← Chapters

ကမ္ဘာနတ်ဘုရားပုံရိပ်

Vol. 89 Ch. 1247

ကမ္ဘာနတ်ဘုရားပုံရိပ်

Vol. 89 Ch. 1247

အသေးစားလျို့ဝှက်နယ်မြေပိတ်သွားပြီး ပုံရိပ်တွေက ထွက်လာတယ်။

"ဘာလို့ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေ ဒီလောက်နည်းနေရတာလဲ" ပို့လွှတ်လိုက်တဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အရေအတွက်ရဲ့တစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ကျန်ရှိတော့တာကို အင်ပါယာသားရဲကလန်အချို့က တွေ့ရှိခဲ့တယ်။

"ဘယ်လိုအနေအထားပါလိမ့်"

အင်ပါယာသားရဲမိသားစုရဲ့ဆန်းကြယ်နတ်ဘုရားတွေက စတင်မေးမြန်းခဲ့ကြတယ်။

ဒါကို ကြားပြီး ထိုစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေက တစ်လုံးချင်းစီ ပြောပြခဲ့ကြတယ်။

နောက်ဆုံးမှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းပေါ်ရှိစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေက ကြမ်းတမ်းရက်စက်လွန်းပြီး စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အမြောက်အများကို သတ်ဖြတ်ခဲ့တာကို အင်ပါယာသားရဲမိသားစုရဲ့ဆန်းကြယ်နတ်ဘုရားတွေက သိလိုက်ရတယ်။

ခေါင်းခါယမ်းရင်း ဒီအင်ပါယာသားရဲမိသားစု တွေက အကူအညီမဲ့နေတယ်။

ဘာတတ်နိုင်မှာလဲ။

ဒါက သူတို့ရဲ့ကံကြမ္မာပဲလေ။ သူတို့က စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းပေါ်က စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေကို မဖိတ်ခေါ်နိုင်ခဲ့တာကိုး။

လူအချို့က ပျော်ပြီး အချို့က စိုးရိမ်သောကရောက်နေတယ်။

ကြယ်လေးလုံးအင်ပါယာသားရဲမိသားစုတစ်ထောင်ထဲမှာ တော်တော်များများက ပိုင်နက်နတ်ဘုရားသားရဲပေါက်စတွေကို ရရှိခဲ့တယ်။

ဒါက အနာဂတ်ပိုင်နက်နတ်ဘုရားသားရဲတွေနော်။

ပိုင်နက်နတ်ဘုရားသားရဲပေါက်စတွေက အရွယ်ရောက်လာတာနဲ့ သူတို့မိသားစုစွမ်းအားက အကြီးအကျယ်တိုးလာမှာ အသေအချာပါပဲ၊ ကြယ်ငါးလုံးအင်ပါယာသားရဲမိသားစုဖြစ်လာဖို့က မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။

"လီဖူချန်း ၊ မင်း ပိုင်နက်နတ်ဘုရားသားရဲပေါက်စတွေကို ရခဲ့ရဲ့လား" နန်ကုန်းဖှေးဖန်က မျှော်လင့်ချက်အပြည့်ဖြစ်နေတယ်။

"ဒါပေါ့......"

လီဖူချန်းက သားရဲအိတ်တွေအားလုံးကို နန်ကုန်းဖှေးဖန်ထံ လွှဲပေးလိုက်တယ်။

နန်ကုန်းဖှေးဖန်က တစ်ခုပြိးတစ်ခုဖွင့်ကြည်လိုက်တယ်၊ သူမက အံ့အားမသင့်ဘဲမနေနိုင်တော့ပါဘူး၊ သူမက သူမရဲ့မျက်လုံးတွေကို လုံးမမယုံနိုင်ဘူးဖြစ်နေတယ်။

ဒီအချိန်မှာ သူမရဲ့အသက်ရှုသံတွေကတောင်ရပ်တန့်တော့မတတ်ပါပဲ။

ဆန်းကြယ်နတ်ဘုရားသားရဲပေါက်စနှစ်ထောင်ကျော်နဲ့ ပိုင်နက်နတ်ဘုရားသားရဲပေါက်စတစ်ရာ။ ဒါကို ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး၊ ထိတ်လန့်တုန်လှုပ်တာထက်တောင် ကျော်လွန်နေပြီ။

ဆန်းကြယ်နတ်ဘုရားသားရဲပေါက်စနှစ်ထောင်ကျော်နဲ့ ပိုင်နက်နတ်ဘုရားသားရဲပေါက်စတစ်ရာအရွယ်ရောက်လာတာနဲ့ နန်ကုန်းမိသားစုက ဘယ်လောက်ထိအားကောင်းလာမလဲကို နန်ကုန်းဖှေးဖန်က စိတ်ကူးယဉ်နိုင်တယ်။ စန်းလန်မြို့ရဲ့နံပါတ်၁သားရဲမိသားစုနဲ့ သွေးစွန်းတိုက်ကြီးမြောက်ပိုင်းနယ်မြေရဲ့ထိပ်ဆုံးကြယ်ငါးလုံးတော်ဝင်သားရဲမိသားစုငါးစုထဲကတစ်စုဖြစ်လာနိုင်တယ်။ နန်ကုန်းမိသားစုကို ဖိနှိပ်နိုင်တာ ကြယ်ခြောက်လုံးတော်ဝင်သားရဲမိသားစုသာဖြစ်ပြီး ကြယ်ခြောက်လုံးတော်ဝင်သားရဲမိသားစုဆိုရင်တောင် မလွယ်ကူလှဘူး။

အခြားစကားဖြင့်ဆိုရရင် ဆန်းကြယ်နတ်ဘုရားသားရဲတွေနဲ့ပိုင်နက်နတ်ဘုရားသားရဲတွေအရ နန်ကုန်းမိသားစုက အနာဂတ်မှာ မြောက်ပိုင်းရဲ့နံပါတ်တစ်ဖြစ်လာမှာ အသေအချာပါပဲ။

ပြီးတော့ ဒီပိုင်နက်နတ်ဘုရားသားရဲတွေက အနာဂတ်မှာ ကမ္ဘာနတ်ဘုရားသားရဲဖြစ်‌ဖို့ မျှော်လင့်ချက်မရှိမှန်း ဘယ်သူက သိနိုင်မှာလဲ။

နတ်ဘုရားသားရဲတွေရဲ့အဆင့်က မတည်ငြိမ်ပါဘူး။ နတ်ဘုရားသားရဲတစ်ကောင်စီမှာ နတ်ဘုရားသားရဲသွေးမျိုးဆက်အမျိုးစုံပါဝင်တယ်။ အချို့နတ်ဘုရားသားရဲသွေးမျိုးဆက်တွေက နက်နက်ရှိုင်းရှိုင်းဖုံးကွယ်နေတတ်တယ်။ တစ်ကြိမ်နိုးဆွလိုက်တာနဲ့ ပိုမြင့်မားတဲ့အဆင့်တစ်ခုဆီ ဆင့်ကဲပြောင်းလဲဖို့ ဖြစ်နိုင်တယ်။

"မင်း ဒါ ဘယ်လိုတောင် လုပ်ခဲ့တာလဲ" နန်ကုန်းဖှေးဖန်က သူမရဲ့စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ အကောင်းဆုံးကြိုးစားပေမယ့် မတတ်နိုင်ခဲ့ပါဘူး။ မိသားစုရဲ့နံပါတ်တစ်သားရဲဆရာသခင်ပါရမီရှင်တစ်ယောက်အနေနဲ့ သူမက အဆင့်မြင့်ပိုင်နက်နတ်ဘုရားသားရဲပေါက်စကိုတောင် ရွေးချယ်လို့ရပါတယ်။

သူမက ပစ်မှတ်ကိုတောင် သတ်မှတ်ထားပြီးပါပြီ၊ အဲဒါက သုံးရောင်ခြယ်နတ်ဘုရားသားရဲပေါက်စပါပဲ။

ဒီသုံးရောင်ခြယ်နတ်ဘုရားသားရဲပေါက်စက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီလေ။

လီဖူချန်းက ပြောလိုက်တယ်"ငါ မင်းကို ပြောခဲ့တာပဲ၊ ငါနဲ့ ဆိုရင် ဘာကိုမှ စိုးရိမ်စရာမလိုဘူးဆိုပြီးတော့လေ။ ငါ ဘယ်လိုလုပ်ခဲ့သလဲဆိုတော့ ခွန်အားအပေါ်ပဲ မူတည်နေတာပေါ့"

"အစက ငါ မင်းကို ပေးတာ များတယ်လို့တောင် ထင်နေမိတာ၊ အခု နည်းလွန်းနေတာပဲ။ ငါ မင်းရဲ့နစ်နာကြေးကို ယာယီဆယ်ဆတိုးပေးဖို့ ဆုံးဖြတ်ထားတယ်။ ဒီနစ်နာကြေးက လက်ရှိပမာဏရဲ့အနည်းဆုံးဆယ်ဆရှိမယ်ဆိုတာ မင်း စိတ်ချထားလိုက်" နန်ကုန်းဖှေးဖန်က ပြောလိုက်တယ်။

လီဖူချန်းက ပြောလိုက်တယ်"မလိုပါဘူး၊ နန်ကုန်းမိသားစုက ဆုလာဒ်တွေ လုံလုံလောက်လောက်ပေးထားပြီးသားပါ"

မကြာမီမှာပဲ ကျန်ရှိနေတဲ့နန်ကုန်းမိသားစုတွေကလဲ လီဖူချန်းရဲ့ရလဒ်ကို သိရှိသွားခဲ့ကြတယ်၊ သူတို့အားလုံးက အံ့အားသင့်မှုအပြည့်ဖြစ်နေကြတယ်။

"ဟုတ်တယ်၊ သူ့ကို ဘောနပ်သေချာပေါက်ပေးရမယ်"

လူတိုင်းက သဘောတူခဲ့တယ်။

နန်ကုန်းမိသားစုအခုလိုမြင့်တက်နိုင်တာက အဆင့်မြင့်ပိုင်နက်နတ်ဘုရားသားရဲပေါက်စတွေဖြစ်တဲ့ခရမ်းမိုးကြိုးတာဖန်းငှက်နဲ့ရွှေရောင်ခေါင်းသုံးလုံးငှက်တို့ကို ကျွန်ပြုနိုင်ခဲ့လို့ပဲ။

"ငါတို့တွေ ပြန်ရောက်မှပဲ ဒါတွေကို ပြောကြတာပေါ့" နန်ကုန်းမိသားစုကိုဦးဆောင်လာတဲ့အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားက အနည်းငယ်စိုးရိမ်နေတယ်။ လီဖူချန်းက ပိုက်နက်နတ်ဘုရားသားရဲပေါက်စတွေအများကြီးရရှိခဲ့တာ။ ဒီသတင်းထွက်သွားတာနဲ့ နန်ကုန်းမိသားစုက လူတိုင်းရဲ့ပစ်မှတ်ဖြစ်သွားရလိမ့်မယ်၊ ဒါက ‌မကောင်းပါဘူး။

ထင်ထားသလိုပဲ၊ နန်ကုန်းမိသားစုရဲ့ရိတ်သိမ်းမှုကို သိတဲ့ အင်ပါယာသားရဲမိသားစုတစ်စုရှိတယ်။

"နန်ကုန်းမိသားစု၊ မင်းတို့က အရမ်းကြင်နာမှုကင်းမဲ့တာပဲ။ အသေးစားလျို့ဝှက်နယ်မြေထဲမှာ ပိုင်နက်နတ်ဘုရားသားရဲတွေ အများကြီးရှိတာ။ မင်းတို့မိသားစုတစ်စုတည်းကပဲ တစ်ရာထိ ရသွားတယ်။ ငါတို့က ဘယ်လိုလုပ်ရတော့မလဲ" ကြယ်ငါးလုံးအင်ပါယာသားရဲမိသားစုတစ်စုရဲ့ဆန်းကြယ်နတ်ဘုရားတစ်ယောက်က မနာလိုစွာ ပြောလိုက်တယ်၊ အသက်က အလွန်ကျယ်လောင်ကာ လူတိုင်းကို ကြားစေချင်မှန်း သိသာတယ်။

တစ်ဖက်လူဖိတ်ခေါ်ထားတဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေထဲမှာ ပုံရိပ်တစ်ခုရှိတယ်။

မီထျန်းပဲ၊ မီထျန်းလဲ လီဖူချန်းကို မြင်ကာ ပြုံးဖြဲဖြဲလုပ်ပြလိုက်တယ်။

"ငါ ညှာတာလွန်းမိသွားတာပဲ" လီဖူချန်းက ခေါင်းခါယမ်းလိုက်တယ်။ သူတို့ငါးယောက်က သူ့ကို မသတ်တော့ သူက သူတို့ကို မသတ်ခဲ့မိတာပဲ။

ဘာပဲပြောပြော မီထျန်းကို သတ်ဖို့ သူက ဆုံးဖြတ်ခဲ့တယ်၊ တစ်ဖက်လူက နန်ကုန်းမိသားစုကို ဘေးဒုက္ခဖြစ်စေခဲ့တာလေ၊ ဒါက မခွင့်လွှတ်နိုင်စရာပဲ။

"ဘာ၊ ပိုင်နက်နတ်ဘုရားသားရဲပေါက်စတစ်ရာ"

အင်ပါယာနတ်ဘုရားသားရဲမိသားစုအားလုံးက အလွန်အံ့အားသင့်သွားခဲ့တယ်။ စောစောက ပိုင်နက်နတ်ဘုရားသားရဲပေါက်စအနည်းငယ်ရတာနဲ့တင် သူတို့က အားရကျေနပ်နေခဲ့တာ။ အခု သူတို့က နန်ကုန်းမိသားစုနဲ့ လုံးဝမယှဉ်နိုင်ပုံပဲ။

လူတိုင်းက မနာလိုမှုနဲ့အတူ သတ်ဖြတ်ချင်စိတ်ကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ပြလာခဲ့ကြတယ်။

နန်ကုန်းမိသားစုကို ဖျက်ဆီးနိုင်သရွေ့ ပိုင်နက်နတ်ဘုရားသားရဲပေါက်စတွေက သူတို့ဟာပဲ။ ကြယ်လေးလုံးအင်ပါယာသားရဲမိသားစုတွေက မျှဝေခွင့်မရှိပါဘူး၊ သူတို့ကြယ်ငါးလုံးအင်ပါယာသားရဲမိသားစုတွေကပဲ ဒီပိုင်နက်နတ်ဘုရားသားရဲပေါက်စတွေကို အညီအမျှခွဲဝေနိုင်တယ်။

စကားတစ်ကြောင်းတည်းနဲ့ ပတ်ဝန်းကျင်လေထုက သိပ်သည်းပြင်းထန်လာခဲ့တယ်။

"မင်းတို့ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေရတာလဲ" နန်ကုန်းမိသားစုရဲ့ဆန်းကြယ်နတ်ဘုရားတစ်ယောက်က ခိုင်မာစွာ ငြင်းပယ်ခဲ့တယ်။

သူတို့က ဝန်ခံလို့မရဘူး။

နန်ကုန်းမိသားစုက ဘယ်လောက်ပဲသန်မာပါစေ၊ ဒီလောက်များတဲ့အင်ပါယာသားရဲမိသားစုတွေရဲ့စုပေါင်းတိုက်ခိုက်မှုကို ဘယ်ယှဉ်နိုင်မှာလဲ။

"နန်ကုန်းမိသားစု၊ ဖုန်းကွယ်ဖို့ မကြိုးစားနဲ့။ ရုံမိသားစုဖိတ်ခေါ်ခဲ့တဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ကလဲ အဲဒီရွာကြီးထဲမှာ ပိုင်နက်နတ်ဘုရားသားရဲပေါက်စတွေနေထိုင်တာကို တွေ့ခဲ့တယ်။ မင်းတို့တွေ အဲဒါ‌ တွေကို လွှဲပေးမယ်ဆိုရင်တော့ အသက်ရှင်ဖို့ အခွင့်အရေးရှိမှာပါ။ မဟုတ်လို့ကတော့ မင်းတို့တွေ သေရင်တောင် သင်္ဂြိုလ်ဖို့နေရာရှိမှာမဟုတ်ဘူး" ရုံမိသားစုရဲ့ဆန်းကြယ်နတ်ဘုရားတစ်ယောက်က ခြိမ်းခြောက်ခဲ့တယ်။

ရုံမိသားစုရဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေထဲမှာ ဖရိုဖရဲစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်ရှိနေတယ်။

"ပိုင်နက်နတ်ဘုရားသားရဲပေါက်စတွေကို လွှဲပေးမလား ဒါမှမဟုတ် အသတ်ခံမလား"

သူတို့က ပိုင်နက်နတ်ဘုရားသားရဲပေါက်စအနည်းငယ်ပဲ ရရှိခဲ့တဲ့အတွက် ရုံမိသားစုက အလွန်မနာလိုဖြစ်နေတယ်။

"ဒိလူတွေက တကယ်ကို အရှက်မရှိတာပဲ" နန်ကုန်းဖှေးဖန်က ဒေါသတကြီးပြောလိုက်တယ်။

"ငါ မင်းတို့ကို အသက်ဆယ်ခါရှုချိန်ပေးမယ်" ဆန်းကြယ်နတ်ဘုရားတစ်ယောက်က အော်လိုက်တယ်။

"တစ်"

"နှစ်"

……

"ခုနှစ်"

"ရှစ်"

အသက်ဆယ်ခါရှုချိန်ပြည့်ခါနီးမှာ နန်ကုန်းမိသားစုကိုဦး‌ဆောင်လာတဲ့အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားက သားရဲအိတ်ကို ရုတ်တရက် ပုတ်လိုက်တယ်၊ ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်က ထွက်ပေါ်လာတယ်။

"နေရာလပ်ကူးပြောင်းခြင်း"

နေရာလပ်အားတစ်ခုက နန်ကုန်းမိသားစုရဲ့ဆန်းကြယ်နတ်ဘုရားနဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တွေအားလုံးကို လွှမ်းခြုံသွားပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားခဲ့တယ်။

"‌‌တောက်၊ ဒါ နေရာလပ်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်ပဲ၊ လိုက်ကြစမ်း"

နေရာလပ်သွေးမျိုးဆက်ရှိတဲ့နတ်ဘုရားသားရဲတွေက အလွန်ရှားတယ်၊ မွေးရာပါထိပ်တန်းအဆင့်ဥပဒေသတွေကိုလေ့ကျင့်ထားတဲ့နတ်ဘုရားတွေလိုပါပဲ။

တစ်ခဏကြာပြီးနောက် နန်ကုန်းမိသားစုနဲ့သူ့အဖွဲ့က ပိုင်နက်နတ်ဘုရားသားရဲလျို့ဝှက်ဆန်းကြယ်နယ်မြေရဲ့ထွက်ပေါက်သို့ ရောက်ရှိလာခဲ့တယ်။

ချက်ချင်းပဲ လူတိုင်းက ပိုင်နက်နတ်ဘုရားသားရဲလျို့ဝှက်ဆန်းကြယ်နယ်မြေမှ ပြေးထွက်လာခဲ့တယ်။

ဒါပေမယ့် အပြင်ဘက်ရှိမြင်ကွင်းက အထဲကထက်တောင် အန္တရာယ်ပိုများတယ်။ နန်ကုန်းမိသားစုက ပိုင်နက်နတ်ဘုရားသားရဲတစ်ရာရရှိထားတာက်ို ဆယ်သွယ်မှုတွေရရှိထားတဲ့အဓိကအင်ပါယာသားရဲမိသားစုတွေရဲ့ပိုင်နက်နတ်ဘုရားတွေက သိထားပြီးပါပြီ။ သူတို့က နန်ကုန်းမိသားစုကို ဝိုင်းထားလိုက်တယ်။

“

"မင်းတို့က အားလုံးကို သတ်မှာလား"

နန်ကုန်းမိသားစုရဲ့ပိုင်နက်နတ်ဘုရားတစ်ယောက်က အေးစက်စွာ ပြောလိုက်တယ်။

မင်းတို့တွေ ပိုင်နက်နတ်ဘုရားသားရဲပေါက်စတွေကို လွှဲပေးတာနဲ့ အားလုံးအဆင်ပြေမှာပါ"

"ဟုတ်တယ်၊ ပိုင်နက်နတ်ဘုရားသားရဲပေါက်စတွေအားလုံးကို လွှဲပေးလိုက်၊ အဲဒါဆိုရင် မင်းတို့ကို အသက်ချမ်းသာပေမယ်"

ပိုင်နက်နတ်ဘုရားတွေအားလုံးရဲ့စကားတွေက သတ်ဖြတ်ခြင်းဆန္ဒတွေနဲ့ ပြည့်နေတယ်။

"မဖြစ်နိုင်ဘူ၊ ငါတို့နန်ကုန်းမိသားစုက အများဆုံးပိုင်နက်နတ်ဘုရားသားရဲ‌ပေါက်စငါးဆယ်ပဲ ပေးနိုင်တယ်"

"ငါးဆယ်၊ ငါတို့ကို သူတောင်းစားတွေလို့ ထင်နေတာလား"

"ဟုတ်တယ်၊ အားလုံးပေးရမယ်"

"သတ်၊ သူတို့နဲ့အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့တော့"

ပိုင်နက်နတ်ဘုရားသားရဲအများစုက စတင်တိုက်ခိုက်တော့မှာကို မြင်ပြီး နန်ကုန်းမိသားစုကိုဦးဆောင်လာတဲ့ပိုင်နက်နတ်ဘုရားက တိုကင်တစ်ခုကို ရုတ်တရက်ယူထုတ်ကာ အသက်သွင်းလိုက်တယ်။

နောက်အခိုက်အတန့်မှာ နတ်ဘုရားနဲ့တူတဲ့ပုံရိပ်တစ်ခုက ထွက်ပေါ်လာတယ်။ ဒီပုံရိပ်က ကြီးမားလွန်းပြီး သက်လတ်ပိုင်းလူတစ်ယောက်နဲ့ တူတယ်။

"အားလုံးပဲ၊ ငါ၊ နန်ထျန်းကမ္ဘာနတ်ဘုရားကို မျက်နှာသာပေးတဲ့အနေနဲ့ အမြန်ဆုံးထွက်သွားပေးပါ"

သက်လတ်ပိုင်းပုံရိပ်ရဲ့အသံက မိုးခြိမ်းသံအလား ပြောလိုက်တယ်။

"ဘာ၊ ကမ္ဘာနတ်ဘုရားလား"

လူတိုင်းက အလွန်အံ့အားသင့်သွားကြပြီး ချက်ချင်းရပ်တန့်လိုက်ကြတယ်။

ကမ္ဘာနတ်ဘုရားတွေက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာရဲ့ထိပ်ဆုံးစွမ်းအားရှင်တွေဖြစ်ကြတယ်၊ ပိုင်နက်နတ်ဘုရားတွေ ဒီနေရာမှာ ဘယ်လောက်ပဲရှိရှိ၊ သူတို့က ကမ္ဘာနတ်ဘုရားရဲ့တိုက်ခိုက်မှုကို လုံးဝမရပ်တန့်နိုင်ပါဘူး။

နန်ကုန်းမိသားစုက ကမ္ဘာနတ်ဘုရားတစ်ယောက်နဲ့ ချိတ်ဆက်ထားမယ်လို့ သူတို့က မမျှော်လင့်ထားခဲ့ဘူး။

"ဒါက ကမ္ဘာနတ်ဘုရားရဲ့ပုံရိပ်တစ်ခုမျှပဲ၊ မကြောက်နဲ့" ပိုင်နက်နတ်ဘုရားတစ်ယောက်က ကျာ်လောင်စွာ ပြောလိုက်တယ်။

ဒါကိုကြားပြီး ကမ္ဘာနတ်ဘုရားပုံရိပ်က ထိုပိုင်နက်နတ်ဘုရားကို စိုက်ကြည့်လိုက်တယ်၊ ချက်ချင်းပဲ ကမ္ဘာနတ်ဘုရားက ဖယောင်းတိုင်တစ်ခုပမာ လုံးဝအရည်ပျော်ကျသွားပြီး သူ့စိတ်ဝိညာဉ်က ပျက်ဆီးသွားတော့တယ်။

အကြည့်တစ်ချက်နဲ့ ပိုင်နက်နတ်ဘုရားက သေသွားခဲ့တယ်။

ပြီးတော့ ဒါက ကမ္ဘာနတ်ဘုရားရဲ့ပုံရိပ်မျှပဲနော်။

ကမ္ဘာနတ်ဘုရားအစစ်အမှန်ဆိုရင် ဘယ်လောက်တောင်ကြောက်စရာကောင်းနေမှာလိမ့်။

"ငါ ပြောသားပဲ၊ ငါ့ကို မျက်နှာသာပေးပါလို့" နန်ထျန်းကမ္ဘာနတ်ဘုရားပုံရိပ်က ထူးမခြားနားစွာ ပြောလိုက်တယ်။

***

All Chapters