ရိုးသားနုံအသော မြေနတ်ဆရာကြီး
Vol. 30 Ch. 410
ခေါင်းကိုင်ဖခင်၊ နတ်ဆရာကြီးများနှင့် အကြီးအကဲအပါအဝင် ကျီးကင်းထောက်မျိုးနွယ်ဝင်များအားလုံး ရောင်စုံအလင်းတန်း အမြန်ဆုံးချဥ်းကပ်သွားနေသည်ကို ကြည့်နေကြသည်။ ၄င်းက ပြင်းပြသော ရူးသွပ်မှုနှင့် ခိုင်မာပြတ်သားမှုတို့ကို ထုတ်လွှတ်ရင်း မျိုးခြားသားရဲကြီးအနားရောက်သွားလေပြီ။
"အဲ့ဒီ ကမ္ဘာသစ်မိစ္ဆာက သူ့သခင်ကို အင်မတန်သစ္စာရှိပေတာပဲ.... " မြေနတ်ဆရာကြီးက သက်ပြင်းဖွဖွချရင်း ပြောသည်။ သူသည် ကမ္ဘာသစ်မိစ္ဆာအမြောက်အမြား မြင်တွေ့ခဲ့ဖူးပါသော်လည်း သခင်ဖြစ်သူကို ကာကွယ်ရန်အတွက် အသက်ကိုပဓာနမထားဘဲ ရူးသွပ်မိုက်မဲစွာဖြင့် အန္တရာယ်ကြားထဲ တိုးဝင်သွားသောသတ္တဝါဟူ၍ ရှားပါးလှသည်။
ကြက်တူရွေးရွစိထိုးနေခြင်းမှာ အခြားသူများ၏အမြင်တွင် ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြစ်နေဟန်တူသည်။ ထိုမျှသာမက ၄င်းလုပ်စရာ အမွှေးထူထူသားရဲကြီးတစ်ကောင်တွေ့၍ ပျော်ရွှင်အူမြူးနေခြင်းမှာ သခင်ဖြစ်သူအား သစ္စာရှိရှိကာကွယ် နေသည့်အလား ဖြစ်နေတော့၏။
မြေနတ်ဆရာကြီးသာလျှင် ဤသို့တွေးနေခြင်းမဟုတ်။ ကျီးကင်း ထောက်မျိုးနွယ်ဝင်များလည်း အဖြစ်အပျက်အလုံးစုံနှင့် အလင်းတန်းထဲက ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေသည့် ကြက်တူရွေးကို မြင်ကြရသည်။
သူတို့စောင့်ကြည့်နေစဥ် ကြက်တူရွေးသည် မျိုးခြားသားရဲကြီးအနားသို့ ဟိန်းဟောက်၍ ချဥ်းကပ်သွားလေပြီ။ ၄င်းကား အသက်ဘေးကိုပင်မမှုဘဲ မျိုးခြားသားရဲကြီးနှင့်အတူ အသေခံရန် ဆန္ဒရှိ နေပုံရသည်။ ၄င်းသည် မျိုးခြားသားရဲကြီး၏အနောက်တွင် ပျံဝဲကာ တိုက်ခိုက်ရန် ပြေးဝင်သွားလေပြီ။
"ဒီကြက်တူရွေးကမ္ဘာသစ်မိစ္ဆာက ထူးခြားလိုက်တာ" မြေနတ်ဆရာကြီးက ရင်သပ်ရှုမောစွာဖြင့် ပြောသည်။ "မျိုးခြားသားရဲကြီးရဲ့ အားနည်းချက်တွေက အရှေ့မဟုတ်ဘဲ အနောက်ပိုင်းဆိုတာ သိနေပါရော့လား"
အကြီးအကဲက ဖြစ်ပျက်နေသည်တို့ကိုကြည့်ရင်း မျက်လုံးပြူး နေသည်။ သူလည်း ရင်သပ်ရှုမောနေ၏။ ခေါင်းကိုင်ဖခင်၏မျက်နှာမှာ ရိပ်ခနဲဖြစ်သွားပြီး မျက်လုံးကြီးပြူးလာ၏။ သူက မြေနတ်ဆရာကြီးကိုတစ်လှည့် ကြက်တူရွေးကိုတစ်လှည့်ပြီး ရုတ်တရက် သံသယရှိနေပုံပေါက်သွားသည်။
ဘေးတွင်တော့ မန်ဟိုမှာ မြေနတ်ဆရာကြီး၏စကားများကို ကြားပြီး ချောင်းတဟွတ်ဟွတ်ဆိုး နေတော့သည်။ သူလှမ်းကြည့်ရာတွင် မြေနတ်ဆရာကြီးမှာ ကြက်တူရွေးကို လှိုက်လှိုက်လှဲလှဲလေးစားနေကြောင်း မြင်လိုက်ရသည်။ မန်ဟို့မှာ ထိုလူ၏ရိုးသားပုံကို သက်ပြင်းချရင်း သူကိုယ်တိုင်လည်း ယခင်နှင့်မတူပြောင်းလဲလာခဲ့ကြောင်း သဘောပေါက်သွားလေသည်။
ထိုစဥ် စိတ်ပိုင်းဖြတ်ထားသော ကြက်တူရွေးမှာ ၄င်း၏အိပ်မက်အား အကောင်အထည်ဖော်တော့မည့်ပုံရသည်။ ၄င်းက မျက်လုံးနီကြီးများနှင့် တဆတ်ဆတ်တုန်နေရင်း မျိုးခြားသားရဲကြီးထံ ပြေးဝင်သွားသည်။ သို့သော် ထိုအခိုက်တွင် မျိုးခြားသားရဲကြီးကား ရိပ်ခနဲ ကိုယ်ပျောက်သွား၏။ တခဏကြာသော် တခြားနေရာတွင် ပြန်ပေါ်လာသည်။
ကြည့်ရသရွေ့ ၄င်းမှာ ကြက်တူရွေး၏ရည်ရွယ်ချက်ကို ရိပ်မိပုံထောက်သည်။ ၄င်းက မီးဝင်းဝင်းတောက်နေသောမျက်ဝန်းများနှင့် ဒေါသတကြီးဟိန်းဟောက်၏။ "မျိုးခြား"
ဟိန်းဟောက်သံက ကြက်တူရွေးကို လမ်းပျောက်သွားစေပြီး ဒလိမ့်ခေါက်ခွေးလွှင့်ထွက်သွားစေသည်။ ကြက်တူရွေးမှာ အနားပင် မကပ်နိုင်လိုက်ပေ။ ဤမျိုးခြားသားရဲကြီးမှာ ၄င်းအား အခက်တွေ့နေစေပုံပေါ်သည်။ သို့သော် ကြက်တူရွေးဟူသည် အလွယ်တကူလက်လျှော့မရှုံးပေးတတ်သောသူမဟုတ်။ ၄င်းက ဂီးခနဲ ခပ်စူးစူးအော်ပြီး မျှော်လင့်ချက်များဖြင့် မျက်လုံးများ တောက်ပလာသည်။ ၄င်းသည် လမ်းမမြင်ကမ်းမမြင် တဏှာရူးပြီး ထန်နေ သောပုံစံဖြင့် မျိုးခြားသားရဲကြီးထံ နောက်တစ်ဖန် ပျံသွားပြန်သည်။
"ဘယ်လောက် သစ္စာရှိလိုက်လဲ ကြည့်စမ်း" မြေနတ်ဆရာကြီးက ရင်ထဲထိသွားသဖြင့် အော်သည်။ " အဆုံးမဲ့သစ္စာတရားနဲ့ ရှားပါးတဲ့ ကမ္ဘာသစ်မိစ္ဆာစစ်စစ်၊ အားလုံးပဲ ကြည့်ကြပါဦး ဒဏ်ရာရတာတောင်မှ သေမင်းကို ခေါင်းမာမာနဲ့အာခံနေတဲ့ပုံစံ"
ကျီးကင်းထောက်မျိုးနွယ်ဝင်လည်း အများအပြားလည်း ထပ်တူခံစားနေကြရသည်။
"ဒီ လောက် သခင်အပေါ် သစ္စာရှိတဲ့ ကမ္ဘာသစ်မိစ္ဆာတစ်ကောင်ပိုင်ဆိုင်ထားတာ မဟာအကြီးအကဲမန်တော့ ကံကောင်းတာပဲ"
"ထောက်ခံတယ်ဗျို့၊ ဒီကောင်က အရုပ်တော့ဆိုးပေမယ့် ကိုယ်ကျင့်တရားကတော့ ချီးကျူးထိုက်ပါပေတယ်"
သူတို့သည် ကြက်တူရွေးကို ရိုးသားသောနှလုံးသားများဖြင့် အားကျစွာ ကြည့်နေကြသည်။ သူတို့တွင်လည်း ဤမျှသစ္စာစောင့်သိတော့ ကမ္ဘာသစ်မိစ္ဆာတစ်ကောင်ရှိလျှင်ကောင်းမည်ဟု တွေးနေကြ၏။
သို့သော် မြေနတ်ဆရာကြီးနှင့် အားကျနေသော ကျီးကင်းထောက်မျိုးနွယ်ဝင်များ ရင်သပ်ရှုမော စိတ်လှုပ်ရှားလျက် ကြက်တူရွေးကို ကြည့်နေကြသည့်အချိန်မှာပင်...
"မပြေးနဲ့ သဲလေး" ကြက်တူရွေးက အရှိန်တင်ရင်း အော်သည်။ "သဲလေးကို သိမ်းပိုက်ဖို့ သခင်ငါးရောက်နေပြီလေ"
သူ၏စကားလုံးများ ကျီးကင်းထောက်မျိုးနွယ်ဝင်များ၏ နားထဲရောက်လာစဥ်တွင် သူတို့၏မျက်နှာထားများမှာ ထူးဆန်းသွားတော့သည်။ ကြက်တူရွေးစကား၏အဓိပ္ပါယ်ကို သဘောပေါက်သွားသဖြင့် သူတို့ပါးစပ်များ အဟောင်းသားဖြစ်ကုန်တော့၏။ သူတို့မှာ ကိုယ့်နားကိုယ်မယုံနိုင်ဖြစ်နေတော့သည်။
မြေနတ်ဆရာကြီးက တခဏ အံ့အားသွားပုံရသော်လည်း သဘောပေါက်သွားပြီးနောက် လေးစားသွားပြန်သည်။ "ဗျူဟာတောင် ခင်းနိုင်တာပဲကိုး" သူက ပြောပြောဆိုဆိုနှင့် သက်ပြင်းအရှည်ကြီး ချလိုက်သည်။ "မျိုးခြားသားရဲကြီးရဲ့ ရန်ကနေ သူ့သခင်ကို ကာကွယ်ဖို့ ဒီလိုဗျူဟာခင်းလိုက်တယ်။ ဘယ်လောက်တောင် မြင့်မြတ်လှတဲ့ အကျင့်စရိုက်လဲ"
မြေနတ်ဆရာကြီး၏ သုံးသပ်ချက်မှာ သိပ်ယုတ္တိမရှိလှသော်လည်း ထောက်ခံပုံရသည့် ကျီးကင်းထောက်မျိုးနွယ်ဝင်တချို့ရှိသေးလေသည်။ သို့သော် အများစု၏မျက်နှာအမူအရာများမှာတော့ ထူးဆန်းနေသည်။ မိုးနတ်ဆရာမကြီးက မြေနတ်ဆရာကြီးကိုလှမ်းကြည့်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ခပ်ယဲ့ယဲ့သာပြုံးလိုက်သည်။
အကြီးအကဲမှာတော့ မြေနတ်ဆရာကြီးအား သိပင်မသိတော့သကဲ့သို့ အထူးအဆန်းသဖွယ် ကြည့်နေသည်။
ခေါင်းကိုင်ဖခင်မှာမူ သူ၏မျက်နှာထားမှာ ပို၍ပင်ထူးဆန်းလာသော်လည်း ခပ်ယဲ့ယဲ့ပြုံးနေရုံမှတစ်ပါး ဘာမှမလုပ်ပေ။
မန်ဟိုက ချောင်းဖွဖွဆိုးလိုက်ပြန်သည်။ မြေနတ်ဆရာကြီး၏ ရိုးသားနုံအပုံမှာ အလွန်မြင်တွေ့ရခဲသောအရာဖြစ်၏။
လေအလယ်တွင် ကြက်တူရွေးသည် ဟိန်းဟောက်၍ ကြောက်မက်ဖွယ်ရာလှိုင်းများထုတ်လွှတ်နေသော မျိုးခြားသားရဲကြီးထံ တဟုန်ထိုးသွားနေ၏။ လှိုင်းများက လာနေသောကြက်တူရွေးကို ဝင်ဆောင့်ရင်း ၄င်းအား မျိုးခြားသားရဲကြီး၏အနားမကပ်နိုင်အောင် နှောင့်ယှက်နေသည်။ သို့သော် ဤအတားအဆီးများက ကြက်တူရွေး၏ ခိုင်မာပြတ်သားသောစိတ်ဆန္ဒနှင့် စိတ်လှုပ်ရှားမှုများကို ပို၍သာကြီးထွားလာစေသည်။ ၄င်းကား ဤသားရဲကြီးကို လုပ်ရန် ပို၍ပင်စိတ်ပိုင်းဖြတ်ပြီးသွားပုံရ၏။
"ဟေး တကယ်တိုက်ခိုက်တယ်ပေါ့။ ရုန်းချင်သလောက်ရုန်းစမ်းပါ သဲလေးရယ်။ အဲ့ဒါက ကိုကိုသခင်ငါးကို ပိုလို့တောင်ရင်ဖိုစေတယ်သိလား " ကြက်တူရွေးကား မာန်သွင်းအော်ဟစ်ရင်း ပြေးဝင်သွားပြန်သည်။
၄င်းသည် မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် တဟုန်ထိုးသွားနေ၏။ အနားရောက်သွားစဥ် ရုတ်တရက် ဖောက်ခနဲအသံနှင့်အတူ မျိုးခြားသားရဲကြီးထံ ပြေးဝင်သွားသော ကြက်တူရွေးရာပေါင်းများစွာပေါ်လာသည်။
"ရုန်းလေ သဲလေး။ သခင်ငါးဆောင့်နေတဲ့အချိန် ရုန်းပြီး ညှာတာပေးဖို့ တောင်းပန်" ကြက်တူရွေးက မျိုးခြားသားရဲကြီးအနားရောက်သွားစဥ် စိတ်လှုပ်ရှားစွာ ကြွေးကြော်လိုက်သည်။ မျိုးခြားသားရဲကြီးကလည်း ပြန်ဟိန်းဟောက်၏။ ပုံရိပ်ယောင်ကြက်တူရွေးအားလုံး ပေါက်ကွဲသွားသော်လည်း ကြက်တူရွေးတစ်ကောင်ကတော့ မျိုးခြားသားရဲကြီးအတွင်းသို့ အောင်အောင်မြင်မြင် ထိုးဖောက်ဝင်ရောက်သွားနိုင်လိုက်သည်။
ထိုးဖောက်ခံလိုက်သည်နှင့် မျိုးခြားသားရဲကြီးတစ်ကိုယ်လုံး တုန်တက်သွားပြီး စိတ်ထွေသွားသောအမူအရာက ၄င်း၏မျက်နှာအား ဖုံးလွှမ်းသွားသည်။ ထိုအမူအရာမှာ အရှက်ခွဲခံရ၍ ဒေါကန်သွားသောအသွင် တမုတ်ဟုတ်ချင်း ပြောင်းသွား၏။ ၄င်းက ဤအခိုက်အတန့်အထိ ကြားခဲ့ဖူးသမျှထဲ အကျယ်လောင်ဆုံးသော ဟိန်း ဟောက်သံကြီးအား ထုတ်လွှတ်ကာ အရာအားလုံးတုန်ခါသွားစေသည်။ ကျယ်လောင်မှုမှာ လေပြင်းမုန်တိုင်းကြီးတိုက်ခတ်သွားစေသည်အထိပင်။
ထိုစဥ် ဖောက်ခနဲအသံတစ်သံ ကြားလိုက်ရပြီး ကြက်တူရွေးက ဘေးတွင် ရုတ်တရက်ပြန်ပေါ်လာသည်။ ၄င်းမှာ စိတ်လှုပ်ရှားလွန်း၍ တဆတ်ဆတ်တုန်ရီနေသည့်အပြင် မျက်လုံးများလည်း စူးရှတောက်ပနေ၏။ "အော်စမ်း အသံဝင်တဲ့အထိအော် ဘယ်ကောင်မှ မင်းကိုလာမကယ်ဘူး"
ကျီးကင်းထောက်မျိုးနွယ်ဝင်များ မှင်သက်သွားကြလေပြီ။ ကြက်တူရွေးအား သစ္စာရှိပြီး ရဲရင့်လှသည်ဟု ထင်မှတ်ခဲ့သူများမှာတော့ ယခုတွင် မျက်နှာများ ဖြူဆုပ်နေကြသည်။ သူတို့အတွက် ကမ္ဘာကြီးတစ်ခုလုံးဇောက်ထိုးမိုးမျှော် ဖြစ်သွားသည့်အလားပင်။ သူတို့သည် ကာမဘီလူးဝင်စီးနေသော ကြက်တူရွေးအား ကြောင်တောင်တောင်နှင့်သာ မော့ကြည့်နေကြလေ၏။
မြေနတ်ဆရာကြီးကား အံ့အားသင့်သွားပြန်သည်။ သို့သော် သူ၏မျက်လုံးများ တောက်ပလာရန် တခဏသာ ကြာလိုက်သည်။ ၄င်းသည် လေးစားနားလည်သော အလင်းဖြစ်သည်။
"မျိုးခြားသားရဲကြီးကို ရန်စဖို့အတွက် ကြက်တူရွေးကမ္ဘာသစ်မိစ္ဆာက မခံချင်အောင်ပြောနေတာပဲ။ ဘယ်လောက် အမြော်အမြင်ရှိလိုက်သလဲ ကြည့်စမ်း။ ဘယ်လောက် ရဲတင်းလိုက်သလဲ" မြေနတ်ဆရာကြီးက သက်ပြင်းချသည်။ "တာအိုရောင်ရင်းမန်ရေ ဒီလိုကမ္ဘာသစ်မိစ္ဆာတစ်ကောင် ပိုင်ဆိုင်ထားတာ တကယ်ကံကောင်းတာပဲ"
ကျီးကင်းထောက်မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်မှာ မနေနိုင်တော့၍ တစ်ခုခုပြောရန်ပြင်လိုက်သည်။ သို့သော် မြေနတ်ဆရာကြီး၏ လေးစားကြည်ညိုနေသောမျက်ဝန်းများကို သတိထားမိသောအခါ သက်ပြင်းချလိုက်သည်။
အကြီးအကဲမှာတော့ မြေနတ်ဆရာကြီးကို မျက်လုံးအပြူးသားနှင့် တအံ့တသြစိုက်ကြည့်နေသည်။
မိုးနတ်ဆရာမကြီး၏မျက်နှာအမူအရာမှာလည်း တစ်မျိုးတစ်မည်ဖြစ်နေ၏။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ခပ်ယဲ့ယဲ့ပြုံးလိုက်ကြသည်။
နောက်ဆုံးတွင် ကြက်တူရွေးက ထပ်မံဟိန်းဟောက်လိုက်သည်။ ၄င်းမည်သည့်ပညာရပ်ကို အသုံးပြု နေသည်လဲ မသိရပေ။ ၄င်းသည် ထိခိုက်ဒဏ်ရာများကို လျစ်လျူရှုရင်း မျိုးခြားသားရဲကြီးအတွင်းသို့ နောက်တစ်ဖန် ထိုးဖောက်ဝင်သွားပြန်သည်။ မျိုးခြားသားရဲကြီးက ကြောက်လန့်တကြား အော်လိုက်သည်။ ၄င်းမှာ လေလယ်တွင်ပျံဝဲရင်း တဆတ်ဆတ်တုန်နေတော့သည်။ ယခုအချိန်တွင် ၄င်းမှာ မန်ဟို့၏မိစ္ဆာချီကို အာရုံမစိုက်နိုင်တော့ဘဲ တစ်ချိုးတည်းလှည့်ပြေးလေပြီ။
ကြက်တူရွေးက တုန်ရီနေပြီး စိတ်လှုပ်ရှားနေဟန်ဖြင့် နောက်တစ်ဖန် ရုပ်လုံးပေါ်လာသည်။ ၄င်းကား တစ်ခါမှမလုပ်ဖူးသည့် သားရဲကြီးတစ်ကောင်က ဖြုတ်ပစ်နိုင်ခြင်းအပေါ် ဂုဏ်ယူနေပုံရ၏။ ၄င်းသည် ဂီးခနဲအော်ရင်း ထွက်ပြေးသွားသော မျိုးခြားသားရဲကြီးနောက်လိုက်တော့သည်။
"သဲလေး မပြေးနဲ့လေ" ၄င်းကအော်သည်။ "လာပါ လာပါ သခင်ငါး မလုပ်ဖူးသေးတဲ့ ကိုယ်ဟန်အနေအထားတွေ စမ်းကြည့်ရဦးမယ်လေကွာ မပြေးပါနဲ့" ထို့နောက် ၄င်းသည် မျိုးခြားသားရဲကြီးနောက်လိုက်သွားသော ရောင်စုံအလင်းတန်းအသွင်ပြောင်းသွားတော့သည်။
ကျီးကင်းထောက်မျိုးနွယ်ဝင်များအပြင် အခြားမျိုးနွယ်စုများမှ အစွမ်းထက်ပညာရှင်များလည်း နတ်ဘုရားအာရုံမှတစ်ဆင့် အဖြစ်အပျက်အလုံးစုံကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။ သူတို့အားလုံးမှာ ရင်တုန်ပန်းတုန်ဖြစ်လျက် ထူးဆန်းသော ခံစားချက်ကြီးများဖြင့် ကျန်ရစ်ခဲ့လေသည်။
လျှို့ဝှက်ဆန်းကြယ်သော မျိုးခြားသားရဲကြီး မတိုက်ခိုက်ဘဲ ထွက်ပြေးသွားသည်က... အံ့သြစရာပင်။ ပို၍ပင််သြချရသည်ကား သေရမှာပင်မကြောက်သော ကြက်တူရွေးဖြစ်သည်။ ၄င်း၏တိုက်ကွက်မှာ စိတ်ကူးမရနိုင်အောင်ကို ဆန်းပြားလွန်း၏။
မန်ဟို့မှာ ကြက်တူရွေးထွက်သွားသည်ကို ကြည့်ရင်း စိတ်သက်သာရာရသွားတော့သည်။ ကြက်တူရွေးကို လှမ်း ခေါ်ခဲ့ကတည်းက အဆိုး ဆုံးအတွက် သူ့စိတ်သူ ပြင်ဆင်ထားခဲ့ရ၏။ ကျီးကင်းထောက်မျိုးနွယ်ဝင်များ၏ ထူးဆန်းသောမျက်နှာထားများနှင့် မြေနတ်ဆရာကြီး၏မျက်ဝန်းများရှိ လေးစားနေမှုကိုမြင်သောအခါတွင်တော့ မန်ဟိုသည် လုံးဝမလိုအပ်သရွေ့ ၄င်းအား ဘယ်တော့မှလှမ်းမခေါ်ရန် သန္နိဋ္ဌာန်ချလိုက်လေပြီ....
လူအုပ်ကြီး အလျှိုလျှိုထွက်သွားကြစဥ် ခေါင်းကိုင်ဖခင်က မန်ဟို့ကို ခပ်ယဲ့ယဲ့ပြုံးပြပြီးနောက် သူ၏အရုပ်ဆေးမင်ကြောင်နှင့်ပတ်သက်၍ ဝမ်းသာစကားအနည်းငယ် ဖြစ်ညစ်ပြော၏။ ထို့နောက် သူသည် ခေါင်းတခါခါနှင့်ပြန်သွားတော့သည်။
အကြီးအကဲက မန်ဟို့ကို လေးလေးနက်နက်လှမ်းကြည့်ပြီးနောက် ထူးထူးဆန်းဆန်း အရိုအသေပေးလေသည်။ ထို့နောက်တွင် သူနှင့်မိုးနတ်ဆရာမကြီးမှာ တောင်အနောက်ရှိ စီရင်စုသို့ထွက်သွားကြတော့သည်။
မြေနတ်ဆရာကြီးမှာမူ မန်ဟို့ကို စကားအနည်းငယ်ပြောချင်ပုံပေါ်သည်။ သို့သော် မန်ဟိုက ကြက်တူရွေး၏အသက်အန္တရာယ်အား နည်းနည်းလေးမှ စိတ်ပူခြင်းမရှိသည်ကို သတိထားမိသောအခါ အလိုမကျဟန်ဖြင့် စိန်းစိန်းဝါးဝါးကြည့်ပြီး အလင်းတန်းအသွင်ပြောင်းကာ ကြက်တူရွေးပျောက်သွားသောဘက်သို့ ထွက်သွားတော့သည်။
မန်ဟိုမှာ ဘာပြောရမှန်းမသိ၍ ခပ်ယဲ့ယဲ့သာပြုံးရင်း မြေနတ်ဆရာကြီးပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေသည်။
''ရိုးသားတဲ့မြေနတ်ဆရာကြီးသာ ကြက်တူရွေးဘယ်လိုကောင်လဲဆိုတာ သိသွားရင် သူ့ရဲ့ကောင်းကင်ကြီးဟာ ပြာလဲ့နေမှာမဟုတ်တော့သလို သူ့ဘဝလည်း လှပတော့မှာမဟုတ်ဘူး..." မန်ဟိုမှာ ထိုမြင်ကွင်းကို မြင်ယောင်ကြည့်ပြီး မြေနတ်ဆရာကြီးအား ကရုဏာသက်သွားသည်။ နောက်ဆုံးတွင် သူသည် သူ့ခြံရှိရာသို့လှည့်ပြန်လာ၏။
နှစ်ရက်ကြာသွားသည်။ နှစ်ရက်မြောက်နေ့ညနေတွင် မြေနတ်ဆရာကြီးပြန်ရောက်လာသည်။ သူ့မှာ အတော်လေးမောပန်းနေပြီး ရက်စက်သောထိုးနှက်ချက်ကြီးဖြင့် တိုက်ခိုက်ခံခဲ့ရသည်လား မျက်နှာဖြူဖပ်ဖြူလျော်ဖြစ်နေ၏။ ပြန်ရောက်ရောက်ချင်း သူက တံခါးပိတ်ကျင့်ရာသို့ တန်းဝင်သွားသည်။
ထိုနှစ်ရက်အတောအတွင်း မန်ဟိုမှာ အပြင်ထွက်သည့်အခါတိုင်း ကျီးကင်းထောက်မျိုးနွယ်ဝင်များ သူ့ကိုမြင်သည်နှင့် ကြောက်ရွံရိုသေစွာ ကြည့်ကြကြောင်း တွေ့လိုက်ရသည်။ တစ်ခါတရံ သူတို့မှာ သူစိတ်အနှောင့်အယှက်ဖြစ်မှာစိုး၍ အနားကပ်မကပ်ရဲကြပေ။ သူ့ကိုမြင်ကြသည်နှင့်တစ်ပြိုင်နက် ဇောချွေးပြန်လာကြပြီး ဆန့်ကျက်ဘက်အရပ်သို့ ခပ်သုတ်သုတ်ထွက်သွားတတ်ကြ လေသည်။
ကြက်တူရွေး၏အန္တရာယ်များမှုက မန်ဟို့အပေါ် အရိပ်သဖွယ် စိုးမိုးနေတော့သည်။ မျိုးနွယ်စုတစ်စုလုံး မဟာအကြီးအကဲမန်၏ အန္တရာယ်များသော နှာဘူးကမ္ဘာသစ်မိစ္ဆာကိစ္စအကြောင်း သိရန်မကြာလိုက်ပေ။ သတင်းသည် အခြားမျိုးနွယ်စုလေးစုအထိပင် တောမီးပမာ ပျံ့နှံ့လာတော့သည်။
***