← Chapters

အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲ

Vol. 89 Ch. 1246

အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲ

Vol. 89 Ch. 1246

တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားနဲ့နတ်ဘုရားသားရဲစာချုပ်ချုပ်ဆိုပြီးနောက် နတ်ဘုရား‌သားရဲတွေက မြန်မြန်ကြီးထွားချင်ရင် သူတို့ရဲ့အသက်နယ်ပယ်ကို တိုးတက်စေဖို့ နတ်ဘုရားဆေးပင်တွေနဲ့ နတ်ဘုရားဆေးလုံးတွေ လိုအပ်ပြီး အသက်အားပါဝင်နေတဲ့အခြားရတနာတွေကလဲ သူတို့ရဲ့ကြီးထွားမှုကို မြန်ဆန်စေတာကို လီဖူချန်းက သိရှိခဲ့တယ်။

ဒါပေမယ့် ခြားနားချက်ကတော့ နတ်ဘုရားသားရဲတွေက ဂျီးများသူတွေမဟုတ်ဘဲ သူတို့က သာမန်အသက်အားမြှင့်တင်‌ဆေးတွေကိုသာ ဝါးမျိုဖို့ လိုအပ်တယ်၊ အနာမီးက သူတို့အပေါ် သက်ရောက်မှုနည်းနည်းပဲရှိတာလေ။

ဒါပေမယ့် ပိုမြင့်တဲ့နတ်ဘုရားဆေးလုံးတွေရှိရင်တော့ ပိုကောင်းတာပေါ့၊ သူတို့ရဲ့ကြီးထွားမှု ပိုမြန်ဆန်လာရတာပေါ့။

"အရင်စမ်းကြည့်ရမယ်"

အသေးစားလျို့ဝှက်နယ်မြေမပိတ်ခင် ရက်အနည်းငယ်ရှိသေးတယ်။ လီဖူချန်းက အသက်နယ်ပယ်ကို တိုးစေနိုင်တဲ့ဆေးတစ်သုတ်ကို သန့်စင်ဖို့ ရည်ရွယ်ထားတယ်။

ပထမကတော့ ကြယ်သုံးလုံးအလယ်ဆင့်နတ်ဘုရားဆေးဖြစ်တဲ့သွေးပျော်မြေအသက်အားဆေး၊ ပြီးရင် ပုလင်အသက်အားဆေး။

လီဖူချန်းမှာ ဒီနတ်ဘုရား‌ဆေးပစ္စည်းတွေအများကြီးကျန်သေးတယ်။

အရင်ကနဲ့ယှဉ်ရင် လီဖူချန်းရဲ့သန့်စင်ခြင်းအရှိန်က ပိုမြန်တယ်။ တစ်ရက်အတွင်း သူက နတ်ဘုရားဆေးငါးထောင်ကို သန့်စင်ခဲ့တယ်။

နတ်ဘုရားဆေးငါးထောင်ကို ဝါးမျိုပြီးနောက် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားရဲ့အရှိန်အဝါက များစွာတိုးတက်လာတယ်။ ယခင်တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်နဲ့ညီမျှတယ်ဆိုရင် ယခု ၎င်းက အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်နဲ့ ညီမျှတယ်။

"ငါ ပြန်ရောက်တဲ့အခါကျရင် သူ့အတွက် ကြယ်သုံးလုံးအဆင့်မြင့်ဆေးတစ်သုတ်ကို သန့်စင်ပေးရမယ်"

တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားရဲ့တိုးတက်မှုမြန်ဆန်ရတဲ့အကြောင်းပြချက်ကတော့ လီဖူချန်းရဲ့သွေးပျော်မြေအသက်အားဆေးနဲ့ပုလင်းအသက်အားဆေးနှစ်ခုစလုံးက အဆုံးစွန်းအဆင့်တွေလေ။

ဟိန်းသံ.....

ရုတ်တရက် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက လီဖူချန်းရဲ့အဝတ်ကို ကိုက်ကာ ရွာကြီးထဲရှိရွာလေးတစ်ရွာဆီ ဆွဲခေါ်သွားတယ်။

လီဖူချန်းက ဒီရွာလေးဆီ လာခဲ့ဖူးတယ်၊ ပုံမှန်မဟုတ်တာ ဘာတစ်ခုမှ မတွေ့ခဲ့ပါဘူး။

အုန်း.....

တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက ကျောက်တုံးတစ်တုံးကို မလိုက်တယ်၊ တောင်နံရံထဲမှာ အက်ကြောင်းတစ်ခုက ထွက်ပေါ်လာတယ်။

အက်ကြောင်းက လူတစ်ယောက်ပဲ ဝင်နိုင်တဲ့အထိ ကျဉ်းမြောင်းတယ်။

"ငါ ဘာမှ ရှာတွေ့ခဲ့တာ အံ့ဩစရာမရှိဘူးပဲ"

ရွာကြီးထဲမှာ ဒီလိုအက်ကြောင်းတွေ အများကြီးရှိတာလေ၊ တော်တော်များများက သဘာဝအတိုင်း ဖြစ်ပေါ်လာခဲ့ကြတာတွေပဲ။

တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားကို သားရဲအိတ်ထဲသို့ ထည့်ပြီးနောက် လီဖူချန်းက တောင်နံရံရဲ့အက်ကြောင်းထဲသို့ ဝင်ရောက်သွားခဲ့တယ်။

သူက တောင်နံရံထဲမှာ မြုပ်ဝင်သွားမှာကို ကြောက်တဲ့အတွက် လီဖူချန်းက နေရာလပ်-အချိန်နဲ့ တည်နေရာမရွှေ့ပြောင်းရဲခဲ့ပါဘူး။

တစ်နာရီခန့်ကြာပြီးနောက် လီဖူချန်းက အက်ကြောင်းမှ ထွက်ကာ ထူးဆန်းသောရွာတစ်ရွာသို့ ရောက်ရှိလာခဲ့တယ်။

"ဆေးပင်တွေအများကြီးပဲ"

လီဖူချန်းက မှင်တက်သွားတော့တယ်။

ကြယ်သုံးလုံးအဆင့်နိမ့်ထိပ်တန်းအ‌ဆင့်စိတ်ဝိညာဉ်ခြင်ဆီဆေးပင်၊ ကြယ်သုံးလုံးအဆင့်နိမ့်ထိပ်တန်း‌အဆင့်သွေးအမှောင်ဆေးပင်၊ ကြယ်သုံးလုံးအလယ်ဆင့်ထိပ်တန်းအဆင့်ကောင်းကင်ဘုံသစ်သီးဆေးပင်၊ ကြယ်သုံးလုံးအလယ်ဆင့်ထိပ်တန်းအဆင့်သွေးအရိုးဆေးပင်၊ ကြယ်သုံးအဆင့်မြင့်ထိပ်တန်းအဆင့်သွေးထုတ်သစ်သီး၊ ကြယ်သုံးလုံးအဆင့်မြင့်ထိပ်တန်းအဆင့်စိတ်ဝိညာဉ်တစ်ထောင်ပန်း။

အများကြီးပဲ၊ တစ်ရွာလုံးက ထိပ်တန်းအဆင့်ဆေးပင်တွေနဲ့ ပြည့်နေတာပဲ၊ သူတို့အားလုံးက ကြယ်သုံးလုံးဆေးပင်တွေဆိုရင်တောင်မှပေါ့။

ရှုး.....ရှုး....ရှုး.....

ရုတ်တရက် အသံတစ်ခုက သန်မာတဲ့ဖိအားတစ်ခုနဲ့အတူ ထွက်ပေါ်လာတယ်။

ဖြောက်....

မြေပြင်က အက်ကွဲသွားပြီး ကြီးမားတဲ့ဦးခေါင်းတစ်လုံးက ထွက်ပေါ်လာတယ်။

ဒါက ခရမ်းရွှေရောင်မြွေခေါင်းပဲ၊ ၎င်းရဲ့အရှိန်အဝါအရ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်ဆိုတာ သေချာတယ်။

ပြီးတော့ ၎င်းက သာမန်အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်မဟုတ်လောက်ဘူး။

မကြာမီမှာတော့ ဝမ်းဗိုက်အောက်ပိုင်းမှာ ခြေထောက်သုံးဆယ့်ရှစ်ဖက်နဲ့ခရမ်းရွှေရောင်မြွေတစ်ကောင်က ထွက်ပေါ်လာတယ်၊ ၎င်းရဲ့ကျောမှာ ဦးချိုတစ်ချောင်းရှိတယ်။

အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲ-ခရမ်းရွှေရောင်မြေမြွေ။

အသေးစားလျို့ဝှက်ဆန်းကြယ်နယ်မြေထဲမှာ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်နေထိုင်နေတယ်ဆိုတာ တစ်ယောက်မှ မသိပါဘူး။

တစ်ကောင်ပဲရှိတာ တော်သေးလို့ပေါ့။ အများကြီးရှိရင် ဝင်‌လာတဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေအားလုံး သေဆုံးသွားရလိမ့်မယ်။

ရှုး....ရှုး....ရှုး....

ခရမ်းရွှေရောင်မြေမြွေက လီဖူချန်းကို ၎င်းရဲ့ခံစားချက်မဲ့တဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်တယ်၊ ထိုမျက်လုံးတွေထဲမှာ ရက်စက်ခြင်းနဲ့ သတ်ဖြတ်ခြင်းတို့ ပါဝင်နေတယ်။

"ငါလဲ ငါ့ခွန်အားအကန့်အသတ်ကို သိချင်နေတာနဲ့ အတော်ဖြစ်သွားတာပေါ့"

အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်ရဲ့ခွန်အားက ဆန်းကြယ်နတ်ဘုရားအတတ်သုံးခုကိုပေါင်းစပ်ထားတဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်နဲ့ အနည်းဆုံးညီမျှတယ်၊ ဒါက သူ့ကို ပိုအလေးအနက်ဖြစ်စေတယ်။

ခရမ်းရွှေရောင်မြေမြွေက တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်ခဲ့တယ်၊ ခရမ်းရွှေရောင်အမြီးက လီဖူချန်းဆီ ရွေ့လျားလာခဲ့တယ်။

ဝှစ်.....

အနက်ရောင်ဓားချီက မြင့်တက်သွားပြီး ခရမ်းရွှေရောင်မြွေက ဒဏ်ရာရသွားတယ်၊ ၎င်းရဲ့အမြီးပေါ်မှာ ဓားအမှတ်အသားတစ်ခုက တင်ကျန်ရစ်နေတယ်။

"အရမ်းသန်မာပုံလဲမပေါ်ပါလား"

လီဖူချန်းက အနည်းငယ်အံ့အားသင့်သွားတယ်။

သူ့ရဲ့နဝမအဆင့်စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ကြောက်စရာကောင်းလွန်းတယ်ဆိုတာ သူ ဘယ်လိုလုပ်သိမှာလဲ။ ခွန်အားအရ ၎င်းက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအများစုထက် သာလွန်တယ်။ ထပ်ပြောရရင် ဓားတာအိုဥပဒေသက ထိပ်တန်းအဆင့်ဥပဒေသလေ၊ ဒါကြောင့် သူက ခရမ်းရွှေရောင်‌မြေမြွေကို ဓားတစ်ချက်နဲ့ ဒဏ်ရာရစေခဲ့တာပဲ။

ဒါပေမယ့် ဒီဒဏ်ရာလေးလောက်ကတော့ ခရမ်းရွှေရောင်မြေမြွေအတွက် မိုးဖွဲလေးလိုပါပဲ။

လီဖူချန်းရဲ့တိုက်ခိုက်ရေးစိတ်ဝိညာဉ်က အပြည့်ဖြစ်လာတယ်၊ လာစမ်းပါ....

ခရမ်းရွှေရောင်မြေမြွေက ဒေါသထွက်သွားတယ်၊ ၎င်းရဲ့ပါးစပ်ကိုဟကာ ခရမ်းရောင်အလင်းရောင်ခြည်တန်းတစ်ခုကို လီဖူချန်းဆီ ထွေးထုတ်လိုက်တယ်။

"ပျံသန်းနဂါးခုတ်ချက်"

လီဖူချန်းက ဓားကို ဝှေ့ယမ်းလိုက်တယ်၊ အနက်ရောင်နဂါးဓားချီက ထွက်ပေါ်လာတယ်။

ဖြောက်.....

ခရမ်းရောင်အလင်းရောင်ခြည်တန်းက ပြိုကွဲသွားပြီး အနက်ရောင်နဂါးဓားချီက ခရမ်းရွှေရောင်မြေမြွေရဲ့နဖူးကို ခုတ်ပိုင်းလိုက်ကာ ၎င်းရဲ့ဦးခေါင်းက တုန်ခါသွားတော့တယ်။

ခရမ်းရွှေမြေမြွေက  ဉာဏ်ရည်မနိမ့်ပါဘူး၊ သူက အစွမ်းကုန်အားထုတ်ရမယ်၊ သို့မဟုတ်ရင် သူက ဒီလူသားအတွက် ပြိုင်ဘက်မဖြစ်နိုင်ပါဘူး။

ခရမ်းရွှေရောင်အလင်းတန်းတစ်ခုက ခန္ဓာကိုယ်ပေါ်မှာ ဖူးပွင့်လာပြီး ခရမ်းရွှေရောင်အလွှာတစ်ခုက ခရမ်းရွှေရောင်မြေမြွေရဲ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာတယ်။

ဒါက သူ့ရဲ့မွေးရာပါစွမ်းရည်တွေထဲကတစ်ခုဖြစ်တဲ့ခရမ်းရွှေရောင်အကာအကွယ်ပါပဲ။

လီဖူချန်းရဲ့ဓားက ခုတ်ပိုင်းချခဲ့ပေမယ့် ဘေး‌သို့ ချော်ထွက်သွားခဲ့တယ်။

"အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်ဆိုတဲ့အတိုင်းပဲ"

ဒါက လီဖူချန်းအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲနဲ့ရင်ဆိုင်ခဲ့ရတဲ့ပထမဆုံးအကြိမ်ပဲ။ ရန်သူက သူ ထင်ထားတာထက် ပိုသန်မာတယ်။

"ချိုးဖြတ်စမ်း"

မူလအဆုံးစွန်းခုတ်ချက်နဲ့လိုဏ်ဂူတစ်ရာပိုင်နက်ပြီးနောက် လီဖူချန်းက စပ်ကြောင်းမဲ့ခုတ်ချက်ကိုလဲ အဆုံးစွန်းအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအဆင့်အထိ မြှင့်တင်ထားခဲ့တယ်။

အဆုံးစွန်းအဆင့်ရှိအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရာအတတ်တွေရဲ့စွမ်းအားက ပျမ်းမျှအလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအတတ်တွေနဲ့ ယှဉ်နိုင်တယ်။

အလွန်အမင်းသန့်စင်တဲ့မမြင်နိုင်တဲ့ဓားချီတစ်ခုက ခရမ်းရွှေရောင်အကာအကွယ်ကို ချိုးဖြတ်ကာ ခရမ်းရွှေရောင်မြေမြွေကို ဒဏ်ရာရစေခဲ့တယ်။

ရန်သူရဲ့ခံစစ်က ဘယ်လောက်ပဲသန်မာပါ‌စေ၊ ချို့ယွင်းချက်ရှိ‌နေသရွေ့ စပ်ကြောင်းမဲ့ခုတ်ချက်ကို လုံးဝမသီးခြားနိုင်ပါဘူး။

စပ်ကြောင်းမဲ့ခုတ်ချက်က မကြာခဏထွက်ပေါ်လာနေပြီး သွေးတွေက ခရမ်းရွှေရောင်မြေမြွေရဲ့ခန္ဓာကိုယ်မှ စီးထွက်လာတယ်၊ ဓားအမှတ်အသားတွေက ၎င်းခန္ဓာကိုယ်ပေါ်မှာ အပြည့်ပါပဲ။

ဂါး.....

ခရမ်းရွှေရောင်မြေမြွေက စူးစူးဝါးဝါးအော်ဟစ်လိုက်တယ်၊ ရုတ်တရက် ခရမ်းရွှေရောင်အလင်းရောင်ခြည်တန်းတစ်ခုက လီဖူချန်းဆီ တိုက်ခိုက်လာတယ်။

ခရမ်းရောင်အလင်းရောင်ခြည်တန်းနဲ့ယှဉ်ရင် ခရမ်းရွှေရောင်အလင်းရောင်ခြည်တန်းက ပိုအားကောင်းပြီး သေးငယ်တဲ့ခရမ်းရွှေရောင်နေတစ်စင်းနဲ့တူတယ်။

မွေးရာပါစွမ်းရည်-ခရမ်းမြွေတုန်လှုပ်ခြင်း။

အနက်ရောင်ဓားချီကို ကောင်းကင်နဲ့ချိတ်ဆက်ထားပြီး ခရမ်းရွှေရောင်အလင်းရောင်ခြည်တန်းတစ်ခုကို ဓားတစ်ချက်နဲ့ ခွဲဖြတ်သွားခဲ့တယ်။

ဝှစ်.....

ခရမ်းရွှေရောင်မြေမြွေဦးခေါင်းတစ်ဝက်က ခုတ်ပိုင်းသွားခဲ့တယ်။

"ဒါ တကယ်ခက်ခဲတာပဲ" ခရမ်းရွှေရောင်မြေမြွေနေရာမှာ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်နဲ့ အစားထိုးလိုက်ရင် သူက ဒဏ်ရာအပြင်းအထန်ရစေနိုင်လိမ့်မယ်လို့ လီဖူချန်းက ယုံကြည်ချက်ရှိတယ်။ ဒါပေမယ့် ခရမ်းရွှေရောင်မြေမြွေကိုတော့ ဘာမှမလုပ်နိုင်ပါဘူး၊ ၎င်းက ဒဏ်ရာကို လျင်မြန်စွာ ကုသနိုင်တယ်။

ဆန်းကြယ်နတ်ဘုရားစွမ်းအားအရ ခရမ်းရွှေရောင်မြေမြွေက အလွန်ပေါများတယ်၊ သာမန်အဆင့်နိမ့်ဆန်းကြယ်ဘုရားတွေရဲ့အဆတစ်ရာရှိတယ်။

"ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်ကို ရင်ဆိုင်ဖို့ ဆန်းကြယ်နတ်ဘုရားများစွာ လိုအပ်တယ်ဆိုတာ အံ့ဩစရာမလိုဘူးပဲ။ ၎င်းရဲ့နတ်ဘုရားစွမ်းအားကို ကုန်ဆုံးစေဖို့က လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ဘူး" လီဖူချန်းက အခြေခံအားဖြင့် အကောင်းဆုံးလုပ်ဆောင်ခဲ့ပေမယ့် အချိန်တိုအတွင်းမှာ ခရမ်းရွှေရောင်မြေမြွေကို သတ်ဖြတ်ဖို့က မဖြစ်နိုင်ပါဘူး။

"ဒင်းကို သုံးရတော့မှာပေါ့"

အချိန်အတော်ကြာပြီ၊ လီဖူချန်းက စိတ်ဝိညာဉ်ခွဲဖြာဓားကို အသုံးမပြုရသေးပါဘူး။ အကြောင်းကတော့ စိတ်ဝိညာဉ်ခွဲဖြာဓားကို ထုတ်သုံးရလောက်တဲ့အထိ တစ်ယောက်မှ သူ့ကို ဖိအားမပေးနိုင်ခဲ့ဘူးလေ။

စိတ်ဝိညာဉ်ခွဲဖြာဓားက အဆုံးစွန်းအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။ အသက်သွင်းတဲ့အခါ စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားများစွာကို သုံးစွဲပေမယ့် လီဖူချန်းကတော့ မတူပါဘူး။ သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၁၅ဘီလီယံလောက် မြင့်တယ်။ ထပ်ပြောရရင် သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားက နဝမအဆင့်မှာ ရှိကာ အားကောင်းတဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေထက် အားမနည်းပါဘူး။

ဒါကြောင့် စိတ်ဝိညာဉ်ခွဲဖြာဓားကို အသက်သွင်းတဲ့အခါမှာ အခက်အခဲမရှိပါဘူး။

အဆုံးစွန်းအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက ပျမ်းမျှအလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့ ယှဉ်နိုင်တယ်။

စိတ်ဝိညာဉ်ခွဲဖြာဓားကို ကိုင်လျက် လီဖူချန်းက ခရမ်းရွှေရောင်မြေမြွေကို ထပ်မံခုတ်ပိုင်းခဲ့တယ်။

ခရမ်းရွှေရောင်ရွှေမြေမြွေရဲ့ဦးခေါင်းတစ်ဝက်နီးပါးကို ခုတ်ပိုင်းခဲ့တယ်၊ ၎င်းက နာကျင်မှုကြောင့် ဟိန်းဟောက်နေခဲ့ရတယ်။

"ဓားသင်္ဂြိုလ်ခြင်း"

စိတ်ဝိညာဉ်ခွဲဖြာဓားက ကောင်းကင်သို့ ထိုးဖောက်သွားခဲ့ပြီး နောက်အခိုက်အတန့်မှာ အဆုံးမဲ့အနက်ရောင်ဓားအရိပ်တွေက အနက်ရောင်သင်္ချိုင်းကမ္မည်းကျောက်စာတိုင်တွေပမာ ခရမ်းရွှေရောင်မြေမြွေရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ပြီး ၎င်းရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားကို ချေမှုန်းပစ်ခဲ့တယ်။

အနက်‌ရောင်ဓားအရိပ်က အဆုံးမဲ့ဖြစ်တယ်၊ တစ်ခဏကြာပြီးနောက် ခရမ်းရွှေရောင်မြေမြွေကို အနက်ရောင်ဓားအရိပ်က နစ်မြုပ်သွားခဲ့တယ်။

အနက်ရောင်ဓားအရိပ်က ပျောက်ကွယ်သွားတဲ့အခါမှာတော့ ခရမ်းရွှေရောင်‌မြေမြွေက ချီတစ်ခုသာ ကျန်ရစ်ခဲ့ပြီး ၎င်းရဲ့ခန္ဓာကိုယ်ထဲမှာ ဆန်းကြယ်နတ်ဘုရားစွမ်းအားအရိပ်အယောင်တစ်ခုသာ ကျန်ရှိတော့တယ်။

ဟိန်းသံ.....

တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက ပြေးထွက်လာပြီး ခရမ်းရွှေရောင်‌မြေမြွေရဲ့အသားနဲ့သွေးကို စတင်ကိုက်ခဲခဲ့ပြီး ၎င်းရဲ့အသက်အဆီအနှစ်ကို ဝါးမျိုလာတယ်။

နတ်ဘုရားသားရဲတွေက နတ်ဘုရားတွေနဲ့ မတူပါဘူး။ သူတို့က သူတို့ရဲ့ခွန်အားကို မြှင့်တင်ဖို့ အခြားနတ်ဘုရားတွေရဲ့အသားနဲ့သွေးကို ဝါးမျိုကြတယ်။ဒီအနေအထားက အရွယ်အရောက်တဲ့အထိပါပဲ။

"ငါ့ရဲ့လက်ရှိခွန်အားက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်ကို အနိုင်ယူနိုင်ပေမယ့် အချိန်တိုအတွင်းမဖြစ်နိုင်ဘူး။ ငါက ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကိုပဲ မှီခိုရအုံးမယ်" သူ့ရဲ့ကိုယ်ပိုင်ခွန်အား‌အပေါ်  လီဖူချန်းက  တိတိကျကျနားလည်လာတယ်။

ခရမ်းရွှေရောင်မြေမြွေကို သတ်ဖြတ်ပြီးနောက် လီဖူချန်းက နတ်ဘုရားဆေးပင်တွေကို စတင်စုဆောင်းခဲ့တယ်။

ဒီလောက်များတဲ့ထိပ်တန်းအဆင့်နတ်ဘုရားဆေးပင်တွေရှိရင် သူ့အနေနဲ့ ထိပ်တန်းအဆင့်နတ်ဘုရားဆေးတွေကို သန့်စင်ဖို့ လုံလောက်တယ်။

စုဆောင်းပြီးတဲ့အခါမှာ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက လေချဉ်တက်လိုက်တယ်။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက ပိုသန်မာလာတယ်ဆိုတာ လီဖူချန်းက တွေ့ရှိခဲ့တယ်။

"ရှားပါးတဲ့အဆင့်မြင့်ပိုင်နက်နတ်ဘုရားသားရဲပေါက်စတစ်ကောင်ဆိုတဲ့အတိုင်းပါပဲ"

တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားထုတ်ပြခဲ့တဲ့ခွန်အားက ပိုသန်မာလေ၊ လီဖူချန်းက ပိုပျော်လေပါပဲ။ ၎င်းက သူနဲ့ တိုက်ခိုက်နိုင်ဖို့ မကြာတော့ဘူးထင်တယ်။

ဒါပေမယ့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားက ဘယ်လောက်ပဲ အားကောင်းပါစေ၊ မိုမိုကို မယှဉ်နိုင်ပါဘူး။ မိုမိုက ကြယ်သုံးလုံးအဆင့်မြင့်အဆင့်ကို ရောက်ရှိထားပြီး အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားကိုတိုက်ခိုက်နိုင်တဲ့ခွန်အားရှိတယ်၊ ဒါပေမယ့် အဲဒါက အားနည်းတဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေမျှပါပဲ။

နောက်ဆုံးတော့ အသေးစားလျို့ဝှက်နယ်မြေက ပိတ်သွားပြီး လူတိုင်းက ထွက်လာတယ်။

အသေးစားလျို့ဝှက်နယ်မြေအပြင်ဘက်မှာ အင်ပါယာတိုက်ခိုက်ရေးသားရဲမိသားစုတွေရဲ့ဆန်းကြယ်နတ်ဘုရားတွေအားလုံးက စိုးရိမ်တကြီးစောင့်‌နေကြတယ်။

နန်ကုန်းမိသားစုလဲ အတူတူပါပဲ။

ဆန်းကြယ်နတ်ဘုရားသားရဲပေါက်စတွေက အနာဂတ်မှာ အင်ပါယာတိုက်ခိုက်ရေးသားရဲမိသားစုရဲ့‌ကျောရိုးတွေ ဖြစ်လာနိုင်တယ်၊ ဒါကြောင့် တစ်ကောင်နှစ်ကောင်က အရေးမကြီးပေမယ့် အရေအတွက်က အလွန်အရေးကြီးနေပါသေးတယ်။

ဒါကို စဉ်းစားကြည့်ရအောင်၊ ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်က ဆန်းကြယ်နတ်ဘုရားအနည်းငယ်နဲ့ ညီမျှပြီး အားကောင်းတဲ့ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်က ဆန်းကြယ်နတ်ဘုရားဆယ်ယောက်ကျော်နဲ့ ညီမျှတယ်။ ဒီသဘောတရားအရ ဆန်းကြယ်နတ်ဘုရားသားရဲတစ်ရာက ဆန်းကြယ်နတ်ဘုရားတစ်ထောင်နဲ့ ညီမျှတယ်။

ကြယ်လေးလုံးအင်ပါယာသားရဲမိသားစုတစ်ခုထဲမှာ ဆန်းကြယ်နတ်ဘုရားအရေအတွက်က ဒါဇင်အနည်းငယ်သာ ရှိတယ်။

ကြယ်ငါးလုံးအင်ပါယာသားရဲမိသားစုထဲရှိဆန်းကြယ်နတ်ဘုရားအရေအတွက်က ရာအနည်းငယ်ရှိပြီး တစ်ထောင်ကျော်တာ ရှားပါတယ်။

ပိုင်နက်နတ်ဘုရားသားရဲပေါက်စတွေကတော့ ပိုတောင်မယုံနိုင်ဖွယ်ရာပါပဲ။ ဘယ်လိုပိုင်နက်နတ်ဘုရားသားရဲပေါက်စမဆို အဆင့်နိမ့်ပိုင်နက်နတ်ဘုရားသားရဲပေါက်စတစ်ကောင်ဆိုရင်တောင် အရွယ်ရောက်လာတဲ့အခါ အင်ပါယာသားရဲမိသားစုရဲ့ထိပ်တန်းတိုက်ခိုက်ရေးအင်အားစုဖြစ်လာနိုင်တယ်။

ယေဘုယျပြောရရင် ကြယ်လေးလုံးအင်ပါယာသားရဲမိသားစုတွေမှာ ပိုင်နက်နတ်ဘုရားအများဆုံးတစ်ယောက်ဒါမှမဟုတ်နှစ်ယောက်သာရှိပြီး သူတို့က အဆင့်နိမ့်ပိုင်နက်နတ်ဘုရားတွေပါပဲ။ ဒါက ထိပ်တန်းကြယ်လေးလုံးအင်ပါယာသားရဲမိသားစုတွေအတွက်ဖြစ်ပြီး အားနည်းတဲ့ကြယ်လေးလုံးအင်ပါယာသားရဲမိသားစုတွေမှာဆိုရင် ပိုင်နက်နတ်ဘုရားတွေ လုံးဝမရှိနိုင်ပါဘူး။

ကြယ်ငါးလုံးအင်ပါယာသားရဲမိသားစုတွေထဲရှိပိုင်နက်နတ်ဘုရားအရေအတွက်က ပိုများတယ်။ ကြယ်ငါးလုံးအဆင့်နိမ့်အင်ပါယာသားရဲမိသားစုတွေမှာ အဆင့်နိမ့်ပိုင်နက်နတ်ဘုရားငါးယောက်ကျော်ရှိတယ်။ ကြယ်ငါးလုံးအလယ်ဆင့်အင်ပါယာသားရဲမိသားစုတွေမှာ အဆင့်နိမ့်ပိုင်နက်နတ်ဘုရားဆယ်ယောက်ကျော်နဲ့အလယ်ဆင့်ပိုင်နက်နတ်ဘုရားအနည်းငယ်ရှိတယ်။ နန်ကုန်းမိသားစုလို ကြယ်ငါးလုံးအင်ပါယာသားရဲမိသားစုတွေမှာတော့ အဆင့်မြင့်ပိုင်နက်နတ်ဘုရားတွေအပါအဝင် ပိုင်နက်နတ်ဘုရားဒါဇင်ရှိတယ်။ ကြယ်ငါးလုံးထိပ်တန်းအင်ပါယာသားရဲမိသားစုတွေမှာဆိုရင် ပိုင်နက်နတ်ဘုရားဆရာသခင်တစ်ယောက်ရှိတယ်။

တကယ်တော့ ဘယ်လိုပိုင်နက်နတ်ဘုရားသားရဲမဆို ကြယ်ခြောက်လုံးအောက်အင်ပါယာသားရဲမိသားစုတွေအတွက် အလွန်အရေးကြီးတယ်။

တကယ်တော့ ပိုင်နက်နတ်ဘုရားသားရဲတွေက ပိုင်နက်နတ်ဘုရားတွေကို တစ်ယောက်ချင်းအနိုင်ယူနိုင်တယ်လေ။

နန်ကုန်းဖှေးဖန်အနေနဲ့ လီဖူချန်းက အဆင့်မြင့်ပိုင်နက်နတ်ဘုရားသားရဲပေါက်စတစ်ကောင်ကို ယူလာဖို့ မမျှော်လင့်ထားပါဘူး၊ လီဖူချန်းက အဆင့်နိမ့်ပိုင်နက်နတ်ဘုရားသားရဲတစ်ကောင်ကို ယူလာရင် တော်လောက်ပါပြီ။

သူမရဲ့ပိုင်နက်နတ်ဘုရားသွေးမျိုးဆက်က အလွန်အားကောင်းတယ်၊ တစ်ချိန်တည်းမှာ နတ်ဘုရားသားရဲတွေတစ်ကောင်ထက်ပိုပြီးကျွန်ပြုနိုင်တယ်။ လက်ရှိအချိန်မှာ သူမက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှာ ရှိနေပြီး ဒုတိယမြောက်ကျွန်နတ်ဘုရားသားရဲက ပိုင်နက်နတ်ဘုရားသားရဲဖြစ်ဖို့ မျှော်လင့်ထားတယ်။

အခြားသူတွေကလဲ အမျိုးမျိုးတွေးနေကြတယ်။

သူတို့အတွက် ပိုင်နက်နတ်ဘုရားသားရဲပေါက်စတွေက မရနိုင်တဲ့အရာပဲ။ တစ်ကောင်ရရင်တော့ အံ့အားသင့်စရာတစ်ခုပေါ့၊ မရလဲ ပုံမှန်ပါပဲ။ ဒါပေမယ့် သူတို့ရဲ့နှလုံးသားထဲမှာတော့ ပိုင်နက်နတ်ဘုရားသားရဲပေါက်စတစ်ကောင်ရဖို့ မျှော်လင့်မှုတွေရှိနေတာပေါ့။

***

All Chapters