တစ်ချိန်ကတစ်ယောက်
Vol. 156 Ch. 2182
ထိုအချိန်က ထိုပုံရိပ်သည် အနည်းငယ်ရင်းနှီးသည်ဟု ခံစားခဲ့သည်။ သို့သော် သူမ၏ဝိညာဉ်ပျက်စီးခဲ့ခြင်းကြောင့် ဆက်စဉ်းစားရန် အင်အားမရှိခဲ့ ပေ။ ထို့နောက် သူမ ၁၀ နှစ်ကျော်ကြာအောင် အိပ်မောကျနေခဲ့သည်။ သူမ နိုးလာပြီးနောက် မှတ်ဉာဏ်များသည် ဝေဝါးနေကာ ထိုလူသည် ရင်းနှီးသည်ဟု မတွေးမိခဲ့ပြန်ပေ။
သို့သော် သူမ မွေးနေ့ညက သူ၏လှုပ်ရှားမှုတိုင်းသည် သူမကို စိတ်မအေး ဖြစ်စေသည်။ အနက်ဝတ်လူသည် သူမ၏စိတ်ထဲတွင် ရှင်းလင်းလာသည်။
ထိုအချိန်က ထိုလူသည် အနည်းငယ်ရင်းနှီးသည်ဟု အရင်ဆုံးရုတ်တရက် မှတ်မိသွားခြင်းဖြစ်သည်။ ထိုလူသည် ရွှမ်ချုံးဟော်ပင်ဖြစ်သည်။
သူ့ခန္ဓာကိုယ်မှ ရောင်ဝါသည် ရက်စက်နေ၍ တစ်ခါတည်းမမှတ်မိခဲ့ခြင်း ဖြစ်သည်။
သူ၏လုပ်ရပ်များကို ပြန်စဉ်းစားကြည့်ရာ သူ၏ချိပ်စည်းသည် ကျိုးပျက် သွားပြီး စိတ်မှာလည်း ယိုယွင်းသွားမှုကြောင့် သူသည် ထွက်သွားမည်ဖြစ် သဖြင့် ထိုစကားများပြောခြင်းဖြစ်သည်။
“သူ့ချိပ်စည်းပွင့်သွားပြီးတော့ တခြားလူတစ်ယောက်လို ရောင်ဝါ ပြောင်း သွားတယ်လို့ ပြောတာလား” ဧကရာဇ်ချင်းဒေါင် မေးလိုက်သည်။
“အင်း အရင်က သူကအရမ်းသန့်စင်ပြီး နွေးထွေးတယ်.. သူနဲ့အတူရှိနေ တာက နွေဦးလေပြည်လိုပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အနက်ဝတ် လူက သုန်မှုန်ပြီးအညှာတာမဲ့တယ်.. မြင်လိုက်တာနဲ့ လူကိုမသက်မသာဖြစ် သွားစေတယ်.. သူတို့တွေက လုံးဝကိုမတူတော့ အစကသတိမထားမိဘူး.. ဘာတွေဖြစ်ခဲ့တာလဲ”
အစပိုင်းတွင် ဧကရာဇ်ချင်းဒေါင်၏မျက်နှာတွင် ထူးခြားမှုမရှိသော်လည်း သူမပြောလေလေ သူ၏မျက်နှာထားမှာ ပြောင်းလေဖြစ်သည်။
“ငါမှတ်မိတယ် သူက မင်းကို တစ်ခါဖက်ခဲ့တဲ့ပုံပဲ” ဧကရာဇ်ချင်းဒေါင် သည် သူမကိုပြန်မဖြေဘဲ မေးခွန်းထုတ်လေသည်။
ရှီမာယူယူ ရှက်သွားသည်။ သူဘာကြောင့် ထိုအကြောင်းကို ထုတ်ပြော သည်ကို သူမ မသိပေ။
“ဒီကိုလာခဲ့” ဧကရာဇ်ချင်းဒေါင် ပြောလိုက်သည်။
“ဟင်” ရှီမာယူယူ နားမလည်နိုင်ဖြစ်သွားသည်။ ဘာလို့ သူမကိုခေါ်တာ လဲ။ သူ မလှုပ်နိုင်တာလည်းမဟုတ်ဘဲနဲ့ သူကမလာဘဲ ဘာလို့သူမကိုခေါ်တာ လဲ။
သို့သော် ဧကရာဇ်ချင်းဒေါင်၏ မျက်နှာမှာ အလွန်စူပုပ်နေသဖြင့် သူမ နာခံစွာပင်သွားလိုက်သည်။
သူမသည် သူ့ရှေ့တွင်ရပ်ပြီး တစ်စုံတစ်ရာပြောတော့မည်ဟုထင်ထား သည်။ သို့သော် ဘာမှမပြောဘဲ သူမကို လာပွေ့ဖက်လိမ့်မည်ဟု ထင်မထား ပေ။
ရှီမာယူယူ မှင်တက်သွားသည်။
သူမ.. သူမကို ဝိညာဉ်က တကယ်ပဲ ပွေ့ဖက်လိုက်တာပဲ။
ဝူလင်းယူနှင့် ရွှမ်ချုံးဟော်မှလွဲပြီး တခြားယောက်ျားသားမှာ သူမကို မဖက်ခဲ့ပေ။
မဟုတ်ဘူး.. သူက ယောက်ျားသားတောင်မဟုတ်ဘူး။ သူက ယောက်ျား ဝိညာဉ်ပဲ။
သူမ မည်သို့ခုခံရမည်ကို တွေးနေစဉ်မှာပင် ဧကရာဇ်ချင်းဒေါင်လွှတ် လိုက်လေသည်။ သူ့မျက်နှာသည် အရင်ကထက်ပင် အကျဉ်းတန်နေလေသည်။
သူ့ကို ထိုပုံစံအတိုင်းမြင်လိုက်ရာ ရှီမာယူယူသည် စဉ်းစားဘဲမနေနိုင်ပေ။ သူမကို ဖက်ရတာ မကောင်းလို့လား။
အဟွတ် ငါ မဟုတ်တာတွေ တွေးနေတာပဲ။
သို့သော် သူ သူမကို ရုတ်တရက်ကြီး ဘာကြောင့်ပွေ့ဖက်ရသည်ကို နား မလည်ပေ။ သူ့မျက်နှာက ဘာလို့ ဒီလောက်စူပုပ်နေတာလဲ။
သို့သော် သူမ မမေးပေ။ သူမသည် သူ့မျက်ခုံးများ ပိုပိုတင်းကြပ်လာသည် ကိုသာကြည့်ပြီး သူမမျက်လုံးထဲတွင် အပြစ်မကင်းမှုများဖြစ်လာသည်။
နောက်ဆုံးတွင် သူမ မနေနိုင်တော့ဘဲ မေးလိုက်သည် “ဧကရာဇ် ဘာဖြစ် လို့လဲ”
“ငါလည်း အရင်ကသတိမထားမိဘူး.. ဒါပေမဲ့ မင်းဆီကနေ အနံ့တစ်ခုခု ရလိုက်တယ်” ဧကရာဇ်ချင်းဒေါင် သက်ပြင်းချလိုက်သည် “တကယ်ပဲ ငါချန် ထားခဲ့တဲ့ အပိုင်းအစပဲ”
ယခုအချိန်တွင် ရှီမာယူယူ လုံးဝလမ်းစပျောက်သွားသည်။ အဲဒီပစ္စည်းရဲ့ ရောင်ဝါကဘာလဲ။ သူသည် ရွှမ်ချုံးဟော်ကဲ့သို့ သူမကိုပွေ့ဖက်ခဲ့ပြီး ရွှမ်ချုံး ဟော်၏ ချိပ်စည်းအကြောင်းပြောခဲ့သည်ကို သူမ ရုတ်တရက်သတိရမိသွား သည်။ ပြီးနောက် ပြောလိုက်သည် “ဧကရာဇ် ဒါဘာလဲဆိုတာသိလား”
ဧကရာဇ်ချင်းဒေါင် ခေါင်းညိတ်လေသည် “ပြောရင်းနဲ့ ငါလည်း ဒီလောက် ကြီးတဲ့အန္တရာယ်ကိုထားခဲ့မိတာပဲ”
“ဘာလို့ အဲလိုပြောတာလဲ”
“ငါ ဧကရာဇ်အဆင့်ကိုမတက်ခင် ကောင်းကင်တာအိုက ပြောင်းလဲသွား တာကို သတိထားမိတယ်.. အဲတုန်းက ဧကရာဇ်အဆ့င်တက်ဖို့ အရမ်းခက်ခဲခဲ့ တယ်.. ဒါပေါ့ ခက်ခဲရုံတင်မကဘူး မဖြစ်နိုင်ခဲ့တာ” ဧကရာဇ်ချင်းဒေါင် ပြော လေသည် “ငါ ဧကရာဇ်အဆင့်တက်တုန်းက အသက်မကြီးသေးဘူးဆိုတာ မင်း သိထားသင့်တယ်”
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမသည် ထိုကိစ္စကို အရင်ကတည်း က တွေးထားပြီးသားဖြစ်သည် “အရှင်က အရမ်းအရည်အချင်းရှိတယ်ဆိုတာ ကျွန်မကြားဖူးပါတယ်”
“အဲတုန်းက အရည်အချင်းရှိရုံနဲ့တင် ဧကရာဇ်အဆင့်ကို တက်နိုင်တာ မဟုတ်ဘး” ဧကရာဇ်ချင်းဒေါင်သည် ခံစားချက်ပါပါပြောလေသည်။
“အဲဒါကို အဲလောက်ငယ်ငယ်လေးနဲ့ ဧကရာဇ်အဆင့်ထိတက်နိုင်သေး တယ်ပေါ့” ရှီမာယူယူ အံ့ဩနေသည်။
“ဘာလို့လဲဆိုတာ့ ငါ အဆင့်ကြန့်ကြာသွားတာမျိုးမဖြစ်လို့ပဲ”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
နောက်အဆင့်တစ်ခုသို့ တက်ချင်လျှင် ဝိညာဉ်စွမ်းအင်လုံလောက်ရန်သာ မကဘဲ တစ်ခါတရံတွင် နားလည်ရန်လည်းလိုအပ်သည်။ ဝိညာဉ်စွမ်းအင် လုံလုံ လောက်လောက်ရှိပြီး နားမလည်လျှင်လည်း အလုပ်မဖြစ်ပေ။
သို့သော် လူတစ်ယောက်သည် တည်တည်ငြိမ်ငြိမ်နှင့် လှိုင်းဂယက်များ မခံစားရဘဲ ချောမွေ့စွာရွက်လွှင့်ရန်မဖြစ်နိုင်ပေ။
“ဘာလို့လဲဆိုတော့ ငါ့မှာ အဲလိုမျိုး မကောင်းတာတွေမရှိလို့ပဲ” ဧကရာဇ် ချင်းဒေါင်ပြောလိုက်သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်…” ရှီမာယူယူသည် မအံ့ဩမိပေ။
မကောင်းတာတွေမရှိရင် ရွက်လွှင့်တာ ချောမွေ့နိုင်တယ်။ ဒါပေမဲ့ ဒါက ဖြစ်နိုင်လို့လား။ ဒေါသ၊ ဝမ်းနည်းမှု၊ စိတ်အားပျက်မှု အဲလိုခံစားချက်တွေက မွေးရာပါလေ။ ဘယ်လိုလုပ် ပျောက်သွားနိုင်မှာလဲ။
“ငါ့ခန္ဓာကိုယ်ထဲက အဲဒါတွေကို ဖယ်ရှားနိုင်တာ တိုက်ဆိုင်တာပဲ” ဧကရာဇ်ချင်းဒေါင် ပြောလေသည်။
ဖြစ်ပျက်ခဲ့သမျှကိုတော့ သူ အသေးစိတ်မပြောသလို ပြောရန်လည်း မလို ပေ။
“ဒါက အဲဒါနဲ့ဘာပတ်သက်လို့လဲ”
“ငါ့ခန္ဓာကိုယ်ကနေ အဲဒါတွေကို ဖယ်ရှားတုန်းက လုံးဝပျောက်ကွယ်သွား တယ်လို့မထင်ဘူး” ဧကရာဇ်ချင်းဒေါင်သည် သူ့ကိုယ်သူ အပြစ်တင်လေသည်။
“ဘာလဲ အရှင့်ရဲ့ခန္ဓာကိုယ်ထဲက မကောင်းတဲ့အရာတွေကို ထုတ်လိုက် လို့လား” ရှီမာယူယူသည် ဤကဲ့သို့ထိတ်လန့်စရာကောင်းသည့် သတင်းကို မဖော်ပြတတ်တော့ပေ။
သူမသည် ဤကဲ့သို့အခြေအနေကို အရင်ကကြားဖူးသော်လည်း ကြုံရာ ကျပန်းဖြစ်လိမ့်မည်ဟု စဉ်းစားခဲ့ပြီး အမှန်တကယ်ဖြစ်ပျက်လိမ့်မည်ဟု ထင် မထားပေ။
ဧကရာဇ်ချင်းဒေါင်သည် ဘာမပြောဘဲ မျက်စိမှိတ်ခေါင်းညိတ်လေသည်။
“အရှင့်ရဲ့ စွမ်းအားကရော ဘယ်လိုလဲ”
ရွှမ်ချုံးဟော်၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားသည် မည်မျှအားကောင်း ကြောင်း တခြားသူများထက် သူမအသိဆုံးဖြစ်သည်။ ထိုစဉ်က သူမ ရွှမ်ချုံး ဟော်ခန္ဓာကိုယ်နှင့် တွေ့စဉ်က ချိပ်စည်းဖွင့်မိသလိုဖြစ်သွားသည်။ ဤကဲ့သို့ စွမ်းအာကြီးသောအရာသာ သူ့ခန္ဓာကိုယ်ထဲတွင်ရှိပါက သူ့အင်အားသည်…
“မင်း ထင်သလိုမဟုတ်ဘူး” ဧကရာဇ်ချင်းဒေါင် ပြောလိုက်သည် “အဲဒါက ဘာလို့မပြန့်တာလဲတော့ ငါလည်းမသိဘူး.. ဒါပေမဲ့ နောက်ကျကြီးလာတယ် ငါ ထွက်မလာခင် ဒီဝိညာဉ်ကိုတိုက်ခိုက်ခဲ့တာကြောင့်သာမဟုတ်ရင် ငါလည်း သိမှာမဟုတ်ဘူး”
ထိုသတင်းသည် အနည်းငယ်ကြီးမားသဖြင့် ကြေညက်ရန်အချိန်လိုသည် ဟု ရှီမာယူယူခံစားရသည်။
ရုတ်တရက်ပင် သူမ တစ်စုံတစ်ရာတွေးမိပြီး ဧကရာဇ်ချင်းဒေါင်ကိုကြည့် ပြီး ပြောလိုက်သည် “အရှင်က အဲဒီရောင်ဝါကို သိတယ်ဆိုရင် အဲဒါကလည်း အရှင့်ရောင်ဝါကိုသိနိုင်လား”
“ဖြစ်နိုင်တယ်” ပြီးနောက် သူတို့သည် တစ်ချိန်က တစ်ယောက်တည်းဖြစ် ခဲ့ဖူးသည်။
“အရှင် ကောင်းကင်နန်းဆောင်မှာတုန်းက အရှင့်ရဲ့အံ့ဖွယ်အသိစိတ်က ကျွန်မခန္ဓာကိုယ်ထဲဝင်ခဲ့တယ်.. ပြီးတော့ ကျွန်မခန္ဓာကိုယ်ထဲမှာ အရှင့်ရောင်ဝါ ရှိသွားတာဖြစ်မယ်.. နောက်ကျ ရွှမ်ချုံးဟော်ကို ကျွန်မကုပေးတော့ သူနဲ့ ဆက်သွယ်မိသွားတယ်.. အဲတုန်းက ချိပ်စည်းကပြေလျော့နေပြီ.. အဲဒါကြောင့် ကျွန်မကိုယ်ပေါ်က အရှင့်ရောင်ဝါကို အာရုံခံမိသွားတာဖြစ်မယ်” ရှီမာယူယူ ရေရွတ်လိုက်သည်။
ဧကရာဇ်ချင်းဒေါင်နှင့် သူမ၏ဆက်ဆံရေးကို အာရုံခံမိခြင်းကြောင့် ဖြစ်နိုင်ကြောင်းကို သူမ ရုတ်တရက် သဘောပေါက်သွားသည်။ ပြီးနောက် ရွှမ်ချုံးဟော်သည် အနက်ဝတ်များနှင့် ဆက်ဆံရေးရှိခြင်းကြောင့် သူမသည် အနက်ဝတ်များနှင့် ပတ်သက်နေခြင်းဖြစ်မည်။
ထိုသို့တွေးပြီးနောက် သူမသည် တခြားသံသယများကိုပါ သိလာရသည်။
အနက်ဝတ်လူတစ်ယောက်အနေနှင့် ရွှမ်ချုံးဟော်သည် ကိုယ်လုံးမပြပေ။ အထူးသဖြင့် ချိပ်စည်းပွင့်ပြီးနောက် သူသည် အနက်ဝတ်လူဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဤကိစ္စသည် ရွှမ်ချုံးဟော်နှင့် ဘာမှမဆိုင်ပေ။
အနက်ဝတ်လူသည် ဂူသင်္ချိုင်းမှဝိညာဉ်နှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေ ရမည်။
ထိုသို့စဉ်းစားမိသောအခါ သူမ လျစ်လျူရှုမိသည့် ထိုနှစ်က အရေးအကြီး ဆုံးအဖြစ်ကို ပြန်မှတ်မိလာသည်….
***