လက်ဖက်ရည်ပညာ
Vol. 156 Ch. 2174
အမည်းလေးနှင့် ခရမ်းလေးတို့တိုက်ခိုက်ကြရာ သူတို့နေထိုင်သည့် အဆောက်အဦးမှာ နှစ်ခြမ်းကွဲသွားလေသည်။ ဝိညာဉ်စေတီအတွင်းမှ အားလုံး သည် တိုက်ခိုက်ရာနေရာသို့ရောက်လာသော်လည်း သူတို့ကိုဝင်နှောင့်ယှက်ရန် အစီအစဉ်မရှိပေ။
ထိုတိုက်ပွဲအခြေအနေမှာ ဆေးခင်းများဆီသို့ ပြန့်သွားတော့မည်ကို မြင် သောအခါ ဝိညာဉ်လေးဒေါသထွက်သွားပြီး သူတို့နှစ်ယောက်လုံးကို ပိတ်လှောင်ထားလေသည်။
“ငါ့ရဲ့ဝိညာဉ်စေတီကို ဖျက်ဆီးရဲတဲ့ ဘယ်သူ့ကိုမဆို အင်္ကျီတွေဆုတ်ဖြဲ ပစ်မယ်” ဝိညာဉ်လေးသည် ဒေါသတကြီးပြောလေသည်။
ထိုအချိန်တွင် တိုက်ခိုက်သူများလည်း မတိုက်ခိုက်တော့သလို အပျော်ပွဲ ကြည့်နေကြသူများလည်း မကြည့်နိုင်ကြတော့ပေ။ အားလုံးသည် သူတို့ကိုယ် သူတို့ ဆေးခင်းထဲတွင် ရပ်မိကြသလားဆိုသည်ကို စစ်ဆေးကြည့်ကြသည်။
ဝိညာဉ်လေးကို ဘယ်သူက ဒီလိုစွမ်းရည်ပေးလိုက်တာလဲ။ သူတို့ ဆုတ်ဖြဲ ခံရပြီး တုံးလုံးတော့မဖြစ်ချင်ဘူးလေ။
ဟိန်းသံလေးသည် အသွင်ပြောင်းလူသားမဟုတ်သဖြင့် ဝိညာဉ်လေး၏ ခြိမ်းခြောက်မှုကို မကြောက်ဘဲ ရှီမာယူယူ၏ ပခုံးပေါ်တွင် တည်ငြိမ်စွာထိုင်နေ သည်။
သူသည် လေထဲတွင် ဒေါသထွက်နေသည့် နှစ်ယောက်ကို ပြောလိုက် သည် “ငါပြောတာ မင်းတို့နှစ်ယောက်က နှစ် ၁၀၀ ကျော်လောက် အိပ်ပျော်နေ ခဲ့ကြတာ.. နိုးလာတာနဲ့ ဘယ်လိုဖြစ်လို့ တိုက်ခိုက်ကြတာလဲ.. မင်းတို့ရဲ့ ဆက်သွယ်နည်းက ငါတို့နဲ့မတူလို့များလား”
“ပါးစပ်ပိတ်ထား”
“ပါးစပ်ပိတ်ထား”
သူတို့နှစ်ယောက်သည် တပြိုင်နက်အော်လိုက်သည်။
ရှောင်ဟုသည် သူတို့ကြည့်သည့် အကြည့်ကိုမြင်သောအခါ အပြင်ထွက် ပြီး ရှောင်ချီကိုသွားရှာချင်မိသည်။
ရှီမာယူယူသည် သူ့ကို ဝိညာဉ်စေတီအပြင်သို့ပို့လိုက်ပြီးနောက် ခရမ်း လေးနှင့် အမည်းလေးကိုပြောလိုက်သည် “မင်းတို့တွေက မင်းတို့နေတဲ့အိမ်ကို တောင်ဖျက်ဆီးလိုက်ပြီ.. ပြီးတော့ ဒီတစ်ခေါက် ဝိညာဉ်လေးက မင်းတို့ အင်္ကျီ တွေကို မဖြဲရင်တောင် အိမ်ကိုတော့ပြန်ပြင်ရမယ်.. အင်း မင်းတို့နှစ်ယောက်ပဲ ပြင်ရမယ် ဘယ်သူမှမကူညီရဘူး”
“အိပ်မက်မက်နေလိုက်”
“အိပ်မက်မက်နေလိုက်”
အံ့ဩစရာကောင်းလောက်အောင်ပင် တစ်သံတည်းထွက်လေသည်။
“မပျော်ဘူးလား” ရှီမာယူယူသည် မျက်ခုံးများကို ပင့်လိုက်သည် “ဝိညာဉ် လေး သူတို့အင်္ကျီတွေဖြဲလိုက်တော့”
“ရပ်လိုက်”
“ရပ်လိုက်”
ရှီမာယူယူသည် သူတို့၏အတွင်းဒဏ်ရာများကို ကြည့်ပြီး နှုတ်ခမ်းတွန့် ကာ ပြုံးလိုက်သည် “သူတို့ သဘောတူမှတော့ ဝိညာဉ်လေး သူတို့ကို ဦးစီးပြီး အိမ်ပြင်ခိုင်းလိုက်ပါ”
ဝိညာဉ်လေးသည် သူတို့နှစ်ယောက်ကိုလွှတ်ပြီးနောက် လေထဲတွင်ပေါ် လာပြီး လက်ပိုက်ကာ မျက်နှာမည်းကြီးနှစ်ယောက်ကို စီမံလေတော့သည်။
ခရမ်းလေးနှင့် အမည်းလေးတို့သည် ဝိညာဉ်စေတီအတွင်းတွင် နေလာ သည်မှာ ကြာပြီဖြစ်သည်။ သူတို့သည် ဤနေရာရှိ ဝိညာဉ်လေး၏ စွမ်းရည်ကို သိသလို သူ၏ဒေါသကိုလည်းသိသည်။ သူသည် ပုံမှန်းအားဖြင့် စကားများ သော်လည်း ဒေါသထွက်ချိန်တွင်တော့ ရှီမာယူယူမှလွဲပြီး မည်သူကမှ ရန်မစရဲ ပေ။ အကြောင်းမှာ သူတို့ကိုအပြစ်ပေးရန် နည်းလမ်းများစွာရှိနေခြင်းကြောင့် ပင်။
ထို့ကြောင့် သူတို့နှစ်ယောက်သည် သစ်ပင်ခုတ်ရန်၊ ကျောက်တုံးခွဲရန်နှင့် အိမ်ပြင်ရန် မျက်နှာမည်းကြီးများဖြင့် ဆင်းသွားပြီး လုပ်ငန်းစဉ်တစ်ခုလုံး အတွင်းမှာလည်း ဘာစကားမှမပြောကြတော့ပေ။ သို့သော် ရှီမာယူယူသည် သူတို့နှစ်ယောက်ကြားမှ အလင်းနှင့်အမှောင်ကို ခံစား၍ရသည်။
ဝိညာဉ်လေး စောင့်ကြည့်နေသဖြင့် သူမသည် ယုံကြည်ချက်ရှိရှိဖြင့် ထွက်လာခဲလိုက်သည်။ ရှောင်ချီ၊ ကံကောင်းလေး၊ ၁၁ လေးနှင့် ဟိန်းသံလေး တို့သည် ခြံဝန်းထဲတွင်မရှိပေ။
“သူတို့တွေ အပြင်ထွက်ပြီးကစားမယ်လို့ ပြောသွားတယ်.. အသင်းမဟာ မိတ်နယ်နိမိတ်အတွင်းမှာတော့ ဘာမှမဖြစ်လောက်ပါဘူး” ဝေကျိရွှီသည် တံခါးတွင်ပေါ်လာသည် “နင် အလောတကြီးထွက်သွားတာတွေ့လိုက်တယ် တစ်ခုခုဖြစ်လို့လား”
“ခရမ်းလေးနဲ့ အမည်းလေးတို့ နိုးလာလို့လေ” ရှီမာယူယူ ပြန်ဖြေလိုက် သည် “ဘေဂုံတို့ရော”
“သူတို့တွေ လမ်းလျှောက်ထွက်သွားကြတယ်” ဝေကျိရွှီ ပြောလိုက်သည် “ဖက်တီးရဲ့ အကျင့်လည်းမသိတာမဟုတ်ဘူး သူက ပျော်ပါးနေရတာကိုကြိုက် တာ ဝူရန်နဲ့ဘေဂုံတို့လည်း သူတစ်ယောက်တည်း အပြင်သွားရင်မလုံခြုံမှာစိုး လို့ အတူလိုက်သွားကြတယ်”
“နင်က ဘာလို့မသွားတာလဲ” ရှီမာယူယူ မေးလိုက်သည်။
ဝေကျိရွှီ၏ မျက်လုံးမှားလှုပ်ခတ်သွားပြီ အကျင့်ဖြစ်နေသည့် အပြုံးသည် သူ့နှုတ်ခမ်းထောင့်တွင် ပေါ်လာသည် “ငါ နင့်ကို ပြောစရာဖို့နေခဲ့တာ.. နင် ထွက်လာလို့ သူတို့ကိုမတွေ့ရင် ဘယ်သွားရှာရမလဲမသိတာနဲ့ စိတ်ပူနေမှာလေ”
“ကျေးဇူးပဲ ကျိရွှီ” ရှီမာယူယူ ပြုံးလိုက်သည် “သူတို့တွေ အကုန်သွားကြပြီ ဆိုတော့ လက်ဖက်ရည်သောက်ကြတာပေါ့”
“ဟုတ်ပြီ”
သူတို့နှစ်ယောက်သည် အဆောင်ငယ်ဆီသို့ သွားလိုက်ကြသည်။ ရှီမာယူ ယူသည် လက်ဖက်ရည်နှပ်ရန် အစုံလိုက်ထုတ်လိုက်သည်။ သူမသည် ယနေ့ စိတ်ခံစားချက်ကောင်းနေသဖြင့် အချိန်ယူပြီး ကွန်ဖူးလက်ဖက်ရည်နှပ်လေ သည်။ သူမသည် အေးအေးလူလူ လက်ဖက်ရည်များကိုငှဲ့ပြီး ဝေကျိရွှီအား ပေး လိုက်သည်။
“နေရာတွေ ဒီလောက်အများကြီးသွားပြီးတော့ လူသားလောကရဲ့ ပတ်ဝန်းကျင်က အကောင်းဆုံးဖြစ်နေတုန်းပဲ” ရှီမာယူယူသည် လူသား လောကမှ ကျယ်ပြန့်သော မိုးပြာရောင်ကောင်းကင်၊ ဖြူစွတ်သောတိမ်တိုက် များ၊ စိမ်းလဲ့သောတောင်များ နှင့် ကြည်လင်သောရေများကို နှစ်သက်သည်။
ဝေကျိရွှီသည် သူမ၏ဣန္ဒြေနှင့် တည်ငြိမ်မှုကိုကြည့်ပြီး သူပါ စိတ်ငြိမ် သွားသလိုခံစားလိုက်ရသည်။ သူသည် ခေါင်းငုံ့ကာ လက်ဖက်ရည်ကို စုပ်ယူ သောက်လိုက်ပြီး နှုတ်ခမ်းမှာလည်းမတွန့်ဘဲမနေနိုင်တော့ပေ။
သူတို့နှစ်ယောက်သည် လက်ဖက်ရည်သောက်ကြကာ ဟိုဟိုဒီဒီစကား ပြောကြသည်။ သူတို့နှစ်ယောက်တည်းရှိသည်အချိန်ဆိုသည်မှာ နည်းပါးလှ သည်။ ရှီမာယူယူသည် သူ့ကိုသားရဲထိန်းကျောင်းသည့် နည်းလမ်းတချို့ကို ပြောပြပြီး သူတို့၏အတွေ့အကြုံများကို အပြန်အလှန်ပြောကြလေသည်။ နေ့လယ်ခင်းတစ်ခုမှာ လက်ဖက်ရည်ရနံ့များဖြင့် ကုန်ဆုံးသွားလေသည်။
ညနေခင်းတွင် ရှောင်ချီသည် ကလေးနှစ်ယောက်နှင့် ဟိန်းသံလေးကို ခေါ်ပြီးပြန်လာသည်။ သူတို့ပြန်လာသည်နှင့် သူမကိုဆွဲကာ အပြင်တွင်ကြားခဲ့ သည့် အကြောင်းများအကြောင်းကို ပြောလေသည်။ သေးငယ်သောကိစ္စများ ဖြစ်သော်လည်း သူတို့နှစ်ယောက်ကို အလွန်ပျော်ရွှင်စေလေသည်။
ရှီမာယူယူသည် ရှောင်ချီကို ခွင့်ပြုသည့်အကြည့်ကြည့်လိုက်ရာ ရှောင်ချီ သည် မေးစေ့ကို ဂုဏ်ယူစွာဖြင့် ပင့်လိုက်သည်။
သူတို့နှစ်ယောက်ကို ကိုင်တွယ်ရသည်မှာ သူမအတွက် မလွယ်ကူပေ။
“ဒီနေ့ ခရမ်းလေးနဲ့အမည်းတို့ အထဲမှာရန်ဖြစ်ကြတာ အိမ်ပျက်ဆီးသွား တယ်.. ကြက်သွေးရောင်မီးတောက် ကျင့်ကြံတဲ့နေရာကိုတောင် သက်ရောက်မှု ရှိမလားမသိဘူး..”
ရှီမာယူယူ စကားမဆုံးခင်မှာပင် ရှောင်ချီသည် ပြန်သွားရန်ပြောလာ သည်။
ရှီမာယူယူသည် ရှောင်ချီ၊ ၁၁ လေးနှင့် ဟိန်းသံလေးတို့ကို ဝိညာဉ်စေတီ အတွင်းသို့ ပြန်ပို့လိုက်သည်။ ကံကောင်းလေးကိုတော့ သူ့အဖေက လာခေါ် သွားလေသည်။
ထိုအချိန်တွင် ဖက်တီးကျူတို့ပြန်လာပြီး ရှီမာယူယူကိုဆွဲကာ စကားပြော ကြပြန်သည်။
ဝေကျိရွှီသည် အဆောင်ငယ်တွင် တစ်ယောက်တည်းထိုင်ပြီး လက်ထဲမှ လက်ဖက်ရည်ပန်းကန်လုံးကိုကြည့်ပြီး ခါးသီးစွာပြုံးလိုက်သည်။ သို့သော် ထို ခါးသက်မှုမှာ တစ်ခဏမျှသာဖြစ်ကာ အဆောင်ငယ်သို့ အားလုံးရောက်လာချိန် တွင်ပျောက်ကွယ်သွားလေသည်။
“ငါတို့ ထွက်သွားတာ အရမ်းကြာနေပြီ.. မင်းက ဒီမှာပဲ လက်ဖက်ရည် သောက်နေတာပေါ့လေ” ဖက်တီးကျူ မေးလိုက်သည် “အိုး မုန့်တွေများလိုက် တာ”
ဝေကျိရွှီသည် လက်ထဲမှလက်ဖက်ရည်ပန်းကန်လုံးကိုချကာ ပေါ့ပါ့ပါးပါး ပင် ပြုးလိုက်သည် “မင်းတို့ကို ဈေးဝယ်ထွက်ပါလို့ ဘယ်သူပြောလဲ”
“ယူယူက ဒီလောက်စောစောထွက်လာမယ်လို့ ဘယ်သူသိမှာလဲ” ဖက်တီးကျူ ပြောလေသည်။
“ငါ လက်ဖက်ရည်နှပ်နည်းသင်ထားတယ်.. ငါမင်းအတွက် နှပ်ပေးရ မလား” ဝေကျိရွှီသည် ပြောပြီးနောက် ရှီမာယူယူအား ကြည့်ပြီးပြောလိုက်သည် “ယူယူ ဒီလက်ဖက်ရည်ပန်းကန်လုံးအစုံကို ငါ့ကိုပေးပါလား ဟုတ်ပြီလား”
“ဟုတ်ပြီလေ” ရှီမာယူယူသည် လက်ဖက်ခြောက်များစွာကို ထုတ်ပြီး သူ့ရှေ့သို့ချပေးလိုက်သည် “သောက်ချင်တယ်ဆို ငါ့ကိုနောက်မှပြော”
“အေးပါ” ဝေကျိရွှီသည် လက်ဖက်ရည်ကြိုက်သည်ဟု နေ့ခင်းကပြော ထားသည်ကို အမှတ်ရသွားပြီး လက်ဖက်ခြောက်များကိုသိမ်းလိုက်သည်။
ကြိုက်စရာတွေအများကြီးရှိတဲ့ထဲကမှ ဘာလို့ဒီလိုအမျိုးအစားကို ကြိုက် ရတာလဲ။
ဖက်တီးကျူသည် သူ့ဘေးတွင်ထိုင်ပြီး စိတ်မပါစွာဖြင့် ပြောလေသည် “အဲလိုဆိုမှတော့ တစ်လက်စတည်း ငါတို့အတွက် လက်ဖက်ရည်နှပ်ပေးလိုက် တော့ မင်းဘယ်လိုတွေသင်ထားလဲ ကြည့်ကြတာပေါ့”
“ငါလုပ်ပေးမယ် ဒါပေမဲ့ အရသာမကောင်းလည်း မင်းသောက်ရမှာပဲ” ဝေကျိရွှီသည် လက်ဖက်ရည်ပန်းကန်အစုံလိုက်ကို သန့်ရှင်းပြီးနောက် လက်ဖက်ရည်အိုးတစ်အိုးတည်ကာ ခွက်များထဲသို့ ခွဲထည့်လိုက်သည်။
ဘေဂုံထန်နှင့် ဝူရန်ဖေတို့လည်း သွားလိုက်ကြပြီး လက်ဖက်ရည်တစ် ခွက်ချင်းစီကိုကြည့်ပြီး အရသာမြည်းစမ်းကာ ပြောလိုက်သည် “ဟုတ်လှချည် လား ကျိရွှီ ဒီလက်ဖက်ရည်က အရသာကောင်းသားပဲ”
ဝေကျိရွှီသည် လက်ဖက်ရည်ကို စုပ်ယူသောက်ပြီး အသာမျက်မှောင် ကြုတ်ကာ လက်ဖက်ရည်ခွက်ကိုပြန်ချပြီး ပြောလိုက်သည် “ယူယူဖျော်တာ ထက် အဆပေါင်း ၈ ထောင်လောက်ပိုဆိုးနေတာ.. မင်းပြောတာကို ငါ သေချာ အာရုံစိုက်ထားရဲ့သားနဲ့”
ရှီမာယူယူသည် လက်ဖက်ရည်ပန်းကန်လုံးမှ စုပ်ယူသောက်ပြီး ပြော လိုက်သည် “ကောင်းပါတယ်.. လက်ဖက်ရည်ပညာက ကျင့်ကြံတာလိုပဲ လေ့ကျင့်ဖို့လိုတယ်.. နောက်ဆိုရင် အပူချိန်နဲ့အချိန်ကို အတိအကျလုပ်ရမှာ”
ပြီးနောက် ရှီမာယူယူသည် သူ့ကို လက်ဖက်ရည်နှပ်နည်းတချို့ကို သင် ပေးပြီးနောက် လက်ဖက်ရည်အမျိုးမျိုးနှပ်ရနိုင်သည့် အသုံးအဆောင်တချို့ကို ပေးခဲ့သည်။
နောက်နှစ်များတွင် ဝေကျိရွှီသည် ကျင့်ကြံပြီးသည်နှင့် ရံဖန်ရံခါ လက်ဖက်ရည်အိုးတည်တတ်သွားလေသည်…
***