ဆက်သွယ်မှု
Vol. 156 Ch. 2172
“တကယ်တော့ ပြီးခဲ့တဲ့တစ်ခေါက် အနက်ဝတ်လူတွေပျောက်သွားတာ အရမ်းထူးဆန်းတယ်.. ပညာရှိစံအိမ်တော်နဲ့ ပတ်သက်ပြီး သူတို့တွေ ဘာမှ မထိခိုက်ပေမဲ့ ရုတ်တရက်ကြီး ပျောက်သွားကြပြီးတော့ နှစ်ပေါင်း ၁၀၀ ကျော် လောက်ပေါ်မလာခဲ့ဘူး.. အဲတုန်းက သူတို့တွေပြန်ပေါ်လာမယ်လို့ ထင်ခဲ့ကြ သေးတယ်.. ဒါပေမဲ့ နှစ် ၁၀၀ ကျော်လောက် ပေါ်မလာကြတော့ ဒီကိစ္စက သမိုင်းထဲမှာ နှစ်မြှုပ်သွားပြီလို့ထင်ခဲ့တာ.. အခုပြန်ထွက်လာကြမယ်လို့ မထင် မိဘူး” ဟော်ချန်းဒုံသည် ခံစားချက်ပါပါ ပြောလေသည်။
“ပညာရှိစံအိမ်တော်ကိစ္စဖြစ်ပြီးသွားတော့ အနက်ဝတ်လူတွေက လုံးဝကို ထပ်ပေါ်မလာဘူးလား” ရှီမာယူယူသည် တအံ့တဩမေးလေသည်။
“ဟုတ်တယ် ပညာရှိစံအိမ်တော်ရဲ့ စံအိမ်တော်သခင်နဲ့ အတူသေသွား သလိုကို လုံးဝပေါ်မလာဘူး”
“အခုကြည့်မှာပဲ ဒီလိုပြောရတာ အရမ်းမတိကျဘူးပဲ” ဖန်မင် ပြောလိုက် သည် “ယူယူ အိပ်မောကျသွားတော့ အဲဒီအနက်ဝတ်လူတွေ ပျောက်သွားကြပြီး အခုသူမနိုးလာတော့ ပြန်ပေါ်လာတယ်လို့ ပြောလို့ရတယ်”
“ဖန်မင် အဲဒါကိုဘယ်လိုပြောနိုင်တာလဲ” ရှားကျောင်ထျန် အော်လိုက် သည် “ခင်ဗျားဆိုလိုတာက ယူယူကြောင့် ဒါတွေဖြစ်လာတာလား”
သူ ထိုသို့ပြောလိုက်သောအခါ ဖန်မင်၏ စကားများသည် အမှန်တကယ် ပင် ဤကိစ္စနှင့်ပတ်သက်ပြီး ရှင်းလင်းသလိုဖြစ်နေသည်။
အနက်ဝတ်လူတွေက သူမအိပ်နေတုန်းကို ဘာလို့ပျောက်သွားပြီး အခု သူမနိုးလာမှ ပြန်ပေါ်လာတာလဲ။ ဆိုလိုတာက သူမက အနက်ဝတ်လူတွေကို ထိန်းချုပ်နေတာလား။
“လောင်ရှား ခင်ဗျားဘာလို့အလျင်လိုနေတာလဲ ကျုပ်က အဲလိုဆိုလိုတာ မဟုတ်ဘူးဆိုတာ သိရဲ့သားနဲ့” ဖန်မင်သည် ရှားကျောင်ထျန်၏ စိတ်မချသည့် အကျင့်ကို ဆွံ့အမိသည်။
“အဲလိုဆိုလိုတာမဟုတ်ရင် ဘာကိုဆိုလိုတာလဲ” ရှားကျောင်ထျန်သည် သူ၏မုတ်ဆိတ်ကို မှုတ်ပြီး လူကိုစားမတတ်ဝါးမတတ်ကြည့်လေသည်။ ဖန်မင် သာ ဒီလိုထပ်ပြီးပြောရဲရင် သူ့မျက်နှာကိုလျစ်လျူရှုပစ်မယ်။
ဖန်မင်သည် သူ့ကိုမျက်လုံးလှိမ့်ပြလိုက်ချင်သည်။
“လောင်ရှား စိတ်မပူပါနဲ့ လောင်ဖန်က ယူယူ့ကို စိတ်ပူလို့ပါ” ဟော်ချန်ဒုံ ပြေလာိုက်သည်။
“စိတ်ပူတယ်ဟုတ်လား သူက ဘယ်လိုလုပ် အဲလိုပြောနိုင်ရတာလဲ” ရှားကျောင်ထျန် မယုံပေ။
“လောင်ဖန် ပြောတာသာ မှန်ရင် အနက်ဝတ်လူတွေက ယူယူအိပ်ပျော် သွားတော့ ပျောက်သွားပြီး သူမနိုးလာတော့ ပေါ်လာတာအမှန်ပဲ.. ဒါပေမဲ့ ဒီကိစ္စမှာ ယူယူက ချုပ်ကိုင်နေတယ်လို့ လောင်ဖန် ပြောချင်တာမဟုတ်ပါဘူး အချိန်က အရမ်းတိုက်ဆိုင်နေတယ်လို့ ပြောတာပါ ယူယူက ဒါနဲ့များဝင် ပတ်သက်နေမလား” ဟော်ချန်းဒုံ ရှင်းပြလေသည်။
“ကျုပ်ပြောချင်တာ အဲဒါပဲ” ဖန်မင် ပြောလိုက်သည် “လောင်ရှား ခင်ဗျား က အမြောက်ဆန်ပစ်သလို ကြုံရာကျပန်းပစ်တာကို ရှောင်လို့မရဘူးလား”
“အိုး အဲတော့ အဲလိုဆိုလိုတာလား” ရှားကျောင်ထျန်သည် ဖန်မင်ကို ပြုံး ပြလိုက်သည် “အဲလိုရှင်းပြတာကို နားထောင်လိုက်တော့လည်း အဲလိုထင်ရ တယ်.. အရမ်းတိုက်ဆိုင်တာပဲ”
“မဟုတ်ဘူး ဒါကတိုက်ဆိုင်တာမဟုတ်ဘူး” ရှီမာယူယူသည် ရှားကျောင် ထျန် ကာကွယ်ပေးမှုကို ကျေးဇူးတင်မိသည်။ တစ်ချိန်တည်းမျာပင် ထိုလူများ လူသားဆန်နေသည်ကို ဝမ်းနည်းမိသည်။ သူမသည် သတင်းအနည်းငယ်ကို သာ ပြောရသေးသည်၊ သူတို့သည် ဆက်သွယ်ချက်ကို ခန့်မှန်းနိုင်ပြီဖြစ်သည်။
“ဒီကိစ္စက မင်းနဲ့ပတ်သက်နေတယ်လို့ ပြောချင်တာလား”
“လက်ထောက်လေး ပြောသလိုဆိုရင် ကျွန်မက ထဲထဲဝင်ဝင်ကိုပါနေတာ” ရှီမာယူယူ ပြောလိုက်သည် “သူတို့တွေက မူစစ်ကိုခေါ်သွားတာက ကျွန်မကို မျှားခေါ်ဖို့ပဲ”
“ဒါဆို အဲလိုဖြစ်တာက.. ဒါပေမဲ့ ဘာလို့လဲ.. ဘာလို့ မင်းနဲ့ပတ်သက်နေ တာလဲ”
ရှီမာယူယူ ပခုံးတွန့်လိုက်သည် “ဒါက.. လက်ထောက်လေးလည်း မဟော နိုင်ဘူး.. ကျွန်မရဲ့အနာဂတ်ကို သူမမြင်ရဘူးလို့ ပြောတယ်”
“အဲလိုဆိုရင် မင်းက ဒီမှာဘာထွက်လုပ်နေတာလဲ မျိုးနွယ်မှာပဲနေသင့် တယ်” ရှားကျောင်ထျန်သည် စိုးရိမ်တကြီးပြောလေသည်။
“အင်း အကြောင်းအရင်းကိုမှ မသိသေးတာ ဘာလို့အိမ်မှာပဲနေရမှာလဲ ကျွန်မလည်း အပြင်ထွက်ပြီး ရှာရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည် “အခုက ကျွန်မကိုယ်ကျွန်မ စိတ်မပူဘူး.. ပိုစိတ်ပူတာက သူတို့တွေ အသင်းမဟာမိတ် ကိုထပ်ပြီး ပစ်မှတ်ထားမှာပဲ… အဲဒါကြောင့် ဥက္ကဌတွေကို ဒီအကြောင်း အဓိက ပြောချင်တာ အဲဒါကြောင့် အမြဲပြင်ဆင်ထားပြီး သတိမလွတ်နဲ့လို့”
“ဒီလိုကိစ္စဆို ငါတို့ကို သတင်းပါးလိုက်လည်းရပါတယ်.. ကိုယ်တိုင် ထွက် လာဖို့လိုလို့လား” ရှားကျောင်ထျန် ပြောလိုက်သည် “အနက်ဝတ်လူတွေရဲ့ ကိစ္စ က မင်းနဲ့ဆက်စပ်နေတယ်ဆို ဒီလိုထွက်လာတာ အန္တရာယ်မများဘူးလား”
“ကျွန်မသာမပြောရင် ဒီသတင်းကို အလေးအနက်လားမှာလား” ရှီမာယူ ယူ မေးလိုက်သည် “ပြီးတော့ ကျွန်မကို မဟာတွေ့ဆုံပွဲကို ဖိတ်ထားတာမဟုတ် ဘူးလား”
ဥက္ကဌများသည်လည်း ထိုသို့တွေးမိပြန်သည်။ ထို့အပြင် အနက်ဝတ်လူ များသည် နှစ်ပေါင်းများစွာနှုတ်ဆိတ်လာသဖြင့် အနက်ဝတ်လူများ ပြန်ပေါ် လာသည့်သတင်းကို ရုတ်တရက်ပို့လာပါက သူတို့တွေပြင်ဆင်ထားမည်မဟုတ် ပေ။
“မင်းက ဒီရောက်နေပြီဆိုတော့ ဒါတွေပြောနေလည်း အသုံးမဝင်တော့ ဘူးလေ.. ဒါပေမဲ့ ဒီအချိန်အတွင်းတော့ တစ်ယောက်တည်းအပြင်မထွက်နဲ့ ပြီးတော့ သူတို့တွေ မင်းကိုတိုက်ခိုက်လာ မယ်ဆိုရင် မပြင်မဆင်နဲ့ အဖမ်းမခံရ အောင် လူတွေလည်းအများကြီးခေါ်သွား..”
“ဟုတ်တယ်.. မင်းအပြင်ထွက်လာတော့ သူငယ်ချင်းတွေကိုပဲ ခေါ်လာ တာလား ဘာလို့လူတွေပိုခေါ်မလာတာလဲ”
“မလိုပါဘူး.. ကျွန်မ လူတချို့လည်းခေါ်လာတယ်.. ဒါပေမဲ့ အနားမှာရှိ နေတာကိုမကြိုက်လို့ပါ အန္တရာယ်ရှိလာရင် သူတို့တွေပေါ်လာလိမ့်မယ်” ရှီမာ ယူယူသည် သူတို့ကို ထိုသို့ဆက်ဆံသည်မှာ ရုတ်တရက် ဖိအားများစွာကို ခံစား လိုက်ရသည် “ကျွန်မအတွက် စိတ်မပူပါနဲ့.. ကျွန်မကိုဂရုမစိုက်ဘဲ အသင်းကိစ္စ ကိုသာ အာရုံစိုက်ထားကြပါ”
“ဟုတ်ပြီ မင်းက တင်းကြပ်တာတွေကို မကြိုက်တာ သိပါတယ်.. ပြီးတော့ မင်းကအမြဲချင့်ချိန်တတ်တယ် အဲဒါကြောင့် ငါတို့တွေ နားပူနားဆာ မလုပ်တော့ပါဘူး” ဟော်ချန်းဒုံပြောလိုက်သည် “တစ်ခုခုလိုတာရှိရင် ငါတို့ကို ဒီအတိုင်းပြောလိုက်ပါ”
“ပြောပါ့မယ်” ရှီမာယူယူ ပြန်ဖြေလေသည်။
“ဟုတ်ပြီ အခုတော့ အရမ်းနောက်ကျနေပြီ.. သူမလည်း တစ်လျှောက်လုံး လာခဲ့ရတာ.. ဒီနေ့ပဲမိုးပြာရောင်မြို့ကိုရောက်တာဆိုတော့ ကောင်းကောင်း နား ခိုင်းလိုက်ပါဦး” ရှဲချန်လင်းပြောလေသည်။
“အင်း.. ဒီကိစ္စကို တခြားနေရာမှာ ဆွေးနွေးကြတာပေါ့.. ယူယူ မင်းနဲ့ မင်းသူငယ်ချင်းတွေ ကောင်းကောင်းနားလိုက်ကြပါဦး.. နောက်နှစ်ရက်နေမှ အဂ္ဂိရတ်ပညာပြိုင်ပွဲကိုလာကြည့်ပေါ့”
“ဟုတ်ကဲ့ပါ”
ရှီမာယူယူသည် ဥက္ကဌများကို လိုက်ပို့ပြီးနောက် ဝေကျိရွှီတို့ ရောက်လာ ပြီးပြောလေသည် “ဘယ်လိုလဲ သူတို့ယုံကြရဲ့လား”
“ပြောပြလို့ရတာ အကုန်လုံးတော့ ပြောပြလိုက်တယ်.. သူတို့ယုံကြပါ တယ် ဒါပေမဲ့ လှုပ်ရှားဖို့ကျ အရမ်းစောလွန်းတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ သူတို့က စခန်းကို ပြည်နယ် ၃၂ ကိုပြောင်းလာကြတာ.. လုပ်ငန်းစဉ် လည်းမြန်မှာပဲ.. အင်း ဒီနေ့ညတော့ အကုန်လုံးလည်း ပင်ပန်းလာကြပြီ နားလိုက်ကြတာပေါ့”
ရှီမာယူယူသည် အခန်းသို့ပြန်လာပြီးနောက် ကျင့်ကြံသည့်အစား အတားအဆီး စီမံကာ အိပ်လိုက်လေသည်။
နောက်နေ့မနက်အစောတွင် တစ်စုံတစ်ယောက်သည် သူမ၏ အတား အဆီးကို တိုက်ခိုက်နေသည်ကို သတိထားမိလိုက်ကာ သူမ၏ အတားအဆီးကို တိုက်ခိုက်ရဲသူကို ခဏနေမှ ဖြေရှင်းမည်ဟု တွေးလိုက်သည်။ သူမ ခေါင်းကြည် လာသည်နှင့် သူ၏ ပျော်ရွှင်နေသောအသံကို ကြားလိုက်ရသည်။
“မမ မမ တံခါးဖွင့်ဦး”
မရင်းနှီးသောအသံ… ရှီမာယူယူသည် စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ သူမမမှတ်မိပေ။ သူမ သိသည့်လူနှင့်လည်းမတူပေ။
သို့သော် သူတို့မသိကြလျှင် ဤနေရာတွင်နေနေသည်မှာ မိန်းကလေး တစ်ယောက်ဖြစ်သည်ကို မည်သို့သိမည်နည်း။
သူမ ထပြီး အတားအဆီးဖွင့်ပြီး တံခါးဖွင့်ကာထွက်သွားလိုက်သည်။ ကောင်လေးတစ်ယောက်သည် သူမ၏ရင်ခွ၍ထဲသို့ ပျံပြေးဝင်လာသည်။
“မမ နိုးလာပြီပဲ ဝူးဟူး ကံကောင်းလေးက လွမ်းလွန်းလို့သေတော့မယ်”
ရှီမာယူယူသည် ရင်ခွင်ထဲမှ ၆ နှစ် ၇ နှစ်အရွယ် ကလေးတစ်ယောက် အသွင်ပြောင်းထားသော ကံကောင်းလေးကို ကြည့်လိုက်သည်။
သူမသည် ကံကောင်းလေးကိုကြည့်ပြီး မျက်တောင်ခတ်လိုက်သည် “မင်းက ကံကောင်းလေးလား ဘယ်လိုလုပ်ရောင်ဝါပြောင်းသွားတာလဲ”
***