← Chapters

အခေါင်း

Vol. 156 Ch. 2180

အခေါင်း

Vol. 156 Ch. 2180

ရုတ်တရက်ကြီး စွမ်းအားများပေါက်ကွဲထွက်လာသဖြင့် သူတို့နှစ်ယောက် လုံး မပြင်ဆင်လိုက်ရပေ။ ပြီးနောက် ထိုစွမ်းအားပေါ်လာချိန်တွင် အရင်က ထက် အားပိုကောင်းနေသည်ကို အာရုံခံမိကြသည်။

ကြီးမြတ်သောဝူလင်းသည် အပေါ်ပျံတက်ပြီး ရှီမာယူယူကို ကာကွယ်ချင် သည်။ သို့သော် ထိုစွမ်းအားသည် သူ့ကို ခြေနှစ်လှမ်းပင်ပြန်ဆုတ်စေသည်။ ရှီမာယူယူသည်လည်း သူမ၏ ဝိညာဉ်စွမ်းအားထုတ်လိုက်သည်။ သို့သော် ထို ဝိညာဉ်စွမ်းအားလောက် မမြန်ပေ။

ပြီးသွားပြီ…

ထိုအရာမှ အဆုံးမရှိသောစွမ်းအင်များ ထွက်လာသည်ကို သူမ အာရုံခံမိ သည်။ အခု သူမကိုယ်သူမတောင် မကာကွယ်နိုင်တော့ဘူး။ သူမ အဲဒါကြောင့် သေတော့မှာလား။

ထိုစွမ်းအင်ပေါက်ကွဲလာသည့်အချိန်မှစပြီး သူမကိုတိုက်ခိုက်သည့်အချိန် မှာ လျှပ်စီးတပြက်အတွင်းဖြစ်သည်။ ရှီမာယူယူ တုံ့ပြန်နိုင်သည့်အချိန်တွင် ထို ပေါက်ကွဲထွက်လာသော စွမ်းအားသည် သူမကိုဖြတ်သွားပြီဖြစ်သည်။

သို့သော် သူမ ထင်ထားသည်နှင့် ကွာခြားသည်။ သူမသည် နေရမခက်မိ ပေ။ သူမသည် ကြီးမြတ်သောဝူလင်းကိုလည်း ပြန်မတွန်းနိုင်ပေ။

ထိုစွမ်းအားသည် သူမကို လေအေးသဖွယ်ဖြတ်တိုက်သွားသည်။

ထိုစွမ်းအားသည် သူမကိုဖြတ်သွားပြီးနောက် သူတို့ကို အနာတရဖြစ် အောင်မလုပ်သည်မှာတော့ ကံကောင်းသည်။

“အရှင် အဆင်ပြေရဲ့လား” ရှီမာယူယူသည် ကြီးမြတ်သောဝူလင်း နေရာ ရွေ့သွားသည်ကို မြင်သောအခါ မေးလိုက်သည်။

“ငါအဆင်ပြေတယ်” ကြီးမြတ်သောဝူလင်း ပြောလိုက်သည် “ဒီစွမ်းအား က မင်းအပေါ် သက်ရောက်မှုမရှိဘူးထင်တယ်”

သူသည် ခြေနှစ်လှမ်းမျှနောက်ဆုတ်သွားသော်လည်း သူ့ထက် အားနည်း သည့် ရှီမာယူယူသည် မည်သို့မှသက်ရောက်မှုမရှိပေ။

“ကျွန်မလည်း အဲဒါကိုသတိထားမိတယ်” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မအပေါ်ကို သက်ရောက်မှုမရှိတဲ့အပြင် ပိုတောင်ကောင်းသွားသလိုပဲ”

သူမသည် တံခါးဝကို စဉ်းစားမိရာ ထူးဆန်းသည့်စွမ်းအင်များသည် သူမ ၏ အာရုံခံနိုင်စွမ်းနှင့်အတူ ပေါ်လာသည့်အချိန်ကို ပြန်တွေးနေခဲ့သည်။ ကြီးမြတ်သောဝူလင်းသည်လည်း ထိုသို့ခံစားမိသည်။

“မင်း ဒီဂူသင်္ချိုင်းနဲ့ ရေစက်ပါမယ်ထင်တယ်”

ရှီမာယူယူသည်လည်း တိတ်တဆိတ် ထိုကဲ့သို့ယူဆမိသည်။ ထိုအရာ ပေါ်လာသည့်အချိန်မှာ တိုက်ဆိုင်လွန်းကာ ထူးခြားဆန်းကျယ်သည့်အဖြစ်များ လည်းဖြစ်လာသည်။ မည်သည့်ပတ်သက်မှုမှမရှိဟုဆိုပါက မည်သူမှယုံမည် မဟုတ်ပေ။

“ဒါပေမဲ့ ဒီဂူသင်္ချိုင်းက ဒီလောက်အကြာကြီးရှိလာတာ.. ဘယ်လိုလုပ် အဆက်အစပ်ရှိမလဲ.. ဒီဂူသင်္ချိုင်းက ကျွန်မဟာ ဒါမှမဟုတ် ကျွန်မလာတာကို စောင့်နေတာလို့တော့ မပြောဘူးမလား” သူမ ထိုဖြစ်နိုင်ချေကိုတွေးမိချိန်တွင် ရှီမာယူယူသည် နှုတ်ခမ်းမတွန့်ဘဲမနေနိုင်ပေ။

ကြီးမြတ်သောဝူလင်းသည် သူမကို အသာငဲ့ကြည့်ပြီး သူမ၏ အတွေးများ ကို ဆွံ့အနေသည်။ သို့သော် သူသည် သူ့အတွေးများကို ကောင်းမွန်စွာ ဖုံးကွယ် ထားနိုင်ပြီး ပြောလိုက်လေသည် “အထဲကိုဝင်တာနဲ့သိရလိမ့်မယ်”

သူတို့ အရင်ကသွားခဲ့ဖူးသည့် ဂူသင်္ချိုင်းအကြောင်း တွေးမိချိန်တွင် ထောင်ချောက်များကို တွက်ချက်ကာ ရှေ့ဆက်ရန်ဆုံးဖြတ်လိုက်သည်။ ကြီးမြတ်သောဝူလင်းသည် မကြောက်ပေ။ သို့သော် သူ့ဘေးတွင် သူမရှိနေ သဖြင့် ပိုသတိရှိနေသည်။

သို့သော် သူ ကာကွယ်ရန်ပြင်ဆင်ထားသည့် ထောင်ချောက်များမှာ လုံးဝ ပေါ်မလာပေ။ သူတို့သည် ဂူသင်္ချိုင်းနန်းတော်၏ ပင်မခန်းဆောင်အထိ ရောက်သည်ထိ လျှောက်လာခဲ့ကြသည်။

သို့သော် သူတို့သည် ပင်မခန်းဆောင်အပြင်ဘက်တွင်ရပ်ပြီး ဝင်ရန် စိတ်ပူပန်မနေကြပေ။

“ဒီထိလာရတဲ့ခရီးက ချောမွေ့နေတယ်လို့ မထင်ဘူးလား” ရှီမာယူယူ သည် ကြီးမြတ်သောဝူလင်းကို မေးလိုက်သည်။

ကြီးမြတ်သောဝူလင်းသည်လည်း အရင်က ဂူသင်္ချိုင်းပေါင်းများစွာကို သွားခဲ့ဖူးသည်။ ဤကဲ့သို့ ထောင်ချောက်တစ်ခုမှမရှိသည့် ဂူသင်္ချိုင်းကို သွားရ သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ပို၍အတိအကျဆိုရလျှင် သူသည် ဤနေရာရှိထောင်ချောက်များကို အာရုံ ခံမိသည်။ သို့သော် ထောင်ချောက်များသည် မလှုပ်ရှားလာသည်မှာ ကျိုးပျက် နေပုံရသည်။ သည်လိုနှင့် သူတို့သည် တစ်လမ်းလုံး ဘေးကင်းစွာလာနိုင်ခဲ့ကြ သည်။

သို့သော် အလွန်ပင် သံသယဝင်စရာဖြစ်သည်။

“ထားလိုက်ပါတော့ ဒီကိုပဲရောက်နေကြပြီ.. စွမ်းအင်ကလည်း ဒီကနေ ထွက်လာတာ အဲဒါကြောင့် ကျွန်မတို့လည်းဝင်ကြည့်ရမှာပဲ” ရှီမာယူယူသည် အသက်ပြင်းပြင်းရှိုက်ပြီး တံခါးမကြီးကိုတွန်းပြီး နန်းတော်တံခါးကိုဖွင့်လိုက် သည်။

တံခါးသည် အပြင်ဘက်တံခါးနှင့် အလားတူပင်။ ကြီးမြတ်သောဝူလင်း တွန်းရာလုံးဝမလှုပ်ဘဲ ရှီမာယူယူမှပင် အလွယ်တကူဖွင့်နိုင်လေသည်။

အထဲတွင် အခေါင်းတစ်လုံးမှလွဲပြီး တခြားဘာမှမရှိပေ။ ရှီမာယူယူသည် တံခါးတားကိုဖြတ်ကျော်ပြီး ဝင်လိုက်သည်။ ကြီးမြတ်သောဝူလင်းသည် လိုက် ဝင်ချင်သည်။ သို့သော် သူ့ကိုအားတစ်ခုမှ တားထားလေသည်။

ထိုအရာသည် အတားအဆီးမဟုတ်သဖြင့် ရှီမာယူယူ သူ့ကို ဝင်နိုင် အောင်လုပ်ပေးရန် နည်းလမ်းမရှိပေ။ ထိုအားသည် သူမတစ်ယောက်တည်းကို သာ အသိအမှတ်ပြုသည့်ပုံပင်။

ကြီးမြတ်သောဝူလင်းသည် တံခါးမှစွမ်းအားကို နှစ်ကြိမ်မျှတိုက်ခိုက်၏။ သို့သော် သူ၏ဝိညာဉ်စွမ်းအားကိုသာ စုပ်ယူသွားကာ လှိုင်းဂယက်အနည်းငယ် ပင် မထပေ။

“အရှင် အပြင်မှာပဲ ဘာလို့မစောင့်တာလဲ.. ကျွန်မအထဲဝင်ပြီး အဲဒီ အခေါင်းကို ကြည့်လိုက်မယ်” ရှီမာယူယူ ပြောလိုက်သည်။

ကြီးမြတ်သောဝူလင်းသည်လည်း နည်းလမ်းမရှိသည်ကို သိသည်။ သူ သည် ခေါင်းဆတ်ပြီး ရေရွတ်လိုက်သည် “သတိထားပါ.. အန္တရာယ်တစ်ခုခုရှိ ရင် ချက်ချင်းအပြင်ကို ပြန်ထွက်လာရမယ်”

“ဟုတ်ပါပြီ” ရှီမာယူယူသည် ပြန်ဖြေပြီးသည်နှင့် အခေါင်းဆီသို့ သွား လိုက်သည်။ သူမသည် ချဉ်းကပ်ရာတွင် သတိထားလှသည်တော့မဟုတ်ပေ။

အစောက ဖြစ်ခဲ့သည်များကိုအခြေခံလျှင် အကြောင်းအရင်းကို မသိ သော်လည်း ဤနေရာသည် လုံခြုံသည်ဟု ခံစားရသည်။

အင်း.. အဲလိုဆိုရင် ဒီဂူသင်္ချိုင်းက သူမအတွက် ပြင်ထားတာတော့ မဟုတ် ဘူးပဲ။

သူမသည် အခေါင်းရှေ့သို့ လျှောက်သွားသည်။ ထိုအခေါင်းမှာ အလှဆင် ထားသည်များမရှိပေ။ တကယ်တော့ အလွန်ပင်ရိုးရှင်းလှသည်။ တခြားဂူ သင်္ချိုင်းများ၏ပုံစံနှင့် အလွန်ကွာခြားလှသည်။ သို့သော် သုံးထားသည့်ပစ္စည်း အရည်အသွေးမှာတော့ အလွန်ကောင်းသည်။ မဟုတ်လျှင် ဤကဲ့သို့ အချိန် ကြာမြင့်စွာ မပျက်မစီးရှိနိုင်မည်မဟုတ်ပေ။

အမှန်အတိုင်းပြောရလျှင် မည်သို့ပြုလုပ်ထားသည်ကို သူမ မသိပေ။

သူမ အခေါင်းနားသို့ကပ်သွားသည်နှင့် ရင်းနှီးသောစွမ်းအားတစ်ခုကို အာရုံခံမိလိုက်သည်။ သူမကို လက်ယက်ခေါ်နေပုံပင်ပေါက်သည်။ အပြင်မှ ပူဖောင်းစွမ်းအင်ဂယက်များသည် ထိုအခေါင်းအပေါ်မှ ထုတ်လွှတ်လိုက်ပုံပင်။ ထိုအပေါ်တွင်၊ သို့မဟုတ် အထဲတွင် မည်သည့်အရာရှိနေသည်ကို သူမ မသိပေ။

သူမသည် လက်ဆန့်ထုတ်ပြီး အခေါင်းအဖုံးကို တွန်းလိုက်သည်။ သည် တစ်ကြိမ်တွင် အရင်အခေါက်များကဲ့သို့ အလွယ်တကူဖွင့်မရဘဲ ရွေ့ရန် ငြင်းဆန်နေခဲ့သည်။

သို့သော် သူမ လုံးဝပျာမသွားပေ။ ဤကဲ့သို့ ဂူသင်္ချိုင်းတွင်ရှိနေသည့် အခေါင်းမှာ ဤကဲ့သို့ပင်ဖြစ်မည်။

သူမသည်အခေါင်းကိုပတ်သွားပြီး စစ်ဆေးကြည့်သည်။ အခေါင်းသည် ရိုးရှင်းသော်လည်း တင့်တယ်ပြေပြစ်သည်။ မည်သည့်နေရာမှာ ထူးခြားနေ သည်ကို သူမ မပြောနိုင်ပေ။

ဤအခေါင်းထဲတွင် ယန္တရားတချို့ရှိသည့်ပုံပင်။

သူမသည် ဤသင်္ချိုင်းဂူမှ သူမကိုဆက်ဆံပုံကို တွေးကြည့်လျှင် သူမနှင့် တစ်နည်းတစ်ဖုံပတ်သက်နေလိမ့်မည်ဟု ခံစားရသည်။ ရောင်ဝါလား ဒါမှမဟုတ် ဝိညာဉ်စွမ်းအင်လား။

မည်သို့အမျိုးအစားပင်ဖြစ်စေ သူမ လွှတ်ပေးရမည်။

သူမသည် အခေါင်းပေါ်လက်တင်ပြီး ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်။ အစပိုင်းတွင် အချည်းနှီးဖြစ်လိမ့်မည်ဟု ထင်ထားသော်လည်း အခေါင်းပေါ်မှ စွမ်းအားသည် ပြန်တုံ့ပြန်သည်ကို အာရုံခံမိလိုက်သည်။

သူမသည် ဝိညာဉ်စွမ်းအင်ထည့်ပြီးခါနီးတွင် လက်ကိုပြန်ရုတ်လိုက် သည်။ သည်တစ်ကြိမ်တွင် အဖြူရောင်အလင်းတန်းသည် အခေါင်းအဖုံးပေါ်မှ ထွက်လာသည်။ အလင်းတန်းသည် အဖုံးပတ်ပတ်လည် ဝိုင်းပတ်နေပြီး တဖြည်းဖြည်း ပုံရိပ်တစ်ခုပုံပေါ်လာသည်။

ရှီမာယူယူသည် အတန်ကြာအောင် စိုက်ကြည့်နေပြီးထိုပုံရိပ်သည် အနည်းငယ် ရင်းနှီးသည်ဟု ခံစားရသည်။ သို့သော် ဦးတည်ချက်ပျောက်နေ၍ လား၊ သို့မဟုတ် တခြားအကြောင်းများလားကြောင့်တော့မသိပေ၊ မည်သည့် နေရာတွင်မြင်ဖူးသည်ကို တစ်ခဏအတွင်း စဉ်းစားမရပေ။

ဟုတ်ပြီ.. နှစ်ပေါင်းများစွာ အိပ်ပျော်ပြီးနောက် သူမ၏ မှတ်ဉာဏ်များ ယိုယွင်းလာသည်ကို သူမ ဝန်ခံမည်မဟုတ်ပေ။

သူမသည် အခေါင်းအခြေသို့လျှောက်လာပြီး ဒီဇိုင်းကို အပြင်းအထန် လေ့လာသည်။ သူမသည် သူမ၏နဖူးကို မရိုက်ဘဲမနေနိုင်တော့ပေ။

ရင်းနှီးတယ်လို့ပဲပြောနေတာ။ အဲဒီအလင်းတန်းပုံရိပ်က လှံတံပုံရိပ် မဟုတ်ဘူးလား။

လှံတံအကြောင်း စဉ်းစားမိလျှင် ကောင်းကင်လှံတံကို သွားသတိရမိ သည်။ သူမ၏ ဝိညာဉ်စေတီအတွင်းတွင် တခြားလှံတံအမျိုးအစားများစွာရှိ သော်လည်း ဤတစ်ခုသည် ရှေးအကျဆုံးဖြစ်သည်။ ပြီးနောက် သူမနှင့် အဆက်အစပ်လည်းရှိနေသည်။ ထို့ကြောင့် ဤတစ်ခုသည် ထိုအရာပင်ဖြစ်နိုင် သည်။

ပြီးနောက် အရွယ်အစားနှင့် ပုံစံသည် ကောင်းကင်လှံတံနှင့် အလွန် ဆင်တူသည်။

သူမသည် ကောင်းကင်လှံတံထုတ်ပြီး တဒင်္ဂမျှတွေဝေပြီးနောက် အဖြူ အလင်းတန်းဆီသို့ တင်လိုက်သည်။ သူမ ချလိုက်သည်နှင် အခေါင်းအဖုံးပေါ်မှ အဖြူရောင်အလင်းတန်းသည် လှုပ်ရှားသွားကာ ပုံရိပ်ဖြစ်ပေါ်လာသည်။ သူမ သည် ကောင်းကင်လှံတံပေါ်တင်လိုက်ရာ အံဝင်ဂွင်ကျပင်နေရာကျသွားသည်။

ထိုမြင်ကွင်းသည် သူမကို ပါးစပ်အဟောင်းားဖြစ်သွားစေသည်။

“ဂျွတ်”

မည်သည့်အရာက လှုပ်ရှားသွားသည်ကို သူမ မသိပေ။ သို့သော် အခေါင်း အဖုံးသည် အသံထွက်လာသည်။ ထို့နောက် ကောင်းကင်နှင့် မြေကြီးလည်သွာ သည်ကို ရှီမာယူယူ ခံစားမိလိုက်သည်…

***

All Chapters