အိကျူးလင်၏ သဘောထား
Vol. 30 Ch. 411
နာရီပေါင်းများစွာ ကြာမြင့်ပြီးနောက် ဝေ့ဝူယင်မှာ မျှော်စင်အတွင်းရှိ မြို့တော်သခင်ဟောင်း၏ အိပ်ခန်း အတွင်း ရောက်ရှိလာခဲ့၏။ ၎င်းက အလွန်ရိုးရှင်းလှရာ ဝေ့ဝူယင်ကိုပင် အံ့အားသင့်သွားစေခဲ့သည်။
အခန်းအတွင်းတွင် ပြတင်းပေါက် အချို့နှင့် ခုတင် တစ်လုံးတို့ ကဲ့သို့သော မရှိမဖြစ် ပစ္စည်းများမှ လွဲ၍ အပို ဟူ၍ စားပွဲနှင့် ကုလားထိုင် တစ်စုံသာ ရှိပေသည်။ အခြား မည်သည့် ဇိမ်ခံပစ္စည်းမှ ရှိမနေခဲ့ချေ။ ကြည့်ရသည်က မြို့တော်သခင်မှာ ခေတ်မှီ ဒီဇိုင်းနှင့် အဆင်အယင်များကို မုန်းတီးပုံ ပေါ်သည်။
အခန်းကို လှည့်ပတ်ကြည့်ရင်း နေသွေးနီနီးဂိုဏ်းတွင် နေခဲ့စဥ်က ဘဝကိုပင် ဝေ့ဝူယင် ပြန်လည် အမှတ်ရမိသွား၏။ ထိုစဥ်က ခုတင်တစ်လုံး၊ ကုလားထိုင် တစ်ခု၊ သုံးချောင်းထောက် ဆေးအိုးတစ်လုံးတို့မှ လွဲ၍ အခန်းအတွင်း ဘာဆို ဘာကိုမှ သူ မထားရှိခဲ့ချေ။ ဇိမ်ခံပစ္စည်းများက တိုးတက်မှုကို နှောင့်နှေးစေသည်ဟု မှတ်ယူကာ ရိုးရိုးရှင်းရှင်းသာ သူ နေထိုင်ခဲ့သည်။
အမွေခံ အပြစ်သား တစ်ယောက် ဖြစ်လာပြီးနောက်မှသာ သူ ခံယူချက် အချို့ကို ပြောင်းလဲပစ်ကာ ဘဝကို ဇိမ်ရှိရှိ ဖြတ်သန်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ယခုလို ရိုးရိုးရှင်းရှင်း ပတ်ဝန်းကျင်မျိုးကိုတော့ အသွေးအသားထဲမှ သူ သဘောကျမိဆဲ ဖြစ်သည်။
အိကျူးလင်မှာ ယခုအထိ သူ့ လက်မောင်းများထဲတွင် မှေးစက်နေဆဲ ဖြစ်သည်။ သူမက တိတ်ဆိတ် ငြိမ်သက်စွာပင် သူ့ရင်ခွင်ထဲမှ နေ၍ အရာအားလုံးကို လေ့လာနေခဲ့သည်။ မြို့တော်သခင်နှင့် စကားပြောနေသည့် နာရီပေါင်းများစွာ အတွင်းမှာပင် သူမက သူ့ကို မလွှတ်ပေးခဲ့ချေ။ ဝေ့ဝူယင် ဘေးသို့ ချရန် ကြံစည်ချိန်တွင်ပင် သူမက လည်ပင်းကို တင်းကြပ်စွာ ဖက်တွယ်ထားခဲ့သည်။
ဝေ့ဝူယင် ခုတင်ထက်၌ ထိုင်လိုက်ရင်း မိန်းကလေးကို ငုံ့ကြည့်လိုက်၏။ ထို့နောက် အနည်းငယ် ရယ်မောရင်း မေးလိုက်သည်။
“မင်း ငါ့လက်မောင်းထဲမှာပဲ အမြဲနေတော့မလို့လား”
အိကျူးလင်က မျက်လုံးကို ဖွင့်ကာ ဝေ့ဝူယင်ကို မော့ကြည့်လိုက်သည်။ သူမက နှုတ်ခမ်းကလေးကို အနည်းငယ် စူလိုက်သည်။
“ရှင်ပဲ ကျွန်မကို ဒီအတိုင်း ချီထားတာလေ... ကျွန်မက တောင်းဆိုလို့လား”
မိန်းကလေး၏ စကားပြောပုံက အတော်လေး ချစ်စရာကောင်းသည်ဟု ဝေ့ဝူယင် တွေးလိုက်မိ၏။ သူမ၏ ခပ်စူစူ နှုတ်ခမ်းဖူးလေးများကို ကြည့်ရင်း မီးတောက်တစ်ခုက သူ့နှလုံးသား တစ်နေရာတွင် စတင် တောက်လောင် လာသည်။
“ဒါဆိုလည်း ငါတို့ နောက်တစ်တင့် တက်လိုက်ကြတာပေါ့...”
ဝေ့ဝူယင်က နှုတ်ခမ်းကို သပ်ကာ သူမ၏ ခန္ဓာကိုယ်ကို သိမ်းကြုံးကြည့်ရင်း ပြောလိုက်၏။ အိကျူးလင် တစ်ယောက် ရှက်ရွံ့ကာ သူ့ကိုယ်ပေါ်မှ ဆင်းသွားလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း ဆန့်ကျင်ဘက်ပင် သူမက သူ့လည်ပင်းကို ပိုမို တင်းကြပ်စွာ ဖက်လိုက်သည်။
ဝေ့ဝူယင်မှာ မိန်းကလေး၏ တုန့်ပြန်ပုံကြောင့် အံ့သြမိသွား၏။ သူ များများစားစား စဥ်းစားရန် အချိန်မရခင်မှာပင် အိကျူးလင်က ရှေ့သို့ တိုးလာကာ ဝေ့ဝူယင်၏ မျက်နှာကို သူမ နှုတ်ခမ်းကလေးနှင့် ကပ်လျှက် စတင် နမ်းလေတော့သည်။
ဝေ့ဝူယင်မှာ ထိုကဲ့သို့ ဖိတ်ခေါ်မှုမျိုးကို မည်ကဲ့သို့ ငြင်းဆိုလိမ့်မည်နည်း။ သူတို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် တစ်မိနစ်မျှ ကြာအောင် နမ်းရှုံ့နေကြ၏။ နောက်ဆုံး ပြန်လည် ခွဲလိုက်သော အချိန်၌ အိကျူးလင်၏ မျက်လုံးများမှာ ရီဝေယစ်မောနေသည်။ သူမက ထပ်မံ တောင့်တသော အကြည့်မျိုးဖြင့် ဝေ့ဝူယင်ကို ကြည့်နေခဲ့၏။
ဝေ့ဝူယင်က သူမကို ခုတင်ပေါ် ဆွဲလှဲလိုက်ကာ အပေါ်စီးမှ တက်ခွလိုက်သည်။ ထို့နောက် ခပ်ကြမ်းကြမ်းပင် နှုတ်ခမ်းချင်း နမ်းရှုံ့ရင်း သူ၏ လက်များက မိန်းကလေး၏ ခန္ဓာကိုယ် အနှံ့ ကြမ်းတမ်းစွာ ရွေ့လျားသွားတော့၏။ တစ်နေရာသို့ အရောက်၌ သူမ၏ နှလုံးခုန်သံက ပိုမို ကျယ်လောင်လာကာ အသက်ရှူသံများမှာ ပိုမို ကျယ်လောင် လာသည်။
“နေ... နေပါဦး...”
သူမက ဝေ့ဝူယင်၏ လက်ကို အတင်း ပြန်ဆွဲရင်း ရေရွတ်လိုက်၏။ ဝေ့ဝူယင် နမ်းရှုံ့နေရာမှ ရပ်လိုက်ရင်း သူမ မျက်လုံးလေးကို ကြည့်လိုက်သည်။ မိန်းကလေး၏ ရွှေဝါရောင် အသားအရေက အနည်းငယ် နီမြန်းနေကာ ကိုယ်အပူချိန်မှာ အနည်းငယ် မြင့်တက်နေသည်။ သူမက ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများကို ညှိုးနွမ်းစွာ စိုက်ကြည့်ရင်း မေးလိုက်၏။
“ရှင်... ရှင် ကျွန်မ မိဘတွေကို သတ်လိုက်သေးလား...”
"..."
ဝေ့ဝူယင်မှာ ရုတ်တရက် အရှိန်သေသွားသလိုပင် ခံစားလိုက်ရ၏။ သူက ခါးသီးစွာဖြင့် ရယ်မောရင်း ခေါင်းကို ခါလိုက်သည်။
“မသတ်ဘူး...”
အိကျူးလင်၏ မိဘများအား တစ်စုံတစ်ရာ ထိခိုက်မိမည် စိုးရိမ်သဖြင့် သူ မြေအောက်မြို့တော် အတွင်းမှပင် ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ အိကျူးလင်မှာ ဝေ့ဝူယင်၏ အဖြေစကားကြောင့် စိတ်သက်သာရာ ရသွားကာ ပင့်သက် တစ်ချက် ရှိုက်လိုက်၏။
ဝေ့ဝူယင်က သူမကို ကြည့်ရင်း မေးလိုက်သည်။
“စောစောကတော့ မင်းပဲ စခဲ့တာမလား... ခုကျ ငါက မင်း မိဘတွေကို သတ်လား ဆိုပြီး မေးနေပြန်ပြီ... ဘာလို့လဲ”
သူက ခန္ဓာကိုယ်ကို ပြန်ပြင်ကာ မတ်လိုက်ရင်း ခုတင်ထက်တွင် ထိုင်လိုက်၏။ အိကျူးလင်က ပြန်မဖြေချေ။ ထို့အစား သူမမျက်လုံးများက ဝေ့ဝူယင်၏ ဘောင်းဘီထဲမှ တိုးထွက်နေသည့် အဖုအထစ်ဆီကိုသာ ဝေ့ဝဲနေ၏။ သူမ၏ မျက်လုံးများက ပိုမို နီရဲလာကာ အသက်ရှူသံများမှာ စည်းချက် ပျက်လာသည်။
ဝေ့ဝူယင်က သူမကို ကြည့်ကာ ရယ်မောလိုက်၏။ ထိုအခါတွင်မှ အိကျူးလင်၏ ခန္ဓာကိုယ်လေးက တုန်ရီသွားကာ ရှက်ရွံ့သော မျက်နှာနှင့် ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ သူမက ဒေါသထွက်ဟန်နှင့် နှုတ်ခမ်းကလေးကို စူလိုက်၏။
“ရှင် ကျွန်မကို ပြန်ပေးဆွဲလာတာက ကျွန်မကို လိုချင်လို့ မလား... ကျွန်မ ရှင့်ကို မခုခံနိုင်ဘူး... ပြန်ပြီး တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး... အဲဒါကို ကျွန်မ သိတယ်... ရှင့်နေရာမှာ အခြား ကျင့်ကြံသူ တစ်ယောက် ဆိုရင် ရှင်နဲ့ အတူနေမယ့်အစား ကိုယ့်ကိုယ်ကို သတ်သေဖို့ပဲ ကျွန်မ ရွေးလိုက်မှာ”
“ဒါပေမဲ့ ရှင်က ကျွန်မ ခန္ဓာကိုယ်ကို ယူပြီးတာနဲ့ သတ်ပစ်မယ့် လူမျိုး မဟုတ်တာ ကျွန်မ ခံစားလို့ရတယ်... တကယ်လို့ ရှင့်မှာသာ အဲဒီလို အကြံရှိရင် ဟိုသုံ့ပန်းသုံးယောက်နဲ့ ဝေးတဲ့နေရာတစ်ခုကို ခေါ်သွားပြီး ကျွန်မကို နှိုးမှာ မလား... ပြီးရင် စိတ်ကြိုက် ပျော်ပါးပြီး သတ်ပစ်ခဲ့မှာပေါ့... ဘာလို့ ဒီလောက် ခရီးအဝေးကြီးကို အားအကုန်ခံပြီး သယ်လာမှာလဲ... ရှင်က ပုံမှန် ဂန်းရှုတွေ၊ အယ်ဗန်တွေနဲ့ လုံးဝ မတူဘူး”
“ရှင့်မှာ မိန်းကလေးတိုင်း မငြင်းဆန်နိုင်တဲ့ ရုပ်ရည်၊ ပါရမီနဲ့ ခွန်အားတွေ ရှိတယ်... ရှင်က ကျွန်မကို တစ်ညတာ ပျော်ပါးဖို့ထက် ပိုလိုချင်မှတော့ ကျွန်မက ဘာလို့ ငြင်းဆန်ရမှာလဲ... တကယ်လို့ ရှင် ကျွန်မ မိဘတွေကို သတ်ပစ်လိုက်တယ် ဆိုရင်တောင် ကျွန်မ လက်ခံနိုင်တယ်... ရှင့်ကို တစ်သက်လုံး မုန်းတီးနေမှာက လွဲရင်ပါ့လေ”
ဝေ့ဝူယင်မှာ သူမ၏ အတွေးဖြစ်စဥ်ကို နားထောင်ကာ တိတ်ဆိတ်နေခဲ့၏။ သူ ဘယ်လိုလူလဲ ဆိုတာ သိရအောင် သူမက တစ်ချိန်လုံး အိပ်ချင်ယောင် ဆောင်နေခဲ့တာလား။ သူ့ကို စမ်းသပ်နေခဲ့တာလား။
အိကျူးလင်က ပင့်သက်တစ်ချက် ရှိုက်လိုက်၏။
“ရှင့်ဆီကနေ ကျွန်မရဲ့ ကျင့်ကြံခြင်းကို ကန့်သတ်မထားဖို့နဲ့ လိင်ကျွန်တစ်ယောက်ကို မထားဖို့ပဲ ကျွန်မ မျှော်လင့်မိတယ်... ကျွန်မ ရှင့်ရဲ့ ပိုင်ဆိုင်မှုတစ်ခု ဖြစ်ပေးနိုင်တယ်... ဒါပေမဲ့ ကျွန်မ ဘဝကိုလည်း ကျွန်မ လိုချင်တယ်... ဂန်ရှုတစ်ယောက်ကို လက်ထပ်ဖို့ ကျွန်မမှာ ရည်ရွယ်ချက် မရှိဘူး... ဒါပေမဲ့ ကျွန်မ ရှင့်ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး... အဲဒါကိုတော့ ကျွန်မ ကတိပေးနိုင်တယ်”
အိကျူးလင်မှာ စိတ်နှလုံးတစ်ခုလုံး ဒုန်းဒုန်းချခဲ့ပြီး ဖြစ်သည့်တိုင် မာန်မာနကိုတော့ တင်းထားဆဲ ဖြစ်သည်။ သူမက သူမ လိုချင်သည့် အရာများကို ဝေ့ဝူယင်ထံတွင် ခခယယနှင့် တောင်းဆိုခြင်း မပြုပဲ “မျှော်လင့်မိတယ်” နှင့် “လိုချင်တယ်” ဆိုသော စကားလုံးများကိုသာ သုံးသွားခဲ့သည်။
ဝေ့ဝူယင်က ငြင်သာစွာပင် သူမကို ပြုံးလိုက်၏။
“ငါ မင်းကို သဘောကျတယ်”
“ကျွန်မကို သဘောကျတယ်...“
အိကျုးလင်၏ မျက်လုံးလေးများက အနည်းငယ် ဝိုင်းစက်သွားကာ ဝေ့ဝူယင်ကို ကြည့်လိုက်၏။ ရင်ခုန် စိတ်လှုပ်ရှားမှုနှင့် အတူ နားလည်နိုင်ခြင်း အငွေ့အသက် အချို့က သူမ မျက်လုံးများထဲတွင် နေရာယူ လာသည်။ ထိုမျှ ထူးချွန်သော ဂန်းရှုတစ်ယောက်က သူမကဲ့သို့ လူတစ်ယောက်ကို အဘယ်ကြောင့် လိုချင်ရသနည်း။
အိကျင်းလင်မှာ မာနကြီးသည့်တိုင် ကိုယ့်အကန့်အသတ်ကို သိပေသည်။ သူမက မြေအောက်မြို့တော်ထဲတွင် အလှဆုံး မဟုတ်သလို ပါရမီ အမြင့်မားဆုံးလည်း မဟုတ်ချေ။ ဤမဟာငလျင်မြို့တော်ထဲတွင်ပင် သူမထက် အဆပေါင်းများစွာ ပိုမို လှပသည့် မိန်းကလေး မြောက်များစွာ ရှိသည်။ သူတို့နှင့် ယှဥ်ပါက သူမက သာမန် မိန်းကလေး တစ်ယောက်သာ ဖြစ်သည်။
သို့သော်လည်း ဝေ့ဝူယင်ကတော့ နတ်ဘုရားတို့ ဖန်ဆင်းသကဲ့သို့ ရုပ်ရည်နှင့် ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်သည့် ပါရမီမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ လူတိုင်း ဖိန့်ဖိန့်တုန်အောင် ကြောက်ရသည့် မြို့တော်ကြီးကိုပင် မိနစ်ပိုင်းမျှ အတွင်း ချွေးမယို၊ သွေးမထွက် သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်သည်။ ထိုကဲ့သို့ လူမျိုးက အဘယ်ကြောင့် သူမကို သဘောကျရသနည်း။
အိကျူးလင်မှာ အိပ်မက်မက်နေသလိုပင် ခံစားလိုက်ရ၏။ မိစ္ဆာဘုရင်နှင့် သေမျိုး မိန်းကလေး တစ်ယောက် ချစ်ကြိုးသွယ်မိသည့် ပုံပြင်များကို သူမ ငယ်စဥ်က ကြားခဲ့ဖူးသော်လည်း လက်တွေ့ဘဝတွင် တူညီသည့် အဖြစ်အပျက်မျိုး ဖြစ်ပေါ် လာလိမ့်မည်ဟု ထင်မှတ် မထားခဲ့သည်က အမှန်ပင် ဖြစ်သည်။
အတွေးအတွင်း နစ်မြောနေစဥ်မှာပင် လက်တစ်ဖက်က သူမ ခန္ဓာကိုယ်ကို ခပ်ကြမ်းကြမ်း ဆွဲယူကာ ရင်ခွင်တစ်ခု အတွင်း သွင်းလိုက်သလို အိကျူးလင် ခံစားလိုက်ရသည်။ ဘောင်းဘီကြားထဲတွင် ဝှက်ထားသည့် မာကြောသော အရာကြီး တစ်ခုက ခန္ဓာကိုယ် အောက်ပိုင်းကို လာရောက် ပွတ်သပ်လေရာ သူမ၏ ခန္ဓာကိုယ် အသွေးအသားများက တရှိန်းရှိန်း ပူတက်လာသည်။
သူက ရှေ့သို့ တိုးလာကာ နမ်းရှုံ့သော အခိုက်၌ကား သူမ တောင့်မခံနိုင်တော့ချေ။ ယနေ့က အပျိုစင်ဘဝ ဆုံးရှုံးရတော့မည့် နေ့တစ်နေ့ ဖြစ်ကြောင်း သူမ သိရှိလိုက်ချေပြီ ဖြစ်လေတော့သည်။
...
တစ်ညလုံး စိတ်ဆန္ဒ ပြင်းပြစွာဖြင့် တိုက်ပွဲများ အလီလီ ဆင်နွှဲပြီးသည့်နောက်တွင် အယ်ဗန်မျိုးနွယ်ဝင် မိန်းကလေးမှာ မောပန်းကာ အိပ်မက်ကမ္ဘာအတွင်း လွင့်မျောသွားခဲ့ပြီ ဖြစ်သည်။ ခြုံလွှာအောက်၌ သူမ၏ ခန္ဓာကိုယ်လေးက ခြေပစ်လက်ပြစ် အိပ်မောကျနေကာ မျက်နှာထက်တွင် ချိုမြိန်သော အပြုံးတစ်ခု တွဲလွဲခိုနေသည်။ အိပ်မက်ထဲတွင် ဆက်လက် ချစ်ရည်လူးနေသလော မပြောတတ်။
ဝေ့ဝူယင် ခုတင် အစွန်းတွင် ခြေချကာ ထိုင်ရင်း လှပသည့် အယ်ဗန်မျိုးနွယ်ဝင်လေးကို ငေးမောကြည့်လိုက်၏။ သူမ၏ ရွှေဝါရောင် အသားအရည်က တစ်ညအတွင်းမှာပင် အဆများစွာ ပိုမို တောက်ပလာသည်ကို သူ သတိထားလိုက်မိသည်။ သူမ၏ ကြယ်တာရာ ဝိညာဥ်က သက်ဝင်လှုပ်ရှားနေကာ ခန္ဓာကိုယ် အတွင်းရှိ ဆဲနှင့် သွေးကြော တစ်ခုချင်းစီတိုင်းမှာ စွမ်းအင်များနှင့် ပြည့်နှက်နေသည်။
တစ်ညလုံး ပျော်ပါးပြီးနောက်တွင် သူမမှာ ဝေ့ဝူယင်၏ ယန်အမတေများစွာကို ရရှိ ပိုင်ဆိုင်နိုင်ခဲ့သည်။ ဝေ့ဝူယင်၏ ယန်အမတေများမှာ ကြယ်တာရာ ဝိညာဥ်လေးခု၊ အစစ်အမှန် နဂါးသွေးမျိုးဆက်နှင့် ခိုင်မာ သိပ်သည်းလှသော ကျင့်ကြံခြင်း အခြေခံတို့၏ အထောက်အပံ့ကို ရရှိထားရာ အလွန် အာနိသင် ပြည့်ဝလှသည်။ စက္ကန့်တစ်ခုချင်းစီတိုင်း၌ မိန်းကလေး၏ ကျင့်ကြံခြင်း အခြေခံက တိုးမြင့်လာနေကြောင်း သူ ခံစားနိုင်ပေသည်။ မနေ့ညကနှင့် ယှဥ်လျှင် သူမမှာ ရှစ်ဆယ် ရာနှုန်းခန့် အထိ ပိုမို အစွမ်းထက်လာကာ ကြယ်တာရာ အမြုတေမှာလည်း ၁ မီလီမီတာ အရွယ်အစားမှ ၁.၅ မီလီမီတာ အထိ ပိုမို ကြီးမားလာခဲ့သည်။ ထို့အပြင် ၎င်းမှာ ရပ်တန့်မည့်ဟန် လက္ခဏာ မရပဲ တဖြည်းဖြည်းနှင့် ဆက်လက် ကြီးထွားနေဆဲ ဖြစ်သည်။
ဝေ့ဝူယင်မှာ မောပန်းနေသလို ခံစားလိုက်ရ၏။ ပုံမှန်ဆိုလျှင် နှစ်ကိုယ့်တစ်စိတ် ကျင့်ကြံသည့် နည်းလမ်းမှာ နှစ်ဦးနှစ်ဖက်စလုံးကို အကျိုးဖြစ်ထွန်းစေသော်လည်း တစ်ဖက်ရှိ ကျင့်ကြံခြင်း အဆင့်နိမ့်ပါးပါက အကျိုးခံစားခွင့်များမှာလည်း နိမ့်ပါးလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်ပင် သူက သူမ၏ မူလယင်ကို မယူပဲ ပြန်လည် သန့်စင်ကာ သူမထံ ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
၎င်းက အလွန် ခက်ခဲသော ဖြစ်စဥ်တစ်ခု ဖြစ်သည်။ အကယ်၍ သူ့တွင်သာ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ် မရှိပါက ထိုနည်းလမ်းကို အသုံးပြုရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ၎င်းက ဘယ်သူမှ မဖန်တီးဖူးသည့် သူ၏ ကိုယ်ပိုင် နည်းလမ်းတစ်ခု ဖြစ်ပေသည်။
ဝေ့ဝူယင် အိကျူးလင်၏ မျက်နှာလေးကို လက်ဖြင့် ပွတ်သပ်လိုက်၏။ ထိုမိန်းကလေးမှာ တိုင်းပြည်များကို စစ်မက် ဖြစ်ပွားစေနိုင်သည့် အလှပိုင်ရှင်မျိုး မဟုတ်သည့်တိုင် စတင် မြင်တွေ့စဥ် ကတည်းက သူ သဘောကျခဲ့ခြင်း ဖြစ်သည်။ သူ့တွင် သူမကို အတင်းအကြပ် သိမ်းပိုက်ရန် ဘယ်တုန်းကမှ ရည်ရွယ်ချက် မရှိခဲ့ချေ။ အကယ်၍ သူမကသာ သူ့ကို မလိုလားပါက အချုပ်အနှောင်များကို ဖယ်ရှားကာ မြေအောက်မြို့တော် အထိ ဘေးကင်းကင်းနှင့် ရောက်အောင် သူပြန်လည် ပို့ပေးခဲ့မည် ဖြစ်သည်။
ဝေ့ဝူယင် လက်ကို ဖြည်းညင်းစွာ ပြန်ရုတ်လိုက်ရင်း ခုတင်ထက်မှ ထလိုက်၏။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဗလာကျင်းနေသော သူ့ခန္ဓာကိုယ်ထက်တွင် အနက်ရောင် သိုင်းဝတ်စုံတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် တိတ်တဆိတ်ပင် သူ အခန်းထဲမှ ထွက်ခွာလာခဲ့တော့၏။
***