီးသော မဟာလမ်းစဉ်ရှိရန် လိုအပ်ပြီး သူတို့၏မဟာလမ်းစဉ်သည် နတ်ကျောက်တုံးများနှင့် ကိုက်ညီမှု ရှိရပေမည်။

ထိုမှသာ သူတို့သည် နောက်ကျောက်တုံးများကို ဖွင့်နိုင်မည်ဖြစ်ပြီး ၎င်းတို့အတွင်းတွင် ပါဝင်သော နတ်အတတ်များကို လေ့လာနိုင်မည်ဖြစ်သည်။

ဤနေရာရှိ လူများထဲတွင် ရီဖူရှင်း၊ ဓားဧကရာဇ်အရှင်နှင့် ရှီးချီယောင်တို့ သုံးဦးသည်သာ နတ်ကျောက်တုံးတစ်တုံးစီကို ဖွင့်နိုင်ခဲ့လေသည်။

သို့ဆိုလျှင် နတ်ကျောက်တုံးများကို ယူသွားခဲ့သော အခြားအင်အားစုများမှ ကျင့်ကြံသူအများစုသည်လည်း ကျောက်တုံးများကို ဖွင့်နိုင်မည်မဟုတ်လောက်ပေ။ ထိပ်သီးအနည်းငယ်သာ နတ်ကျောက်တုံးများ၏ ဆန်းကြယ်မှုများကို ဖော်ထုတ်နိုင်ပေလိမ့်မည်။

ရီဖူရှင်း တွေးလိုက်၏။

“ငါ့ရဲ့စွမ်းအားက နတ်ကျောက်တုံးအားလုံးကို ဖွင့်နိုင်လောက်လား...”

သူသည် အခြားနတ်ကျောက်တုံးတစ်တုံးကို ကြည့်သည်။ သူ့ခန္ဓာကိုယ်မှနေ၍ မြစိမ်းရောင်နတ်အလင်း တောက်ပလာသည်။

သူ၏သက်စောင့်ဟော်နန်းအတွင်းမှ နတ်စွမ်းအားထွက်လာပြီး ကျောက်တုံးအတွင်းသို့ ဝင်သွားသည်။

ထို့နောက်တွင် ကျောက်တုံးသည် နတ်ရောင်ခြည်များ တောက်ပလာပြီး ပြောင်းလဲမှုများ ဖြစ်ပေါ်လာ၏။

“ငါလုပ်နိုင်တယ်”

ရီဖူရှင်း သူ့ဘာသာ ပြောလိုက်၏။ ထို့နောက်တွင် သူသည် အခြားနတ်ကျောက်တုံးများကို ဖွင့်ရန် ကြိုးစားလိုက်သည်။ နတ်ကျောက်တုံးများပေါ်မှ စာလုံးများ တစ်ခုပြီးတစ်ခု လင်းလင်လာ၏။ လူအုပ်သည် ရီဖူရှင်းတစ်ယောက် ၎င်းတို့အားလုံးကို နှိုးပေးနေကြောင်း သတိပြုမိသည်။ သူ၏မဟာလမ်းစဉ်စွမ်းအားသည် အရာအားလုံးနှင့် ကိုက်ညီမှု ရှိပေသည်။

သို့ဆိုလျှင် သူတို့သည် ဤနေရာရှိ နတ်ကျောက်တုံး(၁၀၀)ကျော်လုံးကို ဖွင့်နိုင်ပေလိမ့်မည်။ သူတို့သည် ကျောက်တုံးတိုင်းတွင် ချိပ်ပိတ်ထားသော နတ်အတတ်များကို ကျင့်ကြံနိုင်ပေလိမ့်မည်။

သို့သော် သူတို့သည် ထိုသို့လုပ်နိုင်ရန် ရီဖူရှင်းကို ဒုက္ခများစေရမည် ဖြစ်သည်။ သူတို့သည် နတ်ကျောက်တုံးများ၏ ချိပ်စည်းကိုဖယ်ရန် ရီဖူရှင်း၏အကူအညီကို လိုအပ်ပေသည်။

ရီဖူရှင်း ကြိုးစားမှုကို ရပ်တန့်လိုက်သည်။ သူသည် လေးလေးနက်နက် တွေးတောလိုက်ပြီး နတ်ကျောက်တုံးများကို ငေးကြည့်လိုက်၏။ သူ ကျောက်တုံးတစ်တုံးစီကို ကိုက်ညီသည့် ကျင့်ကြံသူတစ်ဦးစီနှင့် တွဲဖက်မပေးနိုင်ခင်တွင် နတ်ကျောက်တုံးအားလုံးထဲတွင်ပါသည့် နတ်အတတ်အားလုံးကို သိအောင်လုပ်ရန်ပင် အချိန်များစွာ လိုပေလိမ့်မည်။

သို့သော် ထိုသို့ လိုက်လုပ်နေခြင်းသည် ကောင်းမွန်သော ဖြေရှင်းနည်းမဟုတ်ပေ။ အခြားသူများသည် သူတို့အလိုရှိသည့်အချိန်တိုင်း နတ်အတတ်များကို ကျင့်ကြံနိုင်ရေးအလို့ငှာ နတ်ကျောက်တုံးများကို နှိုးရန်အတွက် သူတို့ကိုယ်သူတို့ မှီခိုရန် လိုအပ်ပေသေးသည်။

ထို့အပြင် ရီဖူရှင်းသည် အခြားကိစ္စကိုလည်း တွေးလိုက်သည်။ ထိုနတ်ကျောက်တုံးများသည် လွန်စွာအဖိုးတန်ပေသည်။

All Chapters