← Chapters

တုန်းလော့မြို့ကို တိုက်ခိုက်ခြင်း

Vol. 25 Ch. 348

တုန်းလော့မြို့ကို တိုက်ခိုက်ခြင်း

Vol. 25 Ch. 348

"မန္တန်အစီအရင်က အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူတစ်ယောက်ကို ထိန်းထားနိုင်တာ သေချာလား" မန်ဟိုက မြူထုကို ဖြတ်၍လျှောက်နေရင်း မေးလိုက်သည်။

"သေချာတာပေါ့ ဘာပြဿနာမှ မရှိဘူး" ကြက်တူရွေးက ပြန်ဖြေသည်။ ၄င်းက ရင်ဘတ်ကို တောင်ပံဖြင့်ပုတ်ရင်း ပြော၏။ "သခင်ငါးရဲ့ လူ့စွမ်းအားကောင်းကင်မန္တန်အစီအရင်က တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းမှာ ပြိုင်ဘက်ကင်းတယ်။ ဒီကောင်က လူတွေဆီက စွမ်းအားရတာလေ။ ငါတို့မှာ လူတစ်ထောင်ကျော်ရှိတယ်ဆိုတော့ အင်း.... အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်တော့မသတ်နိုင်လောက်ပေမယ့် အထဲမှာ ချောင်ပိတ်ထားနိုင်တာတော့ သေချာတယ်။ ကလေးကစားရာပါပဲကွာ" ၄င်း၏လုပ်ဆောင်ချက်များက အပြစ်ဆိုစရာမရှိအောင် ပြည့်စုံံနေသကဲ့သို့ ၄င်း၏လေသံက မောက်မာနေ၏။

"မန္တန်အစီအရင်က ရွေ့နိုင်လား" မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ်လက်နေရင်း မေးသည်။ သူသည် အမြုတေဖြစ်တည်မှုအဆင့် တုန်းလော့မျိုးနွယ်ကျင့်ကြံသူတစ်ယောက်ကို မြူထဲတွင် လှမ်းမြင်လိုက်သဖြင့် လမ်းလျှောက်နေရာမှ ရပ်သွားသည်။ သူက ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် သူ၏ပတ်ပတ်လည်ရှိ မြူများကို သွေးရူးသွေးတန်း တိုက်ခိုက်နေလေသည်။

သူက မန်ဟို့ကို မမြင်ရသော်လည်း မန်ဟိုကတော့ သူ့ကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။ မန်ဟိုသည် နောက်တစ်ဖန် ရိပ်ခနဲ ရွေ့လျားပြီး ထိုလူ၏ဘေးသို့ရောက်သွား၏။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ မြူတို့က တုန်းလော့မျိုးနွယ်ကျင့်ကြံသူကို လွှမ်းခြုံရစ်ပတ်ရင်း စုစည်းလာသည်။ ၄င်း လွင့်စင်ပျောက်ကွယ်သွားသောအခါ မန်ဟိုက လမ်းလျှောက်ထွက်သွားသည်။ သူ့အနောက်တွင်တော့ တုန်းလော့မျိုးနွယ်ကျင့်ကြံသူမှာ မြေပေါ်တွင် သတိလစ်လျက် လဲနေပြီဖြစ်သည်။

"ရွေ့နိုင်တာပေါ့။ လူတွေဆက်ပြေးနေသရွေ့ သခင်ငါးရဲ့မန္တန်အစီအရင်က အထဲကလူတွေကို တစ်ပါတည်းခေါ်ပြီး ဘယ်နေရာမဆိုသွားနိုင်တယ်" မာနခေါင်ခိုက်နေသောအမူအရာက ကြက်တူရွေး၏မျက်နှာကို ဖုံးလွှမ်းသွားသည်။

မန်ဟိုက ခေါင်းညိတ်ပြီး ရှေ့ဆက်လျှောက်သွား၏။ တုန်းလော့ဟန်ကို တွေ့ရန် သိပ်မကြာလိုက်ပေ။ ထိုလူ၏မျက်နှာမှာ ဖြူဆုပ်နေပြီး သတိအပြည့်ရှိနေသည်။ သူသည် အမြုတေချီကို အပြည့်အဝထုတ်ဖော်ရင်း မည်သည့်ပြောင်းလဲမှုကိုမဆို မျက်ခြေမပြတ်ကြည့်ရှုနေသည်။

မန်ဟိုက သူ့ကို အတန်ကြာသည်အထိ လေးလေးနက်နက်ကြည့်နေပြီးနောက် ပျံသန်းသွားသည်။ မြူများ တဖွေးဖွေးလှုပ်လာ၍ တုန်းလော့ဟန်၏မျက်နှာ ရိပ်ခနဲဖြစ်သွားသည်။ သို့သော် သူမတုံ့ပြန်နိုင်ခင် သူ့ဘေးရှိမြူထဲမှ လက်တစ်ဖက်ထွက်လာပြီး သူ၏ကျောကို ဖိချလိုက်သည်။

ကြီးမားသောစွမ်းအားတစ်ခုက သူ၏ကျင့်ကြံခြင်းအခြေခံကို ချုပ်နှောင်ရင်း သူ၏ကိုယ်တစ်လျှောက် စီးဆင်းသွားသည်။ ယခုတွင် သူ့မှာ ခေါင်းလှည့်ကြည့်နိုင်သည့်အားပင် မရှိတော့သည်။ ထို့နောက် သတိလစ်လျက် မြေပေါ်သို့ လဲကျသွားတော့သည်။

မန်ဟိုက မြူအတွင်းမှ လမ်းလျှောက်ထွက်လာပြီး တုန်းလော့ဟန်ကို ငုံ့ကြည့်သည်။ သူ့တွင် ထိုလူ့ကို သတ်ရန် ရည်ရွယ်ချက်မရှိပေ။ ယခုအတွက်တော့ သတိလစ်သည်က လုံလောက်ပြီဖြစ်သည်။

မန်ဟိုသည် လှည့်ပြီး အဝေးသို့ဆက်လျှောက်သွား၏။ သူနှင့် ဆုံတွေ့သည့် ကျင့်ကြံသူတိုင်း ကျင့်ကြံခြင်းအခြေခံချုပ်နှောင်ခံရကာ သတိလစ်မေ့မြောသွားသည်။

သို့သော် တချို့မှာ ပြေးလွှားနေသောပုံရိပ်များ၏ လမ်းကြောင်းပေါ်တွင် ရောက်နေကြလေသည်။ ဤလူများမှာ မန္တန်အစီအရင်၏စွမ်းအားအောက်တွင် မချိမဆန့်အော်ရင်းသာ အသက်ထွက်သွားကြသည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် မန်ဟို မြူထဲ၌ တုန်းလော့လင်းကိုတွေ့လိုက်သည်။ သူမ၏ဆံပင်များမှာ ဖွာလန်ကြဲနေပြီး လှပသောပုံပန်းသွင်ပြင်လေးမှာ ယခုတော့ မျှော်လင့်ချက်မဲ့မှု၊ ပူပင်သောကတို့ဖြင့် ဖုံးလွှမ်းနေသည်။ သူမသည် ရှိရှိသမျှ နည်းလမ်းအကုန် အသုံးပြုခဲ့သော်လည်း မလွတ်မြောက်နိုင်ဖြစ်နေရာ စိတ်အားမငယ်မိဘဲ နေမည်လော။

သူမ၏ ရောင်ရင်းမျိုးနွယ်ဝင်များကိုလည်း မည်သည့်နေရာတွင်မှ မမြင်ရပေ။ တစ်ကမ္ဘာလုံးက မြူအဖြစ်ပြောင်းသွားပြီး သူမတစ်ယောက်သာ ကျန်ရှိတော့သည့်အလားပင်။ ဧရာမတစ္ဆေကြီးများ ဘေးမှဖြတ်ပြေးသွားသည့်အခါ ၄င်းတို့က သူမရင်ထဲတွင် အကြောက်တရားတို့ ပြည့်နှက်သွားစေသော ဖိအားကြီးကို ထုတ်လွှတ်တတ်လေသည်။

သူမအမြင်ကပ်သည့်လူတွင် ဤမျှကြောက်မက်ဖွယ်ကောင်းသော မန္တန်အစီအရင်ရှိနေလိမ့်မည်ဟု သူမ မည်ကဲ့သို့တွေးနိုင်ခဲ့မည်နည်း။ သူမမှာ ပြေးနေသောတစ္ဆေကြီးများအနားမကပ်ရဲပေ။ ၄င်းတို့နှင့်တိုက်မိသွားသော သူမ၏ရောင်ရင်းကျင့်ကြံသူတချို့ ချက်ချင်း ပြားကပ်နေအောင် နင်းခံခဲ့ရသည်ကို သူမြင်ခဲ့ပြီးဖြစ်သည်။

အမှန်တွင် သူမသည် လေထဲ၌ ပျံ့လွင့်နေသော သွေးညှီနံ့ကိုရနေ၏။

မန်ဟိုက သွေးအေးသော မျက်ဝန်းများဖြင့် သူမကြည့်လိုက်သည်။ ထို့နောက် သူ၏ညာလက်ကို မြှောက််လိုက်ရာ မြူများက တလိပ်လိပ်ထပြီး သူမထံပြေးဝင်သွား၏။ ၄င်းက သူမကို ရစ်ပတ်လွှမ်းခြုံပြီး တဖြေးဖြေးလွင့်ပျယ်သွားသည်။ ယခုတွင် သူမသည် မြေကြီးပေါ်တွင် တုပ်တုပ်မှမလှုပ်ဘဲ သတိလစ်နေလေပြီ။

တုန်းလော့မျိုးနွယ် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူအပြင် မြူထဲ၌ မျိုးနွယ်ဝင်ခုနစ်ဆယ်ကျော် ရှိလေသည်။ ယခုအချိန်တွင် မန်ဟိုသည် တစ်ဝက်နီးပါးအား သတိလစ်စေခဲ့ပြီးဖြစ်သည်။

အမွှေးတိုင်တစ်တိုင်ထွန်းသာကြာပြီးနောက်တွင် မန်ဟိုသည် ခြေကုန်လက်ပန်းကျနေသော တုန်းလော့မျိုးနွယ်ဝင်တစ်ယောက်၏ကျောအလယ်မှ လက်ကို ဖြေးဖြေးချင်း မြှောက်လိုက်သည်။

"အဲ့ဒါ နောက်ဆုံးတစ်ယောက်ပဲ" မန်ဟိုက ပြောသည်။ သူသည် ချာခနဲလှည့်ပြီး မြူထုကိုဖြတ်၍ အားကိုးရာမဲ့ဖြစ်နေသော အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်ကို လှမ်းကြည့်လိုက်သည်။ ထိုလူ၏စိတ်ထဲတွင်တော့ ရှေ့တည့်တည့်သို့ ဖြေးဖြေးချင်း ခရီးနှင်နေသော်လည်း မန်ဟို့အမြင်အရ ထိုလူမှာ စက်ဝိုင်းလို ပတ်သွားနေခြင်းသာ ဖြစ်၏။

ထိုသို့ပတ်သွားနေခြင်းက မြူထဲမှ လွတ်မြောက်စေနိုင်မည်မဟုတ်ပေ။

"တုန်းလော့မျိုးနွယ်စုက မကောင်းကြံဖို့ လာခဲ့တာဆိုတော့" မန်ဟိုကပြောသည်။ "ပညာပေးကြတာပေါ့။ မန္တန်အစီအရင်ကို ရွှေ့လိုက်" ချက်ချင်းပင် သူ့ပခုံးပေါ်ရှိ ကြက်တူရွေးသည် ခေါင်းမော့ပြီး သြဇာလွှမ်းသောဟိန်းဟောက်သံတစ်သံ ပြုလိုက်သည်။

သူတို့ပတ်ပတ်လည်ရှိ မြူထုမှာ ရုတ်ခြည်းတဖွေးဖွေးလှုပ်လာ၏။ ပြေးလွှားနေသော ကျင့်ကြံသူတစ်ထောင်သည် စက်ဝိုင်းသဏ္ဍာန်ပတ်မပြေးတော့ပေ။ သူတို့၏စိတ်ဆန္ဒများသည် ကြက်တူရွေး၏စိတ်ဆန္ဒနှင့် တစ်သားတည်းဖြစ်နေသကဲ့သို့ သူတို့၏မျက်လုံးများပိတ်နေသည်။ ကြက်တူရွေး၏အတွေးအတိုင်း မန္တန်အစီအရင်သည် တုန်းလာ့မြို့ထံသို့ စတင်ရွေ့လျားသွားတော့သည်။

မြူထုကို အပြင်မှကြည့်လျှင် ချိုင့်ဝှမ်းအတွင်း၌ ပင်လယ်ကြီးတစ်စင်း ရိုက်ခတ်လှုပ်ရှားနေသည်နှင့် တူသည်။ ၄င်းသည် ချိုင့်ဝှမ်းအပြင်သို့ တက်လာကာ တအိအိ ကြီးမားလာရင်း ဖြေးဖြေးချင်း ရွေလျားသွား၏။

မြူပင်လယ်ကြီးမှာ အချင်းမီတာထောင်ပေါင်းများစွာ ရှိ၏။ တအိအိရွေ့လျားနေစဥ် ၄င်းသည် ၄င်းနှင့်ထိသမျှအရာအားလုံးကို ဝါးမြိုပစ်သည့် ဧရာမမြူသားရဲကြီးတစ်ကောင်အလားပင်။

မြူပင်လယ်ကြီးက ရှေ့သို့ရွေ့လျားသွားသည်နှင့်အမျှ ဧရာမအရိပ်ကြီးများ တစတစ မြင်သာလာသည်။ ၄င်းတို့၏ဟိန်းဟောက်သံများလည်း တဖြေးဖြေးပြတ်သားလာသည်။

"သခင်ငါးကို ယုံကြည်၊ ထာဝရဘဝရမည်.... "

ထိုအသံကြီးသည် ပိုပို၍ကျယ်လောင်စွာ မြည်ဟည်းလာသည့်အတွက် နောက်ဆုံးတွင် မိုးကောင်းကင်နှင့်မြေကြီးကိုပင် တသိမ့်သိမ့်တုန်ခါသွားစေတော့သည်။ တုန်းလော့မြို့ဝန်းကျင် သင်းကွဲကျင့်ကြံသူများမှာ တလိပ်လိပ်ထနေသောမြူထု၏ အံဖွယ်မြင်ကွင်းကြီးကို မျက်လုံးပြူးလျက် မမှိတ်မသုန်ကြည့်နေကြသည်။

မြူထုကို သတိထားမိသူများ တစတစများပြားလာသည်။ ၄င်းသည် တအိအိရွေ့လျားနေပုံ ရသော်လည်း အမှန်တွင် အလွန်လျင်မြန်သောနှုန်းဖြင့် သွားနေခြင်းဖြစ်သည်။ တချို့မှာ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လျက် အသက်ရှူသံများ မြန်ဆန်ရင်း လေလယ်မှ လိုက်ပါပျံသန်း၍ကြည့်နေကြသည်။

လောလောဆယ်တွင် မြူပင်လယ်ကြီးမှာ တုန်းလော့မြို့မှ ကီလိုမီတာငါးရာသာ ကွာဝေးတော့၏။ ကြည့်ရှုနေသူများမှာ ၄င်းကမည်သည့်ဖြစ်သည်လဲ မသိသည့်တိုင် အတွင်းမှ ထုတ်လွှတ်နေသော မပီမသအသံများကို ကြားရလေသည်။ ထိုအသံက သူတို့ကို အံ့အားသင့်သွားစေ၏။

"အဲ့ဒါ ဘာအဓိပ္ပါယ်လဲ"

"ဘယ်လောက်ကြီးတဲ့ မြူထုကြီးလဲ။ အထဲမှာ လူတွေ လှည့်ပတ်ပြေးနေကြသလိုပဲ....."

"မဟုတ်သေးဘူး အထဲကအရာတွေက လူတွေထက်အများကြီး ပိုကြီးတယ်။ မီတာသုံးဆယ်အမြင့်ထက်တောင် ကျော်ပုံပဲ။ ဒီမြူထုကြီးက ဘာများပါလိမ့်"

ယခုတွင် လေပေါ် ပျံတက်၍ ကြည့်ရှုနေကြသော ကျင်ကြံသူများရာချီနေလေပြီ။ သူတို့အားလုံးသည် မည်သည့်အဖွဲ့ကိုမှ မဝင်ရောက်ခဲ့သော သင်းကွဲကျင့်ကြံသူများဖြစ်ကြ၏။ သူတို့မှာ မြူထုကြီး သူတို့ကို ဝါးမြိုမှာစိုးသဖြင့် ခပ်လှမ်းလှမ်းမှသာ တအံ့တသြကြည့်နေကြသည်။

မြူထုသည် တအိအိရွေ့လျားနေရင်း တုန်းလော့မြို့နှင့် နီးသထက်နီးလာသည်။ ကီလိုမီတာ ၅၀၀၊ ကီလိုမီတာ ၄၀၀၊ ကီလိုမီတာ ၂၅၀၊ ကီလိုမီတာ ၁၅၀.....

မြူခိုးများမှာ မိုးကောင်းကင်ထိတိုင် ရိုက်ခတ်နေပြီး ၄င်းသည် ရွေ့လျားလာနေစဥ် မြေပြင်အား တသိမ့်သိမ့်တုန်ခါသွားသည့်တိုင်အေါင် ကျယ်လောင်သော ထစ်ချုန်းသံကြီး ထုတ်လွှတ်လိုက်သည်။ ဖုန်များ ထောင်းခနဲ ထသွားပြီး ပြင်းထန်သောဖိအားကြီးတစ်ခု ထွက်ပေါ်လာသည်။ လေပေါ်ပျံတက်လျက် လိုက်ပါကြည့်နေကြသော ကျင့်ကြံသူများ ကြောက်လန့်တကြားနောက်ဆုတ်သွားကြသည်။

ထိုအချိန်တွင် တုန်းလောမြို့သည် အတော်လေးတိတ်ဆိတ်ခြောက်ကပ်နေ၏။ မြို့ထဲ၌ တုန်းလော့မျိုးနွယ်ဝင်များအပြင် သင်းကွဲကျင့်ကြံသူလက်ဆုပ်စာသာ ရှိလေသည်။ သူတို့အားလုံးက ဘာဖြစ်နေသည်လဲသိသည့်အတွက် ရင်ထဲတွင် ထိတ်လန့်မှုတို့ကြီးစိုးနေတော့သည်။

မြူထုက မည်သည်အရာဖြစ်သည်ကို သူတို့မသိကြပေ။ သူတို့သိသမျှမှာတော့ တုန်းလော့မြို့က ၄င်း၏လမ်းကြောင်းတည့်တည့်တွင် ရှိနေသည်ကိုသာ။ မြူထု ရွေ့လျားနေသည့် အမြန်နှုန်းအတိုင်းဆိုလျှင် အမွေးတိုင်တစ်တိုင်ထွန်းစာအတွင်း ရောက်လာတော့မည်ဖြစ်သည်။

၄င်း နီးကပ်လာသည်နှင့်အမျှ တုန်းလော့မြို့ရှိ လူများမှာ ထွက်ပြေးချင်နေသည့်အလား နောက်ဆုတ်ဆုတ်သွားကြသည်။

"ဘာဖြစ်သွားတာလဲ။ အဲ့ဒါ အနက်ရောင်နယ်မြေနန်းတော်လား"

"ချီးပဲ ဘာလို့ ဒီလောက်မြန်မြန်ရွေ့လာတာတုန်း။ ဘယ်လို အနက်ရောင်နယ်မြေနန်းတော်ပညာရပ်လဲကွာ။ ဒီမြူထုကြီးက ကြောက်စရာကောင်းလိုက်တာ....."

တုန်းလော့မြို့နွယ်ဝင်အများစုမှာ မြို့၏ဒုတိယအထပ်တွင် တစ်စုတစည်းတည်း စုဝေးကြနေသည်။ အရေအတွက်အားဖြင့် ငါးရာဝန်းကျင်ရှိပြီး အားလုံး၏မျက်နှာများမှာ မသာမယာ ဖြစ်နေသည်။ သူတို့အရှေ့တွင် တင်းမာခက်ထန်သောမျက်နှာဖြင့် အဘိုးကြီးနှစ်ယောက်ရပ်နေသည်။

ဤအဘိုးကြီးနှစ်ယောက်သည် တုန်းလော့မျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူသုံးယောက်ထဲကဖြစ်သည်။ သူတို့ဘေးတွင် ရပ်နေသူကတော့ လက်ရှိတုန်းလော့မျိုးနွယ်စုခေါင်းဆောင်ပင်။ သူသည် မျက်မှောင်ကြုတ်နေပြီး သူ၏အမူအရာက စိုးရိမ်နေသည့်ဟန်ရှိသည်။

သူတို့အပေါ်တွင် ကြက်သွေးရောင်ဒေါင်းသုံးကောင်က စိတ်ပူစွာ ပျံဝဲနေကြသည်။ ၄င်းတို့က လာနေသောမြူထုကိုကြည့်ရင်း ဆွဲဆွဲငင်ငင် ငြီးငြူအော်မြည်နေကြသည်။

ဖိစီးနှိပ်စက်တတ်သော အရှိန်အဝါတစ်ခုက တုန်းလော့မြို့အပေါ်သို့ ကျရောက်လာခဲ့ပြီဖြစ်သည်။

မျိုးနွယ်စုခေါင်းဆောင်၏ဘေးတွင် ရပ်နေသော သတ်လတ်ပိုင်းအရွယ် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူက ပြောသည်။ "ကျုပ်စစ်ဆေးကြည့်ရသလောက် အကြီးအကဲသုံး ရွှေအလင်းဘုရားကျောင်းကို ခေါ်သွားတဲ့လူတွေအားလုံး ပျောက်ကုန်တယ်... အဲ့ဒီနောက် ရွှေအလင်းဘုရားကျောင်းမှ ဘာမှမရှိတော့ဘူး....အဲ့ဒီအချိန်မှာပဲ ဒီထူးဆန်းတဲ့ မြူထုကြီးပေါ်လာခဲ့တယ်ဆိုတော့.... ပစ်မှတ်က ရှင်းတယ်။ တုန်းလော့မြို့ပဲ" သူက ခဏရပ်လိုက်သည်။ ခံပြင်းပြီး ကြောက်ရွံ့ရိုသေသောရိပ်အယောင်တစ်ခု သူ၏မျက်နှာတွင် ပေါ်လာသည်။ "အဲ့ဒီမြူတွေကို ရှု့ထောင့်အမျိုးမျိုးကနေ စစ်ဆေးဖို့ လူခုနစ်ယောက် လွှတ်လိုက်ပေမယ့်.... ကျင့်ကြံခြင်းအခြေခံက ဘယ်အဆင့်ပဲဖြစ်ဖြစ် မြူကို ထိလိုက်တာနဲ့ စုပ်ယူခံလိုက်ရတယ်။ အဲ့ဒီနောက် ဘယ်လိုမှ ဆက်သွယ်လို့မရတော့ဘူး"

မျိုးနွယ်စုခေါင်းဆောင်က သက်ပြင်းခိုးချလိုက်သည်။ သူသည် မျိုးနွယ်စုခေါင်းဆောင် ဖြစ်သော်လည်း သူ့အတွေးက အကြီးအကဲများ၏အတွေးနှင့် ကွဲပြားခဲ့သည့်တိုင် သူတို့၏ဆန္ဒအတိုင်း လိုက်လျောရသေးလေသည်။ ရွှေအလင်းဘုရားကျောင်းနှင့်ပတ်သက်၍ သူ၏အတွေးမှာ ၄င်းနှင့်ပူးပေါင်းပြီး မဟာမိတ်ဖွဲ့ရန်ဖြစ်ခဲ့သည်။

သို့ရာတွင် အကြီးအကဲသုံးဦးက ရွှေအလင်းဘုရားကျောင်းကို သင်းကွဲကျင့်ကြံသူအုပ်စုထက်ပို၍ မမြင်ခဲ့ပေ။ ဘုရားကျောင်း၏တည်ထောင်သူ ခေါင်းဆောင်ကြီးရွှေအလင်းမှာ အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သောကြောင့် တုန်းလော့မျိုးနွယ်စုနှင့် မဟာမိတ်ဖွဲ့ရန် အရည်အချင်းမပြည့်မှီပေ။ သူ့တွင် အညံ့ခံမည်လား၊ ကျွန်ခံမည်လားဆိုသော ရွေးချယ်စရာနှစ်ခုသာ ရှိသည်။

ဤကဲ့သို့ထင်မြင်ချက်များဖြင့် အကြီးအကဲသုံးက ထွက်သွားခဲ့ခြင်းဖြစ်သည်။

ယခုတော့ ရွှေအလင်းဘုရားကျောင်းမှာ တုန်းလော့မျိုးနွယ်စု၏ထင်မြင်ချက်များထက် အဆများစွာသာလွန်သော နည်းလမ်းဖြင့် သူတို့ကို တန်ပြန်တိုက်ခိုက်နေလေပြီ။ အနက်ရောင်နယ်မြေနန်းတော်က သူတို့ဆီမလာသေးသော်လည်း အန္တရာယ်နှင့် ကြုံတွေ့နေရလေပြီ။

အခြားအနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူက အေးစက်စွာပြောသည်။ "ပိုးစုန်းကြူးက လပြည့်ဝန်းကို ယှဥ်ရဲလား။ မျိုးနွယ်စုရဲ့ မဟာမန္တန်အစီအရင်ကို ထုတ်ဖော်လိုက်တော့။ ရွှေအလင်းဘုရားကျောင်းက ငါတို့ကို မြူနဲ့တိုက်ခိုက်ချင်ရင် တုန်းလော့မျိုးနွယ်စုက မန္တန်အစီအရင်နဲ့ ချိုးဖျက်ပစ်မယ်"

ဤအခိုက်တွင် မြူထုသည် မြို့မှ နှစ်ဆယ့်ငါးကီလိုမီတာသာ ကွာဝေးတော့၏။

တုန်းလော့မြို့မှ အစိမ်းရောင်အလင်းတန်းများ ထွက်လာပြီးမြို့ကို အုပ်မိုးသွားသော သစ်ရွက်ပြင်များ အသွင်ပြောင်းလာသည်။

မြူထုအတွင်းတွင် တုန်းလော့မြို့ကို မန်ဟိုသည်ကို ကြည့်နေသည်။ သူ၏မျက်လုံးများမှာ အေးစက်စက် တောက်ပနေသည်။ သူ့၏ခေါင်းအထက်တွင် ပဒုမ္မာဓားဝင်္ကပါက လည်နေ၏။ သူ့၏ပတ်ပတ်လည်တွင် အစကသတိလစ်နေခဲ့သော တုန်းလော့မျိုးနွယ်ကျင့်ကြံသူခုနစ်ဆယ်ကျော် ရှိနေသည်။ သူတို့သည် ယခုသတိရလာပြီဖြစ်သော်လည်း သူတို့၏မျက်လုံးများမှာ အသက်မဲ့နေ၏။ သူတို့မှာ အသိစိတ်ကင်းမဲ့နေသည့်ပုံပေါ်ပြီး သူတို့၏ခန္ဓာကိုယ်များပင် သူတို့၏ထိန်းချုပ်မှုအောက်တွင် မရှိတော့သည့်အလား ထင်ရသည်။

မန်ဟိုက သူတို့ကို ထိန်းချုပ်ရန် သမာဓိအပ်နှင်းခြင်းပညာရပ်ကို အသုံးပြုထားခြင်းဖြစ်သည်။

"မိစ္ဆာချုပ်နှောင်သူတွေက သူများတွေနဲ့ တိုက်ကွက် မဖလှယ်ဘူး" မန်ဟိုက ရေရွတ်လိုက်သည်။ "တိုက်ကွက်တွေကို သမာဓိအပ်နှင်းခြင်းကနေ ထုတ်လွှတ်ပေးတာပဲ" သူက ညာလက်ကို မြှောက်ပြီး အရှေ့တွင်ဝှေ့ယမ်းလိုက်သည်။

***

All Chapters