← Chapters

ပိုင်ကျန့်မင်ရှန့်

Vol. 89 Ch. 1244

ပိုင်ကျန့်မင်ရှန့်

Vol. 89 Ch. 1244

ဒီနတ်ဘုရားသားရဲပေါက်စအကုန်လုံးကို သူပဲ ပိုင်ဆိုင်ရမယ်လို့ လီဖူချန်းက ဆုံးဖြတ်ခဲ့တယ်။

သူနဲ့ယှဉ်ပြိုင်ချင်တယ်ဆိုရင် အသက်ကိုးသက်ရှိသလား ကြည့်ရတာပေါ့။

ဒါပေမယ့် ဒီမတိုင်ခင် သူက ပိုင်ကျန့်မင်ရှန့်ရဲ့နည်းလမ်းတွေကို မြင်ချင်ခဲ့တယ်။

လီဖူချန်းက နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့နည်းလမ်းတွေကို မြင်ပြီးပါပြီ။ စိတ်ဝိညာဥ်ဖျက်ဆီးခြင်းဓားနဲ့ စိတ်ဝိညာဉ်ဝါးမျိုခြင်းဓားတို့က သူ့ကို ဈာန်ဝင်စားခြင်းအချို့ ပေးခဲ့တယ်။

ပိုင်ကျန့်မင်ရှန့်ရဲ့ခွန်အားက နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ထက် ပိုမြင့်မားတယ်။ သူ့ကို ဈာန်ဝင်စားခြင်းတွေ ပိုမိုယူဆောင်လာပေးမယ်လို့ လီဖူချန်းက သေချာပေါက် ယုံကြည်တယ်။

သူ့မှာ ဈာန်ဝင်စားခြင်းပိုများလေလေ၊ သူက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်အနည်းငယ်ကို ပိုဖန်တီးနိုင်လေပဲ။

သူက အခု အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားနဲ့ သိပ်မကွာတော့ဘူးဆိုတာ သိရမယ်။ အခု သူက ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေကို ပိုဖန်တီးနိုင်တော့ သူ ဆန်းကြယ်နတ်ဘုရားဖြစ်လာတဲ့အခါကျရင် အချိန်အများကြီးသက်သာစေနိုင်တာပေါ့။

ဒါကို စဉ်းစားကြည့်လိုက်ရအောင်၊ တစ်ယောက်‌ယောက်က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအဖြစ် မြှင့်တက်ကာစပဲ ရှိသေးတယ်၊ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်အမြောက်အများက ပေါင်းစပ်ဖို့ စောင့်မျှော်နေတယ်။ ဒါ ဘယ်လိုမြင်ကွင်းတစ်ခုလဲ။

ထိုအချိန်ကျရင် သူက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားကို အလွယ်တကူသတ်ဖြတ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားတယ်။

တကယ်တော့ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအများစုက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်တွေကိုပဲ ပေါင်းစည်းထားကြတာလေ၊ သူတို့အနေနဲ့ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအတတ်‌တွေကို ဖန်တီးရတာ အလွန်ခက်ခဲနေပါသေးတယ်။

ထပ်ပြောရရင် လီဖူချန်းလဲ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးချင်ပါတယ်။

ဒါက မဖြစ်နိုင်တာတော့မဟုတ်ဘူး။ လက်ရှိမှာ မူလအဆုံးစွန်းခုတ်ချက်က အဆုံးစွန်းအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်အဆင့်ကို ရောက်ရှိထားတယ်လေ။

သူက အောင်မြင်ရင် သူ့ခွန်အားက ဆယ်ဆတိုးလာပါလိမ့်မယ်။

"တိုက်ကြတာပေါ့"

ပိုင်ကျန့်မင်ရှန့်က တိုက်ခိုက်ရေးစိတ်ဝိညာဉ်အပြည့်ဖြစ်နေတယ်။

"ကောင်းပြီလေ" လီဖူချန်းက တိုက်ခိုက်ချင်စိတ်မရှိပါဘူး၊ သူက စိတ်ဝင်စားရုံမျှပါပဲ။

ဒါက ပိုင်ကျန့်မင်ရှန့်ကို မကျေမနပ်ဖြစ်စေခဲ့တယ်။

"ပျံသန်းငှက်ဓားချီ"

ပိုင်ကျန့်မင်ရှန့်က လီဖူချန်းရဲ့ခွန်အားကို စမ်းသပ်ချင်ခဲ့တယ်။

လီဖူချန်းက မီထျန်းကို ဓားချီတစ်ခုနဲ့ နာကျင်စေခဲ့ပေမယ့် အဲဒါက မီထျန်းအနေနဲ့ သတိမဲ့လွန်းလို့ပဲ။

ပျံသန်းငှက်ဓားချီ၊ အလွန်ပြောင်းလွယ်ပြင်လွယ်ဖြစ်တယ်၊ ဟင်းလင်းပြင်ကို ဖြတ်ကာ အားနည်းချက်ကို သူ့ရာသူရှာနိုင်တယ်။

"မင်းမှာ ငှက်တစ်ကောင်ရဲ့ဓားချီရှိတယ်ဆိုရင် ငါ့မှာလဲ ပျံသန်းနဂါးတစ်ကောင်ရဲ့ဓားချီရှိတယ်"

လီဖူချန်းက ပျံသန်းနဂါးခုတ်ချက်ချီကို ထုတ်လွှတ်လိုက်တယ်။ နောက်အခိုက်အတန့်မှာ လွှမ်းမ်ိုးနိုင်တဲ့အနက်ရောင်နဂါးဓားချီတစ်ခုက ပျံသန်းနဂါးဓားချီဆီ တစ်ဟုန်ထိုးပြေးဝင်လာတယ်။

ပျံသန်းငှက်ဓားချီက အလွန်ပြောင်းလွယ်ပြင်လွယ်ဖြစ်ပေမယ့် တကယ်တမ်းတော့ ၎င်းက ပျံသန်းနေတဲ့ငှက်တစ်ကောင်ပါပဲလေ၊ ၎င်းက အနက်ရောင်နဂါးတစ်ကောင်နဲ့ရင်ဆိုင်ရတဲ့အခါ လုံးဝမခုံနိုင်ခဲ့ဘူး။

မျက်မှောင်ကြုတ်လျက် ပိုင်ကျန့်မင်ရှန့်က လီဖူချန်းရဲ့ခွန်အားကို ခန့်မှန်းမိခဲ့တယ်။

ရန်သူရဲ့ခွန်အားက အလွန်သန်မာတယ်။ မီထျန်းက ဓားချီကြောင့် ဒဏ်ရာ‌ရသွားတာ မမှားဘူးပဲ။

"ကောင်းကင်ဘုံဓားဂိုဏ်းသို့ပြန်ခြင်း....."

ပိုင်ကျန့်မင်ရှန့်က အဆုံးစွန်းအဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တစ်ခုကို ထုတ်ဖော်ခဲ့တယ်။

အဆုံးစွန်းအဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်ကိုးခုကို ဖန်တီးထားခဲ့တာကြောင့် သူ့မှာ ရွေးချယ်စရာတွေ အများကြီးရှိတယ်။

မမြင်နိုင်တဲ့ဓားချီက သူတို့ရဲ့ဂိုဏ်းသို့ပြန်လာတဲ့ရေစီးကြောင်းတစ်ထောင်ပမာ ပိုင်ကျန့်မင်ရှန့်ထံ စုဆုံလာပြီး ပိုင်ကျန့်မင်ရှန့်ရဲ့ခန္ဓာကိုယ်ပေါ်ရှိဓားချီကို ပိုပိုပြီးကြောက်စရာကောင်းစေခဲ့တယ်။

ယား......

ဓားချီက အကန့်အသတ်အထိ သိပ်သည်းသွားတဲ့အခါ ပိုင်ကျန့်မင်ရှန့်က ဓားကို လီဖူချန်းဆီ ဝှေ့ယမ်းလိုက်တယ်။

ဓားက ထွက်လာပြီး ရွာက အမှောင်ထုနဲ့ ပြည့်နှက်သွားတယ်။

"ထွက်ပေါ်လာပြီ.....ပိုင်ကျန့်မင်ရှန်ရဲ့ဂုဏ်အယူရဆုံးလက်ရာဖြစ်တဲ့ကောင်းကင်ဘုံဂိုဏ်းသို့ပြန်ခြင်းပဲ"

သူတို့က လီဖူချန်း ဘယ်လိုခုခံမလဲကို မြင်ချင်ခဲ့တယ်။

တိုက်ခိုက်ရေးစွမ်းအားအရ ကောင်းကင်ဘုံဓားဂိုဏ်းသို့ပြန်ခြင်းက ပိုင်ကျန့်မင်ရှန့်ရဲ့အဆုံးစွန်းအဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်ကိုးခုထဲမှာ ထိပ်ဆုံးသုံး‌‌ခုထဲ အနည်းဆုံးဝင်တယ်။

"မင်းက ကောင်းကင်ဘုံနဲ့မြေကြီးကြားကနေ ဓားချီကို စုဆောင်းနေတာလား"

လီဖူချန်းက ကောင်းကင်ဘုံဓားဂိုဏ်းသို့ပြန်ခြင်းရဲ့ဆန်းကြယ်မှုကို တစ်ချက်ကြည့်ရုံနဲ့ မြင်ခဲ့တယ်။

ကောင်းကင်ဘုံနဲ့မြေကြီးမှာ ချီရှိတယ်၊ ချီထဲမှာ ဓားချီရှိတယ်ဆိုတာ သဘာဝပါပဲ။

ကောင်းကင်ဘုံဓားဂိုဏ်းသို့ပြန်ခြင်းရဲ့အနှစ်သာရက ချီမှဓားချီကို ထုတ်ယူကာ ၎င်းကိုယ်တိုင်ထဲသို့ ပေါင်းစပ်ပြီး ၎င်းရဲ့တိုက်ခိုက်ရေးစွမ်းအားကို အကြီးအကျယ်တိုးစေခြင်းပါပဲ။

ဒီလိုပြုလုပ်ခြင်းက တိုက်ခိုက်ရေးစွမ်းအားကို သန်မာစေရုံသာမက နတ်ဘုရားစွမ်းအားကိုလဲ သက်သာစေတယ်။

ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တယ်လို့ ဆိုနိုင်တယ်။

"ဒါပေမယ့် ဒီလှည့်ကွက်က ငါလဲ လုပ်နိုင်ပါတယ်"

လီဖူချန်းက သူ့ရဲ့လက်ချောင်းနှစ်ချောင်းကို တစ်ချိန်တည်းမှာ အတူတူမြှောက်လိုက်တယ်၊ ကောင်းကင်ဘုံနဲ့မြေကြီးကြားရှိကြီးမားတဲ့ဓားချီပမာဏတစ်ခုက စုဝေးလာပြီး လီဖူချန်းရဲ့ဓားလက်ချောင်းထဲသို့ ပေါင်းစည်းလာခဲ့တယ်။

ချီ ချီ.....

ဓားချီက မတည်ငြိမ်ဖြစ်နေပြီး မီတာအနည်းငယ်အထိ ပြန့်သွားတယ်။

မီတာအနည်းငယ်ဓားချီက ရွေ့လျားလာပြီး ပိုင်ကျန့်မင်ရှန့်ရဲ့ကောင်းကင်ဘုံဓားဂိုဏ်းသို့ပြန်ခြင်းနဲ့ ပွတ်တိုက်သွားတော့တယ်။

ဖြောက်.....

ပိုင်ကျန့်မင်ရှန့်ရဲ့ကောင်းကင်ဘုံဓားဂိုဏ်းသို့ပြန်ခြင်းက ချက်ချင်း ပျက်ဆီးသွားခဲ့တယ်။

ပိုင်ကျန့်မင်ရှန့်ရဲ့မျက်ခုံးတွေက ကျဉ်းမြောင်းသွားတယ်။ တစ်ဖက်လူရဲ့ကောင်းကင်ဘုံနဲ့မြေကြီးမှဓားချီစုဆောင်းတဲ့နည်းလမ်းက သူ့ထက် ပိုကျွမ်းကျင်တာပဲ။

"ပိုင်ကျန့်မင်ရှန့်က သူ့ရဲ့ပြိုင်ဘက်ကို တွေ့ရတာပဲ" ရှန်ဟဲရဲ့မျက်နှာက ‌လေးနက်လာတယ်။

"တောက်......ဒီကောင်က ဘယ်နေရာကနေ လာတာလဲ"

လီဖူချန်းရဲ့ဓားချီက သူ့ရင်ဘက်ကို ထိုးဖောက်သွားတာကို မြင်ပြီး မီထျန်းက အလွန်အမင်းမကျေမနပ်ဖြစ်ခဲ့တယ်။ အခု ပိုင်ကျန့်မင်ရှန့်လဲ အရေးနိမ့်ခဲ့တာကို မြင်လိုက်ရတဲ့အခါ သူက လီဖူချန်းကို အနည်းငယ်လေးစားအားကျမိတယ်။

"ဟီးဟီး....ဖရိုဖရဲစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်....မင်း ဒီအကွက်ကို ရင်ဆိုင်နိုင်ပါ့မလား" ပြောလိုက်တဲ့သူက ဝါးမျိုခြင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ပဲ။

သူက အမှောင်ဥပဒေသကို ကျွမ်းကျင်တယ်၊ ဒါ‌ကြောင့် သူက  ဘယ်သူ့ကိုမှ မကြောက်ပါဘူး။

တစ်ယောက်ယောက်ရဲ့တိုက်ခိုက်မှုက သူ့အပေါ် ကျရောက်လာတဲ့အခါ သူက အဲဒါကို တိုက်ရိုက်စုပ်ယူနိုင်တယ်၊ ဒါကြောင့် သူက အဆင့်၃၀ပဲရှိတယ်ဆိုတာကို မကြည့်နဲ့၊ လူအနည်းငယ်ကပဲ သူ့ကို ယှဉ်ပြိုင်နိုင်မယ်လို့ သူက ထင်ထားခဲ့တယ်။

"ဒါ ဘယ်လောက်များ ခက်ခဲလို့လဲ....ငါ့ရဲ့နေရာလပ်ဥပဒေသက အမှိုက်မဟုတ်ဘူးကွာ" ဖရိုဖရဲစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က အလွန်ယုံကြည်ချက်ရှိတယ်၊ ထိပ်တန်းအဆင့်ဥပဒေသဖြစ်တဲ့နေရာလပ်ဥပဒေသကို ကျွမ်းကျင်တဲ့အပေါ် သူက အမြဲတမ်းဂုဏ်ယူနေတယ်။

သူတို့နှစ်ယောက်ပြောတာကို ကြားပြီး ရှန်ဟဲက ခေါင်းခါယမ်းလိုက်တယ်။

အမှောင်ဥပဒေသနဲ့နေရာလပ်ဥပဒေသက အားကောင်းပေမယ့် ပြိုင်ဘက်ကင်းမဟုတ်ပါဘူး။ အနည်းဆုံး သူ့မှာ အမှောင်ဥပဒေသနဲ့နေရာလပ်ဥပဒေသတို့ကို ရင်ဆိုင်ဖို့ နည်းလမ်းတစ်ခုရှိတယ်။

"လက်ရှိမှာ ပိုင်ကျန့်မင်ရှန့်က အောက်စီးရောက်နေတယ်၊ သူ ဘယ်လိုအသာစီးပြန်ယူမလဲမသိ" ရှန်ဟဲရဲ့အာရုံက လီဖူချန်းအပေါ် ထပ်မံ‌ကျရောက်လာတယ်။

"သုံးရက်ဓားချီပညာရပ်"

ပိုင်ကျန့်မင်ရှန့်က ဒုတိယမြောက်အဆုံးစွန်းအဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်ကို ထုတ်ဖော်ခဲ့တယ်။

ဓားချီသုံးရောင်က ပိုင်ကျန့်မင်ရှန့်ရဲ့ဓားရှည်မှ ပေါက်ကွဲထွက်လာပြီး လီဖူချန်းဆီ ရွေ့လျားသွားတယ်။

ပိုင်ကျန့်မင်ရှန့်သုံးယောက်က တိုက်ခိုက်နေတာနဲ့ တူတယ်။

"လှိုင်းဂယက်ခုတ်ချက်"

လှိုင်းဂယက်ခုတ်ချက်ချီတစ်ခုကို ထုတ်လွှတ်ခဲ့တယ်၊ ဓားချီက လှိုင်းပမာ တအိအိလှုပ်နေပြီး ဦးတည်ဘက်တိုင်းကို ပျံ့နှံ့သွားတယ်၊ ပိုင်ကျန့်မင်ရှန့်ထုတ်လွှတ်ခဲ့တဲ့ဓားချီသုံးရောင်က ချက်ချင်း လွင့်စင်သွားခဲ့တယ်။

ဓားချီလှိုင်းက ဒေါသူပုန်ထနေတဲ့ပင်လယ်တစ်ခုနဲ့တူတယ်၊ ၎င်းက ပိုင်ကျန့်မင်ရှန့်ထံ ဆက်လက်ရွေ့လျားသွားတယ်။

"ကောင်းကင်ဘုံဓားအစောင့်......."

ပိုင်ကျန့်မင်ရှန့်က ဓားကို မြေပြင်ပေါ်သို့ ထည့်သွင်းပြီးနောက် ကောင်းကင်ကိုမတင်ထားတဲ့ဧရာမဓားတစ်လက်က ထွက်ပေါ်လာပြီး သူ့ကို ကာကွယ်လိုက်တယ်။

အုန်း အုန်း အုန်း......

ဓားခီလှိုင်းတွေက ဧရာမဓားအပေါ် သက်ရောက်သွားတယ်။

ဧရာမဓားက အက်ကွဲသွားတယ်။

"မြင့်မြတ်သန့်စင်သောဓား....."

ပိုင်ကျန့်မင်ရှန့်က ဒေါသထွက်သွားပြီး သူဂုဏ်အယူရဆုံးဓားတာအိုနတ်ဘုရားအတတ်ကို ထုတ်ဖော်ခဲ့တယ်။

ရွှေရောင်ဓားချီရောင်ခြည်တန်းက စွမ်းအားကြီးတယ်၊ ၎င်းက ဓားချီလှိုင်းကို ဆုတ်ဖြဲကာ လီဖူချန်းဆီ တည့်တည့်မတ်မတ်ဝင်ရောက်လာတယ်။

"မြင့်မြတ်သန့်စင်သောဓားထွက်ပေါ်လာပြီ...."

ရှန်ဟဲရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။

သူ အကြောက်ဆုံးက ပိုင်ကျန့်မင်ရှန့်ရဲ့မြင့်မြတ်သန့်စင်သောဓားပါပဲ။

ပြိီးတော့ မြင့်မြတ်သန့်စင်သောဓားက တစ်ကွက်ပြီးနောက်တစ်ကွက်ရှိတယ်။

"စိတ်ဝင်စားစရာပဲ.....မင်းက မင်းရဲ့သတ်ဖြတ်ကွက်ကို ထုတ်သုံးလာပြီပေါ့"

နတ်ဆိုးဓားစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရဲ့သတ်ဖြတ်ကွက်က စိတ်ဝိညာဉ်ဖျက်ဆီးခြင်းဓားနဲ့စိတ်ဝိညာဉ်ဝါးမျိုခြင်းဓားတို့ပါပဲ။

ပိုင်ကျန့်မင်ရှန့်ရဲ့သတ်ဖြတ်ကွက်က ဒီမြင့်မြတ်သန့်စင်သောဓားမှန်းသိသာတယ်။

ဒီအနေအထားကို ကြည့်ရသလောက် မြင့်မြတ်သန့်စင်သောဓားမှာ နောက်ထပ်အကွက်တွေ ရှိမှန်း သိသာတယ်။

ရွှေရောင်ဓားချီရောင်ခြည်တန်းက တစ်စစီဖြစ်သွားပြီး လီဖူချန်းကို ထိခိုက်စေဖို့ ကျရှုံးခဲ့တယ်။

"မြင့်မြတ်သန့်စင်သောဓား၂"

တစ်ကွက်က မလုံလောက်တော့ ပိုင်ကျန့်မင်ရှန့်က ဒုတိယကွက်ကို ထုတ်ဖော်လာတာပေါ့။

ဒီတစ်ခါမှာ ရွှေရောင်ဓားချီရောင်ခြည်တန်းက ပိုသန့်စင်တဲ့ဓားချီရောင်ခြည်တန်းနဲ့ ပေါင်းစပ်သွားခဲ့တယ်။

ဓားချီထဲမှာ ဓားချီရှိတယ်။

အုန်း......

ရွှေရောင်ဓားချီရောင်ခြည်တန်းက ပျက်ဆီးသွားပြန်တယ်၊ လီဖူချန်းက သံနံရံတစ်ခုနဲ့တူတယ်၊ ဘယ်လိုတိုက်ခိုက်မှုကမှ သူ့အပေါ် မထိရောက်တော့ပါဘူး။

"မြင့်မြတ်သန့်စင်သောဓား၃"

ပိုင်ကျန့်မင်ရှန့်က တတိယကွက်ကို ထုတ်ဖော်လိုက်တယ်။ ဒီတစ်ကြိမ်မှာ ၎င်းက ရွှေရောင်ဓားချီရောင်ခြည်တန်းမဟုတ်တော့ဘဲ ရွှေရောင်နဂါးတစ်ကောင်ဖြစ်နေတယ်။

ဓားချီက နဂါးအဖြစ် ပြောင်းလဲသွားတယ်။

"မလုံလောက်ဘူး....စတုတ္ထကွက်ရှိသေးလား" လီဖူချန်းက ထပ်မံဖျက်ဆီးပစ်ခဲ့ပြန်တယ်။

"မြင့်မြတ်သန့်စင်သောဓား၄"

မြင့်မြတ်သန့်စင်သောဓားမှာ စတုတ္ထမြောက်အကွက်ရှိတယ်။ ဒီအကွက်က ပိုင်ကျန့်မင်ရှန့်ရဲ့အသန်မာဆုံးအကွက်ဖြစ်တယ်။

ဓားထွက်ပေါ်လာတာနဲ့ ရွာကြီးက ပျက်ဆီးယိုယွင်းလာပြီး အနက်ရောင်အက်ကြောင်းတစ်ခုက လီဖူချန်းဆီ ပျံ့နှံ့လာတယ်။

ဟုတ်ပါတယ်၊ ဒီဓားကွက်ပုံစံက တကယ်ကို အနက်ရောင်အက်ကြောင်းတစ်ခုပဲ။

"ဒါ ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ" လီဖူချန်းရဲ့စိတ်ထဲမှာ ဈာန်ဝင်စားခြင်းအမြောက်အများရှိလာတယ်၊ ဒီဈာန်ဝင်စားခြင်းတွေက အနာဂတ်မှာ သူ့ဓားတာအိုအမွေအနှစ်ဖြစ်လာလိမ့်မယ်၊ ဆန်းကြယ်နတ်ဘုရားအတတ်တွေကို ဖန်တီးဖို့ သူ့အတွက် ခိုင်မာတဲ့အခြေခံအုတ်မြစ်တစ်ခကို ချပေးနေတာပဲ။

အနက်ရောင်အက်ကြောင်းက ပျောက်ကွယ်သွားပတယ်၊ လီဖူချန်းရှိနေတဲ့ဧရိယာက သံနံရံတစ်ခုအလား ဘယ်အရာကမှ မထိုးဖောက်နိုင်ခဲ့ဘူး။

"အခု ငါ့အလှည့်ပေါ့"

တစ်ဖက်လူရဲ့မြင့်မြတ်သန့်စင်သောဓားမှာ စတုတ္ထကွက်မရှိတာကို လီဖူချန်းက မြင်နိုင်တယ်၊ ဒါက စိတ်မကောင်းစရာတစ်ခုပဲ။

အနက်ရောင်ဓားချီက ပေါက်ကွဲထွက်သွားပြီး လီဖူချန်းက ပိုင်ကျန့်မင်ရှန့်ထံ ဓားတစ်လက်ပို့လွှတ်လိုက်တယ်။

ဒါက သာမန်ဓားတစ်လက်သာဖြစ်ပေမယ့် ပိုင်ကျန့်မင်ရှန့်ကို ကြောက်ရွံ့စေခဲ့တယ်။

"အမတဓားနှလုံးသား......"

ပိုင်ကျန့်မင်ရှန့်က သူ့ရဲ့နတ်ဘုရားခန္ဓာကိုယ်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ကို ထုတ်ဖော်ခဲ့တယ်၊ သူ့ခန္ဓာကိုယ်က ပုံရိပ်ယောင်ဖြစ်လာတယ်။

ဝှစ်.....

အနက်ရောင်ဓားချီက ပိုင်ကျန့်မင်ရှန့်ရဲ့ခန္ဓာကိုယ်ကို ဖြတ်သန်းကာ ပူဖောင်းပိုက်ကွန်တစ်ခုကို ယူထုတ်လာတယ်။ တကယ်တော့ ဒီပူဖောင်းတွေက ပိုင်ကျန့်မင်ရှန့်ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားပါပဲ။

"ဘာ....ငါ့ရဲ့အမတဓားနှလုံးသားကို ချိုးဖြတ်ခဲ့တာလား" ပိုင်ကျန့်မင်ရှန့်က မယုံနိုင်ဘူးဖြစ်နေတယ်။

"ဓားနှလုံးသားပိုင်နက်....."

နောက်ဆုံးမှာ ပိုင်ကျန့်မင်ရှန့်က သူ့ရဲ့ဓားတာအိုပိုင်နက်စိတ်ဝိညာဉ်နတ်ဘုရားအတတ်ကို ထုတ်ဖော်ခဲ့တယ်။

ဟုတ်ပါတယ်၊ ပိုင်ကျန့်မင်ရှန့်ဖန်တီးထားခဲ့တဲ့အဆုံးစွန်းအဆင့််မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားအတတ်တွေကြားမှာ ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်ရှိတယ်။ အဲဒါက သူ့ရဲ့ဝှက်ဖဲပါပဲ။

အခု သူက အများကြီးဂရုမစိုက်နိုင်တော့ဘူး။

"ဒါ ငါ့အတွက်လား" ရှန်ဟဲက စဉ်းစားနေတယ်။

လီဖူချန်းက ပိုင်ကျန့်မင်ရှန့်ကို အကြွင်းမဲ့စွမ်းအားနဲ့ အနိုင်မယူချင်ပါဘူး၊ ဒါကြောင့် သူလဲ သူ့ရဲ့ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်ကို ထုတ်ပြခဲ့တယ်။

"မင်းမှာ ဓားတာအိုပိုင်နက်နတ်ဘုရားအတတ်ရှိသသလို ငါ့မှာလဲ ရှိပါတယ်"

အာကာသတွင်းနက်နဲ့တူတဲ့ဓားပိုင်နက်တစ်ခုက ထွက်ပေါ်လာတယ်။

ဒါပေမယ့် ဒါက အစစ်အမှန်လိုဏ်ဂူတစ်ရာဓားပိုင်နက်ရဲ့အရိပ်အမြွက်မျှပဲ။ သူက လိုဏ်ဂူတစ်ရာဓားပိုင်နက်ကို သူ့ရဲ့ခွန်အားအပြည့်နဲ့ ထုတ်ဖော်လိုက်ရင် ရွာတစ်ခုလုံး ပျက်ဆီးသွားလိမ့်မယ်လေ။

ဖြောက်.....

ပိုင်ကျန့်မင်ရှန့်ရဲ့ဓားနှလုံးသားပိုင်နက်က လိုဏ်ဂူတစ်ရာဓားပိုင်နက်နဲ့ ထိပ်တိုက်တွေ့တဲ့အခါ ချက်ချင်း စုပ်ယူခံလိုက်ရပြီး လိုဏ်ဂူတစ်ရာဓားပိုင်နက်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာတယ်။

"ငါ ရှုံးသွားပြီ......"

ပိုင်ကျန့်မင်ရှန့်က အသက်ကို ရှုသွင်းလိုက်တယ်၊ သူ့မျက်နှာက လက်မခံနိုင်မှုတွေ၊ နားမလည်နိုင်မှုတွေနဲ့ ပြည့်နှက်နေတယ်။

သူ ဘယ်လိုမှ နားမလည်နိုင်ဘူး၊ လီဖူချန်းလိုတည်ရှိမှုတစ်ခုက ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။

ပြန်တွေးကြည့်ရင်း လီဖူချန်းက လုံးဝအလေးအနက်မထားခဲ့ဘူးဆိုတာ သူက ခံစားနိုင်တယ်။

သူ ရှုံးသွားပြီးဆိုမှတော့ ပိုင်ကျန့်မင်ရှန့်က ရွာထဲမှာ ထပ်မနေတော့ပါဘူး။ ဓားအလင်းတစ်ခုလက်သွားပြီး သူက ပျောက်ကွယ်သွားတော့တယ်။

"မင်းတို့က မထွက်သွားသေးဘူးလား"

လီဖူချန်းက ဝါးမျိုခြင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်၊ ဖရိုဖရဲစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်၊ မီထျန်းနဲ့ ရှန်ဟဲတို့ကို ကြည့်လိုက်တယ်။

"မင်းက ငါတို့လေးယောက်ကို မင်းတစ်ယောက်တည်းနဲ့ ယှဉ်ပြိုင်ချင်နေတာလား......မင်းကိုယ်မင်းအရမ်းအထင်ကြီးလွန်းနေပြီ" ဝါးမျိုခြင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်က ပြောလိုက်တယ်။

"ဟုတ်တယ်" ဖရိုဖရဲစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကလဲ ပြောလိုက်တယ်။

"ငါက ပိုင်နက်နတ်ဘုရားသားရဲပေါက်စတစ်ဆယ်ရာခိုင်နှုန်းပဲလိုချင်တာ"

ရှန်ဟဲက ဘာမှမပြောပေမယ့် သူ့အမူအရာအရ သူက မထွက်သွားဘူးဆိုတာ သိသာတယ်။

"ကောင်းပြိီလေ.....မင်းတို့က ကိုယ်တိုင်မထွက်သွားဘူးဆိုမှတော့ ငါ မောင်းထုတ်ပေးရတာပေါ့"

လီဖူချန်းက ရယ်လိုက်တယ်။

"အတင့်မရဲလွန်းနဲ့"

သူတို့လေးယောက်က လီဖူချန်းကို ပူးပေါင်းတိုက်ခိုက်ခဲ့တယ်။

"ဝါးမျိုခြင်းလက်"

"နေရာလပ်ဓားသွား"

"ဖျက်ဆီးခြင်းမျက်လုံး"

"ကမ္ဘာလွှမ်းမိုးခြင်းဓားသွား"

အာကာသတွင်းနက်တစ်ခုပါဝင်တဲ့လက်ကြီးတစ်ဖက်က လီဖူချန်းဆီ ရိုက်ချလာတယ်။

မမြင်နိုင်တဲ့နေရာလပ်ဓားသွားတစ်ခုက လီဖူချန်းကို ခုတ်ပိုင်းလာတယ်။

နောက်၊ ဖျက်ဆီးခြင်းမျက်လုံးနဲ့ကမ္ဘာလွှမ်းမိုးခြင်းဓားသွား။

ဒိအချိန်မှာ ပိုင်ကျန့်မင်ရှန့်နှစ်ယောက်ဆိုရင်တောင် ဒဏ်ရာအပြင်းအထန်ရသွားလိမ့်မယ်လို့ သူတို့လေးယောက်က ယုံကြည်တယ်။

လီဖူချန်းက ပြုံးလိုက်တယ်၊ သူတို့လေးယောက်ရဲ့တိုက်ခိုက်မှုကို လစ်လျူရှုကာ သူ့ရဲ့ညာလက်ကိုထုတ်လိုက်တယ်။

"ဓားသင်္ဂြိုလ်ခြင်း"

အုန်း အုန်း အုန်း......

ကမ္ဘာက တုန်ခါသွားတယ်၊ မရေမတွက်နိုင်တဲ့အနက်ရောင်ဓားအရိပ်တွေက အနက်ရောင်သင်္ချိုင်းကမ္မည်းကျောက်စာတိုင်တွေပမာ သူတို့လေးယောက်ရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့တယ်။

ချက်ချင်းပဲ သူတို့လေးယောက်ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက လုံးဝဗလာဖြစ်သွားတော့တယ်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ရှန်ဟဲအပါအဝင် သူတို့အားလုံးက ခဏတာ ကြက်သေသေသွားတော့တယ်။

"မင်းတို့အခုထိမသွားသေးဘူးလား။ နောက်တစ်ခါဆိုရင် ငါ စိတ်လွတ်ကိုယ်လွတ်သတ်ဖြတ်တော့မှာနော်" လီဖူချန်းက ထူးမခြားနားစွာ ပြောလိုက်တယ်။

ဒါကို ကြားပြီးနောက် သူတို့လေးယောက်က ထွက်ခွာသွားခဲ့တယ်။

ကြွယ်ဝမှုနဲ့ယှဉ်ရင် အသက်က အရေးကြီးဆုံးပါပဲ။

တစ်ချိန်တည်းမှာ သူတို့က အလွန်သိချင်နေမိတယ်၊ ဒီလီဖူချန်းက ဘယ်နေရာက လာတာလဲ၊ ဘာလို့ သူတို့ သူ့ကို အရင်က မကြားခဲ့ဖူးတာလဲ။

"သူ့ခွန်အားနဲ့ဆိုရင် စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့နံပါတ်၁တောင် ကြောက်လန့်နေရလိမ့်မယ်"

ရှန်ဟဲက ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့နံပါတ်၁တည်ရှိမှုကို မြင်ခဲ့ဖူးတယ်။ တစ်ဖက်လူရဲ့ဥပဒေသက ထိပ်တန်းအဆင့်ဥပဒေသဖြစ်တဲ့အလင်းအမှောင်ပါပဲ။ ခွန်အားက သန်မာလွန်းတာကြောင့် သူတောင် မတိုက်ခိုက်ရဲခဲ့ဘူး။

***

All Chapters