အရှိန်အဝါတစ်ခု ကိုယ်သုံးခု
Vol. 25 Ch. 340
မန်ဟိုသည် ကျင့်ကြံသူတစ်ရာကျော်ကို ဦးဆောင်၍ ရှေ့မှသွားနေသည်။ သူတို့က အတန်းလိုက် လေကိုခွင်း၍သွားနေရာ ထိုမြင်ကွင်းကား အလွန်ခံ့ညားထည်ဝါလျက်ရှိ၏။
မန်ဟိုသည် ထွက်ပြေးနေသော ခေါင်းဆောင်ကြီးသုံးဦးကို စိတ်ဝိညာဥ်အာရုံဖြင့် ရှင်းရှင်းလင်းလင်း မြင်ရလေသည်။ သူတို့က မတူညီသော အရပ်မျက်နှာများသို့ ထွက်ပြေးရန် ရွေးချယ်ခဲ့ကြသည်။ သို့သော် အမြန်နှုန်းက ကွဲပြား၏။ သိသာစွာပင် သူတို့သည် မြန်နိုင်သမျှမြန်မြန်သွားရန် လျှို့ဝှက်ပညာရပ်မျိုးစုံကို အသုံးပြုနေကြလေသည်။
"သုံးဖက်....." မန်ဟိုက အေးစက်စက်နှာတစ်ချက်မှုတ်ပြီးနောက် လက်ကိုဆန့်ကာ မြေပြင်သို့ ညွှန်လိုက်သည်။ ချက်ချင်းပင် ဝီးခနဲအသံတစ်သံ ကြားလိုက်ရ၏။ ဘယ်သူမှ ဘာဖြစ်သွားသည်လဲ မမြင်ရသော်လည်း မန်ဟိုကတော့ သရဲပုံရိပ်များ နေရာလပ်မကျန် ဖြစ်တည်လာပြီးနောက် မိစ္ဆာချီအမြောက်အမြား ပေါ်လာသည်ကို မြင်နိုင်လေသည်။ ၄င်းက ဝဲကတော့ကဲ့သို့ လွင့်မျောတက်လာပြီး မန်ဟို့အရှေ့တွင် လျင်မြန်စွာ စုံဆုံလာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းသည် ပုံရိပ်နှစ်ခုအသွင်ပြောင်းသွား၏။ ၄င်းတို့က ဝိုးတိုးဝါးတားဖြစ်နေပြီး တစတစပျံ့လွင့်လာနေသော အရှိန်အဝါကိုသာ မြင်ရသည်။ အခြားသူများမှာမူ ဘာဆိုဘာမှမမြင်ရပေ။
မန်ဟို၏မျက်လုံးများ လင်းလက်သွားပြီး ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သွေးကိုယ်ပွားနှစ်ကိုယ်ကို သူ့အရှေ့တွင် အကောင်အထည်ဖြစ်တည်လာစေသည်။ ၄င်းတို့က မိစ္ဆာချီနှင့်ပေါင်းစည်းရန် ရှေ့တက်သွားသဖြင့် အံ့သြတုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုကို ဖန်တီးနေတော့သည်။
ဤသည်မှာ စောစောက မန်ဟို အကြံရခဲ့သော ပညာရပ်တစ်ခုဖြစ်သည်။ သွေးကိုယ်ပွားနှင့်မိစ္ဆာချီကို ပေါင်းစည်းခြင်းဖြင့် သူ၏ ကိုယ်ပွားတစ္ဆေမန္တန်ကို ထိန်းချုပ်ရ ပိုမိုလွယ်ကူစေသည့်အပြင် လိုအပ်ပါက ဆင့်ခေါ်ရလည်း ပို၍ရိုးရှင်းစေသည်။
သွေးကိုယ်ပွားနှစ်ကိုယ်၏ အတိုက်အခိုက်စွမ်းရည်မှာ သူ၏ကိုယ်အစစ််နှင့် မညီမျှသော်လည်း သွေးကိုယ်ပွားမိစ္ဆာချီပေါင်းစည်းခြင်းကတော့ တုန်လှုပ်ဖွယ်စွမ်းအားအား ထုတ်ဖော်နိုင်သည်။
ဂိုဏ်းကြီးသုံးဂိုဏ်းမှ ခေါင်းဆောင်ကြီးသုံးဦးအနေဖြင့် စွမ်းအားအထွတ်အထိပ်တွင် ဆိုပါက ဤသွေးကိုယ်ပွားများကို အလွယ်တကူ အနိုင်ယူနိုင်သည်။ သို့သော် ခေါင်းဆောင်ကြီးမဟာခေါင်းမှအပ အခြားနှစ်ယောက်မှာ ကျင့်ကြံခြင်းအခြေခံအဆင့် လျော့ကျသွားသည့်အပြင် အတွင်းဒဏ်ရာများ ရထားကြောင်း မန်ဟိုမြင်ရသည်။ ပို၍ပင်အရေးကြီးသည်က သူတို့စိတ်များ ကယောင်ချောက်ချားဖြစ်နေခြင်းပင်။ ဤအခြင်းအရာနှင့် အဆင့်ကျထားသော ကျင့်ကြံခြင်းအခြေခံများဖြင့် ပေါင်းစပ်လိုက်ပါက သူတို့သည် သည့်ထက်ပို၍ အားမနည်းနိုင်တော့ပေ။
မန်ဟိုသည် သူ၏ကိုယ်ပွားတစ္ဆေများက သူတို့ကို သေချာပေါက် သုတ်သင်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိ၏။
သူ၏ စိတ်ဝိညာဥ်အာရုံအဆင့်ကြောင့် ဤကိုယ်ပွားတစ္ဆေနှစ်ကောင်ကို သူ အသေအချာ ထိန်းချုပ်နိုင်သည်။ မထင်မှတ်ထားသည့်အရာတစ်ခုခုဖြစ်ပွားလျှင် အခြေအနေကို ကိုင်တွယ်နိုင်သည့် တခြားရွေးချယ်စရာများရှိသည်။ သူသည် သူ၏စိတ်ဆန္ဒကို သွေးကိုယ်ပွားမိစ္ဆာချီတစ္ဆေ နှစ်ကောင်အတွင်းသို့ ပို့လွှတ်ပြီးနောက် မတူညီသော အရပ်မျက်နှာနှစ်ဖက်သို့ ထွက်သွားစေသည်။
သူက ကျင့်ကြံသူတစ်ရာကျော်ကိုလည်း သုံးဖွဲခွဲပြီး နှစ်ဖွဲ့ကို သွေးကိုယ်ပွားများနောက်သို့ လိုက်သွားစေသည်။
ထို့နောက် သူသည် ခေါင်းမော့ပြီးနောက် သူ၏စိတ်ဝိညာဥ်အာရုံကို ခေါင်းဆောင်ကြီးသုံးဦးအနက်မှ သိုလှောင်အိတ်ရှိသည့် တစ်ယောက်တည်းသော ခေါင်းဆောင်ကြီးမဟာခေါင်းထံ အာရုံစိုက်လိုက်သည်။ ထိုလူ့ကို အာရုံစိုက်ပြီးသည်နှင့် သူက ကျင့်ကြံသူငါးဆယ်ဝန်းကျင်ကို ဦးဆောင်၍ ထိုလူရှိရာဘက်သို့ တဟုန်ထိုးထွက်သွားတော့သည်။
"ခင်ဗျားတို့က ကျုပ်နောက်လိုက်ပြီး သတ်ဖို့ကြိုးစားတယ်။ ကျုပ် ကျင့်ကြံခြင်းဂူရဲ့ မန္တန်အစီအရင်ကို ဖျက်စီးပစ်တယ်။ ဒီတိုင်း အသာတကြည် ခင်ဗျားတို့ကို အလွှတ်ပေးမယ် ထင်နေတာလား" မန်ဟို့၏မျက်လုံးများသည် အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တဖျပ်ဖျပ်လက်နေ၏။ ဤလူများသည် သေခြင်းကို လက်ယပ်ခေါ်နေခဲ့ကြသည်ဖြစ်ရာ မန်ဟို သူတို့အပေါ် သဘောထားကြီးနေမည် မဟုတ်ပေ။
ထိုစဥ် တစ်နေရာတွင် ခေါင်းဆောင်ကြီးမျက်နှာနီသည် မျက်နှာဖြူဖျော့စွာဖြင့် အသည်းအသန် ပြေးနေသည်။ လောလောဆယ်တွင် သူ့မှာ ကျင့်ကြံခြင်းအခြေခံစွမ်းအား၏ လေးဆယ်၊ငါးဆယ်ရာခိုင်နှုန်းခန့်သာ အသုံးပြုနိုင်တော့သည်။ ထိုမျှသာမက သူ၏သိုလှောင်အိတ်မှာ ဗလာကျင်းနေသည်။ ဆေးလုံးမရှိ၊ မှော်ပစ္စည်းလည်းမရှိ၊ အားပြန်ဖြည့်ရန် ဘာဆိုဘာမှ မရှိပေ။
သူ့ရင်ထဲတွင် ပူပင်သောကတို့ ပေါက်ဖွားလာပြီး နောင်တအဖြစ် ပြောင်းသွားတော့သည်။ သို့ထိတိုင် အခြေအနေက ထင်ထားသည်နှင့်ပြောင်းပြန် ဖြစ်နေလိမ့်မည်ဟု မည်သူက တွေးခဲ့မိမည်နည်း။
"ငါ ဒီက ထွက်မှဖြစ်မယ်။ တံခါးပိတ်ပြီး ကျင့်ကြံဖို့လိုတယ်။ ငါ့ ကျင့်ကြံခြင်းအခြေခံ နဂိုအတိုင်းပြန်ဖြစ်သွားရင် ငါ့အသိတာအိုရောင်ရင်းတွေခေါ်ပြီး ဟိုခွေးသားကို သွားသတ်ရမယ်" သူ၏မျက်လုံးများမှ ပြင်းထန်သောအမုန်းတို့အား ထုတ်လွှတ်နေသည်။ သူလုပ်ရမည်မှာ ရွှေရောင်ဆေးလုံးများ ဖော်စပ်နိုင်သည့်လူတစ်ယောက်ရှိသည်ဟု သတင်းဖြန့်လိုက်ရုံသာဖြစ်ပြီး အနက်ရောင်နယ်မြေကျင့်ကြံသူအမြေက်အမြား သူ့ကို လိုက်ဖမ်းကြလိမ့်မည်။
အမှန်တကယ်ဆိုရလျှင် အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်တချို့ပင် ပါလောက်သည်။ ထိုသို့သာဖြစ်ပျက်သွားပါက ထိုခွေးသားတွင် မည်သည့်သဘာဝလွန်စွမ်းအားများ ရှိနေစေကာမူ မလွဲဧကန် သေလိမ့်မည်။
ရုတ်တရက် သွေးရောင်အလင်းက အဘိုးကြီး၏ မျက်လုံးများတွင် ရောင်ပြန်ဟပ်သွားသည်။ သူ့မှာ ရင်ထိတ်ခနဲ ဖြစ်သွားပြီး ပြင်းထန်သောအန္တရာယ်အာရုံကြီးက သူ၏စိတ်နှလုံးကို စိုးမိုးသွားသည်။ သူက တုံ့ဆိုင်းမနေဘဲ ချက်ချင်း ဘေးသို့ကွေ့ချလိုက်၏။
သူဦးတည်ချက်ပြောင်းလိုက်သည့်အခိုက်မှာပင် သွေးရောင်အလင်းတန်းက အမြင့်ဆုံးအရှိန်ဖြင့် သူ့ဘေးနားမှ ပွတ်သီဖြတ်သွားသည်။ ၄င်းဖြတ်သွားစဥ် ရိုက်ခတ်လာသော လှိုင်းများက ခေါင်းဆောင်ကြီးမျက်နှာနီ၏ မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေသည်။ သူ ရင်ခုန်သံများမြန်လာသည်။ စောစောက အချိန်မီသာ မရှောင်လိိုက်နိုင်လျှင် သူ့ခေါင်း အစိတ်စိတ်အမြွှာမြွာ ပေါက်ကွဲသွားလိမ့်မည်ကို သူသိ၏။
လှိုင်းများ အဘိုးကြီးကို ဖြတ်သွားစဥ် ခက်ထန်သောအသံကြီးတစ်သံ လေတွင် ပြည့်နှက်သွားသည်။ အသံ ပျံ့လွင့်လာသည်နှင့် လေထဲရှိ အနီရောင်အလင်းက ဝုန်းခနဲ ပေါက်ကွဲသွား၏။
"ပေါက်ကွဲစမ်း"
လှိုင်းဂယက်များက အားပြင်းသော တိုက်ကွက်တစ်ကွက်အသွင် ပြောင်းသွားသည်။ ပေါက်ကွဲသံများ မြည်ဟည်းနေပြီး အဘိုးကြီးမှာ ရှောင်လိုက် နောက်ဆုတ်လိုက်နှင့် သွေးတစ်လုပ်အန်လိုက်ရသည်။ သူက မျက်နှာဖြူဖျော့လျက် ချာခနဲ လှည့်လိုက်သည်။
ပထမဆုံး သူမြင်လိုက်ရသည့်အရာမှာ သွေးနီရောင်ပုံရိပ်တစ်ခုဖြစ်သည်။ ၄င်း၏ဆံပင်များအပြင် ဝတ်ရုံနှင့်အရေပြားပင်လျှင် ရဲရဲနီနေသည်။ ၄င်းသည် တဖြေးဖြေး ချဥ်းကပ်လာနေသည့်အချိန်တွင် အဘိုးကြီးသည် မမြင်ရသော်လည်း အစွမ်းထက်သောအရှိန်အဝါတစ်ခုကို အာရုံရလိုက်သည်။ ၄င်းမှာ ထူးခြားဆန်းကြယ်ပြီး သူ့ကို ကြောက်စိတ်တို့မွှန်ထူသွားစေသည်။
သူ့မှာ ဤအရာ၏ကျင့်ကြံခြင်းအခြေခံကို မမြင်ရပေ။
သွေးတစ္ဆေ၏မျက်လုံးများက ဗလာကျင်းနေပုံရပြီး ပို၍ပင် ထူးဆန်းသည်က သေချာကြည့်လေလေ ၄င်းက မိစ္ဆာကျင့်စဥ်ကို ကျင့်ကြံထားသည်လား၊ ရုပ်သေးရုပ်ပေလား ပြောရခက်ကြောင်း သဘောပေါက်လိုက်သည်။
"သင်က ဘယ်သူပါလဲ လူကြီးမင်း" အဘိုးကြီးက မချင့်မရဲဖြစ်နေသောလေသံဖြင့် ပြောသည်။ သူ၏ကျင့်ကြံခြင်းအခြေခံသာ စွမ်းအားအထွတ်အထိပ်တွင်ဆိုလျှင် သူဂရုစိုက်နေမည် မဟုတ်သော်လည်း လောလောဆယ်တွင် သူ့မှာ ပြောင်တလင်းခါနေသော သိုလှောင်အိတ်တစ်လုံးနှင့်အတူ အပြင်းအထန်ဒဏ်ရာရထား၏။ လက်ရှိအခြေအနေထက်ပို၍ မည်သည့်အရာကမှ မဆိုးရွားနိုင်တော့ပေ။
သွေးကိုယ်ပွား၏မျက်လုံးများက ရုတ်တရက် လက်သွားပြီး အသက်ဝင်သည့်ပုံရသည်။ ၄င်း၏အကြည့်က မန်ဟို့အကြည့်ကို အမှတ်ရမိစေ၏။ "တကယ်ပဲ ဒီလောက်မြန်မြန် မေ့သွားရလား" ၄င်းက ပြောသည်။ "ကျုပ်ကို မိုးမြေအဆုံးအထိ လိုက်သတ်မယ်လို့ မပြောခဲ့ဘူးလား"
တုန်လှုပ်ခြင်းလှိုင်းတံပိုးကြီးများ ခေါင်းဆောင်ကြီးမျက်နှာနီကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ သူ့မှာ မတွေးမိလိုက်ဘဲ ရင်တုန်တုန်ဖြင့် နောက်ဆုတ်မိလိုက်သည်။
"သူပဲ.....ဒါပေမဲ့ ဘယ်လိုလုပ် ဒီလိုရုပ်သေးရုပ်မျိုး သုံးနိုင်နေတာလဲ ဒါမှမဟုတ်.... ဒါက... ကိုယ်ပွားတစ္ဆေမန္တန်လား" သူ၏အတွေးများ ဤနေရာရောက်သောအခါ သူ့မှာ မူးမိုက်သွားပြီး မျက်နှာပေါ်၌ သွေးမရှိတော့ပေ။ ကိုယ်ပွားတစ္ဆေများ ဖန်တီးနိုင်သည့်ပညာရပ်မှာ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူများ တတ်မြောက်နိုင်သည့် အရာမျိုးမဟုတ်ပေ။ ၄င်းသည် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများသာ အသုံးပြုနိုင်သည့် နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်သည်။
အဘိုးကြီး ထွက်ပြေးနေစဥ် ပြေးလွှားနေသည့်အသံကို ရုတ်တရက်ကြားလိုက်ရသည်။ ကြက်တူရွေး၏ မန္တန်အစီအရင်အတိုင်းပြေးနေကြသည့် ကျင့်ကြံသူငါးဆယ်ကျော် ရောက်လာသဖြင့် အနက်ရောင်မြူတိမ်တိုက်တစ်ခုပေါ်လာသည်။
"ဒီကောင်က ဘာကောင်တုန်း ..." ခေါင်းဆောင်ကြီးမျက်နှာနီ ခေါင်းကြိမ်းနေပြီး ရူးချင်နေတော့သည်။ သူ၏မျက်လုံးများတွင်လည်း စိတ်ပျက်အားငယ်မှုတို့က နေရာယူနေသည်။
ထိုစဥ် တခြားတစ်နေရာတွင် ဟန်မြစ်ဂိုဏ်း၏ ခေါင်းဆောင်ကြီးကျောက်ပေါက်မာလည်း ခါးသီးမှုများပြည့်နေသော မျက်နှာဖြင့် ထိုအတိုင်းပြောနေသည်။
သူ့ကို အနီရောင်မြူတိမ်တိုက်တစ်ခုက ဝိုင်းထားသည်။ ၄င်းအပြင်ဘက်တွင် ကျင့်ကြံသူ အယောက်ငါးဆယ်ကျော်က စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်ပြေးနေကြ၏။ သူ့အရှေ့တွင် မပီသသော မျက်နှာသွင်ပြင်နှင့် အနီရောင်ဝတ်ရုံဝတ်ထားသော ပုံရိပ်တစ်ခုရှိသည်။ သူ သေချာမြင်ရသည်မှာ သွေးချင်းနီနေသည့် မျက်လုံးတစ်စုံသာဖြစ်၏။
မျက်လုံးမှာ မည်သည့်ခံစားချက်မှ မပါရှိဘဲ သနားကြင်နာမှု လုံးဝကင်းမဲ့နေပုံရသည်။
ခေါင်းဆောင်ကြီးကျောက်ပေါက်မာ၏ မျက်နှာမှာ သွေးမရှိတော့ပေ။ သူ၏ကျင့်ကြံခြင်းအခြေခံသည် တကယ်တမ်း သုံးယောက်အနက် အားအနည်းဆုံးဖြစ်၏။ သူသည် အမြုတေဖြစ်တည်မှု နှောင်းပိုင်းအဆင့်ဖြစ်သော်လည်း သူ၏ဒဏ်ရာများမှာ ပြင်းထန်လေသည်။ အက်ရာများက သူ၏အမြုတေကို ဖုံးလွှမ်းနေပြီး စွမ်းအားသုံးဆယ်ရာခိုင်နှုန်းခန့်ကိုသာ သူအသုံးပြုနိုင်သည်။
သူက တခဏချီတုံချတုံဖြစ်နေပြီးနောက် ပြောသည်။ "ဒီမှာ ဒါတွေအားလုံးက နားလည်မှုလွဲတာလေးပါ ဆရာကြီး...." ရုတ်တရက် ပေါက်ကွဲသံကြီး လေတွင်ပြည့်နှက်သွားပြီး တစ်နေရာလုံး မြူလွှမ်းသွားသည်။
တခြားတစ်နေရာတွင် မန်ဟိုသည် အလင်းတန်းအသွင်ဖြင့် လေကိုခွင်း၍ တည်ငြိမ်အေးဆေးစွာ သွားနေသည်။ သူ့အရှေ့တွင် ခေါင်းဆောင်ကြီးမဟာခေါင်းမှာ အားကုန်သုံး၍ ဝေးဝေးရောက်အောင် အသည်းအသန် ပျံသန်းနေသည်။
ရံဖန်ရံခါ သူသည် သွေးတချို့ ထွေးထုတ်တတ်၏။ သူ မည်သည့်လျှို့ဝှက်ပညာရပ်ကို အသုံးပြုနေသည်လဲ မန်ဟိုမပြောတတ်သော်လည်း ၄င်းက သူ၏အမြန်နှုန်းကို လျင်မြန်စွာ ဆက်တိုက်အားဖြည့်ပေးနေသည်။ မန်ဟိုက မျက်မှောင်ကြုတ်ရင်း နောက်မှလိုက်နေ၏။ လောလောဆယ်တွင် သူသည် အမြန်နှုန်းကို အဆုံးထိမြှင့်၍ လိုက်နေသော်လည်း မမှီနိုင်ဖြစ်နေသည်။ သူ့မှာ လက်ရှိအကွာအဝေးကိုသာ ထိန်းထားနိုင်လေသည်။
"ဒီလောက်မြန်အောင် ဘယ်လိုပညာရပ်ကို သုံးနေတာပါလိမ့်" မန်ဟို၏ မျက်လုံးများ တဖျပ်ဖျပ်လက်နေသည်။ သူက ညာလက်ကို ဝှေ့ယမ်းပြီး လက်ခလယ်ဖြင့် ညွှန်လိုက်သည်။ "မိစ္ဆာချုပ်နှောင်ခြင်း အဋ္ဌမမန္တန်" သူ၏လက်ချောင်း သက်ဆင်းလာသည်နှင့် သရဲပုံရိပ်များ နေရာလပ်မကျန် ထွက်ပေါ်လာကာ ဆန်းကြယ်သောစွမ်းအားတစ်ရပ်က ခေါင်းဆောင်ကြီးမဟာခေါင်းဆီ ပြေးဝင်သွားသည်။
၄င်းက နိမ့်ဆင်းလာစဥ် ထိုလူ၏အမူအရာမှာ သိသာထင်ရှားစွာ ပြောင်းလဲသွား၏။ သို့သော် ခဏကြာသော် သူက သွေးတစ်ပွက်အန်ပြီး သူ၏ခန္ဓာကိုယ်ကို ချုပ်ထားသည်မှ လွတ်မြောက်အောင် ပညာရပ်တစ်ခုသုံး၍ ဝှီးခနဲ ပျံပြေးသွားတော့သည်။
မန်ဟို့မှာ အတော်လေး အံ့သြမှင်သက်သွားလေသည်။
ခေါင်းဆောင်ကြီးမဟာခေါင်း ရင်တုန်နေ၏။ "ချီးတဲ့မှပဲ။ ဒီကောင် အမြုတေဖြစ်တည်မှု အလယ်အလတ်အဆင့်ကို တက်သွားတာကိုး။ ဒါတောင် အခုလေးတင် အမြုတေချီ ကျင့်ကြံလာသေးတယ်။ လူရောဟုတ်ရဲ့လား။ စောစောက ဘာပညာရပ်ကို သုံးသွားတာပါလိမ့်" မန်ဟို့အတွက်တော့ သူလွတ်မြောက်သွားခြင်းက အပန်းမကြီးသည့်သယောင် ထင်ရသော်လည်း အမှန်တွင် တားမြစ်အမွေအနှစ်ပညာရပ်သည် ခန္ဓာကိုယ်ကို ပျက်စီးစေ၏။ ယခုတွင် သူ၏ဒဏ်ရာများမှာ ပို၍ပင်ဆိုးရွားသွားလေပြီ။
"ငါ ဒီအတိုင်း ဆက်မသွားနိုင်ဘူး" သူက တွေးသည်။ "ဒီနှုန်းအတိုင်းဆိုရင် သူ တိုက်ကွက်တောင် ထုတ်စရာလိုမှာမဟုတ်ဘူး။ ငါ့ဒဏ်ရာနဲ့ငါ အသက်ထွက်သွားလိမ့်မယ်" သူသည် အံတင်းတင်းကြိတ်ရင်း ရုတ်တရက် လေလယ်တွင် ရပ်ကာ သိုလှောင်အိတ်ကို ပုတ်ပြီး ဖြူဆွတ်နေသောဆန်စေ့တစ်စေ့ ထုတ်လိုက်သည်။ သူက ၄င်းကိုအရှေ့သို့ ပစ်လိုက်သည်။
ထို့နောက် သူသည် လက်နှစ်ဖက်ဖြင့် လက်ကွယ်များ လျင်မြန်စွာ ဖော်ပြီး ဆန်စေ့ကို လက်ညှိုးထိုးလိုက်သည်။ "လင်းရောင်ဆောင်ကြဥ်း ဆန်၊ ကောင်းကင်စစ်တပ်အသွင်ပြောင်းစေ" သူ၏အသံသည် ထစ်ချုန်းသံကြီးဖြင့် ပဲ့တင်ထပ်သွား၏။ ဆန်စေ့က အနက်ရောင်စီးကြောင်းအသွင် ပြောင်းကာ တဖောက်ဖောက်အသံများနှင့်အတူ မကောင်းဆိုးဝါးဝိညာဥ်တစ်ရာကျော် ပေါ်ပေါက်လာသည်။
ခေါင်းဆောင်ကြီးမဟာခေါင်း၏ လည်ပင်းမှာ ခရမ်းရောင်သမ်းနေပြီး သူ၏ အင်မတန်ကြီးမားသော မဟာခေါင်းကြီးမှာ ချွေးများရွှဲနေချေသည်။ အဆိုပါပညာရပ်ကို အသုံးပြုနေစဥ် သူ၏အသက်ရှုသံများမှာ ဟောဟဲလှိုက်နေ၏။ သူ၏ဒဏ်ရာများကား ပို၍ပင်ဆိုးရွားသွားပြီး သူ့ပါးစပ်မှ သွေးများပန်းထွက်လာသည်။ ယခုတွင် သူ၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုတို့ ပြည့်နှက်နေလေပြီ။
ဤအခိုက်တွင် သူသည် ပြိိုင်ဘက်အား သတ်ရန်မဟုတ်ဘဲ အချိန်ဆွဲရန်သာ မျှော်လင့်နိုင်တော့သည်။
ကံဆိုးစွာနှင့် မကောင်းဆိုးဝါးဝိညာဥ်တစ်ရာကျော် ပေါ်လာပြီး မန်ဟိုထံ ပြေးဝင်သွားကြသည့်အချိန်မှာပင် မန်ဟိုက တည်ငြိမ်အေးဆေးစွာ ပြောသည်။ "မကျွမ်းကျင်လိုက်တာ"
ရုတ်တရက် သူ့ခေါင်းထက်က အမြုတေချီ ပေါက်ကွဲသွားသည်။ ရွှေရောင်ချီသည် တလက်လက်တောက်ပနေသော ရွှေရောင်ကြယ်များဖြင့် ပြည့်နေသည့် ကြယ်တာရာကောင်းကင်တစ်ခုအသွင် ပြောင်းသွား၏။
ပေါက်ကွဲမှုကြီးက အဘက်ဘက်သို့ ရိုက်ညောင်းသွားသည်။ မကောင်းဆိုးဝါးဝိညာဥ်များမှာ မန်ဟို့ကို ဟန့်တားရန် မတတ်နိုင်ပေ။ ၄င်းတို့သည် မချိတင်ကဲအော်သံများဖြင့် လွင့်စင်ပျောက်ကွယ်ကုန်၏။ ခေါင်းဆောင်ကြီးမဟာခေါင်းမှာ နောက်သို့ဆုတ်နေသော်လည်း မန်ဟိုက သူ့လက်ကို မြှောက်ထားပြီးဖြစ်သည်။
ရူးမိုက်ခြင်းက ခေါင်းဆောင်ကြီးမဟာခေါင်း၏မျက်လုံးများမှ စီးမျောလာသည်။ သူသည် အရာရာအားလုံးပုံအောရင်း ဘယ်လက်ဖြင့် မုဒြာလက်ကွက်ဖော်ကာ တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်ဖြင့် သိုလှောင်အိတ်ကို ပုတ်ပြီး မှော်ပစ္စည်းတစ်ခု ထုတ်လိုက်သည်။ သူ၏နှလုံးသားမှာ ခါးသီးမှုတို့ ပြည့်နေသော်လည်း အသက်ရှင်လျက်လေး ထွက်သွားဖို့အတွက် ဤတိုက်ပွဲတွင် အကုန်လုံးပုံအပ်တော့ပေမည်။
***