အလယ်ဆင့်ဆန်းကြယ်နတ်ဘုရား
Vol. 89 Ch. 1251
"အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်ဆိုတဲ့အတိုင်းပဲ" သူ့ရဲ့မူလအဆုံးစွန်းခုတ်ချက်က တစ်ဖက်လူရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ကို ချိုးဖြတ်နိုင်ရုံမျှပဲတတ်နိုင်တယ်ဆိုတာ လီဖူချန်းက မြင်ခဲ့တယ်။
ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာမှာ ပုံမှန်အခြေအနေအောက်မှာ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားပဲဖြစ်ဖြစ်ဒါမှမဟုတ်အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားပဲဖြစ်ဖြစ် အားလုံးက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်တွေကိုပဲ ပေါင်းစည်းထားပြီး အနည်းငယ်ကပဲ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအတတ်တွေကို ပေါင်းစည်းထားတာပါ။
အကြောင်းကတော့ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရာတစ်ယောက်အနေနဲ့ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးဖို့က ခက်ခဲတယ်။
ဒါပေမယ့် အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတွေက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတွေပါပဲ။ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်တွေပေါင်းစည်းတာကို ဖယ်ထုတ်လိုက်ရင် သူတို့ရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားအညွှန်းကိန်းနဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေရဲ့နှစ်ဆရှိတယ်။ နှစ်ဆကွာဟချက်က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်အချို့ပေါင်းစည်းထားတာနဲ့ ညီမျှတယ်။
အခု ဘယ်သူနိုင်မလဲကို မသိပါဘူး။
လျန့်ခွင်းက အနည်းဆုံးအဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်သုံးခုကို ပေါင်းစည်းထားမှာ သေချာတယ်၊ သူက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်လေးခုကို ပေါင်းစည်းထားဖို့တောင် များတယ်၊ သူ့ရဲ့အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားစွမ်းအားပါ ပေါင်းလိုက်ရင် အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအတတ်ခြောက်ခုဒါမှမဟုတ်ခုနှစ်ခုပေါင်းစည်းထားတဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားနဲ့ ညီမျှတယ်။
သူ့ရဲ့ခွန်အားက သာမန်အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတွေထက် ပိုကြီးမားတယ်။
ဒါပေမယ့် ပုံမှန်အခြေအနေအောက်မှာ ခွန်အားက ပေါင်းစည်းထားတဲ့ဆန်းကြယ်နတ်ဘုရားအတတ်ပမာဏနဲ့ဆက်စပ်သလို ပေါင်းစည်းထားတဲ့ဆန်းကြယ်နတ်ဘုရားအတတ်ရဲ့အဆင့်နဲ့လဲ ဆက်စပ်တယ်။
ဆန်းကြယ်နတ်ဘုရားအတတ်သုံးခုကို ပေါင်းစည်းထားတဲ့နေရာမှာ တစ်ယောက်က သာမန်နဲ့ပျမ်းမျှဆန်းကြယ်နတ်ဘုရားအတတ်တွေကို ပေါင်းစပ်ထားပြီး အခြားတစ်ယောက်က ထူးကဲဆန်းကြယ်နတ်ဘုရားအတတ်တွေကို ပေါင်းစပ်ထားရင် အနောက်တစ်ခုက ပိုအားကောင်းတာသဘာဝပါပဲ။
သူတို့အားလုံးက ပြီးပြည့်စုံခြင်းဆန်းကြယ်နတ်ဘုရားအတတ်ဒါမှမဟုတ်အဆုံးစွန်းအဆင့်ဆန်းကြယ်နတ်ဘုရားအတတ်တွေဆိုရင် ပိုတောင်မှင်တက်စရာကောင်းလိမ့်မယ်။
ပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တွေကို ပေါင်းစပ်နိုင်ရင်တော့ ဆိုဖွယ်ရာမရှိဘူးပေါ့။
အတိုချုပ်အားဖြင့် ဆန်းကြယ်နတ်ဘုရားတွေရဲ့ခွန်အားကို ဆုံးဖြတ်နိုင်တဲ့ အချက်အလက်တွေအများကြီးရှိတယ်၊ သူတို့ကို တစ်ခုပြီးတစ်ခုဖော်ပြဖို့က မဖြစ်နိုင်ဘူး။
"ဒီကောင်လေးကို သတ်ကိုသတ်ရမယ်"
လျန့်ခွင်းရဲ့နှလုံးသားထဲမှာ သတ်ဖြတ်လိုစိတ်တွေ ပိုလာတယ်။
ယနေ့ သူက လီဖူချန်းကို မသတ်ရင် လီဖူချန်းက အမှန်တရားကို မပြောရင်တောင် တစ်ဖက်လူက ပြန်လက်စားချေဖို့ သိပ်ကြာမှာမဟုတ်ဘူး။
"ဓားတာအိုစိတ်ဝိညာဉ်ချိုးဖြတ်ခြင်း"
တွေးနေရင်း လျန့်ခွင်းက သူ့ရဲ့အသန်မာဆုံးဓားပညာကို ထုတ်ဖော်ခဲ့တယ်။
ကောင်းကင်နဲ့မြေကြီးက ဘယ်အချိန်တည်းက မည်းမှောင်သွားသလဲကို မသိဘူး၊ ကောင်းကင်က အမှောင်တိမ်တိုက်တွေနဲ့ ပြည့်နေပြီး လျန့်ခွင်းရဲ့လက်ထဲရှိဓားက အဆသန်းတစ်ရာပိုလေးလာတယ်။
ဓားအတတ်ကို ထုတ်ဖော်လိုက်တာနဲ့ အဆုံးမဲ့ဓားတာအိုပုံရိပ်ယောင်တွေက ထွက်ပေါ်လာတယ်။
ကြောက်စရာကောင်းတဲ့ဓားဆန္ဒက ကမ္ဘာကို ရိုက်ခတ်လာတယ်။
ဓားအလင်းက ကမ္ဘာအလင်းကို မှေးမှိန်သွားစေတယ်။
ထူးကဲအဆင့်နိမ့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်-ဓားတာအိုစိတ်ဝိညာဉ်ချိုးဖြတ်ခြင်း။
ဒီကြောက်စရာကောင်းတဲ့တိုက်ခိုက်မှုနဲ့ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက အရင်ကဆိုရင် ဘာမှ လုပ်စရာရှိမှာမဟုတ်ဘူး။
ဒါပေမယ့် နန်ကုန်းဖှေးဖန်က သူ့ကို ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးဆယ့်ခြောက်ခုပေးခဲ့ပြီး နှစ်ခုက အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေဆိုတာ ဘယ်သူက သိမှာလဲ။
"ကောင်းကင်ဘုံဓားကျားပညာ"
အမှောင်ကောင်းကင်ကို ဆုတ်ဖြဲသွားပြီး ဧရာမကျားတစ်ကောင်က ထွက်ပေါ်လာတယ်။
ဒီဧရာမကျားက ကြီးမားလွန်းတာကြောင့် ၎င်းရဲ့ခန္ဓာကိုယ်က ဟင်းလင်းပြင်ထဲမှာတောင် မနစ်မြုပ်ခဲ့ဘူး။
ဟိန်းသံ......
ဧရာမကျားက ဟိန်းဟောက်ကာ လျန့်ခွင်းရဲ့ဓားအလင်းနဲ့ ထိက်တိုက်တွေ့လိုက်တယ်။
အုန်း......
ဟင်းလင်းပြင်က တုန်ခါသွားပြီး ကြောက်စရာကောင်းတဲ့လေလှိုင်းတွေက ပျံ့နှံ့သွားပြီး လီဖူချန်းရောလျန့်ခွင်းရောနှစ်ယောက်စလုံး လွင့်ထွက်သွားတယ်။
ဒါပေမယ့် လျန့်ခွင်းက လီဖူချန်းထက် ပိုသနားစရာကောင်းတယ်၊ သူ့ခန္ဓာကိုယ်တစ်ဝက်က ကိုက်ဖြတ်ခံထားရပြီး သွေးတွေ ပန်းထွက်နေတယ်၊ လီဖူချန်းကတော့ သွေးတစ်ပွက်သာ အန်လိုက်ရပြီး သူ့ရင်ဘက်ပေါ်မှာ ဓားအမှတ်အသားတစ်ခုက ထင်ကျန်ရစ်နေတယ်။
တစ်ချက်ကြည့်လိုက်ရုံနဲ့ ဘယ်သူက ပိုသန်မာလဲ၊ ပိုအားနည်းလဲဆိုတာ ရှင်းလင်းတယ်။
"အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်"
လျန့်ခွင်က မှင်တက်နေတယ်။ ဒီဓားရဲ့အရှေ့မှာ သူက ခုံခံနိုင်စွမ်းလုံးဝမဲ့နေတယ်။
ဓားချီက သူ့ခန္ဓာကိုယ်ထဲမှာ သောင်းကျန်းနေပြီး လျန့်ခွင်းက ဒဏ်ရာမှ မသက်သာနိုင်တော့ဘူး။
"ငါ ဘယ်လိုမှ လုပ်မရတော့ဘူးလား"
လျန့်ခွင်းက အလွန်ဆန္ဒမရှိဖြစ်နေတယ်။ ဘာလို့ တစ်ဖက်လူမှာ ဒီလိုအားကောင်းတဲ့ဓားအတတ်တစ်ခုရှိနေရတာလဲ။ သူ့မှာလဲ အလယ်ဆင့်ဒါမှမဟုတ်အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအတတ်သာရှိရင် ယနေအနေအထားက လုံးဝခြားနားနေမှာပဲ။
အုန်း......
လျန့်ခွင်းရဲ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားတယ်၊ တကယ်တော့ သူက ကောင်းကင်ဘုံဓားကျားပညာရဲ့ဓားချီကို မခုံနိုင်ပါဘူး၊ ခန္ဓာကိုယ်တစ်ခုလုံးပေါက်ကွဲထွက်သွားသလို ဆန်းကြယ်နန်ဘုရားစွမ်းအားက အလုံးစုံပျက်သုဉ်းသွားပြီး စိတ်ဝိညာဉ်က လွင့်စင်ပပျောက်သွားတယ်။ အဆုံးမှာတော့ လျန့်ခွင်းက သေသွားခဲ့ရတယ်။
"လွှမ်းမိုးနိုင်လွန်းတယ်၊ ဒါ ငါဖန်တီးထားတာ မဟုတ်တာ ဆိုးတာပဲ"
ကောင်းကင်ဘုံဓားကျားရဲ့စွမ်းအားက လီဖူချန်းကို ထိတ်လန့်စေခဲ့တယ်။
ဖန်တီးထားသူကသာ နတ်ဘုရားကမ္ဘာရဲ့အသိအမှတ်ပြုခြင်းကို ရပြီး ကောင်းကင်ဘုံဓားကျားအတတ်အမှတ်အသားကို ရရှိနိုင်တယ်။
ကောင်းကင်ဘုံဓားကျားနတ်ဘုရားအတတ်အမှတ်အသားနဲ့မှသာ ကောင်းကင်ဘုံဓားကျားနတ်ဘုရားအတတ်ရဲ့အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်မယ်။
"အားကျဖို့မလိုဘူး။ ငါဖန်တီးထားတဲ့ဆန်းကြယ်နတ်ဘုရားအတတ်တွေက ကောင်းကင်ဘုံဓားကျားနတ်ဘုရားအတတ်ထက် မနိမ့်ကျပါဘူး၊ လက်ရှိအချိန်မှာ သူတို့က အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်အဆင့်ကို မရောက်သေးလို့ပဲ"
လီဖူချန်းက သူ့ကိုယ်သူ ဘယ်တော့မှ အထင်မသေးပါဘူး။ သူဖန်တီးထားတဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေက ရိုးရှင်းပုံပေါ်ပေမယ့် အဆုံးမဲ့ပြောင်းလဲမှုတွေ ပါဝင်နေတယ်။
ဒါ့ပြင် သူက ဓားတာအိုပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်ဖြစ်တဲ့လိုဏ်ဂူတစ်ရာဓားပိုင်နက်ကိုလဲ ဖန်တီးထားခဲ့တယ်။
လိုဏ်ဂူတစ်ရာဓားပိုင်နက်က အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအဆင့်ကို ရောက်ရှိတာနဲ့ ပြိုင်ဘက်ကင်းတည်ရှိမှူတစ်ခုဖြစ်မယ်ဆိုတာ သံသယရှိစရာမလို။ နှစ်ယောက်သားခွန်အားညီမျှနေရင်တောင် လိုဏ်ဂူတစ်ရာဓားပိုင်နက်ထွက်ပေါ်လာတာနဲ့ ရန်သူက ချက်ချင်းရှုံးနိမ့်သွားရပြီး ပြန်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
"ငါ့ရဲ့လက်ရှိခွန်အားက သာမန်အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတွေကို သတ်နိုင်တယ်၊ ဒါက ဒုတိယတန်းစားအလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတွေနဲ့ ညီမျှလုနီးပါးပဲ"
လီဖူချန်းက သူ့ခွန်အားအဆင့်ကို ခွဲခြမ်းစိတ်ဖြာခဲ့တယ်။
သူက အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတွေကို အဆင့်၅ဆင့်ခွဲထားတယ်။
သာမန်၊ ဒုတိယတန်းစား၊ ပထမတန်းစား၊ သာလွန်၊ ထိပ်တန်း။
လျန့်ခွင်းက သူ့ကို ခြိမ်းခြောက်မှုတော်တော်ဖြစ်စေခဲ့ပေမယ့် တစ်ဖက်လူက သာမန်အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်သာဖြစ်မယ်လို့ လီဖူချန်းက သတ်မှတ်ခဲ့တယ်။
"ကြည့်ရတာ ငါ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားဖြစ်အောင် အမြန်လုပ်ရမယ့်ပုံပဲ။ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတွေက ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်စွမ်း အများကြီးမရှိဘူး"
သူက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားနယ်ပယ်မှာပဲ အကြာကြီးနေဖို့ လီဖူချန်းက ဘယ်တော့မှ မတွေးထားဘူး။ သူက စန်းလန်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့နံပါတ်၁ဖြစ်ဖို့ ဘယ်တော့မှ မစဉ်းစားခဲ့ဘူး။
ဒါကြောင့် လီဖူချန်းရဲ့မျက်လုံးထဲမှာ စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်စာရင်းရဲ့နံပါတ်၁ဆိုတာက လုံးဝတန်ဖိုးမရှိပါဘူး။
စွမ်းရည်ရှိတဲ့၊ အလားအလာရှိတဲ့သူတွေက နောက်တစ်ဆင့်ကို ချိုးဖြတ်ရမှာပဲလေ။
သူတို့သုံးယောက်ရဲ့ကြွယ်ဝမှုက သိပ်မများပါဘူး၊ ထရိီလီယံအနည်းငယ်သာ ပေါင်းထည့်ပေးနိုင်တယ်။ လီဖူချန်းအတွက်ကတော့ ဒါက မလိုပါဘူး။ သူ့ရဲ့နေရာလပ်လက်စွပ်ထဲမှာ အလယ်ဆင့်နတ်ဘုရားကျောက်တုံး၁၃၀ထရီလီယံရှိပြီးသားလေ။
အနည်းငယ်ရှင်းလင်းပြီးနောက် လီဖူချန်းက ထွက်လာပြီး ဟွမ်ဖုန်မြို့သို့ ဦးတည်ခဲ့တယ်။
ဟွမ်ဖုန်မြို့က ငွေရောင်ငှက်တောင်မွှေးမြို့နဲ့ အနီးကပ်ဆုံးဖြစ်ပြီး သူကလဲ အကျွမ်းတဝင်ဖြစ်တယ်၊ ဒါကြောင့် လက်ရှိအချိန်မှာ သူက နေရာတွေ မပြောင်းချင်ပါဘူး။
ရက်အနည်းငယ်အတွင်း လီဖူချန်းက ဟွမ်ဖုန်မြို့ကို ပြန်ရောက်လာခဲ့တယ်။
ယန်ပိုင်ရှန်နဲ့ယွမ်ဝေ့တို့ကို မနှုတ်ဆက်တော့ဘဲ တည်းခိုခန်းသို့ ရောက်ပြီးနောက် လီဖူချန်းက ဆေးလုံးတွေကို စတင်သန့်စင်ခဲ့တယ်။
ပထဆုံးအနေဲ့ ကြယ်သုံးလုံးအဆင့်နိမ့်ထိပ်တန်းနတ်ဘုရားဆေးတွေဖြစ်တဲ့စိတ်ဝိညာဉ်ခြင်ဆီဆေးနဲ့အမှောင်သွေးဆေးတို့ကို စတင်သန့်စင်ခဲ့တယ်။
သူက ကြယ်သုံးလုံးအဆင့်နိမ့်ဆေးနတ်ဘုရားတစ်ယောက်လေ၊ ဒီတော့ သူသန့်စင်တဲ့စိတ်ဝိညာဉ်ခြင်ဆီဆေးနဲ့အမှောင်သွေးဆေးတို့က မဆိုးလောက်ပါဘူး။
တစ်အောင့်ကြာပြီးနောက် စိတ်ဝိညာဉ်ခြင်ဆီဆေးရဲ့ပထမအသုတ်ကို ရရှိလာတယ်။
လီဖူချန်းက ပြုံးလိုက်တယ်။
ဒီစိတ်ဝိညာဉ်ခြင်ဆီဆေးအသုတ်မှာ အားလုံးက အဆုံးစွန်းအဆင့်တွေပဲ။
"အရသာခံကြည့်တာပေါ့"
လီဖူချန်းက တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားကို စိတ်ဝိညာဉ်ခြင်ဆီဆေးတစ်လုံး ကျွေးလိုက်တယ်။
တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားရဲ့မျက်လုံးတွေက လင်းလက်သွားတယ်၊ ဒီစိတ်ဝိညာဉ်ခြင်ဆီဆေးက သူအရင်စားခဲ့တဲ့နတ်ဘုရားဆေးတွေထက် ပိုအရသာရှိတာပဲ။
စိတ်ဝိညာဉ်ခြင်ဆီဆေးကို သန့်စင်ရတာ အရမ်းလွယ်ပါတယ်။ စိတ်ဝိညာဉ်ခြင်ဆီပင်တွေ ကုန်သွားတဲ့အခါ လီဖူချန်းက အမှောင်သွေးဆေးကို စတင်သန့်စင်ခဲ့တယ်။
မတော်တဆတွေမရှိဘဲ လီဖူချန်းသန့်စင်ခဲ့တဲ့အမှောင်သွေးဆေးတွေအားလုံးက အဆုံးစွန်းအဆင့်ပါပဲ။
"ဟမ်"
ရုတ်တရက် လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်၊ သူက နတ်ဘုရားဆေးတစ်လုံးပေါ်မှာ စက်ဝိုင်းခြောက်ခုအင်းကွက်ကို မြင်တွေ့ခဲ့တယ်လေ။
အဆုံးစွန်းအဆင့်ဆေးတွေမှာ စက်ဝိုင်းငါးခုရှိတယ်ဆိုတာ သိရမယ်၊ စက်ဝိုင်းခြောက်ခုရှိတယ်ဆိုတော့ သန္ဓေပြောင်းဆေးလုံးလို့ ဆိုလိုတယ်။
"ငါ သန္ဓေပြောင်းဆေးတစ်လုံး လုပ်နိုင်ခဲ့ပြီးပဲ၊ သက်ရောက်မှုကရော ဘယ်လိုရှိမလဲ"
သန္ဓေပြောင်းဆေးတွေမှာ သက်ရောက်မှုအမျိုးမျိုးရှိတယ်။
အချို့က အဆိပ်ပြင်းတယ်။
အချို့က သက်ရောက်မှုမျိုးစုံရှိတယ်။
အချို့က အာနိသင်တိုးလာတယ်။
ဘယ်တစ်ခုပဲဖြစ်ဖြစ်၊ သန္ဓေပြောင်းဆေးရဲ့တန်ဖိုးက မနိမ့်ကျပါဘူး။
ပုံမှန်အခြေအနေအောက်မှာ သန္ဓေပြောင်းဆေးလုံးရဲ့တန်ဖိုးက အဆုံးစွန်းအဆင့်ဆေးလုံးရဲ့ဆယ်ဆရှိတယ်။
ပြီးတော့ ဒါက စက်ဝိုင်းခြောက်ခုအင်းကွက်ရှိတဲ့သန္ဓေပြောင်းဆေးလုံးအတွက်သာဖြစ်တယ်။ စက်ဝိုင်းခုနှစ်ခုအင်းကွက်၊ စက်ဝိုင်းရှစ်ခုအင်းကွက်တို့ရှိတဲ့သန္ဓေပြောင်းဆေးလုံးတွေဆိုရင် တန်ဖိုးက အဆတစ်ရာဒါမှမဟုတ်အဆတစ်ထောင်ထိတောင် တိုးလာနိုင်တယ်။
လီဖူချန်းက သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားအပေါ် ယုံကြည်ချက်ရှိတယ်၊ သူ့ရဲ့ဖျက်ဆီးခြင်းစွမ်းအားပါ ပေါင်းလိုက်ရင် စက်ဝိုင်းခြောက်ခုအင်းကွက်သန္ဓေပြောင်းဆေးလုံးက အဆိပ်ပြင်းရင်တောင် သူ့ကို ထိခိုက်စေဖို့ မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် သူက တိုက်ရိုက်အသုံးပြုခဲ့တယ်။
အရမ်းကောင်းတာပဲ။
သန္ဓေပြောင်းအမှောင်သွေးဆေးက ပါးစပ်ထဲမှာ အရည်ပျော်ကျသွားပြီး အားကောင်းတဲ့ဆေးသက်ရောက်မှုတစ်ခုက ထွက်ပေါ်လာကာ လီဖူချန်းရဲ့ခန္ဓာကိုယ်ကို စတင်ဆေးကြောပြီး သူ့ရဲ့အသက်အားကို ဖြည့်တင်းလိုက်တယ်။
"ဆေးအာနိသင်ကို တိုးစေတာပဲ၊ ဆေးအာနိသင်ကို အနည်းဆုံးဆယ်ဆတိုးစေတာပဲ၊ ကြယ်သုံးလုံးအလယ်ဆင့်ထိပ်တန်းဆေးကို ကျော်ဖြတ်ပြီး ကြယ်သုံးလုံးအဆင့်မြင့်ထိပ်တန်းဆေးအဆင့်ထိ ရောက်ရှိထားတာပဲ" လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
သူက ခါးသီးစွာ ပြုံးလိုက်မိတယ်။ သန္ဓေပြောင်းဆေးတွေက ပေါ်ထွက်လာဖို့ ခက်တယ်လေ။
အမှောင်သွေးဆေးက ကြယ်သုံးလုံးအဆင့်နိမ့်ထိပ်တန်းအဆင့်ဆေးဖြစ်ပေမယ့် ၎င်းရဲ့ဆေးအာနိသင်က အလွန်သန့်စင်တယ်၊ ကြယ်သုံးလုံးအဆင့်မြင့်သာမန်ဆေးကိုတောင် ကျော်လွန်သွားတယ်။ အသုံးပြုပြီးနောက် ချီအရှိန်အဝါက အလွန်လျင်မြန်စွာ တိုးလာတယ်။
စိတ်ဝိညာဉ်ခြင်ဆီဆေးနဲ့အမှောင်သွေးဆေးအားလုံးကို အသုံးပြုပြီးတဲ့အခါ စိတ်ဝိညာဉ်ခွဲဖြာကျားရဲ့အရှိန်အဝါက များစွာတိုးလာပြီး ချိုးဖြတ်ဖို့က ပိုပိုနီးကပ်လာတယ်။
နောက်တော့ လီဖူချန်းက ကြယ်သုံးလုံးအလယ်ဆင့်ထိပ်တန်းဆေးဖြစ်တဲ့ကောင်းကင်ဘုံသွေးဆေးနဲ့သွေးအရိုးချီတန်းဆေးတို့ကို စတင်သန့်စင်ခဲ့တယ်။
ပထမဆုံးအကြိမ်ရှိရင် ဒုတိယဆုံးအကြိမ်ဆိုတာ ရှိလာမှာပဲ။
ကောင်းကင်ဘုံသွေးဆေးကို သန့်စင်တဲ့ဖြစ်စဉ်မှာ လီဖူချန်းက နောက်ထပ်သန္ဓေပြောင်းဆေးတစ်မျိုးကို သန့်စင်နိုင်ခဲ့တယ်။
ဒီတစ်ခါမှာတော့ ၎င်းက စက်ဝိုင်းခုနှစ်ခုအင်းကွက်သန္ဓေပြောင်းဆေးဖြစ်တယ်။
"၎င်းမှာ အဆိပ်ပြင်းတွေ ပါဝင်နေမလားမသိ"
လီဖူချန်းက အဲဒါကို တိုက်ခိုက်ရေးစိတ်ဝိညာဉ်ခွဲဖြာကျားကို တိုက်ရိုက်မကျွေးရဲပါဘူး၊ သိမ်းပြီး နောက်ကျမှ ဖြည်းဖြည်းချင်းလေ့လာရမယ်။
လီဖူချန်းက အရမ်းကံကောင်းနေသလားပဲ။ တစ်အောင့်ကြာပြီးနောက် လီဖူချန်းက သန္ဓေပြောင်းကောင်းကင်ဘုံသွေးဆေးကို ထပ်မံသန့်စင်ခဲ့တယ်၊ ဒီတစ်ခါမှာလဲ အဲဒါက စက်ဝိုင်းခုနှစ်ခုအင်းကွက်သန္ဓေပြောင်းကောင်းကင်ဘုံသွေးဆေးပါပဲ။
"ဒါတော့ နည်းနည်းများသွားပြီ၊ ရွှေရောင်အဆောင်ရဲ့သက်ရောက်မှုကြောင့်များလား"
သူက အဆုံးစွန်းအဆင့်နတ်ဘုရားဆေးတွေကို သန့်စင်နိုင်လာတာနဲ့အမျှ အနာဂတ်မှာ အဆုံးစွန်းအဆင့်နတ်ဘုရားဆေးတွေကို သန့်စင်ရတာက ထမင်းစားရေသောက်သလောက်ပါပဲ၊ ပြီးပြည့်စုံခြင်းအဆင့်နတ်ဘုရားဆေးတွေကို မသန့်စင်နိုင်စရာမရှိလောက်တော့ဘူး။
အခု သူက သန္ဓေပြောင်းဆေးတွေကို သန့်စင်နိုင်နေပြီ၊ အနာဂတ်မှာ သန္ဓေပြောင်းဆေးတွေကို မကြာခဏသန့်စင်နိုင်လာမှာပါ။
ဒါပေမယ့် ဒါက ထင်မြင်ချက်မျှသာဖြစ်ပြီး သက်သေပြဖို့ လိုအပ်ပါတယ်။
***