← Chapters

သစ်စိမ်းပင်အရုပ်

Vol. 30 Ch. 408

သစ်စိမ်းပင်အရုပ်

Vol. 30 Ch. 408

"ဒါမှမဟုတ် ဟိုးရှေးရှေးတုန်းက ဒီအာကာပြင်ကြီးမှာရှိတဲ့ တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်း အမှန်တကယ် ဘယ်လိုရွေ့လျားနေလဲ ဘယ်လိုအလုပ်လုပ်လဲဆိုတာ နားမလည်းကြတာဖြစ်နိုင်တယ်။ သူတို့အထင်အရတော့ တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းက ကိုယ်ခန္ဓာကို တိုးတက်ပြောင်းလဲစေမယ့် သော့ချက်။ တောင်နဲ့ပင်လယ်တွေကို မှီခိုရှင်သန်ရင်းနဲ့ အစွမ်းထက်သထက်ထက်လာပြီး နောက်ဆုံးကျ ရှင်သန်ခြင်းရဲ့နောက်တစ်ဆင့်ကို တက်သွားမယ်။ သူတို့ရဲ့ဘဝတွေဟာ တောင်နဲ့ပင်လယ်တွေရဲ့ဘဝနဲ့ တစ်သားတည်းပေါင်းစည်းပြီးတော့ အင်မိုတယ်ဆိုတဲ့ မသေမျိုး တွေ ဖြစ်လာကြမယ်

"အဲ့ဒီလိုတွေးကြတဲ့လူတွေက နောက်ပိုင်း အများစုဖြစ်လာကြတယ်။ ဒါပေမဲ့ အဖွဲ့လေးတစ်ဖွဲ့က တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းဟာ ချုပ်နှောင်လို့လည်းရသလို အသိအမှတ်ပြုလို့လည်းရတဲ့ ကောင်းကင်မိစ္ဆာကြီးတွေဆိုပြီး ယုံကြည်ကြတယ်။ အစွမ်းထက်ဖို့ လမ်းစဥ်အဖြစ် ချုပ်နှောင်မလား.... သူတို့ကို အသိအမှတ်ပြုပြီး သူတို့ရဲ့သခင်လုပ်မလား

"အဲ့ဒီလူစုက... အစောပိုင်းမိစ္ဆာချုပ်နှောင်သူတွေပဲ

"ဒီအဖွဲ့နှစ်ဖွဲ့ရဲ့ အတွေးအခေါ် ၊ ဒဿနတွေက ကွဲပြားပြီး အစွမ်းထက်ဖို့ လျှောက်လှမ်းကြတဲ့ လမ်းစဥ်တွေကလည်း မတူကြဘူး။ ဒါပေမဲ့ တခြားစီဖြစ်နေတာတော့မဟုတ်ဘူး" မန်ဟိုသည် ဉာဏ်အလင်းပွင့်သွားသဖြင့် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

မိစ္ဆာချုပ်နှောင်ကျောက်စိမ်းကို ရရှိပြီး ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူ ဖြစ်လာပြီးနောက် မန်ဟို့၏လမ်းကြောင်းမှာ အမြဲ သပွတ်အူလို ရှုပ်ထွေးနေခဲ့ရသည်။ အထူးသဖြင့် မိစ္ဆာချုပ်နှောင်ခြင်းနှင့်ပတ်သက်လျှင်ပင်။ အမှန်တရားလေး တစ်ပိုင်းတစ သိရသည်နှင့်အမျှ ခံစားခဲ့ရသော ပဟေဠိတို့အား နောက်ဆုံးတွင် နားလည်လိုက်ရလေပြီ။

"ငါ ငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာအတွက် အနောက်ပိုင်းသဲကန္တာရကို ရောက်လာခဲ့တာ။ ငါ ဓာတ်တစ်မျိုးစီနဲ့ အရုပ်ငါးရုပ်ကို ဆေးဖော်နည်းနဲ့ပေါင်းစပ်မယ်။ ငါ့ခန္ဓာကိုယ်ကို ဆေးပေါင်းဖိုအဖြစ်၊ အရုပ်တွေကို ဆေးအမယ်အဖြစ် အသုံးပြုမယ်။ ငါ့ရဲ့ပြီးပြည့်စုံတဲ့ အနုသုခုမရုပ်ခန္ဓာကို ဖော်စပ်မယ်

"ဒါက ငါအနောက်ပိုင်းသဲကန္တာရကို ရောက်လာရတဲ့ အဓိကရည်ရွယ်ချက်ပဲ

"ငါ့ဘဝက ထူးခြားဆန်းပြားတဲ့ မိစ္ဆာလမ်းစဥ်ပေါ် မှာ လျှောက်လှမ်းနေခဲ့ပြီ။ ပြောင်းလဲမှုမျိုးစုံရဲ့သဘောတရားဟာ မိစ္ဆာချုပ်နှောင်သူရဲ့လမ်းစဥ်ပဲ။ ဒီလမ်းရဲ့အဆုံးက ကောင်းကင်မိစ္ဆာကြီးတွေနဲ့ အင်မိုတယ်တွေကို ချုပ်နှောင်တာဖြစ်တယ်

"ထိုနည်းတူ ဒါဟာ သက်ရှိသတ္တဝါအားလုံးကို မိစ္ဆာဘဝ ပေးအပ်တဲ့လမ်းစဥ် ... အင်မိုတယ်အဆင့်တက်ခြင်းရရှိဖို့ သေမျိုးတွေကို ချီး မြှင့်တဲ့လမ်းစဥ်ပေပဲ"

မန်ဟို၏စိတ်သည် ဝီခေါ်နေ၏။ သူ၏ကျင့်ကြံခြင်းအခြေခံသည် ဤဉာဏ်အလင်းဖြင့် တဟုန်ထိုး မြင့်တက်လာ တော့သည်။ ၄င်းကား နှောင်းပိုင်းရွှေအမြုတေအဆင့်မှ ရွှေအမြုတေမဟာစက်ဝန်းသို့ ရောက်ရှိသွားလေပြီ။

ယခုတွင် သူသည် အနုသုခုမရုပ်ခန္ဓာအဆင့်နှင့် ပို၍ပင်နီးကပ်သွားပြီဖြစ်၏။ ငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာကြောင့်သာမဟုတ်လျှင် အနုသုခုမရုပ်ခန္ဓာတစ်ခု ဖန်တီးရန် စတင်ခဲ့ပေမည်။ သို့သော် ဤအဆင့်မှာ မရေမတွက်နိုင်သော ကျင့်ကြံသူများ မကျော်ဖြတ်နိုင်ခဲ့သည့်အရာဖြစ်လေသည်။

မန်ဟိုသည် အနုသုခုမရုပ်ခန္ဓာတစ်ခု ဖန်တီးရာ၌ မည်မျှခက်ခဲသည်လဲ မတွေ့ကြုံဖူးသည့်တိုင် ဇီယွင်ဂိုဏ်း၏ ရှေးမှတ်တမ်းများတွင် ဖတ်ခဲ့ဖူးလေသည်။ ကံထူးပြီး တစ်မိပေါက်တစ်ယောက်ထွန်း ပင်ကိုယ်စွမ်းရည်ရှိသူများသာလျှင် ထိုနက်နဲပြီး သန့်စင်သောအဆင့်သို့ ဝင်ရောက်နိုင်ကြောင်း သူသိသည်။

အနုသုခုမရုပ်ခန္ဓာ..... ၄င်းသည် အမြုတေဖြစ်တည်မှုအဆင့်ထက် အဆများစွာ သာလွန်သော အဆင့်တစ်ခုဖြစ်သည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများသည် သာမန်မဟုတ်သော မှော်ပညာရပ်များပိုင်ဆိုင်ကြ၏။ သူတို့၏ကောင်းကင်နှင့်မြေကြီးကို သိမြင်နှံ့စပ်ခြင်းက နတ်ဘုရားစွမ်းရည်များ ရရှိစေသည်။

အထင်ရှားဆုံးဥပမာမှာ သူတို့၏အသေးစားနေရာ ရွှေ့ပြောင်းခြင်းပညာရပ်ပင်။ ဤမှော်ပညာရပ်မှာ နတ်ဘုရားဆန်သည်ဟုပင် ညွှန်းဆိုနိုင်၏။ ၄င်း ကြောင့် နောက်ပြန်ဆုတ်လိုပါက မည်သည့်အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူမဆိုအတွက် ထမင်းစားရေသောက်သလို လွယ်ကူသည်။ တားမြစ်မန္တန်တစ်ခုခုဖြင့် ကန့်သတ်ခံထားရခြင်းမရှိသရွေ့ သူတို့ကို သတ်ဖြတ်ရန်သော်လည်းကောင်း၊ ဝိုင်းရန်သော်လည်း ခက်ခဲမည်သာ။

နောက်ထပ်အရေးပါသော အချက်မှာ အနုသုခုမရုပ်ခန္ဓာအဆင့်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံသူများသည်... ပူးကပ်ခြင်းဆိုသော နတ်ဘုရားစွမ်းရည်တစ်မျိုးကို အလိုအလျောက်အသုံးပြုနိုင်လေသည်။

ခန္ဓာကိုယ်မှာ ဒုတိယသာဖြစ်၍ အနုသုခုမရုပ်ခန္ဓာက ထွက်လာနိုင် လေသည်။ ကျင့်ကြံခြင်းက အနုသုခုမရုပ်ခန္ဓာအပေါ်တွင်သာ အာရုံစိုက်ခြင်းဖြစ်၏။ ခန္ဓာကိုယ် သေဆုံးသွားလျှင် ၄င်းအား စွန့်ပစ်ပြီး နောက်တစ်ကိုယ်အား ပူးကပ်နိုင်သည်။ ဤအခြင်းအရာကြောင့် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်အား ရှုပ်ရှုပ်ယှက်ယှက်သွားလုပ်ခြင်းမှာ ရွှေအမြုတေအဆင့်ဖြင့် တိုက်ခိုက်ရသည်ထက် အများကြီးပိုခက်သည်။ အနုသုခုမရုပ်ခန္ဓာအဆင့်တွင် ကြီးမြတ်သောတာအိုလမ်းစဥ်ပေါ်၌ အသက်ရှင်လျက် နေထိုင်နိုင်မည့်အပေါ် ယုံကြည်ချက်ပိုမိုခိုင်မာလာသည်။

ဤသည်မှာ အနုသုခုမရုပ်ခန္ဓာအဆင့်တွင် သိသာထင်ရှားသော နတ်ဘုရားစွမ်းရည်များကောင်းကွက်တချို့သာရှိသေးသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ရောက်နေသူများသာလျှင် သူတို့မည်မျှအမှန်တကယ် အစွမ်းထက်ကြောင်း နားလည်နိုင်လောက်သည်။

မန်ဟို၏မျက်လုံးများက စူးရှတောက်ပသွားသည်။ သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် ရိပ်ခနဲဖြစ်သွားပြီး တောင်အနောက်ရှိ သူ့ခြံသို့ ဦးတည်သွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းသွားသည်။ သူလေကိုခွင်း၍ ပျံသန်းနေစဥ် နတ်ဘုရားအာရုံစီးကြောင်းများစွာ ထွက်ပေါ်လာ၏။ ၄င်းတို့က မန်ဟို့ဖြစ် ကြောင်းသိသော် ရပ်ပြီး သူထွက်သွားသည်ကိုသာ ကြည့်နေကြသည်။

"ကြည့်ရတာ ဘိုးဘေးကြီးသစ်စိမ်းဆီက ဉာဏ်အလင်းနည်းနည်းပါးပါးရလိုက်လို့ ဖြစ်လာတဲ့ပြောင်းလဲမှုတွေက ငါ့ကို ဒီမှာ အဆင့်အတန်းတော်တော်လေး မြင့်သွားစေပုံပဲ.... " မန်ဟိုသည် နတ်ဘုရားအာရုံစီးကြောင်းများ သူထွက်သွားသည်ကို ကြည့်နေရုံမှအပ ဘာမှမလုပ် ကြောင်း သတိထားမိပြီးနောက် အတော်လေးဆက်စပ်စဥ်းစားနိုင်သွား၏။ သူ့အနေဖြင့် အတပ်မပြောနိုင်သော်လည်း ခန့်မှန်းနိုင်လေသည်။

သူ ခြံဝင်သို့ပြန်ရောက်သော် သူ၏ကမ္ဘာသစ်မိစ္ဆာအုပ်သည် စိတ်လှုပ်ရှားခုန်ပေါက်နေကြ၏။ မောင်မွှေးထူက သူ့ထံပြေးလာပြီး ပျော်ရွှင်စွာအူရင်း သူ့ကိုပတ်၍ပြေးနေလေသည်။ မန်ဟိုက ရယ်ပြီး သူ့ခေါင်းကိုအသာအယာပွတ်သပ်ပေးလိုက်သည်။ ကမ္ဘာသစ်မိစ္ဆာများ ငြိမ်သွားသောအခါ သူကတင်ပျဥ်ခွေထိုင်ချလိုက်သည်။ တခဏစဥ်းစားပြီးနောက်တွင် သူ၏မျက်လုံးများတောက်ပလာသည်။

''ငါစောစောက နိုးလာတုန်းက သစ်သားအမျိုးအစား အကိုင်းအခက်တွေ ငါ့ကိုယ်ကနေ ဖြာထွက်နေတယ်..." မန်ဟိုက မျက်လုံးများပိတ်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည်။ အသက်ရှိုက်စာအနည်းငယ်ကြာသော် သူ၏ခန္ဓာကိုယ်သည် တုန်ရီလာ၏။ သူ၏အရေပြားပေါ်ရှိ သွေးကြောများဖောင်းပွလာပြီး သေးငယ်သောလက်တံလေးများနှင့်တူသော အကိုင်းများ ဖောက်ထွက်လာသည်။ အကိုင်းအခက်များက ထွေးယှက်လိမ်ဖယ်ရင်း မြေကြီးထဲထိုးဝင်ပြီးနောက် အဘက်ဘက်သို့ ဖြာထွက်သွားသည်။ ဤအခိုက်အတန့်တွင် မန်ဟိုသည် အလွန်သိပ်သည်းသော သစ်သားဓာတ်အရှိန်အဝါကို ထုတ်လွှတ်နေလေပြီ။ သူက ရှေးဟောင်းသစ်စိမ်းပင်ကြီးအဖြစ် ပြောင်းတော့မည့်အလား အလွန်စူးရှသော အစိမ်းရောင်အလင်းကိုလည်း ထုတ်လွှတ်နေသည်။

ခြံထဲရှိ ကမ္ဘာသစ်မိစ္ဆာအားလုံးမှာ မန်ဟို့ကို အထိတ်တလန့်ကြည့်နေကြသည်။ သူတို့၏မျက်လုံးများ၌ တွေဝေမှုများ ပြည့်နှက်နေသည်။ သို့သော် ရုတ်တရက် သူတို့၏သခင်နှင့် ယခင်ထက်ပို၍ရင်းနှီးသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့သည် ခုန်ပေါက်ရင်း ဆူဆူညံညံအော်ဟစ်ကာ ဤသစ်စိမ်းမန်ဟိုကိုပတ်၍ ပြေးနေကြလေသည်။

အချိန်များ ကုန်လွန်သွားသည်။ ဒုတိယနေ့မိုးသောက်ယံတွင် မန်ဟိုမျက်လုံးများပွင့်လာ၏။ သူ့မှာ မိန်းမောနစ်မြောနေရာမှ နိုးလာသည့်အလားပင်။ သူမျက်လုံးဖွင့်လိုက်သည့်တခဏ၌ သူ့ကို ခြံရံလျက်ရှိသော အစိမ်းရောင်အလင်းသည် အကန့်အသတ်မဲ့သော ရောင်ခြည်တို့ဖြင့် ကွန့်မြူးတောက်ပလာ၏။

"သစ်သားအမျိုးအစားအရုပ်ခတ်နှိပ်ခြင်းနဲ့ ပတ်သက်ပြီး ဝူချိန် ငါ့ကို ပေးခဲ့တဲ့အချက်အလက်အရ ....ပထမဆုံးအတားအဆီးကို ငါကျော်ဖြတ်ပြီးသွားပြီထင်တယ်။ ငါက အခု သစ်သားနှင့်တစ်သားတည်း ဖြစ်နေပြီ။ ခွဲမရတော့ဘူး....." မန်ဟိုက သူ၏သစ်စိမ်းကိုယ်ကြီးကို ကြည့်လိုက်သည်။ ဤသည်မှာ ရှေးသစ်စိမ်းပင်ကြီးတစ်ဖြစ်လဲ သစ်ပင်လူကြီး လက်ဆောင်ပေးခဲ့သော ကံကောင်းခြင်းဖြစ်လေသည်။

ယင်းက ငါးဆက်မြောက်မိစ္ဆာချုပ်နှောင်သူနှင့် တစ်ခုခုပတ်သက်လိမ့်မည်။ မည်သို့ဆိုစေ မန်ဟိုသည် ဤကိစ္စတစ်ခုတည်းကိုသာ အာရုံအပြည့်အဝစိုက်ထား၏။

ကျီးကင်းထောက်မျိုးနွယ်စုသို့ သူလာရသည့် အဓိကအကြောင်းရင်းမှာ သစ်သားအမျိုးအစား အရုပ်တစ်ရုပ်ရရန် ဖြစ်သည်။ ယခုတွင် သူ၏ရည်ရွယ်ချက်ပြီးမြောက်သွားလေပြီ။ ထို့ပြင် သာမန်သစ်သားအမျိုးအစားအရုပ်လေးမဟုတ်၊ ရှေးသစ်စိမ်းပင်ကြီးပင်။ မန်ဟို့အတွက် ဤသည်မှာ ငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာလမ်းစဥ်ပေါ်၌ အလွန်ကောင်းမွန်သော ပထမဆုံးအဆင့်ဖြစ်သည်။

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ဝူချိန် ပေးထားသည့် အချက်အလက်ထဲရှိ အဆင့်များနှင့်ပညာရပ်များအတိုင်း သူသည် ကျင့်ကြံခြင်းအခြေခံကို ဖြေးညင်းစွာ လှည့်ပတ်ပြီး သစ်သားအမျိုးအစားအရုပ်...ဆေးမင်ကြောင်အစစ်ရေးဆွဲခြင်းဖြင့် နောက်ဆုံးအဆင့်ကို စတင်အပြီးသတ်တော့သည်။

အချိန်များကုန်လွန်သွား၏။ တစ်နာရီကြာသော် မန်ဟို့ထံမှာ ကွန့်မြူးနေသော အစိမ်းရောင်အလင်းသည် တရိပ်ရိပ်လှုပ်လာသည်။ ထိုစဥ် သူ၏လက်က မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ သူသည် လက်နှစ်ဖက်အား အပြင်သို့ ရုတ်တရက်တွန်းထုတ်ပြီး မျက်လုံးများ ဖျတ်ခနဲပွင့်လာသည်။ ၄င်းတို့သည် အလွန်ထူးခြားသောအလင်းရောင်ဖြင့် တောက်ပနေ၏။

သူ လက်နှစ်ဖက်အား တွန်းထုတ်လိုက်သည့်အခိုက်အတန့်၌ ဂျိန်းခနဲ ထစ်ချုန်းသွားသည်။ အစိမ်းရောင်အလင်းသည် ခေါင်းအထက်တွင် တဖြေးဖြေး စုစည်းလာ၏။ တစ်ချိန်တည်းမှာပင် သူ့နှင့်ဆက်စက်သော အကိုင်းအခက်များမှာ လူးလွန့်လာပြီး ပို၍ပင်ဆန့်ထွက်လာကြသည်။ ဤအချိန်တွင် သစ်ပင်တစ်ပင်၏ သရဲပုံရိပ်သည် မန်ဟို့အနား၌ ပေါ်ပေါက်လာ၏။ ယခုလောလောဆယ်တွင် မန်ဟိုလုပ်ရမည့်အရာမှာ ဤပုံရိပ်သစ်ပင်အား သူ့ထံမှ ခွဲထုတ်ရန်ပင်။

ပထမဆုံး ၄င်းအားအရည်ဖျော်၍ ခွဲထုတ်ရမည်။ နောက်ဆုံးတွင် တံဆိပ်ခတ်နှိပ်ရမည်။ မျိုးနွယ်စုတစ်စုနှင့်တစ်စု သုံးသည့်နည်းလမ်းမတူသော်လည်း အခြေခံသဘောတရားမှာ အနောက်ပိုင်းသဲကန္တာရတစ်ဝှမ်းလုံး၌ အတူတူပင်။ အရုပ်ခတ်နှိပ်ခြင်းမှာ အမြဲဤနည်းအတိုင်း ဆောင်ရွက်သည်သာ။

အစိမ်းရောင်အလင်းက မန်ဟို့၏ခန္ဓာကိုယ်မှ တဖြေးဖြေးခွဲထွက်နေစဥ် အကိုင်းအခက်များလည်း ပျောက်ကွယ်လာသည်။ ထိုသို့ဖြစ်ပျက်နေသည့်အချိန် သစ်ပင်ပုံရိပ်သည် အစိမ်းရောင်အလင်းအတွင်း၌ စုစည်းလာ၏။ ၄င်းသည် ဧရာမသစ်ပင်ကြီးတစ်ပင် အမှန်တကယ်ဖြစ်တည်လာသကဲ့သို့ ပိုပို၍ အ ကောင်အထည်ရှိလာသည်။

ပုံရိပ်ယောင်ဖြစ်သည့်တိုင် သစ်ပင်မှ အလွန်ထူထပ်သော သစ်ဓာတ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ၄င်းက တဟူးဟူးအုံကြွရင်း အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံသွားရာ မန်ဟို့ခြံထဲရှိ ကမ္ဘာသစ်မိစ္ဆာများကို တိတ်ဆိတ်သွားစေသည်။ တစ်ဆက်တည်းဆိုသလို မြေကြီးပေါ်ရှိ မြက်များနှင့် ပတ်ပတ်လည်ရှိ တောအုပ်အတွင်းမှ သစ်ပင်များ ရုတ်တရက် တွန့်လိမ်လူးလွန့်ပြီး ကြီးထွားလာကြသည်။ ဖော်ပြမတတ်လောက်အောင် သိပ်သည်းသော အသက်စွမ်းအားသည် မန်ဟို့အရှေ့ရှိ ပုံရိပ်ယောင်သစ်ပင်ကြီးထံမှ လှိုင်းတံပိုးကြီးပမာ ရိုက်ခတ်နေ၏။

ဤအရှိန်အဝါမှာ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်သည်အထိ လုံလောက်သည်။ အနီးနားရှိကျင့်ကြံသူအတော်များများ သတိပြုမိသွားကြပြီး လေးနက်သော မျက်နှာထားများဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းလိုက်ကြသည်။

မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ၏ပတ်ဝန်းကျင်ရှိ အရာအားလုံး သည့်ထက်ပို၍ ပြင်းပြင်းထန်ထန်တုန်ခါလာလျှင်တောင်မှ သူဂရုစိုက်မည်မဟုတ်ပေ။ သူသည် ငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာ၏ ပထမဆုံးအဆင့် သစ်သားအမျိုးအစားအရုပ်ခတ်နှိပ်ရာတွင်သာ အာရုံအပြည့်အဝစိုက်ထားသည်။

"စုစည်းစေ" လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်လိုက်စဥ် သူ၏မျက်လုံးများ ဝင်းလက်သွား၏။ ထို့နောက် သူသည် အရှေ့ရှိ အစိမ်းရောင်သစ်ပင်ကြီးကို လက်ညှိုးထိုးလိုက်သည်။ ၄င်းကားး ချက်ချင်းကျုံ့လာလေပြီ။

ကျုံနေသောဖြစ်စဥ်မှာ အလွန်နှေးကွေး၏။ တစ်ခါမှ တစ်လက်မသာ ကျုံ့လေသည်။ တစ်ချိန်တည်းမှာပင် မြေပြင်၏ပြောင်းလဲမှုများလည်း ပိုမိုတုန်လှုပ်ဖွယ်ကောင်းလာသည်။ မကြာမီ သက်ရောက်မှုကား ကျီးကင်းထောက်မျိုးနွယ်ဝင်အားလုံး သတိပြုမိပြီး မှင်သက်သွားကြသည့်တိုင်အောင် ပျံ့နှံ့လာတော့သည်။

သူတို့သည် မိုးထိုးနေသော အစိမ်းရောင်အလင်းတန်းကို ပြတ်ပြတ်သားသား မြင်နေရသည်။ တစ်ချိန်တည်းမှာပင် သစ်ပင်ကြီးတစ်ပင်သည် ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များအား ကြောက်ခမန်းလိလိ ကြီးထွားလာစေသော အသက်စွမ်းအားတို့ဖြင့် ပြည့်နှက်နေလျက် မှော်ဆန်ဆန်ပေါ်လာခဲ့လေပြီ။

ဤအချိန်တွင် အလင်းတန်း လေးတန်း တောင်ပေါ်မှ ထိုးဆင်းလာကြသည်။ ရှေ့ဆုံးက ဦး ဆောင်နေသူမှာ ကျီးကင်းထောက်မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင် ဆံဖြူအဘိုးကြီးဖြစ်သည်။ မန်ဟို့၏ခြံသို့ သွားပြီး အပေါ်ရှိလေထုတွင် ပျံဝဲနေစဥ် သူ၏မျက်နှာအမူအရာသည် လေးနက်နေ၏။

"တာအိုရောင်ရင်းမန် အထင်မလွဲပါနဲ့ ကျုပ်က ကျီးကင်းထောက်မျိုးနွယ်စုရဲ့ ခေါင်းကိုင်ဖခင်ပါ ။ တာအိုရောင်ရင်းအတွက် စောင့်ကြပ်ပေးပါ့မယ်"

သူ၏စကားသံများ ပဲ့တင်ထပ်လျက်ရှိသေးစဥ် လာ နေသော အလင်းတန်းနှစ်တန်းက မြေနတ်ဆရာကြီးနှင့်မိုးနတ်ဆရာမကြီး ပုံစံပြောင်းသွား၏။ သူတို့သည်လည်း မန်ဟို့ကိုစောင့်ရှောက်ပေးရန် လေအလယ်တွင် ပျံဝဲနေကြသည်။

နောက်ဆုံးရောက်လာသူမှာ အကြီးအကဲဖြစ်၏။ သူက စိတ်မပါပုံရသော်လည်း မန်ဟို အရုပ်တံဆိပ်ခတ်ခြင်းအောင်မြင်အောင် လုပ်နေစဥ် စောင့်ရှောက်ပေးရန်အတွက် လေးခုမြောက်အရပ်မျက်နှာကို မျက်နှာမူရင်း လေလယ်တွင် တင်ပျဥ်ထိုင်လိုက်သည်။

တကယ်တော့ မန်ဟို သစ်စိမ်းပင်အရုပ်ကို ရရှိသွားသည့် အခိုက်အတန့်ကတည်းက သူတို့သည် သူနိုးလာ ပြီး အရုပ်တံဆိပ်ခတ်ခြင်းစတင်မည့်အချိန်တွင် စောင့်ကြပ်ပေးရန်အတွက် ပြင်ဆင်နေခဲ့ရသည်။

သစ်စိမ်းပင်အရုပ်သည် သာမန်သစ်ပင်မဟုတ်ပေ။ ဤကဲ့သို့ သစ်ပင်တံဆိပ်ခတ်နှိပ်ခြင်းဟူသည် ကောင်းကင်နှင့်မြေကြီးတွင် ပြောင်းလဲမှုမျိုးစုံ မလွဲဧကန် ဖြစ်ပွားစေမည်သာ။ အမှန်တွင် ကမ္ဘာသစ်မိစ္ဆာများပင် ကြည့်ရှုရန် ရောက်လာကြသည်။ သို့ဖြစ်၍ ချွတ်ချော်မှုတစ်စုံတရာ မဖြစ်အောင် လူအများမှ စောင့်ရှောက်ပေးရန်လိုအပ်လေသည်။

မန်ဟိုက အရပ်လေးမျက်နှာကို ရှေးရှုထားသော ကျီးကင်းထောက်မျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူလေးယောက်ကို မော့ကြည့်လိုက်သည်။ သူက တခဏတိတ်ဆိတ်နေပြီးနောက် သက်ပြင်းဖွဖွချလိုက်သည်။ ကျီးကင်းထောက်မျိုးနွယ်စု၌ လျှို့ဝှက်အကြံအစည်များရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပြီးခဲ့ရက်များအတွင်း သူတို့၏လုပ်ဆောင်မှုအားလုံးက သစ္စာရှိသောအတိုင်းအတာကို သက်သေပြနေ၏။ မန်ဟို ဤအခြင်းအရာအား ကောင်းကောင်းမြင်နိုင်လေသည်။

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ သူသည် အပေါ်ရှိ အရာအားလုံးကို လျစ်လျူရှုရင်း သစ်စိမ်းပင်အရုပ်ဆေးမင်ကြောင် ခတ်နှိပ်ရာတွင် အာရုံစိုက်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံ တရိပ်ရိပ်လှုပ်ရှားနေစဥ် သူက မုဒြာလက်ကွက်များ မရပ်မနားဖော်နေ၏။ သူ့အရှေ့ရှိ ဧရာမပုံရိပ်ယောင်သစ်ပင်ကြီးသည် ကျုံ့ကျုံ့လာနေပြီး အရှိန်အဝါသည်လည်း အား ကောင်းသထက် အားကောင်းလာသည်။ မကြာမီ သစ််စိမ်းပင်ကြီးမှာ ၂၀၊ ၂၅ မီတာခန့်သာ အမြင့်ရှိတော့သည်။ ၄င်းထုတ်လွှတ်နေသောအသက်စွမ်းအားသည် ပတ်ပတ်လည်ရှိ အရာရာတိုင်းကို တုန်ခါစေသည်အထိ သိပ်သည်းလှသည်။ ယခုတွင် ၄င်းသည် ဤတောင်ကြားရှိ အခြားမျိုးနွယ်စုများ၏အာရုံကိုပါ ဆွဲဆောင်ခဲ့လေပြီ။

***

All Chapters