ပဒုမ္မာဓားဝင်္ကပါ
Vol. 25 Ch. 345
ဂျိန်း
တစ်ခုသော မနက်စောစောအခါသမယတွင် လျှပ်စီးတန်းကြီးတစ်တန်း အဆောက်အအုံတစ်လုံး၏ အပြင်ဘက်ရှိ ဆိတ်ငြိမ်အေးချမ်းသောချိုု့ဝှမ်းအထက်တွင် ပေါ်လာသည်။
ဤအဆောက်အအုံ၏ ခေါင်မိုးမှာ ဖျက်စီးခံထားရ၍ မရှိတော့သည်မှာ ကြာပြီဖြစ်သည်။ အနက်ရောင်ပြာများအား နေရာအနှံ့မြင်နေရသည်။ ယခုတွင် ဤနေရာ၌ ကျင့်ကြံသူတစ်ထောင်ခန့် ရှိနေကြပြီး အားလုံးက မိုးကြိုးနှင့် အနည်းနှင့်အများအသားကျနေပြီဖြစ်သည်။
"ဒီအစီအရင်က လူတွေကို အခြေအဖြစ် အသုံးပြုတယ်။ ရာဂဏန်းနဲ့ဆို အမြုတေဖြစ်တည်မှုအဆင့်ကို ချောက်ချားစေနိုင်တယ်။ ထောင်ဂဏန်းနဲ့ဆို အနုသုခုမရုပ်ခန္ဓာအဆင့်ကို ကြောက်ဒူးတုန်စေနိုင်တယ်။ သောင်းဂဏန်းနဲ့ဆိုရင်တော့ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်တွေ အီးတောင်ပေါက်ရဲမှာ မဟုတ်ဘူး။ သန်းဂဏန်းအထိ ရောက်လို့ကတော့ အင်မိုတယ်တွေကို ကိုင်ပေါက်ပစ်လို့ရတယ်။ သခင်ငါး ကြီးကျယ်ခမ်းနားတဲ့ တောင်နဲ့ပင်လယ်ကိုးခုကို လွှမ်းမိုးအုပ်ချုပ်တုန်းကဆိုရင် ဘယ်သူမှ ဦးမညွှတ်ဘဲ မနေရဲကြဘူး" ပြန်ပြောင်းတမ်းတနေသောအသွင်က ၄င်း၏မျက်လုံးများတွင် ပေါ်ပေါက်လာပြီး ၄င်းမှာ တစ်ချိန်ကရွှေထီးဆောင်းခဲ့သောနေ့ရက်များကို လွမ်းဆွတ်နေဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် ၄င်းသည် နှစ်ဆအားထုတ်၍ ကျင့်ကြံသူများကို လေ့ကျင့်ပေးနေတော့သည်။
စောစောက မိုးကြိုးပစ်ခံလိုက်ရသော အဆောက်အအုံထဲတွင်တော့ မန်ဟို၏မျက်နှာကြီး ရှုံ့မဲ့နေသည်။ သို့သော် ပို၍ပင်ရှုံ့မဲ့နေသည်က အသက်ထွက်တော့မည့်ပုံနှင့် လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏မျက်နှာပင်။
"မင်းက ငါ့ရဲ့ဘိုးဘေးပဲ" သူက တရှုံ့ရှုံ့ငိုကြွေးနေပြီး သူ၏ဝိညာဥ်ကိုယ်မှာ တဆတ်ဆတ် တုန်နေချေသည်။ သူ့မှာ ရူးတော့မည့်ပုံရသည်။ "ငါ့ဘိုးဘေး ဟုတ်ပြီလား။ ငါ့ကို လွှတ်ပေးပါတော့ကွာ....မတောင့်ခံနိုင်တော့ဘူး။ ဒီတိုင်း မိုးကြိုးပစ်ခံရပြီး သေခွင့်ပေးပါတော့ နော်...."
မန်ဟိုက ဘာမှမပြောပေ။ သူသည် လီမျိုးနွယ်စုခေါင်းဆောင်ကြီး၏ဝိညာဥ်ကိုယ်ကို ပြန်ထည့်ပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ၄င်းသည် မိုးသားတိမ်စိုင်တို့ ကင်းစင်းပြီး လျှပ်စီးဟူ၍ ကင်းမဲ့နေသည်။ ယခုတွင်တော့ သူသည် ကြုံတွေ့နေရသော အခြေအနေကို မှင်သက်မနေတော့ဘဲ ကျင့်သားရနေပြီဖြစ်သည်။
သူသည် လေ့ကျင့်မှုတချို့ပြုလုပ်ပြီးနောက် လီမျိုးနွယ်စုခေါင်းဆောင်ကြီးကို ပို၍ပင်လျင်မြန်စွာ ခေါ်ထုတ်နိုင်သည့် နည်းလမ်းတချို့အား ဖန်တီးပြီးဖြစ်၏။ ယခုတွင် ၄င်းမှာ အလိုလိုသိစိတ်အဖြစ် တိုးတက်သွားပြီး လျှပ်စီးတန်းပေါ်လာသည်နှင့်တစ်ပြိုင်နက် လီမျိုးနွယ်စုခေါင်းဆောင်ကြီးမှာ ဆင့်ခေါ်ခံရမည်ဖြစ်သည်။
ပထမပိုင်းတွင် မန်ဟိုသည် အပြည့်အဝ မအောင်မြင်ခဲ့ပေ။ သို့သော် အန္တရာယ်များသော လေ့ကျင့်နည်းက အလုပ်ဖြစ်၍ မကြာမီ ထိုပညာရပ်ကို အကြိမ်တိုင်း အမှားမပါသလောက် အသုံးပြုလာနိုင်သည်။
ဤအခြေအနေများကြောင့် မန်ဟို၏ မိုးကြိုးနှင့်ပတ်သက်သော အလိုလိုသိစိတ်က တဖြေးဖြေးနှင့် အလိုအလျောက်တုံ့ပြန်မှုအသွင်ပြောင်းလာသည်။
လောလောဆယ်တွင် မန်ဟိုသည် သူ၏မျက်နှာကို တည်တည်တံ့တံ့မထားနိုင်ဖြစ်နေ၏။ လီမျိုးနွယ်စုခေါင်းဆောင်ကြီးလောက်မဆိုးသော်လည်း ၄င်းမှာ အတန်ငယ် နာကျင်နေသည့်ပုံပေါက်နေသေးသည်။ မန်ဟိုက လှုပ်မရအောင်ချုပ်ခံထားရသဖြင့် တစ်ကိုယ်လုံးတုန်ရီလျက်၊ မျက်နှာဖြူဖျော့စွာဖြင့် လဲနေသော အရှေ့ရှိ ကျင့်ကြံသူကို လှမ်းကြည့်လိုက်သည်။ ဤလူမှာ လီမျိုးနွယ်စုခေါင်းဆောင်ကြီးထက်ပင် အဖြစ်ဆိုးနေသေး၏။
ဤကျင့်ကြံသူသည် အနက်ရောင်နယ်မြေမှမဟုတ်ဘဲ အနောက်ပိုင်းသဲကန္တာရမှဖြစ်သည်။ သူက မန်ဟို တလောက လက်သီးဖြင့်ထိုးခဲ့သော အရုပ်ဆေးမင်ကြောင်သုံးခုနှင့် လူမှတစ်ပါး အခြားမဟုတ်ပေ။ မန်ဟိုက သူ့ကို ဤနေရာသို့ ခေါ်လာ၍ လှုပ်မရအောင် ချုပ်နှောင်ကာ သူ့ကို စတင်လေ့လာခဲ့သည်။
မန်ဟိုသည် လေ့လာရသည်ကို နှစ်ခြိုက်၏။ စာသင်သမားဘဝတုန်းက စာအုပ်များကို ဖတ်ရှုသည်။ ကျင့်ကြံခြင်းလောကထဲဝင်ရောက်လာသည့်အခါတွင်တော့ သူသည် မှော်ပညာရပ်များကို လေ့လာခြင်း သို့မဟုတ် ဆေးဝါးပညာကို သုံးသပ်ဆင်ခြင်ခြင်း ပြုလုပ်တတ်သည်။
မည်သည့်အချိန်ဖြစ်စေ၊ သူသည် အချိန်ရလျှင်ရသလို တစ်ခုမဟုတ်တစ်ခု လေ့လာတတ်သည်။ ဤအလေ့အကျင့်က သူ၏အသိအမြင်ကို ပို၍ကျယ်ပြန့်စေလေသည်။
သို့သော် ဤသည်မှာ သူ့အတွက် လူတစ်ယောက်ကို ပထမဆုံးလေ့လာခြင်းဖြစ်သည်။
မန်ဟို သူ့ကို အတွေးရောအပြင်ပါ လေ့လာနေသည်မှာ သုံးရက်ကြာခဲ့ပြီဖြစ်သည်။ နားမလည်သည့်နေရာရောက်တိုင်း သူသည် အသားကိုလှီးဖြတ်၍ နားမလည်မချင်း ဆက်လက်လေ့လာတတ်သည်.....
ဤသုံးရက်အတွင်း အများအပြား လေ့လာသိရှိခဲ့သည့်အတွက် မန်ဟို အတော်လေး စိတ်လှုပ်ရှားနေမိသည်။ သို့သော် သက်လတ်ပိုင်းလူအဖို့မှာတော့ ငရဲကျနေသကဲ့သို့ပင်။ ထိုခံစားချက်မှာ ဖော်ပြရခက်သည်။ သူ့မှာ သွေးအေးခဲ့သော်လည်း ယခုတော့ နာကျင်မှုဒဏ်ကြောင့် ရူးလုမတတ်ဖြစ်ကာ ကျိန်ဆဲနေရတော့သည်။ နောက်ဆုံး၌ သူ့မှာ တအီးအီးငိုလာပြီး ကျင့်ကြံခြင်းတစ်လောကလုံးတွင် မန်ဟိုက ကြောက်စရာအကောင်းဆုံးပုဂ္ဂိုလ်ဟူ၍ အမှန်တကယ်ယုံကြည်နေတော့သည်။
လောလောဆယ်တွင် မန်ဟိုက ထိုကျင့်ကြံသူ၏သွေးကို လေ့လာနေသည်။ သူသည် ဒဏ်ရာများဖြင့်ဖုံးနေသော ထိုလူ့၏လက်မောင်းထံ လက်လှမ်းလိုက်သည်။ လက်မောင်းမှာ အသားတချို့ပင် မရှိတော့။ မန်ဟိုက အရှည်ကြီးခွဲပြီး သွေးတချို့ယူလိုက်သည်။
သူသည် သွေးကို ဆေးပေါင်းဖိုထဲထည့်ပြီးနောက် စတင်သန့်စင်၏။
ထိုလူ့၏မျက်နှာမှာ ဖြူဆုပ်နေပြီး မျက်လုံးများမှာ ပင်ပန်းနွမ်းနယ်ကာ စိတ်ပျက်အားငယ်မှုတို့ဖြင့် ပြည့်နေသည်။ ဤစမ်းသပ်မှုက မည်မျှကြာမည်လဲ သူမသိပေ။ သူ့စိတ်မှာ ကြောင်တောင်တောင်ပင် ဖြစ်ခါနီးလေပြီ။ အမှန်တွင် မနေ့ညက မန်ဟိုသည် သူ့ဦးနှောက်ကို လေ့လာဖို့လုပ်နေသည့်အတွက် အကြောက်တရားက သူ့ကိုမျက်ရည်ပင်ထွက်စေခဲ့သည်။
ထိုအခိုက်တွင် မန်ဟိုက တွန့်ဆုတ်သွားခဲ့ပြီး ဆက်မလုပ်ရန် ဆုံးဖြတ်လိုက်၏။
မန်ဟိုမှာ အနောက်တိုင်းသဲကန္တာရကျင့်ကြံသူများ၏ အရုပ်ဆေးမင်ကြောင်များကို အမြဲတစေ စိတ်ဝင်စားခဲ့သည်။ ခွဲခြမ်းစိတ်ဖြာမှု အများအပြားလုပ်ဆောင်ပြီးနောက်တွင် ၄င်းတို့၌ ဆေးလုံးများနှင့်တူညီသောစွမ်းအား၊ ကျင့်ကြံသူ၏ခန္ဓာကိုယ်အပြင်မှ လာသော စွမ်းအားတစ်ရပ်ပါဝင်နေကြောင်း သုံးသပ်နိုင်ခဲ့၏။
ဥပမာဆိုရလျှင် စဦးချီဖွဲ့စည်းမှုအဆင့်မှ ချီအခြေတည်အဆင့်သို့ တက်ရန် အရုပ်များကို အသုံးပြုနိုင်သည်။ ဤသဘောတရားက မန်ဟို့ကို ဉာဏ်အလင်းအတော်များများ ရသွားစေ၏။
မန်ဟိုသည် ပြီးပြည့်စုံသောအမြုတေဖြစ်တည်မှု အလယ်အလတ်အဆင့်မှ နှောင်းပိုင်းအဆင့်သို့ ဖောက်ထွက်နိုင်သည်ဟူ၍ အချိန်အတော်ကြာကတည်းက ခံစားခဲ့ရသည်။ ထိုခံစားချက်သည် ပို၍သာပြင်းထန်လာ၏။ နောက်ဆုံး၌ အမြုတေဖြစ်တည်မှုနှောင်းပိုင်းအဆင့်ကို ဖောက်ထွက်ရန်အလို့ငှာ မိုးကောင်းကင်ပြစ်ဒဏ်ကို သူ့ထံသို့ အပြည့်အဝသက်ဆင်းခွင့်ပေးရန် လိုအပ်ကြောင်း သဘောပေါက်လိုက်သည်။ ၄င်းကိုကျော်လွှားပြီးနောက်မှ အမြုတေဖြစ်တည်မှု နှောင်းပိုင်းအဆင့်သို့ ဝင်ရောက်နိုင်လိမ့်မည်။
သို့သော် ထိုသို့ရောက်ရှိပြီးပါက အနုသုခုမရုပ်ခန္ဓာအဆင့်နှင့် စပ်လျဥ်း၍ ယုံကြည်ချက်နည်းနည်းသာရှိသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်မှာ ကျင့်ကြံသူအနည်းစုသာ အမှန်တကယ်တက်လှမ်းနိုင်သော လှေကားထစ်ကြီးတစ်ခုဖြစ်၏။
နှစ်များစွာတစ်လျှောက် ကျင့်ကြံသူအမြောက်အမြား အမြုတေဖြစ်တည်မှုနှောင်းပိုင်းအဆင့်ကို ရောက်ရှိခဲ့ကြသည်။ သို့ရာတွင် အနည်းစုသာ အနုသုခုမရုပ်ခန္ဓာအဆင့်သို့ ဖောက်ထွက်နိုင်ကြသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများစွာရှိပုံပေါ်ပါသော်လည်း အမှန်တော့ သူတို့၏အလွန်တရာရှည်လျားသော သက်တမ်းကြောင့်သာ ထိုသို့ထင်ရခြင်းဖြစ်သည်။ မျိုးဆက်တစ်ဆက်၌ အဆင့်တက်သွားနိုင်သည့် အရေအတွက်ကို လက်ချိုးရေ၍ရလေသည်။
မန်ဟို့အတွက် အရေးကြီးဆုံးအချက်များထဲက တစ်ခုမှာ ရွှေအမြုတေနှင့်ပတ်သက်သည့် မြင့်မြတ်သောဝိညာဥ်ကျမ်းစာ၏အပိုင်း ပျောက်ဆုံးနေခြင်းပင်။ မှန်ကန်သောကျင့်စဥ်မရှိဘဲ ပြီးပြည့်စုံသော အနုသုခုမရုပ်ခန္ဓာကို ရရှိရန် ခက်ခဲမည်ဖြစ်သည်။
မန်ဟိုသည် ဆေးပေါင်းဖိုထဲရှိ သွေးများ မြူအသွင် တဖြေးဖြေးပြောင်းလဲလာနေသည်ကို အာရုံစိုက်နေသည်။ ၄င်းလွင့်စင်ပျောက်ကွယ်သွားသည့် နောက်ဆုံးတွင် သူ၏မျက်လုံးများ တောက်ပလာသည်။ "စိတ်ဝင်စားစရာပဲ။ သွေးထဲမှာ အရုပ်အရှိန်အဝါမရှိပါလား"
"အရေပြား၊ ကြွက်သား၊ အရိုးနဲ့ သွေး။ အကုန်လုံးက သာမန်ပဲ" မန်ဟိုသည် တခဏကြာ ထိုင်စဥ်းစားနေပြီးနောက် သူ့အရှေ့က လူကို ပြန်ကြည့်လိုက်သည်။ ထိုလူမှာ ရင်ထိတ်ခနဲဖြစ်သွားပြီး အသက်ချမ်းသာပေးရန် တောင်းဆိုတော့မည့်အချိန် ရုတ်တရက် မန်ဟို့၏ညာလက်က သူ့လက်မောင်းပေါ်ရှိ အရုပ်ဆေးမင်ကြောင်အပေါ် ရောက်လာသည်။
"ဒီအရုပ်မှာ နဝမတောင်နဲ့ပင်လယ်ရဲ့ အနှစ်သာရလို့လည်း ခေါ်နိုင်တဲ့ မိစ္ဆာချီအငွေ့အသက်ရှိနေတယ်" မန်ဟိုလက်ကို ထပ်မြှောက်လိုက်သည်နှင့် ထိုလူက စူးစူးဝါးဝါးအော်ငိုတော့သည်။ အရုပ်ဆေးမင်ကြောင်သည် သူ၏အရေပြားမှာ ဖြေးဖြေးချင်း ကွာလာပြီး သားရေပြားကဲ့သို့အသွင်ဖြင့် မန်ဟိုလက်ထဲရောက်လာသည်။ ဆွဲခွာပြီးနောက်တွင် ၄င်းသည် လျင်မြန်စွာမှေးမှိန်လာပြီး ပျောက်ကွယ်သွားတော့သည်။
"ကျင့်ကြံသူရဲ့ကိုယ်ကနေ ကွာသွားတာနဲ့ အရုပ်က ပျောက်ကွယ်သွားတယ်" သူက မျက်မှောင်ကြုတ်သွားသည်။ "အရုပ်က ဘာများပါလိမ့်။ ကောင်းကင်နဲ့မြေကြီးရဲ့ အထင်ကရမိစ္ဆာကြီးရဲ့ သရုပ်သကန်များလား"
မန်ဟိုက အပြင်သို့ လှမ်းကြည့်လိုက်သည်။ ညနေစောင်းနေပြီဖြစ်၍ ကောင်းကင်တွင် တိမ်တိုက်များပြည့်နေသည်။ အတွေးပေါင်းစုံက သူ့ခေါင်းထဲတွင် တဝဲဝဲလည်နေသော်လည်း အဖြေဟူ၍ရှာမရပေ။
အချိန်အနည်းငယ်ကြာသော် မန်ဟိုက လက်က်ိုဝှေ့ယမ်းလိုက်သည်။ သက်လတ်ပိုင်း ကျင့်ကြံသူနှင့် ချိတ်ဆက်နေသော ချုပ်နှောင်တံဆိပ်များ ပျေက်ကွယ်သွား၏။ သူက ကတုန်ကယင်ဖြင့် ထရပ်သည်။ သူ့မှာ တသိမ့်သိမ့်တုန်ရီနေလျက် ချက်ချင်း လက်ယှက်ပြီး မန်ဟို့ကို အရိုအသေပေးလိုက်သည်။
"သွားလို့ရပြီ" မန်ဟိုက အေးစက်စက်ပြော၏။
ထိုလူ့အတွက် ထိုစကားလုံးများမှာ တန်ခိုးရှင်တစ်ပါးပြောလိုက်သကဲ့သို့ပင်။ သူ၏ရင်ထဲတွင် အော်ငိုပစ်လိုက်ချင်သည်အထိ ကျေးဇူးတင်စိတ်တို့ အလွန်တရာပြည့်နှက်သွားသည်။ သူ့မှာ ဤအိပ်မက်ဆိုးနယ်မြေမှ ထွက်ခွာရန် တတ်နိုင်သမျှ မြန်မြန်ပြေးသွားတော့သည်။
အချိန်များ ထပ်မံကုန်ဆုံးသွားသည်။ မန်ဟိုက ခေါင်းကိုငုံ့ပြီး ရယ်လိုက်၏။ "ငါ့ကိုယ်ငါ အထင်ကြီးနေမိပြီထင်တယ်" သူက ရေရွတ်လိုက်သည်။ "ငါ့မှာ မိစ္ဆာချီအပ်နှင်းနိုင်တဲ့ စွမ်းအားရှိပေမယ့်လို့ အရုပ်တွေကို နားလည်ဖို့ကတော့ အချိန်အများကြီးထပ်လိုလိမ့်မယ်။ အချိန်တိုတိုလေးအတွင်းနဲ့ ဉာဏ်အလင်းအပြည့်အဝ ဘယ်ရနိုင်ပါ့မလဲ" သို့ရာတွင် ခိုင်မာပြတ်သားသောစိတ်ဆန္ဒက သူ၏မျက်လုံးများတွင် တောက်ပနေ၏။ သူ၏အရုပ်များအား နားလည်လိုစိတ်ကိုတော့ လက်လျှော့မည်မဟုတ်ပေ။
သူသည် မညီညာသောအနားများဖြင့် အဝတ်စက္ကူကဲ့သို့ ပျော့ပျော့ပျောင်းပျောင်း မြေကြီးရောင် သိုင်းကြိုးကို ထုတ်ရန် သိုလှောင်အိတ်ကိုပုတ်လိုက်သည်။
ဤသည်မှာ ခေါင်းဆောင်ကြီးရွှေအလင်းအဖြစ် ထင်ရှားကျော်ကြားလာစေခဲ့သည့် ပစ္စည်း၊ လေလံပွဲမှ ခိုးယူရန် မန်ဟို့ကို ကြက်တူရွေးကူညီပေးခဲ့သော အလံမှတစ်ပါး အခြားမဟုတ်ပေ။ ကြက်တူရွေးက နိုးလာပြီးနောက်ပိုင်း ၄င်းကို ကူညီသန့်စင်ပေးခဲ့သည်။
"အင်မိုတယ်တစ်ယောက် အသုံးပြုခဲ့တဲ့ အဆောင်စက္ကူ။ အနက်ရောင်နယ်မြေထဲက မှော်သင်္ကေတတွေနဲ့ပတ်သက်ပြီး ဉာဏ်အလင်းရစေနိုင်တဲ့အရာ။ ဒါက သေချာပေါက် အထောက်အကူဖြစ်မှာပဲ" သူသည် စက္ကူကို ပွတ်ရင်း ခေါင်းဆောင်ကြီးရွှေအလင်း ဖြစ်လာသည့်အတွက်ကြောင့် သူ၏နောက်လိုက်များ ကောင်းကင်မြေကြီးရှာဖွေရရှိနိုင်သော ဧရိယာအတိုင်းအတာကို တွေးနေသည်။ သိသာစွာပင် ၄င်းမှာ ယခင်ထက် ပိိုမိုကျယ်ဝန်းနေပြီဖြစ်သည်။
ကောင်းကင်မြေကြီးအမြောက်အမြား သူ့ထံ ပို့ဆောင်ခြင်းခံရသည်။ ယခုတွင် သူ ဤအဆောင်စက္ကူဖြင့် မြေကြီးကိုထိလိုက်ရုံနှင့် ၄င်းက မြေကြီး၏အရှိန်အဝါကို ချက်ချင်းစုပ်ယူကာ မြေကြီးကို သာမန်အတိုင်း ဖြစ်သွားစေမည်။
အရှိန်အဝါကို စုပ်ယူပြီးသည့်နောက် စက္ကူပေါ်တွင် မှော်သင်္ကေတများပေါ်လာပြီး ချုပ်နှောင်တံဆိပ်တစ်ခုအသွင် တစတစဖြစ်ပေါ်လာ၏။
အချိန်တစ်ခုကြာပြီး မြေကြီးလုံလုံလောက်လောက်စုဆောင်းပြီးလျှင် စက္ကူပေါ်၌ မှော်သင်္ကေတများထပ်မံ ပေါ်လာလိမ့်မည်ကို မန်ဟိုသိသည်။ သင်္ကေတများကို သည့်ထက်ပို၍ နားလည်လျှင်တော့ အံ့ဖွယ်နတ်ဘုရားစွမ်းရည်တစ်မျိုးကို သေချာပေါက်အသုံးချနိုင်မည်ဖြစ်သည်။
ဤနည်းဖြင့် မန်ဟိုသည် အနုသုခုမရုပ်ခန္ဓာအဆင့်ရောက်မည့်အချိန်အတွက် ဤပြိုင်ဘက်ကင်းကောင်းကင်မှော်ပညာကို အဆင်သင့်ပြင်ရန် ရည်ရွယ်ထား၏။
နောက်တစ်နေ့မနက် မိုးသောက်ချိန်တွင် မန်ဟိုသည် အဆောင်စက္ကူကို သိမ်းပြီး သစ်သားအချိန်ဓားကို ထုတ်ကာ ထပ်မံသန့်စင်လိုက်သည်။ သူသည် အနက်ရောင်နယ်မြေကို ရောက်စဥ်ကတည်းက ဤဓားကို တစေ သနေခဲ့၍ ယခုတွင် ၄င်း၌ နှစ်ခြောက်ဆယ် အချိန်စက်ဝန်းသုံးခု ပါရှိနေပြီဖြစ်သည်။
ထို့အပြင် သူ၏သိုလှောင်အိတ်ထဲ၌ နှစ်ခြောက်ဆယ်စက်ဝန်းနှစ်ခုစီပါရှိသော နွေဦးနှင့်ဆောင်းဦးသစ်ပင် တစ်ပုံတခေါင်း ရှိသေးသည်။
"နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခု ပါတဲ့ အချိန်ရတနာတစ်ခု သွန်းလုပ်ရတာ သိပ်မခက်ဘူး" သူကတွေးလိုက်သည်။ "နည်းနည်းလေး အားထည့်ရုံပဲလိုတယ်။ နှစ်ခြောက်ဆယ်စက်ဝန်းနှစ်ခု အတွက်တော့ အောင်မြင်နှုန်း သုံးဆယ်ရာခိုင်နှုန်းပဲ ရှိတယ်။ တစ်ခါလေးမအောင်မြင်တာနဲ့ ရင်းမြစ်တွေအားလုံး သွားပြီပဲ။ ဒါပေမဲ့လည်း အထွေအထူးတော့မဟုတ်ပါဘူးလေ။ တကယ်ကြောက်စရာကောင်းတာက နှစ်ခြောက်ဆယ်စက်ဝန်းသုံးခုနဲ့ အချိန်ရတနာတွေပဲ။ အောင်မြင်နှုန်းက တစ် ရာခိုင်နှုန်းရဲ့ တစ်ဝက်ပဲရှိတယ်။ ကြေးမုံအကူအညီကြောင့်သာမဟုတ်ရင် ငါ့တစ်ဘဝလုံးမှာ တစ်ခုတောင် သွန်းလုပ်နိုင်မှာမဟုတ်ဘူး" သူသည် သူ၏လက်ထဲရှိ စူးရှတောက်ပသော အပြာရောင်အလင်း ထုတ်လွှတ်နေသော ဓားကိုကြည့်လိုက်သည်။ ၄င်း၏မျက်နှာပြင်မှာ တသွင်သွင်စီးဆင်းနေသော ရေပုံစံရှိပြီး ဓားကိုဝှေ့ယမ်းလိုက်ပါက ဓားလှိုင်းများအား ပျံ့နှံ့သွားစေသည်။ ဓားလှိုင်းများက ပတ်ဝန်းကျင်ရှိအရာများကို ယိုယွင်းပျက်စီးလာသောလက္ခဏာများ ချက်ချင်းပြလာစေသည်။
မန်ဟို ဓားကို သိမ်းရန် ပြင်လိုက်စဥ် ရုတ်တရက် ခေါင်းမော့ပြီး အဝေးသို့လှမ်းကြည့်လိုက်သည်။ သူမျက်မှောင်ကြုတ်သွား၏။
"တုန်းလော့မျိုးနွယ်စုကတော့ တကယ်ပဲ ကို့ယ်ကိုကိုယ် မထိန်းနိုင်ပါလား" သူက ရေရွတ်လိုက်သည်။ သူသည် စိတ်ဝိညာဥ်အာရုံဖြင့် ကြက်တူရွေးကို ရှာပြီးနောက် အမိန့်တချို့ပေးလိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် ဝေဝါးလာပြီး သရဲပုံရိပ်များ ထွက်ပေါ်လာ၏။ အချိန်အနည်းငယ်ကြာသော် ဒုတိယမန်ဟို ပေါ်လာသည်။ တစ်ယောက်က တင်ပျဥ်ခွေထိုင်နေပြီး နောက်တစ်ယောက်က မြေကြီးအတွင်း တဖြေးဖြေး နစ်မြှုပ်သွား၏။
မန်ဟိုက ညာလက်ကိုဝှေ့ယမ်းလိုက်ရာ သူ၏မြေအောက်ခန်းမှ သစ်သားအချိန်ဓားဆယ်လက် ပျံထွက်လာကာ ခေါင်းအထက်ရှိိ လေထဲတွင် စက်ဝိုင်းသဏ္ဍာန်ပျံဝဲနေ၏။
ဓားထိပ်များသည် အပြင်သို့ညွှန်နေပြီး ၄င်းတို့လည်နေစဥ် ကြာပန်းသဏ္ဍာန်ဝဲတစ်ခုကို ပုံဖော်နေကြသည်။ ပဒုမ္မါကြာပုံစံဓားဝင်္ကပါမှ ထုတ်လွှတ်နေသောစွမ်းအားသည် မန်ဟို့ရှိနေသည့် အဆောက်အအုံကို ပျက်စီးယိုယွင်းလာစေ၏။ မကြာမီ ၄င်းကား ပြာကျသွားတော့သည်။ ပတ်ဝန်းကျင်ရှိ အငွေ့အသက်အားလုံးသည် ရှေးကျပြီး ယိုယွင်းနေမှုဖြင့် ပြည့်နှက်လာ၏။ ကျင့်ကြံသူတစ်ထောင် စိတ်နှလုံးတုန်လှုပ်သွားကြသည်။ သူတို့မှာ ခေါင်းအထက်တွင် ဧရာမကြာပန်းကြီးတစ်ပွင့်အား လည်စေလျက် တင်ပျဥ်ခွေထိုင်နေသော မန်ဟို့ကို ကြောက်လန့်တကြား ကြည့်လိုက်ကြသည်။ သူ၏ပတ်ပတ်လည်ရှိ အရာအားလုံးမှာ ပျက်စီးယိုးယွင်းလာနေ၏။
ဤအခိုက်အတန့်တွင် လထွက်လာသည်။လရောင်က ဓားများအပေါ်ဖြာကျကာ ငွေရောင်လက်သွားစေသည်။ ၄င်းတို့သည် ပွင့်လန်းနေသော ကြာပန်းသဖွယ် ထူးခြားပြီးလှပ၏.... အဆိုပါမြင်ကွင်းကို ကြည့်ရှုနေသူတိုင်းမှာ ဘဝတစ်လျှောက်လုံး ၄င်းကို အမှတ်ရနေတော့မည်သာ ဖြစ်သည်။
ကြာပန်း လည်ပတ်နေစဥ် ၄င်းအောက်ရှိ ခေါင်းဆောင်ကြီးသည် ခေါင်းမော့လာပြီး ဟိန်းထွက်သွားသော အေးစက်သက်အသံဖြင့် ပြောလိုက်သည်။ "ဒါက ငါ့ရဲ့ အချိန်ဓားဝင်္ကပါပဲ"
***