← Chapters

ပန်းချီစွမ်းရည်

Vol. 54 Ch. 750

ပန်းချီစွမ်းရည်

Vol. 54 Ch. 750

“ဘာဖြစ်တာလဲ”

ကျန်းရီသည် နားမလည်နိုင်ဖြစ်နေ၏။ သူသည် သူ၏မှတ်ဉာဏ်များအတိုင်း ရေးဆွဲခဲ့ခြင်းပင်။ သို့သော် အဘယ်ကြောင့် ဤပန်းချီကားတွင် မည်သည့်တာအိုအရှိန်အဝါမှ မရှိရသနည်း။ သူ့ဘေးရှိ ဖုန်းလန်က ခေတ္တမျှ တွေးတောနေပြီး တစ်ခုခုကို သဘောပေါက်သွားဟန်ဖြင့် ပြန်ဖြေလိုက်သည်။

“သခင်လေး... သခင်လေး အစောက ပန်းချီကားကို ဆွဲတော့ မျက်လုံးမှိတ်ပြီးဆွဲတာကို ကျွန်မမှတ်မိတယ်”

“ငါ့မျက်လုံးတွေကို မှိတ်ရမှာလား။ အို့ ဟုတ်တယ်... အစောတုန်းက ငါက ကောင်းကင်နဲ့လူသား ပေါင်းစည်းခြင်း အခြေအနေကို ဝင်ခဲ့တာ”

ကျန်းရီ သူ့ခေါင်းကို ရိုက်လိုက်ပြီး ယခုပန်းချီကားကို ဘေးဖယ်လိုက်သည်။ ချင်းယွီက စက္ကူအသစ်တစ်ရွက် တင်ပေး၏။ ထိုစဉ် ကျန်းရီက ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် မိုးကြိုးတောင်တန်းမှ တာအိုအရှိန်အဝါကို ပြန်မှတ်မိရန် အာရုံစုစည်းထားသဖြင့် သူ၏ ရေးဆွဲနှုန်း နှေးသွား၏။ သူ ဂရုတစိုက် ရေးဆွဲနေသည်။

ဤတစ်ကြိမ် ပန်းချီကားသည် အစောမှ ပန်းချီကားထက် ပိုကောင်း၏။ အနည်းဆုံး ၎င်းသည် ရှုခင်းပုံပန်းချီကားတစ်ချပ်ဖြစ်ကြောင်း သိနိုင်ပေသည်။ ပန်းချီပုံတွင် အဆုံးမဲ့ ပင်လယ်နှင့် ရှည်လျားကျယ်ဝန်းသော ကျွန်းများ ပါ၏။ ထို့ပြင် တစ်ဆက်တည်းဖြစ်သော မိုးကြိုးတောင်တန်းနှင့် မိုးကြိုးတောင်ဆယ်လုံးလည်း ပါပေသည်။ ကောင်းကင်မှနေ၍ လျှပ်စီးများ ကျဆင်းနေပြီး မိုးကြိုးမီးများက မိုးကြိုးတောင်များကို လှည့်ပတ်နေကြသည်။

သို့သော် ကျန်းရီ၏ ပန်းချီစွမ်းရည်သည် ယခင်ကဲ့သို့ ဆိုးဝါးနေဆဲပင်။ သူ၏ တောင်များသည် တောင်များနှင့်မတူ၊ ရေများကလည်း ရေနှင့်မတူ၊ လျှပ်စီးကလည်း ကြက်ခြေရာနှင့် တူနေပေသည်။

“မမ.. အဲ့ဒါက ဘယ်လိုလဲ”

ကျန်းရီ၏ နောက်ဆုံး စုတ်ချက် ပြီးဆုံးသွားသောအခါ ချင်းယွီက စိတ်လှုပ်ရှားသံဖြင့် နူးညံ့စွာ မေးလိုက်၏။ ဖုန်းလန်က မျက်မှောင်တင်းတင်းကြုတ်လိုက်၏။ သူမ၏မျက်လုံးများထဲတွင် နားမလည်နိုင်မှုများနှင့် ပြည့်နှက်နေသည်။ ထို့နောက် သူမ ခေါင်းခါ၍ ပြန်ဖြေလိုက်၏။

“မကောင်းသေးဘူး။ ဒီပန်းချီကားထဲမှာလည်း ဘာတာအိုအရှိန်အဝါမှ မရှိဘူး။ အဲ့ဒါက လူတစ်ယောက်ကို အသိဉာဏ်မပွင့်စေနိုင်ဘူး။ ဒါက ကောင်းကင်ပန်းချီကား မဟုတ်ဘူး”

ကျန်းရီ မျက်လုံးဖွင့်လိုက်သောအခါ မျက်လုံးများထဲတွင် စိတ်ပျက်မှုနှင့် ပြည့်နှက်နေ၏။ သူ့တွင် ငွေများစွာ ရှာနိုင်မည့် အရည်အချင်းတစ်ခု ပိုင်ဆိုင်သည်ဟု သူထင်ခဲ့သည်။ သို့သော် ထိုပန်းချီကားသည် ကြက်ကန်းဆန်အိုးတိုးသည့် အဖြစ်မျိုးသာ။ သူ စေ့စေ့စပ်စပ် ရေးဆွဲသောအခါ တာအိုအရှိန်အဝါပါသည့် ပန်းချီကားမျိုးကို မရေးဆွဲနိုင်တော့ချေ။

လက်ရှိတွင် ကျန်းရီတို့သည် ကောင်းကင်ကျောက်တုံး သန်း(၂၀၀)မှ သန်း(၃၀၀)အထိ လိုနေ၏။ အကယ်၍ သူတို့သာ တောင်ပေါ်ဓားပြများကို သတ်ရန် ဆုံးဖြတ်လိုက်လျှင် မိုးကြိုးမီးကိုသုံး၍ တောင်ပေါ်ဓားပြအဖွဲ့ အသေးလေးများကို အလွယ်တကူ ရှင်းပစ်နိုင်သည်။ သို့သော် သူတို့ အင်အားကြီး တောင်ပေါ်ဓားပြတပ်မဟာတစ်ခုနှင့် တွေ့ခဲ့လျှင် မည်သို့လုပ်မည်နည်း။ သူတို့ တိုက်ခိုက်နေစဉ်တွင် ဓားပြအချို့ ထွက်ပြေးလွတ်မြောက်သွားလျှင် မည်သို့ဖြစ်လာမည်နည်း။ တိုက်တိုက်ဆိုင်ဆိုင် အနီးပတ်ဝန်းကျင်တွင် ပညာရှင်များ ရှိနေလျှင် အသို့နည်း။ သို့ဆိုလျှင် သူတို့ မည်သူများဖြစ်ကြောင်း ချက်ချင်း ပေါ်သွားမည်လော။ လုလင်းက အမှောင်ထဲတွင် ကြံစည်နေမည်မှာ သေချာပေါက်ဖြစ်၍ ထိုသို့ဖြစ်လာလျှင် သူတို့ အန္တရာယ်အတွင်း ကျရောက်သွားမည်ဖြစ်သည်။

“ဆက်ဆွဲမယ်”

ကျန်းရီ အံကြိတ်လိုက်ပြီး မျက်လုံးများမှိတ်ကာ အရာအားလုံးကို လျစ်လျူရှု၍ ပန်းချီဆွဲခြင်းတွင်သာ စိတ်နှစ်လိုက်သည်။ ပန်းချီကားက ကောင်းကင်ပန်းချီကား ဖြစ်ဖို့၊ မဖြစ်ဖို့ကို သူ ဂရုမစိုက်တော့ပေ။ သူ ပန်းချီကားတစ်ချပ် ရေးဆွဲပြီးလျှင် စက္ကူနောက်တစ်ချပ်ပို ယူ၍ ဆက်ဆွဲ၏။ သူ၏စုတ်ချက်များ ရပ်တန့်မသွားပေ။ လေးနာရီကြာ ရေးဆွဲပြီးမှ သူ ရပ်လိုက်၏။ သူသည် ပန်းချီကားများစွာ ရေးဆွဲပြီးသွားပေပြီ။

ကျန်းရီသည် မျက်လုံးများဖွင့်၍ ဖုန်းလန်ကိုကြည့်လိုက်၏။ သို့သော် ဖန်းလန်၏ ဝမ်းနည်းနေသော မျက်လုံးတစ်စုံကိုသာ တွေ့လိုက်ရသည်။ သူ စုတ်တံကို လွှင့်ပစ်လိုက်ပြီး ဒေါသတကြီးပြောလိုက်၏။

“ထပ်မဆွဲတော့ဘူးကွာ”

ဖုန်းလန်က ချင်းယွီအား နေရာကို ရှင်းရန် အချက်ပြလိုက်ပြီး ကျန်းရီအတွက် လက်ဖက်ရည်တစ်ခွက် ကြိုပေးလိုက်၏။

“သခင်လေး... စိတ်မပျက်ပါနဲ့။ သခင်လေးက ကောင်းကင်ပန်းချီကားတစ်ချပ်ကို ဆွဲ့ခဲ့ဖူးပြီဆိုတော့ အခွင့်အရေးရရင် နောက်ထပ် ထပ်ဆွဲနိုင်မှာပါ။ ဒီလိုဆိုဘယ်လိုလဲ... ဒီနေ့ကစပြီး ကျွန်မ သခင်လေးကို ပန်းချီ ဘယ်လိုဆွဲရမလဲဆိုတာ နေ့တိုင်း နေ့တစ်ဝက် သင်ပေးမယ်။ ကျန်တဲ့အချိန်တွေမှာ သခင်လေး ကျင့်ကြံပေါ့။ အဲ့လို တစ်လလောက် ကြိုးစားကြည့်မယ်။ တစ်လပြည့်လို့မှ အလုပ်မဖြစ်ရင် လက်လျှော့လိုက်ပေါ့။ ဘယ်လိုလဲ...”

“ကောင်းပြီ”

ကျန်းရီသည် သူ၏ တာအိုပုံသဏ္ဌာန်ပေါင်းစည်ခြင်းက တစ်ဆို့နေကြောင်း အမှတ်ရသွား၏။ သူ အတင်းလုပ်ယူလျှင်လည်း အသုံးဝင်မည် မဟုတ်ပေ။ သူ၏အတွေးကို ပြောင်းပစ်ခြင်းက ပိုကောင်းပေလိမ့်မည်။ သူ မှော်ပညာများကို လေ့လာရင်း အတွင်းအားကို ကျင့်ကြံရပေမည်။ ထို့ပြင် နေ့စဉ် ပန်းချီဆွဲ သင်ရင်းဖြင့်လည်း ဉာဏ်အလင်းပွင့်သွားနိုင်ပေသည်။

ငါးလသာ ရှိသေးသဖြင့် ကျန်းရီတို့ အပြင်သို့သွားရန် လုံခြုံဦးမည် မဟုတ်ချေ။ လုလင်းသည် သူတို့၏တည်နေရာကို စုံစမ်းရန် လူများ လျှို့ဝှက်စေလွှတ်နေဆဲ ဖြစ်နိုင်သည်။ ကျန်းရီက ချမ်ဝမ်ကွမ်းကို စိတ်ဝိညာဉ်တာအိုပုံသဏ္ဌာန်ကို ဆက်လေ့လာခိုင်းလိုက်၏။ လက်ဖက်ရည်တစ်ခွက်သောက်ပြီးနောက် သူ ထရပ်လိုက်သည်။

“ကောင်းပြီ.. ဖုန်းအာ ငါ့ကို ဘယ်လို ပန်းချီဆွဲရမလဲဆိုတာ သင်ပေး”

“ဟုတ်ကဲ့ပါ”

ဖုန်းလန်က သဘောတူကြောင်း ခေါင်းညိတ်လိုက်၏။ သူမ ထမရပ်လိုက်ဘဲ ခါးမတ်မတ်သာထိုင်၍ ပြောလိုက်သည်။

“သခင်လေး ပန်းချီဆွဲသင်ချင်ရင် အခြေခံလေးတွေကို နားလည်ထားဖို့လိုတယ်။ ပထမတစ်ခုက ပန်းချီအမျိုးအစားတွေပဲ။ ကျွန်မတို့ရဲ့ ဖီးနစ်အော်သံနယ်မြေမှာ ပန်ချီကားတွေကို မင်ပန်းချီ၊ မြေဖြူပန်းချီ၊ ရွှံ့ပန်းချီ၊ ပုံကြမ်းပန်းချီ၊ ချည်ထိုးပန်းချီ၊ ထွင်းပန်းချီနဲ့ တခြားပန်းချီအမျိုးအစားတွေအများကြီး ခွဲထားတယ်။ မင်ပန်းချီက အစောက သခင်လေး စုတ်တံနဲ့ ဆွဲသွားတဲ့ ပန်းချီအမျိုးအစားပဲ။ မြေဖြူပန်းချီကကျ မြေဖြူနဲ့ဆွဲတာ.. အရောင်စုံဆွဲလို့ရတယ်။ သခင်လေးအနေနဲ့ ရှုပ်ထွေးတဲ့ ပန်းချီတွေကို သင်ဖို့ မလိုပါဘူး။ မင်ပန်းချီကိုပဲ အာရုံစိုက်သင်ယူနိုင်ရင် လုံလောက်ပါတယ်”

“ဒုတိယတစ်ခုက ပန်းချီပုံအမျိုးအစားတွေပဲ။ ပန်းချီပုံမှာ ရှုခင်းပုံပန်းချီ၊ ပုံတူပန်းချီ၊ တိရိစ္ဆာန်ပန်းချီ၊ နံရံပန်းချီ၊ မှုန်ဝါးပန်းချီနဲ့ တခြားပန်းချီပုံအမျိုးအစားတွေ အများကြီးရှိတယ်။ အခုမှ စသင်တဲ့သူတွေအတွက်ကတော့ ရှုခင်းပုံပန်းချီက စသင်တာအကောင်းဆုံးပဲ။ အဲ့ဒါက သင်ဖို့ လွယ်တယ်”

“တတိယက ပန်းချီစွမ်းရည်တွေပဲ။ ပန်းချီစွမ်းရည်တွေမှာ မင်ပက်နည်း၊ စုတ်တံနည်းစနစ်၊ ပုံကြမ်းခြစ်နည်း၊ ပုံစံချနည်း၊ မျဉ်းဆွဲနည်း၊ အလွတ်တမ်းဆွဲနည်း၊ လက်ချောင်းနဲ့ဆွဲနည်းနဲ့ တခြားနည်းစနစ်တွေ အများကြီးရှိတယ်။ နောက်မှ သခင်လေး ကျွန်မဆွဲတာကို ကြည့်ပေါ့.. အဲ့ကျမှ အသေးစိတ်ရှင်းပြပါမယ်။ ကျွန်မက သခင်လေးကို အခြေခံတွေ ပြောပြပေးနိုင်တယ်... ဒါပေမဲ့ ဆရာတစ်ယောက်က တပည့်ကို သင်ပဲပေးနိုင်တာ... တပည့်က သင်ထားတာကို လေ့ကျင့်မှ တိုးတက်လာနိုင်မှာ။ သခင်လေးရဲ့ ပန်းချီက ဘယ်အဆင့်ကို ရောက်နိုင်မလဲဆိုတာတော့ သခင်လေးရဲ့ နားလည်သဘောပေါက်မှုနဲ့ ကြိုးစားမှုအပေါ်မှာပဲ မူတည်တယ်...”

ဖုန်းလန်သည်လည်း ပန်းချီဆွဲခြင်းနှင့် လက်ရေးလှ‌ရေးခြင်းတွင် ပညာရှင်တစ်ယောက် မဟုတ်ပေ။ ကျန်းရီသည် အကြောင်းအရာများစွာကို မှတ်သားနေရသဖြင့် ခေါင်းကိုက်လာသည်။ တော်သေးသည်မှာ ဖုန်းလန်က မဆိုးလှသော ဆရာတစ်ယောက် ဖြစ်နေ၍ပင်။ သူမသည် ပန်းချီဆွဲစမသင်ခင် အခြေခံအကြောင်းအရာအချို့ကို အကျဉ်းချုပ် ပြောပြခဲ့သည်။ သူမသည် ကိုယ်တိုင်ပန်းချီဆွဲပြပြီး အကြောင်းအရာများကို ရိုးရှင်း၍ နားလည်လွယ်သည့် စကားလုံးများဖြင့် ရှင်းပြခဲ့သည်။ ဤနည်းဖြင့် ကျန်းရီသည် ပို၍လွယ်ကူစွာ သင်ယူနိုင်၏။

ကျန်းရီသည် တစ်နေ့လုံး စုတ်တံကို မထိခဲ့ပေ။ သူသည် ဖုန်းလန် ရေးဆွဲပြသည်ကိုသာ ကြည့်ရင်း သူမရှင်းပြသည်များကို နားထောင်နေခဲ့သည်။ ကောင်းကင်သည် မှောင်လာပေပြီ။ နောက်ဆုံးတွင် သူသည် အခြေခံအကြောင်းအရာများကို အကြမ်းဖျင်း နားလည်ခဲ့ပြီဖြစ်သည်။

နောက်ရက်များတွင် ကျန်းရီသည် ပန်းချီကားအချို့ ရေးဆွဲကြည့်၏။ သူ၏အဆင့်သည် ဖြည်းဖြည်းချင်း တိုးတက်လာနေပေသည်။ မိုးကြိုးတောင်များ ယိမ်းယိုင်မနေတော့။ မိုးကြိုးတောင်တန်းကလည်း တဖြည်းဖြည်း ပုံပေါ်လာ၏။ ကောင်းကင်မှ လျှပ်စီးတန်းများကလည်း ကြက်ခြေရာများနှင့် မတူတော့ပေ။

“သခင်လေးက ကောင်းကောင်းနားလည်တာပဲ။ ပန်းချီနဲ့ လက်ရေးလှမှာ မပြတ်လေ့ကျင့်တာက မဖြစ်မနေလုပ်ရမယ့်ဟာပဲ။ သခင်လေး ပန်းချီဧကရာဇ်မဖြစ်လာသေးသ၍ လေ့ကျင့်နေရမှာပဲ”

ဖုန်းလန်က အတန်ငယ် ခေါင်းညိတ်၍ ချီးကျူးလိုက်၏။ ကျန်းရီ ရယ်လိုက်ပြီး စုတ်တံကို ဘေးတွင်ချကာ အကြောဆန့်လိုက်သည်။

“ကောင်းပြီ... ငါတို့ ဒီနေ့တော့ ဒီမှာပဲ ရပ်ကြတာပေါ့။ ငါ ကျင့်ကြံရမလာ.. ဒါမှမဟုတ် ငါတို့ အကွက်သစ်ကို ဆက်လေ့လာကြမလား”

“မပါဘူးနော်... ကျွန်မ မပါဘူး”

ချင်းယွီ၏ သွယ်လျသော ခန္ဓာကိုယ်လေးတုန်သွား၏။ ကျန်းရီက သူမကို ကြည့်လိုက်သောအခါ သူမ ချက်ချင်း ထွက်ပြေးသွားသည်။ ဖုန်းလန်သည်လည်း မျက်နှာထားပြောင်းသွားပြီး သူမ၏ဖွင့်ထွားသောတင်ပါးပေါ်သို့ လက်တစ်ဘက် တင်လိုက်လေသည်။ ထို့နောက် သူမ မျက်လုံးပင့်၍ အော်ပြောလိုက်၏။

“သခင်လေး.. သခင်လေးက အရမ်းဆိုးတာပဲ။ သခင်လေး ကျင့်ကြံတာ ပိုကောင်းတယ်။ အခုထိ အဲ့နေရာက နာနေတုန်းပဲ...”

“ဟားဟားဟား...”

ကျန်းရီ ခေါင်းမော့ကာ ရယ်လိုက်ပြီး ကျင့်ကြံရန် သူ၏အခန်းသို့ ပြန်သွားလေသည်။ ဤတစ်ကြိမ်တွင် သူ မည်သည့် တာအိုပုံသဏ္ဌာန်ကိုမှ မပေါင်းစည်းလိုက်ပေ။ သူသည် အတွေးပြောင်းရန် အတွင်းအားကို ကျင့်ကြံ၍ မှော်ပညာများကို လေ့လာလိုက်သည်။ သူ အတွေးများကာ လမ်းမှန်မှ လွဲချော်သွားပြီး ပြန်မထွက်လာနိုင်တော့လျှင် ဒုက္ခများပေလိမ့်မည်။

ကျန်းရီသည် တစ်ညကျင့်ကြံပြီးနောက် နေ့လယ်ခင်းတွင် ပြန်ထွက်လာ၏။ သူ ဖုန်းလန်ဆီတွင် ပန်းချီပညာ ဆက်သင်ယူလိုက်သည်။ သူသည် တစ်လသင်ယူ၍ ကောင်းကင်ပန်းချီကားနောက်တစ်ချပ် ထပ်ဆွဲနိုင်ဦးမည်လောကို သိချင်နေသည်။ သူသာ ကောင်းကင်ပန်းချီကားများစွာ ရေးဆွဲနိုင်လျှင် စွန့်စား၍ တောင်ပေါ်ဓားပြများကိုသတ်ရန် မလိုတော့ပေ။

လဝက်ကြာပြီး‌နောက် ကျန်းရီ၏ ပန်းချီစွမ်းရည်က များစွာ တိုးတက်လာ၏။ သူသည် အနုပညာရှင်အဆင့်သို့ ရောက်ပြီဖြစ်ကြောင်း ဖုန်းလန်က ပြော၏။ သူ၏တိုးတက်နှုန်းက အံ့ဩစရာကောင်းလောက်အောင် မြန်သည်ဟု ဆိုနိုင်၏။ သို့သော် သူသည် ကောင်းကင်ပန်းချီကားနောက်တစ်ချပ် မရေးဆွဲနိုင်သေးချေ။

ကျန်းရီ အနည်းငယ် စိတ်ပျက်နေ၏။ ဖုန်းလန်နှင့် ချင်းယွီတို့က ကျန်းရီကို အားပေးကြ၏။ ဖုန်းလန်က ကျန်းရီကို ဆွဲဆောင်ရန် မတုံ့ဆိုင်းခဲ့ပေ။ အကယ်၍ ကျန်းရီသာ ကောင်းကင်ပန်းချီကားနောက်တစ်ချပ် ရေးဆွဲနိုင်ပါက သူမသည် သူ့ကို ကြိုက်သည့်ပုံစံ၊ ကြိုက်သည့်အကွက်ဖြင့် ကျေနပ်အောင်ပြုစုမည်ဖြစ်ကြောင်း ကတိပေးခဲ့၏။ ဖုန်းလန်သည် အလွန်ရှက်တတ်သူဖြစ်သဖြင့် ချင်းယွီကဲ့သို့ မသွက်ခဲ့ပေ။ ထို့ကြောင့် ကျန်းရီသည် သူမ၏ထိုကတိကို ကြားသောအခါ သွေးများဆူလာလေတော့သည်။

အချိန်တရွေ့ရွေ့ကုန်ဆုံးနေ၏။ အပြင်လောကတွင် တဖြည်းဖြည်း အေးချမ်းလာသည်။ လုလင်းက ယခင်မှအကြောင်းကို မေ့သွားသကဲ့သို့ပင်။ တောင်ပေါ်ဓားပြများကလည်း ကျန်းရီကို လိုက်ဖမ်းရန် အာရုံမစိုက်ကြတော့ပေ။ ဟုန်နှင့်လီမျိုးနွယ်တို့ကလည်း လက်လျှော့လိုက်ပုံပင်။ အခြားအင်အားကြီးမျိုးနွယ်များနှ သခင်လေးများကလည်း ထိုကိစ္စကို အရေးမစိုက်ကြတော့ချေ။

တစ်လကြာပြီးနောက်...

ကျန်းရီသည် သူ့လက်ထဲမှ စုတ်တံကို ဒေါသတကြီး လွှင့်ပစ်လိုက်ပြီး အော်ပြောလိုက်၏။

“ဆက်မဆွဲတော့ဘူး။ ငါက အနုပညာဘိုးဘေး၊ အနုပညာဘုရင် ဖြစ်လာတော့ရော ဘာဖြစ်မှာလဲ။ ပန်းချီကားတစ်ချပ်ကို ကောင်းကင်ကျောက်တုံး ထောင်ကျော်လောက်နဲ့ပဲ ရောင်းလို့ရမှာ။ အချိန်ဖြုန်းတာပဲ”

ဖုန်းလန် နှုတ်ဆိတ်နေ၏။ ချင်းယွီက ပစ္စည်းများ ရှင်းလင်းရန် တိတ်တဆိတ် ထသွားသည်။ ပြီးခဲ့သောတစ်လအတွင်းတွင် ကျန်းရီ၏ ပန်းချီစွမ်းရည်က အလွန်လျင်မြန်စွာ တိုးတက်ခဲ့၏။ သို့သော် ဖုန်းလန်၏ အဆင့်နှင့် ကွာနေသေး၏။ ဤကဲ့သို့သော ကိစ္စမျိုးသည် နေ့ချင်းညချင်း အောင်မြင်နိုင်သောကိစ္စမျိုး မဟုတ်ပေ။ သူသည် အနည်းဆုံး ပန်းချီကား တစ်သောင်းကျော် ရေးဆွဲခဲ့ပြီးဖြစ်သည်။ သို့သော် ထိုပန်းချီကားများထဲတွင် ကောင်းကင်ပန်းချီကားတစ်ချပ်ပင် မပါချေ။ ထို့ကြောင့် ယခင်က ကောင်းကင်ပန်းချီကားမှာ အမှန်ပင် ကြက်ကန်းဆန်အိုးတိုးသွားခဲ့ခြင်းသာ ဖြစ်ပုံပေါ်လေသည်။

***

All Chapters