ဟာကွက်
Vol. 156 Ch. 2176
ရှီမာယူယူ ဤမျှမြန်မြန်ဆန်ဆန် သဘောတူလိမ့်မည်ဟု ထင်မထားဘဲ သူမကို ဖျောင်းဖျရန် အချိန်ယူရမည်ဟုပင် တွေးထားခဲ့ကြသည်။ ထို့အပြင် ထို နေရာသို့သွားခြင်းသည် အလွန်အန္တရာယ်များသည်။
ရှီမာယူယူ ထိုနေရာသို့ သွားချင်ရခြင်းအကြောင်းအရင်းမှာ ပထမအချက် အနေနှင့် ကြီးမြတ်သောဝူလင်း၏ စိတ်ထဲရှိ အကြီးဆုံးသောပြဿနာကို ဖြေ ရှင်းနိုင်မလားကို သိချင်ခြင်းဖြစ်သည်။ ဒုတိယအကြောင်းအရင်းမှာ သူမ ရှေးဟောင်းသတ္တုတွင်းဆီသို့ သွားခဲ့သည့်နှစ်က သူမလည်း ထိုစွမ်းအင်ကို တွေ့ ခဲ့ခြင်းကြောင့်ပင်။
ထိုစဉ်က သူမတွင် စွမ်းအားရှိလာပါက ပြန်လာကြည့်မည်ဟု တွေးခဲ့သေး သည်။
“ဆုံးဖြတ်ပြီးပြီဆိုတော့ ဘယ်တော့သွားကြည့်ကြမလဲ” ကြီးမြတ်သော ဝူလင်းမေးလေသည်။
ရှီမာယူယူ ပြောမည်အပြုတွင် ရှားကျောင်ထျန် စကားဖြတ်ပြောလေ သည် “မင်းရဲ့အခြေအနေက တွေ့ထားတာကြာပြီပဲ.. လောဖို့မလိုပါဘူး.. သူမက မဟာတွေ့ဆုံပွဲပြီးတာနဲ့ သွားလိမ့်မယ်”
ရှားကျောင်ထျန်သည် သူမ ပြိုင်ပွဲကြည့်မည့်ကိစ္စကို အမြဲတစေပူပန်နေ သည်။
“နောက်တစ်ခုက အဂ္ဂိရတ်ပြိုင်ပွဲမလား.. ဒါဆိုလည်း အဂ္ဂိရတ်ပြိုင်ပွဲ ကြည့်ပြီးမှပဲ သွားကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ပြိုင်ပွဲပြီးတာနဲ့ စခန်းကို ဒီကိုရွှေ့ချင်တယ်ဆိုရင် ပြိုင်ပွဲစတာနဲ့လုပ်ရမယ်.. ဒီလောက်ကြီးတဲ့ ကိစ္စကိုတော့ လူသိအောင်ကြေညာရမှာပဲ.. အဲအချိန်ကျရင်လိုအပ်တာတွေ လည်းရှိလာနိုင်တယ်.. ကျွန်မဝင်ပါနိုင်မလားဆိုတာကိုတော့ ဥက္ကဌတွေ မကန့်ကွက်ရင်ရပါတယ်”
“ဒါဆို မင်းစောစောသွားလေ.. အဂ္ဂိရတ်ပြိုင်ပွဲကိုတော့ ကြည့်မှဖြစ်မယ်.. အဂ္ဂိရတ်ပြိုင်ပွဲပြီးတာနဲ့ သွားပေါ့” ရှားကျောင်ထျန် ပြောလိုက်သည်။
သူ ဤကဲ့သို့ ပြန်ဖြေမည်ကို ရှီမာယူယူသိသည်။ သူသည် ခေါင်းညိတ်နေ သည့် ကြီးမြတ်သောဝူလင်းဘက်ကြည့်လိုက်သည်။ သူသည် ရက်အနည်းငယ် စောင့်နိုင်သေးသည်။
“ကံကောင်းလေးကတော့…”
“ကံကောင်းလေးက မင်းကိုမတွေ့ရတာ နှစ်တွေအများကြီးကြာနေပြီဆို တော့ မင်းဘေးမှာပဲနေခိုင်းလိုက်ပါ” ကြီးမြတ်သောဝူလင်းသည် ပေါ့ပါးစွာပြော လေသည်။
ရှီမာယူယူမှာ…
ဒီအဖေကြီးက တကယ်သဘောထားကြီးတာပဲ။ သူ့သားကို သူမ ရောင်းစားသွားမှာကို မကြောက်ဘူးလား။
သူမ ထိုသို့တွေးမိသဖြင့် ထုတ်ပြောလိုက်သည်။ သို့သော် ကြီးမြတ်သော ဝူလင်း၏ အထင်သေးခြင်းကိုသာ ရလိုက်သည် “မင်းက အဲလောက်ဉာဏ် မကောင်းဘူး”
ရှီမာယူယူ…
သူသည် ထိုစကားများပြောပြီးနောက် ထွက်သွားရာ ရှီမာယူယူမှာ ဆွံ့အ ကျန်ခဲ့လေသည်။ ဝမ်းသာပီတိဖြစ်နေသည့် ကံကောင်းလေးလည်း ရှိသေး သည်။
သူမနှင့်အတူ ခရီးသွားရမည်မှာ တွေးလိုက်သည်နှင့် သူ့ကိုပျော်ရွှင်စေ သည်။
ရှီမာယူယူသည် သူ့ကိုဝိညာဉ်စေတီအတွင်းသို့ ခေါ်သွားရာ သူသည် ဟိန်းသံလေးတို့နှင့် အတူပြေးလွှားကစားလေသည်။ ထိုအမြန်နှုန်းမှာ သူ၏ ပျော်ရွှင်မှုသည် သူမကြောင့်လား သူမ၏သားရဲများကြောင့်လားဟု သံသယဝင် မိသည်။
ဝိညာဉ်စေတီသည် အရင်အခြေအနေသို့ ပြန်ရောက်နေပြီဖြစ်သည်။ ပျက်စီးသွားသော အထပ်ကို အသစ်နီးပါးပြန်လည်တည်ဆောက်ပြီးဖြစ်လေ သည်။ ပြီးနောက် အထပ်များသည် အရင်ပုံစံအတိုင်း ၉၀ ရာခိုင်နှုန်းခန့်တူညီနေ ပြီဖြစ်သည်။ အမည်းလေးတို့နှစ်ယောက်မှာ ဤနေရာတွင် ဗိသုကာပညာကို အလွန်သဘောကျပုံရသည်။
သို့သော် သူတို့နှစ်ယောက်သည် အဆောက်အဦး၏ခေါင်မိုးပေါ်တွင်ရပ် နေကြပြီး လှိုင်းတွန့်များလည်းထနေသည်။ ဒါက ထပ်ပြီးတိုက်ခိုက်တော့မယ့် အငွေ့အသက်လား။
“မင်းတို့နှစ်ယောက် ထပ်တိုက်ခိုက်ရင် ဘယ်သူမှမရှိတဲ့နေရာကို သွားကြ” ရှီမာယူယူသည် သူတို့ကိုကြည့်ပြီးပြောလိုက်သည် “မဟုတ်ရင် ဝိညာဉ်လေးက မင်းတို့အင်္ကျီတွေကို ဆွဲဖြဲလိမ့်မယ်”
သူမ၏ ခြိမ်းခြောက်မှုသည် အနည်းငယ်အသုံးဝင်သည်။ ယောက်ျားသား နှစ်ယောက်လုံးသည် သူတို့၏ ဝင်သက်ထွက်သက်များကို ဖုံးကွယ်လိုက်ကြ၏။
နောက်ဆုံးတော့ အမည်းလေး လှည့်ပြီးပျံထွက်သွားသည်။
ခရမ်းလေးသည် အမည်းလေး၏ကျောပြင်အား မျက်လုံးလှန်ပြသည်။ ထို့နောက် ခရမ်းရောင်ကြောင်လေးတစ်ကောင်ကဲ့သို့ ခရမ်းရောင်အလင်းတန်း များတောက်ပလာသည်။ သူသည် အရပ်ရှည်သည့်သခင်တစ်ယောက်ကဲ့သို့ တံစက်မြိတ်အထက်တွင် လျှောက်လမ်းလာသည်။
ရှီမာယူယူသည် အမည်းလေး၏ကျောပြင်အားကြည့်ပြီး သက်ပြင်း အသာချလိုက်သည်။ ထို့နောက် သူထွက်သွားသည့် ဦးတည်ဘက်သို့ ပျံသွား လိုက်သည်။
သူမ ခပ်ဝေးဝေးထိလိုက်ပြီးမှ ပုံမှန်မည်သူမှမသွားတတ်သည့် တောင် တစ်လုံးတွင် သူ့ကိုတွေ့လေသည်။
သူသည် တောင်ထိပ်တွင်ရပ်နေပြီး ကျယ်ပြန့်ပြီး မြူဆိုင်းနေသည့် တောင်များကိုကြည့်နေသည်။ ထို့ကြောင့် အဝေးမှ ထိုမြင်ကွင်းကိုမမြင်နိုင်ပေ။
သူ၏ မျက်လုံးများလည်း ရှုပ်ထွေးရီဝေလျက်ရှိသည်။
သူသည် ရှီမာယူယူ ရောက်လာသည်ကိုခံစားမိသည်။ သို့သော် ဘာမှ မပြောပေ။
အမှန်အတိုင်းဆိုရလျှင် ရှီမာယူယူနှင့်ရင်ဆိုင်ရမည်မှာ သူ၏စိတ်များ အနည်းငယ်ရှုပ်ထွေးနေပြီး သူမကို မည်သို့မျက်နှာချင်းဆိုင်ရမည်ကိုပင် မသိ ပေ။
“အမည်း..” ရှီမာယူယူသည် သူ့ကို အမည်းလေးဟုခေါ်ချင်သော်လည်း ယခုအခါ ထိုအမည်သည် မသင့်တော်တော့ဟု ခံစားမိသဖြင့် ရပ်လိုက်သည်။
လေထုသည် အနည်းငယ် နေရခက်သွားစေသည်။
“ရပါတယ်” အမည်းလေးသည် ပေါ့ပါးစွာပြောလေသည်။
“အိုး ငါ အရင်ကပြောထားတာ မင်းစဉ်းစားပြီးပြီလား” ရှီမာယူယူ မေး လိုက်သည်။
“ဘာစဉ်းစားဖို့လိုလို့လဲ ငါဖြစ်ပေါ်ပြီး လာခဲ့တဲ့နေရာကို တွေးကြည့်ရမှာ လား” အမည်းလေးပြောလေသည် “အဲဒီအသုံးမဝင်တာတွေကို မတွေးချင်ဘူး”
သူ ဘယ်ကလာတာလဲ။ ကောင်းကင်နဲ့မြေကြီးရဲ့ သေဆုံးခြင်းဝိညာဉ်က သူ့ကို ကျွေးမွေးခဲ့တာလေ။ သူ ဘယ်သွားရမှာလဲ။ သူက ဘာမှမသိဘဲနေလာခဲ့ တာလေ။ သူ ဘယ်သွားနိုင်ဦးမှာလဲ။
ရှီမာယူယူသည် သူ့ဆီမှဝမ်းနည်းမှုနှင့် စိတ်မကောင်းနေသည်များကို ခံစားမိသည်။ သူမသည် ဘာမှမသိသည့် အမည်းရောင်ခွေးလေးကို သဘောကျ နေတုန်းပင်။
“မင်း ငါ့ကိုမလိုချင်တော့ဘူးလား” အမည်းလေးသည် သူမကို နာကျင် သောမျက်လုံးများဖြင့် ကြည့်လေသည်။
“ငါက ဘယ်လိုလုပ် မင်းကိုမလိုချင်ရမှာလဲ ငါတို့ကမိသားစုတွေလေ” ရှီမာယူယူ ပြောလိုက်သည် “ငါ မင်းနဲ့စာချုပ်တည်ထောင်တုန်းက မင်းက ချိပ်စည်းနဲ့ပိတ်မိနေပြီလေ.. အဲတုန်းက ဒီလိုကိစ္စတွေကို မင်းဘာမှမသိခဲ့ဘူး အခုက မင်းရဲ့ချိပ်စည်းဖြည်ပြီးသလို မင်းလည်းအသိစိတ်ဝင်လာပြီ.. မင်းရဲ့ ထင်မြင်ချက်ကို ငါ လေးစားရမှာပေါ့”
“အဲဒါဆိုရပြီ” အမည်းလေး ပြောလေသည်။
သူသည် ချိပ်စည်းပိတ်ခံခဲ့ရကတည်းက ဉာဏ်ရည်မရှိခဲ့သော်လည်း ရှီမာယူယူ သူ့ကိုစိတ်ရင်းနှင့် ဆက်ဆံခဲ့သည်ကို ခံစား၍ရသည်။ ထိုအရာကပင် သူမကို သံယောဇဉ်ပိုဖြစ်လာသည်ကိုလည်း သူ သိသည်။ မဟုတ်လျှင် မိုးကြိုး ဘေးဒုက္ခကိုရင်ဆိုင်ပြီး ခရမ်းလေးအိပ်မောကျနေစဉ်တွင် သူမသည် ဒဏ်ရာ အပြင်းအထန်ရသည့်ကြားမှ လက်ဆန့်ထုတ်ကာ သူ့ချိပ်စည်းကို ဖြည်ပေးမည် မဟုတ်ပေ။ သူသည် ခပ်ဝါးဝါးမှတ်မိသည်။ သူလူများကို သတ်ခဲ့စဉ်က သူမ သည် သူ့နာမည်ကို အားလျော့စွာဖြင့်ခေါ်ခဲ့ပြီး သူ့ခန္ဓာကိုယ်မှ နတ်ဆိုးစွမ်းအင် များကို အပြည့်အဝချေမှုန်းခဲ့သည်။
သူသည် စကားကို ပေါ့ပေါ့တန်တန်ပြောနေပြီး ရောင်ဝါမှာလည်း အေးစက်နေသည်ကို ရှီမာယူယူမြင်နေရသည်။ သူမသည် ရုတ်တရက် သူမ၏ ခွေးမည်းကြီးကိုလွမ်းလာသည်။ သူ့ကိုထပ်မတွေ့ရတော့မည်မှာတော့ နှမြော ဖွယ်ကောင်းသည်။
“မင်း.. တကယ်တော့ နေရခက်ဖို့မလိုပါဘူး” ရှီမာယူယူသည် သူ့ဘေးသို့ လျှောက်သွားပြီး သူ့ကိုကြည့်လိုက်သည် “မင်းအရင်က ဘယ်လိုပုံစံပဲဖြစ်ဖြစ် အခု ဘယ်လိုပဲဖြစ်နေပါစေ ငါတို့ကမိသားစုတွေပဲ.. အကုန်လုံးက မင်းနဲ့ အသားကျလာကြမှာပါ”
အမည်းလေးသည် ခေါင်းညိတ်လိုက်သော်လည်း ဘာမှမပြောပေ။
“မင်းနာမည်ကို စဉ်းစားပြီးပြီလား” ရှီမာယူယူသည် သူ့ကိုမေးလိုက်၏။ အမည်းလေး တုံ့ဆိုင်းနေသည်ကို မြင်သောအခါ ရှင်းပြလေသည် “အမည်းလေး ဆိုတာက မင်းကိုချိပ်ပိတ်ထားတဲ့ အနေအထားလေ.. အခုက မင်းမှာ ချိပ်စည်း လည်းမရှိတော့ဘူးဆိုတော့ သေချာပေါက် နာမည်အသစ်လိုတာပေါ့”
တကယ်တော့ သူမရှေ့မှလူနှင့် အရင်က တုံးအသည့်ခွေးမည်းလေးနှင့် ဆပ်စပ်၍မရပေ။ အမည်းလေးသည် ထိုခွေးမည်းလေးအဖြစ်သာ သိသည်။ လက်ရှိသူ့ကိုယ်သူ သိမည်မဟုတ်ပေ။
အမည်းလေးသည် ခေတ္တမျှစဉ်းစားပြီးနောက် စကားတစ်ခွန်းပြောလိုက် လေသည် “ဟာကွက်”
ရှီမာယူယူသည် ထိုစကားလုံးကိုကြားသောအခါ အနည်းငယ် ကြောင် သွားမိသည်။ ဘယ်လိုမရဏာသားရဲက သူ့ကိုယ်သူ အဲလိုနာမည်ပေးမှာလဲ။
ဟာကွက်… ဒီလူက ဒီကမ္ဘာမှာမရှိဘူးဆိုတဲ့ အဓိပ္ပာယ်လား။ မဟုတ်ရင် သူ့မှာဘာမှမရှိလို့ ဘာမှဂရုမစိုက်ဘူးဆိုတဲ့ အဓိပ္ပာယ်လား။
ရှီမာယူယူသည် သက်ပြင်းအသာချလိုက်သည်။ “မင်းကိုယ်မင်း အဲလို နာမည်ပေးချင်မှတော့ အခုကစပြီး မင်းကိုအဲလိုပဲခေါ်ရတော့မှာပေါ့”
ထိုအချိန်တွင် ရှောင်ချီပြေးလာသည်။ ချင်ယိသည် အနီးနားမှ ချိပ်စည်း ကိုဖြည်လိုက်သည်။
“အာ.. ဒါကအမည်းလေးလား” ရှောင်ချီသည် အမည်းလေးကို စစ်ဆေး ကြည့်နေသည် “သူက အဲဒီတုံးအအခွေးနဲ့ လုံးဝမတူတော့ဘူးပဲ”
“ဟာကွက်”
“ဘာဟာကွက်လဲ”
“ငါ့နာမည် ဟာကွက်” အမည်းလေး.. မဟုတ်သေးဘူး ဟာကွက်သည် လေးနက်စွာပြောလေသည်။
ရှောင်ချီသည် ခေါင်းကုတ်ပြီး စဉ်းစားပြီးရင်းစဉ်းစားနေသည်။ ထို့နောက် သူမ ခေါင်းညိတ်ကာ “ဟုတ်ပြီလေ မင်းကို ဟာကွက်လို့ခေါ်တာပေါ့ ဟာကွက် လာသွားဆော့ရအောင်”
ထိုသို့ပြောပြီးနောက် သူ ငြင်းချင်သည် မငြင်းချင်သည်ကို ဂရုမစိုက်တော့ ဘဲ ဆွဲခေါ်သွားကာ လုပ်နေကျအတိုင်းပြေးထွက်သွားလေသည်။
***