← Chapters

ရက်ရက်ရောရောပေးခြင်း

Vol. 89 Ch. 1248

ရက်ရက်ရောရောပေးခြင်း

Vol. 89 Ch. 1248

အင်ပါယာသားရဲမိသားစုတွေရဲ့ပိုင်နက်နတ်ဘုရားတွေက မှင်တက်သွားကြတယ်။ သူတို့ထဲမှာ လက်တစ်ဆုပ်စာလောက်ကပဲ ကမ္ဘာနတ်ဘုရားတွေကို မြင်ဖူးကြတာလေ။

သူတို့ရဲ့အမြင်အရ ကမ္ဘာနတ်ဘုရားက ဘယ်လောက်ပဲသန်မာနေပါစေ၊ ၎င်းက သန်မာတဲ့ခန္ဓာကိုယ်တစ်ခုသာဖြစ်တယ်၊ ကမ္ဘာနတ်ဘုရားပုံရိပ်တစ်ခုက ပိုင်နက်နတ်ဘုရားဆရာသခင်နဲ့ ယှဉ်ပြိုင်နိုင်လောက်တဲ့အထိ မသန်မာဘူးပေါ့။

ဒါပေမယ့် အခု သူတို့က မှားယွင်းမှန်း သိသွားကြပြီ။

ကမ္ဘာနတ်ဘုရားရဲ့စွမ်းအားကို သာမန်အာရုံလောက်နဲ့ ဖော်ပြလို့မရဘူး။ ၎င်းက ကမ္ဘာနတ်ဘုရားပုံရိပ်တစ်ခုမျှဆိုရင်တောင် စွမ်းအားက သူတို့စိတ်ကူးနိုင်တာမျိုး မဟုတ်ဘူး။

အားကောင်းတဲ့ပိုင်နက်နတ်ဘုရားတစ်ယောက်ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သတ်ဖြတ်နိုင်တာကို စဉ်းစားကြည့်ရင် သိသာပါတယ်။

ပိုင်နက်နတ်ဘုရားဆရာသခင်လာရင်တောင် သူတို့က ကမ္ဘာနတ်ဘုရားပုံရိပ်ရဲ့တိုက်ခိုက်မှုကို မခုံနိုင်ဘူးဆိုတာ လူတိုင်းက သေချာတယ်။

သွေးစွန်းတိုက်ကြီးမှာ ကြယ်ငါးလုံးဂိုဏ်းတွေမရေမတွက်နိုင်လောက်အောင်ရှိပြီး ကြယ်ခြောက်လုံးဂိုဏ်းအနည်းငယ်ပဲရှိတာ အံ့ဩစရာမရှိဘူးပဲ။

အကြောင်းကတော့ ကမ္ဘာနတ်ဘုရားဖြစ်ဖို့က ခက်ခဲလွန်းတယ်။ သူတို့က ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကလက်ခံနိုင်တဲ့အကန့်အသတ်ကို ရောက်ရှိ‌ထားပြီး ၎င်းအထက်တည်ရှိမှုတွေကတော့ မဟာချီလီယိုခါဇန်နတ်ဘုရားကမ္ဘာတွေမှာပဲ တည်ရှိနိုင်တယ်။

ကမ္ဘာနတ်ဘုရားပုံရိပ်ရဲ့တည်ရှိမှုက လူတိုင်းကို တုန်လှုပ်သွားစေတယ်၊ တစ်ယောက်မှ မလှုပ်ရဲတော့ဘူး၊ ကမ္ဘာနတ်ဘုရားပုံရိပ်ရဲ့အာရုံကို ဆွဲဆောင်မိသွားမှာကို သူတို့က ကြောက်ရွံ့နေမိတယ်။

တစ်ချိန်တည်းမှာ သူတို့က အလွန်ဗဟေဠိဖြစ်နေတယ်၊ ဘယ်အချိန်တုန်းက နန်ကုန်းမိသားစုက ကမ္ဘာနတ်ဘုရားတစ်ယောက်နဲ့ ပတ်သက်ခဲ့တာလဲ။

တစ်ချိန်တည်းမှာ သူတို့က အလွန်မနာလိုဖြစ်တယ်။ နန်ကုန်းမိသားစုက ကမ္ဘာနတ်ဘုရားကို ဘယ်လိုပဲသိပါစေ၊ အနည်းဆုံးတော့ အခုကစပြီး ဘယ်ဂိုဏ်းမှ နန်ကုန်းမိသားစုကို ရန်မစရဲတော့ပါဘူး။

ပြီးတော့ နန်ကုန်းမိသားစုမှာ ပိုင်နက်နတ်ဘုရားသားရဲတစ်ရာရှိတယ်၊ မဝေးတော့တဲ့အနာဂတ်မှာ နန်ကုန်းမိသားစုက လျင်မြန်စွာ ကြီးထွားလာပြီး သူတို့ကိုကျော်လွန်တဲ့တည်ရှိမှုဖြစ်လာမှာ သေချာပါတယ်။

"ကံကောင်းလို့ ငါတို့နန်ကုန်းမိသားစုမှာ ဝှက်ဖဲတစ်ခုရှိနေတာ"

တိုကင်ကိုကိုင်ထားတဲ့သူက နန်ကုန်းမိသားစုရဲ့ခေါင်းဆောင်အကြီးအကဲပါပဲ။

နန်ကုန်းမိသားစုနဲ့နန်ထျန်းကမ္ဘာနတ်ဘုရားတို့သိတဲ့အကြောင်းရင်းကတော့ နန်ထျန်းကမ္ဘာနတ်ဘုရားအားနည်းစဉ်တုန်းက နန်ကုန်းမိသားစုရဲ့မျက်နှာသာပေးမှုကို ရရှိခဲ့တယ်လေ။ နောက်ပိုင်းမှာ နန်ထျန်းကမ္ဘာနတ်ဘုရားက ကမ္ဘာနတ်ဘုရားနတ်ဘုရားအဖြစ် မြှင့်တက်ပြီးနောက် သူက တိုကင်တစ်ခုကို ပေးခဲ့တယ်။ ဒီတိုကင်မှာ နန်ထျန်းကမ္ဘာနတ်ဘုရားရဲ့စွမ်းအားပါဝင်တယ်၊ အဲဒါကို စုစုပေါင်းသုံးကြိမ်အသက်သွင်းနိုင်တယ်။

နန်ကုန်းမိသားစုက တစ်ကြိမ်သာအသုံးပြုခဲ့ပြီး ‌နောက်ထပ်နှစ်ကြိမ်ရှိပါ‌သေးတယ်။

ဒီလိုနဲ့နန်ကုန်းမိသားစုအပေါ်ကျရောက်လာမယ့်မုန်တိုင်းက အဆုံးသတ်သွားခဲ့ပြီပေါ့။

နန်ကုန်းမိသားစုထဲရှိလူတိုင်းက အလွန်စိတ်လှုပ်ရှားနေတယ်။ သူတို့ရဲ့မိသားစုက ကမ္ဘာနတ်ဘုရားနဲ့ ပတ်သက်မှုရှိမယ်လို့ သူတို့က မမျှော်လင့်ထားခဲ့ဘူး။

"ဒါက ကမ္ဘာနတ်ဘုရားလား"

လီဖူချန်းက ကမ္ဘာနတ်ဘုရားပုံရိပ်ရဲ့ကြောက်မက်ဖွယ်ရာကို ခံစားနိုင်တယ်။

တစ်ဖက်လူပေါ်ထွက်လာတဲ့အခိုက်အတန့်မှာ ပိုင်နက်နတ်ဘုရားအားလုံးကို ဖိနှိပ်ခဲ့တယ်။ ဒီလိုစွမ်းအားမျိုးက အံ့မခန်းပဲ၊ သူစိတ်ကူးနိုင်တာထက်ကို ကျော်လွန်တယ်။

ငွေရောင်ငှက်တောင်မွှေးဂိုဏ်းရဲ့နန်ကုန်းမိသားစုကို ပြန်ရောက်တဲ့အချိန်မှာ နန်ကုန်းမိသားစုက ဆုလာဒ်နဲ့အကျိုးအမြတ်ကို စတင်ဆွေးနွေးခဲ့တယ်။

လီဖူချန်းက ဆန်းကြယ်နတ်ဘုရားသားရဲပေါက်စနဲ့ပိုင်နက်နတ်ဘုရားသားရဲပေါက်စများစွာကို ရရှိခဲ့ပြီး အလယ်ဆင့်နတ်ဘုရားကျောက်တုံး၃၂ထရီလီယံဆုလာဒ်ကို ရရှိခဲ့တယ်။

ဒါက ကြောက်စရာကောင်းတဲ့အရေအတွက်တစ်ခုပဲ၊ အခြားသူတွေပေါင်းစပ်ထားတာထက် အဆများစွာပိုတယ်။

ပုရွှမ်းကလဲ ပိုင်နက်နတ်ဘုရားသားရဲပေါက်စနှစ်ကောင်ကို ရရှိခဲ့ပြီး ဆုလာဒ်များစွာကို ရခဲ့တယ်၊ ဒါပေမယ့် လီဖူချန်းနဲ့ယှဉ်ရင် အများကြီးပြတ်ကျန်ခဲ့တယ်။

တစ်ချိန်တည်းမှာ ကျန့်ရွှယ်လုံနဲ့စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်အနည်းငယ်ကလဲ ပိုင်နက်နတ်ဘုရားသားရဲပေါက်စတွေကို ရရှိခဲ့တယ်၊ ဒါပေမယ့် သူတို့က တစ်ကောင်ပဲ ရရှိခဲ့ကြတာပါ။

လူတိုင်းရဲ့ဆုလာဒ်က ပြီးသွားပေမယ့် လီဖူချန်းက မပြီးသွားသေးပါဘူး။

"လီဖူချန်း၊ ဒီတစ်ကြိမ် မင်းက နန်ကုန်းမိသားစုအတွက် ကြီးမားတဲ့အကူအညီတစ်ခုကို ပြုလုပ်ပေးခဲ့တာပဲ။ ငါ မင်းကို အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာထရီလီယံ၊ အဆင့်မြင့်နတ်ဘုရားကျောက်တုံးငါးဆယ်ထရီလီယံနဲ့ ပြီးပြည့်စုံခြင်းအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တစ်စီးတို့ကို ပေးဖို့ ဆုံးဖြတ်ခဲ့တယ်" နန်ကုန်းမိသားစုခေါင်းဆောင်နန်ကုန်းထာထျန်းက ပြုံးကာ ပြောလိုက်တယ်။

"ကျေးဇူးတင်ပါတယ်၊ နန်ကုန်းခေါင်းဆောင်"

တစ်ဖက်လူက ပေးမှတော့ လီဖူချန်းက လက်ခံရတော့မှာပေါ့လေ။

ဒီအလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာထရီလီယံနဲ့ အရင်သုံးဆယ့်နှစ်ထရီလီယံပါ ပေါင်းလိုက်ရင်တော့ သူ့ရဲ့အလယ်ဆင့်နတ်ဘုရားကျောက်တုံးက ၁၃၂ထရီလီယံကို ရောက်ရှိထားတယ်။

အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေမှာတောင် ဒီလောက်များတဲ့ဆန်းကြယ်နတ်ဘုရားကျောက်တုံးတွေမရှိဘူးဆိုတာ သိရမယ်။

ဒါပေမယ့် နန်ကုန်းမိသားစုက သူ့ကို အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာထရီလီယံဆုပေးတာကို မကြည့်ပါနဲ့။ တကယ်တော့ နန်ကုန်းမိသားစုအတွက် ဒီလောက်ပမာဏက မိုးဖွဲလေးသာသာပါပဲလေ။

နတ်ဘုရားကျောက်တုံးတွေနဲ့ယှဉ်ရင် ပြီးပြည့်စုံခြင်းအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်က တန်ဖိုးအနည်းဆုံးပါပဲ။

ယေဘုယျပြောရရင် သာမန်အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တစ်စီးရဲ့တန်ဖိုးက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ဆယ်ထရီလီယံ၊ ပျမ်းမျှအဆင့်က အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာထရာထရီလီယံ၊ ထူးကဲအဆင့်က အလယ်ဆင့်နတ်ဘုရားကျောက်တုံးထရီလီယံရာအနည်းငယ်၊ ပြီးပြည့်စုံခြင်းအဆင့်က တစ်ထောင်ထရီလီယံရှိတယ်။( ဒီနေရာလေးမှာ နည်းနည်းလေးရှုပ်သွားမယ်ထင်ပါတယ်- mtlမှာလဲ အဲလိုပဲရေးထားလို့ပါ)

ဒါပေမယ့် ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တွေက ဈေးကွက်ထဲမှာ မလည်ပတ်ပါဘူး။ လေလံခန်းမတွေ၊ အဆင့်မြင့်ကျင်းပပွဲတွေမှာပဲ ရရှိနိုင်ပြီး ၎င်းထွက်ပေါ်လာတဲ့အခါတိုင်း တစ်စီးနှစ်စီးလောက်ပဲ ရှိတာပါ။

ရှားပါးတော့ တန်ဖိုးရှိတာပေါ့။ ပုံမှန်အားဖြင့် ပိုင်နက်နတ်ဘုရားတွေမှာသာ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရား‌အသုံးအဆောင်အာကာသယာဉ်တွေရှိတာလေ။

လီဖူချန်းက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်သာဖြစ်ပြီး ပြီးပြည့်စုံခြင်းအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်တစ်စီးရှိတယ်။ သူက ထွက်ပြေးချင်ရင် အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအများစုကတောင် လိုက်မီနိုင်မှာမဟုတ်ဘူး။

အတိုချုပ်အားဖြင့် နန်ကုန်းမိသားစုက ရက်ရောလွန်းပါတယ်။ တကယ်တော့ သူတို့က ဘာမှမပေးရင်တောင် လီဖူချန်းက ဘာမှမပြောပါဘူး။

"လီဖူချန်း၊ ငါ မင်းကို တစ်ခုခုပေးမယ်" နန်ကုန်းမိသားစုခန်းမမှ ထွက်လာပြီးနောက် နန်ကုန်းဖှေးဖန်က လီဖူချန်းကို နေရာလပ်လက်စွပ်တစ်ကွင်းပေးခဲ့တယ်။

လီဖူချန်းက ဖွင့်ကြည့်လိုက်ရာ အထဲမှာ နတ်ဘုရားချိတ်ပိတ်ကျောက်တုံးရှိနေတာကို တွေ့ခဲ့ရတယ်။

နန်ကုန်းဖှေးဖန်က ပြောလိုက်တယ်"သူတို့အများစုက ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေပဲ၊ အဆင့်နိမ့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်မှအဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်အထိ ရှိတယ်၊ ထပ်ပြောရရင် စိတ်ဝိညာဉ်တာအိုအစစ်အမှန်နတ်ဘုရားအတတ်အနည်းငယ်လဲရှိတယ်။ ပြီးတော့ စိတ်ဝိညာဉ်တာအိုစိတ်ဝိညာဥ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတစ်တုံးလဲရှိတယ်။ မင်းရဲ့စိတ်ဝိညာဉ်အဆင့်က အရမ်းမြင့်မားမယ်ဆိုတာ ငါ ပြောနိုင်တယ်၊ ဒီစိတ်ဝိညာဉ်တာအိုနတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေက မင်းအတွက် အသုံးဝင်လောက်မှာပါ"

လီဖူချန်းက အသက်ကို ရှုသွင်းလိုက်တယ်"ကျေးဇူးအများကြီးတင်ပါတယ်"

ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးအကြောင်းမပြောနဲ့အုံး၊ သူ့ကို အချိန်ပေးရင် လီဖူချန်းက ဖန်တီးနိုင်ပါတယ်။ လက်ရှိမှာ သူ့ရဲ့မူလအဆုံးစွန်းခုတ်ချက်က အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအတတ်အဆင့်ကို ရောက်ရှိတော့မှာပါ။

အဆင့်မြင့်ဓားတာအိုစိတိဝိညာဉ်နတ်ဘုရားအတတ်တွေကိုတော့ လီဖူချန်းက လက်ရှိမှာ မဖန်တီးနိုင်ပေမယ့် အခြားသူတွေရဲ့အရာက အခြားသူတွေရဲ့အရာပါပဲ။ သူက မူလအဆုံးစွန်းခုတ်ချက်ကို အဆုံးစွန်းအလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအတတ်အထိ မြှင့်တင်ပြီးတာနဲ့ ၎င်းက အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေထက် မနိမ့်ကျတော့ပါဘူး။ ဒါက အဓိကအားဖြင့် နန်ကုန်းဖှေးဖန်ပေးတဲ့အဆင့်မြင့်ဓားတာအ်ိုဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေအပေါ်မှာ မူတည်တယ်၊ သာမန်အဆင့်မျှပဲဆိုရင် တန်ဖိုးက သေးငယ်မှာပါ၊ ထူးကဲအဆင့်ဆိုရင်တော့ လီဖူချန်းအတွက် အလွန်အသုံးဝင်ပါသေးတယ်။

ပြီးပြည့်စုံခြင်းဒါမှမဟုတ်အဆုံးစွန်းအဆင့်ဆိုရင်တော့ လီဖူချန်းရဲ့ခွန်အားကို အကြီးအကျယ်တိုးစေမှာပါ။

ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေအကြောင်းမပြောကြနဲ့အုံး၊ စိတ်ဝိညာဉ်တာအိုအစစ်အမှန်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေနဲ့စိတ်ဝိညာဉ်တာအိုစိတ်ဝိညာဥ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေက အလွန်ရှားပါးတဲ့အရာတွေပါပဲ။

လီဖူချန်းရဲ့လက်ရှိစိတ်ဝိညာဉ်တာအိုနတ်ဘုရားအတတ်က အဆင့်နိမ့်စိတ်ဝိညာဉ်တာအိုအစစ်အမှန်နတ်ဘုရားအတတ်ဖြစ်တဲ့မီးစွမ်းအင်ဘောလုံးသာဖြစ်တယ်၊ ဒါပေမယ့် သူ့ရဲ့အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအဆင့်စိတ်ဝိညာဉ်နဲ့အတူ သူက စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းဝင်ကိုတောင် ခြိမ်းခြောက်နိုင်ခဲ့တယ်။ အလယ်ဆင့်စိတ်ဝိညာဉ်တာအိုအစစ်အမှန်နတ်ဘုရားအတတ်ဆိုရင် ဘယ်ပြောကောင်းမလဲ။

လီဖူချန်းက စိတ်မကူးနိုင်ပါဘူး။

"ကျေးဇူးတင်ဖို့ မလိုပါဘူး၊ ဒီတစ်ကြိမ် မင်းက ငါတို့နန်ကုန်းမိသားစုဆီကို ဘယ်လိုအခွင့်အလမ်းတွေ ယူဆောင်လာပေးသလဲကို မင်း မသိပါဘူး" နန်ကုန်းမိသားစုတစ်ခုလုံးမပြောနဲ့၊ နန်ကုန်းဖှေးဖန်တစ်ယောက်တည်းကတင် အကျိုးအမြတ်အကြီးအမားရရှိထားပြီလေ။

သူမက ဘယ်လိုလောကဝတ်မှ မပြခဲ့ပါဘူး၊ သူမက အဆင့်မြင့်ပိုင်နက်နတ်ဘုရားသားရဲသုံးရောင်ခြယ်နတ်ဘုရားသားရဲပေါက်စကို သူမရဲ့ကျွန်နတ်ဘုရားသားရဲအဖြစ် ရွေးချယ်ခဲ့တယ်လေ။ သုံးရောင်ခြယ်နတ်ဘုရားသားရဲက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအဆင့်ကို ရောက်ရှိသွားတာနဲ့ ၎င်းရဲ့ခွန်အားက ခရမ်းအလင်းငှက်ထက် အနည်းဆုံးဆယ်ဆရှိလာမှာပါ။

ခရမ်းရောင်အလင်းငှက်က အလွန်အားကောင်းပြီး သာမန်အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲတွေက ၎င်းရဲ့ပြိုင်ဘက်လုံးဝမဟုတ်ပါဘူး။ ၎င်းရဲ့ခွန်အားက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်လေးခုကိုပေါင်းစည်းထားတဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေနဲ့ ညီမျှပြီး နန်ကုန်းဖှေးဖန်ထက် အများကြီးပိုသန်မာတယ်.....

ခရမ်းရောင်အလင်းငှက်ထက်ဆယ်ဆပိုသန်မာတယ်ဆိုတော့။ ဒါ ဘယ်လိုသဘောတရားမျိုးလဲ။

အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားသားရဲအများစုကတောင် သုံးရောင်ခြယ်နတ်ဘုရားသားရဲတစ်ကောင်ကို မတားဆီးနိုင်ဘူးလို့ ခန့်မှန်းထားတယ်။

ဒါက သုံးရောင်ခြယ်နတ်ဘုရားသားရဲရဲ့တိုက်ခိုက်ရေးစွမ်းရည်မျှပဲ။

အလေးအနက်ပြောရရင် သုံးရောင်ခြယ်နတ်ဆိုးသားရဲရဲ့တိုက်ခိုက်ရေးစွမ်းရည်က ပြောင်မြောက်ပေမယ့် ထိပ်တန်းအဆင့်တော့ မဟုတ်ပါဘူး။

ဒါပေမယ့် သုံးရောင်ခြယ်နတ်ဘုရားသားရဲမှာ ကြောက်စရာကောင်းတဲ့ကုသခြင်းစွမ်းရည်ရှိတယ်။ စိတ်ဝိညာဉ်ဒဏ်ရာအပါအဝင်ဘယ်လိုဒဏ်ရာကိုမဆို ချက်ချင်း‌ပျောက်ကင်းစေနိုင်တယ်။

ထပ်ပြောရရင် သုံးရောင်ခြယ်နတ်ဘုရားသားရဲရဲ့ကပ်ဘေးခန့်မှန်းခြင်းစွမ်းရည်က မရေမတွက်နိုင်တဲ့သေရေးရှင်ရေးဒုက္ခပြဿနာတွေကို သူမကို ရှောင်ရှားစေနိင်တယ်၊ ဒါက သူမရဲ့အသက်ရှင်နိုင်စွမ်းကို တိုးစေတယ်။

အားလုံးခြုံကြည့်ရင် သုံးရောင်ခြယ်နတ်ဘုရားသားရဲရဲ့ဘယ်စွမ်းရည်မဆို အလွန်တန်ဖိုးရှိတယ်။

ဒါကြောင့် နန်ကုန်းဖှေးဖန်က လီဖူချန်းကို အလွန်ကျေးဇူးတင်နေရတာ။

ဒါပေမယ့် ကျေးဇူးတင်တာအပြင် သူငယ်ချင်းဖြစ်ချင်တာလဲ ပါတယ်။

သူမက ငတုံးမဟုတ်ဘူး၊ လီဖူချန်းလိုပါရမီရှင်တစ်ယောက်က မသေသေးသရွေ့ အနာဂတ်မှာအနိမ့်ဆုံးအောင်မြင်မှုက အဆင့်မြင့်ပိုင်နက်နတ်ဘုရားဖြစ်ပြီး ကမ္ဘာနတ်ဘုရားတစ်ယောက်ဖြစ်ဖို့ အလွန်များတယ်။

ကမ္ဘာနတ်ဘုရား၊ ဒါက ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာရဲ့သာလွန်သောတည်ရှိမှုပဲ။ ပိုင်နက်နတ်ဘုရားသားရဲဆန်းကြယ်လျို့ဝှက်နယ်မြေအပြင်ဘက်မှာ ကမ္ဘာနတ်ဘုရားပုံရိပ်က အင်ပါယာသားရဲမိသားစုတစ်ထောင်ကို ကြောက်လန့်စေခဲ့တယ်၊ သူတို့က စကားတောင်မပြောရတဲ့အထိပါပဲ။

အနာဂတ်ကမ္ဘာနတ်ဘုရားတစ်ယောက်နဲ့သူငယ်ချင်းဖြစ်တာက ဘယ်လိုတန်ဖိုးပဲပေးရပေးရ ထိုက်တန်ပါတယ်လေ။

ဒီကိစ္စမှာပဲ ရစ်တွယ်မနေတော့ဘဲ လီဖူချန်းက သိချင်စိတ်အပြည့်နဲ့ မေးလိုက်တယ်"နတ်ဘုရားသားရဲဆရာသခင်အနေနဲ့ မင်းက သားရဲနတ်ဘုရားအနည်းငယ်ကို ကျွန်ပြုနိုင်တယ်မလား"

နန်ကုန်းဖှေးဖန်က နန်ကုန်းမိသားစုရဲ့နှစ်မရေမတွက်ပေါင်းများစွာမှပေါ်ထွက်လာတဲ့ပထမဆုံးပါရမီရှင်ဖြစ်တယ်ဆိုတာ သူ ကြားခဲ့တယ်၊ သူမက ခရမ်းရောင်အလင်းငှက်တစ်ကောင်တည်းကိုပဲ ကျွန်ပြုနိုင်တာ မဟုတ်လောက်ဘူး။

နန်ကုန်းဖှေးဖန်က ရှင်းပြလိုက်တယ်"နတ်ဘုရားသားရဲတွေကို ယဉ်ပါးအောင်လုပ်တာက ပထမဆုံးအဆင့်ပဲ၊ နတ်ဘုရားသားရဲ‌တွေကို ကျွန်ပြုတာက ဒုတိယအဆင့်ပဲ။ တကယ်တော့ အဲဒါတွေပြီးရင် တတိယအဆင့်ရှိတယ်၊ အဲဒါက နတ်ဘုရားသားရဲစာချုပ်တစ်ခုချုပ်ဆိုတာပဲ၊ နတ်ဘုရားသားရဲစာချုပ်ချုပ်ဆိုဖို့အတွက် နတ်ဘုရားစိတ်ဝဝိညာဉ်ကို ခွဲခြားဖို့ လိုအပ်တယ်၊ နတ်ဘုရားစိတ်ဝိညာဉ်က တဖြည်းဖြည်းသက်သာလာနိုင်ပေမယ့် မသက်သာခင် ကျင့်ကြံမှုကိုအလွန်အမင်းအန္တရာယ်ဖြစ်စေတဲ့သက်ရောက်မှုကြီးတစ်ခုရှိတယ်။ ဒါကြောင့်  မင်းက ဒီနတ်ဘုရားသားရဲကို အရမ်းမနှစ်သက်ရင် နတ်ဘုရားသားရဲဆရာသခင်တွေက နတ်ဘုရားသားရဲတွေနဲ့ နတ်ဘုရားသားရဲစာချုပ်တစ်ခုကို အလွယ်တကူမချုပ်သင့်ဘူး"

သူမက ခရမ်းရောင်အလင်းငှက်ကို အလွန်နှစ်သက်တယ်။ ခရမ်းရောင်အလင်းငှက်က ကြီးထွားမှုအကန့်အသတ်ရှိကာ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားသားရဲတစ်ကောင်သာ ဖြစ်ပေမယ့် ခရမ်းရောင်အလင်းငှက်ရဲ့ခန္ဓာကိုယ်မှာ ခရမ်းမီးလျှံဖီးနစ်ငှက်ရဲ့သွေးမျိုးဆက်ပါဝင်တယ်။

ခရမ်းမီးလျှံဖီးနစ်ငှက်၊ ဒါက ကမ္ဘာနတ်ဘုရားသားရဲဖြစ်တယ်။

သူမက ခရမ်းရောင်အလင်းငှက်ရဲ့ခန္ဓာကိုယ်ထဲရှိခရမ်းမီးလျှံဖီးနစ်ငှက်ရဲ့သွေးမျိုးဆက်ကို နိုးဆွနိုင်ရင် နန်ကုန်းမိသားစုရဲ့အနာဂတ်မှာ ကမ္ဘာနတ်ဘုရားသားရဲရှိလာပါလိမ့်မယ်။

"ဒီလိုကိုး"

နတ်ဘုရားသားရဲဆရာသခင်အတွက် ဒီလောက်များတဲ့နည်းလမ်းတွေရှိမယ်လို့ လီဖူချန်းက မသိခဲ့ပါဘူး။

***

All Chapters