← Chapters

အပျိုစင်ဘဝကို စွန့်လွှတ်လိုက်ခြင်း

Vol. 61 Ch. 854

အပျိုစင်ဘဝကို စွန့်လွှတ်လိုက်ခြင်း

Vol. 61 Ch. 854

“မဖြစ်ဘူး” မိုအားဝူက လေးနက်သောအသံနေအသံထားဖြင့် ရွှဲ့ရှကို စကားဖြတ်ပြောသညာ်။ “သူဌေးက ယောက်ျားမိန်းမကြားက ဒီလိုပေါ့တိပေါ့ပျက်ဆက်ဆံရေးတွေကို မုန်းတာ မင်းသိသားပဲ။ သူ့မိန်းမတွေကလွဲပြီး ... တခြားမိန်းမတွေကို ဘယ်တော့မှ မထိခဲ့ဖူးဘူးလေ”

“ဒါပေမဲ့ ငါတို့ အခုဘယ်မှာလဲကြည့်ဦးလေ” ရွှဲ့ရှက ဒေါသတကြီး အော်သည်။ “သူ့ကိုတောင် အသိစိတ်လွတ်စေနိုင်တဲ့ ကာမအားတိုးဆေးက နယ်နယ်ရရ မဟုတ်ဘူးကွ။ နည်းနည်းလေးနောက်ကျသွားရင် သူ့ကိုဖျက်စီးပစ်နိုင်သလို၊ သတ်တောင် သတ်ပစ်နိုင်တယ်”

မိုအားဝူ တိတ်ဆိတ်သွားသည်။ သူဌေး၏အသက်နှင့် ပတ်သက်လာလျှင် မည်သည့်ဘောင်ကို ကျော်ရကျော်ရ သူ မကြောက်ပေ။ နောက်ပိုင်း ဤအ‌ကြောင်း သူဌေးသိသွားပါက သူတို့ကို အပြစ်တင်မည်မဟုတ်ဟုလည်း သူ ယုံသည်။

ရွှဲ့ရှဘေး၌ ထိုင်နေသော ကျန်းရှင်းယွဲ့မှာ တုန်လှုပ်နေသည်။ မိုအားဝူနှင့် ရွှဲ့ရှတို့၏ စကားအသွားအလာအရ ထန်ရှု အသက်အန္တရာယ်စိုးရိမ်ရကြောင်း သူမပြောနိုင်သည်။ သူမအား စိတ်နှလုံးလှုပ်ခတ်သွားစေသည်က သူမ သူတို့ဘေးတွင် ထိုင်နေသည့်တိုင် ထန်ရှုအား ကူညီခိုင်းဖို့ သူတို့တွင် အစီအစဉ်ပင် မရှိခြင်းပင်။

‘ငါ ဘာလုပ်သင့်လဲ’

‘ထန်ရှု အဆိပ်သင့်ပြီး သေသွားမှာကို ဘာမှမလုပ်ဘဲ ကြည့်နေရမလား၊ ဒါမှမဟုတ် သူ့ကို ကယ်ဖို့ ငါ့ကိုယ်ငါ စတေးလိုက်ရမလား’

‘ငါ သူ့ကို တကယ်ကယ်လိုက်ရင် နှစ်ပေါင်းနှစ်ဆယ်တိုင် စောင့်ထိန်းလာခဲ့ရတဲ့ ငါ့ရဲ့အပျိုစင်ဘဝ... .ဒါပေမဲ့လည်း...’

ကျန်းရှင်းယွဲ့၏အမူအရာသည် ဆက်တိုက်ပြောင်းလဲနေ၏။ လေပြင်းကြောင့် မျက်လုံးများဖွင့်မရသော်လည်း မိုအာဝူ၏ခန္ဓာကိုယ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် နီမြန်းနေသော ထန်ရှု၏မျက်နှာကို မြင်ရသေးလေသည်။

‘ငါ သူ့ကို ကယ်မယ်။ သူက ငါ့ဘဝကို ကယ်ခဲ့တာပဲမဟုတ်လား’

ကျန်းရှင်းယွဲ့သည် စိတ်ပိုင်းဖြတ်၍ အသံကျယ်ကျယ်ဖြင့် ကြားဖြတ်ပြောလိုက်သည်။ “နေရာတစ်နေရာ ရှာရအောင်။ ကျွန်မ သူ့ကို ကယ်မယ်”

“မင်းက”

သူမစကားကို ကြားသည့်အခါ ရွှဲ့ရှနှင့် မိုအားဝူတို့နှစ်ယောက်လုံး မယုံကြည်နိုင်စွာ လွှတ်ခနဲ ပြောလိုက်မိကြသည်။ ထို့နောက် မိုအားဝူသည် အားတင်းပြုံးကာ ပြော၏။ “မစ္စကျန်း၊ ခင်ဗျားက ကျန်းရှင်းယာရဲ့ ညီမလေ။ လောလောဆယ်မှာ သူဌေးက ကျန်းရှင်းယာဆီကနေ ပုန်းနေချင်တာ။ မင်း သူ့ကို ကယ်မယ်ဆိုရင် ဒီဆက်ဆံရေးက...”

“ကျွန်မ သူ့အပေါ် ခံစားချက်ရှိနေတာမဟုတ်ဘူး။ အသက်ကို သူ့ကို ကယ်ပေးမှာ ဟုတ်ပြီလား” ကျန်းရှင်းယွဲ့က ပြောသည်။ “ဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်ကြည့်မနေရက်လို့။ ပြီးတော့ နောင်ဘာဖြစ်မလဲဆိုတာ နောက်မှစဉ်းစားလို့ရတယ်။ ဒါပေမယ့် သူ့ကို မကယ်ချင်ရင်လည်း ကျွန်မစကားကို မကြားဖူးလို့သာ မှတ်လိုက်”

မိုအားဝူနှင့် ရွှဲ့ရှက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် ရွှဲ့ရှက လေးနက်စွာ ဆိုသည်။ “ဟိုတုန်းက တောင်ကျချောင်းနားမှာ ဂူတစ်ဂူတွေ့ခဲ့တာ မှတ်မိသေးလား။ အဲဒီကို အခုချက်ချင်း သွားကြစို့”

ဝှစ် ဝှစ် ဝှစ်

လူရိပ်များသည် လျှပ်စီးလို လျင်မြန်စွာ ရွေ့လျားသွားကြပြီး တောင်ကျချောင်းများအနားတွင် ပေါ်လာကြ၏။ ထိုလူရိပ်များက မှောင်မည်းမည်းဂူတစ်လုံးထဲ ဝင်လိုက်ရာ အထဲတွင် အနားယူနေသော တောဝက်တစ်ကောင်မှာ ထိတ်လန့်သွားသည်။ ၎င်းအော်လိုက်သောအခိုက်အတန့်တွင် ဓားရှည်တစ်လက်က ၎င်း၏လည်ပင်းကို ပိုင်း၍ သတ်ပစ်လိုက်လေသည်။

ဂူသည် မီတာအနည်းငယ်ရှည်လျားပြီး နှစ်မီတာခန့်မြင့်မားရာ လူအယောက်နှစ်ဆယ်မျှ ဆန့်၏။ အကုန်လုံး အထဲဝင်ပြီးနောက် မိုအားဝူသည် ထန်ရှုလက်များကို ဖယ်၍ ကျန်းရှင်းယွဲ့ဆီ ပေးကာ ပြောသည်။ “မစ္စကျန်း ဒီကိစ္စအတွက် ကျုပ် ဘယ်လိုကျေးဇူးတင်ရမှန်း မသိပေမယ့် ကျုပ်တို့ သူဌေးကို ကယ်ပေးနိုင်သရွေ့ ကျုပ်တို့ရဲ့ ကျေးဇူးရှင် အမြဲဖြစ်ပါလိမ့်မယ်”

ကျန်းရှင်းယွဲ့သည် မျက်နှာလေးနီမြန်းနေပြီး ထန်ရှုကို ဖက်လိုက်သည်။ သူမက စကားတစ်ခွန်းကို ခက်ခက်ခဲခဲ ‌ပြောလိုက်လေသည်။ “ရှင်တို့အားလုံး .. ထွက်သွားပေးပါ”

“ဒါဆို ကျုပ်တို့ အပြင်ကနေ စောင့်နေမယ်” မိုအားဝူက ခေါင်းညိတ်ကာ ပြောသည်။ “အဲဒီအစွမ်းထက်ရန်သူ ဒီနေရာကို ရှာတွေ့မလားမပြောနိုင်ပေမယ့် ရှာတွေ့ရင်တောင်မှ ကျုပ်တို့ သူ့ကို တားပေးပါ့မယ်လို့ အာမခံပါတယ်”

ထို့နောက် နှစ်ယောက်သား ဂူအပြင်သို့ ခပ်သုတ်သုတ်ထွက်လာပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် မီတာအနည်းငယ်အကွာရှိ ကျောက်တုံးများအနောက်တွင် နေရာယူလိုက်ကြသည်။ သတိတကြီး စောင့်ကြည့်နေစဉ် သူတို့မှာ သူဌေးနိုးလာပါက မည်သို့ရှင်းပြမလဲတွေးရင်း ဦးနှောက်ခြောက်နေကြလေသည်။

ဂူထဲတွင်

မှောင်မည်းနေသောဂူထဲ၌ အလင်းရောင်ရစေရန် မီတာဝက်ခန့်မြင့်မားသော နံရံထဲ ထည့်ထားသော ဓာတ်မီးနှစ်လက်ရှိသည်။ ထန်ရှုကို ဖက်ထားရင်း ကျန်းရှင်းယွဲ့မှာ ထန်ရှု့လက်များ သူမခန္ဓာကိုယ်ကို ပွတ်သပ်နေကြောင်း ခံစားနေရသဖြင့် လှပသောသူမမျက်နှာလေးအား နေဝင်ဆည်းဆာသဖွယ် ရဲတောက်လာစေသည်။

ဤလူကို သူမ အမှန်တကယ် မချစ်သေးပေ။ ကျောင်းသူဘဝတုန်းက ကောင်လေးနှစ်‌ယောက်တော့ ထားခဲ့ဖူးသည်။ နောက်ပိုင်း အသည်းအခွဲခံခဲ့ရသော မိန်းကလေးများစွာနှင့် ဆုံတွေ့မှုကြောင့်သော်လည်းကောင်း၊ သူမအစ်မ၏ နာမည်ကြီးလာမှုကြောင့်သော်လည်းကောင်း ရည်စားထပ်မထားခဲ့ဖူးပေ။ အရိုးသားဆုံးဝန်ခံရလျှင် ယောက်ျားတစ်ယောက်ကိုမှ သူမ မနမ်းခဲ့ဖူးသေး။

‘ငါ ဘာလုပ်ပေးရမှာလဲ’

ကျန်းရှင်းယွဲ့မှာ ရှက်ရွံ့မှုကြောင့် တုန်ရီနေပြီး တွန့်ဆုတ်နေသည်။ သူမဒွိဟဖြစ်နေချိန်မှာပင် သူမရင်ဘတ်ပေါ်ရှိ အဝတ်စများ ဖြဲခံလိုက်ရ၍ နို့နှစ်ရောင်အသားဖြူဖြူလေး ပေါ်လာတော့သည်....

‘မသိတော့ဘူးဟာ...’

ကျန်းရှင်းယွဲ့သည် အသိစိတ်ကပ်မနေသော ထန်ရှု၏လှုပ်ရှားမှုများအတိုင်း အလိုက်သင့်စီးမျောပေးလိုက်၏။

ဂူ၏အပြင်

မိုအားဝူသည် ဂူဝမှ မီတာဆယ်ဂဏန်းမျှအကွာဝင် ရွှဲ့ရှနှင့်အတူ ရပ်နေသည်။ သူတို့၏သိမ်းငှက်မျက်လုံးများက ပတ်ဝန်းကျင်ကို ဒေါက်ထောက်ကြည့်နေ၏။

“အ....”

နာကျင်စွာ အော်လိုက်သောအသံတစ်သံ ဂူထဲမှ ထွက်လာသည်။

မိုအားဝူနှင့် ရွှဲ့ရှမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း အားတင်းပြုံးလိုက်ကြသည်။ ကျန်းရှင်းယွဲ့၏အော်သံက ဘာကိုကိုယ်စားပြုမှန်း သူတို့ ကောင်းစွာသိလေသည်။ ဤအခိုက်အတန့်မှစ၍ ကျန်းရှင်းယွဲ့၏ အပျိုစင်ဘဝသည် သူတို့သူဌေး၏လက်ထဲ ရောက်သွားပြီဖြစ်၏။ နောင်တစ်ချိန် သူတို့သူဌေးကို စိုးမိုးနေသည့် ဤအကြွေးနှင့်ပတ်သက်၍ သူဌေး သူတို့အား သင်ခန်းစာမပေးပါစေနှင့်ဟုသာ သူတို့မျှော်လင့်နိုင်တော့သည်။

“မင်းသိလား ငါတော့ သူဌေးကို နည်းနည်းတောင် သနားမိတယ်” မိုအားဝူက သက်ပြင်းချကာ တိုးတိုးပြောသည်။

“မပြောတတ်တော့ပါဘူးကွာ တကယ်ပါပဲ” ရွှဲ့ရှက နားထင်ကို ပွတ်ပြီး ကူကယ်ရာမဲ့စွာ ပြန်ဖြေသည်။ “ကျန်းရှင်းယွဲ့ကလည်း လက်ဖျားခါလောက်အောင် လှပေမယ့် သူဌေးကို ချစ်တာက သူ့အစ်မဖြစ်နေတယ်။ သူဌေးက သူ့အစ်မကို လက်မခံခဲ့ပေမယ့် အခု ညီမဖြစ်သူနဲ့...... သူ ကျန်းရှင်းယာကို ဘယ်လိုမျက်နှာချင်းဆိုင်ရတော့မလဲ...”

“ယောက်ျားမိန်းမကြားက ငါတို့ ဝင်မပါဘဲ နေကြရအောင်” မိုအားဝူက ခေါင်းခါရမ်းကာ ခါးသီးစွာ ပြုံးသည်။ “ဒီမတော်တဆမှုကြောင့် သူဌေး ငါတို့ကို အပြစ်ပေးရင် သူ့အသက်ကယ်ဖို့ ဆုံးဖြတ်ချက်ချရတာပါလို့ ပြောလို့ရတယ်”

“မပူနဲ့ ငါတို့လည်း အရူးမှမဟုတ်တာ ငါ့ကောင်ကလည်း”

ရွှဲ့ရှသည် စီးကရက်တစ်လိပ်ကို အမှတ်တမဲ့ ထုတ်လိုက်သော်လည်း အခြေအနေအရ ဆေးလိပ်သောက်ဖို့ မသင့်တော်မှန်း ခံစားလိုက်ရသဖြင့် စီးကရက်ကို ချိုး၍ ခြေထောက်ဖြင့် နင်းလိုက်လေသည်။

ဂူထဲတွင်

စစချင်း ကျန်းရှင်းယွဲ့မှာ နာကျင်နေသော်လည်း တဖြည်းဖြည်း နာကျင်မှုနှင့်သာယာမှုအကြားတွင် မိန်းမောလာသည်။ သို့သော် ထန်ရှုက ထိန်းမနိုင်သိမ်းမရဖြစ်နေသဖြင့် သူမမှာ အလွန်ကြောက်နေလေသည်။ လှိုင်းလုံးများကို နှစ်နာရီနီးပါး ဆက်တိုက်တောင့်ခံထားခဲ့သော်လည်း ထန်ရှုက ရွက်လွှင့်နေသည်ကို ရပ်မည့်ပုံမပေါ်။

သူမမှာ သူ့ကို တွန်းချင်သော်လည်း အားမရှိပေ။ ထန်ရှုနား,နားကပ်၍ အော်ပင်အော်ကြည့်သော်လည်း အလုပ်မဖြစ်။

မည်သို့ဆိုစေ အထွတ်အထိပ်ရောက်သွားသော အရသာက သူမကို စွဲမက်လာစေသည်။ ယခုလိုကိစ္စတွင် ပထမဆုံးသာမဟုတ်ပါက ထာဝရပင် ကြာစေဖို့ သူမ ဆုတောင်းမိလိမ့်မည်။

အ အ အားးးး....

ထန်ရှုထံမှ ညည်းသံနှင့်အတူ သူ၏ခန္ဓာကိုယ်သည် လှုပ်ရှားနေခြင်း ရပ်တန့်ကာ တုန်ရီသွား၏။

ချက်ချင်းဆိုသလို ဂူမှာ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ဤသို့ဖြင့် နေ့လည်ခင်းသို့ ရောက်လာသည်။

နောက်ဆုံးတော့ ထန်ရှုတစ်ယောက် နုံးချည့်စွာ နိုးလာ၏။ သူ မျက်လုံးဖွင့်ဖွင့်ချင်း သူ၏အမြင်ကို အပြင်သို့ ဖြန့်ကျက်လိုက်သော်လည်း အိပ်ချင်ပြေသွားသောအခါ သူ့ဘေးတွင် အမျိုးသမီးတစ်ဦး၏ ဖြူဆွတ်နေသောပခုံးကို မြင်လိုက်ရသဖြင့် သူ၏ခပ်ချောချောမျက်နှာမှာ တောင့်တင်းသွားလေသည်။ သူ့မှာ သူ၏စိတ်အာရုံကိုပင် ပြန်ရုတ်လိုက်မိ၏။

‘မြတ်စွာဘုရား ၊ ငါ ဘာလုပ်ခဲ့မိတာလဲ’

အနည်းငယ် နာကျင်နေသာ မျက်နှာလေးဖြင့် သူ့ဘေးတွင် အိပ်နေသော ကျန်းရှင်းယွဲ့ကို တွေ့လိုက်ရသောကြောင့် ထန်ရှုမှာ အသက်ရှူမြန်လာတော့သည်။ သူမက အဝတ်များ၀တ်ထားသေးသော်လည်း အချို့နေရာများတွင် ပေါက်ပြဲနေ၏။

အပ်ကျသံပင် မကြားရ‌အောင် တိတ်ဆိတ်သွားချေသည်။ ထန်ရှုက သူ့သိုလှောင်လက်စွပ်အတွင်းမှ စောင်ပါးတစ်ထည်ကို အသာအယာထုတ်၍ ကျန်းရှင်းယွဲ့အား ခြုံပေးလိုက်သည်။ သူ့ခါးပေါ်ရှိ သူမ၏ခြေထောက်ဖြူဖြူဖွေးဖွေးလေးများကိုလည်း ဖယ်ကာ လက်စွပ်အတွင်းမှ စောင်များနှင့် ၀တ်စုံနှစ်စုံ ထုတ်လိုက်ပြန်သည်။ တစ်စုံကို ကျန်းရှင်းယွဲ့ဘေး၌ ထား၍ နောက်တစ်စုံကိုတော့ သူ ၀တ်လိုက်သည်။ ထို့နောက် သူက ရိပ်ခနဲ ပျောက်ကွယ်သွား၏။

သူ ဂူမှ ထွက်သွားသည့်အချိန်တွင် ကျန်းရှင်းယွဲ့၏မျက်၀န်းလေးများမှ စီးကျနေသည့် မျက်ရည်စလေးများကို မမြင်လိုက်ချေ။

ဝှစ် ဝှစ် ဝှစ်။

မိုအားဝူ၊ ကျင်းရှီ၊ ရွဲ့ရှနှင့် ဟိုက်ရှန်းတိုက အဝေးတစ်နေရာမှ ရောက်လာပြီး ထန်ရှုအရှေတွင် ရပ်လိုက်ကြသည်။ မိုအားဝူက စိတ်လှုပ်တရှား မေး၏။ “အဆင်ပြေရဲ့လား သူဌေး”

ထန်ရှု၏မျက်နှာအမူအရာကား မှုန်သုန်နေချေသည်။ သူက ဘေးဘီဝဲယာကို ‌ငေးမောကြည့်ရင်း စိတ်လေးပင်စွာ မေးလိုက်သည်။ “မင်းတို့ထဲက ဘယ်သူက ကျန်းရှင်းယွဲ့ကို အကူအညီတောင်းလိုက်တာလဲ”

သူတို့လေးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မိုအားဝူက ‌ခြောက်ကပ်ကပ်ပြုံး၍ ဖြေ၏။ “မနေ့ညတုန်းက အဆိပ်က သူဌေးရဲ့ခန္ဓာကိုယ်အတွင်းထဲထိ ဝင်ရောက်သွားခဲ့ပါတယ်။ ကာမအဆိပ်ကိုသာ အချိန်မီမဖြေနိုင်ခဲ့ရင် သူဌေးအသက်အန္တရာယ်ကျမှာ စိုးရိမ်လို့ပါ”

“ခွေးကောင်” ထန်ရှုက ဒေါသတကြီး အော်သည်။ “မင်း ငါနဲ့ ကျန်းရှင်းယာရဲ့ အခြေအနေကို မသိဘူးလား။ ကျန်းရှင်းယွဲ့က ကျန်းရှင်းယာရဲ့ညီမဆို‌တာလည်း မင်း သိရက်သားနဲ့ ဒီလိုတွေ ဖြစ်လာတာကို ကြည့်နေခဲ့တယ်ပေါ့။ ငါ အခု ဒီပြဿနာကို ဘယ်လိုရှင်းရတော့မလဲကွ”

မိုအားဝူက ခါးသီးစွာ ပြုံး၍ ပြောသည်။ “ကျွန်တော့်တို့က သူဌေးကို ချင်းလင်စီရင်စုက ဆောင်ကြာမြိုင်တွေဆီ ခေါ်သွားမလို့ လုပ်ခဲ့ပေမယ့်.....မစ္စကျန်း ကိုယ်တိုင်က....သူ ကယ်မယ်ပြောလို့...ကျွန်တော်တို့လည်း...”

ထို၀န်ခံချက်က ထန်ရှုကို ‌ခေါင်းကိုက်သွားစေသဖြင့် သူက နားထင်ကို ပွတ်၍ မိုအားဝူတို့အား စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက အေးစက်စက် နှာမှုတ်၍ ပြော၏။ “ဟက် မင်းတို့ကို ဘယ်လိုအပြစ်ပေးမလဲ စောင့်ကြည့်နေလိုက်”

ထိုသို့ပြောပြီးနောက် သူက ဂူအတွင်းသို့ ပြန်၀င်သွားရာ စောစောကအတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေသော ကျန်းရှင်းယွဲ့ကို တွေ့လိုက်ရ၏။

သူက မိနစ်အနည်းငယ်ကြာ တိတ်တဆိတ် ရပ်နေပြီးနောက် ဂူအ၀င်၀၌ တင်ပျဉ်ခွေထိုင်လိုက်သည်။

ထိုအချိန်တွင် သူ့ကိုယ်ထဲရှိ ကာမအားတိုးအဆိပ်မှာ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း အခြားအဆိပ်အမျိုးအစားများက ရှိနေသေး၏။ ထိုအဆိပ်များသည် သူ့အား ဘေးထွက်‌ဆိုးကျိုးအနည်းငယ်သာ ‌ဖြစ်စေသည့်တိုင် ခန္ဓာကိုယ်အတွင်းမှ အမြန်ဆုံး ဖယ်ရှားပစ်ရမည်ဖြစ်သည်။ ထို့အပြင် အနားယူခဲ့ရခြင်းကြောင့် သူ၏အတွင်းဒဏ်ရာများမှာ အနည်းငယ် သက်သာလာသော်လည်း ပြင်းထန်နေသေး၏။

‌အသက်ပြည့်ဆေးလုံးအား သောက်ပြီးနောက် ထန်ရှုသည် မူလဖရိုဖရဲစွမ်းအားကို အသုံးပြု၍ အဆိပ်များအားလုံးကို ဖယ်ရှားလိုက်သည်။

ပြန်လည်အားဖြည့်ခြင်းနှင့် အသစ်ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်မှာ စတင်တော့သည်။

ထန်ရှုသည် အဆိပ်ဖယ်ရှားခြင်းနှင့် ပြန်လည်ကုသခြင်းတို့တွင် အာရုံ၀င်စားနေလေရာ ဖြည်းဖြည်းချင်းထ၍ ထန်ရှု၏ဂျာကင်နှင့်အင်္ကျီများကို ‌အသာအယာ၀တ်‌နေသည့် ကျန်းရှင်းယွဲ့ကို သတိမထားမိချေ။

သူမ၏ခန္ဓာကိုယ်အောက်ပိုင်းမှာ ကိုက်ခဲနေသဖြင့် သူမသည် မဆင်မခြင်မထရဲချေ။ သူမက ထိုအတိုင်းထိုင်ရင်း ဂူအပြင်မှ ၀င်လာသောအလင်းရောင်၏အကူအညီဖြင့် ထန်ရှု၏ကျောပြင်ကို ငေးကာ အတွေးနက်နေချေသည်။

သူမကိုယ်တိုင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သော်လည်း ယခုတွင် သူမမှာ စိတ်ရှုပ်ထွေးနေ၏။

ဂူအပြင်တွင်။

မိုအားဝူတို့အဖွဲ့က ခေါင်းချင်းဆိုင်နေပြီး ရွှဲ့ရှက သူ၏အတွေးကို ထပ်ခါထပ်ခါ ပြောပြနေ၏။ “ဟျောင့်တွေ ငါတို့ အပြစ်ပေးခံရမှာ သိရက်နဲ့ မစ္စကျန်းအကြံကို လက်ခံခဲ့တာ သူဌေးကို ကယ်ဖို့ပဲ‌လေ။ ပြီးတော့ သူဌေးရဲ့အကျင့်စရိုက်အရ အပြစ်ပေးမယ်ဆိုရင်တောင် သိပ်ပြီးမပြင်းထန်လောက်ပါဘူး”

မိုအားဝူက မေးစေ့ကိုပွတ်၍ တီးတိုးပြောလေသည်။ “ငါတို့ အလုပ်သမားစခန်း ၁၃၁၉ ကနေ ရထားတဲ့ ပိုက်ဆံတွေ ထုတ်သုံးဖို့ပြင်ထားကြ။ ငါထင်တာ‌မှန်ရင် သူဌေးရဲ့အပြစ်က လနည်းနည်းလောက် ကျင့်ကြံခြင်းအရင်းအမြစ်တွေ ဖြတ်တောက်မှာ ဖြစ်နိုင်တယ်”

“ငါတော့ ပြန်ရောက်တာနဲ့ ချန်းကျီကျုံးကို သွားရှာတော့မယ်” ကျင်းရှီက ရုတ်တရက် ၀င်ပြော၏။ “သူက သူဌေးရဲ့တပည့်ဆိုတော့ ငါတို့ သူ့ဆီကနေ အဖိုးတန်ဆေးပင်တွေ အလွယ်တကူ ၀ယ်လို့ရလောက်တယ်”

“ဟုတ်တယ်” ကျန်သုံးယောက်က ခေါင်းညိတ်သည်။

***

All Chapters