ဘေးကပ်ဆိုးအား အာရုံရခြင်း
Vol. 156 Ch. 2171
ဥက္ကဌများသည် ရှီမာယူယူ၏ တည်တံ့သောမျက်နှာထားကို မြင်သော အခါ အရေးကြီးသည့်တစ်စုံတစ်ရာ ပြောရန်ရှိသည်ကို သိလိုက်ကြသည်။
“အဲလိုဆိုရင် မင်း ငါတို့နဲ့ပြန်လိုက်ခဲ့လေ” ရှားကျောင်ထျန် ပြောလိုက် သည်။
အသင်းမဟာမိတ်၏ မဟာတွေ့ဆုံပွဲကို ဤနေရာတွင် ကျင်းပသည်ဖြစ်၍ နေထိုင်ရန် နေရာတစ်နေရာတော့ရှိလိမ့်မည်။
ရှီမာယူယူသည် အပြင်လူများကို ကြည့်ပြီး ခေါင်းညိတ် သဘောတူလိုက် သည်။
ယခု အားလုံးသည် သူမ၏သရုပ်မှန်ကိုသိသွားကြပြီး သူမ မြို့စားကို ဖယ်ရှားပစ်လိုက်သည်ကိုလည်း သိကြလိမ့်မည်။ သတင်းပြန့်သွားသည်နှင့် သူမကိုတွေ့မည့် လူများသေချာပေါက် များလာမည်ဖြစ်သည်။ သူမကို ပွဲလမ်း တစ်ခုလို တခြားသူများ ကြည့်သည်ကိုလည်း မခံလိုပေ။
သူမသည် စူးထျန်ယွိဘက်သို့လှည့်ကာ ပြောလိုက်သည် “ဒီခြံဝန်းကို ရှင် တို့နှစ်ယောက်သုံးလိုက်ပါ ရှင်တို့ကိုအနိုင်ကျင့်ရဲတဲ့လူရှိရင် အသင်းမဟာမိတ် ကိုလာပြီး ကျွန်မကိုရှာလှည့်ပါ”
“ဟုတ်ပါပြီ” စူးထျန်ယွိသည် သူမ၏လုံခြုံရေးကို စိတ်မပူပေ။ သူမ၏ စကားများကြောင့် သူတို့ကိုမည်သူတို့က အနိုင်ကျင့်ရဲတော့မည်နည်း။
ဘေဂုံထန်နှင့်တခြားသူများကတော့ သူမနောက်သို့ သဘာဝကျကျပင် လိုက်သွားကြသည်။
အသင်းမဟာမိတ်သို့ရောက်ချိန်တွင် သူတို့အတွက် ခြံဝန်းကိုရှင်းလင်းပြီး ဖြစ်လေသည်။ အသင်းဆီသို့ အပျော်လာကြည့်သည့်သူများကို မောင်းထုတ်ပြီး နောက် ရှားကျောင်ထျန်သည် သူမဆီသို့လှည့်ပြီးမေးလေသည် “ငါတို့ကို ဘာ သတင်းပြောဖို့ရှိလို့လဲ”
“ဥက္ကဌဟော်နဲ့ဥက္ကဌရှန်းတို့ကိုလည်း စကားပြောဖို့ဖိတ်လိုက်ပါ.. ဒီကိစ္စ ကအရေးကြီးတယ်.. အကုန်လုံးရှိတာ အကောင်းဆုံးပဲ” ရှီမာယူယူ ပြောလိုက် သည်။
သူမ ထိုသို့ပြောလိုက်ချိန်တွင် လေးနက်သည့်ကိစ္စဖြစ်နေသည်ကို ရှား ကျောင်ထျန်နှင့် တခြားသူများ သိသွားကြသည်။ သူမ နိုးလာပြီး သုံးလအကြာ တွင် သူတို့ဆီသို့သယ်ဆောင်လာသည့် အရေးကြီးသည့်သတင်းမှာ မည်သည့် သတင်းဖြစ်သည်ကိုမသိသော်လည်း သူမ ထိုသို့ပြောလာသဖြင့် ထိုသတင်းမှာ အတော်အတန်အရေးပေါ်နေသည်ကို ဆိုလိုသည်။
“လောင်ဟော်နဲ့ လောင်ရှန်းတို့ ပြီးပြီလားလို့ သွားကြည့်လိုက်.. သူတို့ ပြီးတာနဲ့ ဒီကိုခေါ်လာခဲ့လိုက်” ရှားချန်လင်းသည် ကိုယ်ရံတော်အားပြောလိုက် သည်။
“ဟုတ်ကဲ့ပါ” အစောင့်သည် အမိန့်ယူပြီးထွက်သွားလေသည်။
ဧည့်ခန်းထဲတွင် အားလုံးတိတ်ဆိတ်နေကြကာ ရှီမာယူယူ ပြောခဲ့သည့် စကားများကို စဉ်းစားနေကြသည်။ သည်တစ်ခေါက် သတင်းသည် ကောင်းလှ သည်မဟုတ်သည်ကို သူတို့၏အလိုလိုသိစိတ်မှပြောနေသည်။
“ပြည်နယ် ၃၂ မှာ မဟာတွေ့ဆုံပွဲလုပ်ဖို့ ဘာလို့ရွေးလိုက်တာလဲ.. ဥက္ကဌ တို့ရဲ့ စခန်းကဒီမှာတော့ မဟုတ်ဘူးမလား.. မဟုတ်ရင် ကျွန်မ အိပ်ပျော်နေတဲ့ နှစ် ၁၀၀ ကျော်အတွင်းမှာ နေရာပြောင်းလိုက်ကြတာလား” ရှီမာယူယူသည် သူတို့ ပူပန်မနေစေရန် အာရုံလွှဲလိုက်သည်။
“တကယ်တော့ ဒါက ရှေးဟောင်းဝိညာဉ်သားရဲတွေနဲ့ ဆက်စပ်နေတယ်” ဖန်မင် ပြောလိုက်သည်။
“မြင့်မြတ်သောဝူလင်းဘက်နဲ့လား”
“ဟုတ်တယ်” ဖန်မင် ခေါင်းညိတ်လေသည်။ “ပြီးခဲ့တဲ့တစ်ခေါက် ပညာရှိ စံအိမ်တော်ကိစ္စမှာ ရှေးဟောင်းဝိညာဉ်သားရဲတွေနဲ့ ပိုနီးကပ်သွားစေတယ်.. ဒီနေရာကိုရွေးတာကလည်း မြင့်မြတ်သောဝူလင်းရဲ့ တောင်းဆိုချက်ကြောင့်ပဲ”
“ဟင်” သူတို့၏ဆက်ခံရေးမှာ နီးစပ်ရုံတင်မဟုတ်သည်ကို ရှီမာယူယူ ခံစားမိသည်။ မဟုတ်ရင် မြင့်မြတ်သောဝူလင်းရဲ့ တောင်းဆိုမှုကြောင့်နဲ့ ဘာလို့ ဒီနေရာကိုပြောင်းလာနေမှာလဲ။
“ငါတို့တွေက ပြည်နယ် ၃၂ ကခန်းကို ပြောင်းချင်ကြတော့ ရှေးဟောင်း ဝိညာဉ်သားရဲတွေနဲ့ နှစ်ဦးနှစ်ဖက်ကူညီခဲ့ကြတယ်” ရှားကျောင်ထျန်သည် ပို၍ ဖြောင့်မတ်သည်။ ထိုကိစ္စများကို ရှီမာယူယူအား ကွယ်ဝှက်ထားရန်မလိုဟု သူ ခံစားမိသည်။
“တစ်ခုခုဖြစ်လို့လား” ရှီမာယူယူ မေးလိုက်သည်။ ကမ္ဘာကြီး အေးချမ်းနေ ရသည့် အကြောင်းအရင်းရှိနေတုန်းပင်။ အတိအကျဆိုရလျှင် အသင်းမဟာ မိတ်သည် ပထမတန်းစားအင်အားစုများထက် အားကောင်းသည်။ ဘာလို့များ ရှေးဟောင်းဝိညာဉ်သားရဲတွေရဲ့ အကူအညီလိုတာလဲ။
“ဒီတိုင်းပြည်ကြီးက အေးချမ်းတယ်လို့ထင်ရပေမဲ့ လှိုင်းတပိုးတွေ တလိမ့် လိမ့်တက်နေတုန်းပဲ” ရှဲချန်လင်း ပြောလေသည် “တခြားအင်အားစုတွေလည်း သူတို့တိုက်ခိုက်နေတဲ့ စွမ်းအားတွေရှိတယ်.. ငါတို့ရဲ့အဆင့်အတန်းကလည်း မနိမ့်ပေမဲ့ တကယ်တမ်းတိုက်ခိုက်တော့မယ်ဆိုရင် အဲလူတွေကို မနိုင်နိုင်ဘူး”
“အဲတော့ ရှေးဟောင်းဝိညာဉ်သားရဲတွေရဲ့ စွမ်းအားကို သုံးချင်တယ်ပေါ့” ရှီမာယူယူ ပြောလိုက်သည်။
“ငါတို့သာ အဂ္ဂိရတ်ပညာတတ်မယ်၊ လက်နက်တွေ သန့်စင်နိုင်မယ်၊ ဝိညာဉ်တွေရှာပြီး သားရဲတွေထိန်းကျောင်းနိုင်မယ်ဆိုရင်တောင် သူများတွေရဲ့ လူသတ်မှုမှာ သိုးငယ်လေးဖြစ်နိုင်တယ်ဆိုတာကို ပြီးခဲ့တဲ့တစ်ခေါက် မတော်တဆမှုကြောင့် ငါတို့နားလည်သွားကြတယ်”
“ပြီးတော့ ငါတို့တွေက အဲဒါတွေသိထားကြတော့ လူတွေက ငါတို့ကို ပိုပြီးလိုချင်လာကြတယ်”
ရှီမာယူယူ ရှင်းလင်းသွားသည်။ ပြီးခဲ့သည့်တစ်ခေါက် အနက်ဝတ်လူများ နှင့် မတော်တဆမှုသည် သူတို့ကိုကပ်ဆိုးကြီးကို ခံစားမိလိုက်သလိုပင်။
ထို့နည်းတူ ရှေးဟောင်းဝိညာဉ်သားရဲများလည်း လူသားများကို လုံးဝ လျစ်လျူပြီး လူသားလောကတွင် ခြေကုပ်ယူရန်မဖြစ်နိုင်ပေ။ ဒီတိုင်းပြည်မှာ သူတို့ကို မျက်စိကျနေတဲ့လူတွေ ဘယ်လောက်တောင်ရှိနေလဲမသိဘူး။ ရှေး ဟောင်းဝိညာဉ်သားရဲတွေကို စာချုပ်သားရဲအဖြစ် ဘယ်သူကမလုပ်ချင်မှာလဲ။
ရှီမာမျိုးနွယ်ကဲ့သို့ အယောက်တိုင်းနီးပါး တစ်ကောင်စီရှိချင်ကြသည်။ သို့သော် တခြားသူများအတွက်တော့ ထိုကိစ္စသည် အိပ်မက်မက်ရုံသာရှိသည်။ သူတို့တွင် တစ်ကောင်ရှိလျှင်တောင် ကြွားစရာကိစ္စဖြစ်နေသည်။
ရှေးဟောင်းဝိညာဉ်သားရဲများသည် သန်မာပြီး စည်းလုံးသည်။ သူတို့ကို တိုက်ခိုက်ချင်လျှင် တဒင်္ဂအတွင်း မည်သူမှမလုပ်နိုင်ပေ။ သို့သော် အင်အားစု များအားလုံးပေါင်းပြီး တခြားနည်းလမ်းမရှာနိုင်ဟု မဆိုလိုပေ။
“အဲလိုဆိုမှတော့ အဲဒီကနေရွှေ့လာတာ မဆိုးပါဘူး” ရှီမာယူယူသည် အခြေစိုက်စခန်းအကြောင်းမသိသဖြင့် အတွင်းအပြင်အတူတူဟု ထင်သည်။
“ဒီနေရာကို အခြေစိုက်စခန်းအဖြစ်သုံးဖို့ စီစဉ်ထားတာဆိုတော့ ဒီမဟာ တွေ့ဆုံပွဲကိုလည်း ရှေ့ပြေးအဖြစ် ဒီမှာပဲလုပ်လိုက်တာ”
ဤအချိန်တွင် ရှန်းယန်နှင့် ဟော်ချန်ဒုံတို့ လျှောက်ဝင်လာပြီး ရှီမာယူယူ ကို မြင်လိုက်ကြသည်။
“ဟုတ်ပြီ ယူယူ သူတို့ရောက်လာပြီ.. ခုနက ပြောမယ့်ဟာ ပြောတော့” ရှားကျောင်ထျန် မေးလိုက်သည်။
“အနက်ဝတ်လူတွေက ပျောက်မသွားဘူး” ရှီမာယူယူ ပြောလိုက်သည် “သူတို့တွေ ပြန်ပေါ်လာတော့မယ်”
“ဘာ”
“သေချာလား”
ဥက္ကဌများ စိတ်ညစ်သွားသည်။ သူတို့အစိုးရိမ်ဆုံးကိစ္စသည် ဖြစ်ပေါ် တော့မည်။
“လုံးဝသေချာတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီသတင်းကို အမှားဖြစ် ဖို့မျှော်လင့်ခဲ့တာ ဒါပေမဲ့…”
သူမ သက်ပြင်းချလိုက်သည်။ သူမသည် အနက်ဝတ်လူများကို အမှန် တကယ်ပင် မေတ္တာမရှိပေ။
“အနက်ဝတ်လူတွေက အကြာကြီးတောင် နှုတ်ဆိတ်လာခဲ့ကြတာ အဲဒါ ကို ဘယ်လိုသိတာလဲ” ရှန်းယန် မေးလိုက်သည်။
“မူစစ်ပျောက်သွားတာ အားလုံး သိကြမှာပေါ့” ရှီမာယူယူ ပြောလိုက် သည်။
“မင်းတပည့်လေ သိတာပေါ့.. ငါတို့ကိုလည်း ရှီမာမျိုးနွယ်က အကူအညီ တောင်းလာလို့ သူ့ကိုရှာဖို့ လူလွှတ်သေးတယ်.. ဒါပေမဲ့ ဘာသတင်းမှမရဘူး.. သူလေထဲမှာ အငွေ့ပျံသွားသလိုပဲ” ရှားကျောင်ထျန် ပြောလိုက်သည်။
“သူပျောက်သွားတာ အနက်ဝတ်လူတွေနဲ့ ဆိုင်နေလို့လား.. သူက ရှီမာ အိမ်တော်မှာ ပျောက်သွားတယ်လို့ မပြောခဲ့ဘူးလား အနက်ဝတ်လူတွေက ရှီမာအိမ်တော်ကို လာခဲ့ပြီး ရှာမတွေ့တာလား”
အမှန်တကယ်သာ ထိုကဲ့သို့ဖြစ်ပါက အလွန်ပင်ကိစ္စကြီးသည်။ ထို့အပြင် လက်ရှိရှီမာမျိုးနွယ်သည် အရင်ရှီမာမျိုးနွယ်နှင့် လုံးဝမတူတော့ပေ။ သူတို့ တောင်မသိဘူးဆိုရင် အနက်ဝတ်လူတွေရဲ့ အင်အားကမြင့်လာတယ်လို့ ဆိုလို တာမဟုတ်ဘူးလား။
“အဲတုန်းက ကျွန်မအိပ်ပျော်နေတုန်းပဲ.. ဒါပေမဲ့ အသိစိတ်ကတော့ ပြန် ကောင်းနေပြီ.. ကျွန်မကြည့်လိုက်တော့ သူအဖမ်းခံရတဲ့မြင်ကွင်းကိုမြင်လိုက်ရ တယ်” ရှီမာယူယူ ပြောလိုက်သည် “သူက ကျွန်မအိပ်တဲ့လျှို့ဝှက်အခန်းထဲမှာပဲ အဖမ်းခံလိုက်ရတာ”
“အဲဒါကြောင့် တစ်တိုင်းပြည်လုံးက ရှာတာတောင် သတင်းမရတာကိုး” ဟော်ချန်းဒုံပြောလိုက်သည် “သူတို့တွေ အနှစ် ၁၀၀ ကျော်အောင် ပုန်းနိုင်တယ် ဆိုတာက သူတို့က ပုန်းတဲ့နေရာရှာတဲ့နေရာမှာတော့တော်တာပဲ”
“အဲဒါကြောင့် အနက်ဝတ်လူတွေက ပြန်ပေါ်လာမယ်လို့ ထင်တာလား” ဖန်ယွင်ဟွေ့သည် သံသယဝင်နေတုန်းပင်။
“တကယ်တော့ လက်ထောက်လေးပြောတာပါ” ရှီမာယူယူ ပြောလိုက် သည် “တိုင်းပြည်က အရှုပ်အထွေးတွေဖြစ်တော့မယ်၊ အဲကိစ္စကလည်း အနက် ဝတ်လူတွေနဲ့ပတ်သက်တယ်လို့ သူအာရုံခံမိတယ်”
ချက်ချင်းဆိုသလို သူမသည် လက်ထောက်လေးပြောသည်များကို ပြန် ပြောပြပြီး ပြောလိုက်သည် “ပြီးခဲ့တဲ့တစ်ခေါက် အနက်ဝတ်လူတွေက အသင်း တွေကို လိုချင်ခဲ့တယ်.. ဒါပေမဲ့ ဒီတစ်ခေါက် သူတို့ပေါ်လာတာက အသင်း မဟာမိတ်ကို ထပ်ပြီး မျက်စိကျမှာလားပဲ”
ထိုအတွေးမှာဖြစ်နိုင်သည်ဟု သူမ ထင်မိသည်။
***