← Chapters

သုံးရောင်ခြယ်နတ်ဘုရားသားရဲပေါက်စ

Vol. 89 Ch. 1243

သုံးရောင်ခြယ်နတ်ဘုရားသားရဲပေါက်စ

Vol. 89 Ch. 1243

"မဖြစ်နိုင်ဘူး....ဒါ လုံးဝမဖြစ်နိုင်ဘူး.....ပိုင်ကျန့်မင်ရှန့်ကတောင် ဒီလိုလုပ်နိုင်ဖို့ အဝေးကြီးလိုတယ်" နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နဲ့ပိုင်ကျန့်မင်ရှန့်က တိုက်ခိုက်ခဲ့ဖူးတယ်။ တစ်ဖက်လူက အလွန်သန်မာပြီး သူက တစ်ဖက်လူအတွက် ပြိုင်ဘက်လုံးဝမဟုတ်ပေမယ့် တစ်ဖက်လူက သူ့ရဲ့စိတ်ဝိညာဥ်ဖျက်ဆီးခြင်းဓားကို  အလွယ်တကူ မချိုးဖြတ်နိုင်ခဲ့ပါဘူး။

စိတ်ဝိညာဉ်ဖျက်ဆီးခြင်းဓားကို လက်နှစ်ချောင်းနဲ့ ညှပ်ဖို့ဆိုတာ ပြောစရာတောင်မလိုတော့ဘူး။

"မင်း ဘယ်သူလဲ"

သူ့မှာ အသုံးမပြုရသေးတဲ့ အသန်မာဆုံးသတ်ဖြတ်ကွက်ရှိသေးပေမယ့် နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က လုံးဝယုံကြည်ချက်မရှိတော့ပါဘူး။

"ဒီလောက်ဆို သေချာပြီ......လီဖူချန်း ရှိနေသရွေ့ ဘာပြဿနာမှ မရှိတော့ဘူး......"

မနီးမဝေးမှ အားပြန်ဖြည့်ပြီးဖြစ်တဲ့နန်ကုန်းမိသားစုရဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေက  လီဖူချန်းကို လေးစားစွာ ကြည့်လိုက်ကြတယ်။

ဟုတ်ပါတယ်၊ ကြည်ညိုလေးစားခြင်းပဲ။

ယခင်က သူတို့က ကြောက်ရွံ့ရိုသေခြင်းသာဖြစ်ပေမယ့် အခု ကြည်ညိုလေးစားမိလာတယ်။

နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ဆိုတာ ဘယ်လိုလူလဲ။ သူက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့ထိပ်တန်းစာရင်းဝင်လေ။ ဒါပေမယ့် လီဖူချန်းရဲ့အရှေ့မှာ သူက ကြက်ကလေးငှက်ကလေးတစ်ကောင်အလား ဖိနှိပ်ခံနေရရှာတယ်။

ကျန့်ရွှယ်လုံရဲ့မျက်နှာက မနာလိုမှု၊ လက်မခံနိုင်မှုတွေနဲ့ အလွန်ရှုပ်ထွေးနေပေမယ့် ကြောက်ရွံ့ရိုသေမှုက ပိုလာတယ်။

သူ ဝန်ခံမခံ သူ့နှလုံးသားထဲမှာ သူက လီဖူချန်းနဲ့ရန်သူမဖြစ်ချင်ဘူးဆိုတာ အမှန်ပါပဲ။

တစ်ဖက်လူက ဒီလောက်တောင် ကြောက်စရာကောင်းနေတာ။

တကယ်တော့ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့အဆင့်၁၅တည်ရှိမှုကို ကြက်ကလေးတစ်ကောင်လို ဖိနှိပ်စေနိုင်တယ်ဆိုတာက လူတိုင်းအတွက် ထိတ်လန့်တုန်လှုပ်စရာပဲလေ။

"ငါ ဘယ်သူလဲ ကိစ္စမရှိဘူး..... မင်း ငါ့ကို ထပ်ပြီး အံ့အားသင့်နိုင်သေးလားဆိုတာပဲ.....စောစောက ဓားကွက်က တကယ်ကောင်းတယ်......အဲထက်သန်မာတာရောရှိသေးရဲ့လား......"

"စိတ်ဝိညာဉ်ဝါးမျိုခြင်းဓားပညာ....."

နတ်ဆိုးစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့အားအကောင်းဆုံးသတ်ဖြတ်ကွက်က စိတ်ဝိညာဉ်ဝါးမျိုခြင်းဓားပညာပါပဲ၊ အဲဒါကို ဖန်တီးဖို့အတွက် သူ့အနေနဲ့ အချိန်အကြာဆုံးယူခဲ့ရတယ်။

ဒီဓားကို ဖော်ထုတ်ဖို့ ကြီးမားတဲ့တန်ဖိုးတစ်ခုကို ပေးချေဖို့ လိုအပ်တယ်၊ ဒါပေမယ့် ၎င်းရဲ့စွမ်းအားကလဲ ဆယ်ဆတိုးလာပါတယ်။

၎င်းကို ဖန်တီးပြီးကတည်းက နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က သုံးကြိမ်ပဲ အသုံးပြုခဲ့တယ်။ သုံးကြိမ်စလုံးမှာ သူက ရန်သူကို သတ်ဖြတ်နိုင်ခဲ့တယ်။ သူက ပိုင်ကျန့်မင်ရှန့်နဲ့ တိုက်ခိုက်တဲ့အချိန်မှာ အဲဒါကို မသုံးမခဲ့ပါဘူး၊ အကြောင်းကတော့ သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုမဟုတ်လို့ပဲ။

သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုဆိုရင် သူက ပိုင်ကျန့်မင်ရှန့်ကိုလဲ သတ်ဖြတ်နိုင်မယ်လို့ နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က ယုံကြည်တယ်။

ဒါပေမယ့် ဒီဓားကွက်အတွက် ပေးချေရတဲ့တန်ဖိုးကလဲ ကြီးမားလွန်းပါတယ်၊ စိတ်ဝိညာဉ်က အမြောက်အများဆုံးရှုံးပေလိမ့်မယ်။

စိတ်ဝိညာဉ်က လူတစ်ယောက်ရဲ့အခြေခံအုတ်မြစ်ဆိုတာ သိရမယ်။ စိတ်ဝိညာဉ်ဒဏ်ရာရသွားတာနဲ့ အတွေးမြန်နှုန်း၊ ထိုးထွင်းသိမြင်မှု ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာအခြေအနေတို့ကို အကြီးအကျယ်သက်ရောက်သွားပေလိမ့်မယ်။

ဒီဓားကွက်ကို အသုံးပြုပြီးတာနဲ့ သူ့စိတ်ဝိညာဉ်ကိုပြန်ကောင်းစေမယ့်နတ်ဘုရားဆေးလုံးတွေ၊ နတ်ဘုရားဆေးပင်တွေ မရနိုင်ရင် သူက အားနည်းတဲ့အခြေအနေတစ်ခုထဲမှာ နှစ်ထောင်ချီကျရောက်နေလိမ့်မယ်လို့ ပြောနိုင်တယ်။

ကြောက်စရာကောင်းတဲ့ဓားစွမ်းအားက နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်မှ မြင့်တက်လာတယ်။ အနက်ရောင်လေလွှာတစ်ခုက နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ထံမှ ထွက်ပေါ်လာတာကို ပကတိမျက်စိနဲ့ မြင်နိုင်တယ်။

ဒီအနက်ရောင်လေက ဓားချီနဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားနဲ့ ပေါင်းစပ်ထားတာပဲ။

"မင်း ငါ့ကို ဖိအားပေးလိုက်တာပဲ"

နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့အသံက ခံစားချက်ကင်းမဲ့စွာ ထွက်ပေါ်လာပြီး လူသေတစ်ယောက်ကို ကြည့်နေတဲ့အလား သူက လီဖူချန်းကို စိုက်ကြည့်လိုက်တယ်။

"အင်း......တစ်ခုခုတော့ ထူးခြားနေပြီ"

လက်ရှိအချိန်မှာ နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားအရှင်သခင်က အနည်းငယ်ကွဲပြားနေတာကို လီဖူချန်းက မြင်တွေ့ခဲ့တယ်။

အနက်ရောင်လေက မြင့်တက်လာနေတုန်းပဲ၊ နောက်ဆုံးမှာ အနက်ရောင်နတ်ဆိုးဓားတစ်လက်အဖြစ် သိပ်သည်းသွားခဲ့တယ်။

ဒီအနက်ရောင်နတ်ဆိုးဓားက ကြောက်စရာကောင်းလှတယ်၊ ဒီနေရာမှာ မရှိသင့်တဲ့ဓားတစ်လက်လိုပဲ။

ဒီဓားထွက်ပေါ်လာတာနဲ့ ကောင်းကင်နဲ့မြေပြင်က မည်းမှောင်သွားပြီး သေရေးရှင်ရေးကာလက ဦးတည်ဘက်တိုင်းကို ပျံ့နှံ့သွားတယ်။

"သေစမ်း"

နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က သူ့ဓားကို ထုတ်လွှတ်လိုက်ပေမယ့် ဒီတစ်ခါမှာတော့ သူ ဓားကိုအသုံးပြုတဲ့နည်းလမ်းက အနည်းငယ်ကွဲပြားတယ်။ နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က အနက်ရောင်နတ်ဆိုးဓားထဲသို့ ပေါင်းစပ်သွားတယ်၊ ပြီးနောက် အနက်ရောင်နတ်ဆိုးဓားက လျှပ်တစ်ပြက်လက်ကာ ချက်ချင်းပျောက်ကွယ်သွားခဲ့တယ်။

"တကယ်ကို လျော့တွက်လို့မရဘူးပဲ" နှစ်ယောက်စလုံးရဲ့ခွန်အားက တူညီနေခဲ့ရင် သူက ဒီဓားကြောင့် ဒဏ်ရာအပြင်းအထန်ရသွားမယ်ဆိုတာ သေချာတယ်လို့ လီဖူချန်းက သူ့ရာသူတွေးလိုက်မိတယ်။

ကံမကောင်းစွာနဲ့ အခု သူက နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ထက် ဆယ်ဆမဟုတ်၊ အဆတစ်ရာပိုသန်မာနေတာလေ။

နှစ်ယောက်ကြားခွန်အားကွာဟချက်က မတိုင်းတာ‌နိုင်လောက်အောင် ကြီးမားလွန်းတယ်။ ဒါကို ကြောက်စရာကောင်းတဲ့အဆုံးစွန်းအဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုလောက်နဲ့ မဖာထေးနိုင်ပါဘူး။

တကယ်တော့ လီဖူချန်းက အဆင့်နိမ့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေကို ဖန်တီးထားခဲ့ရုံသာမက သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ဆယ့်ငါးသန်းကို ရောက်ရှိထားတယ်၊ ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကလဲ အဆင့်၁၀ကို ရောက်ရှိထားတယ်။ နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကို ကြည့်ရင် စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက အများဆုံးနှစ်ဘီလီယံခန့်နဲ့ ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက အဆင့်၇သာ ရှိတယ်။

နတ်ဘုရားစွမ်းအားအညွှန်းကိန်းက နှစ်ဆမြင့်ရင် ခွန်အားက ဆယ်ဆပိုသန်မာတယ်။ လီဖူချန်းရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ထက် ၆..၅ဆပိုမြင့်ပြီး ခွန်အားက နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့၆၅ဆရှိတယ်။

ဘယ်လိုတောင် နှိုင်းယှဉ်ရမလဲ။

လီဖူချန်းက ဆန္ဒရှိရင် နတ်ဘုရားစွမ်းအားတုန်ခါမှုတစ်ခုနဲ့တင် နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ရာကို ‌သေစေနိုင်တယ်။

အနက်ရောင်နတ်ဆိုးဓားက ချက်ချင်းပျောက်ကွယ်သွားပြီး ချက်ချင်း ပြန်ထွက်ပေါ်လာတယ်။

၎င်း ထွက်ပေါ်လာတဲ့အချိန်မှာ လီဖူချန်းရဲ့မျက်ခုံးတွေကြားမှာ ရှိနေပါပြီ။

ပြီးနောက် နောက်ထပ်သွားလို့မရတော့ပါဘူး။

"ဘာ"

အနက်ရောင်နတ်ဆိုးဓားထဲမှာ နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့အသံက ထွက်ပေါ်လာတယ်။

"အရမ်းကောင်းတယ်......ဒီဓားကွက်က တကယ်ကောင်းတယ်.....မင်း အကောင်းဆုံးလုပ်ခဲ့တာပဲ.....ဒါပေမယ့် ကွာဟချက်က ကွာဟချက်ပဲ.....ဖာထေးဖို့ဘယ်လိုလုပ်နိုင်မှာလဲ......" လီဖူချန်းက သူ့ရဲ့ညာလက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ပြီး အနက်ရောင်နတ်ဆိုးဓားထိပ်ကို ပုတ်လိုက်တယ်။

ဖြောက်....

အနက်ရောင်နတ်ဆိုးဓားက ပေါက်ကွဲထွက်သွားပြီး နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က သေဆုံးသွားတော့တယ်။

ဒါပေမယ့် လီဖူချန်းက နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့သားရဲအိတ်နဲ့နေရာလပ်လက်စွပ်ကို မဖျက်ဆီးခဲ့ပါဘူး။

"ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က ဒီလိုနဲ့ သေသွားပြီပေါ့" ကျန့်ရွှယ်လုံက သက်ပြင်းချလိုက်တယ်။

ဘယ်လိုပဲပြောပြော နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့အဆင့်၁၅တည်ရှိမှုလေ၊ အခုတော့ အလွယ်တကူသေသွားရပါလား။

ဒါက နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က လုံလုံလောက်လောက်မသန်မာလို့တော့မဟုတ်ဘူး၊ လီဖူချန်းက သန်မာလွန်းရကာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အဆင့်ကို ကျော်လွန်နေပြီလေ။

စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အထက်မှာ နောက်တစ်ဆင့်ရှိရင် ထိုအဆင့်က လီဖူချန်းပဲ ဖြစ်ရမယ်။

"မင်းတို့ အခြားသူတွေနဲ့ သွားပူးပေါင်းလိုက်....ငါ တောအုပ်ထဲကို ဝင်တော့မယ်" တုံ့ဆိုင်းမနေဘဲ လီဖူချန်းက တောအုပ်ထဲသို့ ဝင်ရောက်သွားခဲ့တယ်။

သစ်တောက အလွန်ကြီးတယ်။ လက်ငါးချောင်းကိုတောင် မမြင်နိုင်ဘူး။ ပတ်ဝန်းကျင်ကို နတ်ဘုရားစွမ်းအားနဲ့ ရှာဖွေနိုင်ပေမယ့် သုံးရောင်ခြယ်နတ်ဘုရားသားရဲက အလွယ်တကူသတိပြုမိသွားပေလိမ့်မယ်။ လီဖူချန်းက စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို ရှာဖွေနေခဲ့တယ်။

အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအဆင့်စိတ်ဝိညာဉ်က သူ့ရဲ့စိတ်ဝိညာဉ်ရှာဖွေမှုအတိုင်းအတာကို အလွန်အမင်းကျယ်ပြန့်စေတယ်။

နေ့တစ်ဝက်မပြည့်ခင်မှာ လီဖူချန်းက သုံးရောင်ခြယ်နတ်ဘုရားသားရဲပေါက်စကို ရှာတွေ့ခဲ့တယ်။

ဒီသုံးရောင်ခြယ်နတ်ဘုရားသားရဲပေါက်စက အလွန်သတိကြီးတယ်။ လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားရွေ့လျားလာတာနဲ့ သူက ကပ်ဆိုက်တော့မယ်ဆိုတာ အာရုံရလာတယ်၊ ဒါပေမယ့် ထိုကပ်ဘေးက ဘယ်‌နေရာကလာသလဲဆိုတာ သူ မသိပါဘူး။

"ဒီနေရာကို လာ"

လီဖူချန်းက သုံးရောင်ခြယ်နတ်ဆိုးသားရဲပေါက်စရဲ့အနီးဝန်းကျင်ကို ရောက်ရှိသွားခဲ့တယ်။

သုံးရောင်ခြယ်နတ်ဆိုးသားရဲက ချက်ချင်းထွက်ပြေးတော့မယ့်အခိုက်မှာ။

လီဖူချန်းရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ဘယ်လောက်အားကောင်းလိုက်သလဲ၊ လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ပိုက်ကွန်တစ်ခုအဖြစ် ယှက်နွယ်သွားပြီး သုံးရောင်ခြယ်နတ်ဘုရားသားရဲကို ဖမ်းမိသွားတော့တယ်။

"နတ်ဘုရားကျောက်တုံးတစ်ဆယ်ထရီလီယံ၊ မဆိုးဘူးပဲ"

နတ်ဘုရားသားရဲပေါက်စက ဘယ်လောက်ပဲ ရှားပါးနေပါစေ၊ ၎င်းရဲ့ခွန်အားက အနာဂတ်မှာ ဘယ်လောက်ပဲ အကူအညီပေးနိုင်ပါစေ၊ သားရဲနတ်ဘုရားဆရာသခင်မဟုတ်သူတွေအတွက်တော့ အသုံးမဝင်ပါဘူး၊ ဒါကြောင့် ၎င်းကို ဆုလာဒ်နဲ့ လဲလှယ်တာ အကောင်းဆုံးပါပဲလေ။

……

"လီဖူချန်း....ငါ ရွာကြီးတစ်ရွာရဲ့အပြင်ဘက်မှာ ရောက်နေတယ်.....စောနဆယ့်ငါးမိနစ်တုန်းက ရွာကြီးထဲမှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ထောင်စုစည်းနေခဲ့တယ်......ဒါပေမယ့် အခု အဲဒီစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေအားလုံးမောင်းထုတ်ခံလိုက်ရပြီ......စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းဝင်အနည်းငယ်ပဲကျန်တော့တယ်.....အထဲက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းဝင်တွေထဲမှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းအဆင့်၃၀ဖြစ်တဲ့ဝါးမျိုခြင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်၊ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းအဆင့်၂၈ဖြစ်တဲ့ဖရိုဖရဲစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်၊ အဆင့်၁၄မီထျန်း၊ အဆင့်၈ပိုင်ကျန့်မင်ရှန့်နဲ့ အဆင့်၅ရှန့်ဟဲတို့ပါတယ်....မင်း ဒီကို မြန်မြန်လာ"

ဒီနေ့မှာ လီဖူချန်းရဲ့ဆက်သွယ်ရေးတိုကင်မှ အသံတစ်သံက ထွက်ပေါ်လာတယ်။

ရွာကြီး၊ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ထောင်၊ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့ထိပ်ဆုံးငါးဆယ်။

ရွာကြီးထဲမှာ သားရဲပေါက်စအမြောက်အများရှိမယ်လို့ မသိစိတ်က လီဖူချန်းကို ပြောပြခဲ့တယ်။

ဒါက လွဲချော်လို့မရဘူး။

နေရာလပ်-အချိန်နတ်ဘုရားစွမ်းအားက ပေါက်ကွဲထွက်သွားပြီး လီဖူချန်းက တည်နေရာရွှေ့ပြောင်းကာ ပျောက်ကွယ်သွားခဲ့တယ်။

ရွာကြီးထဲမှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းဝင်ငါးယောက်က မျက်နှာချင်ဆိုင်နေတယ်။

ပိုင်ကျန့်မင်ရှန့်....ဒီလောက်စောမယ်လို့ ငါ မထင်ထားဘူး....ငါတို့ ပြန်တွေ့ကြပြီပေါ့"

"ဟုတ်တယ်.....မင်းရဲ့ဓားက အရင်ကလို လွှမ်းမိုးနိုင်ပါစေလို့ ငါ မျှော်လင့်တယ်"

"မင်း နောက်ကျရင် တွေ့မှာပါ"

"ဖရိုဖရဲစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်.....မင်းရဲ့နေရာလပ်ဥပဒေသတွေက ငါ့အတွက် အသုံးမဝင်ဘူး......မင်း ငါနဲ့ ရန်သူဖြစ်ချင်တာ သေချာရဲ့လား"

ဝါးမျိုခြင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်၊ ထိပ်တန်းအဆင့်ဥပဒေသဖြစ်တဲ့အမှောင်ဥပဒေသကို ကျွမ်းကျင်တယ်။

ဖရိုဖရဲစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်၊ ထိပ်တန်းအဆင့်ဥပဒေသဖြစ်တဲ့နေရာလပ်ဥပဒေသကို ကျွမ်းကျင်တယ်။

"ကြည့်ရတာ ငါ့အတွက် ယှဉ်ပြိုင်ဘက်မရှိဘူးပဲ" မီထျန်းက ရေရွတ်လိုက်တယ်။

"အမ်.....ဒီ‌နေရာက တော်တော်လေးသက်ဝင်လှုပ်ရှားနေပါလား"

ထူးဆန်းတဲ့အသံတစ်သံက ရွာထဲကို ဝင်ရောက်လာတယ်။

လူတိုင်းက လှည့်ကြည့်လိုက်ရာ လေထဲမှာ လူတစ်ယောက်ထွက်ပေါ်လာတာကို တွေ့လိုက်ရတယ်။

တစ်ချက်ကြည့်ရုံနဲ့ ဒီလူက ဓားနတ်ဘုရားတစ်ယောက်ပဲ။ သူ့ခန္ဓာကိုယ်မှာ ဓားချီအရိပ်အယောင်တစ်ခုက ပျံ့နှံ့နေတယ်။

"မင်း ဘယ်သူလဲ......ထွက်သွားစမ်း"

မီထျန်းရဲ့မျက်လုံးခြောက်လုံးမှသုံးလုံးက ဖျက်ဆီးခြင်းအလင်းတန်းတွေ ပေါက်ကွဲထွက်သွားပြီး အလင်းတန်းတွေက လီဖူချန်းကို ထိမှန်သွားတယ်။

ဒင်း ဒင်း ဒင်း.....

အလင်းတန်းတွေကို မမြင်နိုင်တဲ့ဓားချီအလွှာတစ်ခုက တားဆီးခဲ့တယ်။

ဝှစ်.....

အနက်ရောင်ဓားချီအမျှင်တစ်ခုက ပျံသန်းလာပြီး မီထျန်းရဲ့ရင်ဘက်ကို ထိုးဖောက်သွားခဲ့တယ်။

ဒါက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းအဆင့်၁၄ဖြစ်တဲ့မီထျန်းကို နာကျင်စေခဲ့တယ်။ လီဖူချန်းရဲ့ခွန်အားက ဝါးမျိုခြင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်နဲ့ဖရိုဖရဲစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တို့ရဲ့မျက်နှာကို အရောင်ပြောင်းသွားစေတယ်။ ပိုင်ကျန့်မင်ရှန့်နဲ့ရှန့်ဟဲတို့ရဲ့မျက်ခုံးတွေကတောင် ကျုံ့သွားတယ်။ ဒါက ရက်စက်တဲ့လူတစ်ယောက်ပဲ၊ သူတို့ထက် မနိမ့်ကျတဲ့ ရက်စက်တဲ့လူတစ်ယောက်ပဲ။

"ပိုင်ကျန့်မင်ရှန့်၊ မင်းရဲ့ပြိုင်ဘက်က ရောက်လာပြီ"

ရှန့်ဟဲက ပြောလိုက်တယ်။

ပိုင်ကျန့်မင်ရှန့်က ဓားနတ်ဘုရားတစ်ယောက်ဖြစ်တယ်၊ လီဖူချန်းကလဲ ဓားနတ်ဘုရားတစ်ယောက်ဖြစ်တယ်။

ဓားနတ်ဘုရားနှစ်ယောက်ကြားတိုက်ပွဲက ပိုအန္တရာယ်များပြီးပိုစိတ်လှုပ်ရှားစရာကောင်းတယ်။

ပိုင်ကျန့်မင်ရှန့်က ဘာမှမပြောဘူး၊ တိုက်ခိုက်ရေးစိတ်ဝိညာဉ်က သူ့ထံမှ ဖြာထွက်လာတယ်။

ဓားနတ်ဘုရားနဲ့တိုက်ခိုက်ခြင်းက သူ့အတွက် သင်ယူစရာတွေ ပိုရစေတယ်။

တကယ်တော့ လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ဓားတာအိုရှိတယ်၊ ဓားတာအိုတစ်ခုစီမှာ ၎င်းရဲ့ကိုယ်ပိုင်တစ်မူထူးခြားမှုတွေ ရှိတယ်။ မင်းက အခြားသူတွေရဲ့ဓားတာအိုအနှစ်သာရကို စုပ်ယူပြီး မင်းရဲ့ကိုယ်ပိုင်ထဲသို့ ပေါင်းစပ်နိုင်ရင် မင်းရဲ့ဓားတာအိုက အကြီးအကျယ်တိုးတက်လာပါလိမ့်မယ်။

ဒါပေမယ့် ဒီဓားနတ်ဘုရားရဲ့ခွန်အားက သူနဲ့ တူညီရမယ်ဆိုတာ ကြိုတင်သိထားရမယ်။

ခြားနားချက်က ကြီးမားလွန်းရင် အများကြီးမကူညီနိုင်ပါဘူး။

ဒါပေမယ့် လီဖူချန်းက မီထျန်းကို ဓားချီတစ်ခုနဲ့ နာကျင်စေနိုင်တယ်ဆိုတော့ သူ့ခွန်အားကို သက်သေးပြဖို့ လုံလောက်နေပါပြီ။

အနက်ရောင်ဓားချီက မီထျန်းရဲ့ရင်ဘက်ကို ထိုးဖောက်ပြီး‌နောက် လီဖူချန်းရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ပျံ့နှံ့သွားတယ်။ မကြာမီမှာပဲ သူက ရွာရဲ့အနက်ပိုင်းထဲမှာ သားရဲပေါက်စတစ်စုကို တွေ့ရှိခဲ့တယ်။

ဒါက ပိုင်နက်နတ်ဘုရားသားရဲပေါက်စတစ်စုပဲ။

"အံ့ဩစရာမရှိဘူးပဲ"

လီဖူချန်းရဲ့မျက်လုံး‌တွေက ပျော်ရွှင်ဝမ်းမြောက်သွားတယ်။

ဒီပိုင်နက်နတ်ဘုရားသားရဲပေါက်စအုပ်စုမှာ အဆင့်နိမ့်နတ်ဘုရားသားရဲပေါက်စ၊ အလယ်ဆင့်ပိုင်နက်နတ်ဘုရားသားရဲပေါက်စနဲ့ အဆင့်မြင့်ပိုင်နက်နတ်ဘုရားသားရဲပေါက်စတို့ ပါဝင်တယ်။ ကြိုတင်ခန့်မှန်းချက်အရ စုစုပေါင်းတန်ဖိုးက အလယ်ဆင့်နတ်ဘုရားကျောက်တုံးနှစ်ဆယ်ထရီလီယံနီးပါးကို ရောက်ရှိထားတယ်။

***

All Chapters