← Chapters

မိတ်ဆွေဖွဲ့ခြင်း

Vol. 61 Ch. 841

မိတ်ဆွေဖွဲ့ခြင်း

Vol. 61 Ch. 841

တစ်စုံတစ်ခုကို အလိုရှိပါက တစ်စုံတစ်ခုအား ဦးစွာ ပေးရပေသည်။

ထန်ရှုသည် ၀မ်ထောင်၏အပြုအမူကို စိတ်ထဲမှ သဘောကျနေ၏။ သူ ၀မ်ထောင်၏ရောဂါကို ကုသပေးနိုင်သရွေ့ ၀မ်ထောင်အတွက် ကျေးဇူးဆပ်ရန် မလုံလောက်သော်လည်း အမှတ်ပိုများ ရရှိစေလိမ့်မည်။

တရုတ်ဆေးအတတ်ပညာကို အသုံးပြု၍ ‌၀မ်ထောင်ကို စစ်ဆေးကြည့်လိုက်သောအခါ ထန်ရှုသည် အလွယ်တကူပင် ရောဂါလက္ခဏာများကို တွေ့ရှိသွားခဲ့သည်။ ဤလူငယ်၌ ထူးခြားလှ‌သည့် ရောဂါတစ်ရပ် ရှိနေလိမ့်မည်ဟု သူ‌ မျှော်လင့်မထားခဲ့ချေ။

“မင်းရဲ့ကျောက်ကပ်က ယန်စွမ်းအင် ချို့တဲ့နေ‌တာပဲ။ ‌ သက်လုံအားနည်းပြီး သုတ်လွှတ်မြန်တဲ့ ရောဂါလက္ခဏာမျိုးတွေ ရှိရမယ်”

ထန်ရှက လက်ကိုလွှတ်၍ ၀မ်ထောင်အား ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။

၀မ်ထောင်၏မျက်နှာမှာ ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး သူက အနေခက်စွာ လက်ဖဝါးနှစ်ဖက်အား ပွတ်၍ ပြော၏။ “အဲ့ဒီလက္ခဏာတွေပဲ မြင်ရတာလား”

“အဲ့ဒါတွေချည်းပဲတော့ မဟုတ်ဘူးပေါ့” ထန်ရှုက ခေါင်းခါရမ်း၍ ရှင်းပြသည်။ “မင်းမှာ ပုံမှန်လိင်အင်္ဂါဗိုင်းရပ်စ်‌‌တွေထက် ပြင်းထန်တဲ့ ကာလသားရောဂါ ရှိနေတယ်။ မင်းရဲ့အင်္ဂါက ‌ယောင်လာမယ်၊ ပြည်တည်လာပြီးတော့ ပြည်ကနေ အနာတွေတောင် ဖြစ်လာလိမ့်မယ်။ အချိန်မီမကုသရင် မင်း ဖြတ်ပစ်ရတာ၊ အသက်အန္တရာယ်ထိခိုက်တာတွေ ရှိလာနိုင်တယ်”

၀မ်ထောင်၏မျက်နှာအမူအရာမှာ ဖြူဆုတ်သွားပြီး သူက ပြော၏။ “အစ်ကိုထန်က နတ်ဘုရားပဲဗျ။ အစ်ကို့လို ကျင့်ကြံသူတစ်ယောက်က တရုတ်ဆေးပညာကို ဒီလောက် နက်နက်နဲနဲ သိလိမ့်မယ်လို့ ထင်မထားဘူး။ အစ်ကို့ရဲ့ ဆေးစစ်ချက်က မှန်တယ်ဗျာ။ ကျွန်တော် ဆေးရုံ‌ကြီးတွေအများကြီးကို သွားပြတဲ့ရလဒ်က အစ်ကိုပြောတာနဲ့ တူတူပဲ။ ဒါပေမဲ့ သူတို့က ဒီဗိုင်းရပ်စ်ကို မကုပေးနိုင်ဘူး။ ဆေးသောက်ပြီးပဲ ဆိုးမလာအောင် ထိန်းထားနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ရွှေခွက်အင်ပါယာဗီလာရောင်းချပွဲပြီးရင် ပေကျင်းကို သွားပြီး ကုမလို့။ မအောင်မြင်ရင်တော့ နိုင်ငံခြားသွားကုရတော့မှာပဲ”

ထန်ရှုမှာ ချင်းလင်မြို့သို့ အချိန်မီရောက်လာမိသည့်အတွက် ကံကောင်းသည်ဟု ခံစားသွားရမိ၏။ သူသာ ရောက်မလာခဲ့လျှင် ၀မ်ထောင်မှာ ပေကျင်း သို့မဟုတ် နိုင်ငံခြားသို့ သွားရောက်ကုသနေပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဝမ်ထောင်နှင့် ‌တွေ့ရန် ခက်ခဲသွားမည်မှာ အသေအချာပင်။

“ငါ ဒီရောဂါကို ကုပေးနိုင်တယ်”

၀မ်ထောင်မှာ အူမြူးသွားပြီး အလျင်အမြန် ပြော၏။ “အစ်ကိုသာ ကျွန်တော့်ရောဂါကို ကုပေးနိုင်မယ်ဆိုရင် အစ်ကိုကြီးထန်လိုတာ ဘာမဆိုပေးမယ်ဗျာ။ အခုချိန်ကစပြီး အစ်ကိုက ကျွ‌န်တော့်ရဲ့ ကျေးဇူးရှင်ဖြစ်သွားပြီ”

“မင်းအဲ့ဒီလို ပြောတော့ မြောက်တောင်သွားပြီ။ ဒါပေမဲ့ ငါ ချင်းချန်တောင်ကို ကျေးဇူးကျွေးဆပ်ဖို့ လာခဲ့တာ။ ၀မ်ရွီက မင်းရဲ့အစ်ကိုကြီးဆိုတော့ မင်းကို ကူညီ‌တာ အဲ့ဒီအကြွေးဆပ်လိုက်တာနဲ့ တူတူပဲပေါ့” ထန်ရှုက ပြုံး၍ ပြောသည်။

သို့သော် သူ၏စကားလုံးများက ၀မ်ထောင်အား ရှက်ကိုးရှက်ကန်းဖြစ်၍ အနေခက်သွားစေသည်။ “အစ်ကိုထန် အထင်မှားနေပြီ။ ၀မ်ရွီက ကျွန်တော့် အစ်ကိုရင်းမဟုတ်ဘူး။ သူက ကျွန်တော့်ဦးလေးရဲ့သား၊ အဖေ့ဘက်က ၀မ်းကွဲအစ်ကိုဗျ”

ထန်ရှုက တမင်တကာ မျက်မှောင်ကြုတ်လျက် သူ၏ခံစားချက်အစစ်အမှန်များကို ဖုံးကွယ်ထားလိုက်သည်။ ၀မ်ထောင်မှာ ထန်ရှုစကားရုပ်သိမ်သွားမည်စိုးသဖြင့် စကားပြောရန် ပြင်လိုက်စဉ် ထန်ရှုက ခေါင်းညိတ်၍ ပြော၏။ “သူက မင်းရဲ့အစ်ကိုအရင်းမဟုတ်ရင်တောင် ငါ မင်းကို ကုပေးနိုင်ပါတယ်။ အမှန်အတိုင်းပြောရရင် ငါတို့ စတွေ့ကတည်းက မင်းကို ကိုယ်ချင်းစာမိတယ်။ ဒါကြောင့် မင်းနဲ့၀မ်ရွီရဲ့ပက်သက်မှုက ဘယ်လိုဖြစ်ဖြစ် ငါ မင်းကို ကုပေးမယ်။ ကုသစရိတ်အနေနဲ့ကတော့.....မင်း ငါ့ကို သူငယ်ချင်းအနေနဲ့ သတ်မှတ်ပေးရင် အကောင်းဆုံးပဲ”

အကျင့်စရိုက်တူပြီး သူငယ်ချင်းဖြစ်ချင်တယ်တဲ့လား

ထိုစကားလုံးများက ၀မ်ထောင်၏နှလုံးသားကို လှုပ်ခါသွားစေသည်။ ခမ်းနားသောထန်လုပ်ငန်းစု၏ သူဌေးကြီးနှင့်သူသည် စ‌တွေ့ကတည်းက အတိုင်အဖောက်ညီခဲ့သည်။ ဤသို့ ကံကောင်းမှုကြီး သူ့အပေါ် ကျရောက်လာသည်ကို မယုံနိုင်ချေ။

“ငါ့မှာ နောက်အလုပ်တစ်ခုရှိသေးတယ်” ထန်ရှုက ပြုံး၍ ပြောသည်။ “ငါက ကြယ်တာရာတိုင်းရင်းဆေးရုံကြီးရဲ့ သမားတော်တစ်ယောက်ပဲ။ ငါ့အကြောင်းရေးထားတာတွေ အများကြီးရှိတယ်။ မင်း အင်တာနက်မှာ ရှာကြည့်ရင် တွေ့လိမ့်မယ်”

ကြယ်တာရာတိုင်းရင်းဆေးရုံကြီးရဲ့ သမားတော်တစ်ယောက်တဲ့လား။

၀မ်ထောင်မှာ အနည်းငယ် မယုံသင်္ကာဖြစ်သွား၏။ ဤသို့  ဂုဏ်သရေရှိကျင့်ကြံသူတစ်ယောက်သာမက ခမ်းနားသော ထန်လုပ်ငန်းစု၏သူဌေးကြီးလည်းဖြစ်သူက အဘယ့်ကြောင့် ဆေးရုံတွင် သမားတော်တစ်ယောက် ဖြစ်နိုင်မည်နည်း။ သူက တခဏ စဉ်းစားပြီနောက် ဖုန်းကို ထုတ်ကာ ‘ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံကြီး’ ဟု ရိုက်ရှာလိုက်သည်။ တခဏကြာပြီးနောက် ‘နတ်‌ဆေးသမားတော် ထန်ရှု’ ဆိုသော အမည်ဖြင့် ရေးသား‌ထားသော ကြယ်တာ‌ရာတရုတ်တိုင်းရင်းဆေးရုံကြီး၏ သတင်းများစွာကို တွေ့လိုက်ရ၏။

“တ...တကယ်ကြီးလား”

၀မ်ထောင်က ငေးငိုင်နေသော အမူအရာဖြင့် မော့ကြည့်၍ မေးသည်။ “အစ်ကိုကြီးထန်...အစ်ကို ဘယ်လိုလုပ် တရုတ်တိုင်းရင်းဆေးရုံကြီးမှာ အလုပ်လုပ်ခဲ့တာလဲ....အစ်ကို့ရဲ့အဆင့်အတန်းက”

“ငါက ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီးတော့ ခမ်းနားသောထန်လုပ်ငန်းစုရဲ့ သူဌေးကြီးဆိုတာ အမှန်ပဲ”  ထန်ရှုက ပြောသည်။ “ဒါပေမဲ့ ငါ့အတွက် ဘယ်လို အလုပ်မျိုးပဲဖြစ်ပါစေ ရာထူးဂုဏ်ဝါကွဲပြားတယ်ဆိုတာ မရှိဘူး။ ငါ အားနေတဲ့အချိန်အတွင်း တရုတ်တိုင်းရင်းဆေးရုံကြီးမှာ သမားတော်အဖြစ် လုပ်ခဲ့တယ်။ ဒဏ်ရာတွေကြောင့်ပဲဖြစ်ဖြစ်၊ ရောဂါကြောင့်ပဲဖြစ်ဖြစ် ငါ ကုသပေးခဲ့တဲ့ လူနာတွေအများကြီးပဲ။ သမားတော်တစ်ယောက်အနေနဲ့ လူတွေအများကြီးကို ကယ်နိုင်ခဲ့တယ်။ ဒါကြောင့် ညီလေး၀မ်ထောင်ရော တခြားသူတွေကို ကူညီပေးတဲ့အချိန်မှာ ပျော်ရွှင်မှုကို မခံစားရဘူးလား”

၀မ်ထောင်ကိုယ်တိုင်သည် ‘အခြားသူများကို ကူညီခြင်းဖြင့် ပျော်ရွှင်မှုကို ခံစားပါ’ဆိုသော စကားဖြင့် ငယ်စဉ်ကတည်းက ကြီးပြင်းခဲ့ရသူဖြစ်သည်။ သို့သော်လည်း သူသည် အခြားသူများကို အထူးတလည်ကူညီ‌ခဲ့ခြင်း မရှိသလို တစ်ချိန်တည်းမှာပင် ကူညီ‌ပေးခြင်းကြောင့် ၀မ်းမြောက်ပျော်ရွှင်ခဲ့ရဖူးခြင်းမျိုးလည်း မရှိခဲ့ချေ။

၀မ်ထောင်၏အတွေးများကို အာရုံခံမိသည့်အလား ထန်ရှုက ဆက်ပြောသည်။ “အမှန်အတိုင်းပြောရရင် ငါ ဆေးရုံမှာတုန်းက သေခါနီးလူတွေ၊ ဒဏ်ရာ‌ကြောင့် နာလွန်းလို့ အော်ဟစ်ညည်းတွားနေခဲ့လူတွေအများကြီးကို မြင်ခဲ့ရဖူးတယ်။ သူတို့ ကြောက်လန့်တုန်လှုပ်နေတဲ့ အခိုက်အတန့်တွေကို တွေ့ဖူးခဲ့တာပေါ့။ ဒါပေမဲ့ သူတို့ကို ကယ်ဖို့ လက်လှမ်းလိုက်တဲ့အချိန်ကျရင် အမြဲတမ်း တစ်ခုခု အောင်မြင်သွားသလို ခံစားရတယ်။ မင်းအရှေ့မှာ သွေးတွေ ပန်းထွက်နေပြီး လဲကျနေတဲ့ လူတစ်ယောက်ကို မင်း ကယ်လိုက်တယ်လို့ မြင်ယောင်ကြည့်လိုက်။ အဲ့ဒီလူရဲ့ အသက်ကို မင်းကယ်ပေးလိုက်တဲ့အခါကျရင် သူက လေးစားချစ်ခင်ပြီး ကျေးဇူးတင်တဲ့အကြည့်တွေနဲ့ မင်းကို ကြည့်လိမ့်မယ်။ တချို့ဆို မြေကြီးနဲ့နဖူးထိတဲ့အထိ မင်းကို အရိုအသေပြုကြလိမ့်မယ်။ အဲ့ဒီလိုအချိန်မှာ မင်း ပျော်ရွှင်၀မ်းသာမှုကို ခံစားရလား”

ထန်ရှု၏စကားလုံးများ ဖော်ပြသည့် မြင်ကွင်းသည် စက္ကန့်အနည်းငယ်အကြာတွင် ဝမ်ထောင်၏စိတ်ထဲတွင် ပေါ်လာ၏။ ထို့နောက် သူသည် ပေါ့ပါးစွာ ပြုံးလိုက်သည်။

“တကယ်ကို ကြည်နူးစရာ မြင်ကွင်းပဲ”

“မင်းကို အဲ့ဒါနဲ့တူတဲ့ နောက်တစ်ခု ပြောပြမယ်” ထန်ရှုက ပြုံး၍ ပြော၏။ “မင်းနဲ့ငါ သူငယ်ချင်း ဖြစ်လာနိုင်မယ်လို့ ငါ ခံစား‌ရတဲ့အတွက် မင်းကို ကုသပေးနိုင်ရင် ငါပျော်တယ်။ မင်းသာ ငါ့လို သမားတော်တစ်ဦးဆိုရင် မင်း ချစ်ရတဲ့လူတွေရဲ့ ရောဂါတွေကို ကုသပေးနိုင်တဲ့အခါကျ ၀မ်းသာပီတိဖြစ်မှာလား”

ထန်ရှု၏စကားလုံးများသည် ၀မ်ထောင်၏နှလုံးသားအား လှုပ်ခတ်သွားစေ၏။ ထန်ရှုသည် သူ၏ဆွေမျိုးမိတ်ဆွေများအား ချစ်ချင်ကြင်နာတတ်သူဖြစ်လိမ့်မည်ဟု ၀မ်ထောင် ထင်မထားခဲ့ချေ။

“ကျွန်တော်တို့ ညီအစ်ကိုတွေ ဖြစ်သွားပြီ” ၀မ်ထောင်က ထန်ရှုကိုကြည့်၍ လေးနက်စွာ ပြော၏။ “ကျွန်တော် အကြွေးတင်နေမယ့်အကြောင်း မပြောတော့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ရောဂါကို ကုပေးပါ အစ်ကိုကြီးထန်။ တချို့လူတွေက သူတို့ရဲ့အစ်ကိုတွေအတွက် အသက်ကို စတေးရဲကြမှာမဟုတ်ပေမယ့် ကျွန်တော်ကတော့ အစ်ကို့အတွက်ဆို စတေးရဲပါတယ်”

ထန်ရှုက ကြည်လင်စွာ ရယ်၍ ပြောသည်။ “ကောင်းတယ်ကွာ။ တကယ်ကို မင်းက ငါ ထင်ထားတဲ့အတိုင်း ဖြောင့်မတ်တဲ့လူပဲကွ”

ထန်ရှုက ချက်ချင်းဆိုသလို စာရွက်တစ်ရွက်အား ထုတ်၍ ‌ဆေးညွှန်းတစ်ခု ရေးလိုက်သည်။ ထို့နောက် သူက ၎င်းကို ၀မ်ထောင်အား ပေး၏။ “မင်းလက်အောက်က လူတွေကို ဒီအညွှန်းထဲက ဆေးတွေ ရှာခိုင်းလိုက်။ မှတ်‌ထားနော် ဒါတွေက ဆေးပင်ရိုင်းတွေဖြစ်တဲ့အတွက် အရည်အသွေးအကောင်းဆုံးတွေကိုပဲ ၀ယ်ရမယ်။ မင်း ဒါတွေအကုန်လုံးကို ၀ယ်ပြီးရင် ငါ တရုတ်တိုင်းရင်းဆေးဖော်ပေးမယ်။ ပြီးရင် ဗိုင်းရပ်စ်ပျောက်ဖို့အတွက် မင်းရဲ့ ကူးစက်နေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းမှာ လိမ်းရမယ်”

ထိုသို့ပြောပြီးနောက် သူက နောက်ထပ်ဆေးညွှန်းတစ်ခုကို ရေးကာ ၀မ်ထောင်အား ပေးလိုက်ပြန်သည်။ “ဒီမှာရေးထားတဲ့‌ ဆေးပင်တွေက ခုနကဟာတွေလိုပဲ ဈေးကြီးတယ်။ မင်း ယွမ်‌ထောင်ချီပေးပြီး ၀ယ်ရလိမ့်မယ်။ မင်း၀ယ်ပြီးတာနဲ့ မင်းရဲ့ဝေဒနာကို ကုပေးလို့ရပြီ။ ဒီဆေးက မင်းရဲ့အတွင်းအင်္ဂါတွေအတွက်ဆိုတော့ ယန်စွမ်းအင်ချို့တဲ့နေတဲ့ ရောဂါလက္ခဏာတွေကို ကုသနိုင်အောင် မင်းရဲ့ကျောက်ကပ်ကို အားဖြည့်ပေးလိမ့်မယ်။ ငါ တခြားတော့ အာမ,မခံရဲဘူး ဒါပေမဲ့ ဒီဆေးကို အကြိမ်နည်းနည်း သောက်လိုက်တာနဲ့ မင်းရဲ့စွမ်းဆောင်ရည် တိုးတက်လာလိမ့်မယ်။ တစ်လလောက်သာ ဆက်တိုက်သောက်လိုက်လို့ကတော့ ညတိုင်း မင်းရဲ့မိန်းကလေးကို စိတ်ကျေနပ်စေလိမ့်မယ်”

“အဲ့လိုဆို ကောင်းတယ်ဗျာ” ‌၀မ်ထောင်မှာ ပျော်ရွှင်‌၀မ်းမြောက်နေပြီး ထန်ရှုအား ကြည့်နေသည့် သူ၏မျက်လုံးများမှာ မီးတဟုန်းဟုန်း တောက်နေချေသည်။ ထို့နောက် သူက အမျိုးသမီးအား ဆေးညွှန်းစာရွက်နှစ်ရွက် ပေး၍ ဆေးပင်များကို သူမကိုယ်တိုင် သွားရှာစေသည်။ ထိုအခိုက်အတန့်တွင် သူကိုယ်တိုင် လက်ဖက်ရည်ကျို၍ ကျူးဘားနိုင်ငံမှရရှိထားသော  ဆေးလိပ်နှင့် ထန်ရှုအား ဧည့်ခံ၏။

“အစ်ကိုကြီးထန် အဝေးက လာခဲ့ရတာဆိုလို့ ဒီမှာပဲ တည်းလိုက်ပါ။ ကျွန်တော်တို့ ညီအစ်ကိုတွေက စတွေ့ကတည်းက သူငယ်ချင်းကောင်းတွေလို အတိုင်အဖောက်ညီတာပဲဗျာ။ ပြီးတော့ အစ်ကို့အကြောင်း ပိုသိချင်ပြီးတော့ ရင်းနှီးချင်‌တယ်”

“ငါတို့ညီအစ်ကိုတွေ နောက်နောင် တွေ့စရာအချိန်တွေအများကြီးရှိသေးပေမယ့် ဒီမှာပဲ နေလိုက်ပါမယ်” ထန်ရှုက ပြုံး၍ ဖြေသည်။ “ဒါ့အပြင် အခု ငါက   ဘယ်မှသွားမလို့မရသေးဘူးဆိုတော့ မင်းနဲ့ပဲနေရမှာ။ မင်း နှင်ထုတ်ရင်တောင် သွားမှာမဟုတ်ဘူးနော်”

“ဒါပေမဲ့ ဘာလို့ သွားလို့မရတာလဲ‌ဗျ” ၀မ်ထောင်၌ ထန်ရှုကို နှင်ထုတ်လိုစိတ် လားလားမှ မရှိချေ။ သို့သော် ထန်ရှု၏အဖြေကို နားမလည်သဖြင့် သူက စပ်စပ်စုစု မေးလိုက်သည်။ “ဒီမှာ ခဏနေပြီး ကျွန်တော့်အစ်ကိုကို စောင့်မလို့လား”

“ဟေ့ မင်းပဲ မင်းအစ်ကိုက သူ့အမှားတွေကြောင့် အကျဉ်းကျနေတယ်ဆို” ထန်ရှုက ခပ်ပြတ်ပြတ် ပြောသည်။ “ငါ ဒီမှာ မနေလို့ ဘယ်ရမလဲ။ မင်းအတွက် ဆေးကြိုပေးဖို့ မင်းရဲ့လူတွေ ဆေးပင်ပြန်ယူလာတာကို စောင့်ရဦးမယ်လေ”

၀မ်ထောင်မှာ ယခုမှ သဘောပေါက်သွားပြီး ရှက်ကိုးရှက်ကန်း ပြော၏။ “အစ်ကို မြင်တဲ့အတိုင်း ကျွန်တော့်၀က်ဦးနှောက်က သိပ်ဉာဏ်ပြေးတာဗျ....ကဲပါလေ...လူတိုင်းက တစ်ခါတလေတော့ ကြောင်သွားတတ်တာပဲမလား။ ဘာပဲဖြစ်ဖြစ် ဒီနေ့ စတွေ့တွေ့ချင်းမှာတင် သူငယ်ချင်းကောင်းဖြစ်သွားတဲ့အထိမ်းအမှတ်အနေနဲ့ ကျွန်တော့်လူတွေကို ဝိုင်နဲ့ ဟင်းပွဲတွေ ယူလာခိုင်းလိုက်မယ်။ အစ်ကို မသွားရခင် အမူးသောက်ကြတာပေါ့”

“ဟင့်အင်း။ ညစာအတွက် လက်ဖက်ရည်နဲ့ ဟင်းပွဲတွေပဲ ပြင်ခိုင်းလိုက်” ထန်ရှုက ခေါင်းခါရမ်းလျက် ပြောသည်။ “အရက်ကို မေ့လိုက်စမ်းပါကွာ”

“ကျွန်တော်ရဲ့ဝိုင်က အစ်ကိုတို့ ထန်လုပ်ငန်းစုရဲ့ နတ်ဘုရား၀တ်ရည်ဝိုင်လောက် မကောင်းဘူးထင်နေတာလား အစ်ကိုထန်” ၀မ်ထောင်က အလျင်အမြန် မေးသည်။ “အဲ့ဒီဝိုင်နဲ့မယှဉ်နိုင်ဘူးဆို‌တာတော့ ၀န်ခံပါတယ်”

“မင်းကလေ တစ်ခါတလေကျ ဉာဏ်ပြေးပြီးတော့ တစ်ခါတလေကျတော့လည်း ၀က်တစ်ကောင်လိုပဲ တုံးလိုက်တာ။ မင်း ဧည့်ခံဖို့ ပေါင်းစုံတွေးနေတာ ငါသိပါတယ်” ထန်ရှုက ကူကယ်ရာမဲ့စွာ ပြောသည်။ “မင်း အရက် ဘာလို့ မသောက်ရတာလဲသိလား။ မင်း ဒီနေ့ ဆေးသောက်ရမယ်လေ။ မင်း မူးနေရင် မင်းရောဂါကို သက်သာစေမယ့် ဆေးကို ဘယ်လိုလုပ်သောက်နိုင်တော့မလဲကွ”

၀မ်ထောင်မှာ ချက်ချင်း ကြက်သေသေသွားပြီး သူ၏မျက်နှာမှာ မျောက်ဖင်နီတစ်ကောင်၏ဖင်ကဲ့သို့ နီရဲတွတ်သွား၏။ သူ့မှာ အရှက်ပြေရန် အချိန်အတော်ယူလိုက်ရလေသည်။

ခြံ၀င်း၏ဂိတ်၀အပြင်တွင်။

ဆေးညွှန်းစာရွက်နှစ်ရွက်ကို ကိုင်၍ ထွက်လာသော အမျိုးသမီးသည် အဝေးမှ လာနေသော မာစီးဒီးကားတစ်စီးကို မြင်လိုက်ရ၏။ သူမသည် လိုင်စင်ကတ်ပြားကို မြင်သည်နှင့် သူဌေးကြီးပြန်လာပြီဖြစ်ကြောင်း သိလိုက်သည်။

ထင်သည့်အတိုင်း အ‌နောက်တိုင်း၀တ်စုံအနက်ရောင် ၀တ်ဆင်ထားသည့် ၀မ်ရွှယ့်ကန်းက ကားတံခါးကို ဖွင့်၍ ထွက်လာ၏။ သူက အမျိုးသမီးကို ကြည့်၍ မေးသည်။ “ထောင်လေး အိမ်မှာရှိလား”

“ရှိပါတယ် သူဌေး” အမျိုးသမီးက သွက်လက်စွာ ဖြေ၏။

၀မ်ရွှယ့်ကန်းက ခေါင်းညိတ်၍ ကားထဲပြန်၀င်တော့မည့်အချိန်တွင် ရုတ်တရက် ရပ်၍ ထပ်မံ မေးလိုက်သည်။ “မင်း ဘယ်သွားမလို့လဲ”

“သခင်လေးထောင်ဆီ လာလည်တဲ့ ဧည့်သည်က သူ ရေးပေးလိုက်တဲ့ ဆေးညွှန်းအတိုင်း ဆေးပင်‌တွေ ဝယ်ခိုင်းလ်ိုက်လို့ပါ” အမျိုးသမီးက ဖြေ၏။

“ဧည့်သည်က ဘယ်သူလဲ” ၀မ်ရွှယ့်ကန်းက မျက်မှောင်ကြုတ်လျက် မေးသည်။

“မသိပါဘူး” အမျိုးသမီးက ခေါင်းခါရမ်း၏။ “သခင်လေးနဲ့ သူ စကားပြောနေတဲ့အချိန်တုန်းက ကျွန်မအနားမှာ ရှိမနေခဲ့ပါဘူး”

၀မ်ရွှယ့်ကန်း၏မျက်ခုံးများက ပို၍ တွန့်ချိုးသွားပြီး သူက မကျေမနပ် ပြောလိုက်သည်။ “အဲ့ဒီ‌ဆေးညွှန်းကို ပြစမ်း”

အမျိုးသမီးက ဆေးညွှန်းအား အလျင်အမြန် ပေးလိုက်သည်။ သူဌေးကြီးသည် ယခင်က အညတရသမားတော်တစ်ဦးဖြစ်ခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် ထိတ်ထိတ်ကြဲပုဂ္ဂိုလ်တစ်ဦး၏ရောဂါကို ကုသပေးနိုင်ခဲ့သဖြင့် ‌ကြီးပွားချမ်းသာလာခဲ့ခြင်းဖြစ်ကြောင်း သူမ ကောင်းကောင်းသိပေသည်။

***

All Chapters