ငရဲမီးအဖွဲ့
Vol. 24 Ch. 336
ကျင့်ကြံသူသုံးယောက်၏ မျက်လုံးများအတွင်းတွင် ရက်စက်ကြမ်းကြုတ်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။ ခေါင်းဆောင်ကြီးမဟာခေါင်းက ဝါးလုံးကွဲမတတ် အော်ရယ်ပြီးနောက် သူ၏သိုလှောင်အိတ်ကိုပုတ်ကာ ဆန်စေ့တစ်စေ့ ဖြစ်ပုံပေါ်သောအရာကို ထုတ်လိုက်သည်။
၄င်းသည် ပြည့်ပြည့်ဖောင်းဖောင်းဖြစ်ပြီး အဖြူရောင်တောက်နေ၏။ ပထမဆုံး တစ်ချက်ကြည့်လိုက်ရုံနှင့် ဗိုက်ဆာသွားစေနိုင်သည်။ ခေါင်းဆောင်ကြီးမျက်နှာနီနှင့် ခေါင်းဆောင်ကြီးကျောက်ပေါက်မာ၏ မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ "အဲ့ဒါက... "
"ဒီပစ္စည်းက ရှေးဧရာမကျိုင်းကောင်ကြီးတစ်ကောင်ရဲ့ ပါးစပ်ထဲကနေ ကော်ထုတ်ထားတာ" ခေါင်းဆောင်ကြီးမဟာခေါင်းက အေးစက်သောအသံဖြင့် ပြောသည်။ "မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းလာရာက ကျုပ်ဆီရောက်ခဲ့တာပဲ။ နှံ့နှံ့စပ်စပ် လေ့လာပြီးတဲ့နောက်မှာတော့ ကျုပ်ကိုယ်တိုင် အသစ်ပြန်လည်သန့်စင်ခဲ့တယ်။ ဒါကို သုံးပြီး ကောင်းကင်နဲ့မြေကြီးမှာရှိတဲ့ မည်သည့်မန္တန်အစီအရင်ကိုမဆို ချိုးဖျက်နိုင်တယ်" သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ရုတ်တရက် ဆန်စေ့လှိုင်းများ သူ့လက်မှပျံထွက်လာပြီး သူတို့အရှေ့ရှိ အနက်ရောင်လေဆင်နှာမောင်းထံ အလွှာလိုက်ပြန့်ကြဲသွားသည်။
ဆွတ်ဆွတ်ဖြူသောဆန့်စေ့များသည် ချက်ချင်း အနက်ရောင်ပြောင်းကုန်သည်။ ၄င်းတို့အားလုံး မည်းနက်သွားရန် အသက်ရှိုက်အနည်းငယ်သာ ကြာလိုက်၏။ ခေါင်းဆောင်ကြီးမဟာခေါင်း ပါးစပ်အဟောင်းသားဖြစ်သွားပြီး ထူးဆန်းသောအရိပ်အယောင်တစ်ခု သူ၏မျက်လုံးများတွင် ပေါ်လာသည်။ သူ့တစ်ကိုယ်လုံးတုန်ရီလာပြီး သူ့မှာ ပိန်ချုံးလာသကဲ့သို့ ကျုံ့လာသည်။ သွေးကြောများ သူ၏မျက်ဝန်းများတွင် ထောင်လာ၏။
"တာအိုရောင်ရင်းတို့၊ ကျုပ် ခင်ဗျားတို့ကျင့်ကြံခြင်းအခြေက စွမ်းအားကို လိုနေတယ်" သူက ညာလက်ကို မြှောက်လိုက်ပြီး ခေါင်းဆောင်ကြီးမျက်နှာနီနှင့် ခေါင်းဆောင်ကြီးကျောက်ပေါက်မာတို့က သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို မဆိုင်းမတွ ထုတ်လွှတ်လိုက်ကြသည်။ ခေါင်းဆောင်ကြီးမဟာခေါင်းက အချိန်မဆွဲဘဲ အလျင်အမြန်စုပ်ယူသည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများလည်း ခေါင်းဆောင်ကြီးမဟာခေါင်း၏စကားကို ကြားလိုက်ကြသည်။ ခေါင်းဆောင်ကြီးကျောက်ပေါက်မာက ကျန်ဟန်မြစ်ဂိုဏ်းသားများကို ကြည့်လိုက်ရာ မကြာခင် အကုန်လုံး နားလည်သွားကြ၏။ ကျင့်ကြံသူတစ်ကျော်၏ ကျင့်ကြံခြင်းအခြေခံမှစွမ်းအားများ စီးထွက်လာသည်။ ခေါင်းဆောင်ကြီးမဟာခေါင်းက စွမ်းအားများကို တွင်းနက်ကြီးသဖွယ် စုပ်ယူ၏။ သူ၏မျက်လုံးများ ရဲရဲနီလာပြီး သူက လက်ကို အပေါ်သို့မြှောက်ကာ လက်ချောင်းတစ်ချောင်း ဆန့်တန်းလိုက်သည်။
"လင်းရောင်ဆောင်ကြဥ်း ဆန်...." သူက အက်ကွဲကွဲအသံကြီးဖြင့် ပြောသည်။ ချက်ချင်းပင် မည်းနက်နေသော ဆန်အလွှာများသည် စူးရှတောက်ပသော အလင်းရောင်များ ထုတ်လွှတ်ကာ အလင်းပြင်ကြီးတစ်ခုအဖြစ် စုပေါင်းသွားစေသည်။ အလင်းက လေဆင်နှာမောင်းကြောင့် မှောင်မည်းနေသော ပတ်ဝန်းကျင်ကို အလင်းရောင်ပေးလိုက်သည်။ အကယ်၍ အပေါ်ယံသာ ကြည့်လျှင် ယခင်နှင့် ဘာမှထူးခြားသွားပုံမရပေ။
ခေါင်းဆောင်ကြီးမဟာခေါင်းက လျှာဖျားကိုကိုက်ပြီး သွေးတစ်လုပ်အန်လိုက်သည်။ ပတ်ဝန်းကျင်ရှိကျင့်ကြံသူများ ငှားပေးထားသော စွမ်းအားဖြင့် ပြည့်နှက်နေသည့် သွေးသည် မြူဆိုင်းနေသော လေအတွင်းရှိ ဆန်စေ့များနှင့် တစ်သားတည်း ဖြစ်သွားသည်။
"ကောင်းကင်စစ်တပ်အသွင်ပြောင်းခြင်း"
ပြင်းထန်သောပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားပြီး ရုတ်ခြည်း မြူထုအတွင်း၌ ပိန်ချုံးချုံးပုံရိပ် အတန်းလိုက်အား မြင်လိုက်ရသည်။ ၄င်းတို့က အရွယ်အစားအားဖြင့် သာမန်လူတစ်ယောက်၏ တစ်ဝက်ခန့်သာ ရှိသည့်အတွက် ကောင်းကင်စစ်တပ်နှင့်လားလားမှ မတူပေ။ တကယ်တမ်းဆိုရလျှင် ယခုလေးတင် ငရဲမှ တွားသွားထွက်လာသည့် မကောင်းဆိုးဝါးဝိညာဥ်များနှင့် ပိုတူသည်။ ဆန်စေ့အလုံးစုံ မကောင်းဆိုးဝါးဝိညာဥ်များအသွင် ပြောင်းသွားလေပြီ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရာနှင့်ချီသွား၏။
မကောင်းဆိုးဝါးဝိညာဥ်များ၏ ခန္ဓာကိုယ်များမှာ ဤကမ္ဘာကြီးတွင် အပြည့်အဝ ထုတ်ဖော်ပြသ၍ မရသည့်အလား မပီမသဖြစ်နေသည်။ သို့ထိတိုင် ရက်စက်ပြီး သွေးဆာနေသော အငွေ့အသက်က သူတို့ထံမှ ပျံ့လွင့်နေသည်။
ခေါင်းဆောင်ကြီးမဟာခေါင်းက မျက်နှာဖြူဆုပ်စွာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ပြီး အရိုအသေပေးလိုက်သည်။ "ကောင်းကင်စစ်တပ်ခင်ဗျား၊ ဒီအစီအရင်ကို ချိုးဖျက်ပေးဖို့ ကျွန်တော်မျိုး အနူးအညွတ်တောင်းပန်ပါတယ်။ အထဲက လူတစ်ရာကျော်က အရှင့်အတွက် ကျုပ်ရဲ့ ယဇ်ကောင်တွေ ဖြစ်ပါတယ် အို ကောင်းကင်စစ်တပ်ခင်ဗျား" အရှေ့တွင် ဧရာမတစ္ဆေကြီးများက မကောင်းဆိုးဝါးဝိညာဥ်များကို စတင်ဝင်တိုက်ကုန်သဖြင့် မြူများ တဖွေးဖွေးလှုပ်သွားသည်။ အံ့မခန်းလိလိ ဝင်တိုက်သံကြီးများ တဝုန်းဝုန်းမြည်နေသည်။
မန္တန်အစီအရင်အတွင်းတွင် ကြက်တူရွေး၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေသည်။ ၄င်းမှာ လန့်လည်းလန့်နေသလို စိတ်လည်းတိုနေ၏။
"ငါချီးတဲ့မှ။ အဲ့ဒါက ဆန်ကို စစ်သားအသွင် ပြောင်းလို့ရတဲ့ အင်မိုတယ်အဆင့် နတ်ဘုရားစွမ်းရည်တစ်ခုမလား။ ဘယ်ကောင်က မကောင်းဆိုးဝါးဝိညာဥ်တွေ ဆင့်ခေါ်လို့ရတဲ့အရာဖြစ်အောင် ပြောင်းလိုက်တာတုံး။ သောက်ကျိုးနဲ။ အဲ့ဒါက အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတစ်ယောက် လုပ်နိုင်တာမျိုးမဟုတ်တဲ့အပြင် နဝမတောင်က ပညာရပ်လည်း မဟုတ်ဘူး။ ဒါက .... စတုတ္ထတောင်ရဲ့ ငရဲမီးအဖွဲ့က ပညာရပ်ပဲ
"ဒီလူ တစ်နည်းနည်းနဲ့ မပြည့်စုံတဲ့အမွေအနှစ်ကို ရခဲ့တာဖြစ်မယ် .... သေလိုက်ပါတော့ တခြားသူတွေဆို ဒီမကောင်းဆိုးဝါးဝိညာဥ်တွေကို ကောင်းကောင်းလျစ်လျူရှုထားနိုင်ပေမယ့် ငါ့ရဲ့လက်ရှိခန္ဓာကိုယ်အခြေအနေအရဆိုရင်.... အဲ့ဒီကောင်တွေနဲ့ ထိပ်တိုက်တွေ့ရင် ပြဿနာအကြီးကြီးတက်လိမ့်မယ်" ကြက်တူရွေးမှာ ပထမဆုံးအကြိမ် အတော့်ကို ပျာယာခတ်နေပုံရသည်။ "စိတ်ပျက်စရာကောင်းလိုက်တာ... " ၄င်းက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းရင်း ပြောသည်။
ထိုစဥ် ခပ်နိမ့်နိမ့်တောင်ပေါ်ရှိ ကျင့်ကြံခြင်းဂူထဲတွင် မန်ဟိုသည် တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် လက်ထဲရှိ အနက်ရောင်ဆေးပေါင်းဖိုကို ကြည့်နေသည်။ ဆေးပေါင်းဖို၏ မျက်နှာပြင်ပေါ်တွင် ဘယ်တော့မှ အညံ့ခံမည်မဟုတ်ကြောင်း ပြောနေသော မျက်နှာထားဖြင့် မန်ဟို့ကို ပြန်ကြည့်နေသော လူငယ်တစ်ယောက်၏မျက်နှာရှိသည်။
ဤသည်မှာ ဇီယွင်ဂိုဏ်းနတ်မီးလျှံစမ်းသပ်ပွဲတွင် သူရရှိခဲ့သော ဆေးပေါင်းဖိုကလွဲ၍ တခြားမဟုတ်ပေ။ သို့သော် သူ ၄င်းကို ရရှိခဲ့သည့်အချိန်မှစ၍ ၄င်းသည် အညံ့ခံမည့် အရိပ်အယောင်နည်းနည်းလေးပင် ပြခဲ့ခြင်းမရှိ။ ယခုလောလောဆယ်တွင် မန်ဟိုသည် မျက်မှောင်ကြုတ်လျက် ၄င်းကို ကြည့်နေ၏။ နောက်ဆုံး၌ သူက ညာလက်ဖြင့် ဂါယာမန္တယားဆိုင်ရာ မုဒြာလက်ကွက်ဖော်လိုက်သည်။ ထို့နောက် လူငယ်၏မျက်နှာပေါ်သို့ လက်ညှိုးဖြင့် ဖိချလိုက်သည်။ ၄င်းက ရှုံ့မဲ့သွားပြီး နာကျင်သွားပုံရသည်။
လောလောဆယ်တွင် မန်ဟိုတစ်ယောက်သာ မြင်ရသည့် မရေမတွက်သော ချီမျှင်များက သူ့ကို ဝန်းရံလွှမ်းခြုံနေသည်။ ၄င်းတို့က ဘက်ပေါင်းစုံမှ သူ့ထံသို့ ဝဲကဲ့သို့ လှည့်လည်စီးဆင်းပြီး ဆေးပေါင်းဖိုအတွင်းသို့ စီးဝင်လျက်ရှိသည်။
"အညံ့မခံသေးဘူးပေါ့လေ ကောင်းပြီ" မန်ဟိုက အေးစက်စက်ပြောသည်။ "စိတ်ဝိညာဥ်ရှိတဲ့ ဆေးပေါင်းဖိုက နည်းနည်းတော့ ပိုကောင်းပေမယ့် ငါက မပါတာနဲ့ အသားကျနေပြီ" မန်ဟိုက ဖိချလိုက်ရာ ပတ်ဝန်းကျင်ရှိ မိစ္ဆာချီများသည် လှောင်အိမ်တစ်ခုအသွင်ပြောင်းရင်း စီးဝင်လာသည်။ လှောင်အိမ်သည် လူငယ်၏ပုံရိပ်ကို ဝန်းရံပြီးနောက် ပိုက်ကွန်သဖွယ်ပြောင်းကာ ၄င်းကို ဖိနှိပ်လိုက်သည်။
လူငယ်က ကြောက်လန့်တကြားအော်လိုက်သည်။ သို့သော် အော်သံမှာ အားနည်းနေ၏။
"ငါ မင်းကို ရှင်ခွင့်ပေးချင်ရင် မင်းရှင်မယ်။ သတ်ချင်ရင် အတွေးလေးတစ်ချက်ပဲ လိုတယ်" မန်ဟို့၏အသံမှာ အေးစက်နေပြီး သူ စကားပြောလိုက်ချိန်မှာပင် ပိုက်ကွန်က တင်းကြပ်သွားပြီး လူငယ်ကို လုံးဝလှုပ်မရအောင် ချုပ်နှောင်လိုက်သည်။ ဆေးပေါင်းဖို၏ အနက်ရောင်မှာ တစတစ မှေးမှိန်လာပြီး ခရမ်းရောင်က အစားထိုးဝင်ရောက်လာသည်။
မန်ဟိုက ဆေးပေါင်းဖိုကိုကြည့်ရင်း ညာလက်ကို ဝှေ့ယမ်းလိုက်သည့်အခါ ဆေးပင်အမြောက်အမြား ထွက်ပေါ်လာသည်။ ဓာတ်ကူပြီး အရည်ထုတ်၊ အနေအထားညှိ၍ ဆေးပေါင်းဖိုထဲဲသို့ ပါဝင်ပစ္စည်းများ ထည့်နေစဥ် သူ၏ဘယ်လက်သည် သရဲသဖွယ် တဖျပ်ဖျပ်လှုပ်ရှားနေ၏။ မီးတောက်တစ်ခု သူ၏ညာလက်တွင် ပေါ်လာသည်။ ၄င်းက အနီရောင်မဟုတ်၊ ခရမ်းရောင်ဖြစ်သည်။
ဤမီးတောက်သည် သူ၏ခရမ်းရောင်အမြုတေမှ မီးစာဖြည့်ပေးသော အမွေအနှစ် ဆေးမီးတောက်၊ အရှေ့ဆေးဝါးထာဝရမီးတောက်ကလွဲ၍ တခြားမဟုတ်ပေ။ ဤထာဝရမီးတောက်က သူ့ကို ဝိညာဥ်ဆင့်ခေါ်ခြင်းမန္တန်ကို အသုံးပြုခွင့်ပေးလိမ့်မည်။
မန်ဟို ဆေးစဖော်တော့မည့် အချိန်မှာပင် ကြက်တူရွေး၏ ပျာယာခတ်နေသောအသံက သူ့စိတ်ထဲသို့ ဝင်ရောက်လာသည်။ မန်ဟိုက သူ၏စိတ်ဝိညာဥ်အာရုံကို ချက်ချင်း ထုတ်လွှတ််လိုက်ရာ အပြင်ရှိ မြူများနှင့် ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါးဝိညာဥ်များကို မြင်လိုက်သည်။
သူသည် တခဏတိတ်ဆိတ်သွားပြီးနောက် ဆေးပေါင်းဖိုကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများသည် အေးစက်သောအလင်းရောင်နှင့်အတူ ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် ပြည့်နှက်သွား၏။
"ခင်ဗျား ပေးဆပ်ရမယ့် တန်ကြေးကို ကျုပ်ဂရုမစိုက်ဘူး။ ကျုပ်ကို အချိန်သုံးရက်ပေး" သူက အသံပြန်ပေးပို့လိုက်သည်။ ထို့နောက် အပြင်လောကနှင့် အဆက်အသွယ်ဖြတ်၍ ဆေးစဖော်တော့သည်။
"သုံးရက်.... " ကြက်တူရွေးက ဂနာမငြိမ်ဖြစ်နေသော မျက်လုံးများဖြင့် တွေးလိုက်သည်။ ၄င်း၏ခြေထောက်တွင် ဖျတ်ခနဲ လက်သွားပြီး အသားဂျယ်လီပေါ်လာ၏။
"သခင်ငါး ပေါက်ပြီ၊ ခွေးမသား။ ဘယ်လောက်စိတ်ပျက်စရာကောင်းလိုက်လဲ။ တစ်ယောက်ယောက်မှာ ငရဲမီးအမွေအနှစ်ရှိနေလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။ အဲ့ဒါက မပြည့်စုံတောင်မှ သခင်ငါးကို... ထိန်းချုပ်နိုင်သေးတယ်ကွ ငါ့လိုး" ကြက်တူရွေးက အသားဂျယ်လီကို အားကိုးတကြီးကြည့်သည်။ "သုံးရက်၊ မင်း ငါနဲ့ သုံးရက် ပူးပေါင်းပေးဖို့လိုတယ်။ မန်ဟို အဲ့ဒီအချိန်ကျ ပြီးသေးရင်တော့ ငါတို့နှစ်ကောင် ထွက်ပြေးကြတာပေါ့"
အသားဂျယ်လီ စကားမများသည့်အချိန်က စိန်ထက်ရှားသည်။ သို့သော် ၄င်းသည် ငရဲမီးအမွေအနှစ်ဟု ကြားလိုက်သည်နှင့် မျက်လုံးအစုံပြူးကျယ်သွား၏။
အသားဂျယ်လီမှာ တသိမ့်သိမ့်တုန်သွားပြီး ခေါင်းတွင်တွင်ညိတ်တော့သည်။ "စတုတ္ထတောင်က ငရဲမီးအဖွဲ့က.... ဘယ်လိုလုပ် ဒီမှာပေါ်လာတာလဲ"
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွား၏။ မန်ဟို၏ အမူအရာသည် တစ်ချိန်လုံး အေးဆေးတည်ငြိမ်လျက်ရှိသည်။ ကျင့်ကြံခြင်းဂူအပြင်ဘက်တွင်တော့ ကြက်တူရွေး ဖော်ပြခဲ့သည့် မမျှော်လင့်ထားသောပြဿနာများ၏ရလဒ်အဖြစ် ထစ်ချူန်းသံများ ဆူညံနေပြီဖြစ်သည်။
မန်ဟိုသည် အခြားသူများအပေါ် အပြစ်ပုံချတတ်သည့် လူစားမျိုးမဟုတ်ပေ။ မှန်သည်။ အကုန််လုံးကို ဤနေရာသို့ မျှားခေါ်လာရန်က ကြက်တူရွေး၏အကြံဖြစ်ခဲ့သည်။ သို့သော် မမျှော်လင့်ထားသောပြဿနာများ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည့်တိုင် သူတို့ ကိုင်တွယ်နိုင်မည်ဟု မန််ဟို ယုံကြည်ချက်ရှိသေးသည်။
ဤသည်က ကျင့်ကြံသူတစ်ယောက်၏ မိမိကိုယ်ကို ယုံကြည်မှုပင်။
"အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူမရှိသရွေ့တော့ သွေးမျက်နှာဖုံးသုံးဖို့ပဲ လိုတယ်။ ပြီးရင် လိုအပ်ရင် အကုန်လုံးကို ငါ့ဘာသာငါ ဖြေရှင်းနိုင်တယ်။ ဒါက ကြက်တူရွေးကို ပညာနည်းနည်းပြဖို့ အချိန်ကောင်းပဲ" မန်ဟိုက ခရမ်းရောင်ချီတစ်လုပ်နှင့်အတူ ဆေးပင်များကို ဆေးပေါင်းဖိုထဲသို့ ထပ်မံထည့်လိုက်သည်။ အဆိုပါချီက နတ်ဘုရားစွမ်းရည်များ ဖန်တီးပေးနိုင်သော အမြုတေချီမဟုတ်၊ ရိုးရိုးသာမန် ကျင့်ကြံခြင်းအခြေခံချီဖြစ်သည်။
ဤသို့ လုပ်ဆောင်ရခြင်း၏အကြောင်းရင်းမှာ သူ၏ဆေးမီးတောက်ကို ပို၍အားပြင်းလာစေရန်ဖြစ်သည်။ သူသည် ရှုပ်ထွေးနေသော အတွေးပေါင်းစုံဖြင့် ပြီးပြည့်စုံသော ရွှေအမြုတေဆေးလုံးကို စတင်ဖော်စပ်တော့သည်။
ပုံမှန်အခြေအနေဆိုလျှင် ဤဆေးလုံးကို ဖော်စပ်ရန် အချိန်အတော်ယူရလိမ့်မည်။ သို့သော် မန်ဟိုသည် ဆေးဝါးတာအိုအရာ၌ မဟာအကြီးအကဲတစ်ဦးဖြစ်သည်။ ထိုမျှသာမက သူ့တွက် အမွေအနှစ်မီးတောက်နှင့် ဝိညာဥ်ဆင့်ခေါ်ခြင်းမန္တန် ရှိသေးသည်။ ဤအခြင်းအရာအလုံးစုံကို ထည့်တွက်လျှင် သူသည် ဖော်စပ်ရန်ကြာမြင့်ချိန်ကို အတော်များများ လျှော့ချနိုင်မည်ဟု ယုံကြည်ချက်ရှိ၏။
အချိန်များ ကုန်လွန်သွားသည်။ သုံးရက်ကြာသော် ကြက်တူရွေး၏ တဂီးဂီးအော်သံများ မြူဆိုင်းနေသောလေထုကိုဖြတ်၍ ပဲ့တင်ထပ်လာသည်။ ပေါက်ကွဲမှုများ လေထဲတွင် တဝုန်းဝုန်းရိုက်ခတ်နေ၏။ မြူထုမှာ တစ်ဝက်နီးပါး လွင့်ပျယ်နေပြီဖြစ်သည်။ ဂိုဏ်းကြီးသုံးဂိုဏ်း၏ အသတ်အဖြတ်စိတ်ဆန္ဒများသည် မိုးထိတိုင် မြင့်တက်လျက်ရှိသည်။ သူတို့မှာ ရက်ပေါင်းများစွာ ချောင်ပိတ်ခံထားရပြီး ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားများအား အဆက်မပြတ် ထုတ်လွှတ်နေခဲ့ရသည်။ သူတို့မှာ ပင်ပန်းသထက် ပင်ပန်းလာကြသော်လည်း မန်ဟို့အပေါ် မုန်တီးမှုက သူတို့၏ အားထုတ်မှုများကို ပြင်းထန်သွားစေသည်။
မကောင်းဆိုးဝါးဝိညာဥ်တစ်ရာကျော်အနက် တစ်ဝက်ခန့်သာ ကျန်ရှိတော့၏။ မန္တန်အစီအရင်အတွင်း ပြေးလွှားနေရသော ကျင့်ကြံသူများမှာလည်း သွေးများ ဆက်တိုက်အန်ပြီး ခြေကုန်လက်ပန်းကျနေကြလေပြီ။ အသက်အတွက် စိုးထိတ်နေပုံမရသော်လည်း မည်သို့ဆိုစေ သူတို့မှာ တဖြေးဖြေး မေ့လဲကုန်ကြသည်။
မေ့လဲသူများ များသထက်များလာသည်နှင့် ဂိုဏ်းကြီးသုံးဂိုဏ်းလည်း နီးသထက်နီးလာသည်။ ခေါင်းဆောင်ကြီးမဟာခေါင်းက ဆန်များထပ်ထုတ်ပြီး လေတွင်ဖြူးလိုက်၏။ အမှောင်ထုက ပတ်ဝန်းကျင်ကိုသာမက ကောင်းကင်ကိုပင် ဖုံးလွှမ်းသွားသည်။ တိမ်တိုက်များလည်း မရှိတော့။ ဤအမှောင်ထုကား နောက်ကျိနေသော မှော်မြစ်တစ်စင်း၏အသွင်ကို ဖော်ဆောင်နေသည်။
"မရဏကမ္ဘာပေါ်လာပြီ...ဒါက သေချာပေါက် ငရဲမီးအဖွဲ့ရဲ့ လုပ်ဆောင်ချက်ပဲ...." ကြက်တူရွေးက ခါးသီးစွာ ရယ်လိုက်သည်။ မြူအတွင်းတွင် အလင်းရောင်တစ်ခု ဖျတ်ခနဲ လက်သွားပြီး အသားဂျယ်လီပေါ်လာသည်။ ၄င်းက စိတ်ဓာတ်ကျနေသောအသွင်ဖြင့် ပင်ပန်းနွမ်းနယ်စွာ ပျံလာသည်။ ပြီးခဲ့သည့်သုံးရက်လုံး ၄င်းတို့နှစ်ကောင် အထူးခုခံပညာရပ်မျိုးစုံ သုံးခဲ့သော်လည်း ယခုတော့ ခြေကုန်လက်ပန်းကျနေလေပြီ။
"ချီးတဲ့မှ" ကြက်တူရွေးက ဒေါနှင့်မောနှင့်ပြောသည်။ "နောက်တစ်နှစ်သာ ထပ်ကျင့်နိုင်ခဲ့ရင်၊ ကျင့်ကြံသူငါးရာသာ ရှိခဲ့ရင် ဒီမပြည့်စုံတဲ့ အမွေအနှစ်က သခင်ငါးရဲ့ ကောင်းကင်မန္တန်အစီအရင်ကို ချိုးဖျက်နိုင်မှာမဟုတ်ဘူး" ရုတ်တရက် ကျင့်ကြံခြင်းဂူအတွင်းမှ ပေါက်ကွဲသံတစ်သံ ကြားလိုက်ရသည်။
မန်ဟို့၏မျက်လုံးများ ရဲတွတ်နေ၏။ သူသည် ပြီီးပြည့်စုံသောရွှေအမြုတေဆေးလုံးကို ဖော်စပ်ရန် စွမ်းအင်အကုန် အသုံးချခဲ့သည်။ အရေးကြီးသောအခိုက်အတန့်တွင် ဆေးပေါင်းဖိုစတင်တုန်ခါလာသည်။ ရွှေရောင်အလင်းမျှင်များ အတွင်းမှ စီးမျောထွက်လာပြီး ကျင့်ကြံခြင်းဂူတစ်ခုလုံး ရွှေရောင်အလင်းဖြင့် ထိန်ညီးနေစေသည်။
မန်ဟို့၏ဆံပင်များ ရှုပ်ပွလျက်ရှိကာ သူ၏အမူအရာမှာ နုံးချည့်နေပုံရသည်။ သို့သော် ခိုင်မာပြတ်သားသောစိတ်ဆန္ဒသည် သူ၏ရဲတွတ်နေသောမျက်လုံးများအတွင်း၌ တောက်ပနေသေး၏။ သူက ဆေးလုံး၏ ဆေးစွမ်းအားကို မြှင့်တင်ရင်း သန့်စင်နေသည့်အတွက် သူ၏ဆေးမီးတောက််မှာ တရိပ်ရိပ်လောင်ကျွမ်းနေလေသည်။
ဤအခိုက်အတန့်တွင် အစကတည်းက မည်းမှောင်နေသော အပြင်ဘက် ကောင်းကင်မှာ ရုတ်တရက် အနက်ရောင်တိမ်တိုက်များဖြင့် ပြည့်နှက်သွား၏။ မရဏကမ္ဘာ၏ အကောင်အထည်မဲ့ ပုံရိပ်သည် ဖုံးကွယ်ခံလိုက်ရပြီး စက်ဆုပ်ဖွယ်အမှောင်ထုကား နှင်ထုတ်ခံလိုက်ရသည်။ သို့ရာတွင် အောက်ဘက်ရှိ ကမ္ဘာမြေမှာ ပို၍သာ မည်းမှောင်လာသည်။ မရေမတွက်နိုင်သော လျှပ်ပန်းလျှပ်နွယ်များက အထက်ကောင်းကင်တွင် ငွေရောင်မြွေများသဖွယ် လူးလွန့်လျက် ပေါ်ပေါက်လာသဖြင့် ထစ်ခြုန်းသံများ မြည်ဟည်းနေသည်။
ဤသည်မှာ ပြီးပြည့်စုံခြင်းအတွက် မိုးကောင်းကင်ပြစ်ဒဏ်မဟုတ်ဘဲ ၊ ဆေးလုံးတစ်လုံးကြောင့်ဖြစ်ပေါ်လာသော ဆေးလုံးပြစ်ဒဏ်ဖြစ်သည်။
သို့သော် ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်၍ မန်ဟိုစားပြီးသည့်နောက်တွင်တော့ အဆိုပါပြစ်ဒဏ်မှာ ပြောင်းလဲသွားလိမ့်မည်။ ၄င်း၏ပြင်းအားပမာဏက အဆများစွာ တိုးသွားပြီး ထိတ်လန့်ကြောက်ရွံဖွယ် ကွက်မျက်ခြင်း မိုးကောင်းကင်ပြစ်ဒဏ်အသွင် ပြောင်းသွားပေလိမ့်မည်။
***