← Chapters

သူကအနက်ဝတ်လူပဲ

Vol. 156 Ch. 2181

သူကအနက်ဝတ်လူပဲ

Vol. 156 Ch. 2181

သူမရှေ့မှလူကို ကြည့်လိုက်သည်။ ရှီမာယူယူသည် အနည်းနည်းမှပင် မအံ့ဩမိပေ။

“မင်း ငါ့ကိုမြင်တာ နည်းနည်းတောင်မအံ့ဩဘူးလား” ဧကရာဇ်ချင်းဒေါင် သည် လက်နှစ်ဖက်ကိုနောက်ပစ်ကာ သူမကို ချီးကျူးမိလေသည်။

“ဧကရာဇ်” ရှီမာယူယူသည် ဧကရာဇ်ချင်းဒေါင်ကို အရိုအသေပြုလိုက် သည်။ သူသည် ဝိညာဉ်မျှသာဖြစ်သော်လည်း သူတို့၏ မူလဆက်ဆံရေးအရ သူမ လေးစားသမှုပြရတုန်းပင်ဖြစ်သည်။

“ကြည့်ရတာ မင်းက တခြားဝိညာဉ်တွေကိုလည်း မြင်ပြီးပြီနဲ့တူတယ်” ဧကရာဇ်ချင်းဒေါင်သည် ယုံကြည်ချက်ရှိရှိဆိုလိုက်သည်။

“ကောင်းကင်နန်းဆောင်မှာတုန်းက အံ့ဖွယ်အသိစိတ်နဲ့တွေ့ခဲ့ပါတယ် ပြီးတော့ နောက်တစ်ယောက်ကို ဗိမာန်အတုမှာတွေ့ခဲ့ပါတယ်.. နောက်တစ်ခါ အာရုံခံမိတော့ အရှင်နဲ့တွေ့တာပဲ အဘိုးကြီး” ရှီမာယူယူ ပြောလိုက်သည်။

“ဟားဟားဟား” ဧကရာဇ်ချင်းဒေါင်သည် သူ့အားအဘိုးကြီးဟု ခေါ်သည် ကိုကြားသည်နှင့် ဟားတိုက်ရယ်လေသည်။ “ငါက ဒီလောက်ငယ်တာ ဘာလို့ အဘိုးကြီးလို့လာခေါ်နေတာလဲ”

“အရှင်ရှိနေတာ နှစ်ပေါင်း သောင်းချီနေပြီလေ အဲဒါအဘိုးကြီးမဟုတ်ရင် ဘာလဲ” ရှီမာယူယူ မေးလိုက်၏။

“နှစ်ပေါင်းသောင်းချီ… ဘယ်လောက်တောင် အချိန်တွေကုန်သွားပြီလဲ” ဧကရာဇ်ချင်းဒေါင်သည် ရုတ်တရက် သူမရှေ့သို့ရောက်လာသည်။ ထို့နောက် သူမ မတုံ့ပြန်နိုင်ခင်မှာပင် အလင်းတန်းတစ်ခုသည် သူမကို ဝန်းပတ်လိုက် သည်။

ဧကရာဇ်ချင်းဒေါင်သည် သူမကို ထိခိုက်အောင်လုပ်မည်ဟု ရှီမာယူယူ မထင်ထားသဖြင့် သတိကပ်မထားမိပေ။ သူမသည် တဒင်္ဂမျှလန့်သွားသော် လည်း စိုးရိမ်မှုတော့မဖြစ်မိပေ။

လျင်မြန်စွာပင် ဧကရာဇ်ချင်းဒေါင်သည် သူ၏မူလနေရသို့ ပြန်ရောက် သွားပြီး သက်ပြင်းချလေသည် “အဲတော့ အပြင်ဘက်ကမ္ဘာမှာ အပြောင်းအလဲ တွေအများကြီးဖြစ်နေတာပဲ”

အစောက သူမ၏မှတ်ဉာဏ်ထဲမှ သူအရာအားလုံးကို သိသွားသည်ကို ရှီမာယူယူ နားလည်လိုက်သည်။

“ဧကရာဇ်…”

သူ သူမကို ကြိုပြောသင့်တာမဟုတ်ဘူးလား။ လန့်လို့သေတော့မယ်။

“ဟားဟား မင်းက ငကြောက်လေးနဲ့လည်း မတူပါဘူး” ဧကရာဇ် ချင်းဒေါင်၏ အသံသည် နူးညံ့နေသည်။ ထို့ကြောင့် မသိလျှင် သူမ ကိုယ်ဝန်ရ သွားကြောင်း ပြောနေသလိုပင်။

“ဒီလိုရုတ်တရက် လှုပ်ရှားမယ်လို့မှ မသိထားတာ” ရှီမာယူယူသည် မျက်လုံးလှိမ့်လိုက်သည်။

“မင်းမှာ တခြားဂူသင်္ချိုင်းတွေရဲ့ မြေပုံရှိတာပဲ အဲဒီကိုဘာလို့မသွားတာလဲ” ဧကရာဇ်ချင်းဒေါင် မေးလိုက်သည်။

“ကိစ္စတချို့ဖြစ်သွားလို့ အချိန်မရှိခဲ့တာပါ” သူသည် သူမ၏ မှတ်ဉာဏ်ထဲ သို့ ဝင်ပြီးဖြစ်သဖြင့် သူမ အခုမှနိုးလာသည့်အကြောင်း သိသင့်သည်ဟု ရှီမာယူ ယူ ပြောလိုက်ချင်မိသည်။

“မင်း သူတို့ကိုမေ့နေတာပဲ” ဧကရာဇ်ချင်းဒေါင် ပြောလိုက်သည်။

“အဟွတ် အဟွတ်” ရှီမာယူယူသည် ရှက်ကိုးရှက်ကန်းဖြင့် နှာခေါင်းကို ပွတ်လိုက်သည်။ သူမ သူတို့ကိုမေ့နေခဲ့သည်မှာ မှန်သည်။

သူမ နိုးလာကတည်းကပင် အနက်ဝတ်လူများကိစ္စကိုပင် တွေးခဲ့သည်။ ဧကရာဇ်ချင်းဒေါင်ကို လုံးဝသတိမရခဲ့ပေ။ သူမ ဤနေရာသို့ရောက်လာသော် လည်း ဧကရာဇ်ချင်းဒေါင် ပေးခဲ့သည့် မြေပုံကိုလုံးဝမတွေးမိခဲ့ပေ။ မဟုတ်လျှင် မြေပုံပေါ်မှ အကြီးမားဆုံးဧရိယာဖြစ်သည့် ဤနေရာကို သိမည်ဖြစ်သည်။

“မင်းက အနက်ဝတ်လူတွေကိစ္စကို စိတ်ပူနေတာပဲ” ဧကရာဇ်ချင်းဒေါင် သည် သူမအတွေးကို ခန့်မှန်းနိုင်သည်။

“ဟုတ်ပါတယ်” ရှီမာယူယူ ဝန်ခံလိုက်သည်။ အထူးသဖြင့် သူတို့ နေ့ခင်း ကြောင်တောင်လုပ်ခဲ့သည့် အရှက်မရှိသည့်ကိစ္စများပင်ဖြစ်သည်။ ထိုကိစ္စများ သည် သူမနှင့်တစ်နည်းတစ်ဖုံ ပတ်သက်နေလိမ့်မည်။ သူမ ထိုအကြောင်းကို တွေးမိသည်နှင့် သူမအမှားဟုခံစားရသည်။ အထူးသဖြင့် လက်ထောက်လေး ပြောခဲ့သည့်အချိန်ကပင်ဖြစ်သည်။ သူမစိတ်ထဲတွင် ထိုအရာများနှင့်ပြည့်နှက် နေခဲ့သည်။

“မင်းက စိုးရိမ်ရုံတင်မကဘူး ကြောက်နေတာပဲ” ဧကရာဇ်ချင်းဒေါင် သည် သူမ၏စိတ်ဟိုးအတွင်းထဲကိုပါ အလွယ်တကူမြင်နိုင်လေသည်။

ရှီမာယူယူ မငြင်းဆန်ပေ။

သူမ ကြောက်လေလေ စိုးရိမ်မှုပိုကြီးလေလေဖြစ်သည်။ သေချာပေါက် ထိုအရာကပင် ကြောက်ရွံ့မှုကို မွေးဖွားပေးခဲ့သည်။

သို့သော် သူမ အရင်ကထိုသို့မစဉ်းစားခဲ့ပေ။ သူမစိတ်ထဲမှ အကြောက် တရားကို သူမ ဝန်မခံခဲ့ပေ။

“မင်း ကြောက်ရုံတင်မကဘူး ကြောက်ရွံ့နေတာပဲ” ဧကရာဇ်ချင်းဒေါင် ဆက်ပြောလေသည်။

ရှီမာယူယူသည် ပိုပြီးလေးနက်စွာ ဆင်ခြင်မိသည်။

“မင်းက ဒီဖြစ်ပျက်နေတဲ့ အခြေအနေကိုကြောက်နေတာပဲ.. ပြီးတော့ မင်း ဂရုစိုက်တဲ့လူတွေပါ ပါဝင်လာမှာကို ကြောက်နေတာ.. ငါပြောတာမှန်လား” ဧကရာဇ်ချင်းဒေါင်သည် တစ်ဦးတည်းကပြရသည့် ပြဇာတ်ကိုနှစ်သက်ကာ သူမကို တုံ့ပြန်ရန်ပင် အချိန်မပေးပေ။

သို့သော် ရှီမာယူယူ၏ အတွေးများအားလုံးသည် သူ့ကြောင့် ပေါ်ပေါက် သွားသလိုပင်။ သူမ၏ နောက်ဆုံးလန်ကွတ်တီအင်္ကျီမှာ ဆွဲဖြဲခံလိုက်ရသလို ပင်။

သို့သော် သူမ အတွေးများကို ရပ်လိုက်လျှင်လည်း ထိုကိစ္စများ ရပ်သွား မည်မဟုတ်ပေ။

သူမ သက်ပြင်းချလိုက်သည် “ဟုတ်တယ် စိုးရိမ်ပြီးကြောက်ရွံ့နေရတယ် အဲဒါကြောင့် သူတို့စုံစမ်းတော့ ကျွန်မသူတို့နဲ့လိုက်မသွားခဲ့ဘူး”

“ဘာလို့ကြောက်နေတာလဲ”

“မသိဘူး.. မကောင်းတာ တစ်ခုခုဖြစ်တော့မလိုခံစားရတယ်.. ကျွန်မသာ စုံစမ်းလိုက်ရင် မသိချင်တဲ့အကြောင်းတွေ သိလာမှာပဲ” ရှီမာယူယူ ပြောလိုက် သည်။

“မဟုတ်ဘူး မင်း သိတယ်.. အဲဒါကြောင့် မတွေးတာပဲ” ဧကရာဇ် ချင်းဒေါင်ပြောလိုက်သည် “မင်းက မင်းတွေးထားသလို ဖြစ်သွားမှာကို ကြောက် နေတာပဲ”

ရှီမာယူယူသည် အတွေးနက်သွားပြန်သည်။ အတန်ကြာမှပင် သူမ ခေါင်းညိတ်လေသည် “ဟုတ်တယ်”

“ပြောပြပါဦး” ဧကရာဇ်ချင်းဒေါင်သည် အနည်းငယ်အခြေအမြစ်မရှိဟု ခံစားရသည်။

ရှီမာယူယူသည် သူမ၏နဖူးမှ အနက်ရောင်အကြောင်းသုံးကြောင်းကို ခံစားမိသည်။ သို့သော် သူမသည် နိုးလာကတည်းကပင် ဝူလင်းယူကိုမတွေ့ခဲ့ရ ဘဲ သူမ၏ခံစားချက်များကို မည်သူ့ကိုမှမပြောခဲ့ရပေ။ သူမ သူနှင့်စကားပြော ပြီးလျှင် သူပျောက်ကွယ်သွားမည်ဖြစ်သဖြင့် တခြားမည်သည့်သက်ရောက်မှုမှ ရှိမည်မဟုတ်ပေ။ ပဲ့တင်ပြန်ရိုက်လာစရာအကြောင်းမရှိပေ။

“ကျွန်မ သူငယ်ချင်းကိစ္စပါ” သူမ ပြောလိုက်သည် “သူက မွေးလာ ကတည်းက အရမ်းအားကောင်းတဲ့စွမ်းအားရှိတယ်.. သူ့ကိုအသက်ရှင်စေချင် လို့ သူ့မျိုးနွယ်ဝင်တွေက အဲဒီစွမ်းအားကို ချိပ်စည်းပိတ်ခဲ့တယ်.. အဲဒါကြောင့်ပဲ သူက နှစ်ပေါင်းရာချီ လမ်းမလျှောက်နိုင်သလို မြင်လည်းမမြင်နိုင်ခဲ့ဘူး”

“အဲနောက်ပိုင်း ဘာဖြစ်သွားလဲ”

“နောက်ပိုင်းကျ သူ့မျက်လုံးနဲ့ခြေထောက်ကို ကျွန်မကုပေးခဲ့တယ်.. ဒါပေမဲ့ ချိပ်စည်းပွင့်သွားတာကို သတိထားမိလိုက်တယ်”

“မင်းကုသပေးလိုက်လို့လား” ထိုအခြေအနေသည် ချိပ်စည်းကြောင့်ဖြစ် လာခဲ့သည်။ သူမ ကုနိုင်သဖြင့် သူမလုပ်ရပ်၏ရလဒ်ကြောင့်ဖြစ်မည်ဟု အလို လိုတွေးကြမည်ဖြစ်သည်။

“မဟုတ်ဘူး” ရှီမာယူယူခေါင်းခါလိုက်သည် “အဲဒီချိပ်စည်းက အချိန် အကန့်အသတ်ရှိတယ်.. သူတို့ရဲ့အားက အဲလောက်ပဲပိတ်နိုင်လို့ဖြစ်မယ်… ဒါပေမဲ့ အဲဒါကိုကျွန်မစိတ်ပူနေတာ”

“အိုး”

“ကျွန်မသူငယ်ချင်းက လျှို့ဝှက်ဂိုဏ်းကပဲ.. သူ့စွမ်းအားက အရမ်းထူးခြား တယ်.. သူတို့လုပ်နိုင်တာဘာမှမရှိရင်တောင် အဲဒီစွမ်းအားကိုတွေးကြည့်လို့ရ တယ်” ရှီမာယူယူ ဆိုလိုက်သည် “အဲဒီဟာက ချိပ်စည်းကိုဖျက်နိုင်တယ်ဆိုရင် ကျွန်မသူငယ်ချင်း.. သူ ဘယ်လိုဖြစ်မလဲ မသိတော့ဘူး”

“မင်းတွေးနေတာက.. ချိပ်စည်းက အသုံးမဝင်ဘူးပေါ့” ဧကရာဇ် ချင်းဒေါင် ပြောလိုက်သည်။

“ကျွန်မလည်း မသေချာဘူး.. ဒါပေမဲ့ နောက်ဆုံးတစ်ခေါက် သူ့ကိုတွေ့ တုန်းက သူပြောပုံဆိုပုံနဲ့ လုပ်ခဲ့တာတွေအရဆိုရင် အရမ်းထူးဆန်းနေတယ်” ရှီမာယူယူသည် ထိုစဉ်က ရွှမ်ချုံဟော်ပြုမူခဲ့သည်ကို တွေးကြည့်ပြီး အရင်က သူ့ပုံစံနှင့် ယှဉ်ကြည့်ပြီး ထိတ်လန့်နေမိသည်။

သူမရှိတော့ရင် သူမ သူ့ကိုသတိရနေရမယ်လို့ပြောတာ ဘာအဓိပ္ပာယ် လဲ။ သူ့ကို ထပ်မတွေ့တော့ဘူးလို့ ပြောချင်တာလား။

သူမ မည်မျှပင်တွေးစေကာမူ ထိုချိပ်စည်းပျက်သွားနိုင်ချေရှိသည်ဟု ခံစားရသည်။ သို့မဟုတ် ဖြစ်နိုင်သည်မှာ… ကျိုးပေါက်သွားခြင်းဖြစ်နိုင်သည်။

“အနက်ဝတ်လူတွေက သူနဲ့ပတ်သက်တယ်လို့ ခံစားနေရတာလား” ဧကရာဇ်ချင်းဒေါင်မေးလိုက်သည်။

သူ၏ စိတ်အထင်လား သို့မဟုတ် သူ၏အမွေကို သူမ ရထားခြင်းကြောင့် လားမသိပေ။ သူသည် သူမ၏စိတ်နှင့် အတွေးများကို ထိုးဖောက်မြင်နေရသည် ဟု သူမ ခံစားရသည်။

သူမ နှုတ်ဆိတ်သွားပြီး ဧကရာဇ်ချင်းဒေါင်သည် သူမကို ဖိအားမပေးပေ။ သူသည် သူမခံစားချက်မှား ရှင်းထုတ်ပြီး ပေးလာမည့်အဖြေကို စောင့်နေသည်။ သူမ ဘာမှမပြောသော်လည်း သူ စိတ်မပူမိပေ။

တကယ်တော့ ဤကဲ့သို့ဖြစ်မည်။ သူမ သူ့ကို ပြောပြလျှင်တောင် သူ လုပ်နိုင်သည့်အရာမရှိပေ။ သူစိတ်ပူရန်မလိုသလို သိချင်စိတ်လည်းဖြစ်ရန် မလို ပေ။

သူမသည် စိတ်ထဲတွင် လွန်ဆွဲနေပြီး သူမ၏ အကြီးမားဆုံးလျှို့ဝှက်ချက် ကိုပြောပြလိုက်သည် “ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်က ကျွန်မ အိပ်မောကျနေခဲ့တုန်း က ကျွန်မရဲ့တပည့်ကကျွန်မဆီလာခဲ့တယ်.. သူက ကျွန်မလှဲနေတဲ့ ကျောက် အခန်းထဲမှာ အဖမ်းခံလိုက်ရတယ်.. အဲတုန်းက အဲဒီတိုက်ခိုက်မှုက ထူးဆန်း တယ်လို့ခံစားရတယ်.. ကျွန်မတပည့်က ကျွန်မရဲ့လုံခြုံရေးကို စိတ်ပူလို့ အဲလို လုပ်တာကို နားလည်ပေးလို့၇တယ်.. ဒါပေမဲ့ အနက်ဝတ်လူကလည်း ထိန်းနေ သလိုပဲ.. သူက သူတို့ရဲ့တိုက်ပွဲက ကျွန်မကိုထိခိုက်မှာကို ကြောက်နေသလိုပဲ”

“သူက အဲလူဖြစ်မယ်လို့ ထင်လို့လား”

“အဲတုန်းကတော့ ကျွန်မ မမှတ်မိဘူး.. သူ့အရိပ်က ရင်းနှီးတယ်လို့ ခံစား မိရုံတင်ပါ.. ဒါပေမဲ့ သူတို့ရောင်ဝါကလည်း အရမ်းကွာတယ် အခုစဉ်းစားကြည့် တော့ သူကအနက်ဝတ်လူပဲ”

***

All Chapters