← Chapters

စုတ်တံရပ်တန့်၊ မင်ခြောက်

Vol. 54 Ch. 751

စုတ်တံရပ်တန့်၊ မင်ခြောက်

Vol. 54 Ch. 751

ဟူး...

ကျန်းရီသည် သီဟပလ္လင်တွင် ထိုင်လိုက်ပြီး လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်၏။ ထို့နောက် သူသည် ရင်ထဲတွင် မျိုသိပ်ထားသော ဖိအားကို သက်ပြင်းရှည်ကြီးတစ်ချက်ဖြင့် မှုတ်ထုတ်လိုက်သည်။ သူသည် ကောင်းကင်‌ကျောက်တုံးများ ရနိုင်မည့် အခြားနည်းလမ်းများ ရှိသေးသလောဟု စဉ်းစား‌နေ၏။

“ရတနာတွေကို ရောင်းရမလား။ လေနက်တပ်မဟာ၊ သခင်လေးဟုန်နဲ့ တခြားသူတွေကို ရှင်းပစ်လိုက်ပြီးတော့ ငါ ရတနာတွေ အများကြီးရခဲ့တယ်။ အဲ့ရတနာတွေကို ငါ့ဘာသာ ဝယ်ရရင် တော်တော်ကုန်မှာပဲ။ ဒါပေမဲ့ ပြန်ရောင်းမယ်ဆိုရင်တော့ ဈေးလျှော့ရောင်းရမှာ။ ပြီးတော့ အဲ့ရတနာတွေက အလွယ်တကူ အာရုံစိုက်ခံရလိမ့်မယ်။ တကယ်လို့ သခင်လေးဟုန်နဲ့ တခြားသူတွေရဲ့ ရတနာတွေမှာ အထူးအမှတ်အသားတွေပါနေရင် သေချာပေါက် ပြဿနာနဲ့ ကြုံရမှာပဲ”

ရတနာများကို ပြန်မရောင်းသင့်ပေ။ သူ ရောင်းခဲ့လျှင်လည်း ဈေးသိပ်ရမည် မဟုတ်ချေ။ အတုအယောင် နတ်ဘုရား အသုံးအ‌ဆောင်ကို ရောင်းပါမှ ဈေးရမည် ဖြစ်သည်။ ကျန်းရီ တွေးတောနေသော်လည်း ငွေရှာရန် နည်းလမ်းကို ရှာမတွေ့သေးပေ။ သူသည် ကောင်းကင်ကြယ်တာရာနယ်မြေတုန်းကလို ပြန်ဆင်းရဲသွားကဲ့သို့ ခံစားနေရ၏။ ထိုစဉ်တုန်းက သူသည် ခရမ်းရောင်ရွှေဆယ်တေးလ်အတွက် ရူးသွားလုနီးနီးဖြစ်ခဲ့၏။

“ကောင်းကင်တောင်ပံမြို့လား”

ကျန်းရီသည် တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ မျက်လုံများ အရောင်လက်သွားပြီး သူ့ခြေထောက်သူ ရိုက်လိုက်သည်။

“ဟုတ်တယ်... ကောင်းကင်ကျောက်တုံးတွေရအောင် ငါ ဆေးလုံးတွေ ‌သန့်စင်ပြီး ရောင်းလို့ရတာပဲ။ ငါ့ရဲ့ အတွင်းအားက ဆေးလုံးတွေရဲ့ အရည်အသွေးကို တိုးတက်စေတယ်။ ငါ ဆေးလုံးတွေအများကြီး သန့်စင်ပြီး အမြတ်တွေအများကြီး ရနိုင်တယ်”

ကျန်းရီ၏အတွင်းအားက အလွန်ထူးခြားပြီး မည်သည့်ဆေးလုံးအမျိုးအစားကိုမဆို အရည်အ‌သွေးမြင့်သွားနိုင်စေသည်။ သူ ဝိညာဉ်သားရဲမြို့တွင် ရှိခဲ့စဉ်က သူနှင့်ချမ်ဝမ်ကွမ်းတို့သည် စီးပွားရေးကြီးတစ်ခုလုပ်ကာ ခရမ်းရောင်ရွှေများ များစွာရခဲ့၏။ သူတို့သည် ကျန်းရှောင်နူကို ကုသရန် ထိုခရမ်းရောင်ရွှေများဖြင့် ထူးခြားသောဝိညာဉ်ဆေးပင်နှစ်ပင် ဝယ်ခဲ့သည်။

“မဟုတ်သေးဘူး...”

ကျန်းရီ၏မျက်လုံးများ ပြန်မှိန်သွား၏။ ဤနေရာသည် ကောင်းကင်ကြယ်တာရာနယ်မြေမဟုတ်သလို ခရမ်းရောင်ရွှေကလည်း ကောင်းကင်ကျောက်တုံး မဟုတ်ပေ။ အပြင်လောကမှ ဆေးလုံးများက တန်ဖိုးမရှိချေ။ ခရမ်းရောင်ရွှေမှာ သာမန်လူများအတွက် ငွေကြေးတစ်ခုဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ကျောက်တုံးတစ်တုံးလျှင် ခရမ်းရောင်ရွှေ သန်းတစ်ရာမှ သန်းနှစ်ရာထိ တန်ပေသည်။ အထွတ်အထိပ်အဆင့် ဆေးလုံးတစ်လုံးသည်ပင် ကောင်းကင်ကျောက်တုံး ထောင်ဂဏန်းလောက်သာ တန်ပေလိမ့်မည်။

ကျန်းရီ ခေတ္တမျှ ဆက်တွေးတောလိုက်သည်။ သို့သော် အကြံထွက်မလာသေးပေ။ ထို့ကြောင့် သူ ဖုန်းလန်ကို မေးလိုက်၏။

“ဖုန်းအာ... ထူးခြားပြီး အဖိုးတန်တဲ့ ဆေးလုံးတွေ ရှိလား။ ဘယ်လိုဆေးလုံးမျိုးက ကောင်းကင်ကျောက်တုံး သန်းချီတန်လဲ”

“ကျွန်မတော့ အဲ့လိုဆေးလုံးမျိုးကို မကြားဖူးဘူး”

ဖုန်းလန်က မျက်မှောင်ကြုတ်၍ ခေါင်းခါကာ ပြန်ပြောလိုက်၏။

“အဲ့လိုဆေးလုံးမျိုးရှိရင်တောင် ဆေးညွှန်းက ထူးခြားမှာပေါ့။ ဆေးလုံးတွေကို အားဖြည့်တာနဲ့ အဆိပ်ဖြေတာကလွဲရင် ကျင့်ကြံခြင်းအတွက် သုံးလို့မရဘူးဆိုတာ သခင်လေးလည်း သိလောက်မှာပါ။ ကောင်းကင်ကျောက်တုံး သန်းချီတန်တဲ့ ဆေးလုံးမျိုးကိုတော့ ကျွန်မ မကြားဖူးဘူး။ ဒါပေမဲ့ အဲ့လိုဆေးလုံးမျိုး ရှိချင်လည်း ရှိမှာပေါ့”

“အို့...”

ကျန်းရီ စိတ်ပျက်သွား၏။ သူသည် ဆေးလုံး ဖော်စပ်၊ သန့်စင်ခြင်းနှင့်ပတ်သတ်၍ များစွာမသိပေ။ သူသည် ဖော်စပ်ပြီးသား ‌ဆေးလုံးများကို သူ၏အတွင်းအားဖြင့် မည်သို့ ထပ်မံသန့်စင်ရမည်ကိုသာ သိ၏။ သို့သော် သူသိသော ဆေးလုံးများက ဈေးမကြီးပေ။ ထိုဆေးလုံးများ၏ အရည်အသွေးကို မြှင့်တင်လိုက်လျှင်လည်း ကောင်းကင်ကျောက်တုံး ဘယ်လောက်မှ ရမည် မဟုတ်ပေ။

“နှမြောစရာပဲ။ ငါ့ရဲ့ အတွင်းအားက အရမ်းထူးခြားတယ်... ဒါပေမဲ့ အဲ့ဒါကို သိုင်းပညာနဲ့ပတ်သတ်တာကလွဲပြီး တခြားဘယ်မှာမှ သုံးမရဘူး။ မဟုတ်သေးဘူး... အတွင်းအား..အတွင်းအား...”

ကျန်းရီ သက်ပြင်းသဲ့သဲ့ချလိုက်ပြီး ကြက်သေ,သေသွား၏။ သူ့စိတ်သည် မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရ၏။ သူ မှင်တက်ကာ ရပ်နေပြီးနောက် ပင်မခန်းမထဲရှိ လေးထောင်ပုံစားပွဲထံ လျှောက်သွားလိုက်သည်။

ကျန်းရီသည် စုတ်တံကို ကောက်ကိုင်လိုက်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်းအခြေအနေသို့ ဝင်လိုက်၏။ ထို့နောက် သူ လျင်မြန်စွာ စတင်ရေးဆွဲလိုက်သည်။ သို့သော် ဤတစ်ခေါက်တွင် သူ၏လက်များက အနီရောင်အလင်း တောက်ပနေပေသည်။ သူသည် သူ့လက်များကို အတွင်းအားဖြင့် လွှမ်းခြုံထားခြင်းပင်။ သူသည် အပြည့်အဝအာရုံစိုက်၍ ရေးဆွဲနေ၏။

“ဘုရားရေ...”

ဖုန်းလန်၏ သွယ်လျသောခန္ဓာကိုယ်လေး တုန်ရင်သွား၏။ သူမသည် သူမ၏ချယ်ရီနှုတ်ခမ်းလေးများကို လက်ဖြင့်ကာလိုက်၏။ သူမ၏မျက်လုံးများကလည်း တလက်လက်တောက်ပလာသည်။ ထို့နောက်တွင် သူမ၏မျက်လုံးများ ဝေဝါးလာပြီး သူမ၏လှပသောမျက်နှာတွင်လည်း စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်သွားသည်။ သူမ၏သွယ်လျသောခန္ဓာကိုယ်လေးမှာ မရပ်မနား တုန်ရင်နေသည်။

စုတ်တံရပ်တန့်သွားပြီး မင်လည်းခြောက်သွား၏။

မိုးကြိုးတောင်တန်း၏ ရှုခင်း ထပ်မံ ပေါ်လာ၏။ သို့သော် ဤတစ်ကြိမ်တွင် ပုံသည် အလွန်ရှင်းလင်းပြီး ကောင်းကင်မိုးကြိုးကျွန်းသို့ ရောက်ဖူးသူတိုင်း ၎င်းကို အလွယ်တကူ မှတ်မိနိုင်ပေသည်။ ချင်းယွီသည်လည်း ထိုပန်းချီကားကို တစ်ချက်ကြည့်လိုက်သောအခါ စိတ်ဝိညာဉ်အတန်ငယ် တုန်ရင်သွား၏။ ထိုပန်းချီကားရှိ ဖော်ပြ၍မရနိုင်သော အရှိန်အဝါတစ်ခုက သူမကို ဆွဲဆောင်နေသကဲ့သို့ပင်။

“ကောင်းကင်ပန်းချီကား၊ သခင်လေး... သခင်လေး ကောင်းကင်ပန်းချီကား နောက်တစ်ချပ် ဆွဲနိုင်ခဲ့ပြီ”

ဖုန်းလန်သည် ကျန်းရီတစ်ယောက် ကောင်းကင်ပန်းချီကား နောက်တစ်ချပ် ရေးဆွဲနိုင်ခဲ့သဖြင့် အလွန် စိတ်လှုပ်ရှားနေ၏။ ယင်းမှာ သူမတို့ အဆုံးမဲ့ ကောင်းကင်ကျောက်တုံးများ ရနိုင်‌တော့မည့် အဓိပ္ပာယ်ပင်။ ထို့ပြင် သူမသည် လက်ရေးလှ၊ ပန်းချီနှင့် အနုပညာကို ချစ်မြတ်နိုး၏။ သူမသည် အနုပညာလောကမှ ပညာရှင်များကို အမြဲ လေးစား၊ ရိုသေခဲ့၏။ ယခုတွင် ကျန်းရီသည် ကောင်းကင်ပန်းချီကားနှစ်ချပ် ရေးဆွဲပြီးခဲ့ပေပြီ။ သူ၏ ပန်းချီစွမ်းရည်က မကောင်းသေးသော်လည်း ယင်းကို လေ့ကျင့်ယူ၍ရ၏။ ကျန်းရီသည် အနာဂတ်တွင် အနုပညာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ချေရှိ၏။

“အနုပညာဧကရာဇ်”

ဖုန်းလန်သည် သူမချစ်သော အမျိုးသားက အမှန်ပင် အနုပညာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ကြောင်း တွေးမိသောအခါ ပို၍ပင် ရင်ခုန်လာလေသည်။ သူမသည် ကျန်းရီကို ချစ်ရည်ရွှမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်၏။ သူမ၏အသက်ရှူနှုန်း မြန်လာပြီး သူမ၏ သွယ်လျသောခန္ဓာကိုယ်သည် အပူပေးခံထားရသော ကြောင်ငယ်လေးတစ်ကောင်ကဲ့သို့ နူးညံ့လာ၏။

“အတွင်းအား... ဒီတော့ ပြဿနာက အတွင်းအားပေါ့။ ဘယ်သူက ငါ့ကို အမည်မဲ့ကျင့်စဉ် ပေးခဲ့တာလဲ။ အဲ့ဒါက တကယ့်ကို ဆန်းကြယ်တယ်...”

ကျန်းရီသည် မျက်လုံးထဲတွင် အံ့ဩတုန်လှုပ်မှုများပြည့်နေသော ဖုန်းလန်ကို အာရုံမစိုက်နိုင်သေးပေ။ သူ ပန်းချီဆွဲနေစဉ်တွင် သူ၏အတွင်းအားကို ထုတ်လိုက်ပါက ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး သူ့စိတ်အတွင်းမှ တာအိုအရှိန်အဝါကို စုတ်ချက်များအတွင်းသို့ ထည့်သွင်းနိုင်လာလေသည်။ ထို့နောက်တွင် သူ၏ပန်းချီကားအတွင်းသို့ ဆန်းကြယ်‌သောတာအိုအရှိန်အဝါ ဝင်သွားသည်။

ကျန်းရီ၏ အနက်ရောင်အတွင်းအားသည် သူ၏အမြင်၊ အကြားနှင့် အာရုံတို့ကို မြှင့်တင်ပေးနိုင်၏။ ၎င်းသည် ဆေးလုံးများထဲသို့လည်း အကြောပုံစံများ ထည့်သွင်းနိုင်သည်။ ထိုသို့လုပ်နိုင်ခြင်းမှာ အမည်မဲ့ကျင့်စဉ်ကြောင့် ဖြစ်သည်။ သူ၏ဒန်တျန်အတွင်းရှိ ထူးခြားသော စက်လုံးပုံ ကြယ်ကိုးခုသည်လည်း အမည်မဲ့ကျင့်စဉ်ကြောင့် အလိုအလျောက် တိုးတက်လာခဲ့သည်။ အမည်မဲ့ကျင့်စဉ်သည် ဆန်းကြယ်ကြောင်း ပြောနေရန်ပင် မလိုပေ။

ယခုတွင် အမည်မဲ့ကျင့်စဉ်သည် နောက်ထပ် ကောင်းကျိုးတစ်ခု ပေးခဲ့ပေပြီ။

ကျန်းရီသည် အမှန်ပင် ကောင်းကင်ပန်းချီကားကို ရေးဆွဲနိုင်ခဲ့ပြီဖြစ်သည်။ သူသည် တံတွေးမျိုချလိုက်ပြီး ပြန်ဣန္ဒြေဆည်လိုက်၏။ သူ လုံးဝတည်ငြိမ်သွားသောအခါ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပြီး ဆက်ရေးဆွဲလိုက်သည်။

“နောက်တစ်ချပ်...”

ဖုန်းလန်၏ သွယ်လျှသော ခန္ဓာကိုယ်လေးသည် ပို၍ပင် တုန်ရင်သွား၏။ ချင်းယွီသည်လည်း အသက်ရှူမြန်လာသည်။ သူမတို့နှစ်ယောက်သည် ကျန်းရီ ပန်းချီဆွဲနေသည်ကို အနှောင့်အယှက် ပေးမိမည်စိုးသဖြင့် အသံတစ်ချက်ပင် မပြုဝံ့ကြချေ။

ကျန်းရီသည် ပန်းချီကားတစ်ဒါဇင်ကို ဆက်တိုက် ဆွဲလိုက်၏။ သို့သော် ၎င်းတို့သည် အားလုံး ကောင်းကင်ပန်းချီကားချည်း မဟုတ်ပေ။ ပန်းချီကားအားလုံး၏ သုံးပုံတစ်ပုံကသာ ကောင်းကင်ပန်းချီကားများဖြစ်ပြီး ကျန်ပန်းချီကားများမှာ တာအိုအရှိန်အဝါမရှိသော သာမန်ပန်းချီကားများ ဖြစ်သည်။

သို့သော် ဖုန်းလန်နှင့် ချင်းယွီတို့သည် အလွန်စိတ်လှုပ်ရှားနေ၏။ ထိုပန်းချီကားများသည် ကောင်းကင်ကျောက်တုံးများပင်။ ယခုတွင် ကျန်းရီသည် ဤစွမ်းရည် ပိုင်ဆိုင်သွားပြီဖြစ်၍ အနာဂတ်တွင် သူတို့ ကောင်းကင်ကျောက်တုံးအတွက် ပူရန် မလိုတော့ပေ။

“မဟုတ်သေးဘူး...”

ဖုန်းလန်က တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် ကျယ်လောင်စွာ ပြောလိုက်၏။ ယင်းက ကျန်းရီကို တုန်သွားစေသည်။ သူမ ခေါင်းခါ၍ ပြောလိုက်၏။

“သခင်လေး... သခင်လေး မိုးကြိုးတောင်တန်းကိုပဲ ဆက်မဆွဲနေသင့်ဘူး၊ အဲ့ဒါက သိသာလွန်းတယ်။ ပန်းချီကား တစ်ချပ်၊ နှစ်ချပ်ပဲဆိုရင်တော့ ပြဿနာမရှိဘူး.. ဒါပေမဲ့ အခုက များလွန်းတယ်။ ဒီသတင်းက သေချာပေါ်က ပျံ့နှံ့သွားမှာပဲ။ အဲ့ကျ လုလင်းတို့လည်း အာရုံစိုက်လာကြလိမ့်မယ်။ သူတို့သာ ဒီနေရာမှ လာစုံစမ်းရင် ကျွန်မတို့ကို တွေ့သွားမှာပဲ”

“ဟုတ်တယ်...”

ကျန်းရီ ခေါင်းညိတ်ကာ ပြောလိုက်၏။

“အဲ့ဒါဆို ငါ တခြားဟာတွေ ဆွဲရမှာပေါ့”

“ဟုတ်ပါတယ်...”

ဖုန်းလန် ခေါင်းညိတ်ကာ ပြောလိုက်၏။

“ပြီးတော့ ပန်းချီကားတွေကို သခင်လေး ဆွဲပြီးပြီးချင်း တန်းရောင်းလို့ မဖြစ်ဘူး။ သခင်‌လေး ပန်းချီကား တစ်ထောင်လောက် ဆွဲပြီးမှ ခရမ်းရောင်နဂါးမြို့မှာ သွားရောင်းတာကောင်းမယ်။ အဲ့ဒါက ဈေးပိုရလောက်တယ်။ ကျွန်မတို့ ဒီတစ်သုတ်ရောင်းပြီးရင် ကောင်းကင်ကံကြမ္မာသင်္ဘောစီးပြီး ရှန်းစီမြို့ကို တန်းသွားရမယ်။ အဲ့အတောအတွင်း ကျွန်မတို့ လူလုံးထွက်ပြလို့ မရဘူး။ ပန်းချီကားရောင်းတာကိုလည်း ရွှေရောင်မျောလွင့်နဂါးကိုပဲ လုပ်ခိုင်းတာ ကောင်းမယ်”

ကောင်းကင်ပန်းချီကား တစ်ထောင်ကျော် ရောင်းပြီးသွားလျှင် ရှန်းစီမျိုးနွယ်စုတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားမည်ဖြစ်ပြီး မရေမတွက်နိုင်သော လူများသည် ဤမြို့သို့ ရောက်လာကာ စူးစမ်းကြမည်ဖြစ်သည်။ အကယ်၍ ကျန်းရီတို့သာ ခရမ်းရောင်နဂါးကျွန်းဆွယ်တွင် ဆက်နေနေပါက သေချာပေါက် အန္တရာယ်များပေလိမ့်မည်။ သူတို့၏ တစ်ခုတည်းသော ရွေးချယ်စရာမှ ရောင်းပြီးသည်နှင့် ချက်ချင်း ထွက်သွားရန်ဖြစ်သည်။

“သခင်လေး... သခင်လေး ဆက်ဆွဲပါ။ ကျွန်မ ဝမ်ကွမ်းနဲ့ ဆွေးနွေးလိုက်ပါမယ်”

ဖုန်းလန်သည် ထိုအကြောင်းကို ဆက်တွေးသောအခါ အန္တရာယ်အချို့ ရှိနေသေးကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် သူမသည် အသေးစိတ်ကို ချမ်ဝမ်ကွမ်းနှင့် ဆက်ဆွေးနွေးကာ လုလင်း သူမတို့ကို ခြေရာခံနိုင်မည့် မည်သည့်သဲလွန်စမှ မကျန်ခဲ့စေရန် အကောင်းဆုံးလုပ်ဖို့ ဆုံးဖြတ်လိုက်လေသည်။

“ကောင်းပြီ... ချင်းယွီ မင်သွေးလိုက်ပါ”

ကျန်းရီ လက်ဝှေ့ယမ်းလိုက်ပြီး စုတ်တံကို ယူကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်းအခြေအနေသို့ ဝင်လိုက်၏။ သူ့စိတ်ထဲတွင် သွေးညအကြောက်တရားပင်လယ်ထဲရှိ မီးတောင်တစ်ခု ပေါက်ကွဲနေသည့် ပုံရိပ်ပေါ်လာသည်။ သူသည် မီးတာအိုပုံသဏ္ဌာန်ကို လေ့လာခဲ့ပြီးဖြစ်၍ မီး‌တောင်ပေါက်ကွဲသည့် ပုံရိပ်က သူ့စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေပေသည်။ ယခုတွင် သူ၏ရေးဆွဲမှုက လျှောက်ခြစ်သလိုသာ ဖြစ်နေသေးသော်လည်း စုတ်ချက်များမှာ ချောချောမွေ့မွေ့ စီးဆင်းနေသည်။

မကြာခင်တွင် ခမ်းနားသော ပင်လယ်ထဲတွင်မီးတောင်ပေါက်ကွဲနေသည့်ပုံ ပန်းချီကားတစ်ချပ် ပြီးဆုံးသွားလေသည်။ သို့သော် ထိုပန်းချီကားသည် သာမန်သာဖြစ်ပြီး မည်သည့်တာအိုအရှိန်အဝါမှ မရှိပေ။

ကျန်းရီ စိတ်ပျက်မသွားဘဲ အာရုံစိုက်ကာ ဆက်ရေးဆွဲလိုက်၏။ ဒုတိယပန်းချီကား၊ တတိယပန်းချီကား... စတုတ္ထပန်းချီကား...

တဖြည်းဖြည်းဖြင့် ကျန်းရီ၏ ပန်းချီကားများသည် ပို၍ ကောင်းမွန်လာသည်။ စတုတ္ထမြောက်ပန်းချီကးတွင် တာအိုအရှိန်အဝါ ထွက်ပေါ်လာ၏။ ထိုအရှိန်အဝါကို ချင်းယွီပင် ရှင်းရှင်းလင်းလင်း ခံစားရလေသည်။

“သခင်လေး.. လုပ်နိုင်ခဲ့ပြီ။ ဆက်ဆွဲပါ...”

ချင်းယွီ ပြောလိုက်၏။ သူမသည် ကျန်းရီတစ်ယောက် အတန်ငယ် မောပန်းနေသည်ကို မြင်သောအခါ ရှေ့သို့ကိုင်း၍ ချစ်စဖွယ်ရယ်ကာ သူ၏နားအတွင်းသို့ တီးတိုးပြောလိုက်လေသည်။

“သခင်လေး.. ကြိုးစားပါ။ တကယ်လို့ သခင်လေးသာ ဒီနေ့ ကောင်းကင်ပန်းချီကား အချပ်သုံးဆယ် ဆွဲနိုင်ရင်.. ဒီည ကျွန်မတို့ညီအစ်မက သခင်လေးကို ကြိုက်တာလုပ်ခွင့်ပေးမယ်”

ဂလု...

ကျန်းရီ၏ခန္ဓာကိုယ် တုန်ရင်သွား၏။ ရုတ်ခြည်းပင် သူ၏မျက်လုံးများထဲတွင် တက်ကြွမှုများ ထွက်ပေါ်လာသည်။ ထို့နောက် သူ၏စုတ်တံသည် နဂါးများ၊ မြွေများကဲ့သို့ လှုပ်ရှားသွားလေသည်။

***

All Chapters