← Chapters

သွေးသား

Vol. 156 Ch. 2173

သွေးသား

Vol. 156 Ch. 2173

ကံကောင်းလေးသည် ဝမ်းနည်းသွားသည်။ သူသည် သူ၏အစ်မဖြစ်သူ ကို နှစ် ၁၀၀ ကြာအောင် လွမ်းနေခဲ့ရသည်။ သူမကတော့ သူ့ကိုမမှတ်မိပေ။

“ကံကောင်းလေး ကြီးလာပြီ ကြီးလာပြီ” ကံကောင်းလေး ကန့်ကွက်လေ သည်။ “ကံကောင်းလေးက အရင်တုန်းက ကလေးလေးဆိုပေမဲ့ အခုလူငယ်ဖြစ် နေပြီ ကံကောင်းလေးရဲ့အစ်မက ဘယ်လိုဖြစ်လို့မမှတ်မိတာလဲ”

ကံကောင်းလေး၏ မျက်နှာမှာငိုတော့မည့်ဆဲဆဲဖြစ်နေသည်ကို ရှီမာယူ ယူမြင်သောအခါ ဆောင့်ကြောင့်ထိုင်ပြီး သူ၏မျက်နှာလေးကိုဆိတ်ကာ ပြုံးပြီး ပြောလိုက်သည် “အခု မင်းကို မမကသိသွားပြီလေ.. လိမ္မာတယ် ဝမ်းမနည်းပါ နဲ့တော့.. ကံကောင်းလေးက ကြီးလာလို့ ရောင်ဝါပြောင်းသွားတာကိုး”

“အဲဒါက ကံကောင်းလေး ကြီးလာလို့မဟုတ်ဘူး အဖေက ကံကောင်း လေးရဲ့ သွေးသားကိုအသက်ဝင်လာအောင် နှိုးဆောလိုက်တာ.. အင်း အခု ကံကောင်းလေးရဲ့ သွေးသားက အဖေ့ထက်တောင် ပိုကောင်းနေပြီ” ကံကောင်း လေးသည် ရင်ဘတ်ကို အသာတွန်းပင့်တင်ကာ ပြောလေသည် “ဒါပေမဲ့ အခု လက်ရှိပတ်ဝန်းကျင်က အရင်လောက် မကောင်းတော့လို့ ကြီးထွားမှုနှုန်းက နှေးနေတာလို့ အဖေပြောတယ်”

ကံကောင်းလေးသည် အင်အားအဆပေါင်းများစွာ တိုးလာသည်ကို ရှီမာ ယူယူမြင်နေရသည်။ သူသည် တိုးတက်မှုနှေးလွန်းသည်ဟု မျက်နှာများရှုံ့မဲ့ပြီး ပြောနေသေးသည်။ သူမသည် သူ၏ခေါင်းလေးကို ဖွပြီးပြောလိုက်သည် “အချိန်ယူဦးမှပေါ့ မင်းလည်းငယ်သေးတာပဲ ကြိုးစားနေသရွေ့ ပိုအားကောင်း လာမှာပဲ”

“အင်း အဖေလည်း အဲလိုပဲပြောတယ်” ကံကောင်းလေးသည် ပြုံးသွား ပြန်သည်။

ရှီမာယူယူသည် သူနှင့်အတူ ရယ်မောလိုက်သည်။ ချော့ရလွယ်တဲ့ ကလေးပါလား။

“ဘယ်သူနဲ့အတူလာတာလဲ မင်းအဖေရော”

“အဖေက ဒီကိုခေါ်လာပေးတာ.. ဒါပေမဲ့ အခုဥက္ကဌတွေကို သွားရှာတယ် မမက ဒီမှာဆိုတာသိလို့ ဒီကိုတန်းတန်းလာရှာလိုက်တာ”

“ငါ မနေ့ညကမှ ဒီကိုရောက်တာ မင်းတို့က ဒီလောက်မြန်မြန်ကြီး ရောက်လာကြတာပေါ့”

“ဟုတ်တယ် ကံကောင်းလေးတို့လည်း ဒီကနေသိပ်မဝေးဘူးလေ.. အဖေ့ ရဲ့အရှိန်နဲ့ဆို ခဏပဲ” ကံကောင်းလေးသည် ပြောပြီးနောက် ရှီမာယူယူ၏ နား ရွက်နားသို့ကပ်ကာ လေသံဖြင့် ပြောလေသည် “ကံကောင်းလေးတို့က ဒီနားမှာ နေတာ.. ဘယ်သူ့ကိုမှပြောလို့မရပေမဲ့ မမကိုတော့ပြောလို့ရတယ်လို့ အဖေ ပြောတယ်”

ရှီမာယူယူသည် အနည်းငယ် အံ့ဩသွားမိသည်။ ရှေးဟောင်းဝိညာဉ် သားရဲများ၏ စခန်းသည် မိုးပြာရောင်မြို့နှင့် နီးကပ်လိမ့်မည်ဟု ထင်မထားပေ။ ဥက္ကဌနဲ့ ကျန်တဲ့လူတွေက သူတို့ရဲ့ဌာနချုပ်ကို မိုးပြာရောင်မြို့မှာပဲ ထားတော့ မလို့လား။

ပြီးတော့ ကြီးမြတ်သောဝူလင်းရောက်လာတယ်ဆိုတော့ ဥက္ကဌတို့က အစီအစဉ်ကိုတစ်ဆင့်မြင့်မလို့ ဖြစ်မလားပဲ။

“မမ ဘာတွေတွေးနေတာလဲ” သူမ ငေးငိုင်သွားသည်ကို မြင်သောအခါ ကံကောင်းလေးသည် သူမ၏အင်္ကျီများကိုဆွဲလိုက်သည်။

“ဘာမှမဟုတ်ပါဘူး” ရှီမာယူယူ ပြုံးလိုက်သည် “မင်းအဖေက အလုပ်များ နေတယ်ဆိုတော့ ဒီမှာကစားနေလိုက်လေ.. ရှောင်ချီနဲ့ ၁၁ လေးတို့ကိုလည်း အတူကစားခိုင်းလိုက်မယ်”

“ရှောင်ချီကိုတော့ မှတ်မိတယ် ၁၁ လေးကဘယ်သူလဲ” ကံကောင်းလေး သည် ခေါင်းဆတ်ရင်းပြောလေသည်။

“၁၁ လေးက ငါ့မွေးစားအဖေနဲ့အမေတို့ရဲ့ အငယ်ဆုံးသမီး ခရမ်းရောင် ရေနဂါးမျိုးနွယ်ရဲ့မင်းသမီးလေးပဲ.. သူမက မင်းနဲ့ ရွယ်တူမယ့်ပုံပဲ” ရှီမာယူယူ ပြောလိုက်ပြီးနောက် ရှောင်ချီနှင့် ၁၁ လေးကိုခေါ်ထုတ်ပြီး သူတို့ကိုအတူတကွ ကစားခိုင်းလိုက်သည်။

“ပြဿနာမရှိဘူး ကံကောင်းလေးနဲ့က ကစားနေကျပဲလေ” ရှောင်ချီ သည် ရင်ဘတ်ကိုပုတ်ကာ ဂုဏ်ယူစွာ ပြောလေသည်။

ရှောင်ချီသည် ရုပ်ပိုင်းဆိုင်ရာကြီးပြင်းလာသော်လည်း သူမ၏ အကျင့် စရိုက်မှာတော့ ကလေးတစ်ယောက်သဖွယ်ဖြစ်နေတုန်းပင်ဖြစ်သည်။ ယခု ကလေးနှစ်ယောက်နှင့် ကစားရမည်ဖြစ်သဖြင့် သူသည် ကလေးခေါင်းဆောင် ဖြစ်သွားတဲ့ပုံပင်။

၁၁ လေးနှင့် ကံကောင်းလေးသည် နှစ်ယောက်လုံး ဝိညာဉ်သားရဲများဖြစ် သဖြင့် ငယ်ရွယ်ကာ ပေါင်းရသင်းရလွယ်သည်။ ရှောင်ချီပါရှိနေရာ သူတို့နှစ် ယောက်သည် လျင်မြန်စွာပင် အသိအကျွမ်းများဖြစ်သွားကြသည်။

ရှီမာယူယူသည် ဝိညာဉ်စေတီထဲမှ လှုပ်ရှားမှုကို ခံစားမိရာ အနည်းငယ် ပျော်သွားကာ မျက်လုံးများလည်း အနည်းငယ်နီရဲလာသည်။ သူမသည် အမြန် ပင် အခန်းပြန်ကာ အတားအဆီးစီမံပြီး ဝိညာဉ်စေတီအတွင်းသို့ ဝင်ခဲ့လိုက် သည်။

ဝိညာဉ်စေတီအတွင်းတွင် သားရဲများသည် ခရမ်းလေး၏အခန်းသို့ ရောက်နှင့်ပြီးကာ အိပ်ရာလေးပေါ်တွင် အိပ်နေသည့် ခရမ်းလေးကို ဝိုင်းနေကြ သည်။ အိပ်ရာလေးဘေးတွင်တော့ အမည်းလေးအိပ်နေသည်။

“ယူယူ နောက်ဆုံးတော့ ခရမ်းလေး နိုးလာတော့မယ်” ဟိန်းသံလေး သည် ရှီမာယူယူ၏ ပခုံးပေါ်ခုန်တက်ပြီး ပျော်ရွှင်စွာ ပြောလေသည်။

“ဒီလောက် အကြာကြီးအိပ်ပြီးနောက်ဆုံးတော့ နိုးလာတော့မယ်” အိပ်မက်လေးသည် စိတ်မကောင်းစွာဖြင့် ပြောလေသည်။

ရှီမာယူယူသည် အိပ်ရာလေးဘေးသို့ လျှောက်သွားပြီး လက်ဆန့်ထုတ် ကာ ခရမ်းလေးအားဖက်လိုက်ပြီး ထိုင်လိုက်ရာ လေထဲမှကုလားထိုင်တစ်လုံး ပေါ်လာသည်။ သူမသည် ခရမ်းလေးကို ပေါင်ပေါ်တင်ပြီး ညင်သာစွာပွတ်သပ် ပေးလိုက်သည်။

တစ္ဆေဘုရင် မိုးကြိုးဘေးဒုက္ခရင်ဆိုင်ရစဉ်က ခရမ်းလေးသည် မိုးကြိုး ဘေးဒုက္ခများစွာကို စုပ်ယူခဲ့ရသည်။ အထူးသဖြင့် နောက်ဆုံးမိုးကြိုးချက်ကိုပင် ဖြစ်သည်။ သူသည် ရှီမာယူယူကို ကာကွယ်ရန်အတွက် အများအပြားစုပ်ယူပြီး ဘေးဒုက္ခအပြီးတွင် စုပ်ယူထားသည့်စွမ်းအင်များ ခြေဖျက်ရန်အတွက် အိပ်မော ကျနေခဲ့သည်။

ပြီးနောက် မိုးကြိုးဘေးဒုက္ခကြောင့် ချိပ်စည်းပြေသွားသော အမည်းလေး သည် နတ်ဆိုးသွေးသားအဖြစ် ပြန်ပြောင်းသွားသည်။ သို့သော် ခရမ်းလေး အိပ် ပျော်နေသလို သူလည်း ဒဏ်ရာရသွားသည်။ သူသာ ရှီမာယူယူကို တိုက်ခိုက် လိုပါက မည်သူမှ မတားနိုင်ပေ။ ထို့ကြောင့် ဟေးဒီးစ်သည် သူ့ဒဏ်ရာကို အရင် လက်ဦးမှုယူကာ ထပ်မံချိပ်စည်းပိတ်လိုက်သည်။ သူသည် ခရမ်းလေးနိုးလာမှ ပင် နိုးမည်ဖြစ်သည်။

သို့သော် ဟေးဒီးစ်သည် သူမ၏စာချုပ်သားရဲနှစ်ကောင်ကို သူမ အိပ်ပျော် နေစဉ်တွင် ဝိညာဉ်စေတီအတွင်းသို့ ထည့်ပေးခဲ့သည်။ ထိုအရာကပင် သူ၏ အားအင်ကို သူမ ထပ်မံလေးစားမိပြန်သည်။

နှစ်ပေါင်းများစွာကြာပြီးနောက် ခရမ်းလေးသည် နောက်ဆုံးတွင် နိုးလာ တော့မည်ဖြစ်သည်။

ခဏအကြာတွင် ခရမ်းလေးသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။

ခရမ်းလေး၏မျက်လုံးများသည် အစက အနည်းငယ်ရှုပ်ထွေးနေပြီးမှ ကြည်လင်လာသည်။ သို့သော် အားနည်းနေတုန်းပင်ဖြစ်သည်။ သူသည် ရှီမာ ယူယူကို ကြည့်ပြီးပြောလေသည် “ငါပြောပါတယ် ငါကယုံကြည်ရပါတယ်လို့”

ရှီမာယူယူ၏ မျက်လုံးများမှ မျက်ရည်များ ချက်ချင်းကျလာပြီး နှုတ်ခမ်း တွန့်ကာ လေးလံစွာခေါင်းညိတ်လိုက်သည်။

“အင်း ငါ နည်းနည်းအိပ်ချင်သေးတယ် နည်းနည်းလောက်ကြာအောင် အိပ်ခွင့်ပေးပါဦး” ခရမ်းလေး ပြောလိုက်သည်။

“အိပ်လေ” ရှီမာယူယူသည် ဖက်ပြီးနောက် နူးညံ့စွာ ပြောလိုက်သည်။

“အင်း” ခရမ်းလေးသည် မျက်လုံးမှိတ်သွားပြီး ရုတ်တရက်ပြန်ပွင့်လာ ကာ ပြောလေသည် “အဲဒီခွေးအက ဘယ်မှာလဲ”

သူ ချိပ်ပွင့်သွားသည်ကို မှတ်မိသည့်ပုံပင်။

“အိပ်နေတုန်းပဲ မင်းနိုးလာတဲ့အချိန်မှ နိုးမှာ.. သူ့ကိုချိပ်စည်းအသစ် ပိတ် ထားလိုက်ပြီ”

ခရမ်းလေးသည် ထိုစကားကြားသောအခါ စိတ်ချလက်ချပြန်အိပ်သွား သည်။

သည်တစ်ခေါက်တွင် သူ ကြာကြာမအိပ်လိုက်ပေ။ ရှီမာယူယူသည် တစ် ချိန်လုံး ဝိညာဉ်စေတီအတွင်းတွင်နေပြီး နောက်နှစ်ရက်အကြာတွင် သူ မျက်လုံးပြန်ပွင့်လာသည်။ သည်တစ်ခေါက် နိုးလာပြီးချိန်တွင် သူသည် သုံးပုံ နှစ်ပုံမျှ အားပြန်ပြည့်လာသည်။

ရှီမာယူယူသည် သူထသည်ကိုကြည့်ပြီး လက်ဆန့်ထုတ်ကာ အမည်း လေးရှိရာသို့ ဖြည်းဖြည်းချင်းသွားလို်ကသည်။

ခရမ်းလေး၏ မိုးကြိုးတိမ်တိုက်ကသာ အမည်းလေး၏ ခန္ဓာကိုယ်မှ ချိပ် ကို ဖြည်နိုင်သည်ဟု ဟေးဒီးစ်ပြောခဲ့သည်။ ထို့ကြောင့် ခရမ်းလေးသည် သူ၏ လက်လေးကို အမည်းလေးပေါ်သို့တင်ကာ လျှပ်စီးများထည့်ပေးလိုက်သည်။

လျှပ်စီးများသည် အမည်းလေး၏ ခန္ဓာကိုယ်တွင် စီးဆင်းသွားပြီး တစ် ကိုယ်လုံးကိုပြန့်သွားကာ အမည်းလေး၏ခန္ဓာကိုယ်မှ ရောင်ဝါလည်း တဖြည်း ဖြည်းပြောင်းလဲသွားသည်။ သူသည် မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်ရာ ရှီမာယူယူ၏ အကြည့်နှင့် ဆုံသွားလေသည်။

တဒင်္ဂမျှတော့ နေရခက်စွာ တိတ်ဆိတ်သွားသည်။ ရှီမာယူယူသည် ချစ်စရာကောင်းသော အမည်းလေးနှင့် ကျင့်သားရနေပြီဖြစ်သည်။ လက်ရှိ အမည်းလေးကိုမြင်သောအခါ မည်သို့ဆက်ဆံရတော့မည်ကိုမသိပေ။

ပြီးနောက် ယခုအချိန်တွင် သူမသည် အမည်းလေး၏အတွေးကိုပင် အာရုံ ခံမရတော့ပေ။

အမည်းလေး ပြန်ပေါ်လာချိန်တွင် သူ၏ခန္ဓာကိုယ်တွင် အမည်းရောင် အလင်းတန်းဖြတ်ပြေးသွားသည်။ သူသည် မရဏာခွေးတစ်ကောင်မဟုတ် တော့ဘဲ အနက်ရောင်ဝတ်ထားသည့် အမျိုးသားတစ်ယောက်ဖြစ်သွားသည်။ မျက်လုံးများမှာတော့ အမည်းလေးနှင့် ထပ်တူကျတုန်းပင်။

သူနှုတ်ဆိတ်နေသည်ကို ရှီမာယူယူမြင်ရပြီး ဝင်သက်ထွက်သက် ခပ်တို တိုကိုခံစားမိသဖြင့် သူမပြုံးပြီးပြောလိုက်သည် “အင်း.. အဲတုန်းက စာချုပ်က ယာယီဖြေရှင်းခဲ့တာပဲ.. မင်းသာ စာချုပ်ကိုဖျက်ချင်ရင် ငါ…”

“မဟုတ်ဘူး” အမည်းလေးသည် တိုးညင်းစွာပြောပြီး ထကာထွက်သွား သည်။

ရှီမာယူယူသည် သူ၏မောက်မာမှုနှင့် လျစ်လျူရှုသောပုံစံကိုမြင်သော အခါ ဆွံ့အမိသည်။

ခရမ်းလေးသည် ထွက်ပြေးချင်သည်။ လူသားပုံစံပြောင်းပြီးတော့ ဘာလို့ ဒီလောက်တောင် ဆွဲဆောင်မှုရှိသွားတာလဲ။ ခရမ်းရောင်အလင်းတန်း ထွက် လာပြီး ခရမ်းရောင်ဆံပင်၊ ခရမ်းရောင်မျက်လုံးများနှင့် အမျိုးသားတစ်ယောက် ထွက်ပေါ်လာသည်။ သူသည် အမည်းလေးဆီသို့ မိုးကြိုးသွားပစ်လိုက်သည်။ အမည်းလေးသည် လှည့်ပြီးလက်ဆန့်လိုက်ရာ လက်ဖဝါးမှ အမည်းရောင် အလင်းတန်း ပေါ်လာသည်။

“သေစမ်း မင်းကတော်နေသေးတာပဲ” ခရမ်းလေးသည် မိုးကြိုးသွားများ ထပ်မံပစ်လွှတ်လိုက်ရာ အမည်းလေးဖမ်းနိုင်လေသည်။ သူ မဖမ်းသော  မိုးကြိုး များကြောင့် အိမ်ကြမ်းပြင်မှာ အပေါက်များပေါက်သွားတော့လေသည်။

***

All Chapters