← Chapters

မဟာခေါင်းအား မိုးမြေတစ်ဆုံး လိုက်ဖမ်းခြင်း

Vol. 25 Ch. 341

မဟာခေါင်းအား မိုးမြေတစ်ဆုံး လိုက်ဖမ်းခြင်း

Vol. 25 Ch. 341

သို့သော်..... ခေါင်းဆောင်ကြီးမဟာခေါင်း အားကုန်ထုတ်တော့မည့်အချိန်မှာပင် နေသာနေသော ကောင်းကင်အား လျှပ်စီးတန်းကြီးက နှစ်ခြမ်းခွဲပစ်လိုက်၏။ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များ မရှိတော့သော်လည်း လျှပ်စီးတန်းကြီးက မန်ဟို့ထံ ထိုးဆင်းလာသည်။

၄င်းသည် မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ထိုးဆင်းလာပြီး မန်ဟို့ခေါင်းပေါ်ရှိ ဦးထုပ်အပေါ်တည့်တည့်သို့ ကျရောက်သည်။ နားကွဲလုမတတ်ပေါက်ကွဲသံကြီး လေတွင် ရိုက်ညောင်းသွား၏။

မန်ဟိုမှာ မထိခိုက်လိုက်သော်လည်း ဦးထုပ်မှ အစိမ်းရောင်အငွေ့များ ထွက်လာသည်။ သူ့မှာ ပါးစပ်အဟောင်းသားနှင့် ကောင်းကင်ကိုမော့ကြည့်လိုက်သော်လည်း ၄င်းမှာ ယခင်အတိုင်း မိုးသားတိမ်စိုင်ကင်းမဲ့၍ လှပနေမြဲပင်။ လျှပ်စီးတန်းမှာ ဆိုင်းမဆင့် ဗုံမဆင့် ပစ်ချလိုက်ခြင်း ဖြစ်သည်။

"မိုးကောင်းကင်ပြစ်ဒဏ်ရဲ့ အရှိန်အဝါဆိုတာ အဲ့ဒါလား....." မန်ဟိုသည် မျက်မှောင်ကြုတ်လျက် တွေးလိုက်သည်။ ကံကောင်းထောက်မစွာနှင့် အသားဂျယ်လီဦးထုပ်က စုပ်ယူလိုက်သည့်အတွက် လျှပ်စီးတန်းကြောင့် ထိခိုက်မှုတစ်စုံတရာ မဖြစ်ပွားခဲ့ပေ။

ထိုမြင်ကွင်းမှာ ခေါင်းဆောင်ကြီးမဟာခေါင်းကိုလည်း လန့်ဖျပ်သွားစေပြီး ကောင်းကင်သို့ မော့ကြည့်မိလိုက်စေသည်။ သို့သော် သူသည် အလျင်အမြန် သတိပြန်ကပ်သွားပြီး တစ်ချိုးတည်း ပြေးတော့၏။ သူ့မှာ မန်ဟိုနှင့်သူ့အကြားက အကွာအဝေးကို တတ်နိုင်သမျှ ခြားချင်နေသည်။

မန်ဟို မျက်မှောင်ကြုတ်နေသည်။ ရုတ်တရက် သူ၏ခံစားချက် မကောင်းတော့ပေ။ စောစောက လျှပ်စီးတန်းမှာ သတိပေးချက်တစ်စုံတရာမရှိဘဲ ရုတ်တရက်ဆန်လွန်း၏။ ခေါင်းအထက်ရှိ ကောင်းကင်မှာ ပြာလဲ့လျက်ရှိသည်။ မန်ဟို့အကြည့်သည် ထွက်ပြေးနေသော ခေါင်းဆောင်ကြီးမဟာခေါင်းအပေါ် နောက်တစ်ဖန်ကျရောက်သွားသည်။

မန်ဟိုက အေးစက်စက်နှာမှုတ်ပြီးနောက် ရှေ့ထွက်သွားသည်။

သူသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် တခဏအတွင်း ပျောက်ကွယ်သွားတော့သည်။

ခေါင်းဆောင်ကြီးမဟာခေါင်း၏မျက်နှာမှာ ထွက်ပြေးနေရင်း ယခင်ထက်ပို၍ ဖြူဖျော့လာသည်။ သူ့မှာ တစ်နေကုန် ခွေးပြေးဝက်ပြေးနေရပြီး သိုလှောင်အိတ်မှာလည်း အနာကျက်ဆေးလုံးများ ပြောင်နေလေပြီ။ သူ၏အတွင်းဒဏ်ရာများမှာ ပိုပိို၍ဆိုးရွားလာသဖြင့် ယခုတွင် ကျင့်ကြံခြင်းအခြေခံစွမ်းအား၏ လေးဆယ်ရာခိုင်နှုန်းကိုသာဘအသုံးပြုနိုင်တော့သည်။

"ချီးပဲ ချီးပဲ ...." သူ၏မျက်လုံးများက သွေးချင်းနီနေပြီး သူက အံတင်းတင်းကြိတ်လိုက်သည်။ မန်ဟို သူ့နောက်လိုက်နေခြင်းမှာ လည်ချောင်းတွင် ငါးရိုးဆူးနေသကဲ့သို့ပင်။

ရံဖန်ရံခါ အမြုတေချီတန်းများ ပြေးဝင်လာသဖြင့် ခေါင်းဆောင်ကြီးမဟာခေါင်းမှာ လိပ်ပြာလွင့်မတတ် လန့်ဖျပ်သွားတတ်သည်။ သူ့မှာ အားကုန်ထုတ်၍ ပြေးရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။

"ဘယ်အချိန်အထိ ငါ့နောက်လိုက်နေဦးမှာလဲကွာ" ခေါင်းဆောင်ကြီးမဟာခေါင်းမှာ မူးမေ့လဲတော့မည့်အလား ခံစားနေရသည်။ သူသည် ခေါင်းဆောင်ကြီးမျက်နှာနီနှင့် ခေါင်းဆောင်ကြီး ကျောက်ပေါက်မာတို့နှင့်စပ်လျဥ်း၍ မကောင်းသောခံစားချက်များ ရနေ၏။ ဤကိစ္စကို စတင်မီးမွှေးခဲ့သည့် ကျင့်ကြံသူတစ်ရာကျော်အနက် သူတစ်ယောက်သာလျှင် အသက်ရှင်ကျန်သူဖြစိကြောင်း သူသိသည်။ သူ့မှာ နောင်တများဖြင့် ပြည့်နေလေပြီ။ နောက်မှ တကောက်ကောက် အလိုက်ခံနေရခြင်းက စိတ်ပျက်အားငယ်မှုတို့ ပြည့်နှက်နေစေသည်။

ရုတ်တရက် အမြုတေချီတိုက်ကွက်တစ်ကွက်က သူ့ဆီပြေးဝင်လာသည်။ ရလဒ်အနေဖြင့် ခေါင်းဆောင်ကြီးမဟာခေါင်းမှာ သွေးတစ်ပွက်အန်လိုက်ရ၏။ သူ့ခြေထောက်အောက်၌ တစ္ဆေတိမ်တိုက်တစ်ခုပေါ်လာပြီး သူ၏အရှိန်ကိုမြှင့်တင်ကာ သူနှင့် မန်ဟိုအကြားရှိ အကွာအဝေးကို တိုးသွားစေသည်။

ထူးဆန်းသောအလင်းရောင်တစ်ခု မန်ဟို၏မျက်လုံးများမှ တောက်ပလာသည်။ သူ သူ၏ရန်သူကို လိုက်ဖမ်းနေသည့်အတောအတွင်း အကြိမ်များစွာ မိလုဆဲဆဲဖြစ်ခဲ့သော်လည်း ခေါင်းဆောင်ကြီးမဟာခေါင်းက မကောင်းဆိုးဝါးဝိညာဥ်များနှင့်စပ်လျဥ်းသော ပညာရပ်တစ်မျိူးကို သုံးပြီး သူ့အကြားက အကွာအဝေးကို တိုးသွားစေသည်။

ညနေစောင်းလာပြီဖြစ်၍ ပတ်ဝန်းကျင်အား ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။ အရှေ့တွင် သစ်လုံးများဖြင့် ဝန်းရံလျက် လူနေအိမ်များအား စက်ဝိုင်းသဏ္ဍာန်နေရာချထားသည့် လွင်ပြင်ကျယ်ကြီးတစ်ခုရှိသည်။

အဆိုပါ သစ်လုံးခံတပ်ရွာတွင် ကျင့်ကြံသူတစ်ရာကျော် နေထိုင်သည်။ သူတို့သည် စောစောက တရားထိုင်နေခဲ့ကြသော်လည်း ယခုတွင် မတ်တပ်၍ ခေါင်းဆောင်ကြီးမဟာခေါင်း ချဥ်းကပ်လာနေသည်ကို လှမ်းကြည့်နေကြသည်။ အဘိုးအိုသုံးယောက်က သူ့ကို ကြိုဆိုရန် ပျံထွက်သွား၏။

"တုန်းလော့မြို့ အဆောင်ဂိုဏ်းရဲ့ခေါင်းဆောင်ကြီး၊ စီနီယာအိုးရန်"

"တကယ်ပဲ စီနီယာအိုးရန်ဟ၊ ဒါနဲ့ ဘယ်သူဆီကနေ ထွက်ပြေးနေတာလဲ"

အဘိုးအိုသုံးယောက်၏မျက်နှာ ရိပ်ခနဲဖြစ်သွားပြီး တွန့်ဆုတ်နေကြသည်။ ခေါင်းဆောင်ကြီးမဟာခေါင်းက ဝမ်းသာအားရနှင့် အနားကပ်လာသည်။

"တာအိုရောင်ရင်းတို့ ဒီလူမိုက်ကို တားပြီး ကျုပ်ကို ကူညီပေးကြပါ" ခေါင်းဆောင်ကြီးမဟာခေါင်းက ပြောသည်။ သူ့အသံသည် တုန်ရီမနေဘဲ တည်ငြိမ်နေသည့်အတွက် အများလက်ခံယုံကြည်စရာဖြစ်နေ၏။ "ကျုပ် တံခါးပိတ်ကျင့်နေတုန်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တယ်လေ။ အဲ့ဒါကြောင့် ကျုပ်ဒဏ်ရာရပြီး ကျင့်ကြံခြင်းအခြေခံ ထိခိုက်သွားတာ။ တာအိုရောင်ရင်းတို့ သူ့ကို ခဏလောက်အချိန်ဆွဲပေးပါလား အမွှေးတိုင်တစ်တိုင် ထွန်းစာလောက်ဆိုရတယ်၊ ကျုပ် ကျင့်ကြံခြင်းအခြေခံကို အားပြန်ဖြည့်မလို့။ တာအိုရောင်ရင်းတို့ သူ့ကိုသတ်ပြီးရင် သေချာပေါက်အကြွေးပြန်ဆပ်ပါ့မယ်။ အမြုတေဖြစ်တည်မှုအဆင့် ရောက်အောင်တောင် ကူညီပေးပါ့မယ်ဗျာ"

ခေါင်းဆောင်ကြီးမဟာခေါင်းက တုံ့ပြန်သည်ကိုပင် မစောင့်နိုင်ဘဲ အဝေးသို့ ပြေးသွားတော့သည်။ ဤလူများ သူ့တောင်းဆိုချက်ကို လက်ခံမည်လား၊ လက်မခံမည်လား သူရပ်စောင့်မနေနိုင်ပေ။ ကူညီလျှင် ကောင်းသော်လည်း မကူညီပါက သူတတ်နိုင်သည့်အရာမရှိပေ။

ကျင့်ကြံသူသုံးယောက်သည် အမြုတေဖြစ်တည်မှုနှောင်းပိုင်းအဆင့်တွင် ဖြစ်၏။ ခေါင်းဆောင်ကြီးမဟာခေါင်း၏ စကားကို ကြားပြီးနောက်တွင် သူတို့၏ရင်ခုန်သံများ မြန်လာသည်။ အမြုတေဖြစ်တည်မှုအဆင့်ရောက်အောင် ကူညီပေးမည်ဆိုသော ကမ်းလှမ်းစကားထက်ပို၍ စွဲမက်စရာမကောင်းနိုင်တော့ပေ။

သို့သော်လည်း သူတို့မှာ ချီတုံချတုံဖြစ်နေသေးသည်။ ဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက်ကို အောင်မြင်စွာ အလစ်တိုက်ခိုက်နိုင်သည်ဆိုကတည်းက ထိုလူမှာ တော်ရုံမဟုတ်ကြောင်း သိသာသည်။ သေချာပေါက်အမြုတေဖြစ်တည်မှုအဆင့်ဖြစ်ပေလိမ့်မည်။ သို့သော် ကမ်းလှမ်းထားသည်မှာ အလွန်စွဲမက်ဖွယ်ကောင်းလွန်း၏။ သူတို့က တစ်ယောက်ကို တစ်ယောက်ကြည့်နေစဥ် မန်ဟိုက နောက်လိုက်ကျင့်ကြံသူတစ်ရာကျော်နှင့်အတူ ချဥ်းကပ်လာသည်။

ထိုမြင်ကွင်းက ဤချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်ကျင့်ကြံသူများကို ပို၍စိတ်လှုပ်ရှားပြီး တွန့်ဆုတ်သွားစေ၏။ နောက်ဆုံး၌ သူတို့ထဲကတစ်ယောက်သည် အံတင်းတင်းကြိတ်ရင်း ရှေ့သို့ပျံသွားကာ လက်ယှက်၍ မန်ဟို့ကို အရိုအသေပေးလိုက်သည်။

"စီနီယာကြီး ခဏလောက်နေပါဦး ကျွန်တော်...."

"ဖယ်စမ်း" မန်ဟိုက ခံစားချက်မဲ့သောမျက်နှာထားဖြင့် ထိုလူ့ဘေးမှ ဖြတ်သွားသသည်။

ခါးကိုင်းအရိုအသေပေးနေသော ချီအခြေတည်အဆင့်ကျင့်ကြံသူ၏မျက်နှာ ရိပ်ခနဲဖြစ်သွားပြီး ခေါင်းကြိမ်းသွားသည်။ စောစောက မန်ဟို့အကြည့်သည် သူ့ကို ရင်တဒိန်းဒိန်းခုန်သွားစေ၏။ သို့သော် ခေါင်းဆောင်ကြီးမဟာခေါင်း ကတိပေးသွားသည့် ဆုလာဘ်က သူ့ရင်ထဲတွင် ပဲ့တပ်ထပ်နေသည်။

အခြားချီအခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်က သူ့ကို လှမ်းဆွဲပြီးနောက် မန်ဟို့ကို လက်ယှက်အရိုအသေပေးလိုက်သည်။ သူတို့မှာ သူ့ကိုအချိန်ဆွဲရန် ဘာဆိုဘာမှမလုပ်ဝံ့ပေ။ ခေါင်းဆောင်ကြီးမဟာခေါင်းကတိပေးသွားသည့်ဆုလာဘ်ကို လိုချင်ပါသော်လည်း မန်ဟို့စကားနှင့်အကြည့်က သူတို့၏စိတ်များကို ချာချာလည်၍ တာအိုမဏ္ဍိုင်များကို တုန်ခါစေခဲ့သည်။

မန်ဟိုက အရှိန်လုံးဝမလျှော့ပေ။ သူ၏ သွေးကိုယ်ပွားများကလည်း ကျင့်ကြံသူတစ်ရာကျော်နှင့်အတူ နောက်မှလိုက်နေကြသည်။ သူတို့သည် ကြယ်တံခွန်များသဖွယ် လေကိုခွင်း၍ တဟုန်ထိုးကျော်ဖြတ်သွားစဥ် ဒေသခံကျင့်ကြံသူများကို အေးစက်သော အပြုံးများဖြင့် ကြည့်သွားကြသည်။

သူတို့သွားပြီး အချိန်အတန်ကြာမှ ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူများမှာ ဟင်းခနဲသက်ပြင်းချနိုင်တော့သည်။ လောဘကြောင့် သေမင်းနွံထဲနစ်တော့မည့်အဖြစ်ကို သိလိုက်သောကြောင့် သူတို့၏မျက်နှာများမှာ အတော်လေးဖြူဆုပ်နေလေသည်။

"အဲ့ဒီလူက ဘယ်သူလဲ" သူတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း တွေးလိုက်ကြသည်။ "စီနီယာအိုးရန်ကို ထွက်ပြးအောင်တောင် လုပ်နိုင်တယ်...."

မန်ဟိုသည် တရိပ်ရိပ်ပျံသန်းနေစဥ် လက်ကို အရှေ့သို့ဝှေ့ယမ်းလိုက်သည်။ ရွှေရောင်အလင်းစက်ဝန်းပြတ်များ ပေါ်လာသဖြင့် လေတွင် လှိုင်းထသွားသည်။ ၄င်းတို့က ခေါင်းဆောင်ကြီးမဟာခေါင်းထံ ဦးတည်သွားကြသော်လည်း အနားသိပ်မရောက်ခင် ထိုလူက သွေးတစ်ပွက်ထွေးလိုက်သည်။ သူ့ခြေထောက်အောက်က လေထု ဝေဝါးသွားပြီး အမြန်နှုန်းကို မြှင့်တင်ပေးလိုက်ရာ မန်ဟို့တိုက်ကွက်ကို ရှောင်တိမ်းနိုင်သွား၏။ မျက်တစ်ခတ်အတွင်း သူသည် မီတာသုံးထောင်အကွာသို့ ရောက်သွားလေပြီ။

"မြန်လိုက်တာ" မန်ဟိုက အေးစက်စက်နှာမှုတ်ရင်း ရှေ့ဆက်သွားသည်။ သူသည် ဤသို့နောက်လိုက်နေသည့်တစ်လျှောက်လုံး ခေါင်းဆောင်ကြီးမဟာခေါင်း၏ အမွေအနှစ်ပညာရပ်များအပေါ် တော်တော်လေးစိတ်ဝင်စားလာ၏။

ခေါင်းဆောင်ကြီးမဟာခေါင်း၏မျက်နှာမှာ သွေးမရှိတော့ပေ။ သူသည် အံတင်းတင်းကြိတ်ပြီး ရင်တုန်စွာဖြင့် ဆက်ပြေးနေသည်။ သေခြင်းရှင်ခြင်းအန္တရာယ်အာရုံသည် သူ၏နှလုံးသားထဲက ရစ်ဝဲနေ၏။ သူတွေးနိုင်သည့် တစ်ခုတည်းသောအရာမှာ မန်ဟို့လက်မှ အသက်ရှင်လျက်လွတ်ရန် တတ်နိုင်သမျှနည်းလမ်းအကုန် သုံးရန်သာဖြစ်သည်။

ခါးသီးမှုတို့က သူ၏နှလုံးသားကို ကြီးစိုးနေသည်။ သူသည် အမြုတေဖြစ်တည်မှုအဆင့် ရောက်ပြီးနောက် အမြဲတမ်း နောက်မှလိုက်ဖမ်းပြီး သတ်ဖြတ်သူဖြစ်ခဲ့သည်။ ဤသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် ခွေးပြေးဝက်ပြေးပြေးနေရခြင်းပင်။

"ငါလွတ်တာနဲ့ ဒီလိုအရှက်ကွဲရတာကို အဆတစ်ရာပြန်ပေးဆပ်ခိုင်းမယ်" သူသည် ရူးသွပ်မှုတို့ ပြည့်နေသော မျက်လုံးများဖြင့် တွေးလိုက်သည်။ သူက အရှိန်တင်လိုက်ရာ မျက်တစ်ခတ်အတွင်း နောက်ထပ်ကီလိုမီတာသုံးထောင်သို့ ရောက်ရှိသွားသည်။

အမြုတေဖြစ်တည်မှုအဆင့်အတွင်း သုံးနိုင်သမျှ အမြင့်ဆုံးအရှိန်ကို နေ့တစ်ဝက်ကြာ သုံးပြီးနောက်တွင် ခေါင်းဆောင်ကြီးမဟာခေါင်းသည် ခပ်လှမ်းလှမ်းတွင် မြေသားတံတိုင်းများအား မြင်လိုက်၏။ ဤမြို့သည် ကိုးပြည်ထောင်စုဝင်မြို့တစ်မြို့ကဲ့သို့ မစည်းကားသော်လည်း အထဲတွင် အင်အားတောင့်သောအဖွဲ့တစ်ဖွဲ့ နေထိုင်နေသည်။

ခေါင်းဆောင်ကြီးမဟာခေါင်းက ချဥ်းကပ်သွားရင်း အသံကုန်အော်လိုက်သည်။ "တာအိုရောင်ရင်းချန်" ချက်ချင်းပင် မြို့ထဲမှ ရောင်စုံအလင်းတန်းတစ်တန်းပျံထွက်လာသည်။ ၄င်းအထဲ၌ လွင့်မျောနေသော အနက်ရောင်ဆံပင်များနှင့် အပေါ်ပိုင်းအဝတ်ဗလာဖြင့် ထောင်ထောင်မောင်းမောင်း အမြုတေဖြစ်တည်မှု အလယ်အလတ်အဆင့်ကျင့်ကြံသူတစ်ယောက် ရှိသည်။ သူက ခေါင်းဆောင်ကြီးမဟာခေါင်းကို မြင်သောအခါ ပါးစပ်အဟောင်းသားဖြစ်သွား၏။

"အစ်ကိုကြီးအိုးရန် ဘာဖြစ်တာတုန်း...."

"တာအိုရောင်ရင်းချန် အဲ့ဒီလူမိုက်ကို ကျုပ်နောက်မလိုက်အောင် တားပေးပါ" သူက ထောင်ထောင်မောင်းမောင်းလူဘေးမှ ရွှီးခနဲဖြတ်သွားသည်။ "ခင်ဗျားနဲ့ကျုပ်ရဲ့ ကျင့်ကြံခြင်းအခြေခံက တူပေမယ့် ကျုပ်က တံခါးပိတ်ကျင့်ကြံနေတုန်း အလစ်တိုက်ခံထားရလို့။ အဆိပ်လည်း မိထားတာမလို့ အဆိပ်ကိိို ဖိနှိပ်ဖို့ အမွှေးတိုင်တစ်တိုင်ထွန်းစာလိုနေတယ်။ အားကိုးပါရစေ"

မန်ဟို ချဥ်းကပ်လာနေသည်ကိုကြည့်ရင်း ထောင်ထောင်မောင်းမောင်းလူ၏မျက်လုံးများ တောက်ပသွားသည်။

မန်ဟိုသည် မြေသားတံတိုင်းနှင့် လေလယ်တွင် ပျံဝဲနေသည့် ထောင်ထောင်မောင်းမောင်းလူကို အရေးမစိုက်သလို ကြည့်လိုက်သည်။

"ရှင်ခြင်းနဲ့ သေခြင်းရဲ့ ခြားနားချက်ကို မသိတဲ့ နောက်တစ်ယောက်ပါလား" မန်ဟိုက ပြောရင်း ရှေ့သို့ပျံသန်းလာသည်။

ထောင်ထောင်မောင်းမောင်းလူမှာ တခဏတွန့်ဆုတ်နေသော်လည်း မန်ဟို့ကိုမြင်ပြီးနောက် မန်ဟို့၏ကျင့်ကြံခြင်းအခြေခံမှာ အမြုတေဖြစ်တည်မှု အလယ်အလတ်အဆင့်တွင်သာ ဖြစ်သည့်အတွက် သိပ်စိတ်ပူစရာမလိုဟု ထင်လိုက်သည်။

သို့သော် မန်ဟိုကို ဝန်းရံနေသည့်ရွှေရောင်အလင်းနှင့် သူ့ထံမှ ထုတ်လွှတ်နေသော အန္တရာယ်အာရုံက ထိုလူကို သတိရှိသွားစေ၏။ "တာအိုရောင်ရင်း ခဏလေးနေပါဦး။ ကျုပ်မြို့မှာ ပျံသန်းခွင့်ပိတ်ပင်ထားတယ်"

စကားလုံးများ သူ၏ပါးစပ်မှထွက်သွားသည်နှင့် မြို့ထဲမှ ကျင့်ကြံသူနှစ်ရာကျော် ပျံထွက်လာသည်။ သူတို့၏အရှိန်အဝါများက လှိုင်းလုံးများသဖွယ် မြင့်တက်လာပြီး အချုပ်အနှောင်စွမ်းအားတစ်ခုကို ဖြစ်ပေါ်စေသည်။ သူတို့သည် မန်ဟို့ကို မုန်းတီးစက်ဆုပ်စွာ ကြည့်ရင်း ရပ်နေကြသည်။

ဤလူများ၏ ကျင့်ကြံခြင်းအခြေခံမှာ အမျိုးမျိုးဖြစ်သည်။ တချို့က အမြုတေဖြစ်တည်မှုအဆင့်ဖြစ်၍ အများစုက ချီအခြေတည်အဆင့် သို့မဟုတ် စဦးချီဖွဲ့စည်းမှုအဆင့်ဖြစ်ကြသည်။ သို့သော် အားလုံးက ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေ၏။ သူတို့လက်ချက်ဖြင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရကြောင်း သိသာသည်။

မန်ဟိုက ဤကဲ့သို့ သေချင်နေသောလူများကို ခေါင်းထဲမထည့်ပေ။ သူသည် မရပ်တန့်ဘဲ ရှေ့ဆက်လာနေသဖြင့် ထောင်ထောင်မောင်းမောင်းလူ၏ မျက်နှာအမူအရာ ရိပ်ခနဲဖြစ်သွားသည်။ သူ ဂါယာမန္တယားဆိုင်ရာမုဒြာလက်ကွက်ဖော်ရန် ညာလက်ကို မြှောက်လိုက်သည့်အချိန် ရုတ်တရက် မန်ဟို့မျက်လုံးထဲကအကြည့်ကို မြင်လိုက်ရ၏။

၄င်းသည် အသတ်အဖြတ်စိတ်ဆန္ဒဖြင့် လွှမ်းမိုးနေသော သွေးအေးရက်စက်မှုဖြစ်သည်။ ထို့အကြည့် သူ့ကိုကျော်သွားစဥ် ထောင်ထောင်မောင်းမောင်းလူမှာ ရင်တဒိန်းဒိန်း ခုန်လာတော့သည်။ တဖျစ်ဖျစ်အက်သံများအား သူ၏အမြုတေမှ ကြားလိုက်ရပြီး ၄င်းမှာ အစိတ်စိတ်အမြွှာမြွာဖြစ်တော့မည့်ပုံရသည်။ သူ့မှာ အံ့သြမှင်သက်သွားသော်လည်း သူတုံ့ပြန်နိုင်ခင် မန်ဟိုက သူ့အပေါ်ရောက်နေလေပြီ။ မန်ဟိုက ထိုလူ၏ရင်ဘတ်သို့ လက်သီးတစ်လုံးပစ်သွင်းပြီး အနားမှဖြတ်သွား၏။ မန်ဟို ဖြတ်သွားစဥ် ထိုလူ၏ပါးစပ်မှ သွေးများပန်းထွက်သွားပြီးနောက် တဆတ်ဆတ်တုန်ရီကာ...... သွေးအတုံးအတစ်များအဖြစ် ပေါက်ကွဲသွားတော့သည်။

သူ၏သေဆုံးမှုက မြို့မှ ကျန်ကျင့်ကြံသူများ၏မျက်နှာပေါ်တွင် ထိတ်လန့်သောအရိပ်အယောင်များ ပေါ်ပေါက်လာစေသည်။

"ငါတို့ သစ္စာခံမယ့် လူတွေ အသက်ရှင်မယ်။ သစ္စာမခံတဲ့သူ......" အနက်ရောင်နယ်မြေများတွင် ကြင်နာသနားနေ၍မရကြောင်း မန်ဟိုသိသည်။ အင်အားထူထောင်၍ လေးစားမှုရရှိနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ နှလုံးသားမဲ့ရက်စက်ခြင်းမှဖြစ်သည်။ သူ့အသံ ဟိန်းထွက်သွားသည်နှင့် သွေးကိုယ်ပွားများက အသတ်အဖြတ်စိတ်ဆန္ဒများ မိုးထိအောင် ရိုက်ခတ်နေသော ကျင့်ကြံသူတစ်ရာကျော်နှင့်အတူ ချဥ်းကပ်သွားသည်။ သူတို့သည် မြို့သားကျင့်ကြံသူများထံ ပြေးဝင်သွားကြ၏။ မချိတင်ကဲ အော်ဟစ်သံများနှင့်အတူ သတ်ဖြတ်သံများ ထွက်ပေါ်လာသည်။

မန်ဟိုသည် မျက်လုံးများ အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တောက်ပနေလျက် ခေါင်းဆောင်ကြီးမဟာခေါင်းကို ကြည့်လိုက်သည်။ "လမ်းတစ်လျှောက် ခင်ဗျား လူဘယ်နှယောက်ကို အသက်ပေးခိုင်းမလဲ ကြည့်ရသေးတာပေါ့" သူက နောက်တစ်ဖန် လိုက်သွား၏။

ဤကျင့်ကြံသူမှာ ထူးဆန်းသည်။ မန်ဟိုမည်သည့်အစွမ်းများ ထုတ်သုံးစေကာမူ ငါးရှဥ့်ကဲ့သို့ လက်ထဲမှ ချော်ချော်ထွက်သွားလေသည်။

အထူးသဖြင့် သူ၏အရှိန်မြှင့်လျှို့ဝှက်ပညာရပ်။ သူက မန်ဟိုနှင့်သူ့အကြား ဝေးကွာစေရန် ၄င်းကို ကြိမ်ဖန်များစွာ အသုံးပြုခဲ့သည်။ ပို၍ပင်ထူးဆန်းသည်က ကြောက်မက်ဖွယ်ကောင်းသော သူ၏အန္တရာယ်အာရုံခံနိုင်စွမ်းပင်။ မန်ဟို တိုက်ခိုက်သည့်အချိန်တိုင်း သူက ၄င်းကိုခန့်မှန်းပြီး လွတ်အောင် ရှောင်တိမ််းနိုင်ပုံရသည်။

"သောက်သုံးမကျတဲ့အကောင်။ စက္ကန့်ဝက်လေးတောင် ထိန်းမထားပေးနိုင်ဘူး" ခေါင်းဆောင်ကြီးမဟာခေါင်းက အံကြိတ်ရင်း ခေါင်းစုတ်ဖွားဖြင့် ရှေ့ဆက်ပြေးနေ၏။ သူ၏အဝတ်များလည်း စုတ်ပြဲနေပြီး သူ့မှာ မောလွန်း၍ လျှာထွက်နေပြီဖြစ်သော်လည်း မန်ဟို့က သူ့နောက်လိုက်နေသေးလေသည်။ သူသည် ကောင်းကင်ကို မျက်နှာမူ၍ ဟိန်းဟောက်လိုက်၏။

***

All Chapters