နန်းတော်
Vol. 156 Ch. 2179
စောင့်နေစဉ်တွင် ရှီမာယူယူသည် ပတ်ဝန်းကျင်ကို စစ်တမ်းကောက် ကြည့်ရာ ထိုနေရာသည် တခြားတောင်များနှင့်ယှဉ်လျှင် စိမ်းလန်းသော သစ်ပင်များစွာရှိသည်ကို တွေ့လိုက်ရသည်။
ထိုစွမ်းအားနှင့် တစ်နည်းတစ်ဖုံပတ်သက်နေမလားဟု သူမ သိချင်မိ သည်။
နေ့တစ်ဝက်ကြာပြီးနောက် ကြီးမြတ်သောဝူလင်းသည် လှိုင်းဂယက်များ ပေါ်ပေါက်နေပြီဟု ပြောလာလေသည်။ သူတို့သည် အတားအဆီးအပြင်ဘက် တွင်ရပ်နေသော်လည်း အပြင်ဘက်သို့ အကန့်အသတ်မရှိ လျှံထွက်လာသည့် လှိုင်းဂယက်များကို အာရုံခံမိကြသည်။
အပြင်ဘက်တွင် အမည်မသိနိုင်သော စွမ်းအားများဖြစ်ပေါ်လာသည်။ အဲဒါကြောင့် ကြီးမြတ်သောဝူလင်းက သူမကို ချက်ချင်းကြီးအထဲကိုခေါ်မသွား တာကိုး။
ရှိမာယူယူသည် သူမခန္ဓာကိုယ်ကိုဖြတ်သွားသည့် လှိုင်းဂယက်များသည် ရင်းနှီးသလိုရှိသည်ဟု ခံစားရသည်။ သို့သော် သူမ လက်ချောင်းနှင့်ပင် ထိ၍မရ ပေ။
လှိုင်းဂယက်များ ကျော်သွားသောအခါ ကြီးမြတ်သောဝူလင်းပြောလေ သည် “ဒီစွမ်းအင်က သူတို့ဘာသာကျ အားကောင်းပြီး တခြားသူတွေနဲ့ကျ အားပျော့တယ်.. သန်မာတဲ့အချိန်ဆို ငါ့မျိုးနွယ်ဝင်နှစ်ယောက်လောက်ကို သတ်နိုင်လောက်တဲ့အထိ အားကောင်းတယ်.. အားနည်းရင်တော့ ဒီနေ့လိုပဲ”
“ဘယ်တုန်းက စဖြစ်တာလဲ” ရှီမာယူယူ မေးလိုက်သည်။
“ရှေ့သုံးလလောက်ကပဲ” ကြီးမြတ်သောဝူလင်း ပြောလေသည် “အရင် တုန်းကဆိုရင် ဒီနေရာက တခြားနေရာတွေနဲ့သိပ်မကွာဘူး.. ဒါပေမဲ့ အရင် သုံးလလောက်က ဒီအတားအဆီးကရုတ်တရက် ဒီစွမ်းအားလှိုင်းဂယက်တွေနဲ့ အတူပေါ်လာတာပဲ.. အချိန်ကိုတွက်ရင်တော့ မင်းနိုးတဲ့အချိန်နဲ့ တိုက်တိုက် ဆိုင်ဆိုင်ပဲ”
“ဒါဆို တကယ်ပဲတိုက်ဆိုင်တာပဲ” ရှီမာယူယူ ရယ်မောလေသည်။ သူမ သည် ဟိန်းသံလေးကိုခေါ်ထုတ်ပြီး တံခါးအရွယ်အစားခန့်ရှိသည့် အပေါက်ကို ဖောက်စေသည်။ ထို့နောက် သူမသည် ကြီးမြတ်သောဝူလင်းဘက်သို့ လှည့်ကာ ပြောလိုက်သည် “ဝင်ရအောင်”
ကြီးမြတ်သောဝူလင်းသည် အရင်ဝင်သည်။ ထို့နောက် သူမသည် ဟိန်း သံလေးကိုဖက်ပြီး ဝင်လေသည်။
အထဲမှာ အပြင်နှင့်အလွန်ကွာခြားလေသည်။ သို့သော် သူတို့ဝင်လိုက်ချိန် တွင် အစောက စွမ်းအားများမပြိုကွဲသေးသည်ကို ရှင်းလင်းစွာမြင်နေရသည်။
“အထဲက တကယ်ပဲ အပြင်ထက်တောင် အရမ်းအားကော်ငးတာပဲ.. အပြင်ကဆို စွမ်းအားတွေ အာရုံခံလို့မရဘူး.. ဒါပေမဲ့ ဒီမှာတော့ ရှင်းလင်းနေ တာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“အမှန်ပဲ” ကြီးမြတ်သောဝူလင်း ပြောလိုက်သည် “သတိထားပါ”
နှစ်ယောက်လုံးသည် တောင်ဆီသို့ ရှေ့ဆက်သွားကြသည်။ တာကာဂန် ကန္တာရမှ ရာသီဥတုသည် အမှန်တကယ်ပင် သူတို့အာများကိုခြောက်သွားစေ သည်။ ရှီမာယူယူသည် ရေအပြည့်ဖြည့်ထားသော ဝိုင်ကရားနှစ်ပုလင်းထုတ် ကာ ကြီးမြတ်သောဝူလင်းကို တစ်ပုလင်းပေးလိုက်သည်။
တကယ်တော့ ကြီးမြတ်သောဝူလင်းသည် သောက်ရန်မလိုပေ။ သူသည် ဤနေရာတွင် နှစ်ပေါင်းများစွာနေလာပြီဖြစ်ရာ ဤရာသီဥတုကို နေသားကျနေ ပြီဖြစ်သည်။ သို့သော် သူ့ရှေ့မှ ရှီမာယူယူ၏ လုံးဝန်းသောလက်ကလေးကို မြင် သောအခါ ကရားယူပြီး သောက်ချလိုက်သည်။
ရေများပါးစပ်ထဲသို့ဝင်သွားသည်နှင့် ပုံမှန်နှင့်မတူသည်ကို သတိထားမိ လိုက်သည်။
“ဒီရေမှာ ရှေးဟောင်းရောင်ဝါရှိနေတယ်” သူသည် အတပ်ပြောလေသည် “ဒါဘာရေလဲ”
“ကစဥ့်ကလျားရေ” ရှီမာယူယူ ပြောလိုက်သည်။
ဤရေသည် သူမ၏အဘိုးဖြစ်သူ ဧကရာဇ်အဆင့်သို့တက်နိုင်ပြီး ကောင်းကင်ဥပဒေကို ချိုးဖောက်ရန်ကူညီပေးသဖြင့် သာမန်ရေသောက်သည် ထက် မသိနိုင်သည့်အကျိုးကျေးဇူးတချို့ရှိလိမ့်မည်ဟု ခံစားရသည်။
ကြီးမြတ်သောဝူလင်း ထပ်ပြီးမစပ်စုတော့ပေ။ သူသည် ရှေးဟောင်း ဝိညာဉ်သားရဲဖြစ်ကာ သူ၏အင်အားမှာ ဧကရာဇ်နှင့်ယှဉ်နိုင်သည်။ သူ့ကိုယ် တွင်းတွင် ကိုယ်ပိုင်လမ်းရှိကာ ဧကရာဇ်အဆင့်ထိတက်ရန် ကောင်းကင်ဥပဒေ ၏ အသိအမှတ်ပြုခြင်းကို မလိုပေ။ ထို့ကြောင့်ပင် ဤရေသည် သူ့အတွက် အနည်းငယ်ထူးခြားရုံသာဖြစ်သည်။ စိတ်ဝင်စားမှုကို မဖြစ်စေပေ။
သူတို့နှစ်ယောက်သည် ကန္တာရအတွင်း လျင်မြန်စွာခရီးသွားကြ ပြီးနောက် အိုအေစစ်အတွင်းသို့ ဝင်ကြလေသည်။ ထိုအိုအေစစ်သည် ထိုတောင်ခြေတွင် တည်ရှိသည်ဟု ပြော၍ရသည်။
သူတို့ ထိုနေရာသို့ဝင်လိုက်သည်နှင့် အပူရှိန်သည် ချက်ချင်းပင် ပျောက် ကွယ်သွားသည်။ သူတိုသည် လုံးဝမတူညီသည့်နေရာတစ်ခုသို့ ရောက်သွား သလိုပင်။ ဤပတ်ဝန်းကျင်သည် ထိုစွမ်းအားနှင့် တစ်မျိုးတစ်ဖုံပတ်သက်လိမ့် မည်ဟု သူမ တိတ်တိတ်လေး အကဲဖြတ်မိသည်။
“အဲဒီစွမ်းအားက ဘယ်မှာလဲဆိုတာကို ငါ မသိဘူး.. ကြည့်ရတာ မြေ အောက်ကိုဆင်းကြည့်ရမယ့်ပုံပဲ” တောင်ထဲတွင် စွမ်းအား၏သဲလွန်စကို ရှာမတွေ့သဖြင့် ကြီးမြတ်သောဝူလင်းသည် ရှီမာယူယူကို ပြောလေသည်။
“ဟုတ်တယ်”
မြေအောက်သို့ဝင်သွားခြင်းသည် သူမအတွက် ခက်ခဲသည့်အရာမဟုတ် ပေ။ ထိုသို့လုပ်သည်မှာ သူမအတွက် ပထမဆုံးအကြိမ်မဟုတ်တော့ပေ။
သည်လိုနှင့် သူတို့နှစ်ယောက်သည် ဝိညာဉ်စွမ်းအင်ဖြင့် ကိုယ့်ကိုယ် ကိုယ်ဝန်းပတ်လိုက်ကြသည်။ ကြီးမြတ်သောဝူလင်းသည် ရှေ့မှဦးဆောင်သွား ပြီး ရှီမာယူယူသည် အနောက်မှလိုက်သည်။
ကြီးမြတ်သောဝူလင်းသည် သူမကို ကမ္ဘာမြေကြီးကို ပြဿနာတစ်စုံတစ် ရာမရှိဘဲဖြတ်ပြီး ခေါ်သွားပုံကို ရှီမာယူယူကြည့်နေသည်။ မြေကြီးများ သူ့ကို ထိသည်နှင့် သွေဖယ်သွားကာ လမ်းဖောက်ပေးလေသည်။ သူမ အလွန်အံ့ဩမိ သည်။
သူတို့နှစ်ယောက်သည် နေ့တစ်ဝက်နီးပါး အောက်ဆင်းသွားပြီးနောက် မြေအောက်နန်းတော်သို့ ရောက်လေသည်။ မြေအောက်နန်းတော်၏အပြင် ဘက်တွင် ကြီးမားသောလူလုပ်ဂူကြီးရှိသည်။ ထိုဂူကိုအတားအဆီးဖြင့် ဝန်းရံ ထားသည်။ မြေအောက်မီတာ ၁၀,၀၀၀ နက်သည့်ထိုနေရာမှာ သီးခြားနေရာ တစ်ခုရှိနေသည်။
ရှီမာယူယူရှိနေသဖြင့် သူတို့နှစ်ယောက်သည် မြေအောက်နန်းတော် အပြင်ဘက်သို့ ချောချောမွေ့မွေ့ပင်ရောက်သွားကြသည်။
“ထူးဆန်းလိုက်တာ ဒီမှာဘယ်လိုလုပ် မြေအောက်နန်းတော်ရှိနေတာလဲ” ရှီမာယူယူသည် မြေအောက်နန်းတော်၏အပြင်ဘက်ကို စစ်ဆေးကြည့်မိသည်။ မြင့်မားသောမြေအောက်နန်းတော်၏ ဘေးဘက်တွင် ရှေးဟောင်းဝိညာဉ် သားရဲများကို ထွင်းထုထားကြသည်။ ရုပ်ထုတစ်ခုချင်းစီမှာ နန်းတော်ကို စောင့်ရှောက်နေသကဲ့သို့ အသက်ဝင်လှ၏။
ပြီးနောက် ဤကဲ့သို့နေရာမျိုးတွင် မြေအောက်နန်းတော်ရှိနေသည်မှာ အလွန်ပင် ထူးဆန်းလှသည်။ ဒီမြေအောက်နန်းတော်တည်ဆောက်သည့်အချိန် က သေချာပေါက် ရှေးဟောင်းသတ္တုတွင်းကို တွေ့ပြီးတဲ့အချိန်လောက်ကဖြစ် နိုင်တယ်။ ဒီမှာရှိနေတယ်ဆိုရင် ရှေးဟောင်းသတ္တုတွင်းတွေ့တုန်းက ဒါကို မတွေ့ဘူးဆိုတာ မဖြစ်နိုင်ဘူးလေ။ ရှာတွေ့တယ်ဆိုရင် ဒီသတ္တုတွင်းကြီးကို ဘာလို့လျစ်လျူရှုနေမှာလဲ။ ဒါကလုံးဝကို ရှင်းပြလို့မရတဲ့အရာပဲ။
“ဒါက မြေအောက်နန်းတော်မဟုတ်ဘူး” ကြီးမြတ်သောဝူလင်း ပြောလေ သည် “ဒါကဂူသင်္ချိုင်းပဲ”
“ဂူသင်္ချိုင်းဟုတ်လား ဘယ်သူကများ ဂူသင်္ချိုင်းကို နန်းတော်လို ဆောက် မှာလဲ” ရှီမာယူယူသည် တအံ့တဩမေးလိုက်သည်။
သူမသည် အစောကမြင်ခဲ့သည့် ပုံစံကိုပြန်တွေးမိသွားသည်။ ဒါက တကယ်ပဲ လူနေတဲ့နန်းတော်နဲ့တော့မတူဘူးပဲ။
ဒါကဘယ်သူ့ဂူသင်္ချိုင်းလဲ။ ကြီးမြတ်သောဝူလင်းတောင်မသိဘူးပဲ။ သူ သတ္တုတွင်းထဲမှာ အပိတ်ခံရတုန်းက အပြင်မှာဘာတွေဖြစ်နေလဲဆိုတာ သူ မသိနိုင်ဘူး။
“ဝင်ကြည့်တာနဲ့ သိမှာပဲ” သူသည် အပြင်တံခါးပေါက်ကြီးဆီသို့လာပြီး လက်ဆန့်ကာတွန်းလိုက်သည်။ သို့သော် တံခါးမှတုပ်တုပ်မလှုပ်သည်ကို တွေ့ လိုက်ရသည်။
သူသည် အနည်း၍ငဘ် အံ့ဩသွားကာ် အားထည့်ပြီးတွန်းဖွင့်ကြည့် သည်။ သို့သော် လုံးဝပင်မလှုပ်ပေ။ ယခု သူ အနည်းငယ် အံ့ဩသည်ထက်ပို သွားသည်။ သူသည် အလွန်ပင်အံ့အားသင့်မိသည်။
သူသည် ရှေးဟောင်းဝိညာဉ်သားရဲဖြစ်ကာ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားကို တော့ ပြောရန်ပင်မလိုပေ။ တံခါးငယ်လေးကိုမဆိုထားနှင့် တောင်ကြီးတစ် တောင်ဖြစ်လျှင်တောင် တွန်းရန်သူ့တွင် စွမ်းအားရှိသည်။ သို့သော် သူ့ရှေ့မှ တံခါးသည် တုပ်တုပ်မှမလှုပ်ပေ။
နှစ်ခါကြိုးစားပြီးနောက် သူ တံခါးဖွင့်မရသည်ကို ရှီမာယူယူသတိထားမိ ရာ လျှောက်သွားပြီး မေးလိုက်သည် “တံခါးက အရမ်းလေးနေလို့လား”
သူမ တွန်းစမ်းကြည့်ရာ အားမသုံးလိုက်ရခင်မှာပင် အနည်းငယ်ပွင့်ဟ သွားလေသည်။
“ဟင် နည်းနည်းမှမလေးပါဘူး” ရှီမာယူယူသည် တိုးညင်းစွာပြောလိုက် သည်။ ထို့နောက် သူမ အားအနည်းငယ်ထည့်လိုက်ရာ လူတစ်ယောက်ဝင်စာ အပေါက်ပွင့်သွားသည်။
ရှီမာယူယူ အံ့ဩနေသည်။ သို့သော် ကြီးမြတ်သောဝူလင်းမှာ ပိုအံ့ဩနေ သည်။ အစောက သူမည်မျှအားစိုက်ထုတ်ခဲ့သည်ကို သူသိသည်။ သို့သော် တံခါးသည် မလှုပ်မယှက်ဖြစ်ခဲ့သည်။ ထို့အပြင် သူမ အားအနည်းငယ်ထည့်ရုံ နှင့် တံခါးမှာပွင့်သွားသည်။
ရှီမာယူယူသည် လျှောက်ဝင်သွားသော်လည်း ကြီးမြတ်သောဝူလင်းသည် ဝင်မလာဘဲ တံခါးကိုစူးစမ်းနေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူမ ရောက်နေသည်ကို သတိပေးပြီး သူ့ကိုစောင့်နေလိုက်သည်။
ကြီးမြတ်သောဝူလင်းသည် လက်ဆန့်ထုတ်ပြီး တစ်ဝက်ပွင့်နေသော တံခါးကိုတွန်းလိုက်သည်။ ယုတ္တိဗေဒကိုအခြေခံရလျှင် တံခါးသည် တစ်ဝက်ပွင့် နေပြီးသဖြင့် အားအနည်းငယ်ထည့်ရုံနှင့်တင် ပွင့်သွားရမည်။ သို့သော် သူ တွန်း ကြည့်လိုက်သောအခါ လုံးဝမလှုပ်ပေ။
“ယူယူ”
“ဟင်”
“ဒီကိုလာပြီး စမ်းကြည့်ဦး”
“အင်း”
ရှီမာယူယူ လျှောက်သွားပြီး တံခါးမကြီးရှေ့သို့သွားလိုက်သည်။ သူမ သည် ဘေးတစ်ခုကိုရွေးပြီး အားသုံးကာ ကျန်တစ်ဖက်ကိုဖွင့်လိုက်သည်။
“ကြည့်ရတာ ဒီတံခါးက မင်းကိုပဲအသိအမှတ်ပြုတယ်ထင်တယ်” ကြီး မြတ်သောဝူလင်း ပြောလေသည်။
“အဲလိုပုံပဲ” ရှီမာယူယူလည်း မြင်နေရသည် “ဒါပေမဲ့ နည်းနည်းထူးဆန်း နေတယ်.. ဒီနေရာက တကယ်ပဲ ရှေးကျတဲ့ပုံပဲ.. ဘယ်လိုလုပ် ကျွန်မကို အသိ အမှတ်ပြုရတာလဲ”
“ဒီလိုအဖြစ်အပျက်မှာ ဖြစ်နိုင်ချေနှစ်ခုရှိတယ်.. သွေးသားနဲ့ ရောင်ဝါပဲ အခုကတော့ ဘာကြောင့်ဖြစ်တယ်ဆိုတာ ပြောလို့မရသေးဘူး.. အထဲကိုဝင် ကြည့်လိုက် မင်းတစ်ခုခုသိရင်သိရမှာပေါ့”
“ဟုတ်ပြီ”
သူတို့နှစ်ယောက် လျှောက်သွားလိုက်ချိန်တွင် နန်းတော်ထဲမှ အားကြီး သောစွမ်းအားတစ်ခုထွက်လာသည်။
***