← Chapters

အရာအားလုံး၏နောက်ကွယ်

Vol. 156 Ch. 2183

အရာအားလုံး၏နောက်ကွယ်

Vol. 156 Ch. 2183

ထိုအဖြစ်အပျက်များသည် သူမ ရွှမ်ချုံးမျိုးနွယ်သို့မသွားခင် ရက်အနည်း ငယ်အလိုတွင် ဖြစ်ပျက်ခဲ့ခြင်းပင်။

ထိုအချိန်က ဂူသင်္ချိုင်းတစ်ခုပေါ်လာပြီး ရှီမာမျိုးနွယ်မှလူများအားလုံး ထို နေရာသို့ သွားခဲ့ကြသည်။ သူမသည် ရွှမ်ချုံးဟော် လူလွှတ်ပြီး လာခေါ်သည်ကို စောင့်ချင်ခဲ့သဖြင့် အတူလိုက်မသွားခဲ့ပေ။ သို့သော် စီနီယာအစ်ကိုနှင့် စီနီယာ အစ်မများကို သွားခိုင်းခဲ့သည်။ သို့သော် သူတို့အကူအညီလိုသဖြင့် သူမနှင့် ရှီမာ ချင်းတို့သည် အလျင်စလို သွားခဲ့ကြသည်။

ထိုနေရာသို့ရောက်ပြီးနောက် သူမသည် မျိုးနွယ်နှင့် စီနီယာအစ်ကိုအစ်မ များကို ကယ်ပြီးနောက် ချီဝိညာဉ်များသည် အရင်ကတွေ့ဖူးသည့်သတ္တဝါများ နှင့် မတူသည်ကို တွေ့ရှိခဲ့သည်။ ထို့နောက် သူမသည် ချီဝိညာဉ်များကို စစ်ဆေး ရန် ဂူသင်္ချိုင်းသို့ ဘိုးဘေးကြီးနှင့်အတူ သွားခဲ့သော်လည်း မည်သည့်ရလဒ်မှမရ ခဲ့ပေ။

ထိုကိစ္စများသည် သာမန်ကိစ္စမဟုတ်သလို နောက်ပိုင်းတွင် သူမ လျစ်လျူရှုခဲ့မိသည်။

သူတို့ ဂူသင်္ချိုင်းမှထွက်လာချိန်တွင် ရွှမ်ချုံးမျိုးနွယ်နှင့် သူမ၏ဆရာ ဖန်ကျိရှင်းတို့နှင့် တွေ့ခဲ့သည်။ ဖန်ကျိရှင်းနှင့် တခြားသူများအဝိုင်းခံရသဖြင့် ရွှမ်ချုံးမျိုးနွယ်သည် သူတို့ကိုကယ်တင်ခဲ့သည်။

ထိုစဉ်က ရွှမ်ချုံးမျိုးနွယ်သည် သူမကိုလာကြိုခြင်းဖြစ်ကာ သူတို့ တိုက်ခိုက်ခံရသည်ကိုမြင်သည်နှင့် ကယ်တင်ခြင်းဖြစ်ကြောင်းပြောလေသည်။ ထိုစဉ်က သူမသည် ကျေးဇူးတင်ပြီး ရွှမ်ချုံးမျိုးနွယ်နောက်သို့ လိုက်လာခဲ့သည်။ ယခုစဉ်းစားကြည့်လျှင် ထိုစဉ်က သူမအလွန်တုံးအခဲ့သည်။

ထိုစဉ်က သူမကို ရွှမ်ချုံးမျိုးနွယ်မှလာကြိုသည်မှာ နှစ်ရက်သုံးရက်မျှသာ ကြာသည်။ သူတို့သည် ရှီမာမျိုးနွယ်ကိုသာ အရင်သွားခဲ့လျှင် အချိန်လောက်ငှ မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် သူမကိုလာကြိုခြင်းမဟုတ်ဘဲ စောင့်နေခြင်းသာဖြစ်သည်။

တကယ်တော့ ရွှမ်ချုံးမျိုးနွယ်၏လူများသည် ထိုနေရာတွင်ရှိနေခဲ့သည်။ ထို့အပြင် အားလုံးသည် အမွေပစ္စည်းတချို့ရရန် မျှော်လင့်နေခဲ့ကြသည်။ သို့သော် သူမကိုလာကြိုသည်ဟု ပြောခဲ့ကြသည်။ ယခုအခါ သေချာစဉ်းစား ကြည့်မှပင် ဟာကွက်များကိုမြင်နေရတော့သည်။

ယခု သူမ ပိုလေးနက်စွာမစဉ်းစားဘဲမနေနိုင်တော့ပေ။ သူတို့က သူမကို လာကြိုတာအပြင် တခြားဘာဖြစ်နိုင်သေးလဲ။ ဖြစ်နိုင်ချေမှာ တစ်ခုသာရှိသည် သူတို့သည် ချီဝိညာဉ်များကို ကြိုးကိုင်နေသူများပင်။

ချီဝိညာဉ်ကိစ္စသည် နှစ်ပေါင်းသောင်းချီ သိန်းချီအချိန်ကြာမြင့်ပြီဖြစ် သည်။ သမိုင်းရှည်လျားသည့်မိသားစုကြီးတစ်ခုအနေနှင့် ရွှမ်ချုံးမျိုးနွယ်ကို နှစ်ပေါင်းသိန်းချီ နောက်ကြောင်းပြန်ခြေရာကောက်၍မဖြစ်နိုင်ပေ။ ထို့ကြောင့် ဤကိစ္စသည် သူတိုစီမံသည်မှာ မဖြစ်နိုင်ပေ။ သို့သော် သူတို့သည် ထိုအကြောင်းအရများကို သိပြီးနောက် ဤအချိန်တွင် အသုံးချခဲ့သည်။

အစပြုသူများမှာ သူတို့မဟုတ်ခဲ့သော်လည်း ဤကိစ္စသည် နေ့ချင်းည ချင်း ဖြစ်ပေါ်လာသည့်ကိစ္စမဟုတ်သည်ကို သူတို့သိကြသည်။ အကြောင်းမှာ အနက်ဝတ်လူများနှင့် ချီဝိညာဉ်များသည် အလွန်ဆက်စပ်မှုရှိသည်ဟု လက်ထောက်လေးပြောခဲ့သည်။ အနက်ဝတ်လူများကို အချိန်တိုအတွင်း ဖွဲ့စည်းရန် သေချာပေါက်မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့ချီဝိညာဉ်ကို ရှာတွေ့ သည့်အချိန်မှာလည်း မဖြစ်နိုင်ပေ။

သူမ နားမလည်သည်မှာ… သူတို့ ဘာလို့ဒီလောက်အကြာကြီးစောင့်နေခဲ့ တာလဲ။ သူမခန္ဓာကိုယ်ထဲက ဧကရာဇ်ချင်းဒေါင်ရဲ့ရောင်ဝါကြောင့်လား။ ဒီ အကြောင်းကြောင့်ဆိုရင် အဓိပ္ပာယ်မရှိဘူး။

သူမ မသိတဲ့ တခြားအကြောင်းအရင်းရှိရမယ်။

ထိုကိစ္စကို သိရန် နည်းလမ်းတစ်ခုသာရှိသည်။ ထိုအရာမှာ ရွှမ်ချုံးဟော် ကိုရှာဖွေရန်ဖြစ်သည်။

ရွှမ်ချုံးဟော်ကို စဉ်းစားမိလျှင် သူမသည် ထပ်မံစိတ်ဓာတ်ကျမိသည်။

ဧကရာဇ်ချင်းဒေါင်သည်လည်း မည်သည့်အတွေးများ တွေးနေသည်မသိ ပေ။ နှစ်ယောက်လုံးသည် အတန်ကြာသည်အထိ စကားမပြောခဲ့ကြပေ။

ဘုန်း…

တိုက်ခိုက်သံသည် ချက်ချင်းပင် သူတို့၏အတွေးများကို ပြန်ဆွဲယူလိုက် သည်။ စဉ်းစားစရာမလိုအောင်ပင် သူမ ပေါ်မလာခြင်းကြောင့် အပြင်တွင်ရှိ သည့် ကြီးမြတ်သောဝူလင်းသည် အတားအဆီးကိုတိုက်ခိုက်ခြင်းဖြစ်သည်ကို သိလိုက်ကြသည်။

“ဧကရာဇ် ကျွန်မကို တစ်ခုခုလုပ်ခိုင်းချင်တာများရှိသလား” ရှီမာယူယူ မေးလိုက်သည်။

ထိုကိစ္စများကို ယခုအချိန်တွင် ဘေးချိတ်ထား၍ရသည်။ အပြင်ထွက်ပြီးမှ စုံစမ်း၍လည်းဖြစ်သည်။ ယခု ဆင်းသွားရန်လိုအပ်နေသည်။

ဧကရာဇ်ချင်းဒေါင်သည် မျက်ခုံးများကို ပင့်လိုက်သည် “မင်းကြောင့် ငါ ရောက်လာတယ်လို့ ဘာလို့ပြောနိုင်တာလဲ”

“ကျွန်မက နှစ်ပေါင်း ၁၀၀ ကျော်လောက်အိပ်ပျော်နေခဲ့တာ.. ပြီးတော့ ကျွန်မနိုးလာတဲ့အချိန်မှာပဲ အရှင်ပေါ်လာခဲ့တယ်.. ဒီကစွမ်းအားက ကျွန်မကို မထိခိုက်စေနိုင်ဘူးလေ.. အဲဒါအရှင်က ကျွန်မကိုဆွဲခေါ်တာမဟုတ်ဘူးလား”

“ဟားဟား ပါးနပ်တယ်” ဧကရာဇ်ချင်းဒေါင် ပြုံးလိုက်သည် “တကယ် တော့ အစတုန်းက ငါဘယ်သူ့ကိုရှာနေတာမှန်းမသိခဲ့ဘူး.. အဲတုန်းက ဘာလို့ နိုးလာတာလဲဆိုတာကိုလည်း မသိခဲ့ဘူး.. သူက ငါ့ကို ဒီအခိုက်အတန့်အတွက် ချန်ထားခဲ့တာဖြစ်နိုင်တယ်”

ရှီမာယူယူ၏ မျက်လုံးမှာ ဖျက်ခနဲလင်းသွားသည်။ အရင်က ဧကရာဇ် ချင်းဒေါင်ထားခဲ့သည့် ဝိညာဉ်များအားလုံး ပျောက်သွားရခြင်းအကြောင်းအရင်း ကို သူမ သိချင်နေခဲ့သည်။ သို့သော် ဤတစ်ယောက်သည် ဝိညာဉ်များထဲတွင် အကောင်းဆုံးဖြစ်နိုင်သည်။ ထို့ကြောင့် အဓိပ္ပာယ်ရှိသည်။

“အဲဒါကြောင့် ဧကရာဇ်ကိုယ်တိုင်က ဒီနေ့အဖြစ်ကို သူ့ကိုယ်သူ တွေးခဲ့ တာပဲ.. သူက နှစ်ပေါင်းသိန်းချီမှဖြစ်မယ့်ကိစ္စကို ဟောကိန်းထုတ်နိုင်ခဲ့တာပဲ” ရှီမာယူယူသည် တအံ့တဩပြောလေသည်။

“ငါလည်း မသိဘူး.. ငါက သူ့ဝိညာဉ်ရဲ့ ရောင်စဉ်တန်းတစ်ခုပဲ.. ပြီးတော့ သူ့ရဲ့မှတ်ဉာဏ်တွေ ငါ့မှာမရှိဘူး” ဧကရာဇ်ချင်းဒေါင်ပြောလေသည်။

“ဒါဆို သူဘာလို့ အရှင့်ကိုထားခဲ့လဲဆိုတာ မသိဘူးပေါ့” ရှီမာယူယူ မေး လိုက်သည်။

“ဝိညာဉ်တွေရဲ့ ရောင်စဉ်တန်းတိုင်းမှာ ကိုယ်ပိုင်တာဝန်ရှိတယ် ပြီးတော့ အဲတာဝန်က ဘာလဲဆိုတာ အခုသိသွားပြီ” ဧကရာဇ်ချင်းဒေါင်သည် သူမကို ကြည့်ပြီး သူမရင်များ ခုန်နေသည်ကိုမြင်လိုက်ရသည်။ သူနောက်ပြောမည့် စကားသည် သူမမကြားချင်သည့် အကြောင်းအရာဖြစ်သည်ကို အလိုလိုပြော နေသည်။

ဧကရာဇ်ချင်းဒေါင်သည် သူမ၏တုံ့ပြန်မှုကိုမြင်သောအခါ ပြုံးပြီးပြော လိုက်သည် “မင်း အဲလောက်ကြီးတုံ့ပြန်ဖို့မလိုပါဘူး ဟုတ်တယ်မလား”

ရှီမာယူယူသည် ခေါင်းခါလိုက်သည် “အရှင်က မကောင်းတာတွေပဲပြော မယ်လို့ အမြဲတမ်းတွေးနေလို့ပါ”

“ဟား ဟား တကယ်တော့ ဘာမှမဟုတ်ပါဘူး.. ဒီမှာငါချန်ထားတဲ့ စွမ်းအားအမွေကို မင်းကိုပေးမလို့.. ပြီးမှတစ်ခုခုလုပ်လိုက်ပါ”

“အဲလူကို ကူသတ်ခိုင်းစေချင်တာလား” ရှီမာယူယူသည် ယနေ့ပြောခဲ့ သည့်အကြောင်းအရာများကို တွေးပြီး ထိုကဲ့သို့သာ တွေးနိုင်တော့သည်။

“အမှန်ပဲ” ဧကရာဇ်ချင်းဒေါင် ခေါင်းညိတ်လေသည်။

“ကျွန်မကို အရမ်းအထင်ကြီးနေတာမဟုတ်ဘူးလား” သူမ နှုတ်ခမ်းများ ကွေးတွန့်သွားသည် “အရှင်က ဒီလောက်စွမ်းအားကြီးတာကိုတောင် မသတ် နိုင်တာ.. ဒီလောက်နှစ်တွေအများကြီးကြာနေပြီ ကျွန်မရဲ့အားနဲ့ဆိုရင် ဘယ်လို လုပ်သတ်နိုင်မှာလဲ”

“မင်းကရွေးချယ်ပြီးထားမှတော့ သေချာပေါက်အစီအစဉ်ရှိမှာပေါ့” ဧကရာဇ်ချင်းဒေါင် ပြောလိုက်သည်။

“ငြင်းလို့မရဘူးလား” ရှီမာယူယူသည် အသနားခံသလိုပြောလေသည်။

“မင်းက အမှုပတ်နေပြီးပြီ.. ထွက်ပြေးလို့မရတော့ဘူး” ဧကရာဇ် ချင်းဒေါင်ပြောလိုက်သည် “မင်း သဘောတူတူမတူတူ ဒီရွေးချယ်မှုတစ်ခုပဲရှိ တယ်”

တစ်နည်းဆိုရလျှင် သူမတွင် ရွေးချယ်မှုမရှိပေ။

“ဒီကိစ္စကို ကျွန်မပြောလိုက်ရင် တစ်ယောက်ယောက်က အလိုလိုဖြေရှင်း မှာပဲမလား” ရှီမာယူယူ ပြောလိုက်သည်။

ကမ္ဘာပေါ်တွင် သခင်များစွာရှိသည်။ သူမ၏ ဤကဲ့သို့အဆင့်သေးသေး လေးနှင့် မည်သို့လုပ်ခွင့်ပြုနိုင်မည်နည်း။

“တချို့ကိစ္စတွေက အင်အားကြီးတာနဲ့တင်လုပ်လို့မရဘူး.. တချို့ကိစ္စ တွေက အားနည်းတာနဲ့တင် မလုပ်လို့ရတာမဟုတ်ဘူး” ဧကရာဇ်ချင်းဒေါင် ပြောလိုက်သည် “တစ်ခါတလေကျ လူမှန်ဖြစ်ဖို့လိုတယ်”

ရှီမာယူယူသည် စိတ်ထဲမှ မျက်လုံးလှိမ့်မိသည်။ ဒီလောက်ကြီး လာလိမ် နေတာ သူမမယုံဘူး။

“ဒါက ငါချန်ထားခဲ့တဲ့စွမ်းအားပဲ မင်းဒါကိုစုပ်ယူပြီးတာနဲ့ ဒီကနေထွက် သွားလိုက်ပါ” ဧကရာဇ်ချင်းဒေါင် ပြောလေသည်။

“မစုပ်ယူဘူးဆိုရင် သွားလို့မရဘူးလား” ရှီမာယူယူသည် နားလည်မှုလွဲ သည်ဟုပင် မျှော်လင့်မိသည်။

သူမ တုန်လှုပ်ချောက်ချားသွားသဖြင့် သူ ခေါင်းညိတ်ပြီးသဘောတူလိုက် သည် “ရှာဖွေပါ ခံစားပါ စုပ်ယူပါ.. ပြီးတာနဲ့ ထွက်သွားတော့” ပြောပြီးနောက် သူသည် သူမမျက်စိရှေ့မှ ပျောက်ကွယ်သွားလေသည်။

သူမသည် ကျယ်ပြန့်သည့် နှင်းလွှမ်းဧရိယာကို ကြည့်လိုက်သည်။ သူမ ဘာကိုရှာရမှာလဲ၊ ဘာနားလည်အောင်လုပ်ရမှာလဲ၊ ဘာကိုစုပ်ယူရမှာလဲ၊ ဒီမှာ ဘယ်ဝိညာဉ်စွမ်းအား အတက်အကျမှမရှိတာ။ သူမက ဘာကိုရှာရမှာလဲ။ ပြီးတော့ သူမမေးစရာတွေအများကြီးရှိသေးတာကို သူက ဘာလို့ထွက်သွား တာလဲ။

သို့သော် သူမ မည်မျှပင်ခေါ်စေကာမူ ဧကရာဇ်ချင်းဒေါင်သည် မရှိတော့ သကဲ့သို့ပင် ထပ်မံပေါ်မလာတော့ပေ။ သို့သော် သူ သူမကိုကြည့်နေသည်ကို သူမ ခံစားမိသည်…

***

All Chapters