← Chapters

သေရေးရှင်ရေးအခိုက်အတန့်

Vol. 89 Ch. 1255

သေရေးရှင်ရေးအခိုက်အတန့်

Vol. 89 Ch. 1255

ဓားမြို့ရဲ့တတိယအကွင်းမှာ ရက်အနည်းငယ်နေထိုင်ပြီးနောက် လီဖူချန်းက ဒုတိယအကွင်းသို့ သွားခဲ့တယ်။

စတုတ္ထအကွင်းနဲ့တတိယအကွင်းတို့လိုပဲ ‌ဒီနေရာရဲ့ကျောက်တုံးစင်မြင့်ကိုလဲ သိမ်းပိုက်ထားသူတွေရှိတယ်။

လီဖူချန်းက အများကြီးဂရုမစိုက်နိုင်ဘူး။ သူက နေရာလပ်ကျောက်တုံးစင်မြင့်တစ်ခုကို ရှာဖွေပြီး သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကို လေ့ကျင့်ဖို့ တိုက်ရိုက်သွားခဲ့တယ်။

"ငါက ရှင်းလင်းလေဓားနတ်ဘုရားပဲ၊ တိုက်ခိုက်ကြရအောင်"

လီဖူချန်းက ရှင်းလင်းလေဓားနတ်ဘုရားရဲ့နေရာကို သိမ်းပိုက်ထားတာလေ။ ရှင်းလင်းလေဓားနတ်ဘုရားက အချိန်ဖြုန်းမနေတော့ပါဘူး။ တစ်ဖက်လူက သူ့နေရာကို ယူရဲမှတော့ စွမ်းရည်အချို့ရှိရမယ်၊ ဒီလိုဆိုတော့ ပြဿနာဖြေရှင်းဖို့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်၊ တိုက်ခိုက်တာပါပဲ။

"ကောင်းပြီ"

လီဖူချန်းရဲ့မျက်နှာက တည်ကြည်သွားတယ်၊ ရှင်းလင်းလေဓားနတ်ဘုရားက အလွန်သန်မာပြီး သူရင်ဆိုင်ခဲ့သမျှထဲမှာအသန်မာဆုံးဓားတာအ််ိုဆန်းကြယ်နတ်ဘုရားဆိုတာ သူက မြင်နိုင်တယ်။

ဒီတိုက်ပွဲက မလွယ်ပါဘူး။

ဒါပေမယ့် မလွယ်တာကိုပဲ လီဖူချန်းက မြင်ချင်တာပါ။ အရိုးသားဆုံးပြောရရင် သူ့အကန့်အသတ်က ဘယ်လောက်ရှိလဲ၊ သူက ပထမတန်းစားအဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားတွေနဲ့ ယှဉ်နိုင်သလားကို သူလဲ သိချင်နေတယ်။

ချွမ်း.....

နှစ်ယောက်လုံးက ဓားတွေ ဆွဲထုတ်လိုက်ကြတယ်။

ဒီအချိန်မှာ ပတ်ဝန်းကျင်က တင်းမာလာတယ်။

ကြည့်ရှုနေသူတွေကလဲ ခြားနားချက်ကို မြင်တယ်။

သူတို့က လီဖူချန်းရဲ့ချီတည်ရှိမှု၊ အနိုင်မခံအရှုံးမပေးတဲ့ချီတည်ရှိမှုကို ခံစားနိုင်တယ်။

ရှင်းလင်းလေဓားနတ်ဘုရားကိုတော့ သူတို့က ရင်းနှီးနေပါပြီ။

ထိပ်တန်းအဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားတွေကြားမှာ ရှင်းလင်းလေဓားနတ်ဘုရားက သေချာပေါက်အားမနည်းပါဘူး၊ အနည်းဆုံး သူက ထိပ်တန်းနှစ်ဆယ်ထဲ ဝင်တယ်။

"ဂရုစိုက်ပါ၊ ရှင်းလင်းလေခုတ်ချက်"

ရှင်းလင်းလေခုတ်ချက်၊ လေကိုသာမြင်နိုင်ပြီး ဓားကို မမြင်နိုင်ပါဘူး။

ဓားကို မမြင်နိုင်တာကြောင့် လူတွေကို အန္တရာယ်ရှိတယ်လို့ ခံစားမိစေတယ်။ ဓားက ဘယ်နေရာက ထွက်ပေါ်လာမယ်ဆိုတာ ဘယ်သူက သိမှာလဲ။

"ဓားလှည့်ပတ်ခြင်း"

သူက ပထမတန်းစားအဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားတွေနဲ့ မရင်းနှီးတာကြောင့် လီဖူချန်းက တိုက်ခိုက်မှုကို တိုက်ခိုက်မှုနဲ့ မတုံ့ပြန်ခဲ့ပါဘူး။ သူအနေနဲ့ ရန်သူနဲ့ပတ်သက်ပြီး အသေးစိတ်အချို့ကို သိဖို့ လိုအပ်တယ်။

ဒင်း......

ဓားချီတစ်ခုက လီဖူချန်းဆီ မယုံနိုင်စရာကောင်းတဲ့ထောင့်တစ်ခုမှ ရွေ့လျားလာတယ်။

လီဖူချန်းရဲ့ဓားလှည့်ပတ်ခြင်းက မျက်ကွယ်မရှိတာ ကံကောင်းသွားတယ်။ သို့မဟုတ်ရင် ဒီဓားက သူ့ကို အောက်စည်းရောက်သွားစေလောက်ပြီ။

"အဆင့်၁အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားတစ်ယောက်ဆိုတဲ့အတိုင်းပဲ" လီဖူချန်းက သတိမဲ့မရဲပါဘူး၊ လှိုင်းဂယက်ခုတ်ချက်ကို ထုတ်ဖော်လိုက်တယ်၊ ဓားချီစက်ဝိုင်းက ရှင်းလင်းလေဓားနတ်ဘုရားကို တိုက်ခိုက်လာတယ်၊ တစ်ယောက်ယောက်က ရေကန်ထဲကို ကျောက်တုံးတစ်တုံးပစ်ချလိုက်သလိုပါပဲ။

"မင်း လုပ်နိုင်တာ ဒါ အကုန်ပဲလား"

ရှင်းလင်းလေဓားနတ်ဘုရားက နှာခေါင်းရှုံ့ကာ သူ့ဓားနဲ့ ခုတ်ယမ်းလိုက်တယ်။ အဆုံးမဲ့ဓားချီက ရေစီးကြောင်းတစ်ခုအလား လီဖူချန်းရဲ့ဓားချီကို ဆောင့်ထုတ်လိုက်တယ်။

ဒီဓားက ကြမ်းတမ်းလွန်းပြီး လီဖူချန်းရဲ့လှိုင်းဂယက်ခုတ်ချက်က မရပ်တန့်နိုင်ပါဘူး။

နောက်ဆုံးအားထားရာအနေနဲ့ လီဖူချန်းက ပျံသန်းနဂါးခုတ်ချက်ကို ထုတ်ဖော်ကာ ဓားချီရေစီးကြောင်းကို ချိုးဖြတ်လိုက်တယ်။

"ကြည့်ရတာ ငါ ပထမတန်းစားအဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားတွေကို လျော့တွက်မိနေသေးတာပဲ" တစ်ဖက်လူက ခွန်အားအပြည့်အသုံးမပြုသေးဘူးဆိုတာကို လီဖူချန်းက မြင်နိုင်တယ်။

ဒါပေမယ့် လီဖူချန်းလဲ ခွန်အားအပြည့်အသုံးမပြုရသေးပါဘူး။ ချီတည်ရှိမှုအရ သူက နိမ့်ကျတယ်။

"ချိုးဖြတ်စမ်း....."

မမြင်နိုင်တဲ့ဓားချီမျှင်တစ်ခုက ဟင်းလင်းပြင်ကို ချိုးဖြတ်ကာ ရှင်းလင်းလေဓားနတ်ဘုရားကို တိုက်ခိုက်ခဲ့တယ်။

အမ်.....

‌ရှင်းင်းလေဓားနတ်ဘုရားက စပ်ကြောင်းမဲ့ခုတ်ချက်ကို အာရုံစိုက်တယ်။ သူက သူ့ခန္ဓာကို ပြန့်ကျဲစေပြီး လေအဖြစ် ပြောင်းကာ စပ်ကြောင်းမဲ့ခုတ်ချက်ကို ရှောင်တိမ်းခဲ့တယ်။

နတ်ဘုရားခန္ဓာကိုယ်ဆန်းကြယ်နတ်ဘုရားအတတ်- ရှင်းလင်းလေဓားခန္ဓာကိုယ်။

သူ့မှာ စပ်ကြောင်းမဲ့ခုတ်ချက်ကို ချိုးဖြတ်ဖို့ နည်းလမ်းတွေရှိပေမယ့် မလိုအပ်ပါဘူး။

ခုတ်ချက်ကို ပျက်ပြယ်စေဖို့ သူက ရှင်းလင်းလေဓားခန္ဓာကိုယ်ကို အသုံးပြုရုံမျှပဲ။

"ဒါ ရင်ဆိုင်ရတာ တကယ်ခက်ခဲတာပဲ၊ ငါ့ရဲ့လိုဏ်ဂူတစ်ရာဓားပိုင်နက်က အလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအဆင့်ကို ရောက်ရင် ဘယ်လောက်ကောင်းမလဲ" လီဖူချန်းက အသက်ကို ခပ်ပြင်းပြင်းရှုကာ မူလအဆုံးစွန်းခုတ်ချက်ကို ထုတ်ဖော်လိုက်တယ်။

အနက်ရောင်ဓားချီက လိမ့်နေပြီး ကောင်းကင်နဲ့‌မြေပြင်ကို အနက်ရောင်ဓားချီက လွှမ်းခြုံထားတယ်။

ရှင်းလင်းလေဓားနတ်ဘုရားက ရှင်းလင်းလေဓားခန္ဓာကိုယ်ကို သုံးပြီး ဒီဓားကို ရင်ဆိုင်ချင်ရင် သူက သူ့ရဲ့ဆန်းကြယ်နတ်ဘုရားစွမ်းအားအချို့ကို ဆုံးရှုံးရပါမယ်။

"တံလျှပ်နတ်ဘုရားလေဓား"

ရှင်းလင်းလေဓားနတ်ဘုရားလဲ ဒီဓားကွက်ရဲ့ကြောက်ဖက်ဖွယ်ကောင်းပုံကို မြင်တယ်။ သူက သူ့ရဲ့သတိမဲ့ခြင်းကို ရုတ်သိမ်းကာ ဓားစွမ်းပကားကို ပေါက်ကွဲထွက်စေလိုက်တယ်။ သူ့လက်ထဲရှိဓားရှည်က အဆုံးမဲ့တံလျှပ်တွေဖြစ် ပြောင်းသွားခဲ့တယ်။ နောက်အခိုက်အတန့်မှာ ကြောက်စရာကောင်းတဲ့ပုံရိပ်ယောင်ဓားချီက အနက်ရောင်ဓားချီနဲ့ ရင်ဆိုင်ခဲ့တယ်။

ဖြောက်......

ဓားချီနှစ်ခုကြားတိုက်ပွဲတစ်ခုမှန်း သိသာတယ်၊ ဦးတည်ဘက်တိုင်းမှာ ပဲ့တင်ထပ်နေလေတယ်။

‌နောက်ဆုံးတော့ ဓားချီတိုက်ပွဲက ပြီးဆုံးသွားပြီး နှစ်ဖက်လုံးက ညီမျှနေခဲ့တယ်။

"ဒါက ငါ ‌အစောပိုင်းနှစ်တွေတုန်းက ဖန်တီးခဲ့တဲ့ ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုပဲ။ မင်း အခု ခံစားကြည့်လိုက်" ရှင်းလင်းဓားနတ်ဘုရားက သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်၊ ဓားချီက နေပမာ စွမ်းအားကြီးပြီး မရပ်တန့်နိုင်ဖြစ်တယ်။

"မှင်တက်စရာပဲ"

လီဖူချန်းရဲ့မျက်လုံးတွေက ကျုံ့သွားပြီး ဓားလှည့်ပတ်ခြင်းကို ထုတ်ဖော်ကာ တားဆီးဖို့ ကြိုးစားလိုက်တယ်။

အုန်း......

မဖျက်ဆီးနိုင်တဲ့ဓားဘီးက ကြေမွသွားပြီး ဓားအလင်းက အလင်းစက်တစ်ခုအဖြစ် ပေါက်ကွဲသွားတယ်။

နေရဲ့အရှိန်က မြန်လွန်းပြီး လီဖူချန်းအနေနဲ့ အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ဖြစ်တဲ့ကောင်းကင်ဘုံဓားကျားနဲ့ပျက်သုဉ်းခြင်းဓားလှိုင်းတို့က ထုတ်ဖော််ဖို့ အချိန်မရှိခဲ့ဘူး။ သူက နတ်ဘုရားခန္ဓာကိုယ်ဆန်းကြယ်နတ်ဘုရားအတတ်ဖြစ်တဲ့မူလအဆုံးစွန်းဓားခန္ဓာကိုယ်ကိုပဲ အသုံးပြုနိုင်တယ်။ အခြားနတ်ဘုရားခန္ဓာကိုယ်ဆန်းကြယ်နတ်ဘုရားအတတ်ဖြစ်တဲ့ထာဝရတည်မြဲခြင်းဓားချီကိုတော့ ခန္ဓာကိုယ်က ဓားချီအဖြစ် ပြောင်းလိုက်တာနဲ့ နေက ချက်ချင်းဖျက်ဆီးပစ်မှာကို သူက စိုးရိမ်ခဲ့တယ်။

အုန်း အုန်း အုန်း.....

နေက လီဖူချန်းကို တရပ်စပ်တိုက်ခိုက်ခဲ့ပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်က တူခြစ်းသွားကာ သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက လျင်မြန်စွာ လျော့ကျလာခဲ့တယ်။

ဒီအချိန်မှာ သူက ထိပ်တန်းအဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားကို လျော့တွက်မိတယ်ဆိုတာ ဝန်ခံရမှာပဲ။

ဒါပေမယ့် သူက နောင်တမရပါဘူး၊ သူ့က ဖိအားကြောင့် ပိုတောင်တက်ကြွလာတယ်။ ဒီလိုပြိုင်ဘက်တစ်ယောက်ကို မတွေ့ရတာ အတော်ကြာပြီလေ။

နေက ပျောက်ကွယ်သွားပြီး လီဖူချန်းက မီးသွေးနီးပါးဖြစ်နေခဲ့တယ်။

ဒါပေမယ့် ဒါက အပေါ်ယံမျှပါပဲ။

မူလအဆုံးစွန်းဓားချီက လက်ရှိမှာ လုံလုံလောက်လောက်မသန်မာပေမယ့် သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက မဟာနေဓားချီကို တားဆီးဖို့ လုံလုံလောက်လောက်သန်မာပါတယ်။

မီးသွေးဖြစ်နေတဲ့မျက်နှာပြင်က အက်ကွဲကာ ကြွေကျသွားပြီး လီဖူချန်းက ရှင်းလင်းလေဓားနတ်ဘုရားကို တိုက်ခိုက်ချင်စိတ်အပြည့်နဲ့ စိုက်ကြည့်လိုက်တယ်။

“

"ဓားသင်္ဂြိုလ်ခြင်း"

လီဖူချန်းက ဓားသင်္ဂြိုလ်ခြင်းကို ချက်ချင်း ထုတ် ဖော်လိုက်တယ်။

သူက ဓားသင်္ဂြိုလ်ခြင်းကို နှစ်သက်တာကြောင့် ဖြစ်နိုင်တယ်။ လီဖူချန်းရဲ့ဓားသင်္ဂြိုလ်ခြင်းက မူလအဆုံးစွန်းခုတ်ချက်ထက် မနိမ့်ကျပါဘူး။

ကောင်းကင်က အချို့နေရာမှာ မည်းမှောင်သွားပြီး အဆုံးမဲ့အနက်ရောင်ဓားအရိပ်တွေက အနက်ရောင်သင်္ချိုင်းကမ္မည်းကျောက်စာတိုင်တွေပမာ ကောင်းကင်မှ ဆင်းသက်လာပြီး ရှင်းလင်းဓားနတ်ဘုရားရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်ဖို့ ကြိုးစားခဲ့တယ်။

"အိမ်မက်မက်‌‌နေ"

ရှင်းလင်းလေဓားနတ်ဘုရားက ရှင်းလင်းလေဓားခန္ဓာကိုယ်ကို ထပ်မံအသုံးပြုခဲ့တယ်၊ အဆုံးမဲ့အနက်ရောင်ဓားအရိပ်တွေက သူ့ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားခဲ့ပေမယ့် သူ့ဆန်းကြယ်နတ်ဘုရားစွမ်းအားရဲ့သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုကိုပဲ ဆုံးရှုံးစေခဲ့တယ်။

"ဒါ တကယ်စိတ်လှုပ်ရှားစရာပဲ။ ဒီလူက ဘယ်နေရာက လာလဲမသိ။ သူက ရှင်းလင်းလေဓားနတ်ဘုရားနဲ့ တကယ်တိုက်ခိုက်နိုင်တာပဲ"

"ဒါပေမယ့် ရှင်းလင်းလေးဓားနတ်ဘုရားက အပေါ်စီးမှာ ရှိနေတယ်"

"ဟုတ်တယ်၊ တကယ်တော့ ရှင်းလင်းလေဓားနတ်ဘုရားက ဓားမြို့ရဲ့ဒုတိယအကွင်းထဲရှိထိပ်တန်းနှစ်ဆယ်ထဲကတည်ရှိမှုတစ်ခုပဲလေ"

လူတိုင်းက ဆွေးနွေးနေကြတော့တယ်။

"ဒီရှင်းလင်းလေဓားခန္ဓာကိုယ်က တကယ်အားကောင်းတာပဲ" တစ်ဖက်လူရဲ့ရှင်းလင်းလေဓားခန္ဓာကိုယ်က သူ့ရဲ့ထာဝရတည်မြဲခြင်းဓားချီထင် ပိုသာလွန်တယ်ဆိုတာ သူက မြင်နိုင်တယ်။ ရှင်းလင်းလေးဓားခန္ဓာကိုယ်အရှေ့မှာ သူ့တိုက်ခိုက်မှုများစွာက အသုံးမဝင်ခဲ့ပါဘူး။

"ကြည့်ရတာ ငါ ကောင်းကင်ဘုံဓားကျားပညာနဲ့ ပျက်သုဉ်းခြင်းဓားလှိုင်းတို့ကိုပဲ အသုံးပြုရမယ့်ပုံပဲ"

တကယ်တော့ လီဖူချန်းမှာ ရှင်းလင်းလေဓားနတ်ဘုရားကို ရင်ဆိုင်ဖို့ စိတ်ဝိညာဉ်တာအိုအတတ်လို အခြားနည်းလမ်းတွေ ရှိပါတယ်။

ရှင်းလင်းလေဓားနတ်ဘုရားက ဘယ်လောက်ပဲအားကောင်းပါစေ၊ စိတ်ဝိညာဉ်က သူ့ရဲ့အားနည်းချက်ပဲ။ စိတ်ဝိညာဉ်တာအိုတိုက်ခိုက်မှုက သူ့စိတ်ဝိညာဉ်ကို မသတ်ဖြတ်နိုင်ပေမယ့် သူ့ရဲ့အခြေအနေနဲ့ခွန်အားကို အကြီးအကျယ်လျော့ချစေနိုင်တယ်။

ဒါပေမယ့် လီဖူချန်းက စိတ်ဝိညာဉ်တာအိုတိုက်ခိုက်မှုကို အသုံးပြုဖို့ အစီအစဉ်မရှိပါဘူး။

ပထမ၊ သူက စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ဆိုတာ အခြားသူတွေကို မပြောချင်ပါဘူး။

ဒုတိယ၊ ဒီနည်းလမ်းနဲ့ အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။

ဒါက ဓားနတ်ဘုရားတွေကြားတိုက်ပွဲတစ်ခုဖြစ်ပြီး သူက အဆုံးသတ်မှာ ရှုံးနိမ့်ရင်တောင် လီဖူချန်းက ဒီတိုက်ပွဲကို မညစ်စွန်းစေချင်ပါဘူး။

တတိယ၊ လီဖူချန်းက သူ့ကိုယ်သူယုံကြည်ချက်ရှိတယ်။

ဒီယုံကြည်ချက်က ခွန်အားမှ လာတာမဟုတ်ဘူး၊ သူ့ရဲ့နှလုံးသားထဲကလာတာ။

ခွန်အကွာဟချက်နည်းနည်းလေးနဲ့အတူ သူက အဆုံးမှာ ရယ်‌မောနိုင်မယ်လို့ လီဖူချန်းက ခိုင်မာစွာ ယုံကြည်ထားတယ်။

သူ့မှာ ဒီယုံကြည်ချက်‌‌တောင်မရှိရင် ဓားတာအိုကို ဘာလို့လေ့ကျင့်နေတော့မှာလဲ။

ရှင်းလင်းလေဓားနတ်ဘုရားရဲ့စိတ်က လက်ရှိအချိန်မှာ အနည်းငယ်ရှုပ်ထွေးနေတယ်။

သူက အပေါ်စီးရထားနိုင်တဲ့အကြောင်းကတော့ သူ့လက်ထဲရှိဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်တဲ့ဆောင်းဦးရေကြောင့်ပဲ။

သူ့ရဲ့ဆောင်းဦးရေက အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားတစ်လက်ဖြစ်တယ်။

လီဖူချန်းကရော။

သူ့လက်ထဲရှိဓားရှည်က အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမျှသာပဲ။

လီဖူချန်းရဲ့အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားရှည်က အဆုံးစွန်းအဆင့်ကို ရောက်ရှိထားပြီး ၎င်းရဲ့စွမ်းအားက ပျမ်းမျှအလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားရှည်နဲ့ ယှဉ်နိုင်တယ်။

ဒါပေမယ့် သူ့ရဲ့ကိုယ်ပိုင်ဆောင်းဦးရေလောက်တော့ မကောင်းသေးပါဘူး။

ဒါပေမယ့် စိတ်ခံစားချက်က အနည်းငယ်ရှုပ်ထွေးပေမယ့် ရှင်းလင်း‌လေဓားနတ်ဘုရားက ဆောင်းဦးရေအသုံးပြုတာကို လက်လျော့ဖို့တော့မရှိပါဘူး။

ဘယ်အချိန်မဆို ဓားက ဓားနတ်ဘုရားတစ်ယောက်ရဲ့ခွန်အားအစိတ်အပိုင်းတစ်ခုပဲလေ။

လီဖူချန်းက အများကြီးမတွေးခဲ့ဘူး၊ ဓားသင်္ဂြိုလ်ခြင်းအလုပ်မလုပ်မှတော့ လီဖူချန်းရဲ့သတ်ဖြတ်ကွက်က ရောက်ရှိလာခဲ့တာပေါ့။

တကယ်တော့ ဓားသင်္ဂြိုလ်ခြင်းက အပေါ်ယံလွှာမျှပဲ၊ အစစ်အမှန်သတ်ဖြတ်ကွက်က ကောင်းကင်ဘုံဓားကျားပညာပါပဲ။

ဓားကို ဝှေ့ယမ်းလိုက်တဲ့အခါ ကြောက်စရာကောင်းတဲ့ချီတည်ရှိမှုက နေရာတစ်ခုလုံးကို ပြည့်သွားတယ်။ ဖိနှိပ်ခြင်းဓားချီက ကောင်းကင်မှာမတ်တပ်‌ရပ်နေတဲ့ဧရာမကျားတစ်ကောင်အဖြစ် သိပ်သည်းသွားတယ်။ ဧရာမကျားက ဟိန်းဟောက်ကာ ရှင်းလင်းလေဓားနတ်ဘုရားဆီပြေးသွားတယ်။

"မကောင်းတော့ဘူး"

လီဖူချန်းမှာလဲ အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုရှိမယ်လို့ ရှင်းလင်းလေဓားနတ်ဘုရားက မမျှော်လင့်ထားခဲ့ဘူး၊ ဒီအဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ကို ကြည့်ရတာ ဖိနှိပ်လွန်းတယ်။

ရှင်းလင်းလေဓားခန္ဓာကိုယ်က ထပ်မ‌ထုတ်ဖော်နိုင်တော့ပါဘူး။ ရှင်းလင်းလေဓားခန္ဓာကိုယ်က ကောင်းကင်ဘုံဓားကျားပညာကို မတားဆီးနိုင်ပါဘူး၊ ဆန်းကြယ်နတ်ဘုရားစွမ်းအားကိုသာ ဖြုန်းတီးပေလိမ့်မယ်။

"ရှင်းလင်းလေဓား"

ဒီအခါမှာ ရှင်းလင်းလေဓားနတ်ဘုရားလုပ်နိုင်တဲ့တစ်ခုတည်းသောအရာက ကောင်းကင်ဘုံဓားကျားပညာရဲ့စွမ်းအားကို လျော့ချဖို့ အကောင်းဆုံးကြိုးစားတာပဲ။

ဓားလင်းတစ်ခုက လက်သွားပြီး ဧရာမကျားကို ထိုးဖောက်သွားခဲ့တယ်။

ဒါပေမယ့် ဧရာမကျားက ကြီးမားလွန်းပြီး ဒီဓားအလင်းက ဧရာမကျားကို အနည်းငယ်သာ မှိန်သွားစေခဲ့တယ်။

အုန်း.....

နောက်အခိုက်အတန့်မှာ ဧရာမကျားက ရှင်းလင်းလေဓားနတ်ဘုရားကို ဝါးမျိုလိုက်တယ်။

"ရှင်းလင်းလေဓားနတ်ဘုရားက ဒီလိုနဲ့ ရှုံးနိမ့်သွားရမှာလား"

"အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေက တကယ်ကို ဖိနှိပ်နိုင်တာပဲ"

"ဟုတ်တယ်၊ အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေက ရဖို့ မလွယ်ဘူး။ ကိုယ်တိုင်ဖန်တီးဖို့ဆိုရင် ဆန်းကြယ်နတ်ဘုရားဆရာသခင်တစ်ယောက်ပဲ လုပ်နိုင်မှာ"

လူအုပ်ကြီးက အံ့အားသင့်နေခဲ့တယ်။

သူတို့က လီဖူချန်းရဲ့ခွန်အားကို အံ့အားသင့်တယ်၊ အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေရဲ့စွမ်းအားကို အံ့အားသင့်တယ်။

ဧရာမကျားက ပျောက်ကွယ်သွားပြီး ရှင်းလင်း‌လေဓားနတ်ဘုရားကို ကြည့်ရတာ သနားစရာကောင်းတယ်၊ သူ့ခန္ဓာကိုယ်ပေါ်ရှိချီတည်ရှိမှုက များစွာလျော့ကျလာခဲ့တယ်။

အားလုံးပြောခဲ့သလိုပဲ၊ အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေက ရရှိဖို့မလွယ်ပါဘူး။

လူတိုင်းက ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်တွေလို သူတို့ရဲ့ကိုယ်ပိုင်အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေကို ဖန်တီးနိုင်တာမဟုတ်ဘူး။

ကိုယ်ပိုင်ဖန်တီးနိုင်တာအပြင် မင်းက အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေကို ရရှိနိုင်ပါတယ်။

"မင်း နိုင်မယ်လို့ ထင်နေတာလား"

ရှင်းလင်းလေဓားနတ်ဘုရားက သူ့ခေါင်းကို မော့လိုက်တယ်၊ ပြင်းထန်တဲ့တိုက်ပွဲဆန္ဒက နေရာတစ်ခုလုံးကို ပြည့်သွားတယ်။

လီဖူချန်းက ဘာမှမပြောပါဘူး၊ တစ်ဖက်လူက ဒီလိုပြောမှတော့ သူ့မှာ သေချာတဲ့ယုံကြည်ချက်တစ်ခုတော့ရှိရမယ်၊ သူက ဂရုစိုက်ရမှာပါ။

"မင်းမှာ အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ရှိသလို ငါ့မှာလဲရှိတယ်၊ ဆန်းကြယ်ကောင်းကင်ဘုံဓားအရိပ်"

ရှင်းလင်းလေဓားနတ်ဘုရားက သူ့ရဲ့တိုက်ကွက်ကို ထုတ်ဖော်လိုက်တယ်။ ဒီတစ်ခါမှာတော့ သူ့လက်ထဲရှိဆောင်းဦးရေက ဓားအရိပ်တစ်ခုအဖြစ် ပြောင်းသွားခဲ့တယ်။ သူကိုယ်တိုင်ကလဲ ဓားအရိပ်တစ်ခုအဖြစ် ပြောင်းသွားခဲ့တယ်။ ဓားအရိပ်တွေပေါင်းစပ်သွားပြီး ရှင်းလင်းလေဓားနတ်ဘုရားရဲ့ဓားစွမ်းပကားက နှစ်ဆပိုသန်မာလာတယ်။

ရှင်းလင်းလေဓားနတ်ဘုရားက အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတစ်တုံးရရှိခဲ့တာကို တစ်ယောက်မှ မသိပါဘူး။

ဒီဓားကွက်နဲ့ရင်ဆိုင်ရတဲ့အချိန်မှာတော့ လီဖူချန်းက သေရေးရှင်ရေးအနေအထားကို ခံစားမိလာတယ်။

ဒီဓားကွက်က ကြောက်စရာကောင်းတယ်။

ဒါ့ပြင် တစ်ဖက်လူက အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားတစ်လက်ကို အသုံးပြုတာလေ။

အခြားတစ်ဖက်မှာတော့ လီဖူချန်းက အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားတစ်ယောက်အဖြစ်အယောင်ဆောင်ထားတဲ့အဆင့်မြင့်ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်မျှပဲ။

ဒီဓားကွက်နဲ့ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက သေခြင်းအန္တရာယ်ကို ခံစားမိတယ်။

"ပျက်သုဉ်းခြင်းဓားလှိုင်း"

လီဖူချန်းက သူ့ရဲ့အသန်မာဆုံးသတ်ဖြတ်ကွက်ကို ထုတ်ဖော်လိုက်တယ်။

***

All Chapters