← Chapters

အမွေဆက်ခံခြင်း

Vol. 156 Ch. 2184

အမွေဆက်ခံခြင်း

Vol. 156 Ch. 2184

ရှီမာယူယူဆွံ့အသွားသည်။ သူသည် သူမကိုအတင်းအကြပ်ခိုင်းသွား သလိုပင်။ သူမသည် အမွေကိုလက်မခံလျှင် အပြင်ထွက်ခွင့်မရှိပေ။

ဤအချိန်မှာမကြာမြင့်ရန်နှင့် အပြင်မှ ကြီးမြတ်သောဝူလင်း ကြာရှည်စွာ မစောင့်ရန်ကိုသာ မျှော်လင့်ရတော့သည်။

သူမသည် နှင်းဖြူများဆီသို့ တဖြည်းဖြည်းလျှောက်သွားကာ ဧကရာဇ် ချင်းဒေါင်ပြောခဲ့သည့် အမွေကိုရှာနေမိသည်။ သို့သော် ပတ်လျှောက်ကြည့် သော်လည်း ထူးခြားမှုတစ်စုံတစ်ရာမရှိပေ။

“ဒီမှာ တကယ်ပဲ အမွေရှိရဲ့လား.. သူ ငါ့ကိုလိမ်သွားတာတော့ မဟုတ်ပါ ဘူးနော်” သူမသည် သံသယရှိရှိဖြင့် ကိုယ့်ဘာသာရေရွတ်မိသည်။ ထို့နောက် သူမ ခေါင်းခါလိုက်ပြန်သည်။

ဧကရာဇ်ချင်းဒေါင်သည် ဤကဲ့သို့ ပျင်းစရာကိစ္စကိုလုပ်မည်မဟုတ်ပေ။ ဤနေရာတွင်ရှိသည်ဟု သူပြောသဖြင့် ဤနေရာတွင်ရှိလိမ့်မည်။ သို့သော် သူမ ရှာမတွေ့သေးပေ။

ရေစက်ပါသည့် ဆက်ဆံရေးဖြစ်ပါက ရှာရန်မလွယ်ကူပေ။ သူမသည် ဝေဝေဝါးဝါးရှာနေရာ မည်သည့်အမွေကိုမှရှာမတွေ့ခဲ့ပေ။

ထိုအကြောင်းအား စဉ်းစားမိရာ သူမသည် ရောက်တတ်ရာရာလျှောက် မသွားတော့ဘဲ နေရာတစ်ခုတွင်ရပ်ကာ မျက်စိမှိတ်ပြီး ပတ်ပတ်လည်မှ အခြေ အနေကို အာရုံခံလိုက်သည်။

သူမပတ်ပတ်လည်မှ နှင်းဖြူများသည် ပြင်းထန်စွာလှုပ်ခတ်လာသည်။ သူမသည် ထိုနေရာတွင် မလှုပ်မယှက်ရပ်နေလိုက်သည်။ ထိုနှင်းပွင့်များသည် လျင်မြန်စွာပင် သူမ၏ခန္ဓာကိုယ်တစ်ဝက်ကို ဝါးမျိုလိုက်သည်။

မိန်းမောနေစဉ်တွင် သူမသည် ထိုစဉ်က ၇ နှစ်၊ ၈ နှစ်အရွယ်ရှိ ငယ်ရွယ် သည့် ဧကရာဇ်ချင်းဒေါင်ကိုမြင်လိုက်သလိုပင်။ သို့သော် မျက်နှာမှာ လက်ရှိ သူ နှင့် အလွန်ပင်တူလှသည်။

ထိုစဉ်က သူသည် အင်အားမရှိကာ မည်သူ၏လေးစားရိုသေခြင်းကိုမခံရ ဘဲ စုတ်ချာပြီး ဆာလောင်နေခဲ့သည်။ မိသားစုမရှိ၊ ဂိုဏ်းမရှိဘဲ လေလွင့်နေခဲ့ သည်။ လမ်းပေါ်တွင်ရောင်းနေသည့် ပေါက်စီကိုမြင်သောအခါ သူ သွားရည် များ အဆက်မပြတ်ကျနေခဲ့သည်။

သူသည် ပေါက်စီနှစ်လုံးကို ခိုးယူချင်သော်လည်း နောက်ဆုံးတွင် ပြန် ထိန်းချုပ်နိုင်သည်။ ထိုအချိန်တွင် အမျိုးသမီးတစ်ယောက် ရောက်လာပြီး သူ့ အတွက် ပေါက်စီတချို့ဝယ်ပေးခဲ့သည်။

“စားနော်.. စားပြီးရင် မင်းကို တစ်နေရာကိုခေါ်သွားပေးမယ်” ထိုအမျိုး သမီးသည် ပြုံးပြီး သူ့ကိုမရွံရှာမိဘဲ ခေါင်းကိုပုတ်ပေးလိုက်သည်။

ရှီမာယူယူသည် သူမ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။ သို့သော် သူမသည် အလွန်ရင်းနှီးသည်ဟု ခံစားရသည်။

သူသည် စက္ကန့်အနည်းငယ်အတွင်းမှာပင် ပေါက်စီကို အငမ်းမရစားသုံး ရာ တစ်ခဏအတွင်း စားကုန်သါားလေသည်။ ဗိုက်ပြည့်အောင်စားပြီးနောက် သူ ထိုအမျိုးသမီးနောက်လိုက်သွားသည်။

အမျိုးသမီးသည် သူ့ကို ထိုဒေသမှခေါ်သွားပြီး ခရီးရှည်ထိလျှောက်သွား သည်။ သူ့ကို ကြီးမားသည့်ဂိုဏ်းတစ်ခုဆီသို့ခေါ်သွားကာ ဂိုဏ်းသခင်ဆီသို့ အပ်ပြီး ထွက်သွားလေသည်။

ဂိုဏ်းသခင်သည် သူ့အရည်အချင်းမှာ အလွန်ကောင်းနေသည်ကို မြင်နေ ရသည်။ ထို့အပြင် သူ၏အယုံကြည်ရဆုံးလူ ဂိုဏ်းသို့ ခေါ်လာသည့်ကလေး ဖြစ် သည်။ ထို့ကြောင့် သူသည် ထိုကလေးကို အကောင်းဆုံးပျိုးထောင်ပေးရာ ကလေး၏ စွမ်းအားမှာလည်း ပိုတည်ငြိမ်လာသည်။

သူ အရှင်သခင်အဆင့်ရောက်ချိန်တွင် ထိုအမျိုးသမီးကိုထပ်တွေ့ရသည်။ အမျိုးသမီးသည် သူ့ကို ထူးဆန်းသည့်နေရာတစ်ခုဆီသို့ ခေါ်သွားသည်။

“ဒီမှာ မင်းခန္ဓာကိုယ်ထဲက မကောင်းတာတွေကို ရှင်းထုတ်ပစ်လိုက်.. အဲလိုထုတ်လိုက်ရင် မင်းရဲ့အနာဂတ်ကျင့်စဉ်လမ်းက ချောမွေ့သွားလိမ့်မယ်” အမျိုးသမီးပြောလေသည်။

“ကျွန်တော် ဘာပေးဆပ်ဖို့လိုလဲ” ဧကရာဇ်ချင်းဒေါင် မေးလိုက်သည်။

“ငါ မင်းအတွက် ပေးပြီးသွားပြီ” အမျိုးသမီး ပြောလေသည်။

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ မင်းမှာအရေးတကြီးလုပ်စရာရှိတယ်” အမျိုးသမီး သည် သူ့ရှေ့တွင်ရပ်နေသော်လည်း အလွန်ဝေးကွာလွန်းသည်ဟု သူ ခံစားရ သည်။

“ကျွန်တော့်ကို ဘာလုပ်ပေးစေချင်တာလဲ” မည်သည့်ကိစ္စမဆို သူ လုပ်ရန်ဆန္ဒရှိသည်။

“ငါ့အတွက်မဟုတ်ဘူး ကမ္ဘာကြီးအတွက်ပဲ” အမျိုးသမီး ပြုံးလိုက်သည် “ဒီလမ်းက ခက်ခဲလိမ့်မယ်.. ဒါပေမဲ့ မင်းမအောင်မြင်ရင် ကမ္ဘာကြီးက လုံးဝ ပြောင်းလဲသွားလိမ့်မယ်”

“ကောင်းကင်တာအိုကို ပြောင်းလဲစေချင်တာလား” ဧကရာဇ်ချင်းဒေါင် မေးလိုက်သည်။

“ဟုတ်တယ် ကောင်းကင်တာအိုက ယိုယွင်းလာပြီ.. ဒီအတိုင်းသာ ဆက် သွားရင် အနာဂတ်မျိုးဆက်တွေက ဧကရာဇ်အဆင့်ရောက်မှာမဟုတ်ဘဲ တစ် သက်လုံး ပိတ်ပင်ခံရလိမ့်မယ်.. ကောင်းကင်တာအိုကိုပြောင်းလဲလိုက်မှပဲ ကမ္ဘာကြီးက အရင်လိုအခြေအနေပြန်ရောက်လိမ့်မယ်”

“ကျွန်တော်က ကောင်းကင်တာအိုကို ပြောင်းလဲလို့ရပါ့မလား” ဧကရာဇ် ချင်းဒေါင်သည် အနာဂတ်ကိုမသေချာပေ။

ထိုစဉ် အမျိုးသမီးသည်

“မင်း အောင်မြင်မလားတော့ ငါလည်းမသိဘူး ဒါပေမဲ့ လုပ်ကိုလုပ်ရမယ်”

“ခင်ဗျားက အရမ်းအားကောင်းတာပဲ.. ဘာလို့ကိုယ့်ဘာဘာမလုပ်ဘဲ ကျွန်တော့်အပေါ် မျှော်လင့်ချက်ထားနေတာလဲ” ထိုမေးခွန်းသည် ရှီမာယူယူ စိတ်ထဲမှတွေးနေသည့် မေးခွန်းကိုထုတ်မေးလိုက်သလိုပင်။

“ဘာလို့လဲဆိုတော့ အခု ငါမလုပ်နိုင်ဘူး”

“ဘာာလို့ အခုမလုပ်နိုင်တာလဲ.. အနာဂတ်မှာဆိုရင် လုပ်နိုင်တယ်လို့ ဆိုလိုတာလား”

အမျိုးသမီးသည် ဘာမှပြန်မဖြေတော့ပေ။ သူမသည် သူ့ကိုကြည့်ပြီး စကားဆက်မပြောပေ။

သူမ လက်ရှိအချိန်တွင် ဘာကြောင့်လုပ်မရသည်ကို ဧကရာဇ်ချင်းဒေါင် မသိသော်လည်း သူမစိတ်ထဲမှ ကူကယ်ရာမဲ့နေသည်ကို အာရုံခံမိသည်။ ထို့ကြောင့် သူ ခေါင်းဆတ်ကာ ပြောလိုက်သည် “ကောင်းပါပြီ ခင်ဗျားလုပ်စေ ချင်မှတော့ ကျွန်တော်လုပ်ပါမယ်”

“ဒါဆို ဆင်းသွားလိုက်တော့… ဘာမှဝန်ထုပ်ဝန်ပိုဖြစ်စရာမလိုဘူး ဒီအတိုင်းရှေ့သာဆက်သွားလိုက်ပါ.. ကျန်တာကို ငါ့တာဝန်ထားလိုက်” အမျိုးသမီးသည် သူ့ကိုကန်ထဲသို့ပစ်ချကာ လှည့်ထွက်သွားလေသည်။

ဧကရာဇ်ချင်းဒေါင်သည် အမျိုးသမီး၏ကျောပြင်ကိုကြည့်ပြီး နှုတ်ဆက် လမ်းခွဲရသည်ကို ရုတ်တရက်ခံစားမိကာ သူမ၏အနောက်မှ အော်လိုက်သည် “ခင်ဗျားရဲ့ နာမည်လေးသိလို့ရမလား”

အမျိုးသမီးသည် လှည့်ကြည့်ပြီး ပြုံးပြသွားလေသည်။

အမျိုးသမီး၏ ပြုံးနေသောမျက်နှာသည် ကြည်လင်လှသည်။ ရှီမာယူယူ သည် သူမ၏ရုပ်ရည်ကိုမြင်သောအခါ မှင်တက်မိသွားသည်။

သူမ၏ ရုပ်ရည်နှင့် တစ်ထေရာတည်းပင်…

“ဆမ်ဆာရာ.. ငါ့နာမည်က ဆမ်ဆာရာပါ”

အမျိုးသမီးသည် ပြောပြီးနောက် ပျောက်ကွယ်သွားလေသည်။

ရှီမာယူယူသည် သူမ၏ခံစားချက်များကို မည်သို့ဖော်ပြရမည်ကို မသိ တော့ပေ။ ဧကရာဇ်ချင်းဒေါင်ကို ကယ်တင်ပြီး လေ့ကျင့်ရန်ပို့ပေးကာ သူ၏ခန္ဓာ ကိုယ်ထဲမှ မကောင်းသည့်အရာများကို ဖယ်ရှားပေးသူမှာ သူမနှင့် တစ်ပုံစံ တည်းတူသူဖြစ်လိမ့်မည်ဟု ထင်မထားပေ။

သူတို့တွေက ဒီအတိုင်းရုပ်ပဲတူတာလား။ မဟုတ်ရင် အဲထက် လေးနက် တဲ့ဆက်နွယ်မှုရှိနေတာလား။

ထိုအမျိုးသမီးသည် အဇူရာဧကရာဇ်ကြီးသဘောကျခဲ့သူနှင့် ကံကောင်း လေးမှ အမေဟုခေါ်ခဲ့သူများသည် သူမနှင့် တစ်ပုံစံတည်းတူသူဖြစ်သည်ကို သူမ မှတ်မိသည်။

အခု ဒီအမျိုးသမီးလည်းရှိသေးတယ်။

ဒါက ပုံရိပ်ခွဲတာလား။ မဟုတ်ရင် တခြားဆက်နွယ်မှုရှိသေးတာလား။

သံသယများစွာသည် သူမစိတ်ထဲတွင်ပေါ်လာပြီး ထိုရှုပ်ထွေးသော ခံစား ချက်သည် သူမ၏နောက်တစ်ဆင့်ကို တက်ရန် တွေဝေစေသည်။

သို့သော် သူ ဆမ်ဆာရာဟုခေါ်သည့် အမျိုးသမီးနှင့် တွေ့ချိန်တွင် သူမနှင့် ဧကရာဇ်ချင်းဒေါင်အကြားမှာ ပတ်သက်မှုကို ခံစားမိသည်။

ထို့ကြောင့် သူ၏လက်နက်နှင့် အမွေကို သူမရသည်မှာ မတော်တဆ မဟုတ်ပေ။

သူမသည် အလွန်အတွေးများနေသည်။ သို့သော် သူမအရှေ့မှပုံရိပ်သည် မတားသဖြင့် ရှေ့ဆက်သွားလိုက်သည်။

သူ့ခန္ဓာကိုယ်မှမကောင်းသည့်အရာများကို ရှင်းထုတ်ရသည့် လုပ်ငန်းစဉ် သည် အလွန်ပင်နာကျင်သည်။ သူ သည်းခံသည့်အတိုင်အောင် ခန္ဓာကိုယ်တစ် ခုလုံးကို စုတ်ဖြဲလိုက်သည့် ခံစားချက်ကြောင့် နာကျင်စွာအော်ဟစ်မိသည်။

ရှီမာယူယူသည် သံသယများကို ချုပ်တည်းပြီး ရှေ့မှမြင်ကွင်းကိုဆက် ကြည့်နေလိုက်သည်။

ဧကရာဇ်ချင်းဒေါင်သည် ကန်ထဲတွင်ထိုင်နေသည်။ ထိုရေအမျိုးအစားကို မသိရသော်လည်း သူ့ခေါင်းအပေါ်တွင် ခပ်ဖျော့ဖျော့မြူခိုးမည်းများကို မြင် လိုက်ရသည်။ ထိုမြူခိုးမည်းများသည် ပျောက်ကွယ်မသွားဘဲ သူ့ခေါင်းအထက် တွင် တဖြည်းဖြည်းစုစည်းလာသည်။ ရှင်းထုတ်မှုများအပြီးတွင် မြူခိုးမည်း သည် ပို၍ထူထဲလာသည်။

ဧကရာဇ်ချင်းဒေါင်ကန်ထဲမှ ထွက်လာပြီးနောက် မြူခိုးမည်းများသည် လေထဲတွင်ဖုံးအုပ်သွားက ဧကရာဇ်ချင်းဒေါင်မှမမြင်နိုင်သည်ကို သူမ တွေ့ လိုက်ရသည်။

ဧကရာဇ်ချင်းဒေါင် ထွက်သွားပြီးနောက် သူမ၏မြင်ကွင်းမှာလည်း ကန်မှ ထွက်လာသည်။ ထွက်မသွားခင်တွင် သူမ ပြန်လှည့်ကြည့်လိုက်သည်။ မြူခိုး မည်းများသည် ထိုနေရာတွင်ရှိနေသေးသည်။ ထိုအရာသည် သူမ၏ ထင်ယောင်ထင်မှားဖြစ်မလားကို မသိတော့ပေ။ မြူခိုးမည်းသည် သူမစောင့် ကြည့်နေသည်ကို သိနေသည်ဟု ခံစားမိပြီး သူမသည်လည်း မျက်လုံးတစ်စုံမှ ကြည့်နေသလို ခံစားလိုက်ရသည်။ ထိုထိုင်းမှိုင်းသောရောင်ဝါသည် သူမ၏ ကျောရိုးတစ်လျှောက် ကြက်သီးများထသွားစေသည်။

သူမသည် ဧကရာဇ်ချင်းဒေါင်နှင့်အတူထွက်သွားလိုက်သည်။ မကောင်း သည့်အရာများကို ရှင်းထုတ်ပြီးနောက် သူ၏ကျင့်စဉ်မှာလည်း အရှိန်အဟုန်ဖြင့် တက်လာပြီး သူအရင်ကပြောခဲ့သလိုပင် အဆင့်ကြန့်ကြာခြင်းများမရှိခဲ့ပေ။

သူ၏အားသည် အရှိန်အဟုန်ဖြင့် တက်လာပြီး အဆင့်မှာလည်း ဧကရာဇ် အဆင့်ရောက်သည်အထိ တဟုန်ထိုးရောက်လာခဲ့သည်။ သူမသည် သူ့နောက် လိုက်ကာ နေရာများစွာကိုသွားပြီး အရာများစွာကိုမြင်ခဲ့သည်။ သို့သော် သူ သည် ကောင်းကင်တာအိုကို အမှန်အကန်ပြောင်းလဲခြင်းမပြုနိုင်ခဲ့ပေ။

ရှီမာယူယူသည် မတွေးတောဘဲမနေနိုင်တော့ပေ။ ကောင်းကင်တာအိုက ဘာလဲ။ ပြီးတော့ ဘယ်လိုပြောင်းလဲရမှာလဲ။

***

All Chapters