မတည်ငြိမ်တဲ့စွမ်းအား
Vol. 156 Ch. 2175
သူတို့တွေ လက်ဖက်ရည်သောက်နေစဉ်မှာပင် ရှားကျောင်ထျန်၊ ဟော် ချန်းဒုံနှင့် ကြီးမြတ်သောဝူလင်းတို့အတူတကွရောက်လာကြသည်။
ကံကောင်းလေးသည် မြင့်မြတ်သောဝူလင်းကိုမြင်သောအခါ ‘အဖေ’ ဟု လိမ္မာစွာဖြင့် ခေါ်ပြီး ရှီမာယူယူနှင့် ရှိသည့်စရိုက်နှင့်လုံးဝကွဲပြားနေသည်။
“ဥက္ကဌ မြင့်မြတ်သောဝူလင်း” ရှီမာယူယူသည် ထပြီးနှုတ်ဆက်လိုက် သည်။
“လက်ဖက်ရည်သောက်နေကြတာလား” ရှားကျောင်ထျန်သည် ခပ်ချဉ်ခ ချဉ် မေးလိုက်သည်။
ရှီမာယူယူသည် သူ့ကိုနားမလည်သလို ဟန်ဆောင်ကာ ပြောလိုက်သည် “ဟုတ်ပါတယ် အတူသောက်ချင်လို့လား”
“ဟုတ်ပြီ ငါတို့ မင်းကိုပြောစရာရှိလို့” ရှားကျောင်ထျန် ပြောလိုက်သည်။
“ယူယူ ငါတို့သောက်လို့ပြီးတော့မယ် အိမ်ကိုအရင်ပြန်လိုက်မယ်လေ နင် တို့ စကားဖြည်းဖြည်းပြောကြ” ဝေကျိရွှီတို့သည် ထပြီးထွက်သွားသည်။ ထွက် မသွားခင်တွင် ကျောက်စားပွဲအားရှင်းလင်းသွားလေသည်။
ရှီမာယူယူသည် သူတို့နှစ်ယောက်အတွက် လက်ဖက်ရည်ထပ်ပြင်ပေး လိုက်သည်။ သို့သော် သူမ စားပွဲပေါ်တွင်တင်ရုံသာတင်ထားပြီး မသောက်ပေ။
နေ့လယ်ခင်းတွင် သူမသည် အိုးတစ်အိုးစာလောက် သောက်ပြီးလေပြီ ဖြစ်သည်။
“ယူယူ ညှိနှိုင်းပြီးသွားတော့ ဒီမဟာတွေ့ဆုံပွဲပြီးတာနဲ့ ငါတို့တွေ ဌာနချုပ် ကို မိုးပြာရောင်မြို့ကိုပြောင်းမလို့ စီစဉ်ထားတယ်.. ဒီမိုးပြာရောင်မြို့မှာ မြို့စား မရှိတော့ဘူး.. အသင်းမဟာမိတ်ကပဲ တိုက်ရိုက်စီမံသွားမယ်” ဟော်ချန်းဒုံ အရင်ပြောလေသည်။
“ကံကောင်းလေးကို မြင်လိုက်ကတည်းက မှန်းမိပါတယ်” ရှီမာယူယူ သည် မအံ့ဩပေ။
ဟော်ချန်းဒုံနှင့် ရှားကျောင်ထျန်တို့သည်တစ်ယောက်နှင့် တစ်ယောက် ကြည့်မိကြသည်။ ဒီကောင်မလေးက ပါးလိုက်တာ။ သူမကို ဘာမှဖုံးကွယ်ထား လို့မရဘူး။
ကံကောင်းလေးသည် သူမလေးတွင်ထိုင်ပြီး သူတို့စကားများကို နားထောင်မနေပေ။ သူသည် စားပွဲပေါ်မှ မုန့်များကိုစားနေသည်။ ရှီမာယူယူ သူ့ နာမည်ပြောလိုက်သည်ကို ကြားသောအခါ လှမ်းကြည့်လေသည်။
ရှီမာယူယူသည် သူ့ခေါင်းကိုပုတ်ပေးလိုက်ရာ ခေါင်းပြန်ငုံ့သွားပြီး မုန့်များ ကို ဆက်စားနေသည်။ ရှီမာယူယူသည် သူ့ကိုဂရုမစိုက်တော့ပေ။ မည်သို့ပင် ဖြစ်စေကာမူ သူသည် ကလေးကတည်းကပင် အစားသန်သည်။
ကြီးမြတ်သောဝူလင်းသည် သူမအနားသို့ သူ့ကလေးရောက်နေသည်ကို ပင် မသိသည့်အလားပင်။ သူသည် ကံကောင်းလေးကို သားမဟုတ်သည့် အတိုင်း ကြည့်ပင်မကြည့်ပေ။
“ဘယ်လိုထင်လဲ” ရှားကျောင်ထျန် သူမကိုမေးလေသည်။
“အဆင်ပြေမယ်လို့ထင်တယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီနေရာကို စောစောပြောင်းလိုက်တာလည်း လူတွေကိုပိုစိတ်အေးစေတာပေါ့”
“မင်းမှာ ထင်မြင်ချက်မရှိဘူးလား”
“ဥက္ကဌတွေနဲ့ ဆွေးနွေးပြီးပြီဆိုကတည်းက သေချာစဉ်းစားထားကြလို့နေ မှာပါ.. ကလေးတွေ ကစားသလိုလုပ်မှာမဟုတ်ပါဘူး.. ကျွန်မမှာ ထင်မြင်ချက် မရှိပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် အသင်းမဟာမိတ်မှကိစ္စများကို ဂရုစိုက်လှသည်မဟုတ်သလို နှစ်ပေါင်း ၁၀၀ ကျော်အောင် အိပ်ပျော်နေခဲ့သည်။ သူမသည် ပြည်မထဲမှ လက်ရှိအခြေအနေကို အပြည့်အဝနားမလည်သေးပေ။ သူမမှာ ဘာထင်မြင် ချက်ဖြစ်နေဦးမှာလဲ။ သူတို့ကို ပြဿနာမဖြစ်စေဖို့ဆိုရင် ဝင်မပါတာကောင်း တယ်။
တကယ်တော့ သူမတွင် ထင်မြင်ချက်ရှီလိမ့်မည်ဟု သူတို့လည်း တွေး မထားကြပေ။ အကျင့်တစ်ခုဖြစ်နေ၍သာ မေးခြင်းဖြစ်သည်။
“ကံကောင်းလေးကို လာကြိုတာလား” ရှီမာယူယူသည် မြင့်မြတ်သော ဝူလင်းကိုမေးလိုက်သည်။
ယခုသူတို့ ပြောစရာရှိသည်များကို ပြောပြီးသဖြင့် ကြီးမြတ်သောဝူလင်း ပြန်သွားရမည်ပင်။ အဖေပြန်မည်ဖြစ်သဖြင့် သူ့သားကို လာကြိုသည်ဟုသာ လူတိုင်းတွေးကြမည်ဖြစ်သည်။
ထိုစကားကိုကြားသောအခါ ကံကောင်းလေးသည် ရှီမာယူယူအား နစ်နာ သည့်အကြည့်ဖြင့်ကြည့်လေသည်။ သူသည် ကြီးမြတ်သောဝူလင်းကိုပြန်ကြည့် ပြီး မပျော်မရွှင်ဖြစ်နေသည်။ သို့သော် ဘာမှမပြောပေ။
“သူ့ကိုလာကြိုတာမဟုတ်ဘူး” ကြီးမြတ်သောဝူလင်းသည် ရှီမာယူယူကို ကြည့်နေသော်လည်း အရင်လူတစ်ယောက်ကို မှတ်မိနေတုန်းဖြစ်သည်။
“ဟင်” ဟေး ကံကောင်းလေး သူကဘာလို့ ဒီကိုလာတာလဲ”
“မင်းကို ပြောစရာရှိလို့လာတာ”
ကြီးမြတ်သောဝူလင်း၏ လေးနက်သောအကြည့်သည် ရှီမာယူယူကို စိတ်ပူစေပြီး သူတစ်ခုခုဖြစ်နေပြီလားဟု တွေးနေမိသည်။
ကြီးမြတ်သောဝူလင်းသည် သူမ၏သိချင်စိတ်ကို နှိုးဆွသည့်အလား ပြော ရန်တုံ့ဆိုင်းနေသည်။ ထိုပုံစံကပင် ရှီမာယူယူကို သိချင်စိတ်ပိုပြင်းပြစေသည်။
“ဘာတွေဖြစ်နေတာလဲ” သူမ မေးလိုက်သည်။
“အကုန်လုံး ဒီကိုရောက်နေကြတာဆိုတော့ စဉ်းစားနေရမယ့်အချိန် မဟုတ်ဘူး” ဟော်ချန်းဒုံ ပြောလိုက်သည်။
ကြီးမြတ်သောဝူလင်းလည်း ထိုသို့တွေးသည်။ ထိုလူသာ တခြား တစ် ယောက်ဖြစ်မည်ဆိုလျှင် တုံ့ဆိုင်းနေမည်မဟုတ်ပေ။ သို့သော် ထိုလူလူသည် သူမဖြစ်နေသည်။ သူသည် သူမကို အန္တရာယ်တွင် မပါဝင်စေလိုပေ။
ဟော်ချန်းဒုံပင်ထိုသို့ပြောလာသဖြင့် ရှီမာယူယူပိုသိချင်လာသည်။
ကံကောင်းစွာပင် ထိုအချိန်တွင် ကြီးမြတ်သောဝူလင်း ပြောလာသည် “ငါတို့ နိုးလာတဲ့ ရှေးဟောင်းသတ္တုတွင်းကိုမှတ်မိသေးလား”
“မှတ်မိတာပေါ့” အဲလောက် အမှတ်ရစရာကိစ္စကို ဘယ်လိုလုပ် မေ့ပစ်ရ မလဲ။
“ငါတို့နေတဲ့နေရာမှာ ဟိုတလောက စွမ်းအားမတည်ငြိမ်တာကို တွေ့ခဲ့ရ တယ်” ကြီးမြတ်သောဝူလင်း ပြောလေသည်။
“ရှင်က အဲဒီမှာနေတုန်းလား.. သဲကန္တာရက အရင်တစ်ခေါက်က ပြိုပျက် သွားပြီလို့ ပြောခဲ့တယ်မလား” ရှီမာယူယူသည် တအံ့တဩ ပြောမိလေသည်။
သူတို့တွေ အရမ်းလျှို့ဝှက်လွန်းတာမဟုတ်ဘူးလား။
“ငါတို့တွေ ကန္တာရဲ့ရွှေ့ပြောင်းဥပဒေသကို ပြောင်းခဲ့တယ် အဲဒါကြောင့် ဘယ်သူမှ ဝင်လာလို့မရဘူး” ကြီးမြတ်သော ဝူလင်းပြောလေသည်။
ယခုအချိန်တွင် ရှီမာယူယူပို၍အံ့ဩမိသည်။
ပြီးခဲ့သည့်တစ်ခေါက် သူမနှင့်ရှီယူတို့ ဝင်ခဲ့စဉ်က သဲကန္တရာသည် တစ်ချိန်လုံးရွှေ့ပြောင်းနေခဲ့သည်။ သို့သော် ထိုရွှေ့ပြောင်းဥပဒေသကို ပြောင်းလဲ၍ရနိုင်လိမ့်မည်ဟု ထင်မထားပေ။
“အဲလိုဆိုရင် အကောင်းဆုံးပဲပေါ့.. တခြားလူတွေ တစ်ခါတည်းဝင်မရရင် နှစ်ခါချိုးဖောက်ဝင်ကြမှာပဲ သတိထားတာကောင်းလိမ့်မယ်” ရှီမာယူယူ ပြော လိုက်သည်။
“အင်း ငါတို့တွေ ကန္တာရဝိညာဉ်သားရဲအဖွဲ့ကို လေ့ကျင့်ပေးထားတယ် သူတို့က ငါတို့ရဲ့အပြင်ဘက်ကမျက်လုံးပဲ” ကြီးမြတ်သောဝူလင်း ပြန်ဖြေလေ သည်။
ရှီမာယူယူပြောသည့်ကိစ္စများသည် သူအရင်ကတည်းက စဉ်းစားလာခဲ့ သဖြင့် ယခုအချိန်တွင် ပြဿနာမဟုတ်ပေ။
“ဒါဆိုရင် ရှင်ပြောတဲ့စွမ်းအင်ကဘာလဲ” ရှီမာယူယူ မေးလိုက်သည်။
“သတ္တုတွင်းနားမှာ ဟိုတလောက စွမ်းအားတစ်ခုလှိမ့်တက်လာတယ်” ကြီးမြတ်သောဝူလင်း ပြောလိုက်သည် “အဲဒီစွမ်းအားက အရမ်းထူးဆန်းတယ် ငါတို့အနားကပ်သွားလို့မရဘူး”
ဟော်ချန်းဒုံနှင့် ရှားကျောင်ထျန်တို့ မအံ့ဩသည်ကိုမြင်သောအခါ မေး လိုက်သည် “ဥက္ကဌတို့အားလုံး မြင်ဖူးပြီးကြပြီလား”
“ကြည့်ပြီးသွားပြီ တွေ့ဆုံပွဲကြီးမတိုင်ခင်ကပဲ.. ဒါပေမဲ့ အဲဒီစွမ်းအားနား ကိုကပ်လို့မရဘူး” ဟော်ချန်းဒုံ ပြောလိုက်သည်။
ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ အဲလောက်တောင် ထူးဆန်းတဲ့ စွမ်းအားရှိတာလား။
“အဲနေရာကို အစီအရင်နဲ့ ကာကွယ်ထားတာလား” သူမ မေးလိုက်သည်။
“ဟုတ်တယ်” ကြီးမြတ်သောဝူလင်း ပြောလိုက်သည် “အဲနေရာက အစီအရင်နဲ့ပေါင်းလိုက်ရင် ရှင်းပြလို့မရတဲ့ အင်အားတစ်ခုက လူတွေအနား ကပ်လာမှာကို တားထားတယ်”
သူတို့ ဘာကြောင့် သူမဆီလာသည်ကို ရှီမာယူယူသိသည်။ အတိအကျ ဆိုရလျှင် သူတို့သည် သူမဆီလာခြင်းမဟုတ်ဘဲ ဟိန်းသံလေးဆီလာခြင်းဖြစ် သည်။
“အတားအဆီးထဲကို ဝင်ကြည့်စေချင်လို့လား” သူမသည် အတိအကျပင် ပြောလိုက်သည်။
“အရင်တုန်းကလိုသာဆိုရင် ငါတို့လည်း ဒီအကြံရမှာမဟုတ်ဘူး.. ဒါပေမဲ့ မနေ့ညက ဖြစ်ခဲ့တာကိုကြည့်ပြီး မင်းရဲ့အားကလည်း စံတင်အဆင့်ကို တက် သွားပြီ.. အဲဒါက ဒီတိုင်းပြည်မှာ ထိပ်တန်းသခင်တွေအဆင့်ရောက်နေပြီလို့ တွေးလို့ရတယ်.. ဝင်သွားဖို့အန္တရာယ်များရင်တောင် မင်းက ပုံတူပွားဖို့ လုပ်နိုင် သေးတာပဲ” ဟော်ချန်းဒုံ ပြောလိုက်သည်။
“ဒါပေါ့ ဒီကိစ္စက မင်းသဘောပါပဲ.. မင်းမသွားချင်ရင် ငါတို့ကဖိအားမပေး ဘူး” ကြီးမြတ်သောဝူလင်း ပြောလိုက်သည်။
“အဲဒီစွမ်းအားက ရှင့်အသက်ကို သက်ရောက်မှုရှိနေတာလား” ရှီမာယူယူ မေးလိုက်သည်။
“မျိုးနွယ်ဝင်နှစ်ယောက်က အဲဒီကိုဝင်သွားပြီးတော့ ပြန်ထွက်မလာတော့ ဘူး” ကြီးမြတ်သောဝူလင်း ပြန်ဖြေလေသည်။
အဲဒါကြောင့်ကိုး။ ရှီမာယူယူသည် သူ့အတွေးကိုနားလည်သည်။ ကိုယ့် မျိုးနွယ်စုများနေထိုင်ရာနေရာတွင် ဤကဲ့သို့အန္တရာယ်များသည့်နေရာရှိနေ သည်ကို မည်သူမှ စိတ်အေးနိုင်မည်မဟုတ်ပေ။
“ဟုတ်ပြီ ကျွန်မ ရှင်နဲ့အတူလိုက်ကြည့်ပေးပါမယ်” ရှီမာယူယူ ပြန်ဖြေ လိုက်သည်။
***