← Chapters

ခွန်အားထပ်မံတိုးတက်ခြင်း

Vol. 89 Ch. 1256

ခွန်အားထပ်မံတိုးတက်ခြင်း

Vol. 89 Ch. 1256

ဓားအရိပ်က နေရာလပ်-အချိန်ကို ဖြတ်သန်းကာ လီဖူချန်းကို တိုက်ခိုက်ခဲ့တယ်။

ဓားအရိပ်ကိုကြည့်ရတာ အားနည်းပုံပေါ်ပေမယ့် တကယ်တမ်းတော့ နေရာတစ်ခုလုံးကို ဖုံးလွှမ်းထားတာပဲ။

ဓားအရိပ်က နှေးကွေးသလိုထင်ရပေမယ့် လီဖူချန်းဆီ ချဉ်းကပ်လာနေတယ်။

ဒီအချိန်မှာ အခြားပထမတန်းစားအဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားတစ်ယောက်ဆိုရင် ဒီဓားကွက်ကို ရင်ဆိုင်ဖို့ နည်းလမ်းရှိမှာမဟုတ်ဘူး။

ဒီဓားကွက်ကိုရင်ဆိုင်ဖို့တစ်ခုတည်းသောနည်းလမ်းက အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေကို အသုံးပြုတာပါပဲ။

ဒါကြောင့် လီဖူချန်းက ပျက်သုန်းခြင်းဓားလှိုင်းကို ထုတ်ဖော်ခဲ့တယ်။

ဓားကွက်ထွက်ပေါ်လာတာနဲ့ ပျက်သုဉ်းခြင်းလှိုင်းက ပျံ့နှံ့သွားပြီး ဓားရှေ့ရှ်ိအရာအားလုံးကို ဗလာနတ္ထိအဖြစ် ပျက်သုဉ်းသွားစေခဲ့တယ်။

အုန်း......

ဓားအရိပ်နဲ့ဓားလှိုင်းက ထိပ်တိုက်တွေ့ခဲ့တယ်။

ဒီထိပ်တိုက်မြင်ကွင်းကို ဖော်ပြဖို့ နည်းလမ်းမရှိပါဘူး။ ဟင်းလင်းပြင်က အတက်အကျဖြစ်‌နေပြီး အရာအားလုံးက အစစ်အမှန်မဟုတ်ဖြစ်နေကာ နှစ်ယောက်လုံးရဲ့ခန္ဓာကိုယ်က ပုံရိပ်ယောင်အဖြစ် ပြောင်းသွားခဲ့တယ်။

"ဘယ်သူအနိုင်ရမလဲ"

လူတိုင်းက တိုက်ပွဲပြင်ကို ကြည့်လိုက်တယ်။

ဖောက်.....

ရှင်းလင်းလေဓားနတ်ဘုရားက သွေးတစ်ပွက်အန်လိုက်ရပြီး အဆုံးမဲ့သွေးမြူတွေက သူ့ခန္ဓာကိုယ်ပေါ်မှာ ပေါက်ကွဲထွက်သွားတယ်။ အနည်းဆုံးသူ့ဆန်းကြယ်နတ်ဘုရားတစ်ဆယ်ရာခိုင်နှုန်းက ဆုံးရှုံးသွားတယ်။

အခြားတစ်ဖက်မှာ လီဖူချန်းရဲ့ခန္ဓာကိုယ်က ဇကာပေါက်တစ်ခုအဖြစ် ထိုးဖောက်ခံထားရပြီး သွေးမြားတွေက ပန်းထွက်သွားတယ်၊ သူ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက သုံးဆယ်ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားတယ်။

တစ်ချက်ကြည့်ရုံနဲ့ ဘယ်သူက ပိုသန်မာသလဲဆိုတာ ရှင်းလင်းတယ်။

"ဒီတိုက်ပွဲကို သရေလို့ပဲ သတ်မှတ်ကြတာပေါ့"

ရှင်းလင်းလေဓားနတ်ဘုရားက နောက်ထပ်မလှုပ်ရှားခဲ့ပါဘူး။

သူ့လက်ထဲရှိအဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားရှည်ကြောင့်မဟုတ်ရင် သူက အပေါ်စီးရနိုင်မှာမဟုတ်ဘဲ အောက်စီးတောင် ကျရောက်သွားလိမ့်မယ်လို့ သူက တွေးလိုက်တယ်။

သူက ဒါကို အသာမယူချင်ပါဘူး၊ ဒါကြောင့် သရေလို့ သူပြောခဲ့တာပေါ့။

"ငါ ရှုံးသွားပြီ"

လီဖူချန်းက ပြောလိုက်တယ်။

ရှုံးတယ်ဆို ရှုံးတယ်ပေါ့။

သူက အရှုံးကိုတောင် မဝန်ခံရင် ဓားတာအိုလေ့ကျင့်ဖို့ လုံးဝမထိုက်တန်ပါဘူး။

ပြီးတော့ ရှုံးတယ်ဆိုတာ မကောင်းတဲ့အရာတစ်ခုမဟုတ်ဘူး၊ အနည်းဆုံးတော့ သူက သူ့ရဲ့ကိုယ်ပိုင်အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို သိသွားရတာပေါ့။

"ကောင်းကင်ဘုံဓားကျားပညာ၊ ပျက်သုဉ်းခြင်းဓားလှိုင်း၊ တကယ်တော့ ငါ ဖန်တီးထားတဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေမဟုတ်ဘူးလေ။ငါ့ရဲ့အခုရည်မှန်းချက်က ငါ ဖန်တီးထားခဲ့တဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေကို အဆင့်တစ်ခုအထိ မြှင့်တင်ဖို့ပဲ"

လက်ရှိမှာ အမြင့်ဆုံးအောင်မြင်မှုက မူလအဆုံးစွန်းခုတ်ချက်ဖြစ်ပြီး ၎င်းက ထူးကဲအဆင့်မှာသာရှိတယ်။

မူလအဆုံးစွန်းခုတ်ချက်က ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိနိုင်ရင် ၎င်းက သာမန်အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေနဲ့ ယှဉ်နိုင်ပါလိမ့်မယ်။

ထပ်ပြောရရင် လိုဏ်ဂူတစ်ရာဓားပိုင်နက်ကို အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုအဖြစ် မြှင့်တင်တာကလဲ ထိပ်တန်းဦးစားပေးတစ်ခုပဲ။

ဓားမြို့ရဲ့ဒုတိယအကွင်း၊ လူတိုင်းက ရှင်းလင်းလေဓားနတ်ဘုရားလောက် မသန်မာပါဘူး၊ လီဖူချန်းက ကျောက်တုံးစင်မြင့်တစ်ခုကို အလွယ်တကူသိမ်းပိုက်နိုင်ခဲ့တယ်။

ဓားချီက ကျူးကျော်လာတာကြောင့် လီဖူချန်းရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက တဖြည်းဖြည်းတိုးလာတယ်။

အချိန်တိုအတွင်းမှာ သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက အဆင့်၁၃အထိ တိုးမြှင့်ဖို့ မဖြစ်နိုင်ဘူးလို့ လီဖူချန်းက ခန့်မှန်းထားတယ်။

"ငါ ဓားမြို့ရဲ့ပထမအကွင်းကို မသွားနိုင်တာ ကံဆိုးတာပဲ"

လီဖူချန်းက ကိုယ့်ကိုယ်ကိုယ်သိတယ်။ ဓားမြို့ရဲ့ပထမအကွင်းမှာ ဘယ်လိုဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်မဆို သူ့ကို အလွယ်တကူရိုက်နှက်နိုင်တယ်။

သူ့ရဲ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားက အဆင့်၁၃ကို မရောက်ရှိနိုင်ရင်၊ သူက အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်အဖြစ် မမြင့်တက်နိုင်ရင်ပေါ့။

အချိန်က ကုန်ဆုံးနေတယ်၊ လီဖူချန်းက သူ့ဓားတာအိုစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားကို နေ့တိုင်းသွေး‌နေရုံသာမက သူဖန်တီးထားခဲ့တဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တွေကို နားလည်လေနေတယ်။

ဒီနေ့မှာ လီဖူချန်းရဲ့မျက်နှာက ပျော်ရွှင်သွားတယ်။

"လိုဏ်ဂူတစ်ရာဓားပိုင်နက်က နောက်ဆုံးတော့ အလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်အဆင့်ကို ရောက်လာပြီ"

ဓားတာအိုပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုအနေနဲ့ လိုဏ်ဂူတစ်ရာဓားပိုင်နက်က တိုးတက်ဖို့ ခက်ခဲတယ်။

ဒါပေမယ့် တိုးတက်သွားတာနဲ့ တိုက်ခိုက်ရေးစွမ်းအားက နည်းနည်းလေးတိုးတာ မဟုတ်ဘူး။

လီဖူချန်းသိထားတာအရ ဓားတာအိုဆန်းကြယ်နတ်ဘုရားဆရာသခင်များစွာကတောင် ဓားတာပိုင်နက်ဆန်းကြယ်နတ်ဘုရားအတတ်တွေကို မဖန်တီးနိုင်ဘူးဆိုပဲ။

ကောင်းကင်ဘုံဓားကြယ်က ဓားတာအိုလေ့ကျင့်ဖို့အတွက် မြင့်မြတ်နေရာတစ်ခုကြောင့် ဖြစ်နိုင်တယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း လီဖူချန်းရဲ့မူလအဆုံးစွန်းခုတ်ချက်က ပြီးပြည့်စုံခြင်းအလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်အဆင့်ကို ရောက်ရှိသွားပြီး ၎င်းရဲ့စွမ်းအားက ကောင်းကင်ဘုံဓားကျားပညာနဲ့ပျက်သုဉ်းခြင်းဓားလှိုင်းတို့ထက် မနိမ့်ကျတော့ပါဘူး။ ကဏ္ဍအများစုမှာ ၎င်းက ထိုနှစ်ခုထက် ပိုသာလွန်တယ်။

ပြီးတော့ မူလအဆုံးစွန်းခုတ်ချက်နဲ့ဆက်စပ်နေတဲ့မူလအဆုံးစွန်းဓားခန္ဓာကိုယ်ကလဲ ပြီးပြည့်စုံခြင်းအဆင့်ကို ချိုးဖြတ်သွားခဲ့တယ်။

လက်ရှိမှာ လီဖူချန်းရဲ့ခွန်အားက တစ်ဟုန်ထိုးတက်လာတယ်။

အခုနေအချိန်အခါမှာ သူက ရှင်းလင်းလေဓားနတ်ဘုရားနဲ့ထပ်မံတိုက်ခိုက်ရရင် သူက အနိုင်ရဖို့ ကိုးဆယ်ရာခိုင်နှုန်းသေချာတယ်။

"ဟမ့်၊ ငါ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်အဆင့်က ချိုးဖြတ်တော့မှာပဲ"

အံ့အားသင့်မှုတွေက တစ်ခုပြီးတစ်ခုလာတယ်။ ‌နောက်တစ်နှစ်မှာ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်မှာ ‌ငွေရောင်အလွှာတစ်ခုရှိနေတယ်ဆိုတာ လီဖူချန်းက သတိပြုမိခဲ့တယ်။

ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို ရောက်ရှိပြီးနောက် သူ့စိတ်ဝိညာဉ်က ဖြည်းဖြည်းချင်းပဲတိုးတက်နေတယ်။ သူက စိတ်ဝိညာဉ်တာအိုနတ်ဘုရားဆေးပင်ဒါမှမဟုတ်စိတ်ဝိညာဥ်တာအိုနတ်ဘုရဆေးတစ်ခုခုကို မသုံးရင်တောင် တိုးတက်နေအုန်းမှာပဲ၊ ဒါပေမယ့် ဖြည်းဖြည်းချင်းသာ တိုးတက်မှာပါ။

အရောင်အရ လိမ္မော်ရောင်နတ်ဘုရားစိတ်ဝိညာဉ်ပြီးရင် ငွေရောင်နတ်ဘုရားစိတ်ဝိညာဉ်ပဲဖြစ်မယ်။

ပြီးတော့ ငွေရောင်စိတ်ဝိညာဉ်က ပိုင်နက်နတ်ဘုရားအဆင့်စိတ်ဝိညာဉ်တစ်ခုဆိုတာ သံသယရှိစရာမလိုပါဘူး။

"အံ့အားသင့်မှုက နေရာတိုင်းမှာရှိတာပဲ၊ ဒါက ကောင်းတဲ့အရာတစ်ခုပဲ"

လီဖူချန်းက အလွန်ပျော်တယ်။ သူ့ရဲ့အကြီးမားဆုံးအားသားချက်က ရွှေရောင်အဆောင်နဲ့နတ်ဘုရားစိတ်ဝိညာဉ်ပါပဲ။ နတ်ဘုရားစိတ်ဝိညာဉ်တိုးတက်လာနဲ့ သူ့ရဲ့အလားအလာနဲ့ထိုးထွင်းသိမြင်မှုက အကြီးအကျယ်တိုးလာပါလိမ့်မယ်၊ အဆအနည်းငယ်ဒါမှမဟုတ်ဆယ်ဆတောင် တိုးလာနိုင်တယ်။

ဒီအတိုင်းဆိုရင် သူက ပိုင်နက်နတ်ဘုရားတစ်ယောက်နဲ့ကမ္ဘာနတ်ဘုရားတစ်ယောက်သေချာပေါက်ဖြစ်လာနိုင်တယ်။

ပြီးရင်တော့ အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာမှ ထွက်ခွာပြီး အဆုံးမဲ့နတ်ဘုရဟင်းလင်ပြင်နဲ့မဟာချီလီယိုခါဇန်နတ်ဘုရားကမ္ဘာဆီ ဦးတည်ရမယ်။

ဒါပေမယ့် ဒါက အဆုံးစွန်းခွန်အားကို လိုအပ်တယ်။ ဥပမာအားဖြင့် နတ်ဘုရားဘုရင်တစ်ယောက်ဖြစ်လာပြီး‌‌နောက် တစ်စုံတစ်ယောက်က နတ်ဘုရားဟင်းလင်းပြင်ကို လှည့်လည်ပြီး ပြိုင်ဘက်ကင်းဖြစ်လာလိမ့်မယ်။ ဒေါသထွက်ရင် အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာရဲ့ထောင့်တစ်ခုကိုတောင် ဖြတ်တောက်နိုင်လိမ့်မယ်။

၎င်းရဲ့အစိတ်အပိုင်းတစ်ခုမျှသာ ငွေရောင်ပြောင်းပေမယ့် သူ့ရဲ့အတွေးအရှိန်က များစွာတိုးတက်လာပြီး သူ့ရဲ့ထိုးထွင်းသိမြင်မှုကလဲ အမြောက်အများတိုးတက်လာတာကို လီဖူချန်းက ခံစားမိတယ်။

လီဖူချန်းရဲ့လိုဏ်ဂူတစ်ရာဓားပိုင်နက်ကလဲ ပျမ်းမျှအဆင့်မှထူးကဲအလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုအဖြစ် မြင့်တက်သွားခဲ့တယ်။

လိုဏ်ဂူတစ်ရာဓားပိုင်နက်က ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ဖို့ သိပ်မကြာတော့ဘူးလို့ လီဖူချန်းက ခန့်မှန်းထားတယ်။

ထိုအချိန်ကျရင် လိုဏ်ဂူတစ်ရာဓားပိုင်နက်က သူ့ရဲ့ဝှက်ဖဲဖြစ်လာလိမ့်မယ်၊ ကောင်းကင်ဘုံဓားကျားပညာဒါမှမဟုတ်ပျက်သုဉ်းခြင်းဓားလှိုင်းတို့ မယှဉ်နိုင်တော့ပါဘူး။

"အကိုလျောင်၊ ငါ့ရဲ့ကျောက်တုံးစင်မြင့်ကို လုသွားတာ ဒီလူပဲ"

ဓားမြို့ရဲ့ဒုတိယအကွင်းမှာ ကျောက်တုံးစင်မြင့်တွေများစွာရှိတယ်။ အစောပိုင်းတုန်းက လီဖူချန်းက သူ့ပြိုင်ဘက်ကို မျှမျှတတအနိုင်ရခဲ့ပြီး တစ်ဖက်လူရဲ့ကျောက်တုံးစင်မြင့်ကို လုယူခဲ့တယ်။

အခု တစ်ဖက်လူက အကူအညီခေါ်လာခဲ့ပုံပဲ။

"လီဖူချန်း၊ ဂရုစိုက်၊ ဒီလူက ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားပဲ၊ သူ့ခွန်အားက ငါ့ထက် မနိမ့်ကျပါဘူး" ရှင်းလင်းလေဓားနတ်ဘုရားက လီဖူချန်းကို သတိပေးလိုက်တယ်။

လီဖူချန်းက ပြောလိုက်တယ်"မစိုးရိမ်ပါနဲ့၊ ငါ သိပါတယ်"

လွန်ခဲ့တဲ့တစ်နှစ်တုန်းကဆိုရင်တော့ သူက ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားရဲ့ပြိုင်ဘက်မဟုတ်ပါဘူး။ အခု သူက ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားနှစ်ယောက်ဆိုရင်တောင် အနိုင်ယူဖို့ ယုံကြည်ချက်ရှိတယ်။

"ကျောက်တုံးစင်မြင့်ကနေ အခုပဲ ထွက်သွားပြီး အလယ်ဆင့်နတ်ဘုရားကျောက်တုံးတစ်ထရီလီယံကို ပေးခဲ့လိုက်၊ ငါ မင်းရဲ့အသက်ကို ချမ်းသာပေးနိုင်တယ်" လီဖူချန်းက ရှင်းလင်းလေဓားနတ်ဘုရားနဲ့ တိုက်ခိုက်ခဲ့ပြီး သူ့ခွန်အားက ပြိုင်ဘက်ထက်အနည်းငယ်နိမ့်ကျတယ်ဆိုတာ သူက သိတယ်။

ပြီးတော့ သူက ရှင်းလင်းလေဓားနတ်ဘုရားကို အနိုင်ယူနိုင်တယ်လို့ ယုံကြည်ချက်ရှိတယ်၊ အကြောင်းကတော့ သူလဲ အဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်တစ်ခုကို သင်ယူထားခဲ့လို့ပဲ။

"မင်းက မင်းကိုယ်မင်း အထင်ကြီးနေတာပဲ" လီဖူချန်းက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တယ်။

"အထင်ကြီးတယ်.....ငါတော့ အဲလိုမထင်ဘူး.....မင်း အမှန်တရားကို တွေ့ရမှာပါ" ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားက အံကြိတ်ကာ ရွှေရောင်ဓားတစ်လက်ကို ဆွဲထုတ်လိုက်တယ်။

ရွှေရောင်ဓားနတ်ဘုရားက သတ္တုတာအိုဥပဒေသကို ကျွမ်းကျင်တယ်။

သတ္တုတာအိုဥပဒေသက မဖျက်ဆီးနိုင်ပါဘူး။

အခြားအရာတွေမပြောနဲ့အုံး၊ ဓားတာအိုတိုက်ခိုက်ရေးစွမ်းအားအရ သူက ပထမတန်းစားအဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားတွေထက် မနိမ့်ကျဘူးလို့ ယုံကြည်တယ်။

"စိတ်ဝင်စားစရာတစ်ခုခုတော့ ဖြစ်ပျက်တော့မှာပဲ၊ ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားက လွယ်တဲ့လူမဟုတ်ဘူး"

"ဒီတိုက်ပွဲက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးဖို့က မဖြစ်နိုင်သလောက်ပဲ။ လီဖူချန်းက လွန်ခဲ့တဲ့နှစ်အတွင်း တိုးတက်မှုရှိသလားအပေါ် မူတည်တယ်"

"တစ်နှစ်ကျော်က တိုးတက်မှူတစ်ခုခုဖြစ်ဖို့ နည်းလွန်းပါတယ်။ ငါတို့တွေ ကောင်းကင်ဘုံဓားကြယ်မှာ ရှိတာ နှစ်တစ်သောင်းရှိပြီ၊ ငါတို့တွေ နည်းနည်းပဲတိုးတက်ခဲ့တာလေ"

လူတိုင်းက လီဖူချန်းအပေါ် အကောင်းဘက်က မတွေးမိပါဘူး။

"ဒီလိုဆိုမှတော့ တိုက်ခိုက်ကြတာပေါ့"

လီဖူချန်းကလဲ စိတ်ဝိညာဉ်ခွဲဖြာဓားကို ဆွဲထုတ်လိုက်တယ်။

"ရွှေရောင်ဓားခုတ်ချက်"

တိုက်ပွဲစတင်တာနဲ့ ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားက အလယ်ဆင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ဖြစ်တဲ့ရွှေရောင်ဖြာထွက်ခုတ်ချက်ကို ထုတ်ဖော်ခဲ့တယ်။

ဟင်းလင်းပြင်ထဲမှာ ရွှေရောင်ဓားအလင်းတစ်ခုက ကန့်လန့်ဖြတ်လာပြီး လီဖူချန်းကို လျင်မြန်စွာ ခုတ်ပိုင်းခဲ့တယ်။

"လှိုင်းဂယက်ခုတ်ချက်"

တစ်ဖက်လူက သူ့ကို စမ်းသပ်နေသလို သူကလဲ တစ်ဖက်လူကို စမ်းသပ်နေတာပဲ။ လှိုင်းဂယက်ဓားချီစက်ဝိုင်းက ပျံ့နှံ့ကာ ရွှေရောင်ဓားအလင်းနဲ့ ပွတ်တိုက်သွားခဲ့တယ်။

ရွှေရောင်ဓားအလင်းက မရပ်တန့်နိုင်ပေမယ့် လှိုင်းဂယက်ဓားချီနဲ့ တွေ့တဲ့အခါ ၎င်းရဲ့စွမ်းအားက လျင်မြန်စွာ အားနည်းသွားတယ်။

ဝှစ်.....

ပူဖောင်းကွဲအက်သံနဲ့တူတဲ့အသံတစ်ခုထွက်ပေါ်လာပြီး ရွှေရောင်ဓားအလင်းနဲ့လှိုင်းဂယက်ဓားချီက တစ်ချိန်တည်းမှာ ပျောက်ကွယ်သွားခဲ့တယ်။

"မင်းမှာ ခွန်အားအချို့ရှိတာပဲ၊ ဓားခုတ်ချက်နတ်ဘုရားတောင်"

ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားက သူ့ဓားကို လက်နှစ်ဖက်လုံးနဲ့ မြှောက်လျက် သူ့ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်အလင်းကို ထုတ်လွှတ်နေတော့တယ်။

ဒါက ဖိနှိပ်နိုင်တဲ့ဓားတစ်ကွက်ပဲ။ ဓားစွမ်းပကားတစ်ခုနဲ့တင် သူ့ရှေ့ညာဘက်ရှိ ပထမတန်းစားအဆင့်မြင့်ဓားတာအိုဆန်းကြယ်နတ်ဘုရားကို အသက်ရှုရခက်ခဲစေဖို့ လုံလောက်တယ်၊။ သူ့ခန္ဓာကိုယ်တစ်ုလုံးက ထိုးဖောက်နာကျင်မှုတွေဖြစ်နေပြီး သူက လျင်မြန်စွာ ပြန်ဆုတ်လိုက်ရတယ်။

ဖြောက်.....

ဟင်းလင်းပြင်ကို ခုတ်ပိုင်းသွားတဲ့အသံကို လူတိုင်းက မသဲမကွဲကြားပုံရတယ်။

"ကောင်းကင်ဘုံဓားကျားပညာ" မူလအဆုံးစွန်းခုတ်ချက်ကြောင့် လီဖူချန်းက ကောင်းကင်ဘုံဓားကျားပညာကို ဦးစွာထုတ်ဖော်ခဲ့တယ်။

ဧရာမကျားရဲ့ဟိန်းသံက ကောင်းကင်မှာ ပဲ့တင်ထပ်သွားတယ်။ အရှိန်မျှနဲ့ ရွှေရောင်ဓားအလင်းကို ပျက်ပြယ်သွားစေခဲ့တယ်။ ဧရာမကျားက ရက်စက်ကြမ်းကြုတ်နေသေးပြီး ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားကို ထိုးနှက်လိုက်တယ်။

"မောက်မာတယ်"

လီဖူချန်းက သတ်ဖြတ်ကွက်ကို အစကတည်းက ထုတ်ဖော်လာလိမ့်မယ်လို့ ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားက မမျှော်လင့်ထားခဲ့ဘူး၊ လီဖူချန်းက သူနဲ့ လုံးဝမရစ်တွယ်ချင်ပုံရတယ်။

ဒါက သူ့ကို အလွန်ဒေါသထွက်စေတယ်၊ သူ့ကို အထင်သေးသလို ခံစားရစေတယ်။

ဒါပေမယ့် လီဖူချန်းရဲ့ရုတ်တရက်သတ်ဖြတ်ကွက်ကြောင့် သူက အနည်းငယ်ပြုသမျှနုနေရတယ်ဆိုတာ ဝန်ခံရမှာပဲ။

ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားက နတ်ဘုရားခန္ဓာကိုယ်ဓားတာအိုဆန်းကြယ်နတ်ဘုရားအတတ်ဖြစ်တဲ့ရွှေရောင်ဓားတိုင်ယန်ခန္ဓာကိုယ်ကိုသာ ဖော်ထုတ်ဖို့ အချိန်ရခဲ့ပြီး သူ့ကို ဧရာမကျားက ဝါးမျိုသွားခဲ့တယ်။

ဖောက်.....

သွေးတွေ အန်ထွက်သွားပြီး ရွှေရောင်ဖြာထွက်ဓားနတ်ဘုရားရဲ့ခန္ဓာကိုယ်မှာ အရိုးထိနက်တဲ့ဓားဒဏ်ရာ‌အချို့ ရှိနေတော့တယ်။

သူ့ရဲ့ဓားတာအိုဆန်းကြယ်နတ်ဘုရားစွမ်းအားတစ်ဆယ်ရာခိုင်နှုန်းနီးပါးက ဆုံးရှုံးသွားခဲ့တယ်။

ဒါက သူ့ကို အလွန်‌ဒေါသထွက်စေပြီး သူက လှည့်စားခံလိုက်ရသလို ခံစားရတယ်။

***

All Chapters