← Chapters

ဆူးမြို့ရိုး

Vol. 27 Ch. 369

ဆူးမြို့ရိုး

Vol. 27 Ch. 369

မန်ဟို၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ "ငါ့ကို ဆူးမြို့ရိုးအစေ့ပေး"

သူ၏မျက်လုံးများမှာ အတွင်းထဲ၌ အချိန်ကို မြှုပ်နှံထားသကဲ့သို့ ထူးဆန်းသောအရောင်လက်သွားသည်။ ထိုအလင်းရောင်သည် တဖြေးဖြေးနှင့် မယုံကြည်နိုင်ဖွယ် စွမ်းအားတစ်ရပ်အသွင် ပြောင်းလာသည်။ သူထံမှ အကြည့်လေးတစ်ချက်က လူတစ်ယောက်အား သူ့ကို ဘယ်တော့မှ မမေ့နိုင်အောင် လုပ်နိုင်သည့်  မှော်ပညာတစ်မျိုးအလားပင်။

ဟန်ရွှယ့်ရှန်း စိတ်နှလုံးတုန်ရီသွားသည်။ သူမသည် စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီး တစ်ခါနိုးလာခဲ့တုန်းက ဤကဲ့သို့ အကြည့်မျိုးကို မြင်ခဲ့ဖူး၏။ သူ၏မျက်လုံးများမှာ အချိန်ပါရှိနေသကဲ့သို့ ပဟေဋ္ဌိဆန်ပြီး လျှို့ဝှက်နက်နဲနေခဲ့သည်။ သူ့ထံမှ အကြည့်တစ်ချက်အား နှစ်ပေါင်းအသင်္ချေကြာသည့်တိုင် သူမ မေ့နိုင်မည်မဟုတ်ပေ။

သူမမှာ ချာချာလည်မူးဝေသည့်အတွက် သူ့ကို ငြင်းဆန်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် စဥ်းပင် မစဥ်းစားမိလိုက်ဘဲ မျိုးနွယ်စု၏ အမွေအနှစ်ဖြစ်သော ဆူးမြို့ရိုးအစေ့ကို လှမ်းပေးလိုက်သည်။

မန်ဟိုမှာ အစေ့ကို လက်ဖြင့် ထိလိုက်သည်နှင့်တစ်ပြိုင်နက် အံ့သြတုန်လှုပ်သွားသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ လျင်မြန်စွာ လည်ပတ်သွားပြီး ချက်ချင်းဆိုသလို ရွှေရောင်အလင်း ဖြာထွက်လာသည်။ သူ၏လျှို့ဝှက်ဓာတ်ကူနည်းလမ်း၊ အချိန်မှော်ပညာနှင့် ပူပူနွေးနွေး ရရှိထားသော မိစ္ဆာသားရဲသခင်ပညာရပ်တို့အားလုံး သူ၏ကိုယ်အတွင်း၌ ပွင့်အန်ထွက်ကုန်သည်။

မည်သည့်အပင်ကိုမဆို ဓာတ်ကူပေးနိုင်သော စွမ်းရည်။ အချိန်စွမ်းအား ထုတ်လွှတ်နိုင်သော မှော်ပညာ။ မိုးကောင်းကင်အောက်ရှိ မည်သည့်သားရဲကိုမဆို ထိန်းချုပ်နိုင်သော မိစ္ဆာသားရဲသခင်အရည်အချင်း။ ဤလျှို့ဝှက်ဆန်းကြယ်သော ပညာရပ်သုံးခုသည် မန်ဟို၏ကိုယ်အတွင်းတွင် အတူတကွ ပေါင်းစည်းသွားပြီး ကျင့်ကြံခြင်းအခြေခံ လည်ပတ်နေစဥ် သူ့လက်ထဲရှိ ဆူးမြို့ရိုးအစေ့မှာ ရုတ်တရက် ဖောင်းပွလာ၏။ ၄င်းသည် ခြောက်ကပ်မနေတော့ဘဲ အညှောင့်တစ်ညှောင့်ပင် ထွက်လာလေပြီ။ မျက်စိတစ်မှိတ်အတွင်းနှင့် ၄င်းက မန်ဟို့လက်မောင်းတစ်ဖက်လုံး ဖုံးသွားသည်အထိ ကြီးထွားလာခဲ့၏။

မန်ဟို့၏ခန္ဓာကိုယ်မှာ ရွှေရောင်အလင်းဖြင့် တောက်ပနေခြင်း မရှိတော့ပေ။ ထိုအစား သစ်ပင်၏အငွေ့ကဲ့သို့ အခိုးအငွေ့တစ်မျိုးက သူ့ထံမှ ထွက်လာသည်။ ဤအခိုးအငွေ့က တိုက်ခိုက်နေသော အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်သည်။ သူတို့၏မျက်လုံးများ မန်ဟို့အပေါ် ကျရောက်သောအခါ ဘာကြောင့်မှန်းမသိ၊  ရင်တဒိန်းဒိန်းခုန်လာတော့သည်။ ချက်ချင်းပင် သူတို့က သူထံ ပြေးဝင်သွားကြ၏။

မန်ဟို့အနားတွင် ဟန်ရွှယ့်ရှန်းတစ်ယောက်သာရှိသည်။ တခြားသူအားလုံး ပျံပြေးသွားခဲ့ပြီဖြစ်သည်။ မြို့တံတိုင်းသည် ပြိုကျနေပြီး အကြီးအကဲလေးဦး၏ မျက်နှာမပေါ်တွင် မျှော်လင့်ချက်မရှိတော့သည့် အရိပ်အယောင်များ ရေးထိုးထား၏။

သုံးလကြာပြီးနောက် အနက်ရောင်နယ်မြေနန်းတော်နှင့် အနောက်ပိုင်းသဲကန္တာရက ဤကဲ့သို့ အင်အားအပြည့်ဖြင့် တိုက်ခိုက်လိမ့်မည်ဟု သူတို့ မည်သို့တွေးနိုင်ခဲ့မည်နည်း။ သန့်စင်နှင်းမြို့တော်အတွက် ၄င်းကို တောင့်ခံရန် နည်းလမ်းမရှိပေ။

ဟန်ရွှယ့်ရှန်းသည် မန်ဟို့ထံ ပြေးဝင်လာနေသော အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများကို ကြည့်ရင်း ဝမ်းနည်းစွာ ပြုံးလိုက်သည်။ သူမအနေဖြင့် သူတို့ကို ပြန်တိုက်ခိုက်နိုင်စွမ်း မရှိပေ။ တခဏတည်းနှင့် သူတို့သည် မန်ဟို့ထံမှ မီတာသုံးဆယ်သာ ကွာဝေးတော့၏။

မန်ဟိုက ဆူးမြို့ရိုးအစေ့ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း တင်ပျဥ်ခွေထိုင်နေသည်။ အစိမ်းရောင်အပင်များ၊ သစ်ရွက်များက သူ၏ ညာလက်မောင်းကို လွှမ်းခြုံပြီး ခန္ဓာကိုယ်တစ်ခုလုံး ဖုံးလွှမ်းလာသည်။

မီတာသုံးဆယ် ၊ နှစ်ဆယ့်ငါးမီတာ ၊ ဆယ့်ငါးမီတာ

သူတို့ ဆယ့်ငါးမီတာသာ ကွာတော့သည့်အချိန် မန်ဟို့၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာ၏။ ၄င်းတို့သည် လင်းလက်တောက်လျှက်ရှိပြီး သူက ညာလက်ကို ဆန့်ထုတ်၍ မြေကြီးအပေါ်သို့ ဖိချလိုက်သည်။

သူ ထိုသို့လုပ်လိုက်သည်တွင် သူ၏ခန္ဓာကိုယ်အပေါ်ရှိ အပင်များက မြေကြီးထဲ ထိုးဖောက်သွား၏။ ရုတ်တရက် သုံးမီတာရှည်လျားသော ဆူးပင်တစ်ပင်က မြို့တံတိုင်းဘေးရှိ မြေကြီးမှ ထိုးထွက်လာသဖြင့် မိုးထစ်ချုန်းသံကဲ့သို့ အသံကြီးများ ကြားလိုက်ရသည်။ ဆူးပင် လှုပ်ရှားသွားသည့် အမြန်နှုန်းမှာ ဖော်ပြရခက်ပြီး မည်သူမဆိုအတွက် ၄င်းကို ရှောင်ရန် မဖြစ်နိုင်ပေ။ မျက်စိတစ်မှိတ်အတွင်း ၄င်းသည် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ယောက်ကို ထုတ်ချင်းဖောက်သွား၏။

ထို့နောက် မန်ဟို့၏ပတ်ပတ်လည်တွင် ဆူးပင်များ ထပ်မံထိုးထွက်လာကြသည်။ ၄င်းတို့က အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူ ခုနစ်ယောက်ကို ထိုးဖောက်ပြီး လေပေါ် ပင့်မြှောက်လိုက်သဖြင့် စိတ်မချမ်းမြေ့ဖွယ်ကောင်းသောအော်သံများ ဆူညံသွားလေသည်။

ပို၍ပင် အံ့သြတုန်လှုပ်ဖွယ်ကောင်းသည်က ကျင့်ကြံသူများအား ထိုးဖောက်ပြီးနောက်တွင် ဆူးပင်များမှာ ကျင့်ကြံသူများ၏သွေးနှင့် ကျင့်ကြံခြင်းအခြေခံကို စုပ်ယူနေသည့်အလား တွန့်လိမ်လူးလွန့်နေခြင်းပင်။ လူသံပင်မပေါက်တော့သော သွေးပျက်မတတ် စူးစူးဝါးဝါးအော်ဟစ်သံများက ပဲ့တင်ထပ်လျက်ရှိရာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတိုင်းကို ကြောက်ဒူးတုန်သွားစေတော့သည်။

"အဲ့ဒါဘာကြီးလဲ" သူတို့က မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း တွေးလိုက်ကြသည်။

သူတို့တုံ့ပြန်ရန် အချိန်မရခင် ဆူးပင်သေးသေးလေးများက ရှုံ့တွသွားသော ကျင့်ကြံသူရှစ်ယောက်၏အလောင်းများမှ ဖောက်ထွက်လာပြီး အဘက်ဘက်သို့ ဖြာထွက်သွားသည်။

တချို့က မြေကြီးအတွင်းသို့ ထိုးဖောက်ဝင်ရောက်၍ ပျောက်ကွယ်သွားသည်။ သို့သော် အချိန်အနည်းငယ်ကြာသော် ၄င်းတို့သည် သိပ်မဝေးသော နေရာများတွင် ပြန်လည်ထွက်ပေါ်လာပြီး ကျင့်ကြံသူများ၏ခန္ဓာကိုယ်များကို ထုတ်ချင်းဖောက်သွားလေသည်။

တချို့က အနီးနားရှိ ကျင့်ကြံသူများထံ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။ အော်သံများ ထွက်လာသည့်အချိန်မှာပင် သူတို့၏ခန္ဓာကိုယ်များ ခြောက်ကပ်သွားပြီး နောက်ထပ်ဆူးပင်များ ထွက်လာမည်ဖြစ်သည်။

ဆူးပင်များက မန်ဟို့ကို ဗဟိုပြု၍ မြို့တံတိုင်းထံမှ စတင်ထိုးထွက်လာနေကြသည်။ မှန်ပါသည်၊ ဤအခြင်းအရာက ချက်ချင်း ဆူညံပွက်လောရိုက်သွားစေ၏။ ဆူးပင်များသည် အမှန်တွင် သန့်စင်နှင်းမြို့တော်နှင့် အနက်ရောင်နယ်မြေနန်းတော်ကျင့်ကြံသူများကို မခွဲခြားတတ်ပေ။ ၄င်းတို့က ဘယ်သူ့ကိုမဆို ထုတ်ချင်းဖောက်၍ အသွေးအသားနှင့် အသက်စွမ်းအားများကို စုပ်ယူကာ အရေအတွက် တိုးပွားလာလေသည်။ အသက်ရှူချိန်အနည်းငယ်လေးအတွင်း မန်ဟို့၏ ပတ်ပတ်လည်ရှိ မီတာသုံးထောင်ဧရိယာမှာ ဆူးပင်များဖြင့် ပြည့်နေသော ကမ္ဘာတစ်ခုဖြစ်သွားလေပြီ။

ဤအခြင်းအရာက စစ်ပွဲအပေါ် ချက်ချင်း သက်ရောက်မှုရှိသည်။ အနက်ရောက်နယ်မြေနန်းတော်ကျင့်ကြံသူအမြောက်အမြား ကြောက်အားလန့်အားဖြင့် နောက်ပြန်ဆုတ်သွားကြ၏။ ကံဆိုးစွာနှင့် သူတို့မှာ နှေးလွန်း၍ ဆူးပင်များ၏ ထိုးဖောက်ခြင်း ခံလိုက်ရဆဲပင်။ မကြာမီ တစ်မြို့လုံးသည် ကြောက်စရာကောင်းလောက်အောင် ချွန်ထက်ပြီး ရဲရဲနီနေသော ဆူးပင်များဖြင့် ပြည့်သွား၏။ ယခုအချိန်တွင် ဆူးပင်များသည် မြို့အပြင်အထိပင် ကျူးကျော်ပျံ့နှံ့နေပြီဖြစ်သည်။

မြို့ထဲတွင်တော့ သန့်စင်နှင်းမြို့တော်ကျင့်ကြံသူအားလုံးမှာ လှုပ်ပင် မလှုပ်ရဲသဖြင့် မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် ရပ်နေကြသည်။ မရေမတွက်နိုင်သော ဆူးပင်များက သူတို့၏ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံလျက်ရှိ၏။ မြို့အပြင်ရှိ အနက်ရောင်နယ်မြေနန်းတော် ကျင့်ကြံသူများနှင့် သားရဲများမှာ မြေကြီးအောက်မှ ဆူးပင်များ ထိုးထွက်လာနေစဥ် သနားစဖွယ် အော်ဟစ်ရင်း အမြန်ဆုံး ဆုတ်ခွာနေကြသည်။

ဝေဟင်မှာလည်း အန္တရာယ်မကင်းပေ။ ဆူးလက်တံကြီးများက လေပေါ် ထိုးတက်သွားပြီး ပျံသန်းနေသည့် မည်သည့်သက်ရှိအရာကို ထုတ်ချင်းဖောက်သွားလေသည်။

ယခုတွင် မြင်မြင်သမျှအားလုံးသည် ဆူးပင်များသာ ဖြစ်နေတော့၏။ မြို့အပြင်တွင် အနက်ရောင်နယ်မြေနန်းတော်နှင့် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူ ရာဂဏန်းမျှသာ လွတ်လွတ်ကျွတ်ကျွတ် ထွက်ပြေးနိုင်သွားသည်။ သူတို့မှာ သူတို့အနောက်ရှိ မြင်ကွင်းကြီးကို အံ့သြမှင်သက်စွာသာ ကြည့်နေမိတော့သည်။

အကြီးအကဲလေးဦးနှင့် အနက်ရောင်နယ်မြေနန်းတော်နှင့် အနောက်ပိုင်းသဲကန္တာရမှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများလည်း ဆက်လက်မတိုက်ခိုက်နိုင်တော့ပေ။  သူတို့သည် လူချင်းခွဲ၍ တိုးဝင်လာနေသော ဆူးပင်များကို မရပ်မနား ဟန့်တားနေခဲ့ရသည်။

ယခုတွင် စစ်မြေပြင်ပေါ်ရှိ မျက်လုံးအားလုံးက မန်ဟို့ထံမှ မခွာပေ။ မန်ဟို၏အရှေ့တွင် မိုးကောင်းကင်အထိ ထောင်တက်နေသော ဧရာမဆူးပင်ကြီးတစ်ပင်ရှိသည်။ ၄င်းက သွေးချီကို ထုတ်လွှတ်နေပြီး မရေမတွက်နိုင်သော ဆူးပင်သေးသေးလေးများက ၄င်းကို ရစ်ပတ်တွယ်ကပ်နေသည်။ ဆူးပင်ကြီးကား ကျောချမ်းဖွယ်ကောင်းလှသည်။

မန်ဟိုက မည်သည့်ဆူးပင်မှ မရှိသည့် တစ်ခုတည်းသောနေရာ၊ ၄င်းတို့အားလုံး၏ အလယ်ဗဟိုတွင် ဖြစ်ပုံရသည်။ သူသည် ဆူးပင်အားလုံး၏ အရင်းအမြစ်နှင့်တူပြီး သူ ဖြေးညင်းစွာ ထရပ်လိုက်စဥ် ပင့်သက်ရှိုက်သံများ လေတွင် ပြည့်နှက်သွား၏။

ဆူးချွန်များဖြင့် ပြည့်နေသော အရွက်များက သူ၏ညာလက်ကို ငုံ၍ လူးလွန့်လှုပ်ရှားနေလေသည်။ မန်ဟိုက နေရာအနှံ့မင်းမူနေသော ဆူးပင်အားလုံး၏ အရင်းအမြစ်ဖြစ်ကြောင်း ဘယ်သူမှ မယုံဘဲ မနေတော့ပေ။

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ဆူးမြို့ရိုးအစေ့က ဤမျှ တုန်လှုပ်ဖွယ်ကောင်းမည်ဟု သူမထင်ခဲ့ပေ။ ၄င်း ရန်သူနှင့်မိတ်ဆွေ မခွဲခြားတတ်သည့်အချက်က သူ ဘာမှမတတ်နိုင်သည့်အရာပင်။ ၄င်းသည် ကြီးထွားလာရန် သူ၏ဓာတ်ကူစွမ်းအားကို လိုအပ်သော်လည်း ကျင့်ကြံသူများ၏ အသက်နှင့်သွေးကို စုပ်ယူခြင်းနှင့်ပတ်သက်လျှင် မန်ဟို့အနေဖြင့် အာရုံတော့ရနေသော်လည်း ထိန်းချုပ်၍မရပေ။

"မဟာအကြီးအကဲမန်.... " အနီးအနားရှိ သန့်စင်နှင်းမြို့တော် ကျင့်ကြံသူတစ်ယောက်က ပြောသည်။ ထိုစကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ဆူးပင်တစ်ပင်က ရုတ်တရက် သူ့ဆီ ပြေးဝင်လာပြီး သူ့ပါးစပ်ကို ပိတ်လိုက်သည်။ ဆူးပင်ကား သူ၏ နဖူးမှ တစ်လက်မခန့် အကွာတွင် မြွေတစ်ကောင်သဖွယ် ရစ်ဝဲနေပြီးနောက်မှ ခွာသွား၏။

အရာအားလုံး တိတ်ဆိတ်နေသည်။ အနောက်ပိုင်းသဲကန္တာရမှဖြစ်စေ၊ အနက်ရောင်နယ်မြေမှဖြစ်စေ၊ ဆူးတို့ စိုက်ဝင်နေသော ကျင့်ကြံသူအားလုံး အသံတစ်သံပင်မထွက်ရဲဘဲ တောင့်တောင့်ကြီး ရပ်နေကြတော့သည်။

လေအလယ်ရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ၏ မျက်နှာများ ရိပ်ခနဲဖြစ်သွားကြပြီး သူတို့လည်း မပျံရဲ ၊ စကားမပြောရဲတော့ဘဲ ကျောက်ရုပ်သဖွယ် ရပ်လိုက်ကြသည်။ အကြောင်းရင်းမှာ သူတို့ကို ဆူးလက်တံထောင်ပေါင်းများစွာက ဝန်းရံထားခြင်းကြောင့်ပင်။ အခြေအနေကို ကြည့်ခြင်းအရ သူတို့ နည်းနည်းလှုပ်လိုက်သည်နှင့် ဆူးလက်တံများက သူတို့ကို ထုတ်ချင်းဖောက်၍ ချက်ချင်း သတ်ပစ်လိမ့်မည်။

မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏မျက်လုံးများ တောက်ပလာသည်။

မြို့တံတိုင်း၏ အထက်နှင့် အပြင်တွင် ဆူးလက်တံများ စိုက်ဝင်လျက်ရှိသော ကျင့်ကြံသူများ၊ သားရဲများ မရေမတွက်နိုင်အောင် ရှိသည်။ သူတို့ မန်ဟို့ကို လှမ်းကြည့်နေကြစဥ် သူတို့၏ မျက်နှာများမှာ ဖြူဆုပ်နေပြီး ထိတ်လန့်ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေ၏။

အန္တရာယ်ဘေးမှ လွတ်မြောက်သွားခဲ့သော လူရာဂဏန်းမျှမှာ ဆောင်းလယ်က ပုစဥ်းရင်ကွဲများကဲ့သို့ မန်ဟို့ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ လက်ရှိအချိန်တွင် စစ်မြေပြင်ပေါ်က လူတိုင်းသည် စစ်ပွဲတစ်ခုလုံး၏ရလဒ်က လူတစ်ယောက်၏လက်ထဲတွင် ရှိနေပြီဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွား၏။

ထိုပုဂ္ဂိုလ်ကား မန်ဟိုပင်။

မန်ဟိုသည် တကယ်တမ်း ဆုံးဖြတ်ချက်အား သူချခဲ့ခြင်းမဟုတ်ကြောင်း သိသည့် တစ်ယောက်တည်းသောသူဖြစ်၏။ အမှန်အတိုင်းဆိုရလျှင် ဤဆူးမြို့ရိုးမှာ သူ၏အမိန့်တစ်ခုကိုမှ လိုက်နာမနေပေ.....

သူက ဘေးဘီဝဲယာကို ကြည့်ရင်း တိတ်ဆိတ်စွာ တွေးနေသည်။ ဆူးလက်တံများက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအား ထိုးစိုက်နေရာ ထိုသူတို့မှာ ကြောက်လန့်နေသော မျက်နှာများဖြင့် ရပ်နေရုံသာ တတ်နိုင်ကြလေသည်။

ဤအခိုက်အတန့်တွင် ရုတ်တရက် ဘယ်သူမှ မကြားနိုင်သည့် အသံတစ်သံက မန်ဟို့နားထဲ ဝင်ရောက်လာသည်။ ၄င်းသည် သေခါနီး လူတစ်ယောက်၏ နှုတ်မှ ထွက်လာသောအသံကဲ့သို့ အားနည်းပြီး ရှေးဆန်နေ၏။

"ဆူးမြို့ရိုးက စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်အောက်က ဘယ်အရာကိုမဆို သုတ်သင်ပစ်နိုင်တယ်။ အမြစ်ချပြီးတာနဲ့ ရွှေ့လို့မရဘဲ တစ်လအထိ ရှင်နိုင်လိမ့်မယ်...... မင်း အဲ့ဒါကို ဘယ်လို နှိုးလိုက်လဲ အရေးမကြီးဘူး။ အခု မင်း စိတ်ကို တည်ငြိမ်အောင် လုပ်ပြီး မင်းရဲ့စိတ်ဆန္ဒတချို့ပါဝင်တဲ့ သွေးစက်တစ်စက်ထုတ်ဖို့ လိုတယ်။ ပြီးရင် မင်းအရှေ့က ဆူးမြို့ရိုးပင်စည်အပေါ် ချလိုက်။ မှတ်ထားပါ..... သွေးစက်မှာ မင်းရဲ့ စိတ်ဆန္ဒပါနေရမယ်။ အဲ့ဒီစိတ်ဆန္ဒနဲ့မှ ဆူးပင်တွေကို မင်းအမိန့်ပေးလို့ရမယ်" အသံသည် မည်သည့်နေရာကမှန်းမသိ ထွက်လာပုံရသော်လည်း မန်ဟို ၄င်းကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် လွန်ခဲ့သည့်သုံးလက ကျိုးဒယ်ခွန်ပါသွားတုန်းက ကြားလိုက်ရသည့်အသံကို ရုတ်တရက် မှတ်မိလိုက်သည်။

အသံကား တစ်သံတည်းပင်။

မန်ဟို၏ မျက်လုံးများ တောက်ပလင်းလက်သွားသည်။ စောစောက ထိုအသံရှင်းပြခဲ့သည့် နည်းလမ်းအတိုင်း သူသည် နဖူးကို လက်သည်းဖြင့် ခြစ်လိုက်၏။ မန်ဟို့၏ ကျင့်ကြံခြင်းအခြေခံနှင့် စိတ်ဆန္ဒပါရှိသော သွေးတစ်စက်ထွက်လာလေသည်။ ၄င်း ရှေ့သို့ပျံထွက်သွားသည််နှင့် မန်ဟို အားနည်းသွားသည်ကို ခံစားလိုက်ရ၏။ သူ့ဘဝတွင် ဤကဲ့သို့ သွေးစက်မျိုးငါးစက်ထက် ပိုမထုတ်နိုင်ကြောင်း သူကောင်းကောင်းသိသည်။

ငါးစက်ထက်ပိုသွားလျှင် အားအင်များစွာဆုတ်ယုတ်သွားမည် ဖြစ်သည်။

တိတ်ဆိတ်မှုက ဝန်းရံနေသည့်အလယ်တွင်မန်ဟိုက အံတင်းတင်းကြိတ်လိုက်သည်။ သွေးစက်သည် အတိုင်းထက်အလွန် အဖိုးထိုက်တန်သော်လည်း အေးခဲနှင်းပိုးကောင်ရရေးအတွက်..... ၄င်းကို ဆူးမြို့ရိုးပင်စည်အတွင်းသို့ ပျံသန်းဝင်ရောက်သွားစေလိုက်သည်။ သူ၏မျက်လုံးများ ဖျတ်ခနဲ လင်းလက်သွား၏။

မည်သည့်အရာမှ ၄င်း၏လမ်းကြောင်းကို ဟန့်တားခြင်းမရှိပေ။ သွေးစက် ဆူးမြို့ရိုးပင်စည်အတွင်း ဝင်ရောက်ပေါင်းစည်းသွားသည်နှင့် ပင်စည်ကား တုန်ခါလာတော့သည်။

ချက်ချင်းပင် သန့်စင်နှင်းမြို့တော်ကျင့်ကြံသူများအတွင်း ထိုးစိုက်နေသော ဆူးလက်တံများ တစတစ မှေးမှိန်ပျောက်ကွယ်သွားပြီး သူတို့၏ဒဏ်ရာများ ပြန်ပိတ်လာသည်။ အမှန်တွင် ဆူးများက သူတို့၏ခန္ဓာကိုယ်အတွင်း၌ ကျန်ရစ်ပြီး ဒဏ်ရာများကို ကုသပေးနေခြင်းဖြစ်၏။

ဆူးပင်များ ပျောက်ကွယ်သွားစဥ် မြို့ပြင်ရှိ အနက်ရောင်နယ်မြေနန်းတော်နှင့် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူက အသံနက်ကြီးများဖြင့် အော်လိုက်ကြသည်။ သူတို့၏ခန္ဓာကိုယ်များကား ချက်ချင်း လုံးဝဥဿုံခြောက်ကပ်သွားလေပြီ။ အသက်ငင်နေသော ကျင့်ကြံသူတချို့က မိမိကိုယ်ကို ဖောက်ခွဲရန် ရွေးချယ်သွားကြသဖြင့် တဝုန်းဝုန်း ပေါက်ကွဲသံများက လေတွင် ပြည့်နှက်နေတော့သည်။

ပေါက်ကွဲမှုများက မန်ဟို့၏ ခေါင်းကို အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်နေစေသည့်အလား ခံစားရနေစေသည်။ သူသည် ဆူးမြို့ရိုးပင်စည်နှင့် တစ်သားတည်းဖြစ်နေပြီး သူ၏စိတ်ဆန္ဒအလျောက် ဆူးလက်တံအားလုံး ဖြာထွက်သွားလေသည်။

သူသည် အတွေးတစ်ချက်နှင့်တင် ဘယ်သူ့ကိုမဆို သတ်ဖြတ်နိုင်၏။

တစ်ချိန်တည်းမှာပင် သူ၏စိတ်ဝိညာဥ်အာရုံမှာ အားနည်းလာနေသည်။ မန်ဟို့၏စိတ်ဝိညာဥ်အာရုံမှာ သူနှင့်အဆင့်တူများထက် များစွာ သာလွန်ပြီး အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ၏စိတ်အာရုံနီးပါးဖြစ်သည်။ ထို့အတွက်ကြောင့်သာမဟုတ်လျှင် ပင်ပန်းမှုဒဏ်က ၄င်းကို အလျှင်းကုန်ခမ်းသွားစေမည် ဖြစ်သည်။

ရုတ်တရက် မန်ဟို၏စိတ်ဆန္ဒက အသစ်အဆန်းတစ်ခုကို အာရုံရသွား၏။ မြို့၏အပြင်ဘက်၊ ဆူးလက်တံအမြောက်အမြား စိုက်ဝင်နေသော နေရာတစ်နေရာတွင် လူတစ်ယောက်၏အသံက တိုးတိုးလေးထွက်လာသည်။

"မဟာအကြီးအကဲမန်လား"

***

All Chapters