← Chapters

ကောင်းကင်ပန်းချီကား

Vol. 54 Ch. 748

ကောင်းကင်ပန်းချီကား

Vol. 54 Ch. 748

“ကောင်းကင်ပန်းချီကားဆိုတာ ဘာလဲ”

ချင်းယွီက အံ့ဩဟန်ဖြင့် မျက်တောင်ခတ်ကာ မေးလိုက်သည်။ ကျန်းရီသည်လည်း အံ့အားသင့်နေသည်။ သူ၏လျှောက်ခြစ်ထားသည့်ပန်းချီကားက ဖုန်းလန်ကို ထိုသို့ ချီကျူးအောင် အမှန်တကယ် လုပ်နိုင်ခဲ့သည်လော။ အကယ်၍ သူက ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်လျှင် ဖုန်းလန်၏ ပန်းချီစွမ်းရည်က သူမကို ဉာဏ်ကြီးရှင်များအကြားမှ ဉာဏ်ကြီးရှင် ဖြစ်မသွားစေသလော။

ဖုန်းလန်က တံတွေးမျိုချ၍ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“သခင်လေးတို့နှစ်ယောက်က ပန်းချီပညာကို သိပ်မသိလို့ နားမလည်တာပါ။ အနုပညာအကြောင်းကို နားလည်တဲ့သူဆိုရင် ပန်းချီပညာရှင်တွေကို အဆင့်ငါးဆင့် ခွဲထားတယ်ဆိုတာ သိပါလိမ့်မယ်။ ပထမအဆင့်ကို အနုပညာရှင်လို့ ခေါ်ပါတယ်၊ ဒုတိယအဆင့်ကို အနုပညာဆရာသခင်လို့ ခေါ်ပါတယ်၊ တတိယအဆင့်က အနုပညာဘိုးဘေးပါ၊ စတုတ္ထအဆင့်က အနုပညာဘုရင်... အမြင့်ဆုံးအဆင့်ကိုတော့ အနုပညာဧကရာဇ်လို့ ခေါ်တယ်။ ဂီတလောကမှာလည်း အဲ့လိုမျိုး အဆင့်တွေရှိတယ်။ ဂီတဘက်မှာ အဆင့်မြင့်အဆင့်ရှိတဲ့သူတွေ အများကြီးရှိတယ်။ တကယ်လို့ သူတို့က အမြင့်ဆုံးအဆင့်ကို ရောက်သွားရင် ဂီတဧကရာဇ်တွေ ဖြစ်လာကြမှာ”

ချင်းယွီသည် နားမလည်သေးသဖြင့် တွေတွေဝေဝေ ကြည့်နေသေး၏။

“အဲ့ဒါတွေက သခင်လေးနဲ့ ဘာဆိုလို့လဲ။ ညီမ ခံစားရတာတော့... သခင်လေးရဲ့ ပန်းချီကားက သာမန်ပါပဲ”

“ဟဲဟဲ...”

ကျန်းရီ ရယ်လိုက်၏။ ထိုပန်းချီကားက အဘယ်သို့ သာမန်ဖြစ်နိုင်မည်နည်း။ ယင်းသည် ကြည့်ပင် မကြည့်နိုင်လောက်အောင် ဆိုးဝါးပေသည်။

ဖုန်းလန်က ခေါင်းခါ၍ ပြောလိုက်၏။

“ငါ ရှင်းပြတာကို နားထောင်၊ ပန်းချီလောကမှာ အဆင့်ခွဲတာက တင်းကျပ်တယ်။ ပုံမှန်ဆိုရင် ကြည့်ပျော်ရှုပျော်ရှိအောင် ရေးဆွဲတတ်တဲ့သူတွေကိုပဲ အနုပညာရှင်လို့ ခေါ်တာ။ အနုပညာဆရာသခင်အဆင့်ကို ရောက်နိုင်ရင်တောင် မဆိုးတော့ဘူး။ ဒါပေမဲ့ အနုပညာဘိုးဘေးအဆင့်ကို ရောက်သွားရင်တော့ ပန်းချီကားတစ်ချပ်က ကောင်းကင်ကျောက်တုံး သောင်းချီပြီး တန်လိမ့်မယ်။ ခန့်မှန်းခြေအရဆို ငါ့ရဲ့ အဆင့်က အနုပညာဘိုးဘေးအဆင့်ကို ရောက်တယ်ဆိုရုံပဲ ရှိသေးတယ်။ အနုပညာဘိုးဘေးအဆင့်ရဲ့ အထက်က အနုပညာဘုရင်အဆင့်ပဲ။ အဲ့အဆင့်ပန်းချီပညာရှင်တစ်ယောက်ရဲ့ ပန်းချီကားတစ်ချပ်က ကောင်းကင်မှ ပြုလုပ်ထားတဲ့ အနုပညာတစ်ခုလိုပဲ။ သူတို့ရဲ့ ပန်းချီကားတွေက အစစ်အတိုင်းပဲ။ တကယ်လို့ သူတို့သာ လူတစ်ယောက်ပုံကို ဆွဲရင် တကယ့်လူအစစ်လားလို့တောင် ထင်ရတယ်...”

“ဟုတ်တယ်... အဲ့ဒါ အမှန်ပဲ။ မမဆွဲထားတဲ့ သခင်လေးရဲ့ ပုံတူပန်းချီကားတွေက တကယ့်ကို အစစ်နဲ့တူတယ်။ အရင်တုန်းက ညီမ အဲ့ပန်းချီကားတစ်ချပ်ကို တကယ့်လူအစစ်လို့တောင် ထင်မိသွားသေးတယ်”

ချင်းယွီ ခေါင်းညိတ်လိုက်ပြီး စိတ်ဝင်တစား မေးလိုက်၏။

“ဒီတော့ ဘယ်လိုသူမျိုးကို အနုပညာဧကရာဇ်လို့ ခေါ်တာလဲ”

“ငါက အဲ့အဆင့်ရောက်ဖို့ အများကြီးလိုပါသေးတယ်”

ဖုန်းလန်က ခါးသက်စွာ ရယ်လိုက်ပြီး ခေါင်းခါလိုက်၏။ ထို့နောက် သူမသည် မျက်နှာထား တည်တည်ဖြင့် ရှင်းပြလိုက်၏။

“ဒဏ္ဍာရီတွေက ပြောကြတာတော့ အရှေ့ဘက် တော်ဝင်နယ်မြေမှာ အနုပညာဧကရာဇ်တစ်ပါးရှိတယ်လို့ ပြောကြတယ်။ ပြီးတော့ ဗုဒ္ဓဧကရာဇ်က အနုပညာဧကရာဇ်တစ်ပါး ဖြစ်နိုင်တယ်။ သူ့ရဲ့ ပန်းချီကားတွေထဲမှာ ဇင်အငွေ့အသက် ပါတယ်လို့ပြောကြတယ်.. အဲ့ပန်းချီကားတွေကို တစ်ချက်ကြည့်လိုက်ရုံနဲ့ ဉာဏ်အလင်းပွင့်နိုင်တယ်တဲ့။ ဗုဒ္ဓဘာသာဝင်တွေ နေထိုင်တဲ့နေရာမှာ ပန်းချီကား(၁၀၈)ချပ်ရှိတဲ့ လျှို့ဝှက်နေရာတစ်ခု ရှိတယ်ဆိုတဲ့ ကောလာဟလတွေလည်း ရှိတယ်။ အဲ့ပန်းချီကား(၁၀၈)ချပ်ထဲမှာ ဇင်အငွေ့အသက်တွေ ရှိတယ်.. သူတို့မျိုးနွယ်ရဲ့ မျိုးဆက်တွေက ပန်းချီကားတွေကို ကြည့်ပြီး ဇင်ကို လေ့လာကြတယ်။ တစ်နည်းပြောရရင်တော့.. တကယ်လို့ ပန်းချီကားကနေပြီး တာအိုအရှိန်အဝါကို ခံစားနိုင်ရင် အနုပညာလောကမှာ အဲ့လိုပန်းချီကားတွေကို ကောင်းကင်ပန်းချီကားလို့ ခေါ်ကြတယ်။ အဓိပ္ပာယ်ကတော့ အဲ့ပန်းချီကားမှာ မိုးမြေရဲ့ အမှန်တရား ပါဝင်တယ်ပေါ့”

“အာ...”

ချင်းယွီက ကျန်းရီ၏ ပန်းချီကားကို လှမ်းကြည့်လိုက်၏။ သူမ၏နှစ်လိုဖွယ်မျက်နှာလေးတွင် အံ့အားသင့်မှုနှင့် ပြည့်နှက်နေသည်။ ထို့နောက် သူမသည် မယုံနိုင်ဟန်ဖြင့် ပြောလိုက်၏။

“မမ... မမပြောချင်တာက သခင်လေးရဲ့ ပန်းချီကားက ကောင်းကင်ပန်းချီကားတစ်ချပ်ပေါ့။ ဗုဒ္ဓဧကရာဇ်ရဲ့ ပန်းချီကားနဲ့ အတူတူပဲပေါ့။ အဲ့ဒါက အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခု မဟုတ်ဘူးလား”

“ဟာ...”

ကျန်းရီ အံ့အားသင့်သွား၏။ အကယ်၍ ကျန်းရီသာ ဖုန်းလန်က ပန်းချီကားများကို နှစ်သက်ကြောင်းကို မသိလျှင် ကောင်းကင်ပန်းချီကားကဲ့သို့သော အရာမျိုး အမှန်တကယ် တည်ရှိသည်ဟု ပြောသည်ကို သေချာပေါက် လှောင်ရယ် ရယ်မိမည်ဖြစ်သည်။

ဖုန်းလန်က ခါးသက်သက် ပြုံးလိုက်ပြီး ခေါင်းခါကာ‌ ပြောလိုက်၏။

“သခင်လေးရဲ့ ပန်းချီစွမ်းရည်က အနုပညာရှင်အဆင့်တောင် မရှိပါဘူး၊ ဒါပေမဲ့ သူ့ရဲ့ပန်းချီကားမှာ တာအိုအရှိန်အဝါရှိတယ်။ ငါ အဲ့ဒါကို ရှင်းရှင်းလင်းလင်း ခံစားနိုင်တယ်။ ငါက ငါ့ရဲ့စိတ်ဝိညာဉ်တာအိုပုံသဏ္ဌာန်ကို သန့်စင်ထားလို့ တခြားတာအိုပုံသဏ္ဌာန်အမျိုးအစားတွေကို လေ့လာနိုင်ဖို့ ခက်ခဲတယ်။ မဟုတ်ရင် ငါ သခင်လေးရဲ့ ပန်းချီကားကနေပြီး တာအိုပုံသဏ္ဌာန်တစ်မျိုးကို လေ့လာတယ်။ သခင်လေး... တကယ်လို့ သခင်လေးရဲ့ ပန်းချီကားကို အပြင်မှာ သွားရောင်းရင် အနည်းဆုံး ကောင်းကင်ကျောက်တုံးတစ်သန်း တန်မှာပဲ”

“ဘာ...”

ကျန်းရီ၏ခန္ဓာကိုယ် တုန်သွား၏။ သူ လျှောက်၍ ရေးခြစ်ခဲ့သော ပန်းချီကားတစ်ချပ်က ကောင်းကင်ကျောက်တုံးတစ်သန်း တန်မည်လော။ သို့ဆိုလျှင် သူ တောင်ပေါ်ဓားပြတပ်မဟာအချို့ကို သွားဖမ်းရန်ပင် လိုပါဦးမည်လော။ သူ နေ့တိုင်း ပန်းချီဆွဲနေရုံပင်။

“ကျွန်မကို မယုံဘူးလား”

ဖုန်းလန်က ခပ်သဲ့သဲ့ရယ်၍ ပြောလိုက်၏။

“သခင်လေး ဝမ်ကွမ်းကို ဒီပန်းချီကားကို မြို့ထဲက အကြီးဆုံး အနုပညာစံအိမ်ဆီ ယူသွားခိုင်းလိုက်ပေါ့။ အနုပညာဆရာသခင်တစ်ယောက်ကို ရှာပြီး ဒီပန်းချီကားကို ရောင်းခိုင်းလိုက်။ တကယ်လို့ သူ ဒီပန်းချီကားကို ကောင်းကင်ကျောက်တုံးတစ်သန်းရအောင် မရောင်းနိုင်ခဲ့ရင် ကျွန်မ သခင်လေးရဲ့ အရင်က တောင်းဆိုချက်ကို လက်ခံပေးမယ်”

“ဘာတောင်းဆိုချက်လဲ”

ကျန်းရီက နားမလည်ဟန်ဖြင့် မျက်တောင်ခတ်လိုက်၏။ ထို့နောက် သူသည် ဖုန်းလန်၏ ရှက်သွေးဖြာနေသော မျက်နှာလေးကို တွေ့လိုက်ရာ သူ၏သွေးများ အရေပြားအပြင်ဘက်သို့ ပန်းထွက်တော့မလို ခံစားလိုက်ရလေသည်။ သူ၏မျက်လုံးများ ချက်ချင်းလင်းလက်သွားပြီး ရင်ခုန်မြန်သွားသည်။ ယခင်က သူသည် အကွက်အသစ်တစ်ခုကို အကြံရခဲ့၏။ သို့သော် ဖုန်းလန်က ယင်းကို သဘောမတူခဲ့ပေ။ ထို့ကြောင့် သူမက ထိုသို့ ကမ်းလှမ်းလာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။ သူ၏ပန်းချီကားသည် ဖုန်းလန်၏စိတ်အပေါ် ကြီးမားသည့်သက်ရောက်မှုရှိခဲ့ပုံပင်။

“ဟားဟားဟား...”

ကျန်းရီ ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး ချမ်ဝမ်ကွမ်း၏အခန်းအတွင်းသို့ ကောင်းကင်စိတ်အာရုံပို့လွှတ်ကာ ‌အော်လိုက်၏။

“ဝမ်ကွမ်း... ခဏလောက် ထွက်လာပါဦးကွာ”

ကျန်းရီ ချမ်ဝမ်ကွမ်းကို ခေါ်လိုက်ခြင်းမှာ အကွက်သစ်ဖြင့် ကစားလို၍သာ မဟုတ်ပေ။ ဖုန်းလန်၏ ရှင်းပြချက်က မည်မျှ မှန်ကြောင်း သိလို၍လည်းဖြစ်သည်။ သူ စမ်းကြည့်ရပေမည်။ အကယ်၍ ဤပန်းချီကားကိုသာ ကောင်းကင်ကျောက်တုံးတစ်သန်းဖြင့် ရောင်းနိုင်ခဲ့လျှင် ငွေဝင်ပေါက်တစ်ခု ရပေလိမ့်မည်။ သူ ပန်းချီကားအများကြီး ရေးဆွဲကာ ကောင်းကင်ကျောက်တုံးအများကြီး ရှာနိုင်မည်ဖြစ်သည်။ သို့ဆိုလျှင် အနာဂတ်တွင် သူတို့သည် ရှန်းစီမြို့တွင် နေထိုင်နိုင်ပေလိမ့်မည်။

“ခေါင်းဆောင်... ကျုပ်ကို ဘာလို့ ခေါ်တာပါလဲ”

ချမ်ဝမ်ကွမ်းက အပြေးအလွှား ထွက်လာ၏။ ကျန်းရီက သူ ဆွဲထားသော ပန်းချီကားကို လက်ညိုးထိုးပြလိုက်ပြီး ပြောလိုက်၏။

“မြို့ထဲက အကောင်းဆုံး အနုပညာခန်းမကိုသွားပြီး ဒီပန်းချီကားကို ရောင်းလိုက်ပါ။ အဖွင့်ဈေးက ကောင်းကင်ကျောက်တုံးတစ်သန်း...”

“ဘယ်လောက်...”

ချမ်ဝမ်ကွမ်း၏ အပြုံး ရပ်တန့်သွားပြီး ကျန်းရီ၏ ပန်းချီကားကို မယုံနိုင်ဟန်ဖြင့်ကြည့်လိုက်၏။ ထို့နောက် သူသည် ဖုန်းလန်၏ ပန်းချီကားကို ကြည့်ပြီး မေးလိုက်၏။

“ခေါင်းဆောင်... ကျုပ်ကို နောက်နေတာတော့ မဟုတ်ဘူးမလား”

ဖုန်းလန်က သူ့ကို စူးစူးဝါးဝါးကြည့်လိုက်ပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

“ကျွန်မတို့က ရှင့်ကို သွားရောင်းခိုင်းရင် ရောင်းလိုက်ပေါ့။ ဘာလို့ အများကြီး မေးနေရတာလဲ။ ရှင် အဲ့ကို ရောက်သွားရင် ဒီပန်းချီကားကို တန်းဖိုးထားရကောင်းမှန်းသိတဲ့သူတွေ ရှိလိမ့်မယ်။ မှတ်ထားပါ... တကယ်လို့ တစ်ယောက်ယောက်က ရှင့်ကို ဒီပန်းချီကားကို ဘယ်သူဆွဲတာလဲလို့‌မေးရင် ရှင် အရှေ့ဘက် တော်ဝင်နယ်မြေက ရခဲ့တာလို့ပဲ ပြောပါ။ သိုသိုသိပ်သိပ်သွားပါ... နောက်ယောင်ခံလိုက် မခံရပါစေနဲ့”

ဖုန်းလန်သည် ကျန်းရီ၏ ပန်းချီကားကို ယူလိုက်၏။ ထိုစဉ် သူမ တစ်စုံတစ်ခုကို သတိရသွား၏။ သူမ ကျန်းရီကို ပြောလိုက်သည်။

“သခင်လေး... နာမည်တစ်ခု ထိုးလိုက်ပါ။ ဘာနာမည်ဖြစ်ဖြစ် ရပါတယ်”

“အို့... အင်း...”

ကျန်းရီ တစ်စုံတစ်ခု တွေးလိုက်ပြီး ထောင့်စွန်းတွင် စာလုံးသုံးလုံးကို ရှင်းရှင်းလင်းလင်း ရေးလိုက်လေသည်။ ရီဖျောင်ဖျောင်...

ကျန်းရီ ရေးပြီးသွားသောအခါ ဖုန်းလန်၏လက်သည် အဝါရောင်အလင်းမှိန်မှိန် တောက်ပလာပြီး ပန်းချီကားကို သပ်လိုက်၏။ နှင်းကဲ့သို့ ဖြူသော အကောင်းစားစက္ကူသည် ချက်ချင်း အဝါရောင်သမ်းသွားကာ ရှေးဟောင်းပန်းချီကားတစ်ချပ်နှင့် တူသွားပေသည်။

“ကောင်းပြီ ယူသွားတော့”

ဖုန်းလန်သည် ပန်းချီကားကို ဂရုတစိုက် လိပ်လိုက်ပြီး ချမ်ဝမ်ကွမ်းကို ပေးလိုက်၏။ ချမ်ဝမ်ကွမ်းသည် မည်သည်များဖြစ်နေကြောင်း နားမလည်ပေ။ သို့သော် ကျန်းရီနှင့် ဖုန်းလန်တို့က ဤကိစ္စကို အလေးအနက်ထားနေကြောင်း မြင်သောအခါ ရွေးစရာမရှိတော့ဘဲ မြို့ထဲသို့ သွားရပေတော့မည်။ သူသည် ပုံရိပ်ယောင် လကျောက်တုံးအတွင်းသို့ အတွင်းအားထည့်သွင်းလိုက်၏။ ထိုအခါ သူ၏ ရုပ်သွင် ပြောင်းလဲသွားသည်။ ကျန်းရီသည် ဧကရာဇ်နန်းတော်ကို ထိန်းချုပ်ကာ ချမ်ဝမ်ကွမ်းကို အပြင်သို့ ပို့လိုက်၏။

ချမ်ဝမ်ကွမ်း အပြင်သို့ ရောက်သွားသောအခါ ကျန်းရီ၏ သီဟပလ္လင်တွင် ထိုင်ကာ ဖုန်းလန်ကို ဆွဲပွေ့လိုက်ပြီး သူမ၏နားအတွင်းသို့ တီးတိုးပြောလိုက်လေသည်။

“ဖုန်းအာ... အဲ့အကွက်သစ်လေ၊ ငါတို့ ခဏနေရင် စမ်းကြည့်ရင် မကောင်းဘူးလား”

“သခင်လေး...”

ဖုန်းလန်က မျက်စောင်းထိုးလိုက်ပြီး မူပြုံး ပြုံးလိုက်၏။ သို့သော် သူမ၏ခန္ဓာကိုယ်က တဖြည်းဖြည်း ပူလာပေသည်။ ချင်းယွီကလည်း ကြောင်မလေးတစ်ကောင်ကဲ့သို့ ခုန်အုပ်လိုက်ပြီး ကျန်းရီ၏ နားရွက်ကို ခပ်ဖွဖွလေး ကိုက်ကာ ပြောလိုက်သည်။

“သခင်လေး.. သခင်လေး ကျွန်မတို့ကို မယုယတာ ကြာပြီနော်”

“ဟီးဟီး...”

ကျန်းရီက ရယ်လိုက်ပြီး ခေါင်းလှည့်၍ ချင်းယွီ၏ နှုတ်ခမ်းလေးများကို ခပ်ဖွဖွ‌လေး ကိုက်လိုက်၏။ ထို့နောက် သူသည် သူမ၏အဝတ်များအောက်သို့ လက်လျှိုကာ ဟိုကိုင်ဒီကိုင် လုပ်လိုက်ပြီး ရယ်ကာ ပြောလိုက်၏။

“ချင်းယွီလေးက အောက်မှာ စိုနေပြီမဟုတ်လား”

ချင်းယွီကလည်း အလိုက်သင့်ပင် သူမ၏ သွယ်လျသော ခန္ဓာကိုယ်လေးကို လိမ်၍ တွန့်ကျေနေသော ဘောင်းဘီကို ချွတ်ကာ ပြောလိုက်၏။

“သခင်လေး မသိဘူးလား... ငါးတစ်ကောင်က ရေမရှိဘဲ ဘယ်လို ကူးခတ်နိုင်မှာလဲ”

“ဟားဟားဟား... ပြောတတ်ပါ့ကွာ”

ကျန်းရီ ကျယ်လောင်စွာ ရယ်လိုက်ပြီး ကောင်းကင်စိတ်အာရုံကိုသုံး၍ ကျန်းရှောင်နူ၏ အခန်းကို ကြည့်လိုက်၏။ သူမသည် အခန်းအောင်းကျင့်ကြံနေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။ ချမ်ဝမ်ကွမ်းသည်လည်း တော်‌တော်နှင့် ပြန်လာဦးမည် မဟုတ်ပေ။ ထို့ကြောင့် သူ ချက်ချင်း ထရပ်လိုက်ပြီး လက်တစ်ဘက်တွင် မိန်းမပျိုတစ်ယောက်စီသယ်ကာ အတွင်းဆောင်သို့ လျှောက်သွားလေတော့သည်။

အတွင်းဆောင်သို့ ရောက်သောအခါ ချင်းယွီက သိမ်မွေ့စွာထိုင်ကာ ရေချိုးကန်ထဲသို့ သူမ၏ရှေးဟောင်းနတ်ဘုရားလက်စွပ်မှနေ၍ ကြည်လင်သောရေများ ဖြည့်လိုက်လေသည်။ ထို့နောက် သူမသည် အတွင်းအားကိုသုံး၍ ရေကို အပူပေးလိုက်ပြီး ရေထဲသို့ အမွှေးနံ့သာမှုံ့အချို့နှင့် ပန်းပွင့်ချပ်လေးများ ထည့်လိုက်သည်။ ပြီးနောက် သူမက ကျန်းရီကို လေးစားစွာ ဦးညွှတ်၍ ပြောလိုက်၏။

“သခင်လေး.. ဒီအစေခံက သခင်လေးရေချိုးနေတုန်း အလုပ်အကျွေးပြုပါမယ်”

ဖုန်းလန်ကလည်း တခစ်ခစ်ရယ်လိုက်ပြီး ကျန်းရီကို ကိုယ်လုံးတီးချွတ်လိုက်ကာ ရေချိုးကန်အတွင်းသို့ ဝင်စေလိုက်သည်။ ထို့နောက် သူမတို့သည်လည်း အတွင်းခံအဝတ်များမှလွဲ၍ ကျန်အဝတ်များကို ချွတ်လိုက်ပြီး ရေချိုးကန်အတွင်းသို့ ဝင်သွားလိုက်လေသည်။

ကျန်းရီက ရေသူမလေးနှစ်ယောက် ရေကူးလာသည်ကို တွေ့လိုက်သောအခါ ငါးခူပြုံး ပြုံးကာ တဟဲဟဲ ရယ်လိုက်လေသည်။

“ငါ့ရဲ့ အလှလေးနှစ်ယောက်... ငါတို့ အကွက်သစ်ကို စမ်းကြည့်ကြမလား၊ ဒီညတော့ အနောက်ပေါ့”

ဖုန်းလန်နှင့် ချင်းယွီတို့၏ သွယ်လျသော ခန္ဓာကိုယ်လေးများ တုန်သွား၏။ ချင်းယွီက ခေါင်းညိတ်လိုက်ပြီး ကျန်းရီ လုပ်လိုရာ လုပ်နိုင်ကြောင်း ပြသလိုက်သည်။ ဖုန်းလန်မှာမူ အလွန်ရှက်ရွံ့နေသဖြင့် ကျန်းရီကို ကြည့်ပင် မကြည့်နိုင်ပေ။ ရေချိုးကန်သည် အလွန်ပူပြင်းလာ၏။ ထို့ကြောင့် ဖုန်းလန်၏ ခန္ဓာကိုယ်လေးက ပို၍ပင် နီမြန်းလာပြီး အတွင်းဆောင်၏ အငွေ့အသက်ကို ပို၍ ရာဂထန်လာစေလေသည်။

***

All Chapters