← Chapters

၀တ်ကျေတမ်း‌ကျေဆက်ဆံပါက နာကျင်စေလိမ့်မည်

Vol. 61 Ch. 845

၀တ်ကျေတမ်း‌ကျေဆက်ဆံပါက နာကျင်စေလိမ့်မည်

Vol. 61 Ch. 845

ခံစားချက်နှင့်ပက်သက်သည့် ပြဿနာများကို ထန်ရှုသည် လုံ့ကျန့်လင်းနှင့် တိုင်ပင်ဆွေးနွေးလိုစိတ်မရှိသလို သူ့အမြင်နှင့်ရပ်တည်မှုကိုလည်း သိလိုစိတ်မရှိချေ။ သူသည် ကျန်းရှင်းယာကို ကြိုက်နှစ်သက်ပြီး သူမကို ဘယ်သောအခါမှ နာကျင်အောင်လုပ်မည်မဟုတ်ချေ။ သို့သော် နှစ်နှစ်ကာကာ မေတ္တာသက်၀င်နေခြင်းမဟုတ်သည့်အတွက် သူသည် ၀တ်ကျေတမ်းကျေသာ ဆက်ဆံ‌မိပေလိမ့်မည်။ ၎င်းက သူမအား ပို၍ပင် နာကျင်ခံစားရပေလိမ့်မည်။

လုံ့ကျန့်လင်းသည် ထန်ရှုနှင့် ရင်းနှီးခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သဖြင့် ထန်ရှု၏အကျင့်စရိုက်ကို နားလည်ပေသည်။ သူက တစ်ချက်မျှ အားတင်းပြုံးပြလိုက်ပြီး အခန်းတွင်း၀င်ကာ ပြန်အိပ်‌တော့သည်။

သမ္မတအခန်း ၁၂၀၈ တွင် ကျန်းရှင်းယာသည် အိပ်ခန်းထဲ တန်းတန်းမတ်မတ် ပြေး၀င်သွားကာ ချုံးပွဲချ ‌ငိုကြွေးတော့သည်။ ထန်ရှုစကားလုံးများကြောင့် ဖြစ်ပေါ်လာခဲ့သော သူမ၏နှလုံးသားထဲရှိ ဒဏ်ရာမှာ နက်လွန်းပြီး သူမ၏နှလုံးသားအား တစ်စုံတစ်ယောက်က ဓားဖြင့်မွှမ်းနေသကဲ့သို့ ခံစားရနေရရှာ၏။

အခန်းအပြင်ရှိ ကျန်းရှောင်ယု၏မျက်နှာပေါ်တွင် နောင်တရနေသော အရိပ်အယောင်များ ဖြတ်ပြေးနေ၏။ သူမသည် ထန်ရှုကို တွေခဲ့ကြောင်း စိတ်အားထက်သန်စွာ ပြောပြခဲ့သူ မဟုတ်ပါ‌လော။ သူမက ကျန်းရှင်းယာကို ပျော်ရွှင်လိုသည့်ဆန္ဒဖြင့် ပြောပြခဲ့သော်လည်း နှလုံးသားမရှိသည့် ခွေးကောင်ထန်ရှုက ကျန်းရှင်းယာအား နာကျင်စေခဲ့သည်။

‘ငါ ဘာလုပ်ရမလဲ’

သူမသည် ကျန်းရှင်းယာ ၀မ်းနည်းခံစားနေရသည်ကို ကြည့်မနေနိုင်ချေ။ သူမသည် ကျန်းရှင်းယာ၏မန်နေဂျာအသစ်ဖြစ်သော်လည်း ကျန်ရှင်းယာပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ရန် စိတ်ရင်းဖြင့် မျှော်လင့်သူဖြစ်၏။

‘သဘက်ခါကျင်းပမယ့် ရွှေခွက်အင်ပါယာဗီလာဖွင့်ပွဲက အရမ်းအရေးကြီးတယ်။ ဒါကြောင့် မမရှင်းယာက ပွဲတက်ပြီး သီချင်းဆိုပေးရမှာ ဒါပေမဲ့ အခုစိတ်အခြေအနေနဲ့ဆို အဆင်ပြေမှာမဟုတ်ဘူး။ သူသာ ဆက်ငိုနေရင် မျက်လုံးတွေ ယောင်လာပြီးတော့ အသံပျောက်သွားရင် သူပဲ ထိခိုက်မှာ’

ကျန်းရှောင်ယုမှာ စိတ်ပူလွန်းသဖြင့် အခန်းအတွင်းတွင် အချိန်အတော်ကြာ ရှေ့လျှောက်နောက်လျှောက် လုပ်နေမိ၏။ ရုတ်တရက် လူတစ်ယောက်ကို သတိရမိသွားပြီး သူမအခန်းတွင်းရှိ ဖုန်းကိုယူကာ ချက်ချင်း ဖုန်းဆက်လိုက်သည်။

“ရှောင်ယုရယ် အခုအချိန်ထိ မအိပ်သေးဘူးလား။ ဘာလို့ နောက်ကျနေတာကို ဖုန်းခေါ်တာတုန်း” ကျန်းရှင်းယွဲ့၏လေးပင်ပျင်းရိနေသော အသံက ဖုန်းအတွင်းမှ ထွက်ပေါ်လာ၏။

“မမ ရှောင်ယွဲ့။ ညီမတော့ အမှားလုပ်မိပြီထင်တယ်” ကျန်းရှောင်ယုက ခါးသီးစွာ ပြောသည်။

“ဘာများလုပ်ခဲ့ပြန်ပြီတုန်း” ကျန်းရှင်းယွဲ့က မေး၏။ “ငါ့မမက နင့်ကို ဆူပြီး အပြစ်ပေးလိုက်ပြန်ပြီလား”

“ညီမတို့ အခု ချင်းချန်တောင်ခြေက ချင်းလင်စီရင်စုမှာ ရောက်နေတာ။ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ ပွဲတစ်ပွဲကို တက်ရမှာ” ကျန်းရှောင်ယုက အလျင်အမြန် ပြောသည်။ “ဒါပေမဲ့ အဲ့ဒီလူ ထန်ရှုနဲ့ ဟိုတယ်တစ်ခုတည်းမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ မမ‌ရှင်းယာက သူ့ကိုတွေ့ချင်လို့ အကြာကြီးစောင့်နေခဲ့ပေမယ့်.....”

ဖြစ်ကြောင်းကုန်စင်တစ်ခုလုံးအား ပြောပြပြီးနောက် ကျန်းရှောင်ယုက ဆက်ပြော၏။ “အခု မမရှင်းယာက ငိုနေတာ မရပ်တော့ဘူး။ တကယ်ကို အသည်းကွဲနေတာ။ မမ ညီမ ဘာလုပ်ရမလဲဟင်”

ကျန်းရှင်းယွဲ့ထံမှ အချိန်‌အတော်ကြာသည်အထိ အဖြေမရချေ။ ကျန်းရှောင်ယု အော်မေးလိုက်တော့မှ ကျန်းရှင်းယွဲ့က အိပ်ချင်မူးတူးအသံဖြင့် မေးလာ၏။ “အဲ့ဒီပွဲက ဘယ်တော့လုပ်မှာလဲ”

“သဘက်ခါ” ကျန်းရှောင်ယုက သုတ်သုတ်ပြာပြာ ဖြေသည်။

“ငါ အခုည ချက်ချင်း ထွက်လာခဲ့မယ်။ သဘက်ခါမှဆိုတော့ ငါမနက်ဖြန်လာရင် မှီသေးတယ်” ကျန်းရှင်းယွဲ့က ‌ပြော၏။ “ဒါပေမဲ့ ငါ မရောက်မချင်း မမ အနားမှာပဲ စောင့်ပေးနေ”

“ဟုတ်”

မနက်စောစော နေအလင်းရောင် အခန်းတွင်းသို့ ၀င်လာသည့်အချိန်တွင် ထန်ရှုသည် နာရီများစွာ ကျင့်ကြံနေခဲ့ခြင်းကို အဆုံးသတ်လိုက်၏။ ထို့နောက် သူက ရေချိုး၍ အ၀တ်အစားလဲကာ မနက်စာစားရန် ဟိုတယ်၏ထမင်းစားခန်းသို့ ထွက်လာခဲ့သည်။ ‌ချင်းလင်‌စီရင်‌စုတွင် ဆေးပင်များ ရောင်းချသည့်ဈေးတစ်ခု ရှိသည်ဟု ၀မ်ထောင်ထံမှ ကြားသိခဲ့ရသဖြင့် ယနေ့ သွားရောက်စစ်ဆေးမည်ဟု ဆုံးဖြတ်ထား၏။

မြို့အရှေ့ခြမ်းတွင်။

ချင်းလင်စီရင်စု ဆေးပင်‌ဈေးမှာ မကြီးမားသော်လည်း ထန်ရှု ဈေးအတွင်းသို့ မ၀င်ရောက်ရသေးသည့်အချိန်မှာပင် ဆေးပင်ရနံ့များက ပျံ့လွင့်နေ၏။ သူက အချိန်ဆွဲမနေဘဲ‌ ဈေးတွင်းသို့ ၀င်ရောက်ကာ တန်ဖိုးကြီးဆေးပင်များရှာဖွေရန် စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်သည်။

သူ၏စိတ်ဝိညာဉ်အာရုံကြောင့် ဈေးအတွင်းရှိ ဆေးပင်အားလုံးကို ဆယ်မိနစ်အတွင်း သိရှိသွား၏။ လုံလောက်သည့်သက်တမ်းရှိသည့် အဖိုးတန်ဆေးပင်များအား‌ တွေ့လိုက်ရခြင်းက သူ့အား အံ့အားသင့်သွားစေသည်။ ငွေအချို့သုံး၍ ၎င်းတို့ကို ၀ယ်ပြီးနောက် ဤနေရာ၌ နေလိုသည့်ဆန္ဒ မရှိတော့ချေ။

“ဒီထက် ပိုပြီး အဖိုးတန်တဲ့ ဆေးပင်တွေလိုချင်ရင် နာရီ၀က်လောက် စောင့်ရမယ် သူဌေးထန်။ ဒီနေ့က ကျုပ်တို့ ချင်းလင်စီရင်စု‌ရဲ့ ဆေးပင်ဈေးဖွင့်တဲ့နေ့ဆိုတော့ ကိုးနာရီကျရင် ဆေးပင်အသုတ် ထပ်ရောက်လာလိမ့်မယ်။ အင်း အပြိုင်အဆိုင်တော့ ဝယ်ရမှာပေါ့လေ။ အနီးတစ်ဝိုက် မြို့ကြီးတွေက ဆေးပင်ရောင်းတဲ့လူတွေလည်း လာ၀ယ်ကြမှာ” အနန္တဆေးပင်ခန်းမ၏ပိုင်ရှင်ဖြစ်သူ ချန်းယန်က ပြုံးလျက်ပြောသည်။ ထန်ရှုသည် သူထံမှ ဆေးပင်နှစ်ပင်အား ငွေအမြောက်အများ ပေး၍ ၀ယ်ခဲ့၏။ ထို့မျှသာမက ဆေးပင်ဈေးဖွင့်ပွဲနေ့ရှိ ဆေးပင်ထက်၀က်အား အနီးတစ်၀ိုက် ရွာများမှာ လာ‌ရောက်ကြသော သူ့အနန္တဆေးပင်ခန်းမ၏ ဆေးဖော်သူများကသာ ၀ယ်ကြစမြဲပင်။

ယင်းကို ကြားသော် ထန်ရှုက မေးမြန်း၏။ “ဒီကို ပို့တဲ့ဆေးပင်တွေထဲမှာ တန်ဖိုးကြီးဆေးပင်တွေရောပါလား”

“ပါတာပေါ့” ချန်းယန်က ခေါင်းညိတ်၍ ဖြေသည်။ “အပတ်တိုင်း အဖိုးတန် ဆေးပင်တွေတော့ ‌ရောက်လာတတ်ပေမယ့် အရေအတွက်ကတော့ နည်းတယ်။ သိတဲ့အတိုင်း ကျုပ်တို့က ချန်းချန်တောင်နဲ့နီးပြီးတော့ လူတိုင်းနီးပါးကလည်း ဆေးပင်တွေအကြောင်း နားလည်ကြတယ်လေ။ အခုဆို သတင်းကလည်းပျံ့လွယ်တော့ ဆေးပင်ပညာရှင်တွေက ဆေးပင်တွေရဲ့ တန်ဖိုးကို သိကြတယ်။ ဒါကြောင့် ကျုပ်တို့မှာ ဆေးပင်တွေစုဆောင်းတဲ့ လူတွေအများကြီးပဲ။ ချင်းချန်တောင်နက်ထဲထိ သွားပြီး ရှာရဲတဲ့လူတွေတောင်ရှိတယ်”

“ဒါဆို ကျုပ် ဒီမှာ စောင့်နေမယ်” ထန်ရှုက ပြောသည်။

နာရီ၀က်ခန့်ကြာပြီးနောက် ချင်းလင်ဆေးပင်ဈေးအတွင်းသို့ ကားအစီးများစွာ ဝင်လာ၏။ ယင်းတို့ထဲမှ နှစ်စီးက တစ်ဈေးလုံးတွင် သက်တမ်းအကြာဆုံးနှင့် အကြီးမားဆုံး အန္တနဆေးပင်ခန်းမ‌အရှေ့တွင် ရပ်လိုက်ကြ၏။ ထို့အပြင် ဆေးပင်ပညာရှင်များသည် ဤခန်းမ၌ ကိုယ်ပိုင်ဆေးပင်စုဆောင်းသူများရှိသည့်တိုင် ဆေးပင်များ လာရောက်ရောင်းချကြလေသည်။ သူမကြိုက်သည့် ဆေးပင်များမှလွဲ၍ ‌ဈေးထဲရှိ ဆေးပင်ထက်၀က်ခန့်အား ‌အနန္တဆေးပင်ခန်းမမှ ၀ယ်ယူစမြဲ ဖြစ်လေသည်။

‘မြစ်ကျူပင်ပါလား’

ကားနှစ်စီး ကုန်အပြည့် မချရသေးခင်မှာပင် ထန်ရှုသည် သူ၏အာရုံဖြင့် အဖိုးတန်ဆေးပင်များကို တွေ့ရှိပြီးဖြစ်၏။ သို့သော် ထိုသို့ဆေးပင်မျိုးရှိ‌နေခြင်းက သူ့ကို အံ့အားသင့်သွားစေသည်။

အင်မော်တယ်ကမ္ဘာတွင် ကောင်းကင်ဘုံရေကျမြစ်ဟု လူသိများသော မြစ်တစ်စင်းရှိချေသည်။ ထိုမြစ်၏ကမ်းစပ်၌ ယင်စွမ်းအင်များ ရှိသဖြင့် မြစ်ကျူပင်ပေါက်ရန် အသင့်‌လျော်ဆုံး‌ နေရာတစ်ခုဖြစ်၏။ ထိုနေရာ တွေ့ရှိခဲ့သော အချို့အင်အားကြီးအင်မော်တယ်များသည် မြစ်ကို အ‌လောင်းကောင်များဖြင့် အစာကျွေးပါက မြစ်ကျူပင်သည် ပို၍လျင်မြန်စွာပေါက်ကြောင်း သိရှိခဲ့ကြ၏။

ထို့ကြောင့် မြစ်ကျူပင်အား အလောင်းစားမြက်ဟုလည်း ခေါ်ဆိုကြလေသည်။

သို့ထိတိုင် ၎င်း‌ဆေးပင်၌ ‌အင်မတန်ထူးခြားသည့် သက်ရောက်မှုရှိ၏။ သေမျိုးများဖြစ်စေ၊ အင်မော်တယ်ဖြစ်စေ....လူတိုင်း၏အရိုးများကို အရည်အသွေးမြှင့်တင်ပေးနိုင်သည်။ ထို့ကြောင့် အင်မော်တယ်အများအပြားသည် သူ၏‌ခန္ဓာကိုယ်သန့်စင်ဆေးလုံးထဲတွင် မြစ်ကျူပင်အား ထည့်၍ ဖော်စပ်ကြ၏။

ပစ္စည်းများ အားလုံးချပြီးသောအခါ ထန်ရှုသည် မြစ်ကျူပင်အပါအဝင် အဖိုးတန်ဆေးပင်အမြောက်အများကို ၀ယ်သည်။ သို့သော် မြစ်ကျူပင်ဈေးနှုန်းကား နည်းလွန်း၏။ ၂၈၀ ယွမ်သာ ပေးရချေသည်။

‘ဒီမြစ်ကျူပင်နဲ့သာဆိုရင် ငါ ပိုးနီပန်းကို ရတာနဲ့ ငါရဲ့သွေးစုစည်းဆေးလုံး‌က ပိုပြီး အရည်အသွေးကောင်းလာလိမ့်မယ်။ ‌သွေးစုစည်းဆေးလုံးကို သောက်ပြီးတာနဲ့ ‌သွေးနှင့်ချီလည်ပတ်ခြင်းအဆင့်ကို တက်နိုင်မှာ အသေအချာပဲ”

မွန်းတည့်ချိန်၌ ထန်ရှုသည် ကြယ်ငါးပွင့်ဆန်းပေါင်ဟိုတယ်သို့ ပြန်လည်ရောက်ရှိလာခဲ့၏။ သို့သော် သူ ဟိုတယ်အတွင်း ဝင်တော့မည့်အချိန်တွင် ဓါတ်လှေကားထဲမှ ပြေးထွက်လာသော ကျန်းရှောင်ယုနှင့် ပက်ပင်းတိုးလေသည်။

“ဟက်...လူယုတ်မာကောင်ပါလား”

ထန်ရှုကို မြင်သွားသော ကျန်းရှောင်ယုသည် တုံ့ခနဲ ရပ်၍ သူ့အား စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ပြီးနောက် ဘေးမှ ဖြတ်သွားကာ ဟိုတယ်၀င်၀သို့ လျှောက်သွားလေသည်။

ထန်ရှုမှာ ခပ်ဟဟ ရယ်လိုက်မိ၏။ သူသည် ထိုမိန်းကလေးအား စိတ်မဆိုးသလို မုန်းလည်းမမုန်းချေ။ ကျန်းရှင်းယာအတွက် မန်နေဂျာအသစ်ရသွားခြင်းက ပို၍ပင်ကောင်းသည်ဟုပင် တွေးမိ၏။ အနည်းဆုံးတော့ ကျန်းရှင်ယာနှင့် စတွေ့တုန်းက မန်နေဂျာထက် ပို၍ ‌ကောင်းပေသည်။ ထိုမန်နေဂျာသည် ကျန်းရှင်ယာအား လေယာဉ်ကွင်း၌ ပိုက်ဆံတစ်ပြားမှမပေးပဲ လျှောက်သွားခိုင်းပြီး သူမခမျာ သူ့ဆီမှပင် ပိုက်ဆံချေးခဲ့ရလေသည်။

ဟိုတယ်အပြင်တွင်။

ကျန်းရှောင်ယု ဟိုဟိုသည်သည် ကြည့်နေစဉ် အနီရောင်မာစီးဒီးကားတစ်စီးက သူမအရှေ့၌ လာရပ်၏။ ကားတံခါးပွင့်သွားပြီး အတွင်းမှ မက်စ်(နှာခေါင်းစည်း) နှင့် နေကာမျက်မှန်တပ်ထားသော ကျန်းရှင်းယွဲ့ ထွက်လာသည်။ သူမက ကျန်းရှောင်ယုကို ကားသော့ပေး၍ မေး၏။ “ငါ့မ‌မအခန်းက ဘယ်နထပ်မြောက်မှာလဲ”

“၁၂ ထပ်က သမ္မတအခန်း ၁၂၀၆ မှာပါ” ကျန်းရှောင်ယုက အလျင်အမြန် ‌ဖြေသည်။

ကျန်းရှင်းယွဲ့က ခေါင်းညိတ်၍ ဟိုတယ်အ၀င်၀သို့ လျှောက်သွားလေသည်။

ကျန်းရှောင်ယုက တခဏ တုံ့ဆိုင်းနေပြီးနောက် ကျန်းရှင်းယွဲ့နောက်သို့ အပြေးလိုက်ကာ ပြော၏။ “မမရှင်းယွဲ့။ ဟိုလူယုတ်မာကောင်က ဟိုတယ်ကို ပြန်ရောက်နေပြီ။ သူက သမ္မတအခန်း ၁၂၀၈ မှာနေတာ။ တွေ့ရင် သူ့ကို ညီမအစား ပက်ပက်စက်စက် ပြောပေးစမ်းပါ”

ကျန်းရှင်းယွဲ့က တုံ့ခနဲ ရပ်ကာ လှည့်ပြော၏။ “ရှောင်ယု။ နင် ငါ့မမကို အရမ်းဂရုစိုက်တာ ငါသိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ နှလုံးသားရေးရာကိစ္စတွေမှာ ၀င်မစွက်ဖက်သင့်ဘူး။ ပြီးတော့ ငါ ထန်ရှုနဲ့ တွေ့ဖူးပါတယ်။ သူက လူကောင်းတစ်ယောက်ပါ။ သူနဲ့ငါ့မမကို ငါကသာ မပက်သက်စေချင်တာ”

ကျန်းရှောင်ယုမှာ အတန်ငယ်ကြောင်သွားပြီး သူမက အနည်းငယ် စိတ်လှုပ်ရှားကြောက်ရွံ့စွာဖြင့် ဖြေ၏။ “နားလည်ပါပြီ မမ”

ထို့နောက် ကျန်းရှင်းယွဲ့က ဓါတ်လှေကားဖြင့် ၁၂ ထပ်သို့ တက်သွားလေသည်။ သူမက သမ္မတအခန်း ၁၂၀၆ သို့မသွားဘဲ ထိုအစား ၁၂၀၈ သို့ သွားကာ အခန်းဘဲလ်ကို နှိပ်လိုက်၏။ တံခါးပွင့်သွားသည့်အချိန်တွင် သူမက နေကာမျက်မှန်နှင့် မက်စ်ကို ချွတ်ကာ မေးလိုက်သည်။ ”ထန်ရှု ရှိလား”

တံခါးဖွင့်လိုက်သော မိုအားဝူမှာ ချက်ချင်း ကြောင်အသွားလေသည်။ သူက တုံ့ဆိုင်းနေသော်လည်း ပြန်ဖြေ၏။ “ရှိပါတယ်”

ကျန်းရှောင်ယွဲ့သည် အခန်းတွင်းသို့ ၀င်သွားပြီး ဆိုဖာပေါ်တွင် ထိုင်၍ ဖုန်းကို ကြည့်နေသော ထန်ရှအား တွေ့လိုက်ရ၏။ သူမက ချက်ချင်း ပြုံး၍ နှုတ်ဆက်လေသည်။ “ကျွန်မတို့ တွေ့ပြန်ပြီ မစ္စတာထန်”

ထန်ရှုက မော့ကြည့်၍ ခေါင်းခါရမ်းကာ ပြုံး၍ ပြောလေသည်။ “အမှန်အတိုင်းပြောရရင် ငါ အမြွှာညီအစ်မတွေ အတော်များများကို တွေ့ဖူးပေမယ့် မင်းတို့နှစ်ယောက်လို ချွတ်စွပ်တူတာက တော်တော်ရှားတယ်။ ဒါနဲ့  ချင်းလင်စီရင်စုကို အလောတကြီး ရောက်လာတယ်ပေါ။ ဟားဟားဟား... မင်းက မင်းအစ်မကို တော်တော်ဂရုစိုက်တာပဲ”

ကျန်းရှင်းယွဲ့က ထန်ရှုရှေ့၌ ၀င်ထိုင်ကာ ပြုံး၍ ပြောသည်။ “သူက ကျွန်မအစ်မပဲလေ။ ဂရုစိုက်တာ မဆန်းပါဘူး။ ဒါနဲ့ မစ္စတာထန် ကျွန်မအစ်မစိတ်ကို စကားလုံးတွေနဲ့ နှိုးဆွပေးခဲ့တာ ကျေးဇူးတင်ပါတယ်”

“ကျေးဇူးတင်စရာမလိုပါဘူး။ ငါလုပ်ကိုလုပ်ရမယ့် ကိစ္စပဲကို” ထန်ရှုက လက်ဝှေ့ရမ်းပြ၏။

ကျန်းရှင်းယွဲ့မှာ တိတ်ဆိတ်သွားပြီး သူမက ရုတ်တရက် မေး၏။ “မစ္စတာထန်.. ရှင့်ရဲ့ချစ်သူနဲ့‌ရော အဆင်ပြေရဲ့လား”

“ဒါပေါ့ ဘာလို့မေးတာလဲ” ထန်ရှုက တည်ငြိမ်စွာ မေးသည်။

ကျန်းရှင်းယွဲ့၏မျက်၀န်း‌များတွင် စိတ်ပျက်သော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ ထို့နောက် သူမက ခေါင်းညိတ်၍ ပြောလေသည်။ “‌‌သိပါပြီ။ ဒါဆို မမရဲ့ခံစားချက်တွေ ပျောက်ကွယ်သွားအောင် ဖျောင်းဖြလိုက်ပါ့မယ်။ ပြီးတော့ မလိုအပ်ရင် ခုရက်ပိုင်းတွင်း မမနဲ့ မတွေ့ဖို့ တောင်းဆိုချင်ပါတယ်။ သူ့အလုပ်ကိစ္စပြီးရင် ကကျွန်မတို့ချက်ချင်း ချင်းလင်ကနေ ထွက်သွားမှာပါ”

“ငါလည်း သူ့ကို ထပ်မတွေ့ချင်ပေမယ့် ‌မတွေ့ဖို့က ခက်လိမ့်မယ်ထင်တယ်” ထန်ရှုက ခေါင်းခါရမ်း၏။

“ဘာလို့လဲ” ကျန်းရှောင်ယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။

“မင်းရဲ့အစ်မက ငါသိသရွေ့ ဒီက စီးပွားရေလုပ်ငန်းပွဲတစ်ခုမှာ ဖျော်ဖြေရမှာမလား” ထန်ရှုက ပြော၏။ “ပြီးတော့ ငါလည်း မနက်ဖြန်ကျရင် အဲ့ဒီရွှေခွက်အင်ပါယာဗီလာဖွင့်ပွဲကို တက်ရမှာ။ ငါတို့သွားရမယ့် အချိန်ရော နေရာရောက တူနေတော့ မတွေ့ဘဲနေဖို့ ခက်ခဲမယ်ထင်တယ်။ ဒါပေမဲ့....”

“ဒါပေမဲ့ ဘာဖြစ်လို့လဲ” ကျန်းရှင်းယွဲ့က မေးသည်။

“ဒါပေမဲ့ မင်း သူ့အစား ဖွင့်ပွဲကို တက်ရင်တော့ ရမယ်” ထန်ရှုက ပြော၏။ “ဒါပေမဲ့ သူက ဖွင့်ပွဲမှာ ဖျော်ဖြေမယ်ထင်တယ်။ ဆိုတော့ မင်း သူ့အစားသွားမယ်ဆိုရင် ပြင်ဆင်ထားမှ ဖြစ်မယ်”

ကျန်းရှင်းယွဲ့က ထိုင်၍ တခဏ စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ ပြော၏။ “မမကို ပြောကြည့်လိုက်မယ်။ သူသာ ဆန္ဒရှိရင် ကျွန်မ သူ့အစား သွားလို့ရပါတယ်။ ကျွန်မက ‌မမလောက် ဖျော်ဖြေတာမတော်ပေမယ့် သတိထားမိကြမှာ မဟုတ်ပါဘူး။ ကျွန်မ လုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်”

***

All Chapters