ဓားမြို့
Vol. 89 Ch. 1254
"ဒါပေမယ့် ဒီနေရာရဲ့ဓားချီက အားနည်းလွန်းနေသေးတယ်၊ ဒါကြောင့် ငါတို့ ပိုသန်မာတဲ့နေရာတစ်ခုကို ရွေးချယ်ရမယ်"
ထရပ်လျက် လီဖူချန်းက ကောင်းကင်ဘုံဓားကြယ်ပေါ်မှာ စတင်လှည့်လည်ခဲ့တယ်။
နောက်ထပ်ရက်အနည်းငယ်ကြာပြီးနောက် လီဖူချန်းက ထူးဆန်းတဲ့မြို့တစ်မြို့ကို မြင်ခဲ့တယ်။
ဒီမြို့ကို အကွင်းကိုးကွင်းက ဝန်းရံထားတယ်၊ တစ်ကွင်းဆီမှာ ဓားတာအိုဆန်းကြယ်နတ်ဘုရားကြီးမားတဲ့အရေအတွက်တစ်ခုရှိတယ်၊ အထူးသဖြင့် နဝမအကွင်းမှာ ဓားတာအိုဆန်းကြယ်နတ်ဘုရားခုနှစ်ဆယ်ကနေရှစ်ဆယ်ရာခိုင်နှုန်းက စုဝေးနေကြတယ်။
"ဒါ ဘယ်နေရာလဲ"
လီဖူချန်းက အလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားတစ်ယောက်ကို မေးလိုက်တယ်။
ဒီအလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားက ဓားချီအလွန်သန်မာပြီး သူက ရှင်းပြလိုက်တယ်" ဒီနေရာကို ဓားမြို့ခေါ်တယ်၊ ဓားမြို့ရဲ့အလယ်ဗဟိုက ပထမအကွင်းဖြစ်ပြီး ဓားလိုဏ်ဂူတစ်ခုရှိတယ်။ ဓားလိုဏ်ဂူမှထွက်လာတဲ့ဓားချီက အလွန်သန်မာတယ်။ ဒါပေမယ့်ဒီကြောက်စရာကောင်းတဲ့ဓားချီကြောင့် ဓားတာအိုနတ်ဘုရားစွမ်းအားကို လေ့ကျင့်ဖို့အကောင်းဆုံးနေရာဖြစ်နေတာပဲ။ ဒါပေမယ့် အခြေခံအားဖြင့် ထိုနေရာကို ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တွေက ထိန်းချုပ်ထားပြီး သာမန်လူတွေက ဝင်ရောက်ဖို့ အရည်အသွေးမမှီဘူး။ ဒုတိယအကွင်းကို ပထမတန်းစားဓားတာအ်ိုဆန်းကြယ်နတ်ဘုရားတွေက ထိန်းချုပ်ထားပြီး တတိယအကွင်းကို ဒုတိယတန်းစားဓားတာအိုဆန်းကြယ်နတ်ဘုရားတွေက ထိန်းချုပ်ထားတယ်........"
"ကောင်းကင်ဘုံဓားကြယ်ပေါ်မှာ ဒီနေရာအပြင် အခြားဓားမြို့တွေအများကြီးရှိတယ်"
"ငါ သိပြီ၊ ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်" လီဖူချန်းက ပြောလိုက်တယ်။
"ဒါဆိုလဲ ငါသွားပြီ။ နောက်ကျရင် နေရာမရဘဲ ဖြစ်နေအုံးမယ်"
အလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားက ဓားမြို့ဆီ အလျင်စလိုပျံသန်းသွားခဲ့တယ်။
လီဖူချန်းက ဓားမြို့ကို ရောက်တဲ့အခါ နဝမအကွင်းရဲ့ဓားချီက အပြင်ကမ္ဘာထက် အများကြီးပိုသန်မာတာကို သတိပြုမိခဲ့တယ်။
ဒါပေမယ့် နေရာမရှိတာတစ်ခုပဲ၊ လူများစွာက နေရာအတွက် တိုက်ခိုက်နေကြတယ်။
အဌမအကွင်းမှာလဲ နေရာမရှိဘူး။
သတ္တမအကွင်း၊ ဆဌမအကွင်း၊ ပဉ္စမအကွင်း။
နောက်ဆုံးတော့ စတုတ္ထအကွင်းမှာ လီဖူချန်းက နေရာလွတ်တစ်ခုကို တွေ့ရှိခဲ့တယ်။
နေရာလွတ်တစ်ခုလို့ပြောပေမယ့် တကယ်တမ်းတော့ ကျောက်တုံးစင်မြင့်တစ်ခုပါပဲ။
လီဖူချန်းက ကျောက်တုံးစင်မြင့်ပေါ်သို့ ခုန်တက်ကာ တင်ပျဉ်ခွေထိုင်လိုက်တယ်။
"အားလုံးက ကျောက်တုံးစင်မြင့်ပေါ်မှာပဲရှိနေတာ အံ့ဩစရာမရှိဘူးပဲ။ ကျောက်တုံးစင်မြင့်အောက်နဲ့ လုံးဝကိုမတူညီတဲ့အရာတွေပဲ"
ကျောက်တုံးစင်မြင့်ပေါ်မှာ တင်ပျဉ်ခွေထိုင်ချရင်း ဓားချီက ဦးတည်ဘက်တိုင်းမှ ကျူးကျော်လာခဲ့တယ်။ ကျောက်တုံးစင်မြင့်အောက်မှာ ဓားချီတစ်ခုက ရံဖန်ရံခါမှသာ တိုက်ခိုက်ပြီး သက်ရောက်မှုက အလွန်အားနည်းတယ်။
"ဒီလူက ဘယ်သူလဲ၊ သူက ဓားတစ်ထောင်ဆန်းကြယ်နတ်ဘုရားရဲ့ကျောက်တုံးစင်မြင့်ပေါ်မှာ တကယ်ထိုင်ရဲတာပဲ"
"ဓားတစ်ထောင်ဆန်းကြယ်နတ်ဘုရားက ကောင်းတဲ့လူမဟုတ်ဘူး၊ ဒီလူက ကံမကောင်းတာပဲ"
"အရင်က တတိယတန်းစားဓားတာအိုဆန်းကြယ်နတ်ဘုရားတစ်ယောက်က ဓားတစ်ထောင်ဆန်းကြယ်နတ်ဘုရားရဲ့နေရာကို ယူခဲ့တယ်၊ ဒါပေမယ့် သူ့ရဲ့နှလုံးသားကို ဓားတစ်ထောင်က ထိုးဖောက်သွားခဲ့ပြီး မရှုမလှ သေသွားခဲ့ရတယ်လေ"
"ပြပွဲကို စောင့်ကြည့်ကြရတာပေါ့.....ဘာပဲပြောပြော ဒါ ငါတို့ရဲ့အလုပ်မဟုတ်ဘူးလေ"
လူတိုင်းက လီဖူချန်းရဲ့အနာဂတ်သနားစဖွယ်ဖြစ်အင်ကို စောင့်မျှော်နေတော့တယ်။
"အကိုလေး၊ မင်း မြန်မြန်ဆင်းသွားတာ ပိုကောင်းမယ်။ ဓားတစ်ထောင်ဆန်းကြယ်နတ်ဘုရားက ရင်ဆိုင်ရတာ မလွယ်ဘူး၊ သူလဲ တတိယတန်းစားဓားတာအိုဆန်းကြယ်နတ်ဘုရားတစ်ယောက်ဖြစ်ပေမယ့် ငါတို့ထက် အများကြီးပိုသန်မာတယ်"
အနီးနားရှိကျောက်တုံးစင်မြင့်တစ်ခုပေါ်မှာ လူအိုကြီးတစ်ယောက်က သတိပေးလိုက်တယ်။
လီဖူချန်းက ပြောလိုက်တယ်"ဒီကျောက်တုံးစင်မြင့်က သူ့မိသားစုပိုင်တာလား။ ငါက ဘာလို့ မထိုင်နိုင်ရမှာလဲ။ မင်း စိတ်ပူစရာမလိုဘူး။ ငါ လာရဲမှတော့ ငါ့မှာ ယုံကြည်ချက်ရှိပြီးသားပါ"
သူက အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားတစ်ယောက်နဲ့ မတိုက်ခိုက်ဖူးပေမယ့် တတိယအဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားက သူထင်ထားသလောက် သန်မာမှာမဟုတ်ဘူး။
ကျောက်တုံးစင်မြင့်ပေါ်မှာ ထိုင်ရင်း လီဖူချန်းက သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကို ထုတ်လွှတ်ကာ ဓားချီရဲ့လေ့ကျင့်ပေးမှုကို စတင်လက်ခံခဲ့တယ်။
ကောင်းကင်ဘုံဓားကြယ်ရဲ့ဓားချီက အလွန်အမင်းသန်မာရုံသာမက ထူးခြားတဲ့ဓာတ်တစ်ခုလဲ ပါဝင်တယ်။
"တိုးတက်မှုအနည်းငယ်ရှိလာတာပဲ"
ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက အဆင့်၁၂ကို ရောက်ရှိပြီးနောက် ဆက်လက်တိုးတက်ဖို့ အလွန်ခက်ခဲတယ်။ ကောင်းကင်ဘုံဓားကြယ်ရဲ့ဓားချီမှာ ထူးခြားတဲ့ဓာတ်တစ်ခုပါဝင်တယ်။ ၎င်းက ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားရဲ့အရေးမကြီးတဲ့အစိတ်အပိုင်းတွေကို ဖယ်ရှားဖို့ လီဖူချန်းကို ကူညီပေးနေတယ်။
အချိန်က ကုန်ဆုံးနေတယ်၊ လီဖူချန်းက ကောင်းကင်ဘုံဓားကြယ်ကို ရောက်ရှိနေတာ သုံးရက်ရှိပါပြီ။
"ကြည့်စမ်း၊ ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရား ရောက်လာပြီ"
"အခုတော့ ပွဲကြည့်ရတော့မယ်။ ဒီလူက ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားနဲ့ ဘယ်လိုရင်ဆိုင်မလဲမသိ"
ဓားမြို့ရဲ့စတုတ္ထအကွင်းကို လာနိုင်တယ်ဆိုတော့ သူ့မှာ အရည်အချင်းအချို့ရှိရမှာပေါ့"
"ငါတို့တွေ တွေ့ရမှာပါ"
လူအုပ်ကြီးထဲမှာ ဆွေးနွေးနေစဉ် အဖြူရောင်ဓားတစ်လက်နဲ့လူလတ်ပိုင်းတစ်ယောက်က ရောက်ရှိလာခဲ့တယ်။
"ဒီကျောက်တုံးစင်မြင့်က ငါ့ရဲ့သီးသန့်နေရာဆိုတာ မင်း သိလား" ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားက ပြောလိုက်တယ်။
လီဖူချန်းက ပြောလိုက်တယ်"ကျောက်တုံးစင်မြင့်ပေါ်မှာ မင်း နာမည်ရေးထိုးထားလို့လား"
"နောက်ကျရင် မင်း အဲလိုပြောနိုင်ပါစေလို့ ငါ မျှော်လင့်ပါတယ်" ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားဆရာသခင်ရဲ့သတ်ဖြတ်ခြင်းအရှိန်အဝါက စိမ့်ထွက်လာပြီး ဓားချီတစ်သောင်းက ပျံ့နှံ့လာတယ်။
လီဖူချန်းက သူ့ခေါင်းကို ခါယမ်းလိုက်တယ်"ငါ မင်းကို အဲလိုမလုပ်ဖို့ အကြံပေးချင်တယ်"
"ဘာလဲ၊ မင်း ကြောက်နေတာလား" ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားဆရာသခင်က နှာခေါင်းရှုံ့ကာ သူ့နောက်ကျောရှိဓားရှည်ကို ယူထုတ်လိုက်တယ်။
လီဖူချန်းက ပြောလိုက်တယ်" မင်း ကိုယ့်အရှက်ကိုယ်ခွဲမိမှာကို ငါ စိုးရိမ်တာ"
"လေကြီးလေကျယ်တွေ။ ဒီကို ဆင်းလာစမ်းပါ၊ ငါ မင်းကို တစ်ချက်တည်းနဲ့ ခုတ်ပိုင်းလိုက်မယ်"
ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားက အော်ကာ သူ့ဓားနဲ့ ခုတ်ပိုင်းလိုက်တယ်။ ဓားချီက လေကို ချိုးဖြတ်သွားပြီး လီဖူချန်းကို ခုတ်ပိုင်းခဲ့တယ်။
"မင်းက ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားလို့ခေါ်တယ်ဆို။ ဒါ မင်းမှာ ရှိတာ အကုန်ပဲလား" လီဖူချန်းက သူ့ဓားကို မထုတ်ဘဲ ဓားချီကို လက်ညှိုးထိုးလိုက်တယ်။
ဝှစ်.....
ဓားချီက ပျက်ဆီးသွားတယ်။
"မင်းက ငါ့နေရာကို ယူရဲတာ အံ့ဩစရာမရှိဘူးပဲ၊ ခုနက ငါ မင်းကို စမ်းသပ်ခဲ့တာပဲ။ အခု တကယ်လာပြီ၊ ထိပ်တန်းဓားဆယ်လက်...... " ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားက သူ့လက်ထဲရှိဓားဖြူကို ဝှေ့ယမ်းလိုက်တယ်၊ ဓားဖြူဆယ်လက်က ထွက်ပေါ်လာပြီး လီဖူချန်းကို ထိုးစိုက်လာခဲ့တယ်။
ဖြောက်.....
လီဖူချန်းက စိတ်ဝိညာဉ်ခွဲဖြာဓားကို ဆွဲထုတ်လိုက်တယ်၊ ဓားဖြူဆယ်လက်လုံးကို ဖြတ်တောက်သွားခဲ့တယ်။
"သုံးဆယ့်သုံးကောင်းကင်ဘုံဓားချီ"
"ထိပ်တန်းဓားတစ်ရာ"
"ဓားတစ်ထောင်"
ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားက တိုက်ကွက်တွေကို အကြိမ်ကြိမ်ထုတ်ဖော်နေခဲ့တယ်။ ကျောက်တုံးစင်မြင့်တစ်ခုလုံးက ဓားချီနဲ့ ပြည့်သွားတော့တယ်။
ဒါက လူတိုင်းရဲ့ထင်မြင်ထားတာနဲ့ ကွဲပြားနေတာပဲ၊ လီဖူချန်းက အားလုံးကို တကယ်တားဆီးခဲ့တယ်၊ တားဆီးရတာ အတော်လေးလွယ်ပြီး လုံးဝမခက်ခဲခဲ့ပါဘူး။
"ကြည့်ရတာ ငါတို့တွေ သူ့ကို လျော့တွက်မိပုံပဲ"
"မစိုးရိမ်ပါနဲ့၊ ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားရဲ့အသန်မာဆုံးတိုက်ကွက်ကို အခုထိ မထုတ်ဖော်ရသေးဘူး၊ ဒါကြောင့် ပြောရခက်တယ်"
ဆွေးနွေးမှုတွေ ရှိနေတယ်။
"အလျင်စလိုဓားတစ်သောင်း"
နောက်ဆုံးမှာ ဓားတစ်သောင်းဆန်းကြယ်ဘုရားက သူ့ရဲ့သတ်ဖြတ်ကွက်ကို ထုတ်ဖော်ခဲ့တယ်။
ထုတ်ဖော်လိုက်တာနဲ့ အဆုံးမဲ့ဓားချီတွေက လီဖူချန်းဆီ အံ့မခန်းအရှိန်တစ်ခုနဲ့ ရွေ့လျားလာခဲ့တယ်။
ဒီအချိန်မှာ အခြားတတိယတန်းစားအဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားတစ်ယောက်ဆိုရင် သူတို့ကို ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားက အနိုင်ယူသွားလောက်ပါပြီ။
ဒါပေမယ့် ဒီအထဲမှာ လီဖူချန်း မပါပါဘူး။
ဓားအလင်းက ရောယှက်သွားပြီး ဓားဘီးတစ်ခုကို ဖြစ်ပေါ်ဖို့ ပေါင်းစည်းခဲ့တယ်။ ဓားဘီးက ပျံ့နှံ့လာပြီး အဆတစ်ထောင်ချဲ့ထွင်ကာ အဆုံးမဲ့ဓားချီရဲ့ကျုးကျော်မှုကို ခုခံလိုက်တော့တယ်။
ဒင်း ဒင်း ဒင်း.....
မီးပွားတွေက ဦးတည်ဘက်တိုင်းကို စင်ထွက်သွားပြီး ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားရဲ့သတ်ဖြတ်ကွက်က လီဖူချန်းရဲ့ခံစစ်ကို ချိုးဖြတ်ဖို့ ကျရှုံးသွားခဲ့တယ်။
"ကြည့်ရတာ တတိယတန်းစားအဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားက ဒီလောက်ပဲထင်တယ်" ယခုအချိန်ထိ လီဖူချန်းက အလေးအနက်မထားခဲ့ပါဘူး။ သူက ဓားတာအိုဆန်းကြယ်နတ်ဘုရားတစ်ယောက်နဲ့ မဖယ်လှယ်ခဲ့ရသေးဘူးလေ။ ဒါကြောင့် တစ်ဖက်လူမှာ ဘယ်လိုနည်းလမ်းတွေရှိလဲ၊ တစ်ခုခုသင်ယူစရာများရှိနေမလားကို သူက သိချင်တယ်။
အခု ကြည့်ရသလောက် သင်ယူဖို့ထိုက်တန်တာတွေရှိပေမယ့် သိပ်တော့မများပါဘူး။
ဒါက အနည်းငယ်မကျေနပ်စရာပဲ။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားရဲ့မျက်နှာက မည်းမှောင်သွားတယ်၊ သူက အလွန်အရှက်ရနေတယ်။
"ဓားတစ်သောင်းနှလုံးသားထိုးဖောက်ခြင်း"
နောက်ဆုံးမှာတော့ ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားက သူ့ရဲ့အသန်မာဆုံးသတ်ဖြတ်ကွက်ကို ထုတ်ဖော်ခဲ့တယ်။
သတ်ဖြတ်ကွက်ထွက်ပေါ်လာတာနဲ့ အဆုံးမဲ့ဓားချီက ရွေ့လျားလာပြီး ရုတ်တရက် တစ်ခုအဖြစ် စုစည်းသွားကာ လီဖူချန်းရဲ့ရင်ဘက်ထဲသို့ ထိုးဖောက်လာတော့တယ်၊ အရှိန်က လူအများစုရဲ့တုံ့ပြန်မှုနဲ့ရှောင်တိမ်းခြင်းအရှိန်ထက် ပိုမြန်တယ်။
"ထွက်ပေါ်လာပြီ၊ ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားရဲ့အစစ်အမှန်သတ်ဖြတ်ကွက် ထွက်ပေါ်လာပြီ"
လူအုပ်ကြီးက အံ့အားသင့်စွာ ပြောလိုက်တယ်။
ဓားမြို့ရဲ့စတုတ္ထအကွင်းမှာ ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားက အတော်လေးကျော်ကြားပေမယ့် သူ့ရဲ့အစစ်အမှန်သတ်ဖြတ်ကွက်ကို မြင်တွေ့ရတာ ရှားပါတယ်၊ အရမ်းအားကောင်းတယ်လို့ပဲ အခြားသူတွေဆီက ကြားခဲ့ရတာ။
ဒီမရပ်တန့်နိုင်ပုံရပြီးအလွန်အမင်းမြန်ဆန်တဲ့ဓားက လီဖူချန်းရဲ့ဓားလှည့်ပတ်ခြင်းကို မချိုးဖြတ်နိုင်သေးပါဘူး။ ဓားလှည့်ပတ်ခြင်းက ပျက်ဆီးမယ့်လက္ခဏာတွေ မရှိပါဘူး။ အဲ့အစား မီးပွားတွေ စင်ထွက်နေပြီး ကြည့်ရတာ အရမ်းလှတယ်။
"ဒါ မင်းရဲ့အကန့်အသတ်ပဲထင်တယ်။ ဒီခွန်အားလောက်နဲ့ မင်းက ကျောက်တုံးစင်မြင့်တစ်ခုကို သိမ်းပိုက်ချင်နေတာပဲ။ မင်းကိုယ်မင်းအထင်ကြီးတာ များလွန်းနေပြီ" လီဖူချန်းက လှောင်ပြောင်လိုက်တယ်။
"မင်း"
ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားရဲ့မျက်နှာက ဖြူရော်နေတယ်၊ သူ့မျက်လုံးတွေက ကြောက်ရွံ့မှုအပြည့်ဖြစ်နေတယ်။
ဘာလို့ တစ်ဖက်လူရဲ့ခွန်အားက ဒီလောက်သန်မာတာလဲ။ သူက အသန်မာဆုံးသတ်ဖြတ်ကွက်ကို သုံးတာတောင် တစ်ဖက်လူရဲ့အမွေးက်ိုတောင် မထိနိုင်ခဲ့ဘူး။
"မဟုတ်ဘူး၊ သူက ဘယ်တော့မှ စမတိုက်ခိုက်ခဲ့ဘူး။ ဖြစ်နိုင်တာက သူက ခံစစ်မှာပဲ အကောင်းဆုံးထင်တယ်။ ဓားတာအိုဆန်းကြယ်နတ်ဘုရားတစ်ယောက်က ခံစစ်ကို အလေးထားတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး"
"ဒီလိုပဲဖြစ်ရမယ်"
ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
"ဓားတစ်သောင်းနှလုံးသားထိုးဖောက်ခြင်း"
အခု သူ လီဖူချန်းရဲ့အားနည်းချက်ကို သိမှတော့ ဓတစ်သောင်းဆန်းကြယ်နတ်ဘုရားက အခွင့်အရေးကို ဘယ်လက်လွတ်ခံတော့မလဲ၊ သူ့ရဲ့အသန်မာဆုံးသတ်ဖြတ်ကွက်က ထပ်ခါတလဲလဲထုတ်ဖော်နေခဲ့တယ်။ သူက လီဖူချန်းရဲ့ခံစစ်ကို လုံးဝဖျက်ဆီးပြီး သူနဲ့တိုက်ခိုက်ဖို့ ဖိအားပေးချင်တယ်။
"ပျံသန်းနဂါးခုတ်ချက်"
လီဖူချန်းက စိတ်ဝိညာဉ်ခွဲဖြာဓားနဲ့ ခုတ်ပိုင်းလိုက်တယ်။ အနက်ရောင်ဓားချီက အနက်ရောင်နဂါးလူးလိမ့်နေတာနဲ့ တူပြီး ဓားတစ်သောင်းနှလုံးသားထိုးဖောက်ခြင်းကို ချိုးဖြတ်ခဲ့ရုံသာမက ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားကိုပါ ဝါးမျိုသွားခဲ့တယ်။
ဖောက်....
ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားက သွေးတွေနဲ့ဖုံးလွှမ်းသွားပြီး သူ့ရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားများစွာက ဆုံးရှုံးသွားခဲ့တယ်။ သူ့ကို ကြည့်ရတာ သနားစရာပါပဲ။
"ဘာ၊ ဓားတစ်ကွက်တည်းနဲ့ ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားကို အနိုင်ယူခဲ့တာလား"
"မှင်တက်စရာပဲ၊ မှင်တက်စရာပဲ၊ ငါတို့ကသာ ပြောနေတာ။ တစ်ဖက်လူက ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားကို မျက်လုံးထဲတောင် မထည့်ဘူးဆိုတာ ဘယ်သူက သိမှာလဲ"
"ဒီလိုသန်မာတဲ့ခွန်အားနဲ့ဆိုရင် ဘာလို့ တတိယအကွင်းကို မသွားတာလဲ၊ အဲနေရာမှာဆိုရင် ဓားချီက ပိုသန်မာပြီး သက်ရောက်မှုက ပိုကောင်းတယ်လေ"
"လူသစ်ဆိုတော့ ဒီနေရာနဲ့ အရင်လိုက်လျောညီထွေဖြစ်အောင် လုပ်နေတာထင်တယ်"
လူတိုင်းက လီဖူချန်းကို လေးစားစွာ ကြည့်လိုက်ကြတော့တယ်။
ဓားမြို့ရဲ့စတုတ္ထအကွင်းမှာ လူအနည်းငယ်ကပဲ ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားကို ဓားတစ်ကွက်တည်းနဲ့ အနိုင်ယူနိုင်တာလေ။
"မိတ်ဆွေလေးက သန်မာလွန်းတာပဲ၊ လူအိုကြီးက အဓိပ္ပါယ်မရှိစိုးရိမ်နေခဲ့မိတာပဲ"
ဘေးရှိကျောက်တုံးစင်မြင့်ပေါ်မှာ လူအိုကြီးက ခေါင်းကို ခါယမ်းရင်း ခါသီးစွာ ပြုံးလိုက်တယ်။
ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားကို အနိုင်ယူပြီးနောက် လီဖူချန်းက ဓားမြို့ရဲ့စတုတ္ထအကွင်းမှာ ဆက်နေခဲ့တယ်။ ဒီနေရာရဲ့ဓားချီက သူ့အတွက် အသုံးဝင်တယ်။ အသုံးမဝင်တော့မှ တတိယအကွင်းဆီ ထွက်သွားလို့လဲ နောက်မကျပါဘူး။
တစ်ပတ်ကြာပြီးနောက် လီဖူချန်းက ထွက်ခွာခဲ့တယ်။ ဒီနေရာရဲ့ဓားချီက သူ့အတွက် အသုံးမဝင်တော့ပါဘူး။
ဓားမြို့ရဲ့တတိယအကွင်းပေါ်ရှိကျောက်တုံးစင်မြင့်က စတုတ္ထအကွင်းထက် နည်းတယ်။
အချို့ကျောက်တုံးစင်မြင့်တွေက နေရာလွတ်နေပေမယ့် တစ်ယောက်မှ မတက်ရဲပါဘူး။
"ဒီနေရာကိုလဲ တစ်ယောက်ယောက်အပိုင်ယူထားပုံရတယ်"
လီဖူချန်းကို ခေါင်းခါယမ်းကာ ကျောက်တုံးစင်မြင့်တစ်ခုပေါ်ကို တက်လိုက်တယ်။
"ဒါ ဘယ်သူလဲ။ သူ ရဲလှပါလား"
"သူက စတုတ္ထကွင်းမှာ သူ့လမ်းလာပိတ်တဲ့သူကို သတ်ခဲ့တယ်လေ။ သူ့ကိုယ်သူ ယုံကြည်ချက်ရှိပုံပဲ"
လီဖူချန်းရဲ့အပြုအမူက လူတွေကို ထိတ်လန့်စေခဲ့တယ်။
ဒီကျောက်တုံးစင်မြင့်က တိုင်ယန်ဓားဆန်းကြယ်နတ်ဘုရားရဲ့နေရာလေ။
တိုင်ယန်ဓားဆန်းကြယ်နတ်ဘုရားက အမြဲတမ်းဖိနှိပ်ညှဥ်းပန်းတတ်ပြီး လူအနည်းငယ်ကပဲ သူ့ကို ရန်စရဲတာလေ။
တစ်ရက်တောင် မပြည့်သေးပါဘူး၊ အသံတစ်ခုက ထွက်ပေါ်လာတယ်"ဘယ်သူက ငါ့နေရာကို လုရဲတာလဲ။ သူ မကြာခင် သေရမယ်"
လူမရောက်ခင် ဓားအလင်းက အရင်ရောက်လာတယ်။
"လစ်လိုက်တော့"
လီဖူချန်းက တစ်ဖက်လူနဲ့ စကားပြောရတာ ပျင်းတယ်ထင်ပါရဲ့၊ သူက တင်ပျဉ်ခွေထိုင်ရင်းကနေ စိတ်ဝိညာဉ်ခွဲဖြာဓားကို ထုတ်ကာ ပျံသန်းနဂါးခုတ်ချက်နဲ့ တိုက်ခိုက်လိုက်တယ်။
ဓားတစ်သောင်းဆန်းကြယ်နတ်ဘုရားလိုပဲ၊ ဒီတိုင်ယန်ဓားဆန်းကြယ်နတ်ဘုရားကို ချက်ချင်းအနိုင်ယူခဲ့ပြီး သူ့ရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားက ပြင်းပြင်းထန်ထန်လျော့ကျသွားတယ်။
"တိုင်ယန်ဓားဆန်းကြယ်နတ်ဘုရားက ဓားတစ်ကွက်တည်းနဲ့ အနိုင်ယူနိုင်တာလား။ ဒါ ပထမတန်းစားဓားတာအိုဆန်းကြယ်နတ်ဘုရားတစ်ယောက်များလား"
"မဟုတ်လောက်ဘူး၊ အချို့အားကောင်းတဲ့ဒုတိယတန်းစားဓားတာအိုဆန်းကြယ်နတ်ဘုရားတွေလဲ အဲလိုလုပ်နိုင်တယ်"
"ဟုတ်မယ်"
လူတိုင်းရဲ့ဆွေးနွေးချက်ကို ကြားပေမယ့် လီဖူချန်းက ဂရုမစိုက်ပါဘူး။
သူ့ရဲ့လက်ရှိခွန်အားက ဒုတိယတန်းစားဓားတာအိုဆန်းကြယ်နတ်ဘုရားအထက်မှာရှိပြီး ပထမတန်းစားဓားတာအိုဆန်းကြယ်နတ်ဘုရားနဲ့ တူပေမယ့် သူနဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်ကြားမှာတော့ ကွာဟချက်များစွာ ရှိတယ်။
ဆန်းကြယ်နတ်ဘုရားဆရာသခင်ဖြစ်လာနိုင်တဲ့ဘယ်သူမဆို ထူးချွန်တဲ့သူတွေပါပဲ။ သူတို့က လီဖူချန်းလိုအဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ယှဉ်နိုင်တဲ့သူမျိုးမဟုတ်ဘူး။
သူက ဓားတာအိုစိတိဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားကို အဆင့်၁၃အထိ တွန်းပို့နိုင်မယ်ဆိုရင်တော့ မျှော်လင့်ချက်အချို့ရှိမှာပါ။
ဒီလိုဆိုပေမယ့် မျှော်လင့်ချက်က မကြီးမားပါဘူး။
တကယ်တော့ ဓားတာအိုဥပဒေသနယ်ပယ်ပဲဖြစ်ဖြစ်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ပဲဖြစ်ဖြစ်၊ သူက ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်လောက် မကောင်းပါဘူး။
ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်ဖြစ်ဖိူ့ဆိုရင် ဓားတာအိုဥပဒေသနယ်ပယ်က အနိမ့်ဆုံးအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအထွတ်အထိပ်အခြေအနေမှာရှိရမယ်၊ အားကောင်းတဲ့အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်အနည်းငယ်ကို ဖန်တီးထားရမယ်။ ဆန်းကြယ်နတ်ဘုရားစွမ်းအားက အားမနည်းဘဲ အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအများစုထက် ပိုသန်မာရမယ်။
လီဖူချန်းကရော။
သူအသာစီးရတာက ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားပါပဲ။
အဆင့်၁၂ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားက အရင်မရှိခဲ့မဖြစ်ခဲ့ဘူးတဲ့အရာပဲလေ။
အစမှာ အဆင့်တစ်ခုတိုးတိုင်း စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားခွန်အားအဆအနည်းငယ်တိုးလာတယ်။ သတ္တမအဆင့်(အဆင့်၇)ရောက်ပြီးနောက် အနည်းဆုံးငါးဆပိုမြင့်ပြီး နဝမအဆင့်(အဆင့်၉)ကို ရောက်ပြီးနောက် ဆယ်ဆပိုလာတယ်။ အထူးသဖြင့် အဆင့်၁၁မှအဆင့်၁၂အထိဆိုရင် အဆနှစ်ဆယ်တိုးလာတယ်လို့ လီဖူချန်းက ခံစားမိတယ်။
***