← Chapters

အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားနဲ့ တိုက်ခိုက်ခြင်း

Vol. 89 Ch. 1250

အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားနဲ့ တိုက်ခိုက်ခြင်း

Vol. 89 Ch. 1250

တစ်နှစ်ကြာပြီး‌နောက် လီဖူချန်းက ထွက်ခွာဖို့ စီစဉ်ခဲ့တယ်။

သူက ထိပ်တန်းအဆင့်နတ်ဘုရားဆေးတစ်သုတ်ကို သန့်စင်ဖို့ ရည်ရွယ်ထားတယ်လေ။

ဒါက နန်ကုန်းမိသားစုလေ၊ ဆေးပညာအတွက် မသင့်လျော်ပါဘူး။

နန်ကုန်းဖှေးဖန်ကို နှုတ်ဆက်ပြီးနောက် လီဖူချန်းက ထွက်ခွာလာခဲ့တယ်။

သုံးရက်ကြာပြီးနောက် ကွင်းပြင်တစ်ခုမှာ လီဖူချန်းက ရပ်လိုက်တယ်။

"ငါ့နောက်ကို သုံးရက်တောင် လိုက်လာတာ၊ အခု လူလုံးထွက်ပြဖို့အချိန်ကျပြီ" လီဖူချန်းက ဟင်းလင်းပြင်ကို ကြည့်ကာ ပြောလိုက်တယ်။

ပုံရိပ်သုံးခုက ထွက်လာတယ်။

"အံ့အားသင့်စရာပဲ၊ မင်းက ငါတို့ရဲ့တည်ရှိမှုကို တကယ်သတိပြုမိနိုင်တာပဲ" ဒီပုံရိပ်သုံးခုလုံးက ဆန်းကြယ်နတ်ဘုရားတွေပဲ၊ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားနှစ်ယောက်နဲ့အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်။

"မင်းတို့က ဒီနေရာကို ငါ့ရဲ့နတ်ဘုရားကျောက်တုံးအတွက် လာတာမလား" လီဖူချန်းခန့်မှန်းတာမှန်ရင် ဒီဆန်းကြယ်နတ်ဘုရားသုံးယောက်က နန်ကုန်းမိသားစုရဲ့ဆန်းကြယ်နတ်ဘုရားတွေဒါမှမဟုတ်ငွေရောင်ငှက်တောင်မွှေးဂိုဏ်းရဲ့ဆန်းကြယ်နတ်ဘုရားတွေဖြစ်ရမယ်။

သူက အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာထရီလီယံကျော်ကို သယ်ဆောင်ထားတာလေ၊ ဒါက ဆန်းကြယ်နတ်ဘုရားအများစုကို လောဘတက်စေဖို့ လုံလောက်တယ်။ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေလှုပ်ရှားရင်တောင် လီဖူချန်းက မအံ့ဩပါဘူး။

ကံကောင်းစွာနဲ့ သူတို့သုံးယောက်ထဲမှာ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေမရှိပါဘူး။

အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားတွေမှာ သူတို့ရဲ့ကိုယ်ပိုင်ဂုဏ်သိက္ခာရှိတယ်။ သူတို့မှာ အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာထရီလီယံမရှိပေမယ့် သိပ်မကွာလောက်ဘူး။ နတ်ဘုရားကျောက်တုံးအနည်းငယ်လောက်နဲ့ သူတို့က ဂျူနီယာတစ်ယောက်ကို သတ်ဖြတ်ဖို့မလိုပါဘူး။

အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတွေနဲ့မတူပါဘူး။ အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာထရီလီယံကျော်က သူတို့ကို ရူးသွပ်စေနိုင်တယ်။ သူတို့က ရရှိရင် နှစ်ပေါင်းမရေမတွက်များစွာ အေးအေးဆေးဆေးနေနိုင်မယ်လေ။

"ဟုတ်တယ်၊ အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ရာထရီလီယံကျော်က မင်းအတွက် များလွန်းပါတယ်" ဆန်းကြယ်နတ်ဘုရားသုံးယောက်က ဝန်ခံလိုက်တယ်။

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်"ဒါဆိုလဲ လာယူလေ"

လီဖူချန်းက အနည်းငယ်စိတ်လှုပ်ရှားနေတယ်၊ သူ့ခွန်အားက အဆမရေမတွက်များစွာ တစ်ဟုန်ထိုးထောင်တက်လာခဲ့ပြီး သူက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားကို ရိုက်နှက်နိုင်ပြီး အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားနဲ့ယှဉ်ပြိုင်နိုင်မယ်လို့ တွေးထားပေမယ့် တကယ်တမ်း သူက ဘယ်တော့မှ မတိုက်ခိုက်ဖူးဘူးလေ၊ ဒါက အခွင့်အလမ်းတစ်ခုပဲ။

"မင်း မကြောက်ဘူးပဲ ....."

ခေါင်းဆောင်အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားက မုတ်ဆိတ်မွေးရှည်နဲ့အရပ်မြင့်မားသူတစ်ယောက်ဖြစ်တယ်။ သူက ငွေရောင်ငှက်တောင်မွှေးဂိုဏ်းရဲ့အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားဖြစ်ပြီး သူ့နာမည်ကို လျန့်ခွင်းလို့ခေါ်တယ်။

အခြားအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားနှစ်ယောက်ထဲမှာ ဖြူဖတ်ဖြူရော်နဲ့တစ်ယောက်က ဖှေးစစ်လို့ခေါ်ပြိး ပုတိုတိုတစ်ယောက်ကို သွမ့်ဟမ်လို့ခေါ်တယ်။

"ကြောက်တယ်.....ငါက ဘာလို့ကြောက်ရမှာလဲ" လီဖူချန်းက ပြုံးဖြဲဖြဲလုပ်လိုက်တယ်။

"သေချင်နေတာပဲ၊ ငါ မင်းကို ဘယ်လိုသတ်မလဲ ကြည့်ရတာပေါ့" ဖှေးစစ်က လှံကို လှုပ်ခါလိုက်တယ်၊ လှံအရိပ်တစ်ခုက လီဖူချန်းရဲ့ရင်ဘက်ထဲသို့ ထိုးစိုက်လာတယ်။

ဒီထိုးချက်က သာမန်ထိုးချက်ပါပဲ။ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်နဲ့ရင်ဆိုင်ဖို့အတွက် ဖှေးစစ်က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်ကို အသုံးပြုဖို့ ရည်ရွယ်ချက်မရှိပါဘူး။ အဲဒါက ရန်သူကို အနိုင်ကျင့်တာပဲ။

လှံအရိပ်က တစ်စစီဖြစ်သွားပြီး လီဖူချန်းက ဘာမှမဖြစ်ခဲ့ပါဘူး။

"ဒါ မင်း လုပ်နိုင်တာ အကုန်ပဲလား"

ယခုလေးတင် လီဖူချန်းက လှံအရိပ်ကို လက်ချောင်းတစ်ချောင်းမျှနဲ့ အနိုင်ယူခဲ့တယ်။

မင်းမှာရှိသေးရင် ထပ်ထုတ်လိုက်စမ်းပါ"

ဖှေးစစ်က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်ကို အသုံးမပြုသေးပါဘူး။ သူအရင်က အသုံးမပြုတာက လီဖူချန်းကို အထင်သေးလို့ပဲ။ အခု သူ အသုံးမပြုတာက အရှက်ရနေလို့ပဲ။ တကယ်တော့ လီဖူချန်းက သူ့ရဲ့လှံအရိပ်ကို လက်တစ်ချောင်းမျှနဲ့ အနိုင်ယူခဲ့တာလေ။

ပြင်းထန်တဲ့နတ်ဘုရားစွမ်းအားကို လှံထဲသို့ ထည့်သွင်းလိုက်ပြီး ဖှေးစစ်ရဲ့လက်ထဲရှိလှံက လီဖူချန်းဆီ ထိုးသွင်းလာခဲ့တယ်။

အုန်း.....

ဒါလဲ လက်တစ်ချောင်းနဲ့ပဲ။

လှံအရိပ်က တစ်စစီဖြစ်သွားတယ်။

ဖှေးစစ်က နောက်သို့ ခြေလှမ်းဒါဇင်လောက် ဆုတ်လိုက်ရတယ်၊ သူ့ခန္ဓာကိုယ်က လွင့်မျောနေလေတယ်။

ဆန်းကြယ်နတ်ဘုရားတွေရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ငါးဘီလီယံမှ စတင်ပြီး အမြင့်ဆုံးသတ်မှတ်ချက်မဟုတ်ပါဘူး။

အခြားစကားဖြင့်ဆိုရရင် ဆန်းကြယ်နတ်ဘုရားအတတ်တွေကို ပေါင်းစည်းနိုင်သရွေ့ ဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက အဆုံးမရှိတိုးလာနိုင်တယ်။

ဖှေးစစ်က သာမန်အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်သာဖြစ်ပြီး အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်နှစ်ခုကိုပဲ ပေါင်းစည်းထားတယ်၊ သူ့ရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၆.၅ဘီလီယံဖြစ်တယ်။

လီဖူချန်းရဲ့စိတ်တိညာဉ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၁၅ဘီလီယံရှိကာ ဖှေးစစ်ရဲ့နှစ်ဆဖြစ်တယ်။

ပြီးတော့ လီဖူချန်းရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက ဒဿမအဆင့်ကို ရောက်ရှိထားပြီး ဖှေးစစ်ရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားနဲ့ယှဉ်ရင် မနိမ့်ကျပါဘူး။

အခြားစကားဖြင့်ဆိုရရင် လီဖူချန်းရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားနဲ့ဖှေးစစ်ရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားကြားမှာ ကွာခြားချက်မရှိပါဘူး၊ တစ်ခုတည်းသောခြားနားချက်ကတော့ နတ်ဘုရားစွမ်းအားအညွှန်းကိန်းပါပဲ။

ယေဘုယျအားဖြင့် နတ်ဘုရားစွမ်းအားအညွှန်းကိန်းနှစ်ဆဆိုရင် ခွန်အားက ဆယ်ဆတိုးလာတယ်။

ဒါကြောင့် နတ်ဘုရားစွမ်းအားတစ်ခုတည်းနဲ့တင် လီဖူချန်းက ဖှေးစစ်ထက် ဆယ်ဆပိုအားကောင်းတယ်၊ ဖှေးစစ်ရဲ့လှံကို လက်တစ်ချောင်းနဲ့ အနိုင်ယူနိုင်တာ ပုံမှန်ပါပဲ။

"ဒီလောက်တောင်သန်မာတာ"

နောက်ထပ်အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားဖြစ်တဲ့သွမ့်ဟမ်က မှင်တက်သွားတယ်။ သူက ဖှေးစစ်ထက် အများကြီးပိုသန်မာတယ်။ သူက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်သုံးခုကို ပေါင်းစည်းထားပေမယ့် လီဖူချန်းရဲ့အဆင့်မှာ သေချာပေါက်မရှိ‌နေပါဘူး၊ သူက သူ့ခွန်အားကို ဆယ်ဆမတိုးနိုင်ပါဘူး။

သူကျွမ်းကျင်တဲ့ဥပဒေသက သာမန်ဥပဒေသမျှသာဖြစ်တယ်။ လီဖူချန်းက ဓားသမားတစ်ယောက်ဖြစ်ပြီး ထိပ်တန်းအဆင့်ဥပဒေသဖြစ်တဲ့ဓားတာအိုဥပဒေသကို ကျွမ်းကျင်တယ်။

"ဒီကောင်လေးက အတော်လေးဖုံးကွယ်ထားတာပဲ၊ သူ့ကို အသက်ရှင်လျက် ထွက်ခွာသွားခွင့်ပြုလို့မရဘူး" လျန့်ခွင်းက ပြောလိုက်တယ်။

"ဒါပေမယ့်"

သူတို့က လီဖူချန်းနောက်လိုက်လာတာကို နန်ကုန်းမိသားစုက သိရင် ဘယ်လိုသေရမှန်းတောင် သိရမှာမဟုတ်ဘူး။

"ဖှေးစစ်၊ ကစားမနေနဲ့တော့။ မင်းရဲ့အဆင့်ဆန်းကြယ်နတ်ဘုရားအဆင့်နတ်ဘုရားအတတ်တွေကို ပြလိုက်"

ဖှေးစစ်ရဲ့အခြေခံခွန်အားက လီဖူချန်းလောက် မကောင်းပေမယ့် သူက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်ကို ထုတ်ပြလိုက်တာနဲ့ လီဖူချန်းက ဘာမှတတ်နိုင်မှာမဟုတ်တော့ဘူး။

"လီဖူချန်းက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်တွေကို ဖန်တီးနိုင်မယ်လို့တော့ လီဖူချန်းက မထင်ပါဘူး"

သူက အများဆုံးအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုဒါမှမဟုတ်နှစ်ခုလောက်ပဲ သင်ယူထားမယ်လို့ သူတို့က ခန့်မှန်းထားတယ်။

"မစိုးရိမ်ပါနဲ့ ဒီကောင်လေးက သေရမှာပါ" ဖှေးစစ်က နှာခေါင်းရှုံ့လိုက်တယ်၊ လှံက လှည့်သွားပြီး လှည့်ပတ်နေတဲ့လေဆင်နှာမောင်းက လီဖူချန်းဆီ တိုက်ခိုက်လာတယ်။

ဂရုတစိုက်လေ့လာရင် ဒီလေဆင်နှာမောင်းက အဆုံးမဲ့လှံအရိပ်တွေနဲ့ ဖွဲ့စည်းထားတာကို တွေ့နိုင်တယ်။

သာမန်အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်-လေဆင်နှာမောင်းလှံအရိပ်။

"ကောင်းတယ်၊ ပျံသန်းနဂါးခုတ်ချက်"

ဖှေးစစ်က အလွန်သန်မာပါတယ်၊ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုပဲပေါင်းစည်းထားတဲ့ဒါမှမဟုတ်အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုတောင်မပေါင်းစည်းထားတဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေထက် ပိုသန်မာပါတယ်။

အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုတောင်မပေါင်းစည်းထားတဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ဆိုရင် လီဖူချန်းက နတ်ဘုရားစွမ်းအားတုန်ခါမှုတစ်ခုနဲ့တင် သူတို့ကို သေစေနိုင်တယ်။

တကယ်တော့ ဒီလိုအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်က ဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းအားနည်းရုံသာမက ဆန်းကြယ်နတ်ဘုရားစွမ်းအားလဲ အားနည်းတယ်၊  သူ့ရဲ့စွမ်းအားက လီဖူချန်းထက် အဆဒါဇင်ပိုဆိုးတယ်။

ဒါပေမယ့် လီဖူချန်းရဲ့မျက်လုံးထဲမှာတော့ ဖှေးစစ်က မသန်မာပါဘူး။

လီဖူချန်းက ပျံသန်းနဂါးခုတ်ချက်ကို ပြီးပြည့်စုံခြင်းအဆင့်နိမ့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုအဖြစ် မြှင့်တင်ထားခဲ့ပြီးပါပြီ။

လက်ရှိအချိန်မှာ ၎င်းကို ထုတ်ဖော်လိုက်တာနဲ့ အနက်ရောင်နဂါးက အနက်ရောင်ဓားချီအဖြစ် ပြောင်းလဲသွားပြီး လေဆင်နှာမောင်းကို ရုတ်ခြည်းပျက်ဆီးစေကာ ဖှေးစစ်ရဲ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားခဲ့တယ်။

"မဖြစ်နိုင်ဘူး"

ဖှေးစစ်ရဲ့ခန္ဓာကိုယ်ထဲရှိဆန်းကြယ်နတ်ဘုရားစွမ်းအားက ကိုးဆယ်ရာခိုင်နှုန်းကုန်ခန်းသွားတယ်၊ ဒါက သူ့ကို မှင်တက်ကာ ကြောက်ရွံ့စေတယ်။

"မသေသေးဘူးလား" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်၊ အနက်ရောင်ဓားချီက ရွေ့လျားသွားတယ်။

"ရပ်စမ်း"

လျန့်ခွင်းက အော်လိုက်တယ်။

ဖောက်....

ဖှေးစစ်က သေသွားတော့တယ်။

"မင်း ဖှေးစစ်ကို တကယ်သတ်ခဲ့တာပဲ၊ မင်း ဘာလုပ်ခဲ့တယ်ဆိုတာ မင်း သိလား" လျန့်ခွင်က သူ့မျက်လုံးတွေကို အခုထိ မယုံကြည်နိုင်ပါဘူး။ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ကို တကယ်သတ်ခဲ့တာပဲ။

စိတ်ဝိညာဉ်နတ်ဘုရားနဲ့ဆန်းကြယ်နတ်ဘုရားကြားမှာ မတိုင်းတာနိုင်တဲ့ကွာဟချက်တစ်ခု ရှိတယ်မဟုတ်လား။

ဒါ့ပြင် ဖှေးစစ်က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်နှစ်ခုကို ပေါင်းစပ်ထားတယ်၊ သူက သေချာပေါက်အားနည်းတဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်မဟုတ်ဘူး။

ဒါတောင် လီဖူချန်းရဲ့ဓားကို တားဆီးဖို့ ခက်ခဲခဲ့တယ်။

လီဖူချန်းရဲ့ခွန်အားက ဘယ်အဆင့်ထိမှာ ရှိနေတာလဲ။

တစ်ခဏတာ လျန့်ခွင်းက ထိတ်လန့်သွားတယ်။

တစ်ဖက်လူက နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားခဲ့တာပဲ။

နန်ကုန်းဖှေးဖန်ကတောင် လီဖူချန်းရဲ့အစစ်အမှန်ခွန်အားကို မသိဘူးလို့ ခန်မှန်းရတယ်။

"သတ်တယ်လေ၊ ဘာဖြစ်လို့လဲ" လီဖူချန်းက ဖှေးစစ်ရဲ့နေရာလပ်လက်စွပ်ကို သိမ်းလိုက်တယ်။

"မင်း ငါ့ကို ဘယ်လိုသတ်မလဲ ငါ ကြည့်အုံးမယ်"

သူက လီဖူချန်းကို မကြောက်ပါဘူး။

သူက ဖှေးစစ်မဟုတ်ဘူး။

ဖှေးစစ်က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်နှစ်ခုပဲ ပေါင်းစည်းထားပြီး သူက သုံးခုပေါင်းစည်းထားတယ်။

တစ်ခုလောက်ပဲဆိုပြီး လျော့မတွက်နဲ့၊ ခွန်အားကွဟချက်က ကြီးမားတယ်၊ ဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းဖြစ်ဖြစ်ဒါမှမဟုတ်ဆန်းကြယ်နတ်ဘုရားစွမ်းအားခွန်အားဖြစ်ဖြစ် ကြီးမားတဲ့ကွာဟချက်တစ်ခုရှိတယ်။

ထပ်ပြောရရင် သူပေါင်းစည်းထားတဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်တွေထဲကတစ်ခုက နတ်ဘုရားခန္ဓာကိုယ်ဆန်းကြယ်နတ်ဘုရားအတတ်ဖြစ်တယ်။ လီဖူချန်းက သူ့ရဲ့ခန္ဓာကိုယ်ကို ဓားတစ်ချက်နဲ့ ချေမှုန်းချင်ရင်တော့ မဖြစ်နိုင်ပါဘူး။

"မီးလျှံချော်ရည်လက်သည်း"

သွမ့်ဟမ်က ချော်ရည်ဥပဒေသကို ကျွမ်းကျင်တယ်။ သူ့ရဲ့ညာလက်က လီဖူချန်းဆီ တိုက်ခိုက်လာပြီး ချော်ရည်လက်သည်းတစ်ခုက ကြီးမားလာကာ လီဖူချန်းကို ဖုံးအုပ်သွားတော့တယ်။

ဒါက ပျံသန်းနဂါးခုတ်ချက်ပါပဲ၊ ဒါပေမယ့် ဒီတစ်ခါမှာတော့ လီဖူချန်းရဲ့လက်ထဲရှိဓားရှည်ကို စိတ်ဝိညာဉ်ခွဲဖြာဓားနဲ့ အစားထိုးထားတယ်လေ။

အနက်ရောင်နဂါးဓားချီက ကောင်းကင်နဲ့နေကို ဖုံးအုပ်သွားပြီး သွမ့်ဟမ်ရဲ့ချော်ရည်လက်သည်းက တစ်ကြိမ်တည်းနဲ့ ပျက်ဆီးသွားခဲ့တယ်၊ အနက်ရောင်နဂါးဓားချီက သွမ့်ဟမ်ဆီ ဆက်လက်ရွေ့လျားလာတယ်။

"ချော်ရည်အမတခန္ဓာကိုယ်....."

သွမ့်ဟမ်ရဲ့ခန္ဓာကိုယ်က မီးလျှံချော်ရည်ခန္ဓာကိုယ်တစ်ခုအဖြစ် ပြောင်းလဲသွားတော့တယ်။

အုန်း......

စိတ်ဝိညာဉ်ခွဲဖြာဓားက အားကောင်းလွန်းတယ်။

အဆုံးစွန်းအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုအနေနဲ့ စိတ်ဝိညာဉ်ခွဲဖြာဓားရဲ့စွမ်းအားက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ ယှဉ်ပြိုင်ဖို့ လုံလောက်တယ်။

အနက်ရောင်နဂါးဓားချီရဲ့တိုက်ခိုက်မှုအောက်မှာ သွမ့်ဟမ်ရဲ့ချော်ရည်အမတခန္ဓာကိုယ်က အသက်တစ်ခါရှုချိန်တောင် မတောင့်ခံနိုင်ခဲ့ဘူး၊ ရုတ်ခြည်းပျက်ဆီးယိုယွင်းသွားပြီး ပြာအဖြစ် ပြောင်းသွားတော့တယ်။

လျန့်ခွင်းက အလွန်အံ့အားသင့်သွားတယ်။

သူက ကူညီဖို့အချိန်တောင် မရှိခဲ့ဘူး။

အကြောင်းကတော့ သွမ့်ဟမ်က ဒီလောက်လျင်မြန်စွာ သေသွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားလို့ပဲ၊ ဖှေးစစ်ထက်တောင် ပိုမြန်နေတယ်။

အသက်ပြင်းပြင်းရှုသွင်းရင်း လျန့်ခွင်းရဲ့မျက်နှာက အလွန်မည်းမှောင်သွားတော့တယ်။

ဒီတစ်ကြိမ်တော့ သူ တွက်ချက်မှုမှားသွားတယ်။ ဒီကလေးက သာမန်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်မဟုတ်ဘူးပဲ။ သူက ဒါကို သိခဲ့ရင် ဖှေးစစ်နဲ့သွမ့်ဟမ်တို့ကို တစ်ယောက်ပြီးတစ်ယောက်သေစေမယ့်အစား သူကိုယ်တိုင် ဝင်တိုက်ခိုက်မှာပါ။

ဒါပေမယ့် နောက်မကျလွန်းပါဘူး၊ နှစ်ယောက်က သေသွားပြီးဆိုတော့ လီဖူချန်းရဲ့ကြွယ်ဝမှုတွေအားလုံးက သူ့ဟာပဲပေါ့။

"ကောင်လေး၊ ငါ မင်းကို လျော့တွက်မိတယ်ဆိုတာ ဝန်ခံတယ်၊ ဒါပေမယ့် ဒါတွေအားလုံးပြီးသွားပြီ" လျန့်ခွင်းက ဓားတစ်လက်ကို ဆွဲထုတ်ကာ လီဖူချန်းဆီ တစ်လှမ်းချင်းလျှောက်လာတယ်။

"ဟုတ်တယ်၊ ပြီးသွားပြီ"

လီဖူချန်းက ကိုယ့်ကိုယ်ကိုယ်ယုံကြည်တယ်။

နန်ကုန်းမိသားစုဆီ မလာခင် သူက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ရဲ့ပြိုင်ဘက်ဖြစ်မယ်လို့ သူ တွေးထားခဲ့တာမဟုတ်ဘူး။

အခု......

"ဘာလို့ ငါက ရုန်းကန်ရမှာလဲ" လျန့်ခွင်းက နှာခေါင်းရှုံ့လိုက်တယ်။

အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတွေရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းနဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားခွန်အားက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေယှဉ်နိုင်တဲ့အရာမဟုတ်ဘူး။

ဒါ့အပြင် သူက သူ့သွေးမျိုးဆက်ထဲကို အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်လေးခုပေါင်းစပ်ထားတာ။

အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအတတ်ကိုတော့ သူ မဖန်တီးနိုင်သေးပါဘူး။

အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအတတ်ကိုဖန်တီးနိုင်တဲ့သူတွေအားလုံးက အားကောင်းတဲ့ပါရမီရှင်တွေပါပဲ။

"မကြာခင်သိရမှာပါ" လီဖူချန်းရဲ့တိုက်ခိုက်ရေးဆန္ဒက ပေါက်ကွဲထွက်လာတယ်။

"ဆောင်းဥိီးဓားချီပျံသန်းခြင်း....."

လျန့်ခွင်းက လီဖူချန်းနဲ့ အရေမရမဖတ်မရတွေ ထပ်မပြောတော့ဘူး။သူက ရောက်လာချင်း ဓားချီတစ်ခုကို ထုတ်ဖော်လိုက်တယ်။

သာမန်အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်-ဆောင်းဦးဓားချီပျံသန်းခြင်း။

"ပျံသန်းနဂါးခုတ်ချက်"

လီဖူချန်းရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက အဆုံးစွန်းထိ ပေါက်ကွဲထွက်သွားပြီး အနက်ရောင်နဂါးဓားချီက လျန့်ခွင်းရဲ့ဓားချီနဲ့ ဆုံတွေ့လာတယ်။

ဝှစ်.....

အနက်ရောင်နဂါးဓားချီကို လျန့်ခွင်းရဲ့ဓားချီက အစကနေအဆုံးထိ ထိုးဖောက်သွားခဲ့တယ်။

လျန့်ခွင်းရဲ့ဓားချီက လာနေတာကို မြင်ပြီး လီဖူချန်းက ဓားလည်ပတ်ခြင်းကို ထုတ်ပြလိုက်တယ်။

ဒင်း....ဒင်း.....

ဓားလည်ပတ်ခြင်းက ပျက်ဆီးသွားပြီး လျန့်ခွင်းရဲ့ဓားချီလဲ ပျောက်ကွယ်သွားခဲ့တယ်။

"အရမ်းကောင်းတယ်၊ မင်းက ငါ့ရဲ့အားအနည်းဆုံးဓားကွက်ကို တားနိုင်ခဲ့တာပဲ" လျန့်ခွင်းက ဂရုမစိုက်ပါဘူး၊ ဆောင်းဦးဓားချီပျံသန်းခြင်းက သူ့ရဲ့အားအနည်းဆုံးအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်သာဖြစ်တယ်။

ထို့နောက် လျန့်ခွင်းက ဒုတိယမြောက်အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်ကို ထုတ်ပြလိုက်တယ်။

ဝှစ်.....

အလယ်ဆင့်အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်- ဓားချီလှိုင်း။

ဟူး.....

ဒီတစ်ခါမှာတော့ ဓားချီက နှစ်ဆပိုသန်မာပြီး ဟင်းလင်းပြင်က လှိုင်းတစ်ခုပမာ တိုက်ရိုက်ခွဲဖြတ်သွားတယ်။

ဓားချီက ပိုပိုကြီးလာပြီး လီဖူချန်းကို လွှမ်းခြုံတော့မှာပါ။

"ကောင်းတယ်၊ မူလအဆုံးစွန်းခုတ်ချက်"

လီဖူချန်းက သူ ဖန်တီးခဲ့တဲ့အားအကောင်းဆုံးဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ကို ထုတ်ပြခဲ့တယ်။

ထူးကဲအလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်-မူလအဆုံးစွန်းခုတ်ချက်။

အနက်ရောင်ဓားချီက ပေါက်ကွဲထွက်လာပြီး ဓားချီနဲ့လျန့်ခွင်းရဲ့ဓားစွမ်းအားကို ဆုတ်ဖြဲလိုက်တယ်။

"အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအတတ်လား"

လျန့်ခွင်းက အလွန်အံ့အားသင့်သွားတယ်။ လီဖူချန်းက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတောင် မဟုတ်သေးပါဘူး၊ ဒါပေမယ့် သူက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအတတ်ကိုတောင် ကျွမ်းကျင်နေတယ်။ သူက စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ရော ဟုတ်ရဲ့လား။

လက်ရှိအချိန်မှာ လျန့်ခွင်းက အနည်းငယ်မနာလိုဖြစ်နေတယ်။

တစ်ချိန်တည်းမှာ သူက အနည်းငယ်နောင်တရမိတယ်။ သူ လီဖူချန်းကို သတ်နိုင်ပါ့မလားဆိုတာ သံသယဖြစ်လာတယ်။ သူ့မှာ အသုံးမပြုရသေးတဲ့ပိုအားကောင်းတဲ့ဆန်းကြယ်နတ်ဘုရားအတတ်တွေရှိသေးပေမယ့် လီဖူချန်းမှာ ပိုအားကောင်းတဲ့ဆန်းကြယ်နတ်ဘုရားအတတ်တွေရှိသလားဆိုတာ ဘယ်သူက သိမှာလဲ။

နောက်တကို လျင်မြန်စွာ ဖယ်ရှားလိုက်တယ်။ မင်း တစ်ခုခုလုပ်ပြီးတာနဲ့ နောင်တဆိုတာ မေ့ထားရမယ်။ နောင်တရတယ်ဆိုတာ အသုံးမဝင်ဘူး။

သူ လီဖူ‌ချန်းကို သတ်နိုင်သရွေ့ အရာအားလုံးက ထိုက်တန်ပါတယ်။

***

All Chapters