← Chapters

ကာမအားတိုးအဆိပ်

Vol. 61 Ch. 853

ကာမအားတိုးအဆိပ်

Vol. 61 Ch. 853

ပျက်စီးနေပြီဖြစ်သော အဆောက်အဦးအတွင်းတွင် ထန်ရှုက သွေးတစ်လုပ်အန်လျက် ထထိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ အအေးစွမ်းအင်မှာ ပူပြင်းလှသော စွမ်းအင်အဖြစ် ပြောင်းလဲသွားသဖြင့် သူ၏အတွင်းအင်္ဂါများမှာ မှန်းမရနိုင်အောင် မသက်မသာဖြစ်နေ၏။

“ငါ အဆိပ်ခတ်ခံရပြီ”

ထန်ရှု၏လက်များက သူ့နှလုံးရှိ သွေးလွှတ်ကြောများကို ချက်ချင်း ချိတ်ပိတ်လိုက်သည်။ ရန်သူသည် ရွှေအမြုတေအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။ ရန်သူဘက်မှ အဆိပ်သုံးလာနိုင်စွမ်းကို ထည့်မတွက်ဘဲ နမော်နမဲ့ဖြစ်ကာ အေးအေးလူလူ နေခဲ့ခြင်းကိုလည်း မယုံကြည်နိုင်ပေ။ ယခုတွင် သူ့ရန်သူ၏သရုပ်မှန်ကို သိလိုက်ရလေပြီ။ ဤအဘိုးကြီးက  ပိုင်ကျန့်နှင့်ပိုင်ပေါင်တို့၏ဆရာ...တာအိုအဆိပ်သခင် ဖြစ်ချေသည်။

“အဆိပ်က ငါ့ကို မသတ်နိုင်ဘူး...ဒါပေမဲ့..”

ထန်ရှုက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ‌သူထံ ပြေး၀င်လာသော တာအိုအဆိပ်သခင်ကို မော့ကြည့်လိုက်သည်။ သူ၏ပုံရိပ်က သူ ၀င်လာခဲ့သော ပြတင်းပေါက်မှတဆင့် ရိပ်ခနဲ ပျောက်ကွယ်သွား၏။ သူ့အနောက်ရှိ အဆောက်အဦး ပျက်စီးပြိုကျသွားသည့်အချိန်တွင် ထန်ရှု၏အရိပ်မှာ အဝေးရှိ တောအုပ်အတွင်းသို့ ၀င်ရောက်ပျောက်ကွယ်သွားလေပြီ။

တာအိုအဆိပ်သခင်၏မျက်၀န်းများမှာ ဒေါသမီးများဖြင့် ပြည့်နှက်သွား၏။ ထန်ရှုသာ ကောင်းကင်ပေါ်သို့ ပျံတက်လိုက်ပါက ရရှိထားသော ဒဏ်ရာများကြောင့် သူ့လက်မှ ပြေးလွတ်နိုင်မည်မဟုတ်ချေ။ သို့သော် ထန်ရှုသာ ‌တောအုပ်အတွင်းပိုင်းသို့ ရောက်ရှိသွားပါက သူ၏ ရွှေအမြုတေအလယ်အလတ်အဆင့်ကျင့်ကြံခြင်းနှင့်ပင် ရှာဖွေရန် ခက်ခဲသွားလိမ့်မည်။။

“သူ့ကို ဖမ်းမိမှဖြစ်မယ်။ အဲ့ဒီခွေးကောင်‌လေး သုံးသွားတဲ့ လျှပ်စီးနဲ့လျှပ်စစ်ကို ထိန်းချုပ်တဲ့လျှို့ဝှက်အတတ်က ငါကျွမ်းကျင်တဲ့အတတ်ပညာတွေထက် အများကြီး အစွမ်းထက်တယ်။ သူ့ဆီသာ အဲ့ဒါကို ယူနိုင်ရင် ငါ့ရဲ့စွမ်းအားက တဟုန်ထိုး မြင့်တက်သွားမှာ အသေအချာပဲ”

တာအိုအဆိပ်သခင်က အံကြိတ်၍ ထန်ရှု‌ပျောက်ကွယ်သွားသည့်နေရာနောက် အလျင်အမြန် လိုက်သွားတော့သည်။

ခြံ၀န်းအပြင်တွင်။

မိုအားဝူတို့သုံးယောက်သည် ပိုင်ကျန့်နှင့်ပိုင်ပေါင်အား သတ်ပြီးနောက် ချက်ချင်း ခြံ၀န်းထဲသို့ ပြေး၀င်လာ၏။ သို့သော် အဆောက်အဦးတစ်ခုလုံးမှာ ပျက်စီးနေပြီး သူဌေး၏အရိပ်အယောင်ကို မတွေ့ရသဖြင့် မျက်နှာများ သိသိသာသာ ပျက်ယွင်းသွားကြသည်။

“စောစောက အင်အားကြီးရန်သူတစ်ယောက် ပေါ်လာခဲ့တဲ့ပုံပဲ။ ငါတို့ ခုနက ခံစားခဲ့ရတဲ့ စွမ်းအားနှစ်ခုမှာ တစ်ခုက သူဌေးဖြစ်ပြီးတော့ နောက်တစ်ခုက ရုတ်တရက် ပေါ်လာတဲ့ ရန်သူပဲဖြစ်ရမယ်” မိုအားဝူက လေးလံစွာ ရေရွတ်လိုက်သည်

“အခု ဘာလုပ်ကြမလဲ” ကျင်းရှီက အလျင်အမြန် မေးသည်။ “သူဌေးက ထွက်ပြေးနေတာလား..‌ဒါမှမဟုတ် ရန်သူကို လိုက်ဖမ်းနေတာလား”

မိုအားဝူက တခဏ တွေးတောပြီးနောက် ပြော၏။ “ငါတို့အခုချက်ချင်း ရွှဲ့ရှတို့ဆီ ပြန်ပြီးတော့ မြောက်ဘက်ကို သွားကြမယ်။ ရန်သူက အတော်လေးအင်အားကြီးတော့ ငါတို့ ပိုပြီးသန်မာလာအောင် လူစူရမယ်”

“အမိန့်အတိုင်းပါ”

အဝေးတစ်နေရာရှိ တောင်ထိပ်ပေါ်တွင်။

ကျန်းရှင်းယွဲ့မှာ ‌မိုးထိတိုင်အောင် တောက်လောင်နေသည့် မီးတောက်များကိုကြည့်ရင်း စိုးရိမ်ပူပန်မှုကြောင့် ခြေမကိုင်မိ၊လက်မကိုင်မိ ဖြစ်နေရှာသည်။ ဟိုက်ရှန်းနှင့်ရွှဲ့ရှတို့ကတော့ ပတ်၀န်းကျင်အခြေအနေကို အကဲခတ်‌နေကြ၏။

“ဘယ်သူလဲ” ရွှဲ့ရှက ကျယ်လောင်စွာ အော်ရင်း သူ၏ဓားပျံကို ချက်ချင်း ထုတ်လိုက်သည်။

မိုအားဝူ၏ပုံရိပ်ပေါ်လာပြီး သူက‌ လေးပင်စွာ ပြော၏။ “ငါတို့ပါ။ ဟမ်...၀မ်ထောင်ရော”

ရွှဲ့ရှက ရှေ့သို့ တက်လာ၍ ခပ်ဩဩလေသံဖြင့် ပြောသည်။ “မြောက်ဘက် ချင်းချန်ဘုန်းကြီးကျောင်းကနေ ပြေးလာတဲ့လူတွေရှိတယ်။ အဲ့ထဲက နှစ်ယောက်ကို ၀မ်ထောင်က သိတယ်ဆိုပြီး သူတို့နဲ့လိုက်သွားတယ်”

“သူ ထွက်သွားတာလဲ ကောင်းပါတယ်” မိုအားဝူက ဂရုမစိုက်စွာ ပြောသည်။ “ဒါပေမဲ့ ငါတို့လည်း သူဌေးကို ရှာဖို့ မြောက်ဘက်ကို ချက်ချင်း သွားရမယ်”

ကျန်ရှင်းယွဲ့၏‌မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်စိတ်များမှာ ပို၍မြင်သာလာပြီး သူမက ကြားဖြတ်ပြော၏။ “ရှင်တို့သွားလိုက်ပါလား။ ကျွန်မ ၀န်ပိုမဖြစ်ရအောင် ဒီမှာပဲ စောင့်နေမယ်လေ”

“မရဘူး။ မင်းကို ဒီအန္တရာယ်များတဲ့နေရာမှာ တစ်ယောက်တည်း မထားခဲ့နိုင်ဘူး” မိုအားဝူက ခေါင်းခါရမ်း၍ ပြောသည်။ “သွားကြစို့။ ငါ့အရှေ့က ဦးဆောင်မယ်”

ချင်းချန်ဘုန်းကြီးကျောင်း၏မြောက်ဘက်တစ်နေရာတွင်။

ထန်ရှုမှာ တောအုပ်အတွင်း လျှပ်စီးတမျှ ဖြတ်ပြေးနေ၏။ သို့သော် သူ၏မျက်နှာမှာ တဖြည်းဖြည်း နီရဲလာနေပြီး သူ၏သွေးကြောစိမ်းများက သူ ပို၍ပြေးလေ ထောင်လာလေဖြစ်နေသည်။ သူသည် သူ့ခန္ဓာကိုယ်ထဲရှိ အဆိပ်ကို ဖိနှိပ်နေခဲ့သော်လည်း စိတ်ရှုပ်ဖွယ်ကောင်းစွာနှင့် ‌နဂါး ၁၀၀၀၀ အဆိပ်ထဲတွင် ပြင်းထန်လှသော ကာမဟော်မုန်းတစ်ခု ပါဝင်နေ၏။ သူသည် အဆိပ်ကို ဖိနှိပ်ထားနိုင်သော်လည်း ထို ကာမဟော်မုန်းအား သူ့ခန္ဓာကိုယ်ထဲမှ ထုတ်ပစ်နိုင်သည့်နည်းလမ်းမရှိချေ။

မြွေများသည် သဘာ၀သည် ကာမဆက်ဆံမှုကို ပြင်းစွာ တောင့်တတတ်ကြ၏။

‌မြွေ၏ခန္ဓာကိုယ်မှ ထု‌တ်ယူ‌ထားသော ကာမဟော်မုန်းတစ်ခုတည်းသာဆိုလျှင် သူ မကြောက်ပေ။ သို့သော် ‌မြွေ၏ခန္ဓာကိုယ်အတွင်းမှ ထုတ်၍ သန့်စင်ထားသော ကာမဟော်မုန်းသည် သူ၏ကျင့်ကြံခြင်းအဆင့်နှင့် ပေါင်းစည်းသွားသည့်အခါ ရူးတော့မည့်အလား ခံစားနေရ၏။ သို့ထိတိုင် စိတ်ရှုပ်ဖွယ်ကောင်းစွာနှင့် တာအိုအဆိပ်သခင်သည် သူ့အား လိုက်လံဖမ်းဆီးနေ၏။

သူသည် အဆိပ်ခတ်၍ အလစ်မတိုက်ခံရခင်က တာအိုအဆိပ်သခင်အား အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိခဲ့၏။ သို့သော် ယခုတွင် သူ့မှာ အဆိပ်မိထားသည်သာမက အတွင်းအင်္ဂါများကလည်း ကမောက်ကမဖြစ်နေလေရာ ထွက်ပြေးရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ချေ။

ယခုအချိန်တွင်  တာအိုအဆိပ်သခင်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ပါက အနိုင်ရနိုင်မည့်အခွင့်အရေးမှာ မရှိသလောပင်။ အနိုင်ရခဲ့ပါလည်း ကြီးမားသော အဖိုးအခ ပေးဆပ်ရလိမ့်မည်။

‘ဒီရန်ကြွေးကို မမေ့စေရဘူး'

ထန်ရှုက အံတင်းတင်းကြိတ်၍ အရှိန်တင်လိုက်ပြန်သည်။ သို့သော် သူ့အမြန်နှုန်းတိုးလာလေလေ သူ့ခန္ဓာကိုယ်ထဲရှိ ကာမဟော်မုန်းက ပေါက်ကွဲ‌လာလေလေပင်။ ချင်းချန်ဘုန်းကြီးကျောင်းမှ ၁၀၀ ကီလိုမီတာခန့်အထိ ပြေးလာပြီး သူက ရုတ်တရက် လမ်းကြောင်းပြောင်းလိုက်၏။

သူ့မှာ အသိစိတ်ကပ်အောင် မနည်းကြိုးစားနေရပြီး ယခုအခြေအနေနှင့် ချင်းချန်တောင်မှ ထွက်သွားရန်မသင့်တော်ကြောင်း သဘောပေါက်လိုက်၏။ အပြင်လောက၌ မဆင်မခြင် တစ်ခုခု ကျူးလွ‌န်ခဲ့မိပါက သူနောင်ရမိလိမ့်မည်။ ထို့ကြောင့် ချန်းချန်ဘုန်းကြီးကျောင်းရှိရာသို့ ပြန်လှည့်ရန် ဆုံးဖြတ်လိုက်၏။

‘တော်တော်ဆိုးတာပဲကွာ’

ထန်ရှုမှာ ကာမအားတိုးအဆိပ်ကို ‌တောင့်ခံနရပြီး အသိစိတ်ကပ်လိုက်၊ မကပ်လိုက် ဖြစ်နေသည့်အချိန်တွင် ရုတ်တရက် ‌အားကောင်းသောအရှိန်အဝါတစ်ခုကို အာရုံခံလိုက်မိ၏။

“မြန်မြန်ရှာမှ”

ထန်ရှုက ချုံပုတ်များအတွင်း ပြေး၀င်၍ သူ၏အရှိန်အဝါကို ဖုံးအုပ်လိုက်သည်။ သူကလက်များက ကိုယ်ပျောက်မန္တန်တစ်ခုကို အသက်သွင်းလိုက်၏။

“ခွေးကောင်လေး ဖမ်းမိလို့ကတော့ မင်းရဲ့သိုင်းကွက်တွေကို ယူပစ်မယ်ကွ” တာအိုအဆိပ်သခင်က ဆဲဆိုရင်း တောအုပ်ထဲတွင် လျှပ်စီးတမျှ ပြေးလွှားနေချေသည်။ စောစောက သူနှင့် ထန်ရှုကြားရှိအကွာအဝေးမှာ ‌မီတာ ၁၀၀ ပင်မပြည့်ခဲ့ချေ။ ထိုသို့ နီးကပ်နေသည့်တိုင် သူက ဖမ်းမရသဖြင့် ပွစိပွစိ ပြောကာ မြောက်ဘက်သို့ ဆက်လက်ထွက်ခွာသွားတော့သည်။

မိနစ်၀က်ခန့်ကြာသော် ထန်ရှုက ကိုယ်ပျောက်မန္တန်ကို ရုပ်သိမ်း၍ ချုံပုတ်အတွင်းမှ တိတ်တဆိတ် ခုန်ထွက်လိုက်၏။ တာအိုအဆိပ်သခင်၏အရှိန်အဝါကို အာရုံမခံခဲ့မိလျှင် မြောက်အရပ်သို့ ပြေးနေခဲ့မည်မဟုတ်ချေ။ မိုအားဝူတို့အဖွဲ့က ချင်းချန်ဘုန်းကြီးကျောင်းထဲတွင် ဖြစ်ပြီး ကျန်းရှင်းယွဲ့နှင့် ရွှဲ့ရှတို့က ဘုန်းကြီးကျောင်း၏တောင်ဘက်တွင် ရှိကြောင်း သူကောင်း‌ကောင်းသိပေသည်။

ထိုအဘိုးကြီးသာ သူ့ကို ဖမ်းမမိခဲ့လျှင် သူတို့အား သတ်ပစ်မည်စိုးခဲ့၏။ သို့သော် ယခုတွင် စိုးရိမ်စရာမလိုတော့ချေ။ သူတို့ထံပြန်၍ ချင်းချန်တောင်မှ အမြန်ဆုံး ထွက်ခွာသွားရလိမ့်မည်။ သူထိုနေရာသို့ ရောက်သည်နှင့် မိုအားဝူက အမိန့်ပင်‌ပေးစရာမလိုဘဲ သူ့ကို ခေါ်ထုတ်သွားပေးလိမ့်မည်။

“ငါ့မှာ နေရာပြောင်းခရစ်စတယ် မရှိတာနှမြောစရာပဲ။ မဟုတ်ရင် မိုအားဝူကို နေရာကို ရှာဖို့ ပိုလွယ်မှာ”

ထန်ရှုမှာ နောင်တရစွာ ရေရွတ်လိုက်ပြီး အရှိန်တင်လိုက်၏။

“ဟမ်”

ထန်ရှုမှာ တောင့်ခံနိုင်သည့်အတိုင်းအတာကို ကျော်လွန်သွားပြီး အသိစိတ်ပျောက်တော့မည့်အချိန် ရုတ်တရက် အရှေ့မှ ရင်းနှီးသော အရှိန်အဝါများကို ခံစားလိုက်ရ၏။ သူ့မှာ ပျော်ရွှင်သွားပြီး ထိုနေရာသို့ ချက်ချင်း ပြေးထွက်သွားတော့သည်။

“သူဌေး”

မိုအားဝူနှင့် ကျန်လူများမှာ ထန်ရှုကို တွေ့လိုက်ရ၍ ၀မ်းသာသွားသော်လည်း ထန်ရှု၏အသားအရောင်နှင့် နှုတ်ခမ်းထောင့်ရှိ သွေးများကို မြင်လိုက်ရသောအခါ ချက်ချင်း မျက်နှာပျက်သွားကြ၏။

“ငါ့ကို ဒီနေရာက ခေါ်ထုတ်သွားပေးကြ။ ဝေးလေ ကောင်းလေပဲ”

ထန်ရှု၏အမြင်အာရုံမှ ဝေဝေါးနေလေပြီ။ သူက စိုးရိမ်ပူပန်နေသော မိုအားဝူတို့ကို အမိန့်ပေးပြီးလျှင်ချင်း သတိမေ့သွားတော့သည်။

“အားဝူ သူဌေး ဘာဖြစ်တာလဲ” ကျင်းရှီက ထန်ရှုအနားရောက်လာပြီး စိုးရိမ်ကြောင့်ကြစွာ မေးလိုက်သည်။

မိုအားဝူက ထန်ရှု၏နှလုံးခုန်နှုန်းကို စမ်းကြည့်ပြီး လေးလံစွာ ပြော၏။ “သူဌေးမှာ အတွင်းဒဏ်ရာတွေ ရထားတယ်။ သူ့ကို ပြန်ကု‌သပေးဖို့ ဘေးကင်းတဲ့နေရာတစ်ခုကို အမြန်ဆုံးရှာရမယ်။ ငါတို့တောင်ဘက်သို့ ပျံသွားကြမယ်။ ဒါပေမဲ့ သတိမထားမိအောင် ဂရုစိုက်ကြ။ ပြီးတော့ ရွှဲ့ရှ မင်းက ကျန်းရှင်းယွဲ့ကို ခေါ်လာခဲ့”

“အမိန့်အတိုင်းပါ”

ကျန်လူများက သူ၏ဓားပျံများအား ထိန်းချုပ်၍ တောင်ဘက်သို့ ပျံသန်းသွားကြသည်။

ရွှဲ့ရှ၏ဆွဲခေါ်ခြင်းကို ခံလိုက်ရသော ကျန်းရှင်းယွဲ့မှာ တခဏ မူး‌ဝေသွားပြီး သူမနားထဲမှ တဝီဝီ လေတိုးသံများကို ကြားလိုက်ရ၏။ ပြင်းလှသော လေအရှိန်ကြောင့် သူမမှာ မျက်လုံးများပင် မဖွင့်နိုင်ချေ။ သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် သူမအရှေ့ရှိ မြင်ကွင်းကြောင့် တုန်လှုပ်သွားမိ၏။

‘ဘုရားရေ ငါအခု ...ပျံနေတာလား'

‘မဟုတ်ဘူး မဟုတ်ဘူး။ ရွှဲ့ရှက ငါ့ကို ခေါ်ပြီး ပျံနေတာ'

သူမသည် နတ်ဆိုးများ၊ မိစ္ဆာများနှင့် အင်မော်တယ်များကိုမယုံကြည်သည့် ဘာသာမဲ့တစ်ဦးဖြစ်၏။ သို့သော် ယခုတွင် သူမကိုယ်သူမ ဆွဲဆိတ်လိုက်ရာ အိပ်မက်မက်နေခြင်းမဟုတ်ကြောင်း သိလိုက်ရ၏။ သူမကို ခေါ်၍ ထိုလူများမှာ အမှန်တကယ် ပျံသန်းနေကြခြင်းပင်။

‘သူ...သူတို့က ဘယ်သူတွေလဲ...ဘယ်လိုလုပ်..’

၁၀ မိနစ်ကြာပြီးနောက် သူတို့သည် ချင်းချန်ဘုန်းကြီးကျောင်း၏အပျက်အစီးများနှင့် မီးပင်လယ်ကို ဖြတ်၍ ပျံသန်းသွားကြသည်။ မိုအားဝူမှာ ရုတ်တရက် ခါးကိုင်ခံလိုက်ရသဖြင့် ငုံ့ကြည့်လိုက်၏။ ထန်ရှု၏လက်များက သူ၏ခန္ဓာကိုယ်ကို ပွတ်သပ်နေကြောင်း တွေ့လိုက်ရသဖြင့် သူ့မှာ ငိုရခက်၊ ရယ်ရခက်နှင့် ကြောင်အသွားလေသည်။

“တစ်ခုခု မှားနေပြီ”

သို့သော် သူ့မျက်နှာ ပျက်သွားသည်။ ထန်ရှုခန္ဓာကိုယ် ခြစ်ခြစ်တောက် ပူနေသည်မှလွဲ၍ မည်သည့်ထူးခြားမှုမျိုးကိုမှ မတွေ့ခဲ့ရချေ။ ယခုတွင် သူ့သူဌေးသည် တစ်စုံတစ်ခု၏လွှမ်းမိုးမှုကြောင့် သတိလွတ်သွားခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်၏။ သူ၏ခန္ဓာကိုယ်အတွင်းရှိ တစ်စုံတစ်ခုက ပွင့်အန်ချင်နေသည့်အလားပင်။

ကျန်းရှင်းယွဲ့ကို ခေါ်လာသော ရွှဲ့ရှက မိုးအားဝူအနား ပျံသန်းလာပြီး မေးလိုက်သည်။ “ဘာဖြစ်တာလဲ”

“ငါထင်တာမှန်မယ်ဆိုရင် ‌သူဌေးက ကာမအားတိုးအဆိပ် မိလာတယ်ဖြစ်မယ်”

မိုအားဝူ အလျင်အမြန် ပြောသည်။

“ဘာ”

ရွှဲ့ရှ၏မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွား၏။ သူ့သူဌေး၏မြင့်မားသော ကျင့်ကြံအ‌ဆင့်ကြောင့် သာမန်ကာမအားတိုးအဆိပ်များက မသက်ရောက်နိုင်ကြောင်း သူကောင်းကောင်းသိ၏။ သို့သော် ပြင်းထန်လှသော အဆိပ်ဆိုလျှင်တော့ အချိန်မီမဖယ်ရှားနိုင်လျှင် အသက်အန္တရာယ်ပင် ရှိနိုင်ပေသည်။

မိုအားဝူစကားကို ‌‌ကြားသော ကျန်းရှင်းယွဲ့မှာလည် အလားတူ တုန်လှုပ်သွားချေသည်။ သူမ၏အမျိုးသမီးလုပ်ကိုင်ဖော်ဖက်တစ်ယောက် ထိုအဆိပ်မိခဲ့ခြင်းကို သူမ မြင်ဖူးခဲ့၏။ သူမမှာ အသိစိတ်မရှိဘဲ ရှက်ကြောက်ရွံရှာဖွယ်ကိစ္စများကို လုပ်ခဲ့မိပြီး များစွာ စိတ်ဝေဒနာ ခံစားခဲ့ရရှာ၏။

ရွှဲ့ရှက မျက်မှောင်ကြုတ်၍ ကျယ်လောင်စွာ မေးလိုက်သည်။ “သေချာရဲ့လား။ သူဌေးက အဲ့ဒီအဆိပ်မိနေတာ ဟုတ်လို့လား အားဝူ”

“မမှားနိုင်ဘူး” မိုအားဝူက ပြတ်သားစွာ ပြောသည်။ “သူ့ခန္ဓာကိုယ်က ပူကျစ်နေပြီးတော့ သူတောင်မသိဘဲ ငါ့ခန္ဓာကိုယ်ကို ပွတ်သပ်နေတာ။ ငါတို့ အမြန် အဖြေရှာမှဖြစ်မယ်”

“ချင်းလင်စီရင်စုဆီ မြန်မြန်သွားကြစို့” ရွှဲ့ရှက အလောတကြီး ပြောသည်။ “မိန်းမတွေရှိတဲ့နေရာတစ်ခုရှာပြီး သူဌေးရဲ့ပြဿနာကို မြန်မြန်ဖြေရှင်းမှဖြစ်မယ်....”

***

All Chapters