တာကာဂန်သဲကန္တာရ
Vol. 156 Ch. 2178
တခြားဧရိယာများတွင် ရှုပ်ထွေးစပြုနေပြီဖြစ်သည်။ သို့သော် ဝေးကွာ လွန်းသဖြင့် သတင်းမှာတစ်ကွင်းလုံးပြန့်မသွားပေ။ သည်လိုနှင့် ပြိုင်ပွဲများ ဆက်လက်ကျင်းပသည်။
ရှီမာယူယူသည် ပြိုင်ပွဲတစ်ခုချင်းစီကို ကြည့်သည်။ ပွဲကြည့်စင်မှကြည့်ရ သည့်ခံစားချက်သည် တခြားသူများကြည့်ရသည်နှင့် လုံးဝမတူပေ။ ဤနေရာ တွင်ထိုင်နေရသည်မှာ သူမသည် ပြိုင်ပွဲဝင်တစ်ဦးချင်းစီကို ကြည့်ရမည်။ သူမ သည် တစ်ဦးတည်းကိုစောင့်ကြည့်ရန်မလိုတော့ဘဲ မည်သူပထမရမည်၊ မည်သူ ဒုတိယရမည်ကို စိတ်ထဲထည့်ရန်မလိုတော့ပေ။
သူမ ပိုဆွံ့အသွားသည်မှာ ရှားကျောင်ထျန်သည် ဆေးညွှန်းများရ ပြီးနောက် ပြိုင်ပွဲကို စိတ်ဝင်စားပုံမပြတော့သည်ကိုဖြစ်သည်။ သူသည် သူမ၊ ဒုဥက္ကဌများနှင့်အတူ လိုက်ထိုင်ပေးရုံသာဖြစ်နေတော့သည်။
ထိုပြိုင်ပွဲဝင်များ စိတ်ထဲမထားသည်က ကံကောင်းသည်။ ရှီမာယူယူ ရှိနေသရွေ့အဆင်ပြေသည်။
အဂ္ဂိရတ်ပြိုင်ပွဲကို ၇ ရက်ဆက်တိုက်ကျင်းပကာ တခြားဥက္ကဌများသည် လုံးဝပေါ်မလာတော့ပေ။ သူတို့သည် စခန်းပြောင်းရွှေ့မည့်ကိစ္စများကို သွား စီမံကြသည်ကို ရှီမာယူယူသိသည်။ ရှီမာယူယူ ရှိနေသည့်အချိန်ကို အခွင့် ကောင်းယူကာ လုပ်သလားဟုပင် သူမသိချင်မသိည်။
အဂ္ဂိရတ်ပြိုင်ပွဲပြီးဆုံးသည့် နေ့လယ်ခင်းတွင် ကြီးမြတ်သောဝူလင်းသည် သူမဆီသို့ လာရှာလေသည်။ ထိုအချိန်က သူမ နေထိုင်ရာနေရာသို့ ပြန်ရောက် ခါစဖြစ်သည်။ သူသည် အလွန်ပင် ပူပန်နေပုံရသည်။
သူမသည် အတူလိုက်မည်လားဟု ဝေကျိရွှီတို့ကိုသွားရှာမေးသည်။ သူတို့ သည် ကြိုတင်သဘောတူထားနှင့်သည့် ကိစ္စရှိနေသည်။
“အရင်ကလိုဆိုရင်တော့ အဆင်ပြေမှာပဲ.. ဒါပေမဲ့ အခုက မဖြစ်နိုင်တော့ မှာကြောက်တယ်” ဘေဂုံထန် ပြောလိုက်သည်။
“တစ်ခုခုဖြစ်လို့လား” ရှီမာယူယူ မေးလိုက်သည်။ သူမသည် သူတို့ လေးယောက် တုံ့ဆိုင်းနေသည်ကို မြင်သောအခါ မေးလိုက်သည် “အနက်ဝတ် လူတွေနဲ့ပတ်သက်နေလို့လား”
“ဟုတ်တယ်” ဘေဂုံထန် ခေါင်းညိတ်လိုက်သည် “နေ့လယ်က တောင်ကြားကနေ သတင်းရတယ်.. သူတို့တွေက ငါတို့ကိုတောင်ကြားကို အရင်ပြန်လာစေချင်နေတာ.. ဟိုတလောက လူတွေအများကြီး အနက်ဝတ်လူ တွေသတ်တာခံရတယ်တဲ့”
“သူတို့တွေက ထွက်လာနေပြီပဲ” ရှီမာယူယူ သက်ပြင်းချလိုက်သည် “ဒါပေမဲ့ သူတို့တွေက ဘာလို့ငါ့ကို လာမတိုက်ခိုက်တာလဲ”
“ငါတို့လည်း မသိဘူးလေ” ဖက်တီးကျူ ပြောလိုက်သည် “ငါတို့တွေ အနက်ဝတ်လူအကြောင်းကို သွားစုံစမ်းမယ် သတင်းတစ်ခုခုရှိရင် နင့်ကို ပြော မယ်လေ”
“ဟုတ်ပြီ ဒါဆို နင်တို့တွေသတိထားကြဦး” ရှီမာယူယူသည် စိတ်ပူနေဆဲ ဖြစ်သဖြင့် ဟွမ်ကိုခေါ်ထုတ်လိုက်သည် “သူတို့ကို လိုက်ပို့ပေးနိုင်မလား”
ဟွမ်သည် တဒင်္ဂမျှတွေဝေသွားသည် “ငါ သူတို့ကို လိုက်ပို့ဖို့ တစ်ယောက် ကိုခိုင်းလိုက်မယ်”
“အဲဒါလည်းရတာပဲ”
ဟွမ်သည် မရဏာလောကသို့ ဝင်ပေါက်ဖွင့်လိုက်သည်။ လျင်မြန်စွာပင် အပေါက်ထဲမှ လူဒါဇင်မျှထွက်လာသည်။
“သခင်မလေးကို နှုတ်ဆက်ပါတယ် ကျွန်တော်တို့က ဘယ်နဲ့ညာ တမန် တော်တွေပါ” သူတို့သည် ကြမ်းပြင်ပေါ်ဒူးထောက်ပြီး နှုတ်ဆက်လေသည်။
“ထကြပါ” ရှီမာယူယူသည် လက်ကိုဝှေ့ယမ်းလိုက်သည်။
“သခင်မလေး ကျွန်တော်တို့ကို လာခိုင်းတဲ့အကြောင်းအရင်းများရှိလား” ခေါင်းဆောင်မေးလိုက်သည်။
“အဖွဲ့တစ်ဖွဲ့ကို ဘေးကင်းအောင် ကူညီပြီးလိုက်ပို့ပေးစေချင်လို့ပါ.. လုပ် ပေးနိုင်မလား” ရှီမာယူယူ မေးလိုက်သည်။
“လုပ်ပေးနိုင်ပါတယ် ကျွန်တော်တို့ ထွက်မလာခင် သခင်မလေးရဲ့အမိန့် ကိုနားထောင်ဖို့ ဘုရင်ကြီးက ညွှန်ကြားလိုက်ပါတယ်”
“ဒါဆို ရှင်တို့ကိုပဲ ဒုက္ခပေးရတော့မယ်” ရှီမာယူယူ ပြောလိုက်သည်။ ထို့နောက် သူမသည် ဘေဂုံထန်နှင့် တခြားသူများဆီသို့ သွားကာ ပြောလိုက် သည် “အစတုန်းကတော့ နင်တို့ကို အချိန်တစ်ခုလောက် အတူနေခိုင်းမလို့ပဲ.. ဒါပေမဲ့ ဒါတွေက အခုငါတို့လုပ်ရမယ့်တာဝန်ဖြစ်နေပြီ.. နောက်မှတိုင်းပြည် အနှံ့ ခရီးသွားကြတာပေါ့”
“ဟုတ်ပြီ”
“နင်တို့တွေ သေချာပေါက် ဂရုစိုက်ရမယ်နော်”
“ဂရုစိုက်ပါမယ်.. နင်ရောပဲ အန္တရာယ်များတဲ့ကိစ္စတွေမလုပ်နဲ့”
သူမသည် သူတို့ကို စိတ်ပူသည်။ သို့သော် သူတို့သည်သူမကိုပို၍စိတ်ပူ သည်။ အကြောင်းမှာ သူမလုပ်ခဲ့သည့် ရူးသွပ်သောကိစ္စများကြောင့်ဖြစ်သည်။
“သိပါပြီ နင်တို့တွေ သွားကြလေ” ရှီမာယူယူသည် သူတို့ကို ခေါင်းညိတ် ပြလိုက်သည်။
“လက်အောက်ငယ်သားတို့ သွားပါတော့မယ်”
မရဏာလောကမှလူများသည် သူတို့ကိုဦးဆောင်သွားရာ ရှီမာယူယူ သူတို့၏လုံခြုံရေးအတွက် စိတ်ပူရန်မလိုတော့ပေ။ အပြင်တွင် လျှောက်လည် နေသည့် ရှောင်ချီ၊ ကံကောင်းလေးနှင့် တခြားသူများကို သူမ ပြန်ခေါ်လိုက်ပြီး ကြီးမြတ်သောဝူလင်းနှင့်အတူ ထွက်သွားရန်ပြင်ဆင်လေသည်။
ရှောင်ချီကိုစောင့်ပြီးနောက် သူမသည် အနက်ဝတ်လူများအကြောင်းကို အကြီးအကဲများဆီသို့သွားပြောပြပြီး နှုတ်ဆက်လေသည်။ ဤရက်ပိုင်းတွင် ဥက္ကဌများသည် ပုံမှန်ရက်များထက် အလုပ်များလျက်ရှိသည်။ အနက်ဝတ်လူ များပေါ်လာသည်ဟု ကြားရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
“ငါတို့တွေ နေရာချတာ မြန်မြန်လုပ်ရမယ့်ပုံပဲ” ရှားကျောင်ထျန် ပြော လိုက်သည်။
“ဒီအခြေအနေက မင်းနဲ့ပတ်သက်နေတာကို သူတို့က ဘာလို့မင်းကို တိုက်ရိုက်လာမရှာတာလဲ” ရှဲချန်လင်း မေးလေသည်။
လာပြန်ပြီ ဒီမေးခွန်း…
ရှီမာယူယူ ခေါင်းခါလိုက်သည် “ကျွန်မလည်းမသိဘူး.. ဒါပေမဲ့ သူတို့တွေ အခုပေါ်လာတာက အနည်းဆုံး သူတို့ကိုစစ်ဆေးဖို့လွယ်သွားတာပေါ့.. ဒီကိစ္စ တွေကြားမှာ ဘယ်လိုပုံစံပုံဖော်ထားလဲဆိုတာ ရှာဖို့တောင်ဖြစ်နိုင်သေးတယ်”
အနည်းဆုံးတော့ သူမကို တိုက်ရိုက်လာမရှာသည့်အကြောင်းအရင်းကို သူတို့ရှာရမည်။
ရှောင်ချီသည် ကံကောင်းလေး၊ ၁၁ လေးတို့နှင့်အတူ ပြန်လာသည်။ လမ်းတွင် စူးလော့နှင့် စူးထျန်ယွိတို့ကို တွေ့ခဲ့ကြောင်း ရှောင်ချီပြောလေသည်။ ရှီမာယူယူ စဉ်းစားပြိးနောက် သူတို့ကိုဂရုစိုက်ပေးရန် ရှားကျောင်ထျန်တို့ကို ပြောခဲ့သည်။ သူတို့နှစ်ယောက် တစ်ခုခုဖြစ်လျှင် သူတို့၏အဒေါ်နှင့်ဦးလေးတို့ ဝမ်းနည်းမည်ဖြစ်သည်။
သူတို့ကို ညွှန်ကြားချက်ကောင်းမွန်စွာပေးပြီးနောက် ရှောင်ချီတို့ကို ဝိညာဉ်စေတီအတွင်း ပို့လိုက်သည်။ ထို့နောက် အသွင်ပြောင်းလိုက်သော ကံကောင်းလေးကိုဖက်ပြီး ကြီးမြတ်သောဝူလင်းနှင့်အတူ ထွက်သွားလေသည်။
တာကာဂန်သဲကန္တာရ.. နောက်ဆုံးတစ်ခေါက် သူတို့လာခဲ့စဉ်က ကိစ္စများ စွာဖြစ်ပျက်ခဲ့သည်။ ယခုအခါ သူတို့ပြန်လာရာ ထိုစဉ်ကအဖြစ်အပျက်များကို ပြန်မြင်ရသလိုပင်။
ကြီးမြတ်သောဝူလင်းရှိနေသဖြင့် ပြီးခဲ့သည့်တစ်ခေါက်ကကဲ့သို့ အထဲဝင် ရန်အကြံထုတ်ရန်မလိုပေ။ အရင်ကကဲ့သို့ တွက်ချက်ချင့်ချိန်နေရန်လည်း မလို ပေ။
ကံကောင်းလေး၏ လက်အရှည်ကြီးများသည် သူမလက်ကိုတွယ်ဖက် ထားပြီး သူ၏ကိုယ်လုံးလေးသည် သူမခန္ဓာကိုယ်ပေါ်တွင် လွှဲနေပြီး သူမကို လွှဲကုလားထိုင်ကဲ့သို့ ပြုမူနေသည်။ ကြီးမြတ်သောဝူလင်းသည် သူတို့ဘေးမှ လျှောက်လာသည်။ သို့သော် သူ့ကိုမဆူမငေါက်ပေ။
ကြီးမြတ်သောဝူလင်းသည် သူ၏ကလေးကိုတော့ အလွန်ပင်တင်းကြပ် သည်ဟု အားလုံးသိကြသည်။ သူသည် သားဖြစ်သူကို ဆော့ကစားခွင့်မပြုပေ။ ထို့ကြောင့် သူ့ကိုကစားခွင့်ပေးမည်ဟု မည်သူမှထင်မထားကြပေ။ ထို့အပြင် မည်သူနှင့်မှမနီးစပ်သည့် သခင်လေးတစ်ားသည် လူသားတစ်ယောက်နှင့် ဆော့ကစားနေသဖြင့် ထိုလူသားမိန်းကလေး၏ သရုပ်မှန်ကို အားလုံးအလွန် သိချင်နေကြပုံပင်။
“အရှင်”
“သူမက ငါတို့မျိုးနွယ်ရဲ့ ဂုဏ်သရေရှိဧည့်သည်ပဲ.. ဘယ်သူမှ သူမကို ပြစ်မှားလို့မရဘူး.. ဒါပေမဲ့ သူမကိုအာရုံစိုက်နေဖို့မလည်းမလိုဘူး.. မင်းတို့ လုပ် စရာရှိတာသာလုပ်ကြ” ကြီးမြတ်သောဝူလင်းသည် ဘေးနားမှ မျိုးနွယ်ဝင်များ ကို အမိန့်ပေးလိုက်သည်။
“နားလည်ပါပြီ”
ရှီမာယူယူသည် လူစုခွဲလိုက်သည့် ရှေးဟောင်းဝိညာဉ်များကို ကြည့်လိုက် သည်။ အများစုမှာ လူသားအသွင်ရှိသည်။ လူသားမဟုတ်သူများမှာလည်း လက်ရှိဝိညာဉ်သားရဲများထက် များစွာအသက်အရွယ်ကြီးသည်။
“အခုမင်းကို အဲဒီကိုခေါ်သွားပေးမယ်” ကြီးမြတ်သောဝူလင်းသည် ရှီမာ ယူယူကို ပြောလေသည်။
“ကောင်းပါပြီ” ရှီမာယူယူသည် ကံကောင်းလေးကို ဖက်လိုက်သည် “ငါ မင်းအဖေနဲ့ တစ်နေရာသွားစရာရှိတယ်.. ဒီမှာ ကိုယ့်ဘာသာကစားနေလိုက် နော်”
“ကံကောင်းလေးလည်းသွားချင်တယ်” ကံကောင်းလေးသည် မဆင်းချင် ပေ။
“ငါတို့သွားမယ့်နေရာက အန္တရာယ်များတယ်… မင်း အဲဒီကိုသွားလို့မရ ဘူး.. ငါပြန်လာတာစောင့်နော် အတူကစားပေးမယ် ဟုတ်ပြီလား”
“အန္တရာယ်များတယ်ဆိုရင် ပိုပြီးတော့တောင် သွားသင့်မယ်.. ကံကောင်း လေးက ယူယူ့ကို ကာကွယ်ချင်တယ်” ကံကောင်းလေး ပြောလေသည်။
“ဆင်း” ကြီးမြတ်သောဝူလင်းသည် အေးစက်စွာ အမိန့်ပေးလေသည်။ အကြည့်တစ်ချက်တည်းနှင့်ပင် ကံကောင်းလေး နာခံရသည်။ သို့သော် သူ့ မျက်လုံးများသည် မလိုလားမှုပေါင်းများစွာနှင့်။
ရှီမာယူယူသည် သူ့ခေါင်းကိုပုတ်လိုက်သည် “မင်း ကြီးပြီးရင်း ကြီးလာ ရင် ငါ့ကိုကာကွယ်လို့ရပြီ ဟုတ်ပြီလား”
“ဟုတ်ကဲ့ပါ” သူမ ထိုသို့ပြောသောအခါ ကံကောင်းလေးသည် ပို၍ ပျော်ရွှင်လာသည်။
သူမသည် ကံကောင်းလေးကို ချလိုက်ရာ သူ့မျက်နှာမှ တွန့်ဆုတ်မှုများ ကြောင့် အူယားသွားသည်။
သူမသည် လက်ဆန့်ထုတ်ပြီး သူ့ခေါင်းမှအမွေးများကို ပွတ်ပေးလိုက် သည် “ငါတို့သေချာပေါက် ပြန်လာမှာပါ”
ကြီးမြတ်သောဝူလင်းသည် သူ့သား ထိုကဲ့သို့ မသင့်တော်သလိုပြုမူနေ သည်ကို မကြည့်နိုင်ပေ။ သူသည် သားဖြစ်သူကို အမြီးမှဆွဲကာ အဝေးတစ် နေရာသို့ ကျပန်းပစ်လိုက်သည်။
ရိုးရှင်းပြီး ရက်စက်လိုက်တာ…
“သွားကြမယ်” ကြီးမြတ်သောဝူလင်း ပြောလိုက်သည်။
“ကောင်းပါပြီ”
ကြီးမြတ်သောဝူလင်းသည် သူမကို တောင်များအကြားမှ ကွက်လပ်လေး တစ်ခုကိုခေါ်သွားသည်။ ထိုနေရာသည် သူမ အပြောင်ရှင်းခဲ့သည့်နေရာနှင့် နီး သည်ကို ရှီမာယူယူ သတိထားမိသည်။ သူ၏မျိုးနွယ်ဝင်များစွာကို ရွှေ့ပြောင်းခဲ့ သည်ကို တွေးမိသည်နှင့်သူမ ရှက်ရွံ့စွာနှာခေါင်းကိုပွတ်မိသည်။
“ဒီနေရာပဲ” ကြီးမြတ်သောဝူလင်း ပြောလိုက်သည် “ရှေ့ဆက်သွားမယ် ဆိုရင် အတားအဆီးတစ်ခုရှိတယ်.. အဲဒီစွမ်းအားက အမြဲတမ်းရှိနေတာမဟုတ် ဘူး.. အချိန်တစ်ခုရောက်မှ တုံ့ပြန်တတ်တယ်.. နေမွန်းတည့်အချိန်ဆို ထပ်ဖြစ် လိမ့်မယ်၊ ဒီကစောင့်ကြတာပေါ့…”
***